no

Font
Theme

အခန်း (၂၃) - ဝေ့မိန်လင်

ဝေ့ ဆေးဖော်စပ်ရေး ခန်းမ၏ တိတ်ဆိတ်သော နောက်ဘက်ရုံးခန်းအတွင်းတွင် ဝေ့မိန်လင်သည် ဟောင်းနွမ်းနေသော်လည်း အရောင်တင်ထားသော သစ်မွှေးစားပွဲနောက်တွင် ထိုင်နေပြီး မှတ်တမ်းစာလိပ်တစ်ခုကို ဖတ်ရှုနေစဉ် မျက်မှောင်အနည်းငယ် ကြုတ်ထားလေသည်။

သူမလက်ထဲရှိ စာရင်းအင်းစာအုပ်တွင် လစဉ်ဝင်ငွေများ၊ ကုန်ကြမ်းစရိတ်များ၊ ဆေးလုံးလက်ကျန်စာရင်းများ... နှင့် အရှုံးများ။ အမြဲတမ်း အရှုံးများသာ ဖြစ်လေသည်။

သူမက သက်ပြင်းသဲ့သဲ့ချကာ စာလိပ်ကို ချထားလိုက်ပြီး နားထင်ကို ပွတ်နယ်လိုက်၏။

ငါးလဆက်တိုက် အရှုံးပေါ်နေခြင်းပင်။

သူမ၏ အကြည့်များက ဘေးဘက်စားပွဲဆီသို့ ရောက်သွားရာ ဖောက်မထားသော စာသုံးစောင်ရှိနေပြီး တစ်စောင်စီတွင် ဖန်၊ ဟုန်နှင့် ကျန်းဟူသော မတူညီသည့် မိသားစုအမှတ်တံဆိပ်များ ပါရှိလေသည်။

မည်သည့်စာကမျှ ဆုတောင်းမေတ္တာများ ပါဝင်နေမည်မဟုတ်ပေ။

အကောင်းဆုံးကတော့ ဖုံးကွယ်ထားတဲ့ ခြိမ်းခြောက်မှုတွေပဲ။ အဆိုးဆုံးကတော့ လက်နက်ချဖို့ သွယ်ဝိုက်တဲ့ ဖိတ်ခေါ်မှုတွေပေါ့။

ပြီးတော့ ကွယ်လွန်သွားတဲ့ သူမခင်ပွန်းရဲ့ ညီဖြစ်သူလည်း ရှိသေးတယ်။

ဝေ့မိန်လင်၏ မေးရိုးများ တင်းမာသွားလေသည်။ ထိုလူ၊ ပျင်းရိပြီး ရိုင်းစိုင်းကာ ပါရမီလုံးဝမရှိသော ထိုလူက သူမခင်ပွန်း သေဆုံးကတည်းက လင်းတတစ်ကောင်လို သူမအနားမှာ ဝဲပျံနေခဲ့သည်။

ရွံရှာဖွယ် အကြည့်များနှင့် အရက်မူးနေသော စကားလုံးများဖြင့် သူမကို အနှောင့်အယှက်မပေးလျှင် မိသားစုကို ဂရုစိုက်ဟန်ဆောင်ကာ အကြီးအကဲများ၏ နားထဲသို့ တီးတိုးသွားပြောတတ်လေသည်။

“မျိုးနွယ်စုရဲ့ အကျိုးအတွက် ငါတို့ သွေးဆက်ကို ခိုင်မာအောင် လုပ်သင့်တယ်...”

ပြီးခဲ့သည့် အစည်းအဝေးမှ သူ၏ ဆီရွှဲနေသော အသံကို သူမ ကြားယောင်နေဆဲပင်။

ရွံစရာကောင်းလိုက်တာ။

ဝေ့ မိသားစုသည် တစ်ချိန်တုန်းက အလွန်ပင်ကြီးကျယ်ခမ်းနားသော မိသားစုတစ်ခုပင်။ ယခုအချိန်တွင် ဘီးကျိုးနေတဲ့ ရထားလုံးတစ်စင်းကဲ့သို့ အရှိန်ကြောင့်သာ ရှေ့ဆက်နေရပြီး အံ့ဖွယ်အမှုတစ်ခုမှ မရှိရင် ပျက်စီးဖို့ သေချာရန် သေချာသလောက်ရှိနေသည်။

ပြီးတော့ မိသားစုကို ထိန်းထားတဲ့ နောက်ဆုံးမဏ္ဍိုင်ဖြစ်တဲ့ သူမကိုယ်တိုင်ကလည်း အက်ကွဲကြောင်းတွေ ပြနေပြီလေ။

မြို့တော်၌ရှိသော သူမ၏ မျိုးနွယ်စုမှာ…. ပြောမနေနဲ့တော့၊ ပါရမီကိုပဲ ဂရုစိုက်တဲ့ မိသားစုက စိတ်မရှည်တော့ဘူး။

သူမမှာ ပါရမီမရှိလို့ ဝေ့ မိသားစုဆီကို နယ်ရုပ်တစ်ခုလို ပေးစားခံခဲ့ရတာ။ အခု ဝေ့ မိသားစုရဲ့ ကံကြမ္မာ မှေးမှိန်လာတာနဲ့အမျှ သူမရဲ့ တန်ဖိုးမှာလည်း ကျဆင်းလာလေသည်။

ဆွေမျိုးတစ်ယောက်လို မဟုတ်ဘဲ ရောင်းစားခံရမယ့် ကုန်ပစ္စည်းတစ်ခုလို၊ ဒါမှမဟုတ် အဲဒီထက် ပိုဆိုးတာတွေ ခံရဖို့ သူမကို ပြန်ခေါ်မှာကို ကြောက်နေမိလေသည်။

ထိုအတွေးကြောင့် သူမ၏ ရင်ဘတ်များ ကျပ်တည်းလာလေသည်။

သူမ၏ လက်ချောင်းများက အေးစက်နေသော လက်ဖက်ရည်ခွက်နှုတ်ခမ်းကို ထိတွေ့မိသွား၏။ လက်ဖက်ရည် အေးသွားသည်ကိုပင် သူမ သတိမထားမိခဲ့ပေ။

လက်ဖက်ရည်ခွက်အသစ်တစ်ခု ငှဲ့ရန် ပြင်လိုက်စဉ်မှာပင် တံခါးခေါက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။

“သခင်မဝေ့...”

အပြင်ဘက်မှ အသံတစ်သံက အနည်းငယ် အမောတကော ခေါ်လိုက်၏။ ရှေ့ခန်းမှ စာရေးပင်။

“ဝင်ခဲ့...”

သူမ ပင်ပန်းနေသော်လည်း တည်ငြိမ်သော လေသံဖြင့် ပြောလိုက်လေသည်။

လူငယ်လေးက တံခါးကို တွန်းဖွင့်ကာ ဝင်လာပြီး မျက်နှာအမူအရာမှာ တင်းမာနေ၏။

“လပြာဂိုဏ်းက တပည့်တစ်ယောက် ရောက်နေပါတယ်... သခင်မနဲ့ တွေ့ဖို့ တောင်းဆိုနေပါတယ်...”

ဝေ့မိန်လင် မျက်တောင်ခတ်သွားသော်လည်း မျက်နှာက တည်ငြိမ်နေဆဲပင်။

“ဂိုဏ်းက တပည့်တစ်ယောက်လား...”

သူမ ချက်ချင်း ထမရပ်ခဲ့ပေ။ လပြာဂိုဏ်းမှ တပည့်များ မြို့သို့ တစ်ခါတစ်ရံ လာရောက်တတ်ကြသည်။

သူတို့တွင် ဂုဏ်သိက္ခာရှိသော်လည်း သူတို့၏ ဂိုဏ်းမှာ တင်းကျပ်သော အတွင်းစည်းကမ်းများကြောင့် လူသိများလေသည်။

မိမိ၏ အဆင့်အတန်းကို အဆင်အခြင်မဲ့ ကြွားလုံးထုတ်ခြင်းက ပြစ်ဒဏ်များ မကြာခဏ ခံရတတ်သည်။

တကယ်တော့ မကြာသေးမီကပင် ထိုကဲ့သို့သော တပည့်တစ်ဦးသည် ကုန်သည်တစ်ဦး၏ သမီးကို အနိုင်ကျင့်မှုဖြင့် လူသိရှင်ကြား အရေးယူခံခဲ့ရသည်။

ထိုအချိန်မှစ၍ တပည့်အများစုသည် တိမ်နတ်ဆိုးမြို့သို့ လာရောက်ရာတွင် သိုသိုသိပ်သိပ်သာ နေထိုင်ကြတော့သည်။

“ဒီလိုကိစ္စလေးကို ထိတ်လန့်နေစရာ မလိုပါဘူး...”

သူမက အပြင်ဝတ်ရုံကို ယူရင်း ပြောလိုက်လေသည်။

“ဂိုဏ်းက တပည့်တွေလည်း စည်းမျဉ်းတွေရဲ့ အထက်မှာ မရှိပါဘူး... အထူးသဖြင့် ဒီနေရာမှာပေါ့...”

“ဟုတ်ကဲ့... ဒါပေမဲ့...”

စာရေးက တုံ့ဆိုင်းနေပြီးနောက် စိုးရိမ်တကြီးဖြင့် ရှေ့သို့တိုးလာ၏။

“သူပြောတာက... သူက ဆေးဆရာတစ်ယောက်တဲ့... ပြီးတော့... အရောင်းအဝယ်ကိစ္စ ပြောချင်လို့ လာတာလို့ ပြောပါတယ်...”

ဝေ့မိန်လင် ခဏတာ အေးခဲသွားလေသည်။ သူမ၏ လက်က ဝတ်ရုံကြိုးများပေါ်တွင် ရပ်တန့်သွား၏။

“...ဆေးဆရာ...?”

သူမက တီးတိုးရေရွတ်လိုက်ပြီး ထိုစကားလုံးများ၏ အလေးချိန်က သူမ၏ စိတ်ထဲသို့ စိမ့်ဝင်သွားလေသည်။

ဂိုဏ်းအတွင်းမှာပင် ဆေးဆရာများက အလွန်အမင်း ရှားပါးလေသည်။ တပည့်အများစုမှာ ဒီလမ်းစဉ်အတွက် ပါရမီ သို့မဝုတ် စိတ်ရှည်မှု မရှိကြပေ။

ရှိတဲ့သူတွေကလည်း ဆယ်စုနှစ်ချီပြီး မျက်နှာမပြကြတဲ့ အထီးကျန် ဘီလူးအိုကြီးတွေ... ဒါမှမဟုတ် ခိုင်မာတဲ့ နောက်ခံနဲ့ အဆုံးမရှိတဲ့ အရင်းအမြစ်တွေရှိတဲ့ အမွေဆက်ခံမယ့် တပည့်တွေပဲ။

အပြင်စည်းက ဆေးဆရာတွေတောင် အရမ်းကို ရှားပါးလှတယ်။ သူတို့ရဲ့ အချိန်တွေက သာမန်လူတွေ တတ်နိုင်တဲ့အရာ မဟုတ်သလို သာမန်မြို့ခံတွေရဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက်ဖို့ဆိုတာ ပိုတောင် မျှော်လင့်လို့မရသေးတယ်။

သူတို့ရဲ့ အချိန်တွေက အရမ်းကို တန်ဖိုးကြီးပြီး ဂိုဏ်းရဲ့ ထိပ်တန်းတပည့်တွေ၊ အဓိကတပည့်တွေ၊ ဒါမှမဟုတ် မင်းမျိုးမင်းနွယ်တွေဆီက ပိုက်ဆံအများကြီးပေးတဲ့ ဖောက်သည်တွေအတွက်ပဲ သီးသန့်ဖြစ်တယ်။

သူမရဲ့ ခန်းမဆီကို ဖိတ်ကြားချက်မရှိဘဲ လာရောက်ပြီး အရောင်းအဝယ်လုပ်ဖို့ စကားပြောတယ်ဆိုတာ...

ဒါက ပြဿနာ... ဒါမှမဟုတ် အခွင့်အရေးပဲ။

သူမ၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။

သူမ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ ဝေ့ မိသားစု၏ လက်ရှိအခြေအနေတွင် ပေးစရာ ဘာမှမရှိတော့ပေ။

သူတို့တွင် ခိုင်မာသော နောက်ခံမရှိသလို အသာစီးရနိုင်မည့် အရာလည်း မရှိပါချေ။ တကယ်လို့ ဒါက ထောင်ချောက်တစ်ခုဆိုရင် သူမ ရှာဖွေတွေ့ရှိမှာပါ။

ဒါပေမဲ့ တကယ်လို့ မဟုတ်ခဲ့ရင်ရော...

ဝေ့မိန်လင် မတ်တပ်ရပ်ကာ ဝတ်ရုံကို သေသပ်အောင် ပြင်ဆင်လိုက်ပြီး ကျော့ရှင်းသော ဟန်ပန်ဖြင့် ကော်လာကို ချိန်ညှိလိုက်လေသည်။

“သူ့ကို ဧည့်ခန်းကို ခေါ်သွားလိုက်ပါ...”

သူမက တည်ငြိမ်စွာ ပြောလိုက်၏။

“ငါ အခုလာခဲ့မယ်...”

“ဟုတ်ကဲ့ပါ သခင်မ...”

စာရေးက ဦးညွှတ်ပြီး အမြန်ထွက်သွားလေသည်။

တစ်ယောက်တည်း ကျန်ခဲ့ချိန်တွင် ဝေ့မိန်လင်က တိုးညင်းစွာ သက်ပြင်းချလိုက်ပြီး အရောင်တင်ထားသော လက်ဖက်ရည်ဗန်းတွင် ပေါ်နေသည့် သူမ၏ အရိပ်ကို ကြည့်လိုက်၏။

မြင့်မြတ်သောအလှပိုင်ရှင်တစ်ဦးက ပြန်လည်ကြည့်ရှုနေလေသည်။ အပြစ်အနာအဆာကင်းသော အသားအရေ၊ သေသပ်စွာ ထုံးနှောင်ထားသော ဆံကေသာနှင့် နွေးထွေးမှုရော အန္တရာယ်ပါ ရှိနေကြောင်း အရိပ်အမြွက်ပြနေသည့် သဘာဝအတိုင်း ကွေးညွတ်နေသော နှုတ်ခမ်းများ။

ကိုယ်ကျပ်ပိုးသားကို ဝတ်ဆင်ထားသော သူမ၏ ကိုယ်နေဟန်ထားက တိတ်ဆိတ်သော ယုံကြည်မှုနှင့် ရင့်ကျက်သော ဆွဲဆောင်မှုတို့ကို ဖြာထွက်နေလေသည်။

သို့သော် ထိုထက်မြက်ပြီး သြဇာတိက္ကမရှိသော မျက်ဝန်းများ၏ နောက်ကွယ်တွင်... ပင်ပန်းနွမ်းနယ်မှုများ ကျန်ရစ်နေဆဲပင်။

သူမက တံခါးဆီသို့ လှည့်လိုက်လေသည်။

“ဒီဆေးဆရာက ဘာလိုချင်တာလဲ သွားကြည့်ရအောင်...”

__

ဝေ့မိန်လင်က ကျော့ရှင်းသော ကိုယ်နေဟန်ထားဖြင့် အခန်းထဲသို့ ဝင်လာလေသည်။

သူမရှေ့ရှိ အမျိုးသားက သူမ မျှော်လင့်ထားသူ မဟုတ်ပေ။

ချောမောပြီး သေသပ်စွာ ဝတ်ဆင်ထားကာ ချောမွေ့သော အသားအရေနှင့် ထက်မြက်သော အပြုံးများပိုင်ဆိုင်ထားသည့်၊ ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်ဟု ထင်နေကြသော မာနကြီးသည့် အတွင်းစည်းတပည့် လူငယ်လေးများထဲမှ တစ်ယောက်ဖြစ်မည်ဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် သူမရှေ့ရှိလူမှာ... ပို၍ အသက်ကြီးပုံရသည်။ အရမ်းကြီး မဟုတ်သော်လည်း လူငယ်လေးတစ်ယောက် မဟုတ်သည်ကတော့ သေချာပေသည်။

အသွင်အပြင်အရ အသက် ၄၀ ကျော်အရွယ်ခန့် ရှိနိုင်ပြီး ရှုပ်ပွနေသော ဆံပင်များကို နောက်တွင် ပျင်းရိစွာ စည်းနှောင်ထားကာ မှေးစင်းနေသော မျက်ဝန်းများထဲတွင် သဘောကျနေဟန် သို့မဟုတ် အရှက်ကင်းမဲ့မှုများ မှိန်ဖျဖျ တောက်ပနေသည်ကို သူမ မခွဲခြားနိုင်ပေ။

ပို၍ ထူးဆန်းသည်မှာ သူ၏ အနောက်တွင် ရုပ်တုတစ်ခုပမာ မလှုပ်မယှက် တိတ်ဆိတ်စွာ ရပ်နေသော ခေါင်းစွပ်ဝတ်ထားသည့် ပုံရိပ်ပင်။ သက်တော်စောင့်တစ်ယောက်ဟု သူမ ယူဆကာ လျစ်လျူရှုထားလိုက်လေသည်။

ရှေ့သို့ လျှောက်လာစဉ် ဝေ့မိန်လင်၏ နှုတ်ခမ်းများက မသိမသာ ကွေးညွတ်သွားပြီး ဝတ်ရုံများက ရေလှိုင်းများပမာ ယိမ်းနွဲ့နေ၏။

ကျော့ရှင်းတည်ငြိမ်စွာဖြင့် သူမက သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ကိုယ်နေဟန်ထားမှာ အပြစ်ကင်းစင်ကာ မေးစေ့ကို အနည်းငယ် မော့ထားလေသည်။

သူမ၏ မျက်လုံးများ သို့မဟုတ် မျက်နှာအမူအရာပေါ်တွင် မဟုတ်ဘဲ အောက်ဘက်သို့ ရောက်ရှိနေကာ သူမ၏ ရင်ဘတ်အကွေ့အကောက်များ၊ သွယ်လျသော ခါးလေးနှင့် ဝတ်စုံ၏ ဘေးခွဲမှတစ်ဆင့် ပေါ်လွင်နေသော ရှည်လျားဖြူဝင်းသည့် ခြေတံများဆီသို့ လွတ်လပ်စွာ လှည့်လည်နေသော သူ၏ အကြည့်များမှ အပူရှိန်ကို သူမ ခံစားမိနေပြီ ဖြစ်သည်။

သူမ ဂရုမစိုက်ပေ။

သူမ ကျင့်သားရနေပြီ ဖြစ်သည်။

သူမ မိန်းမပျိုလေးဘဝကတည်းက ယောကျ်ားတွေက သူမကို ဒီလိုမျိုး အမြဲတမ်း ကြည့်ခဲ့ကြတာပဲလေ။ လိုချင်တပ်မက်မှုတွေ၊ ဆာလောင်မှုတွေနဲ့။ တစ်ခုတည်းသော ကွာခြားချက်က သူတို့ ဘယ်လို ဖုံးကွယ်ထားလဲဆိုတာပဲ။

ဒီယောကျ်ားကတော့ ကြိုးစားတောင် မကြိုးစားဘူး။ အဲဒါကပဲ သူ့ကို တခြားလူတွေထက် ပိုရိုးသားတယ်လို့ ဆိုရမလား။

သူမက သူ့ကို တည်ငြိမ်စွာ ပြန်ကြည့်လိုက်ပြီး သူမ၏ ခြေတံကို အနည်းငယ် ပိုပေါ်စေရန် ထိုင်ဟန်ကိုပင် မသိမသာ ပြင်ဆင်ပေးလိုက်လေသည်။

တကယ်လို့ ရမ္မက်က သူ့ကို အသာစီးရစေတယ်လို့ သူ ထင်နေရင် ညှိနှိုင်းမှုတစ်ခုမှာ ဆန္ဒတွေက အနှောင်အဖွဲ့တစ်ခု ဖြစ်သွားနိုင်တယ်ဆိုတာကို သူမက သတိပေးရလိမ့်မယ်။

လီဖုန်းက ကုလားထိုင်ကို အနည်းငယ် မှီချလိုက်ပြီး ရင်းနှီးကာ ဖတ်ရခက်သော ထိုအပြုံးက သူ၏ နှုတ်ခမ်းများတွင် တွဲခိုနေလေသည်။

“မင်္ဂလာပါ သခင်မဝေ့... ကျုပ်နာမည် လီဖုန်းပါ... ကျုပ် ဒီကိုလာတဲ့ အကြောင်းရင်းကို စာရေးက ပြောပြပြီးလောက်ပြီလို့ ထင်ပါတယ်...”

“မင်္ဂလာပါ သခင်လေးလီ... ရှင်က ဆေးဆရာတစ်ယောက်လို့ ပြောတယ်ဆို...”

သူမက ချောမွေ့၊ အေးစက်ပြီး ကျော့ရှင်းသော လေသံဖြင့် စတင်လိုက်လေသည်။

“ရှင်က အရောင်းအဝယ်ကိစ္စအတွက် လာတာဆိုတော့ ကျွန်မတို့က ဘယ်သူတွေလဲဆိုတာကို ရှင် နားလည်ပြီးသား ဖြစ်ရမယ်...”

သူမ၏ လေသံက ယဉ်ကျေးသော်လည်း ခပ်ခွာခွာနိုင်လေသည်။ တရားဝင်ဆန်သော်လည်း သေချာပေါက် စမ်းသပ်နေခြင်းပင်။

အမျိုးသားက အလောတကြီးမရှိဘဲ ရယ်မောလိုက်၏။

“သဘာဝကျတာပေါ့... အဲဒါကြောင့် ကျုပ် လာခဲ့တာလေ...”

သူမက ဘာမှမတုံ့ပြန်သော်လည်း အတွင်းစိတ်ထဲတွင် သက်ပြင်းချလိုက်လေသည်။ ဒါဆို သူတို့ ရုန်းကန်နေရတာကို သူ သိတာပေါ့။

“ရှင် သိရက်နဲ့ လာခဲ့တာပေါ့လေ...”

“အဲဒါကြောင့် လာခဲ့တာပါ...”

သူက အနည်းငယ် ရှေ့သို့ ကိုင်းညွတ်လိုက်ပြီး မျက်လုံးများက သူမကို ကြည့်နေဆဲဖြစ်သော်လည်း ကော်လာဆီသို့ ဖြည်းညင်းစွာ ကျဆင်းသွားကာ အောက်သို့ ဆက်လက် ရွေ့လျားသွားလေသည်။

“စိတ်ပျက်အားငယ်မှုက အရောင်းအဝယ်ကောင်းတွေကို ဖြစ်စေတာကိုး...”

ဝေ့မိန်လင်က ခြောက်ကပ်ကပ် ပြုံးလိုက်လေသည်။

“မြှောက်ပြောပေးတဲ့အတွက် ကျေးဇူးပါပဲ...”

သူမက ခြောက်ကပ်စွာ ပြောလိုက်ပြီး သူ၏ အကြည့်များကို ထပ်မံဆွဲဆောင်နိုင်ရန် အင်္ကျီလက်စွပ်ကို အနည်းငယ် ချိန်ညှိလိုက်လေသည်။

“ဒါပေမဲ့ ရှင် ဒီကိုလာတာ ကျွန်မကို ငေးကြည့်ဖို့ သက်သက်မဟုတ်ဘူးလို့ ယူဆပါတယ်...”

သူ ပြုံးလိုက်၏။

“အိုး... ဒါပေမဲ့ ကျုပ်ကတော့ တကယ်ပဲ သဘောကျပါတယ်...”

ထို့နောက် သူက ရှေ့သို့ ကိုင်းညွတ်ကာ တံတောင်ဆစ်ကို စားပွဲပေါ်တင်လိုက်ပြီး အသံကို အနည်းငယ် နှိမ့်လိုက်လေသည်။

“ဒါပေမဲ့ ခင်ဗျားပြောတာ မှန်ပါတယ်... ကျုပ်လာတာ စီးပွားရေးအကြောင်း ပြောဖို့ပါ...”

နောက်ဆုံးတော့…

သူမက သူ့ကို သေချာစွာ လေ့လာလိုက်ပြီး လက်ချောင်းများကို စားပွဲပေါ်တွင် ညင်သာစွာ ယှက်ထားလိုက်လေသည်။

“ဒါဆို အချိန်မဖြုန်းကြရအောင်... ရှင်က အရောင်းအဝယ်တစ်ခု လုပ်ချင်တယ်လို့ ယူဆပါတယ်...”

“လိုရင်းကိုပဲ တိုက်ရိုက်ပြောတာ ကျုပ် သဘောကျတယ်...”

သူက နောက်သို့ မှီချလိုက်ပြီး မျက်လုံးများက သူမ၏ ရမ္မက်ဆန်သော ခန္ဓာကိုယ်ပေါ်တွင် ပျင်းရိစွာ ရပ်တန့်နေဆဲပင်။

“ကျုပ် ရိုးရိုးရှင်းရှင်းပဲ ပြောမယ်... ခင်ဗျားတို့က ဆေးဖက်ဝင်ပစ္စည်းတွေ ထောက်ပံ့ပေး... ကျုပ်က ဆေးဖော်စပ်ပေးမယ်... ခင်ဗျားတို့ ဘယ်လိုပဲ ရောင်းရောင်း ရောင်းလို့ရတယ်... အပြန်အလှန်အနေနဲ့ ကျုပ်က အကျိုးအမြတ်ရဲ့ ခုနစ်ဆယ် ရာခိုင်နှုန်းကို ယူမယ်...”

ဝေ့မိန်လင်၏ မျက်လုံးများ ကျဉ်းမြောင်းမသွားသလို အမူအရာလည်း မပြောင်းလဲခဲ့ပေ။

သို့သော် အတွင်းစိတ်ထဲတွင်မူ သူမ လှောင်ပြောင်လိုက်လေသည်။

ခုနစ်ဆယ်...?

“ရှင် တော်တော် ရဲဝံ့တာပဲ...”

သူမက အေးစက်စွာ ပြန်ပြောလိုက်၏။

“ကျွန်မတို့ဘက်က ဆေးဖက်ဝင်ပစ္စည်းတွေ ရှာရမယ်၊ ဖြန့်ချိရေးကို တာဝန်ယူရမယ်၊ ပြီးတော့ ဆိုင်ကိုလည်း စီမံရမယ်... ရှင့်ရဲ့ ကမ်းလှမ်းချက်က ကျွန်မတို့ကို အရင်းကျေရုံလောက်ပဲ ချန်ထားခဲ့တာလေ...”

သူက ပြုံးလျက် ခေါင်းစောင်းလိုက်လေသည်။

“အရင်းကျေရုံ... လုံးဝ မဟုတ်ဘူး... ခင်ဗျားတို့ အမြတ်တွေကြားမှာ ရေကူးနေရလိမ့်မယ်...”

“အိုး...”

သူမက အနည်းငယ် စိတ်ဝင်စားသွားဟန်ဖြင့် ပြောလိုက်၏။

“ဘာလို့ အဲဒီလို ပြောနိုင်ရတာလဲ...”

အမျိုးသား၏ အပြုံးက အနည်းငယ် ထက်မြက်သွားလေသည်။

“ဘာလို့လဲဆိုတော့ ကျုပ်က အမှိုက်တွေကို မထုတ်လုပ်ဘူးလေ... အရည်အသွေးမြင့် ဆေးလုံးတွေကို တသမတ်တည်း ဖော်စပ်နိုင်တယ်... တစ်ခါတလေဆိုရင် အပြစ်အနာဆာမဲ့ဆေးလုံးတွေတောင် ပါသေးတယ်...”

“ကျုပ်ရဲ့ နည်းလမ်းနဲ့ဆိုရင် အသုတ်တိုင်းမှာ အနည်းဆုံး ၈၀ ရာခိုင်နှုန်း အောင်မြင်မှုနှုန်း ရှိလိမ့်မယ်...”

ဝေ့မိန်လင်၏ မျက်လုံးများထဲတွင် စူးစမ်းချင်စိတ်များ ဖြတ်ပြေးသွားလေသည်။

၈၀ ရာခိုင်နှုန်း အောင်မြင်မှုနှုန်း...

သူတို့ရဲ့ ကိုယ်ပိုင်ဆေးဆရာတွေတောင် အလယ်အလတ်အဆင့် ဆေးလုံးတွေအတွက် ၃၀ ရာခိုင်နှုန်း အောင်မြင်မှုနှုန်း ရဖို့ အနိုင်နိုင် ကြိုးစားနေရတာကို။

ပြီးတော့ အပြစ်အနာဆာမဲ့ဆေးလုံး...? သူတို့ တစ်လုံးမှတောင် မထုတ်လုပ်နိုင်ခဲ့ဘူး။

ခဏတာ တိတ်ဆိတ်သွားလေသည်။ သူမ သူ့ကို လေ့လာလိုက်၏။ သူ၏ မျက်လုံးများက ကြည်လင်နေပြီး လူမိုက်တစ်ယောက်၏ မာနကြီးသော ကြွားလုံးထုတ်ခြင်းမျိုး မဟုတ်ဘဲ သူ၏ တန်ဖိုးကို အတိအကျ သိနေသော ယောကျ်ားတစ်ယောက်၏ တည်ငြိမ်သော ယုံကြည်မှုမျိုး ဖြစ်နေလေသည်။

သူမ၏ စိတ်များ မြန်ဆန်စွာ အလုပ်လုပ်သွား၏။

‘အရည်အသွေးမြင့် ဆေးလုံးတွေက ပုံမှန်အားဖြင့် အခြေခံပါဝင်ပစ္စည်းတွေရဲ့ တန်ဖိုးကို သုံးဆလောက် မြှင့်တင်ပေးနိုင်တယ်။’

‘အပြစ်အနာဆာမဲ့ဆေးလုံးတွေဆိုရင်တော့...? ဆယ်ဆ၊ တချို့ဆို ပိုတောင်များသေးတယ်... အထူးသဖြင့် ဆေးလိုနေတဲ့ မင်းမျိုးမင်းနွယ်တွေ ဒါမှမဟုတ် အဆင့်ချိုးဖျက်ဖို့ ခက်ခဲနေတဲ့ ကျင့်ကြံသူတွေကို လေလံတင်ရောင်းချရင်ပေါ့။ တကယ်လို့ သူ့မှာ ၈၀ ရာခိုင်နှုန်း အောင်မြင်မှုနှုန်း တကယ်ရှိခဲ့ရင်...’

အရည်အသွေးမြင့် ဆေးလုံးတစ်လုံးတည်း ရောင်းရရင်တောင်မှ တစ်သုတ်လုံးရဲ့ ကုန်ကျစရိတ်ကို ကာမိနိုင်တယ်။

သူမက သူမ၏ ပြောင်းလဲနေသော အတွေးများကို မဖော်ပြဘဲ ကျော့ရှင်းပြီး မထိခိုက်ထားသည့် ကိုယ်နေဟန်ထားကိုသာ ထိန်းသိမ်းထားလေသည်။

“အဲဒီလိုဆိုရင်တောင်မှ ခုနစ်ဆယ်-သုံးဆယ် ဆိုတာက နည်းနည်း များလွန်းပါတယ်...”

သူ၏ အပြုံးက ပိုမိုကျယ်ပြန့်သွား၏။

“အဲဒါ အရည်အသွေးရဲ့ တန်ဖိုးလေ... ကျုပ်က ဖော်စပ်မယ်... ခင်ဗျားတို့က ထောက်ပံ့မယ်... ကျုပ်တို့ နှစ်ဦးစလုံး အမြတ်ထွက်မှာပဲ...”

သူမက ခေါင်းကို အနည်းငယ် စောင်းကာ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်လေသည်။

“ခြောက်ဆယ်-လေးဆယ်...”

လီဖုန်းက ရယ်မောလိုက်ပြီး ခေါင်းခါလိုက်၏။

“သခင်မဝေ့... ကျုပ်ရဲ့ စွမ်းဆောင်ရည်တွေက ကျုပ်ပြောသလိုသာ အစစ်အမှန်ဖြစ်ခဲ့ရင် သုံးဆယ်ဆိုတာကတောင် အရမ်းကို သဘောထားကြီးလွန်းနေပြီဆိုတာ ခင်ဗျား သိသင့်ပါတယ်...”

ပြီးတော့ သူမ သိတာပေါ့။

ဝေ့မိန်လင်က လူမိုက်မဟုတ်ပေ။

အရည်အသွေးမြင့် ဒါမှမဟုတ် အပြစ်အနာဆာမဲ့ဆေးလုံးတွေအတွက် တကယ့် ၈၀ ရာခိုင်နှုန်း အောင်မြင်မှုနှုန်းဆိုတာ မဖြစ်နိုင်လောက်အောင်ကို ရှားပါးပြီး ကြားတောင် မကြားဖူးဘူး။

သူပြောတာရဲ့ တစ်ဝက်လောက်သာ အမှန်ဖြစ်ခဲ့ရင်တောင် သူမ ဆုံးရှုံးရမှာထက် အများကြီး ပိုပြီး အကျိုးအမြတ် ရနိုင်တယ်။ သူ ကမ်းလှမ်းတဲ့အရာရဲ့ တန်ဖိုးကို သူမ နားလည်ပါတယ်။

သူ့ရဲ့ အောင်မြင်မှုနှုန်းက တကယ်ဖြစ်ပြီး အပြစ်အနာဆာမဲ့ဆေးလုံးတွေကို တကယ်ထုတ်လုပ်နိုင်ခဲ့ရင်... အကျိုးအမြတ်က ရူးလောက်စရာပဲ။

တစ်သုတ်တည်းမှာတင် ဝိညာဉ်ကျောက်တုံး သောင်းချီ ကွာခြားနေချိန်မှာ ရာခိုင်နှုန်းတွေအတွက် အငြင်းပွားနေတာက မိုက်မဲရာကျလိမ့်မယ်။

သို့တိုင်အောင် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်အနေဖြင့် သူမက ခေါင်းညိတ်ပြီး အလွယ်တကူ လက်ခံ၍မရပေ။

သူမ စကားပြောရန် ပါးစပ်ဟလိုက်စဉ်မှာပင် လီဖုန်းက ချောမွေ့စွာ ဖြတ်ပြောလိုက်လေသည်။

“တကယ်တော့ သခင်မဝေ့...”

သူက ချောမွေ့စွာ ပြောလိုက်၏။

“ကျုပ်တို့ အရောင်းအဝယ်ရဲ့ နောက်ဆုံး စည်းကမ်းချက်တစ်ခုကို ပြောဖို့ မေ့သွားတယ်...”

လီဖုန်းသည် ထိုင်ခုံမှ ထကာ သူမအနားသို့ ပျင်းရိစွာ လျှောက်လာပြီး ရင်းနှီးကျွမ်းဝင်ဟန်ဖြင့် သူမဘေးတွင် ဝင်ထိုင်လိုက်လေသည်။

သူ၏ အလေးချိန်ကြောင့် ဆိုဖာအနည်းငယ် နိမ့်ဆင်းသွားပြီး သူတို့၏ ခန္ဓာကိုယ်များ ထိတွေ့သွားရာ ပိုးသားအောက်ရှိ သူမ၏ အကွေ့အကောက်များမှ နွေးထွေးမှုကို ခံစားရုံမျှသာ ဖြစ်လေသည်။

ထို့နောက် အထိအတွေ့ ရောက်ရှိလာ၏။

လီဖုန်း၏ လက်ချောင်းများက သူမ၏ ဝတ်စုံ ပါးပါးလေးအောက်ရှိ ပေါင်တံပေါ်တွင် နှေးကွေးပြီး မြှူဆွယ်သော စက်ဝိုင်းပုံစံများ ရေးဆွဲနေကာ ရည်ရွယ်ချက်ရှိရှိနှင့် ယုံကြည်မှုရှိသော်လည်း မပြောပြထားသော စည်းမျဉ်းကို မကျော်လွန်စေရန် ဂရုစိုက်နေလေသည်။

သူ၏ အထိအတွေ့အောက်တွင် နူးညံ့သော အထည်လေးက ပွတ်တိုက်သွားပြီး အေးမြချောမွေ့နေကာ သူမ၏ အသားအရေအောက်တွင် စုဝေးလာသော သိမ်မွေ့သည့် အပူရှိန်နှင့် ဆန့်ကျင်ဘက် ဖြစ်နေလေသည်။

သူမ၏ ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွားပြီး သူမ မနှစ်သက်သော်လည်း ငြင်းပယ်၍မရနိုင်ပေ။

“ဒီအရောင်းအဝယ်က အတည်ဖြစ်မှာပါ...”

သူက တီးတိုးပြောလိုက်ပြီး သူ၏ လေသံမှာ တိုးညင်းကာ ရည်ရွယ်ချက်များ ပြည့်နှက်နေလေသည်။

“...တကယ်လို့ ခင်ဗျားက တစ်ခါတလေ ကျုပ်အနားမှာ နေပေးဖို့ ဆန္ဒရှိမယ်ဆိုရင်ပေါ့...”

သူမ၏ ပေါင်ပေါ်ရှိ သူ၏ လက်ဖဝါးမှ အပူရှိန်ကို ခံစားရချိန်တွင် အပြင်ပန်းတွင်မူ သူမ တုန်လှုပ်မသွားသော်လည်း ရင်ထဲတွင်တော့ အနည်းငယ် လှုပ်ရှားသွားလေသည်။

သို့သော် ဤအရောင်းအဝယ်က သူမ၏ လက်ရှိအခြေအနေကို ပြောင်းလဲပေးနိုင်သဖြင့် သူမ မလှုပ်ရှားရဲခဲ့ပေ။

သူမ၏ ခြေထောက်ပေါ်ရှိ လက်က ဆက်လက်၍ မြှူဆွယ်စူးစမ်းနေသော်လည်း သူမ၏ မျက်နှာအမူအရာကမူ ဖတ်ရခက်နေဆဲပင်။

ရှက်ရွံ့ခြင်း မရှိ၊ ဒေါသထွက်ခြင်းလည်း မရှိဘဲ ထိုခရမ်းရောင် မျက်ဝန်းနက်များ၏ နောက်ကွယ်တွင် တိတ်ဆိတ်သော တွက်ချက်မှုများသာ ရှိနေလေသည်။

‘အရည်အသွေးမြင့် ဆေးလုံးတွေ... ၈၀ ရာခိုင်နှုန်း အောင်မြင်မှုနှုန်း။ သူ လိမ်နေတာ မဟုတ်ဘူးဆိုရင် ဒီအရောင်းအဝယ်က အရာအားလုံးကို ပြောင်းလဲပေးနိုင်တယ်’

‘သူမ လုပ်ရမှာက... သူ့အလိုကို လိုက်လျောပေးဖို့ပဲ။ သူ့ဘေးမှာ ထိုင်မယ်၊ သူ့ကို အထိအတွေ့ခံမယ်၊ ပြီးတော့ သူ့အတွက် ပေါင်ကို ကားပေးမယ်’

‘ရွံစရာကောင်းလိုက်တာ။ ဒါပေမဲ့ ဝေ့ မိသားစုကို ပြိုလဲခြင်းကနေ ကယ်တင်နိုင်မယ်ဆိုရင်...’

‘သူမအတွက် အခွင့်အရေးလေး တစ်ခုလောက်တောင် ရနိုင်မယ်ဆိုရင်... အဲဒါက တန်ကောင်း တန်ပါလိမ့်မယ်’

‘ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားက ရက်စက်တယ်လေ။ မြို့တော်က သူမရဲ့ မျိုးနွယ်စုက သူမကို ဘယ်တော့မှ ဂရုမစိုက်ခဲ့ဘူး’

‘သူမ လှပတယ်ဆိုတာ မှန်ပေမဲ့ ပါရမီက သာမန်ပဲလေ။ နယ်ရုပ်တစ်ခုလို ပေးစားခံခဲ့ရပြီး အနာဂတ်အကျိုးအမြတ်တွေကို မျှော်လင့်ချက်နဲ့ ဝေ့ မိသားစုဆီကို ပို့ခံခဲ့ရတာ’

‘အခု ဝေ့ နာမည်က ပြိုလဲနေပြီဆိုတော့ သူတို့က သူမကို ပြန်ခေါ်မယ်၊ သူမရဲ့ နောက်ဆုံး ဂုဏ်သိက္ခာကို ခွာချမယ်၊ ပြီးတော့ သူမမှာ ကျန်နေသေးတဲ့ တန်ဖိုးတစ်ခုခုအတွက် မင်းမျိုးမင်းနွယ် မိသားစုတစ်ခုခုဆီကို ရောင်းစားကြလိမ့်မယ်’

‘ဒါမှမဟုတ် အဲဒီထက် ပိုဆိုးတာက... ခိုကိုးရာမဲ့ အဘိုးကြီးတစ်ယောက်ရဲ့ ကျင့်ကြံခြင်းကို ကူညီဖို့ ကျင့်စဉ်ကူအိုးအဖြစ် ပြောင်းလဲပစ်ကြလိမ့်မယ်’

ထိုအတွေးကြောင့် သူမ၏ ဗိုက်ထဲတွင် လိမ်ကျစ်သွားလေသည်။

‘ဟင့်အင်း... အဲဒါနဲ့ ယှဉ်ရင်... ဒီလူယုတ်မာရဲ့ နှာဘူးကျတာကို သည်းခံရတာက အသေးအဖွဲ ပေးဆပ်မှုလေးတစ်ခုပါပဲ’

ဝေ့မိန်လင်က အံကို ဖြည်းညင်းစွာ ကြိတ်လိုက်လေသည်။ ထို့နောက် တည်ငြိမ်နှေးကွေးစွာ အသက်ရှူထုတ်လိုက်၏။

သူမက သူ၏ အကြည့်ကို အေးစက်ပြီး တွက်ချက်နေသော၊ သို့သော် ဆွဲဆောင်မှုရှိသည့် မျက်ဝန်းများဖြင့် ပြန်လည်ရင်ဆိုင်လိုက်လေသည်။

“အရင်ဆုံး ရှင့်ရဲ့ ကျွမ်းကျင်မှုကို သက်သေပြပါ...”

သူမက တိုးညင်းပြီး တိကျသော လေသံဖြင့် ပြောလိုက်၏။

“ရှင်ပြောတာတွေသာ မှန်တယ်ဆိုရင်... စည်းကမ်းချက်တွေကို ကျွန်မတို့ ထပ်ဆွေးနွေးကြတာပေါ့...”

လီဖုန်း၏ အပြုံးက ပိုမိုကျယ်ပြန့်သွားပြီး စိတ်ရှည်ကာ တိတ်ဆိတ်စွာ အောင်ပွဲခံနေလေသည်။

“အဲဒါက ကျုပ် ကြားချင်တဲ့ စကားပဲ...”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment