no

Font
Theme

အခန်း (၁၀) - သေးငယ်သော ဆန္ဒ

“စီနီယာအစ်မ... ကျုပ်ရဲ့ သေးငယ်တဲ့ ဆန္ဒလေးတစ်ခု၊ အာ... နှစ်ခုလောက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...”

လီဖုန်း၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေလေသည်။

သူက ရှေ့သို့ အနည်းငယ် တိုးလိုက်ပြီး သူမ၏ ခါးလေးကို ဖက်ထားဆဲဖြစ်ကာ အသက်ရှူငွေ့နွေးနွေးများက သူမ၏ မျက်နှာထက်သို့ ဖြတ်သန်းသွား၏။

သူမ၏ မျက်နှာလေးမှာ တည်ငြိမ်နေဆဲဖြစ်ပြီး လီဖုန်း၏ စကားအဆက်ကို စောင့်ဆိုင်းနေပေသည်။

“အနမ်းတစ်ပွင့်လောက်ပါပဲ...”

သူက တိုးညင်းစွာ ဆိုလိုက်လေသည်။

လီဖုန်းသည် သူမ၏ နှုတ်ခမ်းလေးများကို မျက်စိကျနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယွဲ့လန်ကမူ သူ နမ်းရန် ကြိုးစားတိုင်း မသိမသာ ရှောင်ဖယ်တတ်သည်။

ဤကဲ့သို့သော ထိတွေ့မှုမျိုးနှင့် ပတ်သက်လာလျှင် သူမအနေဖြင့် အနည်းငယ် ရှက်ရွံ့နေဆဲဖြစ်နိုင်ပေသည်။

ယွဲ့လန်က မျက်တောင်ကို ဖြည်းညင်းစွာ ခတ်လိုက်ပြီး သူမ၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။

“နောက်ထပ် လောကီသာယာမှုတစ်ခုလား... ရှင့်ရဲ့ ကျင့်ကြံခြင်းအတွက် ပိုအကျိုးရှိမယ့်ဟာမျိုး တောင်းဆိုလို့ မရဘူးလား...”

သူမက အေးစက်စက် လေသံဖြင့် တုံ့ပြန်လိုက်သော်လည်း သူ့ကို အကြံပေးနေဆဲဖြစ်၏။

လီဖုန်းက ပြုံးလိုက်ပြီး သူ၏ စကားလုံးများတွင် အတုအယောင် ရိုးသားမှုများကို ရောနှောလိုက်လေသည်။

“စီနီယာအစ်မ အခု အဆင့်တစ်ဆို့မှုနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ကျုပ် သိပါတယ်... ဒီထက်ပိုပြီး အနှောင့်အယှက် မပေးရဲပါဘူး... ဒါလေးကပဲ ကျုပ်အတွက် အရမ်းကို လုံလောက်နေပါပြီ...”

ယွဲ့လန်က သူမ၏ ရွှေရောင်မျက်ဝန်းများဖြင့် သူ့ကို ထပ်မံစိုက်ကြည့်လိုက်ပြီးနောက် သက်ပြင်းသဲ့သဲ့လေး ချလိုက်လေသည်။

“ကောင်းပြီလေ... ဒါက ရှင့်ကို ကျေနပ်စေတယ်ဆိုရင်လည်း လုပ်ပါ...”

အချိန်အကြာကြီး အောင့်အည်းထားခဲ့ရသူတစ်ယောက်ပမာ လီဖုန်းသည် ရှေ့သို့ ချက်ချင်းတိုးကာ သူမ၏ နှုတ်ခမ်းများပေါ်သို့ အနမ်းခြွေလိုက်တော့သည်။

အစပိုင်းတွင် အေးစက်နေသော်လည်း အနမ်းများ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ယွဲ့လန်၏ နှုတ်ခမ်းများမှာ အနည်းငယ် နူးညံ့သွားပြီး လိုက်လျောညီထွေဖြစ်လာကာ သူမ၏ နှုတ်ခမ်းလွှာလေးများဆီသို့ သူ၏ အထိအတွေ့များကို စူးစမ်းခွင့်ပြုလိုက်လေသည်။

လီဖုန်း၏ ရင်ထဲတွင် နှလုံးခုန်သံများ မြန်ဆန်နေပြီး ဆန္ဒများနှင့် ဂုဏ်ယူမှုများက နေရာယူထားလေသည်။

အတန်ကြာပြီးနောက် လီဖုန်းသည် သူမ၏ နှုတ်ခမ်းများဆီမှ ဖြည်းညင်းစွာ ခွာလိုက်တော့၏။

‘ကျစ်... အနမ်းတစ်ပွင့်တည်းနဲ့တင် ကျုပ်ကို ဒီလောက်တောင် စိတ်လှုပ်ရှားစေမယ်လို့ မထင်ထားခဲ့ဘူး...’

လီဖုန်း၏ နှလုံးသားမှာ ရင်ဘတ်ထဲတွင် ကျယ်လောင်စွာ ခုန်ပေါက်နေပြီး သူမ၏ မျက်နှာလေးကို ငေးကြည့်နေမိလေသည်။

“ဒီလောက်နဲ့ ရပြီလား...”

ယွဲ့လန်က တည်ငြိမ်စွာ မေးလိုက်၏။

“ဒါအကုန်မဟုတ်သေးဘူး မလား...”

ယွဲ့လန်က သူ့ကို ထွင်းဖောက်မြင်နေရသည့်အလား တည်ငြိမ်စွာပင် ထပ်မံမေးမြန်းလိုက်ပြန်သည်။

လီဖုန်းသည် ရှက်သွားဟန်ဆောင်ကာ လည်ပင်းနောက်ကျောကို ပွတ်သပ်လိုက်လေသည်။

“ကျုပ် စူးစမ်းချင်နေတဲ့... နောက်ထပ်အရာတစ်ခု ရှိသေးတယ်... ဒါပေမဲ့ နည်းနည်းတော့ မသင့်လျော်သလို ဖြစ်နေမလားလို့...”

ထို့နောက် လီဖုန်းသည် သူ၏ ဆန္ဒများကို အကြောင်းပြကာ သိုင်းလောကမှ စိတ်အပန်းဖြေနည်းစနစ်တစ်ခုဆိုပြီး သူမကို ထပ်မံ မြှူဆွယ်လိုက်လေသည်။

တစ်နေ့တာလုံး ဆေးဖော်စပ်ထားရသဖြင့် ပင်ပန်းနေသော သူ၏ ခန္ဓာကိုယ်နှင့် စိတ်ကို တည်ငြိမ်စေရန် ချီသွေးကြောများကို လှုံ့ဆော်ပေးရမည်ဟု အကြောင်းပြချက် ပေးလိုက်ခြင်းပင်။

ယွဲ့လန်သည် ဤကဲ့သို့သော လောကီရေးရာများတွင် အတွေ့အကြုံကင်းမဲ့သူဖြစ်ရာ ဂျူနီယာလေး၏ ဆေးဖော်စပ်ခြင်းလုပ်ငန်းစဉ်တွင် အမှန်တကယ် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ကာ သူ၏ ညွှန်ကြားချက်များအတိုင်း လိုက်လျောပေးခဲ့လေသည်။

သူတို့နှစ်ဦးကြားရှိ အတားအဆီးများမှာ တဖြည်းဖြည်း အရည်ပျော်ကျသွားပြီး အခန်းငယ်လေးအတွင်း၌ တိတ်ဆိတ်ကာ ရင်ခုန်ဖွယ်ကောင်းသော အငွေ့အသက်များကသာ လွှမ်းမိုးထားတော့သည်။

အတန်ကြာပြီးနောက် အရာအားလုံး ငြိမ်သက်သွားခဲ့လေပြီ။

ယွဲ့လန်သည် မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား တည်ငြိမ်မှု အပြည့်ဖြင့် မတ်တတ်ရပ်လိုက်ပြီး သူမ၏ ဝတ်ရုံကို သေသပ်အောင် ပြန်လည်ပြင်ဆင်လိုက်လေသည်။

သူမ၏ အမူအရာမှာ လက်ဖက်ရည်တစ်ခွက် သောက်လိုက်ရသကဲ့သို့ပင် ရိုးရှင်းနေခဲ့၏။

“ဒီလောက်ဆို လုံလောက်ပြီလား...”

ယွဲ့လန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။

သို့သော် သူမ လုံးဝ မတ်တတ်မရပ်နိုင်မီမှာပင် သန်မာသော လက်မောင်းတစ်စုံက သူမ၏ ခါးလေးကို အနောက်မှနေ၍ ရစ်ပတ်ဖက်တွယ်လာခဲ့၏။

လီဖုန်းက သူမ၏ ကျောပြင်နှင့် ကပ်သွားပြီး ဆန္ဒများ ပြည့်နှက်နေသော အသက်ရှူငွေ့များက သူမ၏ လည်ပင်းနောက်ဘက်ဆီသို့ ရိုက်ခတ်လာချိန်တွင် သူမ၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တောင့်တင်းသွားခဲ့လေသည်။

စီနီယာအစ်မ... ကျေးဇူးပြုပြီး... ဒီည ကျုပ်အနားမှာ နေပေးပါ...”

လီဖုန်း၏ အသံမှာ အားစိုက်ကာ ပြောနေရသည့်အလား တိုးညင်းပြီး အက်ကွဲနေလေသည်။

သူ၏ အသံတွင် မနည်းထိန်းချုပ်ထားရသော ဆန္ဒများကြောင့် တုန်ယင်နေသော်လည်း အေးစက်သော ညတာရှည်ကြီးတစ်ခုအပြီးတွင် နွေးထွေးမှုကို တောင်းခံနေသည့် အမျိုးသားတစ်ဦးကဲ့သို့ တောင်းပန်နေသည့် လေသံလေးလည်း ပါဝင်နေပေသည်။

ယွဲ့လန်က တိတ်ဆိတ်စွာ သက်ပြင်းချလိုက်လေသည်။ နောက်ထပ် ဘာဆက်ဖြစ်လာမည်ကို သူမ ကြိုတင်သိရှိနေခဲ့ပြီး ဖြစ်သည်။

‘ဒီညကတော့ နောက်ထပ် ညတာရှည်ကြီးတစ်ခု ဖြစ်လာဦးမှာပဲ...’

သူမ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲဖြစ်သော်လည်း သူ့ဆီသို့ လာရန် ဆုံးဖြတ်ခဲ့ကတည်းက ဤအရာများကို ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်ပေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment