no
updating
လပြာတိုက်ကြီးဆီသို ကူးပြောင်းလာပြီးနောက် ချင်းယီက သူ၏ ဆရာဖြစ်သူကို ဆယ့်နှစ်နှစ်တိုင်တိုင် အလုပ်အကျွေးပြုခဲ့လေသည်။ သူက ဖောက်ပြန်ပျက်စီးခြင်း နဂါးနတ်ဘုရားသွေးမျိုးဆက်ကို လက်ခံရရှိပြီး မသမာသူများလက်မှ ကင်းဝေးအောင် လုံခြုံစွာ ထိန်းသိမ်းထားပါမည်ဟု ကတိပေးခဲ့ချိန်အထိ သန့်စင်ပြီး အပြစ်ကင်းစင်သော လူငယ်လေးတစ်ဦးအဖြစ် သူ့ကိုယ်သူ သက်သေပြခဲ့၏။ ဒါပေမဲ့လည်း... ဒီလောက်ခံစားခဲ့ရတာတွေက အချည်းနှီးတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ သူရဲ့အိမ်မက်က ကမ္ဘာပေါ်နဲ့ သုံးလောက၊ ကောင်းကင်ကိုးထပ်မှာရှိတဲ့ နတ်ဘုရားမ အလှလေးတွေကို ထိတွေ့ဖို နမ်းရှိက်ဖို၊ နတ်ဘုရားမတွေ၊ အင်မော်တယ် နတ်သမီးတွေကိုအမဲလိုက်ဖိုလေ။ ယခုအခါသူ့ဆရာ သေဆုံးသွားပြီး အရာအားလုံး ပြီးဆုံးသွားပြီဖြစ်ရာ ဤသွေးမျိုးဆက်ကို သူ အပြည့်အဝ အသုံးချတော့မည် ဖြစ်လေသည်။ သူ၏ အထိအတွေ့ကို မခံစားလိုက်ရသော မောက်မာသည့် သခင်လေးများ၏ ဇနီးသည်ဆိုတာ တစ်ယောက်မှ ရှိလာတော့မည် မဟုတ်ချေ။ လပြာတိုက်ကြီးပေါ်ရှိ သူ၏ ခရီးစဉ်က အစပြုခြင်းသာဖြစ်ပြီး သုံးလောကရှိအင်မော်တယ်များနှင့် နတ်ဘုရားမများ အားလုံး သူ၏ အထိအတွေ့အောက်တွင် ယစ်မူးသွားကြရမည်သာ ဖြစ်လေသည်။