no

Font
Theme
Prev Next Novel Info

‎ဒီနေ့ဟာ ရိုးရှင်းလွန်းလှတဲ့ မွန်းလွဲပိုင်းအချိန်တစ်ခု ဖြစ်ပြီး နေရောင်ခြည်ကလည်း သာသာယာယာ ရှိနေခဲ့သည်။

‎ပြတင်းပေါက်အပြင်ဘက်က ရှုခင်းတွေဟာ ရုပ်ပြောင်းမှန်ဘီလူးထဲကလို အနောက်ကို အရှိန်အဟုန်နဲ့ ကျန်ရစ်ခဲ့၏။ ဆောင်းဦးရာသီ အစပိုင်းဖြစ်ပေမဲ့ ယန်ချိန်း (Yancheng) မြို့၏ လေထုက လတ်ဆတ်ဆန်းသစ်နေသဖြင့် အေးစက်မှုကို လုံးဝ မခံစားရပေ။

‎ဇိမ်ခံကားတစ်စီးဟာ သတ်မှတ်ထားတဲ့ ဦးတည်ရာဆီကို အရှိန်ပြင်းပြင်း မောင်းနှင်နေခဲ့သည်။

‎ကားရဲ့ အနောက်ဘက်ထိုင်ခုံမှာ အရပ်မြင့်မြင့် သွယ်သွယ်လျလျ ကောင်လေးတစ်ယောက် ထိုင်နေ၏။ သူဟာ ပြတင်းပေါက်ကို မှီထားပြီး မျက်နှာပေါ်မှာ နေရောင်ခြည်နွေးနွေး ကျရောက်နေသည်။ တောက်ပလွန်းလှတဲ့ အသားအရည်ကြောင့် သူ့ရဲ့ ပါးလျတဲ့ မွှေးညှင်းလေးတွေကိုပင် မြင်တွေ့နိုင်ပြီး မျက်တောင်ရှည် ကော့ကော့လေးတွေနဲ့ နှာတံစူးစူး ရှိသည့်အတွက် အလွန်ပင် ရုပ်ဖြောင့်လွန်းလှသည်။

‎လုရှင်းမြန် (Lu Xingmian) က ပြတင်းပေါက်အပြင်ဘက်က ရှုခင်းတွေကို ခံစားချက်မရှိတဲ့ မျက်ဝန်းတွေနဲ့ ငေးကြည့်နေခဲ့သည်။ မြို့ထဲကနေ ဝေးကွာလာတာနဲ့အမျှ ဝန်းကျင်က ပိုမိုခြောက်ကပ်လာ၏။ ပြင်ပရှုခင်းတွေကော သူသွားရမည့်နေရာပါ သူ့အတွက် စိမ်းသက်လွန်းနေသည်။ ကိစ္စအားလုံးဟာ လွန်ခဲ့တဲ့ လဝက်လောက်ကတည်းက စိမ်းသက်သွားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သည်။ စိမ်းသက်သော ပတ်ဝန်းကျင်၊ စိမ်းသက်သော မိသားစုနှင့် စိမ်းသက်သော မိသားစုမေတ္တာ...။

‎ထိုဇိမ်ခံကားဟာ မြို့လယ်ခေါင်ကနေ ဝေးလံခေါင်ဖျားသော မြို့ပြင်ဆင်ခြေဖုံးရှိ ဗီလာအိမ်ကြီးတစ်အိမ်ရှေ့သို့ ရောက်အောင် နှစ်နာရီကြာအောင် မောင်းနှင်ခဲ့ရသည်။ ဒါဟာ လုမိသားစုရဲ့ ဗီလာအိမ်ကြီးဖြစ်ကာ အပြင်ဘက်က ခြောက်ကပ်နေတဲ့ အသွင်အပြင်ကိုကြည့်ရုံဖြင့် ဒီနေရာမှာ လူမနေတာက ကြာပြီဖြစ်ကြောင်းနဲ့ သန့်ရှင်းရေးမလုပ်သည်မှာလည်း နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ကြောင်း သိသာလှသည်။

‎ဒရိုင်ဘာက တစ်လမ်းလုံး စိတ်မရှည်ဖြစ်နေခဲ့သည်။ လုရှင်းမြန်ကို ရောက်ရမည့်နေရာသို့ ပို့ဆောင်ပေးပြီးနောက် နောက်ဖုံးထဲမှ အိတ်များကို စိတ်မရှည်စွာ ဆွဲထုတ်ကာ မြေကြီးပေါ်သို့ ပစ်ချလိုက်တော့သည်။ ထို့နောက် နောက်ဖုံးကို ဒေါသတကြီး ဆောင့်ပိတ်၊ လီဗာကို နင်းကာ စကားတစ်ခွန်းမျှ မပြောဘဲ မောင်းထွက်သွားခဲ့၏။

‎သူဟာ မြို့ထဲသို့ အပြန်လမ်းတွင် ယာဉ်ကြောပိတ်ဆို့ပြီး ညစာစားချိန် လွန်သွားမည်ကို စိုးရိမ်နေပုံရသည်။ ထို့ပြင် ဒရိုင်ဘာဟာ လုမိသားစုတွင် ဘာမျှ အရာမဝင်သည့် လုရှင်းမြန်ကို လာပို့ရသည်မှာ သူ၏ ကံဆိုးမှုဟု တွေးကာ မကျေမနပ် ဖြစ်နေခဲ့သည်။

‎လုရှင်းမြန်ဟာ အရှေ့ရှိ ခမ်းနားသော်လည်း ခြောက်ကပ်နေသည့် ဗီလာအိမ်ကြီးကို ငေးကြည့်နေခဲ့သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် သူက ခရီးဆောင်အိတ်ကို ဆွဲကာ ထိုနေရာမှ ထွက်ခွာခဲ့တော့သည်။

‎နှစ်နာရီကြာပြီးနောက် လုရှင်းမြန်ဟာ သာမန် တိုက်ခန်းဝန်းကျင်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ အိမ်ခြံမြေအေးဂျင့်မလေးက သူ့ဘေးတွင် ပြုံးရွှင်လို့နေ၏။ သက်တမ်းတစ်လျှောက် ဒီလောက် ပွင့်လင်းပြတ်သားတဲ့ အဝယ်တော်မျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ လုရှင်းမြန်က တိုက်ခန်းတစ်ခုကို ကြည့်ရုံဖြင့် ချက်ချင်း ငှားရန် ဆုံးဖြတ်ခဲ့ရာ အခြားအဝယ်တော်များလည်း ဒီလို ပြတ်သားကြပါစေလို့ သူမ ဆုတောင်းနေမိသည်။

‎အမှန်တော့ သူ့ဆီက ရတဲ့ လိုအပ်ချက်တွေမှာ စနစ်ကျလွန်းလို့ သူမက ဒီနေရာကို ချက်ချင်း ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ လုရှင်းမြန်က ဒီနေရာကို သဘောကျကာ တစ်နှစ်စာ အိမ်ငှားခကို ချက်ချင်း ချေချလိုက်သည်။ အေးဂျင့်မလေးက ပို၍ပင် တက်ကြွလာပြီး ထိုနေရာရဲ့ အားသာချက်များကို ရှင်းပြတော့သည် — အိမ်ရှေ့တွင် ဘတ်စ်ကားမှတ်တိုင်ရှိပြီး အထက်တန်းကျောင်းနဲ့လည်း အလွန်နီးသည်ဟု ဆိုသည်။

‎ဒါကိုတော့ လုရှင်းမြန်က သိပြီးသားဖြစ်၏။ သူက ကျောင်းနဲ့ နီးတာကြောင့် ဒီနေရာကို အထူးတလည် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထိုကျောင်းက သူ တက်ရောက်ရမည့် ကျောင်းဖြစ်ပြီး အထက်တန်း နောက်ဆုံးနှစ်ကို ထိုနေရာတွင် ကုန်ဆုံးရပေမည်။ အချိန်ခွဲအတွင်းမှာပင် လုရှင်းမြန်ဟာ ကျောင်းနှစ်ကြိမ် ပြောင်းခဲ့ရပြီးဖြစ်သည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ မဖြေဆိုမီအထိ ဒီနေရာမှာပဲ ငြိမ်ငြိမ်သက်သက် နေသွားနိုင်ရန် သူ မျှော်လင့်ထားသည်။

‎အိမ်သစ်တွင် လိုအပ်ချက်များစွာ ရှိနေသေးသည်။ လုရှင်းမြန်ဟာ အနီးနားရှိ ဈေးသို့သွားကာ စောင်၊ အိပ်ယာခင်း၊ ခေါင်းအုံးစွပ်နဲ့ အခြားနေ့စဉ်သုံး ပစ္စည်းများကို ဝယ်ယူခဲ့သည်။ မိဘများက သူ့ကို အိမ်မှ နှင်ထုတ်ခဲ့ကြပေမဲ့ စိတ်ကူးယဉ်ဆန်စွာပင် တစ်လလျှင် ယွမ် ၅၀,၀၀၀ စရိတ် ပေးထားခဲ့သည်။ စည်းကမ်းချက်မှာ သူတို့ရဲ့ ခွင့်ပြုချက်မရှိဘဲ လုမိသားစုထံ ပြန်မလာရဟူ၍ ဖြစ်သည်။ သူတို့ မြတ်နိုးရတဲ့ သားဖြစ်သူကို လုရှင်းမြန်က ထပ်မံ ထိခိုက်စေမှာကို စိုးရိမ်နေကြတာကြောင့် ဖြစ်၏။

‎လုရှင်းမြန်က စူပါမားကတ်မှာ တစ်နာရီ၊ အနီးနားရှိ ဆိုင်များတွင် တစ်နာရီ ကြာအောင် နေ့စဉ်သုံးပစ္စည်းများကို ဝယ်ယူခဲ့သည်။ အိမ်ကို ပြန်ရောက်တဲ့အခါ အိပ်ယာခင်း အသစ်များကို လဲလှယ်လိုက်သည်။ ထို့နောက် အခန်းတစ်ခုလုံးကို ဖုန်တစ်စက်မျှ မကျန်အောင် အစွမ်းကုန် သန့်ရှင်းရေး လုပ်လိုက်တော့သည်။

‎သန့်ရှင်းရေး လုပ်ပြီးသွားချိန်တွင် မိုးစုန်းစုန်း ချုပ်သွားခဲ့ပြီ ဖြစ်သည်။ လုရှင်းမြန်မှာ ချွေးတစ်စက်စက်ကျကာ ဆာလောင်နေခဲ့၏။ ဧည့်ခန်းရှိ မီးသီးအချို့ ပျက်နေသဖြင့် အခန်းထဲတွင် မှောင်မဲနေတာကို သတိပြုမိသွားပြီး နက်ဖြန်တွင် မီးသီးဝယ်၍ လဲရမည်ဟု စိတ်ထဲမှတ်ထားလိုက်သည်။

‎လုရှင်းမြန်က ရေနွေးအိုး တည်လိုက်ပြီး ညစာအတွက် ခေါက်ဆွဲပြုတ် ပြုတ်လိုက်သည်။ ခေါက်ဆွဲကျက်တာကို စောင့်ဆိုင်းနေစဉ် moments feedကို ဖွင့်ကြည့်လိုက်ရာ လုစီဟန် (Lu Sihang)ရဲ့ ပို့စ်က အထင်းသား ပေါ်လာခဲ့သည်။

‎လုစီဟန်က ယန်ချိန်းမြို့ရဲ့ အချမ်းသာဆုံး မိသားစုဖြစ်တ​ဲ့ လုမိသားစုက ကြီးမှူးကျင်းပတဲ့ ညစာစားပွဲသို့ မိဘများက သူ့ကို ခေါ်ဆောင်သွားကြောင်း ကြွားဝါထားခြင်း ဖြစ်သည်။

(T/N ဒီမှာပြောချင်တာက gongရဲ့မျိုးရိုးနဲ့ shouရဲ့ မျိုးရိုးက အသံထွက်*လု*ချင်းတူပေမဲ့ အဓိပ္ပာယ်နဲ့ စာလုံးပေါင်းက မတူပါဘူးနော်။ gongရဲ့ *လု*က ကုန်းမြေရဲ့လုကို ယူထားတာ ဖြစ်ပြီး Shouရဲ့လုကတော့ လမ်းဆိုတဲ့ အဓိပ္ပာယ်ပါ။)

လုမိသားစုရဲ့ ဖိတ်ကြားမှုကို ရရှိခြင်းက ယန်ချိန်းမြို့တွင် အဆင့်တစ်ခု ရှိတာကို ဖော်ပြနေခြင်းဖြစ်သည်။ သူဝတ်ဆင်ထားတဲ့ ဝတ်စုံမှာ မိဘများက သီးသန့် ချုပ်ပေးထားတာဖြစ်ပြီး ရင်ဘတ်ချိတ် တံဆိပ်မှာ အနက်ရောင်ဖြစ်ကာ နိုင်ငံခြားမှ သီးသန့် ဝယ်ပေးထားခြင်းဖြစ်ကြောင်း ကြွားထားသည်။ သူ့ရဲ့ သားရေဖိနပ်မှာလည်း မိဘတွေ ဝယ်ပေးထားတဲ့ အသစ်စက်စက် ဖြစ်၏။ ပို့စ်ရဲ့ စာကြောင်းတိုင်းတွင် မိဘတွေက သူ့ကို အလွန်ချစ်မြတ်နိုးကြောင်းနဲ့ သူဟာ မိဘတွေရဲ့ အဖိုးတန် ရတနာဖြစ်ကြောင်း ပေါ်လွင်နေသည်။

‎လုစီဟန်ဟာ သူတို့ သုံးယောက်ရဲ့ ဓာတ်ပုံကိုလည်း တင်ထားသည်။ အလယ်မှာ ပြုံးနေတဲ့ ကောင်လေးမှာ လုစီဟန် ဖြစ်ကာ သူ့ရဲ့ ဘေးတွင် အလိုလိုက်ထားတဲ့ အပြုံးတွေနဲ့ လုစီဟန်ရ​ြ့ မိဘများ ရှိနေသည်။ နှစ်ဦးလုံးဟာ အထက်တန်းစား မိသားစုတွေအတိုင်း ခမ်းနားထည်ဝါတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားကြသည်။ ထိုနှစ်ဦးက လုစီဟန်ရဲ့ မိဘများ သာမက လုရှင်းမြန်ရဲ့ မိဘရင်းများလည်း ဖြစ်ကြသည်။

‎လုစီဟန်က သူ့ကို ကြွားရန်အတွက် ထိုဓာတ်ပုံကို တမင်တင်ထားခြင်းဖြစ်ကြောင်း လုရှင်းမြန် သိပေသည်။ လုစီဟန်ဟာ လုမိသားစုရဲ့ တကယ့် သခင်လေးဖြစ်ကာ သူကတော့ ဘာမှမဟုတ်ကြောင်း ဓာတ်ပုံဖြင့် စိန်ခေါ်နေခြင်း ဖြစ်သည်။

‎လုရှင်းမြန်က လုမိသားစုအိမ်မှ ထွက်လာစဉ်က မိဘများရှေ့တွင် လိမ္မာပါးနပ်ပြတတ်သော လုစီဟန်က သူ့နားနားသို့ တိုးတိုးလေး ကပ်ပြောခဲ့တာကို သတိရမိသွားသည်။

‎"ဆုန်းရှင်းမြန်... မင်း ဘာလို့ ပြန်လာတာလဲ? မင်းက ဒီမိသားစုနဲ့ လုံးဝ မထိုက်တန်ဘူး။ ပါပါးနဲ့ မာမားက ငါ့ကိုပဲ ချစ်တာ။ ဆုန်းရှင်းမြန်... ငါ ရှိနေသမျှ မင်း ဒီအိမ်ကို ဘယ်တော့မှ ပြန်လာလို့ ရမှာမဟုတ်ဘူး။ ပါပါးနဲ့ မာမားက ငါ့ဥစ္စာပဲ၊ ဘယ်သူမှ လုယူလို့ မရဘူး"

‎သူ့စကားတွေ ပိုမို ကြမ်းတမ်းလေလေ၊ သူ့အတွင်းစိတ်ထဲမှာ မည်မျှ ကြောက်ရွံ့နေကြောင်း ပေါ်လွင်စေလေဖြစ်သည်။ လုရှင်းမြန်က သူ့ထံမှ အရာအားလုံးကို လုယူသွားမှာကို သူ အလွန်ကြောက်ရွံ့နေတာကြောင့် ထိုကဲ့သို့ ကိစ္စများစွာကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

‎လုရှင်းမြန်က ပို့စ်ကို ကြည့်ရင်း ပြုံးလိုက်ကာ လုစီဟန်ကို ချက်ချင်း block လုပ်လိုက်တော့သည်။ လုစီဟန် ရအောင် ကြိုးစားလုယူခဲ့တဲ့ အရာအားလုံးကို လုရှင်းမြန် စိတ်မဝင်စားတော့ပေ။

‎ခေါက်ဆွဲပြုတ် စားပြီးနောက် လုရှင်းမြန် ရေမိုးချိုးလိုက်သည်။ မွန်းလွဲပိုင်းတစ်လျှောက် သန့်ရှင်းရေးလုပ်ထားသဖြင့် တစ်ကိုယ်လုံး ဖုန်များနှင့် ချွေးများ ပေကျံနေခဲ့ရာ ရေချိုးပြီးနောက် လန်းဆန်းသွားခဲ့သည်။

‎သူဟာ တစ်နေကုန် အလုပ်ရှုပ်ကာ ငှားထားတဲ့ တိုက်ခန်းကို အထူးသန့်ရှင်းရေး လုပ်ခဲ့ခြင်းဖြစ်၏။ လုရှင်းမြန်က မိမိကိုယ်ကို တမင်တကာ ပင်ပန်းအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူအများစုက ယခုလို ပင်ပန်းသမျှသော အလုပ်များ လုပ်ပြီးလျှင် ခေါင်းအုံးနဲ့ ခေါင်းထိတာနဲ့ အိပ်ပျော်သွားမှာလို့ တွေးထားတာကြောင့် ဖြစ်သည်။

‎ဒါပေမဲ့ ကုတင်ပေါ်မှာ လှဲရင်း သိုးအကောင် ရေနှစ်သောင်းအထိ ရေတွက်ပြီးသည့်တိုင် လုရှင်းမြန် အိပ်ချင်စိတ် လုံးဝမရှိသေးပေ။ သူ့နှလုံးသားက အနားယူချင်နေပေမဲ့ စိတ်ကတော့ လိုက်နာမှု မရှိခဲ့ပါ။ မျက်လုံးမှိတ်ထားသည့်တိုင် အိပ်ပျော်အောင် အိပ်၍ မရခဲ့ပေ။

‎ဒီအခြေအနေမှာ အလွန်ပင် နေရခက်လှသည်။

‎သူက ထိုကဲ့သို့ အိပ်မပျော်တဲ့ ဝေဒနာကို ခံစားနေရသည်မှာ သုံးလခန့် ရှိပြီဖြစ်သည်။ စတင် ဖြစ်ပွားစအချိန်တွင် လုရှင်းမြန်က Melatonin (အိပ်ဆေး) ကို အားကိုးခဲ့ရသည်။ ဒါပေမဲ့ အစပိုင်းမှာ ဆေးက သုံးလေးနာရီမျှသာ အနားယူခွင့် ပေးနိုင်ခဲ့သည်။ လခွဲခန့် ကြာပြီးနောက် သောက်သုံးတဲ့ ပမာဏကို တိုးမြှင့်လိုက်သည့်တိုင် တစ်နာရီ၊ နှစ်နာရီမျှပင် အိပ်ပျော်ရန် ခဲယဉ်းလာခဲ့၏။ Melatonin သောက်သုံးခြင်းက ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးများ ရှိနေသည် — နောက်တစ်နေ့တွင် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းနဲ့ ပြင်းထန်တဲ့ မအီမသာ ဖြစ်ခြင်းတို့ကို ခံစားရတတ်သည်။ ဒါကြောင့် မဖြစ်မနေ လိုအပ်တာမှလွဲ၍ လုရှင်းမြန်က ထိုဆေးကို ထပ်မံ မသောက်ဝံ့တော့ပေ။

‎တစ်ရက်လျှင် ၂၄ နာရီ ရှိသည့်အနက် သူ့ရဲ့ နေ့စဉ် အိပ်ချိန်မှာ ၅ နာရီထက် နည်းပါးခဲ့သည်မှာ သုံးလကျော်ပြီ ဖြစ်သည်။ ထိုသုံးလအတွင်း လုရှင်းမြန်ဟာ ဝိတ် ၅ ကီလိုဂရမ်ကျော် ကျဆင်းသွားခဲ့၏။ လွန်ခဲ့တဲ့ ခြောက်လကမူ သူ့ရဲ့ အိပ်စက်မှုမှာ ပုံမှန်အတိုင်း အပြည့်အဝ ရှိခဲ့ဖူးသည်။ လုမိသားစုထံ ပြန်ရောက်လာပြီးနောက်မှ အခြေအနေများ ပြောင်းလဲသွားကာ အိပ်မပျော်တဲ့ ညများကို ဖြတ်သန်းခဲ့ရခြင်း ဖြစ်သည်။

‎လွန်ခဲ့တဲ့ ခြောက်လက လုရှင်းမြန်ဟာ ဆုန်း (Song)ဆိုတဲ့ မျိုးရိုးအမည်ကို ခံယူထားဆဲ ဖြစ်သည်။ တစ်နေ့တွင် ကျောင်းမှ အိမ်သို့ ပြန်လာစဉ် စိမ်းသက်တဲ့ လူနှစ်ဦးက အိမ်ထဲတွင် စောင့်ဆိုင်းနေကာ သူ့ကို ခေါ်ဆောင်သွားရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုအချိန်မှသာ ယခု လက်ရှိ မိဘများက သူ့ရဲ့ မိဘအရင်းများ မဟုတ်ကြောင်း သိရှိခဲ့ရ၏။ သူ့ရဲ့ ဖခင်အရင်းရဲ့ မျိုးရိုးမှာ လုဖြစ်ကာ လုမိသားစုဟာ ယန်ချိန်းမြို့ရဲ့ ထင်ရှားတဲ့ အထက်တန်းစား မိသားစု ဖြစ်သည်။

‎လုမိသားစုဟာ သူတို့ရဲ့ သားအရင်းကို တွေ့ရှိခဲ့ပြီးနောက် သဘာဝအတိုင်း အိမ်သို့ ပြန်လည် ခေါ်ဆောင်လိုခဲ့ကြသည်။ ထို့ပြင် လုမိသားစုမှ ဆင်းသက်လာတဲ့ လုစီဟန်ဟာ ယခုအခါ ဆုန်းမိသားစုရဲ့ ကလေး ဖြစ်သွားခဲ့ရ၏။ လုရှင်းမြန် အနေဖြင့် တရားဝင် အမွေဆက်ခံသူအဖြစ် ချမ်းသာတဲ့ မိသားစုထဲသို့ ဝင်ရောက်ကာ လုမိသားစုထံ ပြန်လာခြင်းမှာ ပုံပြင်ထဲကလို ပြီးပြည့်စုံတဲ့ နိဂုံးဟု ထင်ရပေမဲ့ ဒါဟာ ပုံပန်းသဏ္ဌာန်မျှသာ ဖြစ်ခဲ့သည်။

‎နံနက် ၃ နာရီ ထိပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပြီး လုရှင်းမြန်ဟာ သိုးအကောင် တစ်သိန်းအထိ ရေတွက်ပြီးသွားခဲ့ပြီ။ စွမ်းအင်များ အကုန်လုံး ကုန်ခမ်းနေသည့်တိုင် အိပ်စက်ခြင်းက သူ့ထံ ရောက်မလာခဲ့ပေ။ ဒီညဟာ သူ့အတွက် အလွန်ပင် ရှည်လျားလွန်းနေခဲ့သည်။ လူးလွန့်လှုပ်ရှားရင်း အိပ်မပျော်တဲ့ ဝေဒနာက သူ့ကို အလွန်ပင် နေရခက်စေခဲ့၏။ လူတစ်ယောက်ရဲ့ သည်းခံနိုင်စွမ်းတွင် အကန့်အသတ်ဆိုတာ ရှိစမြဲဖြစ်ပြီး ထိုအကန့်အသတ်ထက် ကျော်လွန်သွားပါက ပြိုကွဲသွားနိုင်ပေသည်။

‎လုရှင်းမြန်ဟူ မတတ်သာတဲ့အဆုံး Melatonin ဆေးဗူးကို လှမ်းယူလိုက်သည်။ လက်ဝါးထဲတွင် ဆေးပြားအချို့ကို ကိုင်ထားရင်း နို့နံ့သင်းသင်းလေး ထွက်နေဆဲဖြစ်တဲ့ ဆေးပြားများကို စိုက်ကြည့်ကာ ဆေးဗူးထဲသို့ ပြန်ထည့်လိုက်ပြီး အံဆွဲထဲသို့ ပြန်ထည့်လိုက်တော့သည်။ နောက်တစ်နေ့တွင် ခံစားရမည့် ခေါင်းကိုက်၊ မအီမသာ ဖြစ်ခြင်းနဲ့ ယခု အိပ်မပျော်ဘဲ ခံစားနေရခြင်း နှစ်ခုအနက် မည်သည့်အရာက ပိုဆိုးသည်ကို သူ မခွဲခြားနိုင်တော့ပေ။ အချို့သော အချိန်များတွင် နောက်တစ်နေ့ ခံစားရမည့် ဘေးထွက်ဆိုးကျိုးများက ပို၍ပင် သည်းခံရခက်လွန်းလှသည်။

‎လူးလှိမ့်နေစဉ် လုရှင်းမြန် တစ်ခုခုကို ရုတ်တရက် သတိရသွားခဲ့၏။ သူဟာ Taobao သို့ ဝင်ရောက်လိုက်ပြီး "lullaby voice chat" (ကလေးချော့သိပ်တဲ့ စကားပြောဝန်ဆောင်မှု) ဟု ရှာဖွေလိုက်ရာ ဆိုင်အများအပြား ထွက်ပေါ်လာခဲ့သည်။ ဒါဟာ လုရှင်းမြန် စိတ်ပျက်အားငယ်စွာဖြင့် ရုတ်တရက် တွေးမိသွားတဲ့ နည်းလမ်းတစ်ခုဖြစ်သည်။ အွန်လိုင်းမှ "အိပ်စက်အောင် ချော့သိပ်ပေးသည့်" ဝန်ဆောင်မှုကို ရှာဖွေကာ အားကိုးရာမဲ့တဲ့ အခြေအနေမှ ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်လိုက်ခြင်း ဖြစ်၏။

‎သူဟာ ဆိုင်တစ်ဆိုင်ကို ကျပန်း နှိပ်ကြည့်ကာ သုံးသပ်ချက်များကို စစ်ဆေးခဲ့ပြီး ဆိုင်အချို့ကို နှိုင်းယှဉ်ပြီးနောက် ဆိုင်တစ်ဆိုင်တွင် တိုက်ရိုက် အော်ဒါ တင်လိုက်တော့သည်။ ဤဆိုင်က အရောင်းရဆုံးဖြစ်ပြီး ကောင်းမွန်တဲ့ သုံးသပ်ချက်များစွာ ရရှိထားကာ အိပ်မပျော်သူများအတွက် အလွန်သင့်တော်ကြောင်း "မောင်လေးတွေ" နဲ့ "မမတွေ" ရဲ့ ငြိမ့်ညောင်းတဲ့ အသံများက အိပ်ချင်စိတ်ကို အလွယ်တကူ ဖြစ်ပေါ်စေတယ်လို့ ချီးမွမ်းထားကြသည်။ လုရှင်းမြန် စိတ်လှုပ်ရှားသွားရတော့သည်။

‎မနက် ၃ နာရီကျော်နေပြီဖြစ်ပေမဲ့ အော်ဒါတင်ပြီးတာနဲ့ Customer Service က လုရှင်းမြန်ထံ ချက်ချင်း ဆက်သွယ်လာပြီး သူ လိုချင်တဲ့ လိုအပ်ချက်များကို မေးမြန်းခဲ့သည်။ လုရှင်းမြန်က အိပ်ပျော်စေနိုင်ပြီး နားထောင်လို့ ကောင်းတဲ့ အသံမျိုးကို လိုချင်ကြောင်း ပြောလိုက်သည်။ သူ့ရဲ့ တောင်းဆိုချက်အရ ထိုလူက သူတို့ဆိုင်တွင် ရေပန်းအစားဆုံး "အိပ်စက်အောင် ချော့သိပ်ပေးသူ" ဖြစ်ကြောင်း ပြောကြားကာ ဆက်သွယ်ရန် အချက်အလက်ကို ချက်ချင်း ပေးခဲ့၏။

‎Customer Service မှာ အလွန် တက်ကြွလှပြီး သဘောကျကျေနပ်မှု မရှိပါက စိတ်တိုင်းကျတဲ့အထိ လူကို ကြိုက်တဲ့အချိန်မရွေး လဲလှယ်ပေးနိုင်ကြောင်းလည်း စေတနာပါပါဖြင့် ရှင်းပြခဲ့သည်။

‎လုရှင်းမြန်လည်း ထိုအကောင့်ကို အက်ဒ် (add) လုပ်လိုက်တော့သည်။

There is No Eng Version

Prev Next Novel Info

DISCUSSION


Leave A Reply

you must Login or register to post a comment