no

Font
Theme

ဝိညာဉ်ဆန် ရောင်းချခြင်း

“ဆိုင်ရှင်ချန်”

လင်းကျင်းသည် ယွီမင်ကုန်သွယ်ရေးဟု အမည်ရသော ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားသည်။

ရက်အနည်းငယ်ကြာ စုံစမ်းခဲ့ပြီးနောက် လင်းကျင်းသည် ဒီဆိုင်ရဲ့ ဂုဏ်သတင်းမှာ ကျင့်ကြံသူစျေးအတွင်း အတော်လေး ကောင်းမွန်ကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် ဝိညာဉ်ဆန်ကို ပထမဆုံးအကြိမ် ရောင်းချရာတွင် သူသည် ယွီမင်ကုန်သွယ်ရေးကို ရွေးချယ်ခဲ့ပေသည်။

အသံကြားလိုက်ရသဖြင့် ကောင်တာနောက်တွင် ပေသီးတွက်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းမော့ကြည့်လိုက်သည်။

လင်းကျင်းကို မြင်လိုက်သောအခါ ဆိုင်ရှင်ချန်က ပြုံးလိုက်သည်။

“ဪ... သခင်လေးလင်းကိုး။ မင်းတို့အိမ်က ဝိညာဉ်ဆန်တွေ ရင့်မှည့်သွားပြီလား။ လာရောင်းချင်တာလား။”

လင်းကျင်းသည် လွန်ခဲ့သော နှစ်ရက်က ဒီနေရာသို့ လာရောက်ခဲ့ပြီး ဆိုင်ရှင်ချန်နှင့် စကားစမြည် ပြောခဲ့ဖူးသည်။ ထိုအချိန်က သူတို့မိသားစုတွင် ဝိညာဉ်ဆန်အချို့ ရောင်းချလိုကြောင်းလည်း ပြောခဲ့သေးသည်။

ယခုက ဝိညာဉ်ဆန် ရိတ်သိမ်းရာသီဖြစ်သဖြင့် မျိုးနွယ်စုအသီးသီးမှ လူများသည် ဝိညာဉ်ဆန်များ လာရောက်ရောင်းချလေ့ ရှိကြသည်။

သို့သော် လင်းကျင်းတစ်ယောက်တည်း ရောက်လာသည်ကို မြင်သဖြင့် ဆိုင်ရှင်ချန်က သူသည် မိသားစုဘဏ္ဍာရေးကိစ္စများကို တာဝန်ယူရသော အရေးပါသူတစ်ဦးဟု ထင်မှတ်လိုက်သည်။

ထို့ကြောင့် ဆိုင်ရှင်ချန်မှာ သံသယတစ်စုံတစ်ရာ မရှိပေ။

ထို့အပြင် လင်းကျင်း ပြောထားသော ပမာဏမှာလည်း မနည်းလှသဖြင့် နှစ်ဦးသား အသေးစိတ် ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးတွင် ဝိညာဉ်ကျောက်တုံးတစ်လုံးလျှင် ဝိညာဉ်ဆန် ငါးဆယ်ကျင်းနှုန်းဖြင့် သဘောတူခဲ့ကြသည်။

သည်ဈေးနှုန်းမှာ အတော်လေး ရက်ရောနေပြီဖြစ်သည်။

“ဝိညာဉ်ဆန်တွေ ကျွန်တော် ယူလာခဲ့ပြီ။ ဆိုင်ရှင်ချန် ဘယ်နေရာမှာ စစ်ဆေးချင်ပါသလဲ။”

“ယူလာခဲ့ပြီ ဟုတ်လား။…”

ဆိုင်ရှင်ချန် အံ့ဩသွားသည်။

လင်းကျင်းတစ်ယောက်တည်း ဖြစ်နေသည်ကို မြင်ပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သော်လည်း လမ်းပေါ်တွင် ဝိညာဉ်ဆန်တင်လာသော နွားလှည်းတစ်စီးမှ မတွေ့ရပေ။

“ဒီမှာပါ”

လင်းကျင်းက ခါးတွင် ချိတ်ထားသော သိုလှောင်အိတ်ကို လှုပ်ပြလိုက်သည်။

“ဪ...”

ဆိုင်ရှင်ချန် ချက်ချင်း သဘောပေါက်သွားသည်။

“ကြည့်ရတာ ကျွန်တော် ထင်ထားတာ မှန်နေပြီပဲ။”

“သခင်လေးလင်းက မိသားစုထဲမှာ တကယ်ပဲ ထူးခြားတဲ့ အဆင့်အတန်း ရှိတာကိုး။”

“ဝိညာဉ်ဆန်ရောင်းချတဲ့ ကိစ္စကို တာဝန်ယူရုံတင်မကဘူး၊ မိသားစုက သိုလှောင်အိတ်တောင် ပေးထားသေးတယ်။”

ပြောပြီးနောက် ဆိုင်ရှင်ချန်က သတိပေးစကားတစ်ခွန်း ထပ်ပြောလိုက်သည်။

“သခင်လေးလင်း၊ နောင်ဆိုရင် ပိုပြီး သတိထားသင့်တယ်။”

“ကျင့်ကြံသူဈေးထဲမှာတော့ ဘေးကင်းပေမဲ့ အပြင်မှာအန္တရာယ်များတယ်၊ အထူးသဖြင့် မင်းလို ပစ္စည်းဥစ္စာ အများကြီး သယ်ဆောင်ထားတဲ့သူဆိုရင်ပေါ့။”

“တစ်ယောက်ယောက်က မင်းကို ပစ်မှတ်ထားလိုက်ရင် အကောင်းဆုံးအခြေအနေမှာ လုယက်ခံရမယ်။ အဆိုးဆုံးအခြေအနေမှာတော့ အသက်တောင် ဆုံးရှုံးနိုင်တယ်။”

လင်းကျင်းရဲ့ ကျင့်ကြံမှုအဆင့်မမြင့်သည်ကို သိထားသဖြင့် ဆိုင်ရှင်ချန်က သူ တစ်ယောက်တည်း ကျင့်ကြံသူဈေးသို့ လာရဲခြင်းမှာ သတ္တိရှိပြီး စွမ်းရည်ထက်မြက်သောကြောင့်ဟုသာ ထင်ထားပေသည်။

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆိုင်ရှင်ချန်။ ဒါပေမဲ့ ခင်ဗျား စိုးရိမ်လွန်နေပါပြီ”

လင်းကျင်းက ပြန်ဖြေလိုက်သည်။

“ကျနော်က မိသားစုအကြီးအကဲတွေနဲ့အတူ ထွက်လာတာပါ။ အကြီးအကဲတွေမှာ တခြားကိစ္စတွေ ရှိနေပြီး ဒါကလဲ ကျနော့်ရဲ့ စွမ်းရည်ကိုလည်း လေ့ကျင့်ပေးချင်တာကြောင့် ဖြစ်တယ်။”

“ဒါကြောင့် အခု ကျနော် တစ်ယောက်တည်း လာခဲ့တာပါ။”

လင်းကျင်း ပြောပြီးသည်နှင့် ဆိုင်ရှင်ချန်က နဖူးကို ရိုက်လိုက်သည်။

“ဪ... ကျွန်တော် ဘာဖြစ်လို့လဲလို့ တွေးနေတာ… ဒီလိုကိုး”

ထို့နောက် ဆိုင်ရှင်ချန်က ရယ်လိုက်သည်။

“ဟားဟားဟား... တကယ်ပဲ ကျွန်တော် စိုးရိမ်လွန်သွားတာပဲ။”

“သခင်လေးလင်း၊ နောက်ခြံကို သွားကြရအောင်။ အဲဒီမှာ စပါးဂိုဒေါင် ရှိတယ်။”

ထို့နောက် ဆိုင်ရှင်ချန်သည် အရောင်းစာရေးတစ်ယောက်ကို ဆိုင်စောင့်ခိုင်းလိုက်သည်။

“သခင်လေးလင်း၊ ဒီဘက်ကြွပါ”

ဆိုင်ရှင်ချန်က ရှေ့မှ ဦးဆောင်ပြီး လင်းကျင်းကို နောက်ခြံဘက်သို့ ခေါ်သွားသည်။

နောက်ခြံရှိ ဂိုဒေါင်သို့ ရောက်သောအခါ လင်းကျင်းသည် သိုလှောင်အိတ်ကို ဖွင့်ကာ အတွင်းရှိ ဝိညာဉ်ဆန်များအားလုံးကို ထုတ်ယူလိုက်သည်။

“ဒီမှာ စုစုပေါင်း နှစ်ထောင်ကျင်း ရှိပါတယ်။ အရည်အသွေးကို ဆိုင်ရှင်ချန် စစ်ဆေးကြည့်ပေးပါဦး။”

“သခင်လေးလင်း၊ ခဏစောင့်ပါဦး”

ဆိုင်ရှင်ချန်က ပြောလိုက်သည်။

ထို့နောက် သူသည် အိတ်တစ်အိတ်ကို ဖွင့်ကာ အထဲသို့ လက်နှိုက်ပြီး ဝိညာဉ်ဆန်တစ်ဆုပ်ကို ယူလိုက်သည်။

ပထမဦးစွာ အသေအချာ ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် အနံ့ခံကြည့်ပြီး နောက်ဆုံးတွင် ဆန်စေ့အချို့ကို ပါးစပ်ထဲ ထည့်ကာ သေချာစွာ မြည်းစမ်းလိုက်သည်။

“မဆိုးဘူး၊ အရည်အသွေးက အလွန်ကောင်းတယ်။”

ထိုသို့ ပြောပြီးနောက် ဆိုင်ရှင်ချန်သည် ဝိညာဉ်ဆန်အိတ် အနည်းငယ်ကို ကျပန်းရွေးချယ်ကာ တစ်အိတ်ချင်းစီ စစ်ဆေးလိုက်သည်။

“ဝိညာဉ်ဆန် ဝယ်ယူတိုင်း သေချာစွာ စစ်ဆေးရတာက ပုံမှန်လုပ်ငန်းစဉ်ပါပဲ။ သခင်လေးလင်း စိတ်မရှိပါနဲ့။”

“ဒီလိုပဲ ဖြစ်သင့်တာပါ၊ ကျွန်တော် နားလည်ပါတယ်။” လင်းကျင်းက ပြန်ဖြေလိုက်သည်။

“ဆိုင်ရှင်ချန်၊ ဒီဝိညာဉ်ဆန်တွေ ဘယ်လိုနေပါသလဲ။”

ဆိုင်ရှင်ချန်၏ မျက်လုံးများမှာ ပြုံးလိုက်သဖြင့် မျဉ်းတစ်ကြောင်းသဖွယ် ကျဉ်းသွားသည်။

“ဒီဝိညာဉ်ဆန်တွေက အရည်အသွေးကောင်းတယ်။ အားလုံးကို ကျွန်တော် ဝယ်ယူမယ်။ အရင်က သဘောတူထားတဲ့ ဈေးနှုန်းအတိုင်းပဲ တွက်မယ်လေ။ သခင်လေး၊ ဘယ်လို သဘောရလဲ။”

“ကောင်းပါတယ်”

လင်းကျင်းက ခေါင်းညိတ်လိုက်သည်။

ထို့နောက် ဆိုင်ရှင်ချန်က ဆက်ပြောသည်။

“အရင်တုန်းက သခင်လေးလင်း ပြောခဲ့တာ မှတ်မိတယ်။ ဒါက ပထမအသုတ်ပဲ ဖြစ်ပြီး နောက်ထပ် အများကြီး ရှိသေးတယ်ဆိုတာလေ၊”

“ကျွန်တော် သိချင်တာက နောက်ထပ် ဘယ်လောက်လောက် ရှိသေးလဲဆိုတာပါ။ အားလုံးကို ကျွန်တော် ဝယ်ချင်တယ်။”

ဆိုင်ရှင်ချန်၏ အပြုအမူကို မြင်လိုက်ရသဖြင့် လင်းကျင်း အတွေးဝင်သွားသည်။

“မူလကတော့ ဝိညာဉ်ဆန်တွေကို အသုတ်ခွဲပြီး ရောင်းဖို့ စီစဉ်ထားတာ။”

“ဒါပေမဲ့ ဆိုင်ရှင်ချန်ရဲ့ စိတ်အားထက်သန်ပုံကို ကြည့်ရတာ ကျင့်ကြံသူဈေးရဲ့ ဝိညာဉ်ဆန်ဈေးကွက်ကို ငါ အရင်က လျှော့တွက်ထားမိပုံပဲ။”

ခဏလောက် စဉ်းစားပြီးနောက် လင်းကျင်းက အမှန်အတိုင်း ပြောရန် ဆုံးဖြတ်လိုက်သည်။

“ကျင်းရှစ်ထောင်”

လင်းကျင်းက ပြောရင်း လက်ဖြင့် ရှစ်ဆိုသည့် အမူအရာကို ပြလိုက်သည်။

“ကောင်းတယ်”

ဆိုင်ရှင်ချန်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။

“သခင်လေးလင်း၊ ဒါဆို သဘောတူလိုက်ပြီနော်။ ဒီဝိညာဉ်ဆန် ကျင်းရှစ်ထောင်လုံးကို ကျနော် ဝယ်မယ်။ ကျန်တဲ့ ကျင်းရှစ်ထောင်က ဘယ်နှရက်နေရင် ရိတ်သိမ်းလို့ရမလဲ။ ရက်နည်းနည်းကြာ ရိတ်သိမ်းပြီးတာနဲ့ ကျွန်တော့်ဆီ ယူလာပေးပါ။”

“ကောင်းပါပြီ။”

“ဒါဆို ကျွန်တော် စောင့်နေပါ့မယ် သခင်လေးလင်း”

ဆိုင်ရှင်ချန်က ပြုံး၍ ပြောလိုက်သည်။

ထို့နောက် နှစ်ယောက်သား ဂိုဒေါင်ထဲမှ ထွက်လာခဲ့ကြသည်။

လမ်းလျှောက်လာရင်း လင်းကျင်းက မေးလိုက်သည်။

“ဆိုင်ရှင်ချန်၊ ဒီမှာ မျိုးစေ့တွေ ရောင်းသေးလား။”

“ရှိတာပေါ့။ သခင်လေးလင်း ဘယ်လိုမျိုးစေ့မျိုး လိုချင်တာလဲ။”

“အရည်အသွေးမြင့် ဝိညာဉ်စပါးမျိုးစေ့ ကျင်းတစ်ရာ လိုချင်တယ်။ ပြီးတော့ ကြယ်ခုနစ်ပွင့်မြက် မျိုးစေ့လည်း ယူမယ်။ ကျင်းငါးဆယ်ဆို ရပြီ”

“ကြယ်ခုနစ်ပွင့်မြက် မျိုးစေ့ ဟုတ်လား”

ဆိုင်ရှင်ချန်က ခေါင်းလှည့်၍ လင်းကျင်းကို ကြည့်ကာ မေးလိုက်သည်။

“သခင်လေးလင်းတို့ မိသားစုမှာ မှော်အဆောင်ဆရာ ရှိလို့လား။”

ကြယ်ခုနစ်ပွင့်မြက်သည် မှော်အဆောင်ပြုလုပ်ရာတွင် အထူးအသုံးပြုသော ဝိညာဉ်မြက်တစ်မျိုး ဖြစ်ပြီး စိုက်ပျိုးရာတွင်လည်း ဝိညာဉ်စပါးထက် ဝိညာဉ်စွမ်းအင် ပိုမိုလိုအပ်ပေသည်။

သေချာပေါက် ဈေးနှုန်းမှာလည်း ပိုမြင့်ပေသည်။

သို့သော် လက်ရှိ နေရာလွတ်စနစ်အတွင်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆနှင့်ဆိုလျှင် ကြယ်ခုနစ်ပွင့်မြက် စိုက်ပျိုးရန် ပြဿနာမရှိနိုင်ပေ။

“ဆိုင်ရှင်ချန် နားလည်မှုလွဲနေပါပြီ။ အခုတလော နတ်ဆိုးသားရဲတွေ မကြာခဏ သောင်းကျန်းနေတယ်လို့ ကြားထားတယ်”

“ဒါကြောင့် ကြယ်ခုနစ်ပွင့်မြက် ဈေးနှုန်းကလည်း တဖြည်းဖြည်း မြင့်တက်လာနေတော့ နောက်နှစ်ကျရင် ရောင်းဖို့အတွက် နည်းနည်း စိုက်ထားမယ်လို့ စဉ်းစားမိတာပါ။”

“ဟဲဟဲ... ကြည့်ရတာ သခင်လေးက သေသေချာချာ စုံစမ်းထားတာပဲ။ ကြယ်ခုနစ်ပွင့်မြက် ဈေးနှုန်းက အရမ်းတက်နေတယ်။ နှစ်ဆနီးပါးတောင် ဖြစ်သွားပြီ။”

ဆိုင်ရှင်ချန်က လေးနက်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ တစ်ခုတော့ သတိပေးချင်တယ်။ သာမန်ဝိညာဉ်လယ်မြေတွေမှာ ကြယ်ခုနစ်ပွင့်မြက် စိုက်လို့မရဘူးနော်။”

“ဝိညာဉ်စွမ်းအင် မလုံလောက်ရင် ကြယ်ခုနစ်ပွင့်မြက်က ရှင်သန်နိုင်မှာ မဟုတ်ဘူး။”

လင်းကျင်းက ခေါင်းညိတ်လိုက်သည်။

“ဒီအကြောင်း ကျွန်တော် သိပါတယ်။”

……

လင်းကျင်း ယွီမင်ကုန်သွယ်ရေးမှ ထွက်လာချိန်တွင် သူ၏ ဝိညာဉ်ကျောက်တုံး အရေအတွက် တိုးမလာသည့်အပြင် အချို့ကိုပင် ထပ်မံ သုံးစွဲခဲ့ရပေသည်။

ကြယ်ခုနစ်ပွင့်မြက် ဈေးနှုန်း မြင့်တက်သွားသဖြင့် မျိုးစေ့များလည်း ခြွင်းချက်မဟုတ်ပေ။

ဈေးနှုန်းမှာ အလွန်အကျွံ မြင့်မားလွန်းသည်။

ကြယ်ခုနစ်ပွင့်မြက် မျိုးစေ့ ကျင်းငါးဆယ်အတွက်ပင် ဝိညာဉ်ကျောက်တုံး ငါးဆယ် ပေးချေခဲ့ရသည်။

ထို့အပြင် အရည်အသွေးမြင့် ဝိညာဉ်စပါးမျိုးစေ့ ကျင်းတစ်ရာကိုပါ ပေါင်းလိုက်သည့်အခါ စုစုပေါင်း ဝိညာဉ်ကျောက်တုံး ခြောက်ဆယ် ကုန်ကျသွားသည်။

လင်းကျင်း၏ အလယ်အလတ်အဆင့် ဝိညာဉ်ဆန် ကျင်းနှစ်ထောင်မှာမူ ဝိညာဉ်ကျောက်တုံး လေးဆယ်သာ ရောင်းရခဲ့သည်။

ထို့ကြောင့် နောက်ဆုံးတွင် ဆိုင်ရှင်ချန်ကို ဝိညာဉ်ကျောက်တုံး နှစ်ဆယ် ထပ်ပေးခဲ့ရသည်။

ခြံဝင်းသို့ ပြန်ရောက်သည်နှင့် လင်းကျင်းသည် အနားယူရန်ပင် အချိန်မရှိဘဲ နေရာလွတ်စနစ်ထဲသို့ ဝင်သွားခဲ့သည်။

စနစ်ရဲ့နေရာလွတ်ထဲတွင် လွတ်နေသော မြေကွက်များစွာ ကျန်ရှိနေသေးသဖြင့် မြေကွက်ရှိပြီး မစိုက်ပျိုးဘဲ ထားခြင်းသည် ဖြုန်းတီးရာရောက်သည်။

ထို့ကြောင့် “ဖြုန်းတီးခြင်းသည် ရှက်ဖွယ်ကောင်းသည်” ဟူသော စိတ်ထားဖြင့် လင်းကျင်း ပြန်ရောက်ရောက်ချင်း ပထမဆုံး လုပ်သည့်အရာမှာ မြေယာထွန်ယက်ခြင်းပင် ဖြစ်သည်။

လင်းကျင်း စနစ်ရဲ့နေရာလွတ်မှ အပြင်သို့ ပြန်ပို့ခံရချိန်တွင်မူ နောက်တစ်နေ့ မနက်အစောပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

နေရာလွတ်စနစ်အတွင်း အချိန်စီးဆင်းမှုနှုန်းသည် အပြင်လောကနှင့် မတူသောကြောင့် အပြင်ဘက်မှ ကြည့်လျှင် နာရီအနည်းငယ်သာ ရှိသေးသည် ထင်ရသော်လည်း အမှန်တကယ်တော့ သူသည် နေရာလွတ်အတွင်း ဆယ်နာရီကျော်ကြာ အလုပ်များနေခဲ့ပေသည်။

ထိုသို့တိုင် စနစ်ရဲ့နေရာလွတ်အတွင်းရှိ မြေတစ်ဝက်ကျော်မှာ လွတ်နေဆဲပင် ဖြစ်သည်။

အပြင်သို့ ပြန်ရောက်ပြီးနောက် လင်းကျင်းသည် ချက်ချင်း အိပ်ပျော်သွားခဲ့သည်။ မကြာသေးမီက သူ အလွန်အလုပ်များနေခဲ့ပေသည်။

အလုပ်များလွန်းသဖြင့် ဆေးဖော်စပ်ပညာကိုပင် မလေ့လာနိုင်သေးသလို မီးထိန်းချုပ်နည်းကိုလည်း မလေ့ကျင့်နိုင်သေးပေ။

“ဒီရက်ပိုင်းလေး ကျော်သွားရင် ဆေးဖော်စပ်ပညာကို သေချာလေ့လာရမယ်။ ပြီးတော့ မီးထိန်းချုပ်နည်းကိုလည်း လေ့ကျင့်ရဦးမယ်။”

“ဒါက ဆေးဖော်စပ်ပညာအတွက် မရှိမဖြစ်လိုအပ်တဲ့အရာပဲ။ စီနီယာအကို ဟန်လည်း အဲဒါကို အလေးအနက်ထားပြီး လေ့ကျင့်ရမယ်လို့ ပြောထားသေးတယ်။”

လင်းကျင်းသည် ထိုသို့ တွေးတောရင်း တဖြည်းဖြည်း အိပ်မောကျသွားတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment