no

Ads_900_2
လူချမ်းသာမိသားစုရဲ့ အမြှောက်စာဇာတ်ကောင်လေး ရူးသွားပြီ

လူချမ်းသာမိသားစုရဲ့ အမြှောက်စာဇာတ်ကောင်လေး ရူးသွားပြီ

-

5
Your Rating
Author -
Artist -
Translator Aurora Team
Release -

Summary


...

Description

လုရန်ဆိုသည်မှာ ချမ်းသာသောမိသားစု၏ ပစ်ပယ်ခံသားတစ်ယောက်။

လေးနှစ်သားအရွယ်တွင် သူ လမ်းပျောက်သွားခဲ့သည်။ အိမ်သို့ပြန်ရောက်လာသောအခါ သူ့မိသားစုက မွေးစားသား ရှန်ရှင်းရန်ကိုသာ ချစ်ခင်ယုယခဲ့ကြပြီး ရှန်ရှင်းရန် သူ့အပေါ် အနိုင်ကျင့်နေသည်များကို လျစ်လျူရှုခဲ့ကြ၏။ အမှန်တကယ်တော့ ရှန်ရှင်းရန် စိတ်မကောင်းမဖြစ်စေရန် ၎င်းတို့က လုရန်ဟာ သားအရင်းဖြစ်ကြောင်းကိုတောင် လျှို့ဝှက်ထားခဲ့ကြသည်။

အစပိုင်းတွင် လုရန် ထိုကဲ့သို့ဆက်ဆံပုံကို သည်းမခံနိုင်ဘဲ မွေးစားသားကို အသည်းအသန် ပြန်ခုခံခဲ့၏။ သို့သော်လည်း နောက်ဆုံးမှာတော့ သူသည် ခိုက်ခိုက်တုန်အောင်ချမ်းသော ဆောင်းရာသီတစ်ရက်၌ ရှန်ရှင်းရန်ဆီကနေ ရေကန်ထဲတွန်းချခံခဲ့ရပြီး အသက်ငယ်ငယ်လေးနှင့် အရိုးအဆစ်များ ပျက်စီးသွားခဲ့ရသည်။

ရှန်မိသားစုဝင်များက ထိုဖြစ်ရပ်ကို သိရှိသွားသော်လည်း လုံးဝစိတ်ဝင်စားမှုမရှိခဲ့ပေ။

ထိုအချိန်မှစ၍ လုရန်၏နှလုံးသားက ပြာမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့မိသားစုဆီမှချစ်ခြင်းမေတ္တာကို ရှာဖွေမနေတော့ဘဲ ချမ်းသာကြွယ်ဝသောအိမ်ကြီးကနေ ပြတ်ပြတ်သားသား ထွက်လာခဲ့လိုက်သည်။

သို့တိုင် ရှန်မိသားစုနှင့် ရှန်ရှင်းရန်က သူ့ကို ဆက်လက်အနိုင်ကျင့်နေကြဆဲပင်။ ၎င်းတို့က သူ့အပေါ် အမျိုးမျိုးဖိအားပေးကာ ချမ်းသာကြွယ်ဝသောမိသားစုဆီမှ ကရုဏာအပိုင်းအစလေးများအတွက် ခွေးတစ်ကောင်လိုကျေးဇူးတင်နေစေဖို့ အတင်းအကျပ်စေခိုင်းခဲ့ရာ သူ့အတွက် ပုန်းအောင်းစရာနေရာတောင် မရှိခဲ့ချေ။

သူ့မိသားစုဆီကနေ ထွက်ပြေးရင်း လုရန် ကားမတော်တဆဖြစ်ခဲ့ပြီး လုံးဝအကြောများသေကာ ဆေးရုံအခန်းထဲမှာ ဆယ်နှစ်လုံးလုံး ပိတ်လှောင်ခံခဲ့ရသည်။

ပြန်လည်မွေးဖွားလာသည့်အခိုက်အတန့်၌ သူဟာ မွေးစားသားရှန်ရှင်းရန်က အဓိကဇာတ်လိုက်ဖြစ်သည့် ကြွယ်ဝချမ်းသာသောမိသားစု၏ အလိုလိုက်ခံဝတ္ထုထဲမှ အမြောက်စာဇာတ်ကောင်လေးသာဖြစ်ကြောင်း သိရှိခဲ့ရသည်။

လုရန် ရုတ်ခြည်းဆိုသလို ဉာဏ်အလင်းပွင့်သွား၏။

သူ ဘာအတွက်ကြောင့် ပုန်းအောင်းနေရမည်နည်း။ သူက ဆိုးဝါးသည့်ဘဝမှာ နေထိုင်ခဲ့ရသည့်အလျောက် ရှန်မိသားစုကို အဘယ့်ကြောင့် သက်တောင့်သက်သာဘဝမှာ နေခွင့်ပေးရမည်နည်း။

ဤသို့ဖြင့် သူ စတင်ရမ်းကားတော့သည်...

ညစာစားပွဲ၌ မျက်နှာလိုက်သော သူ့မိဘနှစ်ပါးက သူ့ကို ပြစ်တင်ပြောဆိုသောအခါ လုရန်က ဟင်းပွဲများအားလုံးကို ကန်ချလိုက်ပြီး စားပွဲပေါ်သို့ ခွေးချေးများကို ရိုက်ချ၍ အော်ပြောလိုက်သည်။

"ခင်ဗျားတို့ မစားဘူးဆိုရင် ဘယ်သူမှမစားဘူး!"

လူချမ်းသာသခင်လေးများက သူ့ကို ဒုက္ခပေးရန်ကြိုးစားကြသောအခါ လုရန်က အိမ်သာဆေးတံကိုဝှေ့ယမ်း၍ တစ်စုံတစ်ယောက်၏ပါးစပ်ထဲ ထိုးထည့်လိုက်ပြီး ပြောလိုက်သည်။

"မင်းတို့က လူမဖြစ်ချင်ကြဘူးဆိုတော့ မင်းတို့ကို တခြားအစာတစ်မျိုး ပြောင်းကျွေးတာပေါ့။"

ရှန်မိသားစုက သူ့ကို အိမ်ကနေကန်ထုတ်ချင်နေကြသောအခါ လုရန်က အိပ်စက်သည့်အိတ်တစ်လုံးကိုဆွဲကာ ရှန်မိသားစုအိမ်ကြီး၏ ဝင်ပေါက်ရှေ့မှာ လှဲအိပ်လိုက်သည်။

လာစမ်းပါ၊ ဘယ်သူက ဘယ်သူ့ထက် ခံနိုင်ရည်ရှိလဲဆိုတာ ကြည့်ကြတာပေါ့။

...

ချက်ချင်းဆိုသလို လုရန်က မြို့တော်ရှိ ချမ်းသာကြွယ်ဝသောအသိုင်းအဝိုင်း၌ ကြောက်စရာအကောင်းဆုံးသူဖြစ်လာခဲ့သည်။

တချို့ဆို အကူအညီမဲ့နေပုံပေါ်သည့် လုရန်က အဘယ့်ကြောင့် ယခုလို ရဲရဲတင်းတင်းပြုမူဝံ့သနည်းဟု ပဟေဠိဖြစ်နေခဲ့ကြ၏။

တစ်ခုသောပွဲအခမ်းအနား၌ ၎င်းတို့တွေ ကျိမိသားစုခေါင်းဆောင်၏ဝှီးချဲပေါ်မှာ ပစ်ပယ်ခံသခင်လေးကို တွေ့လိုက်ကြရသည်။

ကောလာဟလများအရ အမြဲတမ်းမှုန်ကုပ်ကာ သီးသန့်နေတတ်သော ကျိမင်က အိပ်ပျော်နေသောကောင်လေးကို ရင်ခွင်ထဲ ဂရုတစိုက်ထွေးပွေ့ထားပြီး သူ့အား နွေးထွေးနေစေရန် စောင်အပါးလေးကို ညင်သာစွာခြုံပေးထားသည်ဟူ၍။

သတိမထားမိသူတစ်ယောက်က ၎င်းတို့ကိုနှုတ်ဆက်ရန် ချဥ်းကပ်လာသောအခါ ထိုအမျိုးသားက ချက်ချင်းလက်ငင်း တိတ်တိတ်လေးနေဖို့ လက်ဟန်ပြလိုက်ပြီး သူ၏အကြည့်များက အေးစက်ကာ လေးနက်နေခဲ့သည်။

လူများက သူသည် လုရန်အား နှစ်နှစ်ကာကာချစ်မြတ်နိုးနေသည်ဟု ယုံကြည်သွားကြပြီး သက်ပြင်းသာချနိုင်ခဲ့ကြ၏။

အေးစက်ကာ သြဇာအာဏာကြီးမားပြီး လိုချင်တာကိုရအောင်ယူတတ်သော ဤပုဂ္ဂိုလ်၏စိတ်ထဲ တွေးနေသည့်အရာကိုတော့ ၎င်းတို့မသိခဲ့ကြပေ:

သူ့ကို အိပ်ပျော်သွားအောင်လုပ်ဖို့ သိပ်ကိုအားစိုက်လိုက်ရတယ်။ သူနိုးလာရင် ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ...

တစ်ကြောင်းတည်းအနှစ်ချုပ်: သူတို့အားလုံး ကြောက်ကုန်ကြပြီ။

အဓိကဆိုလိုရင်း: ကိုယ့်ကိုယ်ကိုယ်လေးစားပြီး ကိုယ့်ကိုယ်ကိုယ်ချစ်တတ်မှသာလျှင် အခြားသူများ၏လေးစားမှုကို ရရှိနိုင်မည်။

***

Aurora Novel Translation Team

Lastest Chapter Update


Chapter1 04,April,2026
Chapter2 04,April,2026
Chapter3 04,April,2026
Chapter4 04,April,2026
Chapter5 04,April,2026
Chapter6 04,April,2026
Chapter7 04,April,2026
Chapter8 04,April,2026
Chapter9 04,April,2026
Chapter10 04,April,2026
Chapter11 06,April,2026
Chapter12 06,April,2026
Chapter13 06,April,2026
Chapter14 06,April,2026
Chapter15 06,April,2026
Chapter16 07,April,2026
Chapter17 07,April,2026
Chapter18 07,April,2026
Chapter19 07,April,2026
Chapter20 08,April,2026
Chapter21 08,April,2026
Chapter22 08,April,2026
Chapter23 08,April,2026
Chapter24 08,April,2026
Chapter25 08,April,2026
Chapter26 08,April,2026
Chapter27 08,April,2026
Chapter28 08,April,2026
Chapter29 08,April,2026
Chapter30 14,April,2026
Chapter31 14,April,2026
Chapter32 14,April,2026
Chapter33 14,April,2026
Chapter34 14,April,2026
Chapter35 14,April,2026
Chapter36 14,April,2026
Cjapter37 14,April,2026
Chapter38 14,April,2026
Chapter39 14,April,2026
Chapter40 14,April,2026
Chapter41 14,April,2026
Chapter42 14,April,2026
Chapter43 14,April,2026
Chapter44 14,April,2026
Chapter45 14,April,2026
Chapter46 14,April,2026
Chapter47 14,April,2026
Chapter48 14,April,2026
Chapter49 14,April,2026
Chapter50 14,April,2026
Chapter51 14,April,2026
Chapter52 14,April,2026
Chapter53 14,April,2026
Chapter54 14,April,2026
Chapter55 14,April,2026

Manga DISCUSSION


Leave A Reply

you must Login or register to post a comment


Reviews & Ratings


0.0
0 reviews
View All Reviews

No reviews yet. Be the first to review!