no

Font
Theme

နင်ယွဲ့၏ ထိတ်လန့်အံ့အားသင့်မှု

“သန့်စင်အဆင့် ဆေးလုံး ...”

လင်းကျင်းသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်တော့သည်။

ကံမကောင်းစွာဖြင့် ဒီနေရာမှာ စနစ်နေရာလွတ် ဖြစ်နေသောကြောင့် သူ၏ အသံကို ကြားနိုင်မည့်သူ မရှိသလို၊ ဒီပျော်ရွှင်မှုကို မျှဝေပေးနိုင်မည့်သူလည်း မရှိပေ။

သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အပြည့်အဝ ပေါ်လွင်နေပြီး နှလုံးခုန်နှုန်းမှာလည်း မထိန်းချုပ်နိုင်အောင် မြန်ဆန်နေ၏။

အလွန်အမင်း စိတ်လှုပ်ရှားနေသောကြောင့် လက်များပင် အဆက်မပြတ် တုန်ယင်နေခဲ့သည်။

“ဟူး...”

လင်းကျင်း ရင်ဘတ်ထဲမှ လေကို ဖြည်းဖြည်းချင်း ထုတ်လွှတ်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ကြိုးစားခဲ့သည်။

သို့သော် တုန်ယင်နေသော လက်များကို မြင်သည့်အခါ ထိုကြိုးပမ်းမှုမှာ သိပ်အကျိုးမရှိပေ။

သူလည်း သတိထားကာ ဆေးအိုးအနားသို့ လျှောက်သွားပြီး အဖုံးကို လှမ်းဖွင့်လိုက်တော့ တောက်ပနေတဲ့ အလင်းရောင် ထုတ်လွှင့်နေသည့် ဆေးလုံးတစ်လုံးကို တွေ့လိုက်ရသည်။

ဆေးဖော်စပ်ခန်းတစ်ခုလုံး မွှေးရနံ့များ ပြည့်နှက်နေမှုသည် ထိုဆေးလုံးမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။

လင်းကျင်းသည် ဆေးလုံးကို ကောက်ယူကာ လက်ထဲတွင် ကိုင်ထားလိုက်သည်။

ဒီသန့်စင်စွမ်းအင်စုဆောင်းဆေးလုံးသည် တစ်အိုးတည်းမှ ထွက်လာသော အခြားဆေးလုံးများထက် သိသိသာသာ ပိုကြီးနေပေသည်။

အကြောင်းမှာ ၎င်းသည် အမြင့်ဆုံးအဆင့် ဆေးလုံး နှစ်လုံး ပေါင်းစည်းထားခြင်းကြောင့် ဖြစ်ပေသည်။

ဆေးလုံး၏ မျက်နှာပြင်မှာ ကြည်လင်တောက်ပနေပြီး အတွင်းပိုင်းကိုပင် လှမ်းမြင်နိုင်ပေသည်။

အထဲတွင် မြူခိုးသဖွယ် စွမ်းအင်များက အဆက်မပြတ် လှုပ်ရှားနေကြပေသည်။

ဒီသန့်စင်ဆေးလုံး၏ တန်ဖိုးမှာ ဝိညာဉ်ကျောက်တုံး ရာပေါင်းများစွာအထိ ရှိနေနိုင်သည်။

သာမန်ဆေးလုံးများထက် အဆရာပေါင်းများစွာ ပိုတန်ဖိုးရှိပြီး အမြင့်ဆုံးအဆင့် ဆေးလုံးများထက်ပင် ဆယ်ဆကျော် ပိုတန်ဖိုးရှိနေ၏။

ဒါဟာ ဆေးဖော်စပ်ပညာရှင် များစွာ၏ အိပ်မက်ပင် ဖြစ်ပေသည်။

‘အကြီးအကဲယွီနဲ့ နင်ယွဲ့သာ ငါ ဒီလောက်အချိန်တိုအတွင်း သန့်စင်ဆေးလုံး ဖော်စပ်နိုင်ခဲ့တယ်ဆိုတာ သိသွားရင်...’

‘သူတို့ မျက်လုံးတောင် ကျွတ်ထွက်သွားလောက်အောင် အံ့အားသင့်သွားမှာပဲ...’

လင်းကျင်းက ဝမ်းမြောက်စွာ တွေးလိုက်မိသည်။

နောက်ဆုံးတွင် သူသည် ဒီဆေးလုံးကို ကိုယ်တိုင် သောက်သုံးဖို့သာ ဆုံးဖြတ်လိုက်သည်။

တန်ဖိုးအလွန်ကြီးမားသော်လည်း ယခုအချိန်တွင် ထုတ်ဖော်ပြသရန် မသင့်တော်သေးပေ။

တကယ်လို့ ထုတ်ဖော်လိုက်မည်ဆိုပါက အဆုံးမရှိသော ပြဿနာများကို ဖြစ်စေနိုင်သလို ကပ်ဘေးကြီးတစ်ခုကိုပင် ခေါ်ဆောင်လာနိုင်ပေသည်။

ဒီလိုတွေးပြီးနောက် သူကိုယ်တိုင် အသုံးပြုလိုက်ခြင်းက ပိုကောင်းသည်ဟု ခံစားမိ၏။

ပထမဦးစွာ ထိုတစ်ဖိုတည်းမှ ထွက်လာသော အဆင့်မြင့် စွမ်းအင်စုဆောင်းဆေးလုံး တစ်လုံးနှင့် အလယ်အလတ်အဆင့် စွမ်းအင်စုဆောင်းဆေးလုံး နှစ်လုံးကို အရင် သိမ်းဆည်းထားလိုက်ပြီး သန့်စင်စွမ်းအင်စုဆောင်းဆေးလုံးကို ယူကာ ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်လိုက်သည်။

ဆေးလုံးသည် ပါးစပ်ထဲ ဝင်သည်နှင့် ချက်ချင်း အရည်ပျော်သွားတော့သည်။

သူ့ကို နတ်တစ်ပါးသကဲ့သို့ ပေါ့ပါးလွင့်မျောနေသော ခံစားချက်မျိုး ဖြစ်ပေါ်စေပြီး သူ၏ စိတ်ဝိညာဉ်ကိုပင် ထိန်းမနိုင်သိမ်းမရ ဖြစ်လုနီးပါး ဖြစ်သွားစေတော့သည်။

လင်းကျင်း ချက်ချင်း သတိပြန်ဝင်လာပြီး ဆေးစွမ်းအားကို စုပ်ယူပေါင်းစည်းရန် ကျင့်စဉ်ကို အလျင်အမြန် လည်ပတ်လိုက်ရသည်။

……

အချိန်မည်မျှ ကုန်လွန်သွားသည်ကို မသိရပေ။

လင်းကျင်း၏ ခန္ဓာကိုယ်အတွင်းရှိ များပြားလှသော ဝိညာဉ်စွမ်းအားများကို အပြည့်အဝ စုပ်ယူပေါင်းစည်းပြီး ဖြစ်နေပြီ။

မိမိ၏ ကျင့်ကြံမှု တိုးတက်လာမှုကို ခံစားလိုက်ရသောအခါ ယခင်ကထက် များစွာ ပိုမိုခိုင်မာအားကောင်းလာကြောင်း သိလိုက်ရ၏။

“စနစ်...”

လင်းကျင်းလည်း မိမိ၏ လက်ရှိအခြေအနေကို စစ်ဆေးရန် စနစ်ကို ခေါ်လိုက်သည်။

“စနစ် ထိန်းချုပ်မျက်နှာပြင်ကို ဖွင့်လိုက်။”

နေရာလွတ်စနစ် ( အဆင့် - 2 )

ကျန်ရှိသော အချိန် - 32 နာရီ 33 မိနစ် (စုဆောင်းနိုင်သော အချိန် - 200 နာရီ)

ပိုင်ရှင် - လင်းကျင်း

ဝိညာဉ်စိုက်ခင်း အကျယ် - 20 မူ

ဝိညာဉ်စွမ်းအင် သိပ်သည်းဆ - 2

အချိန်စီးဆင်းနှုန်း - 2

နေ့စဉ် ဝင်ရောက်နိုင်သော အချိန် - 4 နာရီ

အဆင့်မြှင့်တင်ရန် လိုအပ်ချက် - (34/500 ရိတ်သိမ်းမှတ်)

အထူးလုပ်ဆောင်ချက် -

စောင့်ကြည့်သတိပေးခြင်း -(ပိုင်ရှင်သည် နေရာလွတ်စနစ်ထဲ ဝင်ရောက်ပြီးချိန်မှာ အပြင်လောကရှိ ပိုင်ရှင်၏ အနီးပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးမည်ဖြစ်ပြီး အရေးပေါ်အခြေအနေ ပေါ်ပေါက်ပါက ချက်ချင်း သတိပေးမည်။)

ကြည့်ရှု ရှာဖွေခြင်း - (ပိုင်ရှင်သည် နေရာလွတ်စနစ်အတွင်းမှ အပြင်လောကကို ကြည့်ရှု ရှာဖွေနိုင်သည်။)

(မှတ်ချက်။ ကြည့်ရှု ရှာဖွေနေစဉ် အမြင်သည် အပြင်လောက၏ အချိန်စီးဆင်းမှုနှင့် တပြိုင်တည်း ဖြစ်နေမည်။)

အချိန် စုဆောင်းခြင်း - (နေ့စဉ် ကျန်ရှိသော ဝင်ရောက်နိုင်ချိန်များကို သုညအဖြစ် ပြန်မသတ်မှတ်တော့ဘဲ ဆက်လက် စုဆောင်းထားနိုင်သည်။)

စုဆောင်းထားသည့် အချိန်မှာ 32 နာရီသာ ကျန်ရှိတော့သည်ကို မြင်လိုက်ရသောအခါ လင်းကျင်း ခဏတာ မှင်သက်သွားသည်။

ယခင်က သူသည် နာရီ 80 နီးပါး စုဆောင်းထားခဲ့ဖူးပြီး ဒီကာလအတွင်း ဒီလောက်အထိ အသုံးပြုမိခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဆေးလုံးဖော်စပ်ခြင်းအပေါ် အလွန်အမင်း အာရုံစိုက်နေခဲ့သောကြောင့် အချိန်ကုန်လွန်သွားခြင်းကိုပင် သတိမထားမိခဲ့ပေ။

သေချာ စဉ်းစားကြည့်ပြီးနောက် လင်းကျင်း စိတ်သက်သာရာ ရသွားကာ အဲဒီအချိန်တွေက အလဟဿတော့ မဖြစ်ခဲ့ပေ။

သန့်စင်ဆေးလုံး တစ်လုံးတည်းကပင် ဒီကာလအတွင်း သူဆုံးရှုံးခဲ့သမျှကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ခဲ့ပေသည်။

ထို့အပြင် သူ၏ ဓာတ်ကြီး ငါးပါး ရောနှော ဝိညာဉ်အမြစ်နှင့်ဆိုလျှင် အင်အားတိုးတက်ရန် အခြားနည်းလမ်းများ ရှိသေးသလားဆိုတာ သူ မသိပေ။

ဆေးလုံးများ သောက်သုံးခြင်းမှအပ အခြားနည်းလမ်း မရှိသလောက်ပင်။

ထို့နောက် လင်းကျင်းသည် မိမိ၏ ကိုယ်ပိုင် အချက်အလက်အကန့်ကို ဖွင့်ကြည့်လိုက်သည်။

လင်းကျင်း - (23/90)

ဝိညာဉ်အမြစ် - ဓာတ်ကြီး ငါးပါး ရောနှောဝိညာဉ်အမြစ် (အဆင့်နိမ့်)

ကျင့်ကြံမှု - ချီစုဆောင်းခြင်း ဒုတိယ အလွှာ (32%)

ကျင့်ကြံရေးနည်းစနစ် -

ချင်းယွင်တာအိုကျင့်စဉ် (ပထမအလွှာ)၊

ချင်းယွင်ဓားထိန်းချုပ်နည်းစနစ် (အစအဆင့်)၊

မီးထိန်းချုပ်နည်း (ကျွမ်းကျင်အဆင့်)

ဒုတိယ အလုပ်အကိုင် - ပထမအဆင့် ဆေးဖော်စပ်ပညာရှင် (382/3000)

ယခင်က သူ၏ ကျင့်ကြံမှုတိုးတက်နှုန်းမှာ 12% သာ ရှိခဲ့ပြီး သန့်စင်အဆင့် စွမ်းအင်စုဆောင်းဆေးလုံး တစ်လုံးတည်းကပင် သူ၏ ကျင့်ကြံမှုကို 20% တိုက်ရိုက် တိုးမြှင့်ပေးခဲ့ပေသည်။

စွမ်းအင်စုဆောင်းဆေးလုံး တစ်လုံးတည်းကပင် သူ လပေါင်းများစွာ ခက်ခက်ခဲခဲ ကျင့်ကြံခဲ့ရသော ရလဒ်ကို ကျော်လွန်သွားစေခဲ့သည်။

လင်းကျင်းသည် ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။

လပေါင်းများစွာ ကြိုးစားခဲ့သည့် အားထုတ်မှုများကို ဆေးလုံးတစ်လုံးက အလွယ်တကူ ကျော်တက်သွားခဲ့သည်။ သို့သော် သေချာစဉ်းစားကြည့်တော့လည်း အဓိပ္ပာယ်ရှိသည်။

ဒါဟာ သန့်စင်အဆင့် စွမ်းအင်စုဆောင်းဆေးလုံး ဖြစ်သည်။

အမြင့်ဆုံးအဆင့် စွမ်းအင်စုဆောင်းဆေးလုံး နှစ်လုံး၏ အနှစ်သာရကို ပေါင်းစည်းထားခြင်း ဖြစ်သောကြောင့် ထိရောက်မှုအား မကောင်းဘဲ ဘယ်နေမည်နည်း။

ထို့အပြင် လင်းကျင်းသည် သူ၏ မီးထိန်းချုပ်နည်း သည်လည်း ကျွမ်းကျင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သတိပြုမိခဲ့သေးသည်။

ဒါတွေက မကြာသေးမီက ဆေးဖော်စပ်မှုများမှ ရရှိခဲ့သော အသီးအပွင့်များပင်။

“ဟူး...”

‘နောက်တစ်ဆင့် ဆက်သွားကြတာပေါ့။ နောက်ထပ် သန့်စင်ဆေးလုံးတစ်လုံး ထွက်လာနိုင်ရင် ပိုကောင်းမှာပေါ့...’

လင်းကျင်းက တွေးရင်း ဆေးဖော်စပ်ခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

တစ်ဖို...

နှစ်ဖို...

သုံးဖို...

......

ထိုညတစ်ညလုံး လင်းကျင်း စုစုပေါင်း ဆေးအိုး ငါးဖို ဖော်စပ်ခဲ့ကာ ကံမကောင်းစွာဖြင့် နောက်ထပ် သန့်စင်ဆေးလုံး တစ်လုံးမျှ မပေါ်ထွက်လာခဲ့ပေ။

အမြင့်ဆုံးအဆင့် ဆေးလုံး တစ်လုံးသာ ထွက်ပေါ်ခဲ့ပြီး ကျန်အားလုံးမှာ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် ဆေးလုံးများသာ ဖြစ်ပေသည်။

လင်းကျင်းလည်း ထိုဆေးလုံးများထဲမှ တစ်စိတ်တစ်ပိုင်းကို ရောင်းချရန် စီစဉ်ထားလိုက်တော့သည်။ သို့သော် ဆေးလုံးများ ရောင်းချရာတွင် သဘာဝကျပြီး ရုတ်တရက်ကြီး မဖြစ်စေရန် သူသည် ဆေးဖော်စပ်ပညာ၌ “ပါရမီ” အနည်းငယ် ပြသလိုက်ရန် ဆုံးဖြတ်ခဲ့သည်။

အဆုံးစွန်ပြောရလျှင် ဆေးဖော်စပ်ခြင်းပညာ စသင်ယူပြီး မကြာခင်မှာပင် အမြင့်ဆုံးအဆင့် ဆေးလုံးများကို ထုတ်လုပ်နိုင်ခြင်းသည် သာမန်မဟုတ်ပေ။

ဒါက ယုတ္တိတရားကိုပင် ဆန့်ကျင်နေပေသေးသည်။

ထို့အပြင် သူသည် သန့်စင်ဆေးလုံး တစ်လုံးကိုပင် ဖော်စပ်နိုင်ခဲ့ပြီး ဖြစ်သည်။

ဒီလို သာမန်မဟုတ်သော အဖြစ်အပျက်များ ဆက်တိုက် ဖြစ်ပွားနေပါက စနစ်နေရာလွတ်ဟာ အလွန်အံ့အားသင့်ဖွယ်ရာ ကောင်းလွန်းနေသည်ဟုသာ ပြောနိုင်ပေတော့မည်။

ထို့ကြောင့် အမြင့်ဆုံးအဆင့် ဆေးလုံးများကို လောလောဆယ် ဖုံးကွယ်ထားရမည်။ ယခုအချိန်တွင် ရောင်းချ၍ မရသေးပေ။

“ပါရမီ” ကို ပြသမည်ဆိုလျှင် နင်ယွဲ့ထံမှ စတင်ရမည်။

နောက်တစ်နေ့ နင်ယွဲ့ ပြန်ရောက်လာပြီးနောက် သူတို့ သုံးယောက် ညစာစားပြီးသောအခါ လင်းကျင်းလည်း ဆေးလုံးများကို ထုတ်ယူလိုက်သည်။

“တာအိုရောင်းရင်း နင်၊ ဒါတွေကို မနေ့က ကျွန်တော် ဖော်စပ်ထားတာပါ။ ဒါ တချက်လောက် ကြည့်ပြီး ဘယ်လိုနေလဲဆိုတာ ပြောပြပေးပါဦး။”

ဒီတစ်ကြိမ်တွင် လင်းကျင်းသည် အဆင့်မြင့် စွမ်းအင်စုဆောင်းဆေးလုံး တစ်လုံး၊ အလယ်အလတ်အဆင့် နှစ်လုံးနှင့် အဆင့်နိမ့် နှစ်လုံးကို ထုတ်ပြလိုက်သည်။

“အဆင့်မြင့် စွမ်းအင်စုဆောင်းဆေးလုံး!!!”

နင်ယွဲ့သည် အံ့အားသင့်စွာ အော်လိုက်သည်။

အချိန်သိပ်မကြာသေးဘဲ လင်းကျင်းက အဆင့်မြင့် စွမ်းအင်စုဆောင်းဆေးလုံးများကိုပင် ဖော်စပ်နိုင်နေပြီ။

“ဒါတွေကို မနေ့ညက ရှင် ဖော်စပ်ခဲ့တာလား။...”

နင်ယွဲ့သည် မယုံနိုင်လောက်အောင် ဖြစ်နေသည်။

လင်းကျင်း စတင်ခဲ့စဉ်က သူ၏ အရည်အချင်း မည်မျှရှိသည်ကို သူမ ကောင်းကောင်း သိထားသော်လည်း သူမလက်ထဲရှိ စွမ်းအင်စုဆောင်းဆေးလုံးများကို ကြည့်လိုက်ရသောအခါ မယုံနိုင်တော့ပေ။

ဆေးဖော်စပ်ပညာရှင် တစ်ယောက်အနေဖြင့် ထိုဆေးလုံးများ၏ အနေအထားကို ရှင်းရှင်းလင်းလင်း သိနိုင်ပေသည်။

၎င်းတို့သည် မကြာသေးမီကမှ ဖော်စပ်ထားသော ဆေးလုံးများ ဖြစ်သည်မှာ သေချာပေသည်။

“ကံကောင်းလို့ အဆင့်မြင့်တစ်လုံး ထွက်လာတာပါ။ မနေ့က ဆေးအိုးသုံးဖို ဖော်စပ်ခဲ့ပြီး ဒီအဆင့်မြင့်တစ်လုံးပဲ ထွက်လာတာပါ။” လင်းကျင်းက ပြန်ဖြေလိုက်သည်။

“အဆင့်မြင့်တစ်လုံးတောင် ထွက်လာတာကို ‘ကံကောင်းလို့’ လို့ ပြောသေးတယ်။...”

နင်ယွဲ့သည် မျက်လုံးလှန်မိသွားသည်။

ဆေးဖော်စပ်ပညာရှင် မျိုးရိုးမှ မွေးဖွားလာပြီး ငယ်စဉ်ကတည်းက ဆေးဖော်စပ်ပညာကို သင်ယူခဲ့သော သူမသည် ပထမဆုံး အဆင့်မြင့် ဆေးလုံးကို ဖော်စပ်နိုင်ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။

“တာအိုရောင်းရင်း နင်ကိုလည်း ကျေးဇူးတင်ရမှာပါ။ ဒီလောက် စေတနာထားပြီး သင်ပြပေးခဲ့လို့ပေါ့။ မဟုတ်ရင် ကျွန်တော် အခုထိ နေ့တိုင်း ဆေးဖိုပေါက်ကွဲနေတာဘဲ ဖြစ်နိုင်လောက်တယ်”

လင်းကျင်းက အလွန်ရိုးသားစွာ ပြောလိုက်သည်။

တကယ်လည်း အမှန်ပင်။

“အရင်တုန်းက ကျရှုံးခဲ့တာတွေက ဆေးဖော်စပ်ကျမ်းကြောင့်ပါ။ ရှင့်အမှား မဟုတ်ပါဘူး။”

နင်ယွဲ့က ပြန်ပြောသည်။

“ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ရှင့်ရဲ့ ဆေးဖော်စပ်ပညာ ပါရမီက တကယ်ကို ထူးချွန်တယ်။ ကျွန်မတွေ့ဖူးသမျှထဲမှာ အတော်ဆုံးလို့ ပြောရင်တောင် လွန်ရာမကျနေဘူး။”

နင်ယွဲ့ ပြောနေရင်း သူမ၏ မျက်လုံးများက လင်းကျင်းကို အလေးအနက် စိုက်ကြည့်နေသည်။

ထို့နောက် သတိပေးလိုက်သည်။

“တာအိုမိတ်ဆွေ လင်း၊ တစ်ခုတော့ မှတ်ထားရမယ်။”

“ရှင့်ရဲ့ ပါရမီကို အရမ်းကြီး မဖော်ပြနဲ့။ အထူးသဖြင့် မရင်းနှီးတဲ့ လူတွေရှေ့မှာတော့ ပိုလို့တောင် မပြသင့်ဘူး။”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment