no

Font
Theme

အကြီးအကဲပိုင် ရောက်ရှိလာခြင်း

နေရာလွတ်စနစ် အဆင့်မြှင့်တင် ပြီးစီးမည့်အချိန်ကို စောင့်ဆိုင်းနေရသည့်အချိန်အတွင်း လင်းကျင်းမှာ ကျင့်ကြံရန်လည်း စိတ်ကမပါ၊ လုပ်စရာလည်း မရှိသဖြင့် ခြံဝင်းအတွင်းရှိ ဥယျာဉ်ထဲသို့သာ သွားလိုက်ရသည်။

ယခုအချိန်မှာ စက်တင်ဘာလ၊ ဆောင်းဦးအစရာသီ ဖြစ်နေပြီဖြစ်ကာ ဇူလိုင်နှင့် ဩဂုတ်လများကဲ့သို့ နေရောင်ကား မပူပြင်းတော့ပေ။

လင်းကျင်း၏ ခြံဝင်းအတွင်းရှိ ဥယျာဉ်မှာလည်း စိမ်းလန်းစိုပြေနေဆဲဖြစ်သော်လည်း တဲဆောင်ဘေးရှိ မိုးမခပင်အိုကြီး၏ အရွက်များကတော့ အနည်းငယ် ဝါလာစပြုနေပြီဖြစ်သည်။

လင်းကျင်းလည်း ခြံဝင်းထဲတွင် ထိုင်၍ အနားယူနေစဉ်...

“ဒုတ် ဒုတ် ဒုတ်” တံခါးခေါက်သံ ထွက်ပေါ်လာသည်။

လင်းကျင်း ထရပ်လိုက်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်သည်။

ခြံတံခါးကို ဖွင့်လိုက်သောအခါ ဟွမ်ချင်းလင် ရပ်နေသည်ကို တွေ့လိုက်ရ၏။

သူမ၏ ပခုံးပေါ်တွင် အနက်ရောင်စွန်ငှက် ငှက်ကလေး လည်း နားနေပြီး ငှက်ကလေး သည် လင်းကျင်းကို မြင်သည်နှင့် ခေါင်းလွှဲသွားပြီး မနက်က ဖြစ်ခဲ့သောကိစ္စကို စိတ်ဆိုးနေသေးသည့်ပုံ ပေါ်နေသည်။

“ချင်းလင်၊ ဘာလို့ ဒီကို ရောက်လာတာလဲ...” လင်းကျင်းက အံ့ဩစွာ မေးလိုက်သည်။

ဟွမ်ချင်းလင်သည် လင်းကျင်းကို မြင်သည်နှင့် စတင်ကာ စောဒကတက်တော့သည်။

“ရှင် ဘယ်တုန်းက ပြန်ရောက်လာတာလဲ...”

“ကျွန်မနဲ့အတူတူ ပြန်မယ် ထင်နေတာ။ အကြီးအကဲယွီကို မေးမှပဲ ရှင် ပြန်ရောက်နေပြီဆိုတာ သိရတော့တယ်....”

ပြောနေရင်းဖြင့် သူမသည် လင်းကျင်းကို ကျော်ဖြတ်ကာ ကိုယ့်အိမ်ကိုယ် ပြန်လာသလို ခြံထဲသို့ တန်းဝင်သွားသည်။

“ကျွန်တော် ပြန်ရောက်တာ တော်တော်ကြာလှပြီ...”

“ခင်ဗျားက အကြီးအကဲပိုင်ဆီ သွားတွေ့တယ်ဆိုတော့ အရေးကြီးကိစ္စ တစ်ခုခု ရှိမယ် ထင်လို့ ကျွန်တော် အရင်ပြန်လာခဲ့တာ...”

လင်းကျင်းက ခြံတံခါးကို ပိတ်ရင်း ပြောလိုက်သည်။ ထို့နောက် သူလည်း သူမနောက်မှ လိုက်ဝင်သွားသည်။

ဟွမ်ချင်းလင်သည် သိုလှောင်အိတ်ထဲမှ မက်မွန်သီး သုံးလုံးကို ထုတ်ယူကာ လင်းကျင်းထံ ကမ်းပေးလိုက်သည်။

“ရော့...”

“ဒါတွေက အဆင့်မြင့် ဝိညာဉ်လယ်မြေက စိုက်ထားတဲ့ နတ်မက်မွန်သီးတွေ…”

“အရမ်းစားကောင်းပြီး ဝိညာဉ်စွမ်းအင်လည်း အပြည့်ပဲ။ စားလိုက်ရင် ကျင့်ကြံမှုတောင် နည်းနည်းတိုးနိုင်တယ်...”

“ကျွန်မ လောင်ပိုင်ဆီက အထူး ခိုးယူလာခဲ့တာ...”

လင်းကျင်းသည် နတ်မက်မွန်သီးများကို ကြည့်ရင်း ပြောစရာ စကားမဲ့သွားတော့သည်။

ဒီမက်မွန်သီးများကို ပုံမှန်အားဖြင့် အရေးကြီးဧည့်သည်များကို ဧည့်ခံရန်သာ အသုံးပြုကြောင်း သူ မှတ်မိနေပေသည်။

သို့သော် ဟွမ်ချင်းလင်ကတော့ အလွယ်တကူ ခိုးယူလာခဲ့ပေသည်။ ခဏတာစဉ်းစားပြီးနောက် လင်းကျင်းလည်း ထိုကိစ္စကို ဆက်မတွေးတော့ပေ။

ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး၏ မျက်စိအောက်မှ ပစ္စည်းတစ်ခုကို ခိုးယူရန်မှာ မဖြစ်နိုင်သလောက်ပင်။

ထို့ကြောင့် အကြီးအကဲ ပိုင်သည် ဒီကိစ္စကို သိထားပြီး ဟွမ်ချင်းလင်အား တမင်ယူခွင့်ပေးထားခြင်းလည်း ဖြစ်နိုင်ပေသည်။

ဒီအခြေအနေမှာ အကြီးအကဲပိုင်က သူ၏ တူမကို မည်မျှ အလိုလိုက်ထားကြောင်း ပြသနေပေသည်။

ထိုသို့ဆိုမှတော့ လင်းကျင်းလည်း ယဉ်ကျေးနေစရာ မလိုတော့ပေ။

သူသည် ဟွမ်ချင်းလင်၏ လက်ထဲမှ နတ်မက်မွန်သီးများကို လှမ်းယူလိုက်၏။

သို့သော် လှမ်းယူလိုက်သည်နှင့် တစ်ပြိုင်နက် အနက်ရောင်အရိပ်တစ်ခုက ရုတ်တရက် ပြေးထွက်လာကာ နတ်မက်မွန်သီး တစ်လုံးကို ဆွဲယူကာ ထွက်ပြေးသွားတော့သည်။

ထိုအနက်ရောင်အရိပ်မှာ အခြားမဟုတ်ပဲ ငှက်ကလေး ပင်။

နတ်မက်မွန်သီးတစ်လုံးကို ခိုးယူပြီးနောက် ငှက်ကလေးသည် လင်းကျင်း၏ ခေါင်းပေါ်တွင် တစ်ပတ်ဝဲပျံလိုက်ပြီး ကျောက်တောင်တု၏ ထိပ်ပေါ်သို့ ပျံတက်သွားသည်။

ထို့နောက် တစ်ချက်အော်လိုက်လေ၏။

“ချီ့...”

လင်းကျင်းကတော့ စကားပင်မပြောနိုင်တော့ပေ။ ငှက်ကလေး၏ အမြန်နှုန်းမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူနှင့်ပင် ယှဉ်နိုင်သဖြင့် ဖမ်းမိရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

‘ကြည့်ရတာ... ဒီကောင့်ကို အချိန်ရရင် သင်ခန်းစာ ကောင်းကောင်းပေးရဦးမယ်...’

လင်းကျင်းလည်း ငှက်ကလေး၏ ဘဝင်မြင့်နေသည့်ပုံစံကို ကြည့်ရင်း စိတ်ထဲတွင် တွေးလိုက်တော့သည်။

“ငှက်ကလေး...” ဟွမ်ချင်းလင်က ရုတ်တရက် အော်ဟစ်လိုက်သည်။

သူမ အခုမှ ပေးလိုက်သော နတ်မက်မွန်သီးကို သူမ၏ အိမ်မွေးငှက်က ပြန်လုယူသွားသဖြင့် အတော်လေး ရှက်ရွံ့နေခဲ့လေသည်။

ထိုအော်သံကို ကြားလိုက်ရသည်နှင့် ငှက်ကလေးလည်း တစ်ကိုယ်လုံး တုန်ခါသွားပြီး နတ်မက်မွန်သီးကို ချက်ချင်း ပြန်ယူလာပေးလိုက်သည်။

ကြည့်ရတာ ဟွမ်ချင်းလင် စိတ်ဆိုးသွားမှာကို ငှက်ကလေး က အတော်လေး ကြောက်ပုံရသည်။

ထိုအချိန်တွင် လင်းကျင်းက ပြောလိုက်သည်။

“ချင်းလင်...”

“ကျွန်တော် တစ်ယောက်တည်း ဒီလောက်အများကြီး မစားနိုင်ဘူးလေ။ ငှက်ကလေး လည်း စားချင်နေမှတော့ ဝေမျှစားလိုက်ကြတာပေါ့...”

“တစ်ယောက်တစ်လုံးစီ စားလိုက်ကြရအောင်...”

ဟွမ်ချင်းလင်က ခေါင်းယမ်းပြီး ပြောလိုက်သည်။

“ကျွန်မတို့က ယွဲ့ပေါင်လောမှာ စားပြီးသားလေ။ ဒါတွေက ရှင် ကျွန်မကို ဟင်းချက်ကျွေးခဲ့လို့ ကျေးဇူးတင်လို့ အထူးယူလာပေးတာ...”

လင်းကျင်းက ပြန်ပြောလိုက်သည်။

“ကျွန်တော့်ကျင့်ကြံမှုက နိမ့်နေသေးတော့ တစ်လုံးတည်းတောင် စုပ်ယူဖို့ အချိန်အတော်ကြာမှာ။ ခင်ဗျားကတော့ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ရောက်နေပြီဆိုတော့ ပိုစားသင့်တယ်...”

လင်းကျင်း ပြောပြီးသည်နှင့် ဟွမ်ချင်းလင် ကန့်ကွက်ရန် အချိန်မရခင်မှာပင် နတ်မက်မွန်သီးတစ်လုံးကို သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်တော့သည်။

ထို့နောက်...

“ဖမ်းလိုက်၊ ငှက်ကလေး…”

ငှက်ကလေး ပြန်ယူလာပေးသော နတ်မက်မွန်သီးကို လင်းကျင်းက ပြန်ပစ်ပေးလိုက်လေသည်။

ငှက်ကလေး က နတ်မက်မွန်သီးကို ဖမ်းယူလိုက်ပြီး ဟွမ်ချင်းလင်ကို လှည့်ကြည့်လိုက်သည်။

ဟွမ်ချင်းလင်က မတတ်နိုင်သည့် အမူအရာဖြင့် ပြောလိုက်သည်။

“မင်းကို ပေးပြီးသားပဲ။ စားချင်ရင် စားတော့…”

“ချီ့...”

ငှက်ကလေး က စူးရှသည့် အသံတစ်ချက် ထုတ်လိုက်ပြီး နတ်မက်မွန်သီးကို ကိုက်ချီကာ ကျောက်တောင်တုထိပ်သို့ ပျံတက်သွားပြီး စတင်စားသောက်လေတော့သည်။

တစ်ဖက်တွင်လည်း လင်းကျင်းနှင့် ဟွမ်ချင်းလင်တို့သည် ခြံဝင်းအတွင်းရှိ တဲဆောင်ထဲတွင် သက်သောင့်သက်သာထိုင်လျက် နတ်မက်မွန်သီးများကို စားနေကြလေသည်။

နတ်မက်မွန်သီး စားပြီးသွားသည့်နောက် လင်းကျင်းက ရုတ်တရက် မေးလိုက်သည်။

“ဟုတ်သားပဲ ချင်းလင်...”

“ခင်ဗျား ကျွန်တော့်ဆီ လာတာ ကိစ္စတစ်ခုခု ရှိလို့လား...”

ဟွမ်ချင်းလင်လည်း နောက်ဆုံးတစ်ကိုက်ကို မျိုချလိုက်ပြီး မက်မွန်စေ့ကို ဘေးသို့ ပစ်ချလိုက်ကာ ပြောလိုက်သည်။

“အင်း... ဒီလို… ဒီည လောင်ပိုင်နဲ့ အကြီးအကဲယွီတို့ လာမယ်...”

“အဲဒါကြိုပြင်ဆင်ထားဖို့ လာပြောပေးတာ…”

လင်းကျင်းက ခေါင်းလှည့်ကာ အံ့ဩစွာ မေးလိုက်သည်။

“ဘာဖြစ်လို့ လာမှာလဲ.. ဒီနေ့ပဲ အကြီးအကဲယွီနဲ့ တွေ့ခဲ့သေးတယ်… သူ ကျွန်တော့်ကို ဘာမှ မပြောခဲ့ဘူးလေ...”

“အိုး...” ဟွမ်ချင်းလင်က မျက်တောင်ခတ်လိုက်ပြီး ပြောလိုက်သည်။

“သူတို့ကို ကျွန်မပဲ ခေါ်လိုက်တာ...”

ထိုသို့ ပြောပြီးနောက် ဟွမ်ချင်းလင်းက ဆက်ပြောလိုက်သည်။

“ရှင်က ဒီတလော ဆေးလုံးဖော်စပ်နေတာနဲ့ပဲ အလုပ်များနေတာမို့ ကျွန်မ ရှင့်ချက်တဲ့ ဟင်းတွေ မစားရတာ တော်တော်ကြာနေပြီ...”

“ဟီးဟီး... ကျွန်မ ရက်တော်တော်များများတောင် စဉ်းစားနေမိတာ...” ဟွမ်ချင်းလင်းက ရယ်မောလိုက်သည်။

“ဒီနေ့ လောင်ပိုင်ကလည်း အားနေတာနဲ့ သူတို့နှစ်ယောက်လုံးကို ခေါ်လိုက်တာ...”

လင်းကျင်း ချက်ချင်း သဘောပေါက်သွားသည်။

ဟွမ်ချင်းလင်က သူချက်သည့် ဟင်းများကို စားချင်နေခြင်းသာ ဖြစ်သည်။

“ဒါပေမဲ့ ကျွန်တော် ဟင်းချက်ဖို့ လိုတဲ့ပစ္စည်းတွေ မပြင်ဆင်ထားရသေးဘူးလေ။ အခုမှ သွားဝယ်ရင် နောက်ကျမသွားဘူးလား...”

“သူတို့ ဘယ်အချိန်ရောက်မယ်လို့ ပြောသွားသေးလဲ...” လင်းကျင်းက မေးလိုက်သည်။

“စိတ်မပူနဲ့… ကျွန်မ ပစ္စည်းတွေ အစောကြီးကတည်းက ပြင်ထားပြီးသား...”

ဟွမ်ချင်းလင်က ပြောရင်း သိုလှောင်အိတ်ကို ဖွင့်လိုက်သည်။

ထို့နောက် ဟင်းချက်ရန် လိုအပ်သော ပါဝင်ပစ္စည်းမျိုးစုံကို ထုတ်ယူလိုက်ပြီး

“သူတို့လည်း ဒီလောက်မြန်မြန် ရောက်လာမှာ မဟုတ်သေးဘူးလေ။ အချိန်လုံလုံလောက်လောက် ရှိပါတယ်.. ပြီးတော့ ကျွန်မလည်း ကူညီပေးနိုင်သေးတယ်လေ...”

“ကောင်းပြီလေ...”

လင်းကျင်းက ခေါင်းညိတ်လိုက်သည်။

ယခင်တုန်းက ဟွမ်ချင်းလင် လာလည်သည့်အချိန်များတွင် မီးဖိုချောင်ထဲ၌ အချိန်အတော်ကြာကြာ နေခဲ့ဖူးတာမို့ ဟင်းချက်နည်းကို အမှန်တကယ် မတတ်မြောက်သေးသော်လည်း ရိုးရှင်းသည့် အလုပ်များကိုတော့ ကူညီနိုင်နေပြီ ဖြစ်သည်။

ထို့နောက် နှစ်ယောက်သား ပါဝင်ပစ္စည်းများကို အရင်ပြင်ဆင်ကြပြီး မီးဖိုချောင်ထဲတွင် အလုပ်များနေတော့သည်။

ထိုအချိန်အတွင်း လင်းကျင်း၏ စိတ်အတွင်း၌ စနစ်အသိပေးသံတစ်ခု ထွက်ပေါ်လာသည်။

“ဒင်...”

“နေရာလွတ်စနစ် အဆင့်မြှင့်တင်ခြင်း ပြီးဆုံးသွားပါပြီ။ နေရာလွတ်စနစ်အား ဝင်ရောက်အသုံးပြုနိုင်ပါပြီ။”

သို့သော် ယခုအချိန်မှာ မသင့်တော်သဖြင့် လင်းကျင်းက အာရုံမစိုက်ဘဲ သူ့အလုပ်ကိုသာ ဆက်လုပ်နေလိုက်သည်။

နောက်ထပ် နာရီဝက်ခန့် ကြာသွားပြီးနောက် ညနေခင်းသည်လည်း တဖြည်းဖြည်း ကျရောက်လာသည်။

ဟင်းများအားလုံး ချက်ပြုတ်ပြီးသွားကာ စားပွဲပေါ်တွင် တင်ထားပြီးဖြစ်သည်။

ယခု သူတို့ စောင့်နေသည်မှာ အကြီးအကဲယွီနှင့် အကြီးအကဲပိုင် ရောက်လာရန်သာ ဖြစ်သည်။

မကြာမီ...

“ဒေါက်… ဒေါက်… ဒေါက်…” တံခါးခေါက်သံ ထွက်ပေါ်လာသည်။

“သူတို့ ရောက်လာကြပြီ...”

ဟွမ်ချင်းလင်က အော်ပြောလိုက်ပြီး တံခါးဆီသို့ ပြေးသွားသည်။

ခြံတံခါးကို ဖွင့်လိုက်သောအခါ အပြင်ဘက်တွင် အကြီးအကဲပိုင်နှင့် အကြီးအကဲယွီတို့ ရပ်နေကြသည်။

“လောင်ပိုင်... အကြီးအကဲယွီ...”

“နောက်ဆုံးတော့ ရောက်လာကြပြီပေါ့။ အားလုံး ပြင်ဆင်ပြီးသွားပြီ။ ရှင်တို့နှစ်ယောက်ကိုပဲ စောင့်နေတာ...”

အကြီးအကဲယွီက ရယ်မောလိုက်ပြီး ပြောသည်။

“ငါထင်တာတော့ ကောင်လေး လင်းက အလုပ်များနေရပြီး မင်းကတော့ ပျင်းပျင်းရိရိ နေနေတာပဲ ဖြစ်ရမယ်....”

“ငါလည်း အဲဒီလိုပဲ ထင်တာဘဲ....” အကြီးအကဲပိုင်ကလည်း ဝင်ပြောလိုက်သည်။

“ရှင်တို့ ကျွန်မကို အထင်သေးလွန်းနေပြီ။ ဒီနေ့ ကျွန်မလည်း အများကြီး ကူညီထားတာနော်...”

ဟွမ်ချင်းလင်က မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

ထိုအချိန်တွင် လင်းကျင်းလည်း လျှောက်လာခဲ့သည်။

“အကြီးအကဲပိုင်...”

“အကြီးအကဲယွီ...”

“အထဲဝင်ကြပါ...”

လင်းကျင်းက လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးနှုတ်ဆက်လိုက်သည်။

“အင်း...”

“ကောင်းပြီ... ကောင်းပြီ...”

နှစ်ယောက်လုံးက ခေါင်းညိတ်လိုက်ပြီး အထဲသို့ ဝင်လာကြသည်။

အားလုံး နေရာယူထိုင်လိုက်ကြပြီးနောက်...

အကြီးအကဲပိုင်က လင်းကျင်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ကောင်လေး လင်း…”

“ဒီနေ့ မင်း အပ်နှံခဲ့တဲ့ ဆေးလုံးတွေကို ငါကြည့်ပြီးပြီ...”

“တော်တော် မဆိုးဘူး… အထူးသဖြင့် အမြင့်ဆုံးအဆင့် ဆေးလုံးတချို့က အရည်အသွေး အတော်ကောင်းတယ်...”

“ငါထင်တာတော့ မကြာခင်မှာပဲ မင်း ဒုတိယအဆင့် ဆေးဖော်စပ်ဆရာ တယောက် ဖြစ်လာနိုင်တော့မယ်...”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment