no

Font
Theme

အခန်း( ၂၈) - နောက်ကွယ်မှ အကြံအစည်

ဝင်လာသောလူကို ဝေ့ကျုံးက အကဲခတ်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။

“...မင်းက ဘယ်သူလဲ”

ဤနေရာကို သူပိုင်သည့်အလား မာနထောင်လွှားသော လေသံဖြင့် မေးလိုက်သည်။

လီဖုန်းက တောက်ပစွာ ပြုံးလိုက်ပြီး ယဉ်ကျေးစွာ အနည်းငယ် ဦးညွှတ်ကာ မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။

“ကျုပ်နာမည်က လီဖုန်းပါ... လပြာဂိုဏ်းက အပြင်စည်းတပည့် တစ်ယောက်ပါ”

ဝေ့ကျုံး မျက်မှောင်ပိုကြုတ်သွားပြီး သတိထားကာ မေးလိုက်သည်။

“မင်း ဒီမှာ ဘာကိစ္စရှိလို့လဲ”

လီဖုန်းသည် လပြာဂိုဏ်း၏ အပြင်စည်းတပည့်သာ ဖြစ်သော်လည်း ဝေ့ကျုံးက သူ့ကို ပြဿနာမရှာချင်ပေ။

အဘယ်ကြောင့်ဆိုသော် လပြာဂိုဏ်းသည် ဤဒေသ၏ အရှင်သခင်ဖြစ်နေဆဲပင်။ သူတို့၏ အတွင်းစည်းကမ်းများ တင်းကျပ်သော်လည်း လူတိုင်းက လိုက်ပြီး ရန်စနိုင်သည်ဟု မဆိုလိုပေ။

လီဖုန်းက ထပ်ပြုံးလိုက်ပြီးဖြေလိုက်သည်။

“အိုး... တိမ်နတ်ဆိုးမြို့ကို ကျုပ် ပထမဆုံးအကြိမ် လာတာဆိုတော့ ဒီအတိုင်း လေ့လာကြည့်ရှုနေတာပါ”

ဝေ့ကျုံးက လှောင်ပြောင်လိုက်ရာ တိတ်ဆိတ်နေသော အခန်းထဲတွင် ထိုအသံက စူးရှသွားသည်။

“ဒါဆိုရင်တော့ မင်း လေ့လာဖို့ နေရာမှားရောက်လာပြီ ထင်တယ်”

သူ၏ အကြည့်က ဝေ့မိန်လင်ဆီသို့ ရောက်သွားပြီး တစ်ခုခုကို သတိရသွားဟန်ဖြင့် နှုတ်ခမ်းများ ကွေးညွတ်သွားသည်။

“နေဦး... မင်း ငါ့ကို ဒီလောက်ကြာအောင် စောင့်ခိုင်းထားတဲ့ အရေးကြီးတဲ့ အစည်းအဝေးဆိုတာ... သူနဲ့ တွေ့နေတာလို့တော့ မပြောနဲ့နော်”

ဝေ့ကျုံးက ခေါင်းခါပြီး ရယ်မောလိုက်သည်။

“ဟားဟား... အိုး မိန့်လင်၊ ဒါက မင်းရဲ့ အရန်အစီအစဉ်လား။ သူလို အပြင်စည်းတပည့်က ဘာလုပ်နိုင်မှာလဲ။ ဆိုင်ကို သန့်ရှင်းရေး ကူလုပ်ပေးဖို့လား။ ဟားဟားဟား!”

အရင်ကဆိုလျှင် ဝေ့ကျုံးသည် ဂိုဏ်း၏ အပြင်စည်းတပည့်များကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့မည်ဖြစ်သော်လည်း ယခုအခါ သူ့တွင်လည်း ကျောထောက်နောက်ခံ ရှိနေပြီဖြစ်သဖြင့် သူတို့ကို တိုက်ရိုက် မတိုက်ခိုက်သရွေ့ အရမ်း သတိထားနေစရာ မလိုတော့ပေ။

ထို့ပြင် ဤပုံစံမကျသောကောင်သည် အပြင်စည်းတပည့်များထဲတွင် အဆင့်အနိမ့်ဆုံးဖြစ်ဖို့ များသည်။

ဝေ့ကျုံး၏ လှောင်ပြောင်သော လေသံကို ဝေ့မိန်လင်က ထူးဆန်းသော အကြည့်ဖြင့် တုံ့ပြန်လိုက်သည်။

လီဖုန်းက ဝင်မပြောပေ။ ဝေ့ကျုံး၏ စကားများမှာ နောက်ခံဆူညံသံများမျှသာ ဖြစ်သည့်အလား ပြုံးလျက် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

သူ၏ အပြုံးကို ပိုမိုမနက်ရှိုင်းစေမီ ရယ်သံများ တိတ်သွားသည်အထိ သူ စောင့်ဆိုင်းနေလိုက်သည်။

“အိုး... ကျုပ် ပြောဖို့ မေ့သွားတယ်”

သူက ထိုအကြောင်းကို အခုမှ သတိရသွားသည့်အလား ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်သည်။

“ကျုပ်က ဆေးဆရာ တစ်ယောက်ဆိုလည်း ဟုတ်တယ်”

အခန်းတွင်း လေထုက ပြောင်းလဲသွားသည်။ ဝေ့ကျုံး၏ လှောင်ပြောင်သော အပြုံးမှာ ရပ်တန့်သွားပြီး နှုတ်ခမ်းထောင့်များ တောင့်တင်းသွားသည်။

သူ့လို မာနကြီးသူတစ်ယောက်အတွက်ပင် ထိုဂုဏ်ပုဒ်၏ အလေးချိန်ကို လျစ်လျူရှု၍ မရနိုင်ပေ။

လီဖုန်း၏ အကြည့်က သူ့ကို ကျော်ဖြတ်ကာ စားပွဲနောက်တွင် ထိုင်နေသော အမျိုးသမီးဆီသို့ ရောက်သွားသည်။

“သခင်မဝေ့ရဲ့ ဉာဏ်ပညာနဲ့ ထူးခြားတဲ့ ပါရမီအကြောင်းကို ကျုပ် ကြားဖူးပါတယ်”

ချီးကျူးသံပါဝင်နေသော လေသံဖြင့် ချောမွေ့စွာ ပြောလိုက်သည်။

“ဒီလို ခက်ခဲတဲ့အချိန်ကာလမှာ မျိုးနွယ်စုတစ်ခုကို ကျော့ရှင်းမှု၊ အမြော်အမြင်နဲ့ ပြတ်သားမှုတွေနဲ့အတူ ဦးဆောင်နိုင်တယ်ဆိုတာ တကယ်ကို ရှားပါးတဲ့ အရည်အသွေးတွေပါ”

“သူမရဲ့ အံ့မခန်း ပါရမီက ဒီလူကို အများကြီး လှုပ်ရှားစေခဲ့လို့ ကျုပ် ဒီကို လာခဲ့တာပါ။ ပြီးတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် အစီအစဉ်တစ်ခုကို ဆွေးနွေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်”

ဝေ့မိန်လင်က သူမ၏ လှပသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ လီဖုန်းထံမှ ထိုချီးကျူးစကားများကြောင့် သူမ အနည်းငယ် အံ့အားသင့်သွားသည်။

အရှက်ကင်းမဲ့မှုနှင့် ပတ်သက်လာလျှင် ဤလူသည် ဝေ့ကျုံးထက် မသာသည့်အပြင် ပိုဆိုးနိုင်ကြောင်းကို သူမ သိသည်။

သို့သော် ယခု သူမရှေ့တွင် လေးလေးစားစား ပြောဆိုကာ သူမ၏ မျက်နှာကို ပေးနေသည်။ သူမက နှုတ်ဖြင့် ဝန်မခံသော်လည်း အမျိုးသမီးတစ်ယောက်၏ နှလုံးသားသည် ရိုးသားသော ချီးကျူးစကားများကို အမြဲတမ်း ခုခံနိုင်စွမ်း မရှိပေ။

အထူးသဖြင့် လူတိုင်းလေးစားရသော အသက်မွေးဝမ်းကျောင်းပညာရှင် တစ်ဦးထံမှဖြစ်ပြီး သူမ၏ ဂုဏ်သိက္ခာကို ပိုမိုမြင့်မားစေသည့်အခါမျိုးတွင် ပို၍ပင် ဖြစ်သည်။

ဝေ့ကျုံး၏ မျက်နှာအမူအရာက မှောင်မိုက်သွားသည်။

“ဝေ့ မိသားစု ကိစ္စတွေမှာ ဝင်မပါနဲ့”

သူက ခြိမ်းခြောက်သော လေသံဖြင့် တိုးညင်းစွာ ပြောလိုက်သည်။

လီဖုန်း၏ မျက်နှာပေါ်မှ နွေးထွေးမှုများလည်း ပျောက်ကွယ်သွားပြီး လေသံက တင်းမာသွားသည်။

“ဘယ်အချိန်ကစပြီး”

သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူတို့ကြားရှိ လေထုက တင်းကျပ်သွားသည်။

“မင်းလို အမှိုက်တစ်ကောင်က ငါ့ကို ဘာလုပ်ရမယ်ဆိုတာ ပြောပိုင်ခွင့်ရှိသွားတာလဲ”

ဝေ့ကျုံး မျက်လုံးများ ကျဉ်းမြောင်းသွားသော်လည်း အရှက်ရမှုက သူ့ကို လွှမ်းခြုံနေပြီ ဖြစ်သည်။

တင်းမာသော တိတ်ဆိတ်မှုအပြီးတွင် ဤနေရာ၌ ဆက်နေခြင်းသည် အကျိုးမရှိကြောင်း သိသဖြင့် သူ မတ်တပ်ရပ်ကာ ရုတ်တရက် လှည့်ထွက်သွားသည်။

သူ၏ ဝတ်ရုံလက်စွပ်များက လေထဲတွင် တဖျပ်ဖျပ် မြည်သွားပြီး “ဝေ့မိန်လင်” နောက်သို့ လှည့်မကြည့်ဘဲ သူက ပြောလိုက်သည်။

“ငါ့ကမ်းလှမ်းချက်ကို သေချာစဉ်းစားပါ... မဟုတ်ရင် မင်း နောင်တရလိမ့်မယ်”

လီဖုန်းက သူ ထွက်သွားသည်ကို ကြည့်နေပြီး နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်မှုတစ်ခု တွဲခိုနေသည်။

“ဟမ့်... သူက ငါ့လူတွေကို ငါ့ရှေ့မှာ ခြိမ်းခြောက်ရဲတယ်ပေါ့... သေချင်နေတာပဲ”

အခွင့်အရေးရသည်နှင့် ဖယ်ရှားပစ်ရန် လီဖုန်းက သူ့ကို နာမည်ပျက်စာရင်း သွင်းလိုက်ပြီ ဖြစ်သည်။ သူ၏ အရာများကို ထိပါးလာသူတိုင်း လက်ပူမခံရဘဲ မနေနိုင်ပေ။

ဝေ့ကျုံး ထွက်သွားသည်နှင့် အခန်းတွင်းရှိ တင်းမာမှုများလည်း လွင့်စင်သွားသည်။ ဝေ့မိန်လင်၏ ပခုံးများ လျော့ကျသွားပြီး တိတ်ဆိတ်သော သက်ပြင်းတစ်ခု သူမထံမှ လွတ်ထွက်သွားသည်။

လီဖုန်း၏ အကြည့်များက ထိုသေးငယ်သော သက်သာရာရမှု အရိပ်အယောင်လေးပေါ်တွင် ရပ်တန့်နေသည်။

သူက ရှေ့သို့ တိုးလာပြီး ခွင့်ပြုချက်မတောင်းဘဲ သူမကို အလွယ်တကူ ပွေ့ချီကာ သူ၏ ရင်ခွင်ထဲတွင် ဘေးတိုက် ပြန်ထိုင်စေလိုက်သည်။

“ရှင် ဘာလုပ်...”

သူမက အံ့ဩတကြီး မေးလိုက်သော်လည်း သူ၏ တည်ငြိမ်ပြီး တိုးညင်းသော အသံက ဖြတ်ပြောလိုက်သည်။

“ခင်ဗျား သက်သောင့်သက်သာ ဖြစ်အောင် သေချာလုပ်ပေးတာပါ”

သူ၏ လက်က သူမကို ခိုင်မာစွာ ဖက်ထားပြီး သူမ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

“ကဲ သခင်မဝေ့... ဘာတွေဖြစ်နေတာလဲဆိုတာ ကျုပ်ကို ပြောပြပါ”

ပဋိပက္ခမှသည် ဤကဲ့သို့ ကာကွယ်ပေးလိုသော အနေအထားသို့ ရုတ်တရက် ပြောင်းလဲသွားခြင်းကြောင့် ဖြစ်မည်။

ဝေ့မိန်လင်၏ သတိထားနေသော မျက်နှာအမူအရာက နူးညံ့သွားသည်။ ရေနစ်နေရာမှ ဆယ်တင်ခံလိုက်ရသူ တစ်ယောက်ကဲ့သို့ သူမ စတင်ပြောပြလေသည်။

တိုးပွားလာနေသော အရှုံးများ၊ မိသားစု၏ အခြေအနေနှင့် အရပ်ရပ်မှ ဖိအားပေးလာမှုများအကြောင်း သူမ ပြောပြခဲ့သည်။

လီဖုန်းက သေချာစွာ နားထောင်နေပြီး လက်တစ်ဖက်က သူမ၏ နူးညံ့သော ခါးလေးကို ခပ်ဖွဖွ ဖက်ထားသည်။ သူမ ပြောပြီးသွားသောအခါ သူ၏ အကြည့်များက နွေးထွေးသွားပြီး သနားနေသည့်အလားပင်။

“ဒီလောက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကြီး... ခင်ဗျားအတွက် တော်တော် ခက်ခဲခဲ့မှာပဲ သခင်မ... ခင်ဗျားကို ထောင့်ကျပ်အောင် တွန်းပို့ခံရတာ အံ့သြစရာတော့ မဟုတ်ဘူး”

သူမကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။

အပြင်ပန်းတွင် သူမကို နှစ်သိမ့်ပေးနေသော်လည်း အတွင်းစိတ်ထဲတွင်မူ သူ အကြီးအကျယ် အောင်ပွဲခံနေလေသည်။

သူက အရင်ရောက်လာခဲ့တာ ဘယ်လောက်ကံကောင်းလဲလို့ မတွေးဘဲ မနေနိုင်ခဲ့ပေ။ ဒီလို ဆွဲဆောင်မှုရှိ၊ စွမ်းဆောင်ရည်ပြည့်ဝပြီး ယောကျ်ားတွေကို အသိစိတ်လွတ်သွားစေနိုင်တဲ့ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားတဲ့ ဒီလိုအမျိုးသမီးမျိုးသာ ဘယ်သူ့အပိုင်မှ မဖြစ်သေးရင် ဘယ်ရောက်သွားမလဲ ဘယ်သူသိမှာလဲ။

မျိုးနွယ်စု အကြီးအကဲ အိုကြီးတစ်ယောက်ရဲ့ လက်အောက်မှာလား... ဒါမှမဟုတ် ပိုဆိုးတာက ခုနက ထွက်သွားတဲ့ အဲဒီ ရွံစရာကောင်းတဲ့ကောင်ရဲ့ လက်ထဲမှာလား။

လီဖုန်း၏ ရင်ခွင်ထဲတွင် ဝေ့မိန်လင်၏ ခန္ဓာကိုယ်က ပိုမိုပျော့ပျောင်းသွားသည်။

သူမ၏ ဝန်ထုပ်ဝန်ပိုးများကို သူ့အား ရင်ဖွင့်လိုက်ခြင်းက သူမကို သက်သာရာရစေပြီး အနာဂတ်အတွက် အသက်ရှူကျပ်စေသော အတွေးများမှ လွတ်မြောက်စေခဲ့သည်။

လီဖုန်းက အခွင့်အရေးကောင်းတစ်ခုကို တွေ့လိုက်သဖြင့် ချက်ချင်းပင် အသုံးချကာ သူမ၏ မေးစေ့ကို ညင်သာစွာ ပင့်တင်လိုက်ပြီး ဆွဲဆောင်မှုရှိသော နှုတ်ခမ်းများကို နမ်းရန် ဖြည်းညင်းစွာ ငုံ့ချလိုက်သည်။

ဝေ့မိန်လင်မှာ သက်သာရာရမှုကြောင့် မိန်းမောနေပုံရပြီး သူ့ကို မငြင်းဆန်ဘဲ လီဖုန်း၏ နှုတ်ခမ်းများ သူမကို ထိတွေ့ခွင့် ပြုလိုက်သည်။

ခဏအကြာတွင် လီဖုန်းက နှုတ်ခမ်းများကို ခွာလိုက်ပြီး သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာလေးကို ကြည့်လိုက်သည်။ ဝေ့မိန်လင်၏ မျက်လုံးများမှာ မှုန်ဝါးနေပြီး ပါးပြင်များ နီရဲနေသည်။

သူမကို အပိုင်သိမ်းကာ ပေါင်တံများကို ကားစေပြီး သူ၏ စိတ်ကြိုက် လှုပ်ရှားချင်စိတ်များ မည်မျှပင် ပြင်းပြနေစေကာမူ ယခုအချိန်သည် ညင်သာရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း သူ သိသည်။

သူ၏ စိတ်ရှည်မှုက နောက်ပိုင်းတွင် ကြီးမားစွာ အကျိုးပေးမည်ကို သူ သိနေသည်။

သူ၏ ညီငယ်လေး၏ ဆန္ဒများကို ဖိနှိပ်ထားရင်း သူမကို နူးညံ့သော အပြုံးတစ်ခု ပေးလိုက်သည်။

“ဒါကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ဆွေးနွေးကြတာပေါ့”

သူက ညင်သာစွာ ပြောလိုက်သည်။

“ဆေးလုံးတွေကို ကျုပ် ဖော်စပ်ပေးနိုင်တယ်... ဒါပေမဲ့ ကျန်တာတွေကတော့ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်”

အစောပိုင်းက ကြမ်းတမ်းမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်သော သူ၏ ရုတ်တရက် နူးညံ့မှုအငွေ့အသက်များကြားတွင် ရစ်ပတ်ခံနေရဆဲဖြစ်သော ဝေ့မိန်လင်သည် အနည်းငယ် မတ်မတ်ထိုင်လိုက်သည်။

သူမ၏ မျက်လုံးများထဲမှ မရေရာမှုများအစား ပြတ်သားမှုများက နေရာယူသွားသည်။

“သခင်လေးလီ”

သူမက ခိုင်မာစွာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့... ရှင့်ရဲ့ ဆေးလုံးတွေနဲ့ အကူအညီတွေရှိရင် စီးပွားရေးလုပ်ငန်းက ရှင်သန်နိုင်ရုံတင် မကဘူး၊ ကြီးပွားတိုးတက်လာအောင် ကျွန်မ သေချာလုပ်ပေးမယ်”

__

ထိုအချိန်တွင် ဝေ့ကျုံးသည် ဆိုင်ထဲမှ ထွက်လာစဉ် ခြေလှမ်းများ လေးလံနေပြီး အရှက်ရမှုက သူ၏ ရင်ဘတ်ထဲတွင် လောင်ကျွမ်းနေဆဲပင်။

လမ်းများ ရှင်းလင်းကာ တိတ်ဆိတ်သွားသည့် တိမ်နတ်ဆိုးမြို့၏ အစွန်အဖျားသို့ ရောက်သည်အထိ သူ၏ မျက်နှာအမူအရာမှာ မှောင်မိုက်နေခဲ့သည်။

သူက ပြိုကျနေသော နံရံများနှင့် စွန့်ပစ်ခံအိမ်များကို ဖြတ်ကျော်ကာ ယိုယွင်းနေသော ရပ်ကွက်တစ်ခုအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားပြီး တဝက်တပျက် ဆွေးမြည့်နေသော သစ်သားတံခါးတစ်ခု၏ နောက်ကွယ်ရှိ ဟောင်းနွမ်းနေသော ခြံဝင်းတစ်ခုသို့ ရောက်ရှိသွားသည်။ လေထုမှာ စိုစွတ်ပြီး အောက်သိုးသိုး ဖြစ်နေသည်။

အထဲတွင် ပျက်စီးနေသော မဏ္ဍပ်တစ်ခု၏ အရိပ်အောက်၌ ခေါင်းစွပ်ဝတ်ထားသော ပုံရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်နေပြီး သူ၏ အငွေ့အသက်မှာ မှိန်ဖျော့သော်လည်း ဖိနှိပ်နိုင်စွမ်း ရှိနေသည်။

“မင်း နောက်ကျတယ်”

ခေါင်းစွပ်ဝတ်လူ၏ အသံက တည်ငြိမ်သော်လည်း လေးလံမှုတစ်ခု ပါဝင်နေသည်။

ဝေ့ကျုံးက ပြုံးရန် အတင်းကြိုးစားလိုက်ပြီး ပြန်ဖြေလိုက်သည်။

“ကျွန်တော် နောက်ကျသွားတယ်... ဝေ့မိန်လင်ရဲ့ ကိစ္စကြောင့်ပါ”

ထိုနာမည်ကို ကြားလိုက်ရချိန်တွင် ခေါင်းစွပ်ဝတ်ပုံရိပ်က ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။

“ပြီးတော့”

ဝေ့ကျုံးက လက်သီးများကို ဆုပ်လိုက်သည်။

“အဲဒီမိန်းမက သူ့ကို ကူညီမယ့် ဆေးဆရာတစ်ယောက်ကို ဘယ်လိုရှာတွေ့သွားလဲ မသိဘူး... လပြာဂိုဏ်းက အပြင်စည်းတပည့် တစ်ယောက်တဲ့”

သူ၏ လေသံမှာ မယုံကြည်နိုင်မှုများ ပါဝင်နေဆဲပင်။

“သူ ဘယ်ကနေ သွားတူးထုတ်လာလဲ နတ်ဘုရားတွေပဲ သိလိမ့်မယ်”

ခေါင်းစွပ်ဝတ်ပုံရိပ်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် တည်ငြိမ်စွာ မေးလိုက်သည်။

“ဆေးဆရာတစ်ယောက်က သူ့ကို ဘာလို့ ကူညီဖို့ သဘောတူရတာလဲ”

ဝေ့ကျုံး၏ မေးရိုးများ တင်းမာသွားသည်။

“အဲဒီဆေးဆရာက သူမရဲ့ ‘ကြိုးစားအားထုတ်မှုတွေက သူ့ကို လှုပ်ရှားစေလို့’ တဲ့... ဟား! အဲဒီ အဓိပ္ပာယ်မရှိတဲ့ စကားတစ်ခွန်းကိုမှ ငါ မယုံဘူး...”

“အဲဒီခွေးမက သူ့ဘက်ပါလာအောင် အကျိုးအမြတ်တွေ အများကြီး ပေးမယ်လို့ ကတိပေးထားတာ ဖြစ်ရမယ်”

ခေါင်းစွပ်အောက်မှ တိတ်ဆိတ်သော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

“မင်း ထင်တာ သူက သူ့ကို ဘာကတိပေးထားလဲ”

ဝေ့ကျုံး၏ မျက်နှာအမူအရာက ဒေါသနှင့် မနာလိုမှုများကြောင့် တွန့်လိမ်သွားသည်။

“တခြား ဘာဖြစ်နိုင်ဦးမှာလဲ... သူ့ရဲ့ အဲဒီခန္ဓာကိုယ်က သူ့မှာ ကျန်နေတဲ့ တစ်ခုတည်းသော ညှိနှိုင်းစရာ အရာပဲလေ”

စော်ကားပြောဆိုမှုကို ခေါင်းစွပ်ဝတ်လူက မှတ်ချက်မပေးသော်လည်း သူ၏ လေသံတွင် သံသယနှင့် စူးစမ်းလိုစိတ် အရိပ်အယောင်တစ်ခု ပါဝင်နေသည်။

“ဒါက ထူးဆန်းတယ်... ဂိုဏ်းက ကျင့်ကြံသူတွေက အများအားဖြင့် တာအိုလမ်းစဉ်ကို လိုက်စားဖို့ပဲ အာရုံစိုက်နေတတ်တာ... သူတို့က ဒီမှာ မိန်းမတွေအတွက် အချိန်ဖြုန်းမနေသင့်ဘူး...”

“ဆေးဆရာဆိုရင် ပိုဆိုးသေးတယ်... သူတို့က ပိုပြီး ရှားပါးတယ်၊ ပိုပြီး မာနကြီးတယ်... ပြီးတော့ သူတို့ရဲ့ အချိန်တွေကို ဆေးဖော်စပ်တာမှာပဲ သုံးသင့်တာ... သူ့လို လူမျိုးနဲ့ ကစားဖို့ မဟုတ်ဘူး”

ဝေ့ကျုံးက သွားများကို ကြိတ်လိုက်သည်။

“အဲဒါပဲလေ! အဲဒါကြောင့် ဒီကိစ္စကြီး တစ်ခုလုံးက ရွံစရာကောင်းနေတာ... နောက်ကွယ်မှာ တခြားကိစ္စတစ်ခုခု ရှိနေနိုင်တယ်”

အရာအားလုံးက တိုက်ဆိုင်မှုသက်သက်သာ ဖြစ်ကြောင်း သူတို့ ဘယ်တော့မှ တွေးမိမည် မဟုတ်ပေ။

လီဖုန်းက တကယ်ပဲ လမ်းလျှောက်ထွက်ရင်း ဝေ့မိန်လင်၏ ခန္ဓာကိုယ်ကို ဆွဲဆောင်မှုရှိပြီး အလိုချင်စရာကောင်းကြောင်း တွေ့ရှိခဲ့ပြီး ထို့အပြင် သူ၏ ဆေးလုံးများ ရောင်းချရန် နေရာတစ်ခု လိုအပ်နေခြင်းနှင့် တိုက်ဆိုင်သွားခြင်းသာ ဖြစ်သည်။

ခေါင်းစွပ်ဝတ်ပုံရိပ်က သူ၏ ဘေးရှိ သစ်သားခုံတန်းပေါ်တွင် လက်ချောင်းများကို ခေါက်ရင်း စဉ်းစားခန်း ဝင်နေသည်။

“မင်းပြောတာ မှန်တယ်ဆိုရင်တော့ သူ တကယ်ပဲ ကြီးမားတဲ့ ပေးဆပ်မှုကို လုပ်ခဲ့ရမှာ... သူ အကူအညီရဖို့ သူ့ခန္ဓာကိုယ်လောက်နဲ့တင် မကလောက်ဘူး... “

“ဝေ့ မိသားစုရဲ့ ဘဏ္ဍာရေးက အရမ်းကို ကျပ်တည်းနေပြီ... သူတို့ ဘယ်လောက် ဆင်းရဲသွားပြီလဲဆိုတာ မင်းနဲ့ ငါ အတိအကျ သိပါတယ်... ပြီးတော့ အဲဒီအဓိပ္ပာယ်က သူမ သူ့ကို ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူးဆိုတာပဲ”

ဝေ့ကျုံး မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

“ဒါဆို... ငါတို့ စောင့်ရုံပဲလား”

ခေါင်းစွပ်ဝတ်လူ၏ အသံက တည်ငြိမ်သော်လည်း သူ၏ စကားလုံးများက ထက်မြက်နေသည်။

“ငါတို့ ဆက်စောင့်မယ်... ပြီးတော့ လောလောဆယ် စောင့်ကြည့်မယ်... ငါတို့ လုပ်နေကျအတိုင်း ဆက်လုပ်မယ်...”

“ပြီးတော့ အဲဒီဆေးဆရာက သူ့အနားကနေ ထွက်သွားတဲ့အချိန်ကျမှ ငါတို့ လှုပ်ရှားမယ်... အဲဒီအချိန်ကျရင် သူ့မှာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး”

သူမကို ပထမဆုံး မြင်ကတည်းက ပေါင်ကြားထဲသို့ တွန်းချရန် အိပ်မက်မက်နေခဲ့သော မရီးဖြစ်သူကို နောက်ဆုံးတွင် အပိုင်ရတော့မည်ဟူသော အတွေးကြောင့် ဝေ့ကျုံး၏ နှုတ်ခမ်းများတွင် နှေးကွေးပြီး ရွံရှာဖွယ်ကောင်းသော အပြုံးတစ်ခု ပေါ်လာသည်။

“ဟီးဟီး... ဝေ့မိန်လင်ကို ကိုင်တွယ်တဲ့အခါ ငါတို့ရဲ့ သဘောတူညီချက်ကို မမေ့ပါနဲ့”

ဝေ့ကျုံးက ခေါင်းစွပ်ဝတ်ပုံရိပ်ကို သတိပေးလိုက်သည်။

“စိတ်မပူပါနဲ့... မင်းကို ရက်ရက်ရောရော ပေးချေမှာပါ... ပြီးတော့ ဝေ့မိန်လင်က မင်းအပိုင် ဖြစ်သွားမှာပါ... ဒါပေမဲ့ ငါတို့ရဲ့ သဘောတူညီချက်အတိုင်း မင်းတို့ ဘိုးဘေးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးက ငါတို့အပိုင် ဖြစ်ရမယ်”

ဒါကို ကြည့်ခြင်းအားဖြင့် ခေါင်းစွပ်ဝတ်ပုံရိပ်၏ ပစ်မှတ်မှာ ဝေ့ မိသားစု၏ ဘိုးဘေးများ ပိုင်ဆိုင်သော ရတနာများဖြစ်ကြောင်း ရှင်းလင်းနေပြီ ဖြစ်သည်။

သူတို့က ဝေ့ မိသားစု လျင်မြန်စွာ တက်လှမ်းလာနိုင်ခဲ့သည့် နောက်ကွယ်မှ လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုကြပြီး ဝေ့မိန်လင်ကမူ ရိုးရှင်းသော အတားအဆီးတစ်ခုမျှသာ ဖြစ်လေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment