no

Font
Theme

သန်းခေါင်ယံ ဗိုက်ဆာသူခိုး

ဧည့်ခံပွဲပြီးသွားပြီးနောက် လင်းကျင်း၏ ဘဝသည် တစ်ဖန် အေးချမ်းငြိမ်သက်သွားပြန်သည်။

ရာသီဥတုက မသိလိုက်မီမှာပင် တဖြည်းဖြည်း အေးလာခဲ့သည်။

ဆောင်းဦးနေ့များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားသည်နှင့်အမျှ လင်းကျင်း၏ ခြံဝင်းအတွင်းရှိ ပန်းပင်များနှင့် မြက်ပင်များ စိမ်းလန်းဝေဆာနေရာမှ ညှိုးနွမ်းဝါရင့်လာခဲ့သည်။

အရွက်များ ဝေဆာနေခဲ့သော မိုးမခပင်ကြီးပင်လျှင် အရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျလာခဲ့သည်။

သုံးလကျော် ကြာပြီးနောက် ဆောင်းရာသီက ထပ်မံ ရောက်ရှိလာခဲ့ကာ မြေပြင်တစ်ခုလုံးကို ငွေရောင်ဖြူဖြူ ဖုံးလွှမ်းသွားစေပြီး နှင်းဖြူစောင်ကြီးတစ်ထည် ခင်းထားသလို ဖြစ်နေသည်။

ထိုမနက်တွင် လင်းကျင်းသည် ဆေးလုံးဖော်စပ်ခြင်း ပြီးဆုံးကာ နေရာလွတ်စနစ်ထဲမှ ထွက်လာခဲ့သည်။

ထို့နောက် အိမ်ရှေ့တွင် ရပ်ကာ ပျင်းရိစွာ အကြောဆန့်လိုက်သည်။

နှင်းများ ဖုံးလွှမ်းနေသော မြေပြင်ကို ကြည့်လိုက်ရာ ငါးကန်ပေါ်တွင်လည်း ရေခဲပါးပါးတစ်လွှာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သို့သော် ကန်အတွင်းရှိ ငါးများကတော့ ဘာမှ မဖြစ်သကဲ့သို့ လွတ်လပ်စွာ ကူးခတ်နေဆဲ ဖြစ်သည်။

ထိုအချိန်တွင် လင်းကျင်းသည် တစ်စုံတစ်ခုကို ခံစားမိသလို ရုတ်တရက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။

အဝေးတစ်နေရာတွင် အနက်ရောင် အရိပ်တစ်ခု ပေါ်လာပြီး သူ့ဘက်သို့ ပျံသန်းလာနေသည်။

တဖြည်းဖြည်း နီးကပ်လာပြီးနောက် နောက်ဆုံးတွင် အရိပ်မည်းသည် မဝေးလှသော ဟွမ်ချင်းလင်၏ ခြံဝင်းအတွင်းသို့ ဆင်းသက်သွားသည်။

ထိုအနက်ရောင် အရိပ်မှာ အခြားသူ မဟုတ်ဘဲ ငှက်ကလေးပင်။

သို့သော် လင်းကျင်း နားမလည်နိုင်သည်မှာ ယနေ့၌ အဘယ်ကြောင့် နေ့ခင်းဘက်ကြီး အပြင်ထွက်လာသနည်း ဆိုသည့် အချက်ဖြစ်သည်။

‘တစ်ခုခုများ ဖြစ်သွားတာလား... အစားအသောက်အတွက် ဒီလောက်ထိ လောဘကြီးမနေသင့်ပါဘူး...’

မကြာသေးမီက ဖြစ်ခဲ့သည့် အဖြစ်အပျက်များကို တွေးမိလိုက်သဖြင့် လင်းကျင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

မကြာသေးမီက ငှက်ကလေးသည် ကျင့်ကြံသူစျေးအတွင်း၌ ပြဿနာ အတော်များများ ဖန်တီးနေခဲ့သည်။

လင်းကျင်း သွေးထိုးလှုံဆော်ပြီး နောက်နေ့မှစ၍ မူးယစ်နတ်ဘုရားစံအိမ်တွင် ခိုးယူမှုများ စတင် ဖြစ်ပွားခဲ့သည်။

ပျောက်ဆုံးသွားသည်များမှာ ပြင်ဆင်ထားသော အစားအသောက်ကုန်ကြမ်းများသာ ဖြစ်ပြီး ထိုပစ္စည်းများမှာ တန်ဖိုးမကြီးလှသောကြောင့် အစပိုင်းတွင် မည်သူမျှ အရေးမထားခဲ့ကြပေ။

သို့သော် ပျောက်ဆုံးသည့် ပစ္စည်းများ ပိုများလာသည့်အခါ လူများက စတင် သတိထားလာကြသည်။

ထိုညက ငှက်ကလေး အပြင်ထွက်သွားပြီးနောက် အလွန်စောစီးစွာ ပြန်လာခဲ့ကာ မူးယစ်နတ်ဘုရားစံအိမ်တွင် ဘာတွေ ဖြစ်ခဲ့သည်ကိုတော့ မည်သူမျှ မသိခဲ့ကြပေ။

ထိုညနောက်ပိုင်း ငှက်ကလေးသည် မူးယစ်နတ်ဘုရားစံအိမ်သို့ ထပ်မသွားတော့ပေ။

မည်သူမျှလည်း ငှက်ကလေးကို လာရောက် ရှာဖွေ ပြဿနာမရှာသဖြင့် လင်းကျင်းကလည်း ထိုကိစ္စကို ဆက်မစောင့်ကြည့်တော့ပေ။

အချိန်အတော်ကြာသည်အထိ ငှက်ကလေးက အတော်လေး လိမ္မာနေခဲ့သော်လည်း မကြာမီမှာပင် ၎င်းက ပြန်စတင်လာပြန်သည်။

ဒီတစ်ကြိမ်တွင်တော့ မူးယစ်နတ်ဘုရားစံအိမ်ကို မရွေးတော့ဘဲ ကျင့်ကြံသူစျေးအတွင်းရှိ အခြား စားသောက်ဆိုင်များနှင့် အရက်ဆိုင်များကိုပါ ပစ်မှတ်ထားလာတော့သည်။

မကြာခင်တွင် ‘သန်းခေါင်ယံ ဗိုက်ဆာသူခိုး’ ဟူသော ကောလာဟလသည် ကျင့်ကြံသူစျေးတစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့သည်။

အကြောင်းမှာ ငှက်ကလေး၏ အမြန်နှုန်းက အလွန်မြန်လွန်းသဖြင့် စောင့်ဖမ်းနေသူများပင် မဖမ်းမိနိုင်ကြသောကြောင့်ပင်။

ထို့ကြောင့် ထိုကာလအတွင်း ငှက်ကလေး၏ ခန္ဓာကိုယ်မှာ သိသိသာသာ ဝလာခဲ့သည်။

လင်းကျင်းသည် ထိုအကြောင်းများကို တွေးတောနေစဉ်...

“ခေါက်... ခေါက်... ခေါက်...”

တံခါးခေါက်သံ တစ်သီတစ်တန်းကြီး ထွက်ပေါ်လာသည်။

လင်းကျင်းက လျှောက်သွားကာ ခြံတံခါးကို ဖွင့်လိုက်ရာ တံခါးအပြင်တွင် ဟွမ်ချင်းလင်က ဒေါသအပြည့်ဖြင့် ရပ်နေသည်။

သို့သော် သူမ၏ ပခုံးပေါ်တွင် ငှက်ကလေးကို မတွေ့ရပေ။

“ဟွန့်...”

“ကျွန်မ ဒေါသထွက်လွန်းလို့ သေတော့မယ်...”

ဟွမ်ချင်းလင်က ဒေါသအပြည့်ဖြင့် ပြောလိုက်သည်။

သူမ၏ လက်ထဲတွင် နီရဲတောက်ပပြီး အရောင်လက်နေသော ပန်းသီးတစ်လုံးကို ကိုင်ထားကာ အားပါးတရ တစ်ကိုက်ကိုက်ချလိုက်လေသည်။

ထို့နောက် သူမသည် ပန်းသီးကို ကိုက်စားရင်း ခြံဝင်းထဲသို့ လျှောက်ဝင်လာသည်။

လင်းကျင်းအနားသို့ ရောက်လာသောအခါ မည်သည့်နေရာမှ ထုတ်လိုက်မှန်းမသိ၊ အနီရောင် တောက်တောက် ပန်းသီးတစ်လုံးကို ထုတ်ကာ လင်းကျင်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“တာအိုရောင်းရင်း ချင်းလင်၊ ဘာများ ဖြစ်ခဲ့လို့လဲ...”

“ဒီနေ့ ခင်ဗျားကို ဘယ်သူက စိတ်ဆိုးအောင် လုပ်လိုက်တာလဲ...”

လင်းကျင်းက နားမလည်သလို မေးလိုက်သည်။

“ဘယ်သူ ရှိရမှာလဲ...ငှက်ကလေးကြောင့်ပေါ့...”

ဟွမ်ချင်းလင်က ပြောလိုက်သည်။

ဒေါသထွက်လွန်း၍ ပါးနှစ်ဖက် ဖောင်းကားနေပြီး အလွန် ချစ်စရာကောင်းနေပေသည်။

သို့သော် လင်းကျင်းကတော့ စိတ်မလုံသဖြင့် သူမကိုပင် တည့်တည့် မကြည့်ရဲပေ။

“ငါ့ကိစ္စ ပေါ်သွားပြီများလား?...”

လင်းကျင်းက စိတ်ထဲတွင် မနေနိုင်ဘဲ တွေးလိုက်မိသည်။

ထို့နောက် စမ်းသပ်သည့်သဘောဖြင့် မေးလိုက်သည်။

“ငှက်ကလေးက ဘာထပ်ဖြစ်ပြန်လို့လဲ.. အရင်တုန်းက အဆင်ပြေနေတာ မဟုတ်ဘူးလား...”

“ကြည့်ပါဦး၊ မကြာသေးခင်ကတောင် ဝလာသေးတယ်... အဲဒါလည်း တာအိုရောင်းရင်း ချင်းလင်ရဲ့ ဂရုစိုက်မှုကြောင့်ပဲ မဟုတ်လား...”

“ဟား…” ဟွမ်ချင်းလင်က အေးစက်စက် ရယ်လိုက်သည်။

“ဘယ်လိုလုပ် မဝဘဲ နေမှာလဲ...”

“ဒီနေ့မှပဲ ကျွန်မ သိလိုက်ရတာ... ကျင့်ကြံသူစျေးတစ်ခုလုံးမှာ နာမည်ကြီးနေတဲ့ သန်းခေါင်ယံ ဗိုက်ဆာသူခိုးဆိုတာ ငှက်ကလေး ဖြစ်နေခဲ့တာ...”

“ဘယ်သူမှ မဖမ်းမိတာလည်း အံ့ဩစရာတော့ မရှိဘူး...ဒါက အကြောင်းအရင်းရှိနေတာပဲ...”

“ဒီလောက် မြန်တဲ့ အရှိန်နဲ့ဆို ရွှေအမြုတေအဆင့် ကျင့်ကြံသူ ကိုယ်တိုင် မထွက်လာသရွေ့ ဘယ်သူက ဖမ်းနိုင်မှာလဲ...”

“သန်းခေါင်ယံ ဗိုက်ဆာသူခိုးက ငှက်ကလေး ဟုတ်လား…”

လင်းကျင်းက အံ့ဩဟန် ဆောင်လိုက်သော်လည်း သူ၏ အမူအရာမှာ အနည်းငယ်တော့ သဘာဝမကျချေ။

ကံကောင်းစွာဖြင့် ဟွမ်ချင်းလင်က သူမ၏ စကားကိုသာ အာရုံစိုက်နေသဖြင့် လင်းကျင်း၏ ထူးဆန်းနေသော အမူအရာကို သတိမထားမိပေ။

“ဟုတ်တာပေါ့…”

“မနေ့တစ်နေ့ကမှ ကျွန်မ ရှင့်ကို အဲဒီ သန်းခေါင်ယံ ဗိုက်ဆာသူခိုးအကြောင်း ပြောနေသေးတယ် မဟုတ်လား...”

“သူခိုးက ကျွန်မဘေးမှာပဲ အမြဲ ရှိနေခဲ့တာကို ဘယ်သူက ထင်မှာလဲ...”

လင်းကျင်းက ဟွမ်ချင်းလင်ကို ကြည့်ကာ မေးလိုက်သည်။

“ဒါဆို တာအိုရောင်းရင်း ချင်းလင်… အခု ဘာလုပ်ကြမလဲ...”

“ငှက်ကလေးကို ခေါ်ပြီး သွားတောင်းပန်မလို့လား...”

လင်းကျင်း၏ စကားကို ကြားလိုက်သည်နှင့် ဟွမ်ချင်းလင်က ထိုမြင်ကွင်းကို စိတ်ကူးယဉ်မိပြီး တုန်ယင်သွားသည်။

“ထားလိုက်ပါတော့... မလုပ်တော့ဘူး...”

“ဒီနေ့ နေ့လယ်ကျရင် အကြီးအကဲပိုင်ဆီ သွားပြီး ဒီကိစ္စကို သူ့ကိုပဲ ကိုင်တွယ်ခိုင်းလိုက်တော့မယ်...”

လင်းကျင်းက ခဏ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“အဲဒါလည်း ကောင်းတာပဲ...”

“ဒါနဲ့ ဟုတ်သားပဲ... ငှက်ကလေး ဘယ်မှာလဲ...”

လင်းကျင်းလည်း ယခုအချိန်အထိ ငှက်ကလေး ရောက်မလာသေးသည်ကို သတိထားမိသဖြင့် သိချင်စိတ်ဖြင့် မေးလိုက်သည်။

အကြောင်းမှာ ငှက်ကလေးသည် ဟွမ်ချင်းလင်၏ အနားမှ တစ်လှမ်းမခွာ အမြဲလိုက်နေတတ်သောကြောင့်ပင်။

ဟွမ်ချင်းလင် ရောက်လာပြီး မကြာမီ ငှက်ကလေးလည်း ပေါ်လာတတ်သည်။

“အခုတော့ အချုပ်ခန်းထဲ ထည့်ထားတယ်...”

“ဒီလောက် ကြီးမားတဲ့ ပြဿနာ ဖြစ်ပြီးသွားမှတော့ အပြစ်မပေးဘဲ ဘယ်နေလို့ရမလဲ...”

ဟွမ်ချင်းလင်က ပန်းသီးတစ်ကိုက် ကိုက်စားရင်း ဒေါသတကြီး ပြောလိုက်သည်။

“အာ... ဟုတ်ပြီ..”

လင်းကျင်းက အနည်းငယ် စိတ်မလုံမလဲဖြင့် ပြန်ဖြေလိုက်ပြီး သူ့စိတ်ထဲတွင် မနေနိုင်ဘဲ တွေးလိုက်မိသည်။

‘ငါက နောက်ကွယ်က ကြိုးကိုင်တဲ့သူဆိုတာ မပေါ်သွားတာ တော်သေးလို့...’

‘ကံကောင်းတာက ငှက်ကလေး စကားမပြောတတ်ဘူး။ ပြောချင်တဲ့ အရာတွေ အများကြီး ရှိရင်တောင် မဖော်ပြနိုင်ဘူး..’

‘မဟုတ်ရင် ငါ အစောကြီး ပေါ်သွားလောက်ပြီ... တောင်းပန်ပါတယ် ငှက်ကလေးရေ...’

လင်းကျင်းက ငှက်ကလေးအတွက် စိတ်ထဲမှသာ တိတ်တဆိတ် ဆုတောင်းပေးနိုင်တော့သည်။

ထိုအချိန်တွင် ဟွမ်ချင်းလင်က ရုတ်တရက် လှည့်လာပြီး လင်းကျင်းအနားသို့ ကပ်လာကာ သူ့ကို စိုက်ကြည့်လိုက်သည်။

ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသလို ဖြစ်သွား၍ လင်းကျင်းလည်း လန့်သွားပြီး ခေါင်းမော့ကာ အလွန်နီးကပ်နေသော ဟွမ်ချင်းလင်ကို ကြည့်လိုက်သည်။

ထို့နောက် အလျင်အမြန် ပြောလိုက်သည်။

“တာအိုရောင်းရင်း ချင်းလင်၊ ဘာဖြစ်လို့လဲ.. ကျွန်တော် တစ်ခုခု မှားလုပ်မိလို့လား...”

ဟွမ်ချင်းလင်က လင်းကျင်းကို စိုက်ကြည့်ရင်း ပြောသည်။

“နောက်တစ်ခု ရှိသေးတယ်...”

“ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မ ပြောထားတယ် မဟုတ်လား။ ကျွန်မကို တာအိုရောင်းရင်း ချင်းလင်လို့ မခေါ်နဲ့လို့...”

“အဲဒီလို ခေါ်တာ လုံးဝ နားမဝင်ဘူး...”

“အကျင့်ဖြစ်နေလို့ပါ... အကျင့်ဖြစ်နေလို့...”

လင်းကျင်းက ရှက်ရွံ့စွာ ရယ်ရင်း ပြောလိုက်သည်။

ဟွမ်ချင်းလင်က သက်ပြင်းချလိုက်ပြီး ပြောသည်။

“ထားလိုက်ပါတော့... ရှင် ကြိုက်သလိုပဲ ခေါ်တော့။”

“ဟုတ်သားပဲ လင်းကျင်း... ကျွန်မ ရှင့်လက်ရာ ဟင်းတွေ မစားရတာ တော်တော်ကြာပြီ...”

“ဒီနေ့ ငှက်ကလေးကြောင့် စိတ်တိုနေတာဆိုတော့ ရှင့်ချက်မယ့်ဟင်းတွေ စားချင်တယ်။ အဆင်ပြေလား...”

“ရတာပေါ့၊ ပြဿနာမရှိပါဘူး...”

လင်းကျင်းက ချက်ချင်း သဘောတူလိုက်သည်။

‘ဘာပဲဖြစ်ဖြစ် သူမ စိတ်မကောင်းဖြစ်နေတာမှာ ငါလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေတယ်။ တစ်ခုခုတော့ ပြန်လျော်ပေးသင့်တာပေါ့...’

“ဒါဆို ဟင်းချက်ဖို့ ကုန်ကြမ်းတွေ သွားဝယ်ရအောင်လား။ ကျွန်တော့်ဆီမှာ ဘာမှ မပြင်ဆင်ထားဘူး။” လင်းကျင်းက အကြံပေးလိုက်သည်။

“ကောင်းပြီ...”

ဟွမ်ချင်းလင်က ချက်ချင်းပင် ငှက်ကလေးအကြောင်းကို မေ့သွားပြီး ဝမ်းသာအားရ သဘောတူလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်သည် အိမ်မှ ထွက်လာကာ အတွင်းပိုင်းကျင့်ကြံသူစျေးသို့ ဦးတည်သွားကြသည်။

စျေးတစ်ပတ် ပတ်ပြီး ပြန်လာချိန်တွင် နေ့လယ်နီးပါး ရောက်နေပြီ ဖြစ်သည်။

လင်းကျင်းလည်း မီးဖိုချောင်ထဲတွင် အလုပ်များလာတော့သည်။

ဟွမ်ချင်းလင်က လမ်းတွင် အိမ်သို့ ခဏ ပြန်သွားပြီး ငှက်ကလေး၏ အချုပ်ကိုလည်း ဖြေလွှတ်ပေးခဲ့သည်။

ဟင်းချက်နေစဉ် အနားယူချိန်တစ်ခဏ၌ လင်းကျင်းက အနည်းငယ် ဝလာပြီး ခေါင်းငိုက်စိုက်ကျနေသော ငှက်ကလေးကို တွေ့လိုက်ရသည်။

၎င်းသည် ခြံဝင်းအတွင်း၌ ဟွမ်ချင်းလင်၏ ဆူပူကြိမ်းမောင်းခြင်းကို ခံနေရပေသည်။

လင်းကျင်းက ၎င်းဘေးမှ ဖြတ်လျှောက်သွားသည့်တိုင် မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။

မကြာမီ ဟင်းပွဲများ အားလုံး အဆင်သင့် ဖြစ်သွားသည်။

“တာအိုရောင်းရင်း ချင်းလင်...”

“စားလို့ ရပြီ...”

လင်းကျင်းက ခြံဝင်းထဲတွင် ရှိနေသေးသော ဟွမ်ချင်းလင်အား လှမ်းခေါ်လိုက်တော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment