no

Font
Theme

အခန်း (၁)

စုမူသည် စတုရန်းမီတာ ခြောက်ရာကျယ်ဝန်းသည့် အိပ်ရာကြီးပေါ်မှ ဖြည်းဖြည်းချင်း နိုးထလာသည်။သူ၏ မျက်လုံးများမှာ အသက်မဲ့နေသကဲ့သို့ ဗလာကျင်းလျက် ရှိနေပြီး မျက်နှာကျက်တွင် ချိတ်ဆွဲထားသော ဧရာမ ကျောက်သလင်းမီးဆိုင်းကြီးကိုသာ ငေးစိုက်ကြည့်နေသည်။ ထိုမီးဆိုင်းကြီးကို အရည်အသွေးအမြင့်ဆုံး ကျောက်သလင်း [၁,၂၃၉,၈၀၀] ဖြင့် ပြုလုပ်ထားပြီး နေရောင်အောက်တွင် တန်ဖိုးကြီးလက်ဝတ်ရတနာတစ်ခုလို တဖျပ်ဖျပ် လင်းလက်နေသည်။ခဏအကြာမှ သူ၏အကြည့်တို့ တဖြည်းဖြည်း အသက်ဝင်လာသည်။ သို့သော် ငြိမ်သက်နေသည့် မျက်ဝန်းနက်များအတွင်း၌ ဖျောက်ဖျက်မရသော ငြီးငွေ့မှုတစ်စွန်းတစ်စက ကျန်ရှိနေဆဲဖြစ်သည်။ရုတ်တရက် ရင်ဘတ်ပေါ်တွင် လေးလံသည့်အရာတစ်ခု ဖိထားသလို ခံစားလိုက်ရသည်။ စုမူသည် မျက်မှောင်အသာကြုတ်ကာ ငုံ့ကြည့်လိုက်ရာ ရှည်လျားဖြူဖွေးပြီး အချိုးအစားကျလှသည့် ခြေတံတစ်စုံကိုသာ တွေ့လိုက်ရသည်။သူက ထိုခြေတံကို အသာတွန်းဖယ်လိုက်သည်။ခြေတံပိုင်ရှင်က မကျေမနပ်နှုတ်ခမ်းစူကာ ကိုယ်တစ်ဖက်လှည့်ပြီး ပြန်လည်အိပ်စက်သွားလေသည်။

ဆံနွယ်အချို့က သူမ၏ မျက်နှာပေါ်သို့ ကျဆင်းနေပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှသော မျက်နှာလေးကို ပေါ်လွင်စေသည်။ ထို့အပြင် သူမ၏နှုတ်ခမ်းထောင့်တွင်လည်း တောက်ပနေသော တံတွေးစက်လေးတစ်စက်က မပျောက်သေးပေ။ထိုမျှလောက် လှပလွန်းသည့် မိန်းမတစ်ယောက်ကို ရင်ဆိုင်နေရသော်လည်း စုမူ၏စိတ်ထဲတွင် ခံစားချက်တစ်စုံတစ်ရာ မပေါ်ပေါက်လာခဲ့ပေ။ အကြောင်းမှာ သူ့အနားတွင် ထိုကဲ့သို့သော မိန်းမမျိုး ဆယ့်တစ်ယောက်တောင် ရှိနေပြီးသားဖြစ်သောကြောင့်ပင်။ထို့အပြင် ထိုဆယ့်တစ်ယောက်လုံးသည်လည်း စတုရန်းမီတာ ၆၀၀ ကျယ်ဝန်းသည့် အိပ်ရာကြီးပေါ်တွင် ဟိုတစ်ယောက် ဒီတစ်ယောက် လဲလျောင်းနေကြပြီး လေထုထဲတွင် ချိုမြိန်သော ရနံ့များ ပြည့်နှက်နေသည်။ဒီနေရာတွင် ရှိနေသူ မည်သူမဆို ထိုမိန်းမ ဆယ့်နှစ်ယောက်လုံးသည် ထိပ်တန်းနာမည်ကြီးအနုပညာရှင်များ၊ မော်ဒယ်များနှင့် ကျောင်း၏အလှဆုံးမိန်းကလေးများ ဖြစ်ကြသည်ကို သိရှိသွားလျှင် အံ့အားသင့်သွားကြမည်မှာ သေချာသည်...စုမူသည် ထိုအလှမယ် ဆယ့်နှစ်ယောက်ကို တစ်ချက်ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် ပထမဆုံးအချစ်ဦးနှင့်တူသော မျက်နှာပိုင်ရှင် ကျောင်းသူအလှလေးတစ်ယောက်ထံ အကြည့်ရောက်သွားကာ သူမဆီသို့ လက်လှမ်းလိုက်သည်။

ဘုန်းအပြစ်ကင်းစင်သည့် ကျောင်းသူအလှလေးသည် တွန်းထုတ်ခံလိုက်ရပြီး အိပ်ရာပေါ်တွင် နှစ်ပတ်ခန့် လိမ့်သွားသည်။ထိုလှုပ်ရှားမှုကြောင့် ကျောင်းသူအလှလေးသည် သဘာဝကျကျပင် နိုးလာခဲ့သည်။ သူမ၏ မျက်လုံးဝိုင်းကြီးများက အကြိမ်ကြိမ် မျက်တောင်ခတ်နေပြီး မကြာသေးခင်ကမှ အိပ်ရာမှ နိုးလာသူတစ်ယောက်ကဲ့သို့ အံ့ဩပြီး မူးဝေနေသည့် အခြေအနေတွင် ရှိနေသည်။စုမူက သူမကို လုံးဝဂရုမစိုက်ပေ။ ထိုအစား ကျောင်းသူအလှလေး ရှိနေခဲ့သည့် နေရာမှ သူမ ဖိထားသော စာအုပ်တစ်အုပ်ကိုသာ ကောက်ယူလိုက်သည်။ထိုစာအုပ်လေးမှာ နွေးထွေးနေဆဲဖြစ်ပြီး စာအုပ်အမည် ကတော့ —《ဆေးဘက်ဆိုင်ရာ စိတ်ညှို့ခြင်း လက်တွေ့လေ့ကျင့်ခန်းလမ်းညွှန်》ဟု ရေးသားထားသည်။စာမျက်နှာ ၁၂၈ သို့ လှန်လိုက်သောအခါ စာလုံးမည်းဖြင့် ရေးထားသော ခေါင်းစဉ်တစ်ခုက မျက်လုံးထဲ ဝင်လာသည်။“အသံ၊ ကိရိယာများနှင့် ကိုယ်ဟန်အမူအရာများကို အသုံးပြု၍ စိတ်ညှို့မှု ပြုလုပ်နည်း”စုမူသည် ထိုစာအုပ်ကို အာရုံစူးစိုက်စွာ လေ့လာနေပြီး သင်ယူမှု လုပ်ငန်းစဉ်ထဲတွင် နစ်မြုပ်သွားလေသည်။ထိုအချိန်တွင် သူ့ဘေးနားရှိ အလှမယ် ဆယ့်နှစ်ယောက်သည်လည်း တစ်ယောက်ပြီးတစ်ယောက် နိုးလာကြပြီး အချင်းချင်း ဆော့ကစား စနောက်နေကြတော့သည်။

ထူးခြားသော အသွင်အပြင်ရှိသည့် အမျိုးသမီးတစ်ဦးက မြှူဆွယ်သော ရယ်သံလေးဖြင့် ရယ်မောရင်း စုမူထံ လျှောက်လာသည်။"အချစ်…စာဖတ်တာ ရပ်လိုက်ပါတော့၊ စာအုပ်တွေက ကျွန်မတို့လောက် စိတ်ဝင်စားဖို့ ကောင်းလို့လား... ဟီးဟီး..."သူမ၏စကားကြောင့် အခြားအမျိုးသမီးများထံမှလည်း တခစ်ခစ် ရယ်သံများ ထွက်ပေါ်လာသည်။သို့သော် စုမူ၏မျက်နှာပေါ်တွင် မနှစ်မြို့သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး နောက် လက်ဖျောက်တစ်ချက် ကို ဖြည်းညှင်းစွာ တီးလိုက်သည်။“ ဖျောက် ”ခလုတ်တစ်ခု ပိတ်လိုက်သကဲ့သို့ နေရာတစ်ခုလုံးသည် ချက်ချင်းပင် ထူးဆန်းကြောက်မက်ဖွယ် တိတ်ဆိတ်သွားသည်။ အလှမယ် ဆယ့်နှစ်ယောက်၏ ရယ်သံများလည်း ရုတ်တရက် ရပ်တန့်သွားသည်။ထိုနောက် ချက်ချင်းပင် မမြင်နိုင်သော အင်အားတစ်ရပ်က ဆင်းသက်လာသည်။ ထိုအရာသည် မျက်နှာပြင်ပေါ်တွင် ခဲဖျက်တစ်ခု ညင်သာစွာ ပွတ်ဆွဲသွားသကဲ့သို့ ဖြစ်သည်။“ ရွှီး “

ရင်သပ်ရှုမောဖွယ် အလှမယ် ဆယ့်နှစ်ယောက်၏ ပုံရိပ်များသည် လေထဲတွင် ပျောက်ကွယ်သွားပြီးအခန်းကျယ်ကြီးထဲတွင် စုမူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ကာ တစ်ခါတစ်ရံ စာမျက်နှာလှန်သံလေးများသာ ထွက်ပေါ်နေသည်။နှစ်နာရီကြာပြီးနောက် စုမူသည် စာအုပ်ကို ဘေးသို့ ပစ်ချလိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်ကာ ပြောလိုက်သည်။“ဒီစာအုပ်တစ်အုပ်လုံးထဲမှာ အသုံးဝင်တာ နည်းနည်းလေးပဲ ရှိတယ်။ ကျန်တာအားလုံးက အဓိပ္ပာယ်မရှိတဲ့ အမှိုက်တွေချည်းပဲ။”“ ဘုန်း “သူသည် အိပ်ရာပေါ်သို့ ခပ်ပြင်းပြင်း လှဲချလိုက်သည်။ သူ၏ပိန်ပါးသော ခန္ဓာကိုယ်သည် နူးညံ့သော မွေ့ရာကြီးထဲသို့ နစ်ဝင်သွားပြီး မျက်လုံးထဲရှိ ပင်ပန်းနွမ်းနယ်မှုများက ပိုမို ပြင်းထန်လာသည်။ထိုပင်ပန်းနွမ်းနယ်မှုမှာ ထူးဆန်းလှသည်။ အလုပ်ပင်ပန်းမှုကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ဇိမ်ကျကျ နေထိုင်ပြီးနောက် ဆန္ဒအားလုံး ပြည့်ဝသွားပြီး ဘာမှစိတ်ဝင်စားစရာ မကျန်တော့သည့် မင်းမျိုးမင်းနွယ်တစ်ယောက်၏ ပျင်းရိနွမ်းနယ်မှုမျိုးနှင့် ဆင်တူနေသည်။“ဒီလိုဘဝမျိုးက... တကယ်ကို ပျင်းစရာကောင်းလိုက်တာ။”စုမူသည် သက်ပြင်းချရင်း ပြောလိုက်သည်။“ငါ ဒီလိုပျင်းစရာကောင်းတဲ့ ဘဝနဲ့ပဲ သေသွားတော့မှာလား။”တိတ်ဆိတ်နေသော အခန်းထဲတွင် မည်သည့်အဖြေမှ ပြန်မလာခဲ့ပေ။အချိန်အတော်ကြာပြီးနောက်—“ထားလိုက်ပါတော့။ ရုပ်သံအစီအစဉ်တစ်ခုလောက် ကြည့်ရအောင်။”သူသည် ထရပ်လိုက်ပြီး တီဗွီဘေးရှိ ကြမ်းပြင်မှ မျက်နှာကျက်ထိ ရှည်လျားသော မှန်ပြတင်းပေါက်ကြီးဆီသို့ လျှောက်သွားလိုက်သည်။တောက်ပသော မှန်မျက်နှာပြင်ပေါ်တွင် စူးရှသော အသွင်အပြင်များ၊ အနက်ရောင် ကျောက်မျက်ရတနာများကဲ့သို့ ဆွဲဆောင်မှုရှိသော အရောင်အဝါများ တောက်ပနေသည့် နက်ရှိုင်းသော မျက်လုံးများဖြင့် ချောမောသန့်ပြန့်သော မျက်နှာတစ်ခု ထင်ဟပ်နေကာ ပန်းချီကားထဲမှ ထွက်လာသည့် လှပသော လူငယ်လေးတစ်ဦးနှင့် တူနေသည်။

တစ်ခုတည်းသော အားနည်းချက်မှာ သူသည် အလွန်ပိန်လွန်းနေပြီး အသားအရောင်မှာလည်း ဖျားနာနေသူတစ်ယောက်ကဲ့သို့ ဖြူဖျော့နေခြင်းဖြစ်သည်။ စုမူသည် ပြတင်းပေါက်ဘေးတွင် ရပ်နေပြီး မီတာရာနှင့်ချီ မြင့်သောနေရာမှ အောက်ဘက်ရှိ မြို့တစ်ခုလုံးကို ငုံ့ကြည့်နေသည်။မြို့ကြီးသည် အလွန်စည်ကားနေသည်။ နေရာတိုင်းတွင် ကားများ၊ လူများဖြင့် ပြည့်နှက်နေပြီး လမ်းလျှောက်နေသော လူများမှာလည်း သူ့အမြင်တွင် ပုရွက်ဆိတ်လေးများကဲ့သို့ သေးငယ်လွန်းလှသည်။

သူက တီဗွီဘေးရှိ ရီမုကွန်ထရိုးကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီး အပေါ်ရှိ အနီရောင် ခလုတ်ကို နှိပ်လိုက်သည်။“ ဖျတ် ”ထိုအခိုက်အတန့်တွင် အချိန်များ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီး နောက်တစ်စက္ကန့်တွင်... တီဗွီ ပွင့်မလာခဲ့ဘဲ အပြင်ဘက်ရှိ ကောင်းကင်ကြီးက နေမင်းကြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာသကဲ့သို့ လင်းထိန်သွားခဲ့သည်။

ဘုန်း…ဘုန်း…ဘုန်း…နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံများသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားသည်။တစ်ချိန်က စည်ကားသိုက်မြိုက်ခဲ့သော မြို့တော်ကြီးသည် ချက်ချင်းဆိုသလိုပင် အဏုမြူဗုံး တစ်ဒါဇင်ကျော်၏ တိုက်ခိုက်မှုခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။မှိုပုံသဏ္ဍာန် မီးခိုးတိမ်ကြီးများသည် တဖြည်းဖြည်း မြင့်တက်လာပြီး ပြင်းထန်လှသော အဖြူရောင်အလင်းတန်းကြီးက ဆူနာမီလှိုင်းတစ်ခုကဲ့သို့ အရာအားလုံးကို မျိုချသွားကာ တစ်မြို့လုံးကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်!စုမူ က သူ၏အရှေ့တွင် ဖြစ်ပျက်နေသော ကမ္ဘာပျက်မြင်ကွင်းကို တည်ငြိမ်စွာ ကြည့်ရှုနေသည်။မြင့်တက်လာသော အဖြူရောင် အလင်းတန်းများက သူ၏ မျက်လုံးထဲတွင် ထင်ဟပ်နေပြီး မျက်လုံးထဲရှိ ပင်ပန်းမှုများကို အနည်းငယ် ပြေပျောက်သွားစေသည်။“ဒီမြင်ကွင်းကို အကြိမ်ပေါင်းများစွာ မြင်ဖူးပြီးသားဖြစ်ပေမယ့်... ကြည့်ရတာတော့ အခုထိ မျက်စိပသာဒရှိနေတုန်းပဲ။”သူက သဘောကျစွာ ပြောလိုက်သည်။နောက်တစ်ခဏတွင်—အဖြူရောင်အလင်းတန်းကြီးသည် သူ ရှိနေသော မိုးမျှော်တိုက်ကြီးကိုပါ ဝါးမျိုသွားလေတော့သည်။

……

စုမူသည် အကျယ် ၁ မီတာ၊ အရှည် ၂ မီတာသာ ရှိသော အိပ်ရာကြီးပေါ်တွင် နိုးလာသည်။အရင်က တွေ့ခဲ့ရသော ရင်သပ်ရှုမောဖွယ် အလှမယ် ဆယ့်နှစ်ယောက် ပျောက်ကွယ်သွားပြီး အနည်းငယ် ဝါကြန့်ကြန့် ဖြစ်နေသော နံရံများ၊ ဟောင်းနွမ်းနေသော အဝတ်ဘီရိုတစ်ခုနှင့် စာအုပ်များ ပုံထားသော သစ်သားစားပွဲတစ်လုံးက အစားထိုး နေရာယူလာသည်။ထိုကွာခြားချက်ကြီးမားမှုသည် ဘဝအသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ပင် ထင်ရသည်။သို့သော် သူသည် ပြန်လည်မွေးဖွားလာခြင်း မဟုတ်ပေ။ အမှန်တော့... သူသည် အိပ်မက်မှ နိုးလာခဲ့ခြင်းသာ ဖြစ်သည်။ဟုတ်သည်။ စုမူသည် အိပ်မက်မက်နေခဲ့ခြင်းသာ ဖြစ်သည်။ဤအရာကပင် လူတစ်ယောက်သည် အိပ်မက်ထဲတွင် မည်သည့်အရာမဆို ပိုင်ဆိုင်နိုင်ကြောင်း သက်သေပြနေသည်။သို့သော် စုမူ၏ အိပ်မက်ကတော့ သာမန်အိပ်မက်တစ်ခု မဟုတ်ပေ။ အရာအားလုံးကို အမှန်တကယ် လွှမ်းခြုံထားသည့် အိပ်မက်တစ်ခု ဖြစ်သည်။အိပ်မက်ကမ္ဘာထဲတွင် သူသည် အနန္တတန်ခိုးရှင်တစ်ယောက်နီးပါး ဖြစ်သည်။ အတွေးတစ်ချက်ဖြင့်ပင် ကမ္ဘာများကို ဖန်တီးနိုင်သည်။၎င်းသည် ရုပ်ဝတ္ထုအခြေပြု ခေတ်သစ်မြို့ကြီးတစ်ခု ဖြစ်စေ၊ လေထဲတွင် ပျံသန်းနိုင်ပြီး မြေလျှိုးနိုင်သော ကျင့်ကြံခြင်းကမ္ဘာတစ်ခု ဖြစ်စေ၊ ဓားနှင့် မှော်ပညာများရှိသည့် အနောက်တိုင်းစိတ်ကူးယဉ်ကမ္ဘာတစ်ခု ဖြစ်စေ — သူစိတ်ကူးနိုင်သမျှ အရာအားလုံးကို ဖန်တီးနိုင်သည်။လှပသောမိန်းမများ လိုချင်သလား။ကျောင်းသူအလှများ၊ နာမည်ကြီးအနုပညာရှင်များ၊ နတ်သမီးများ၊ သူတော်စင်များ၊ အဲလ်ဖ်မျိုးနွယ်များ — အားလုံး တန်းစီနေကြသည်။ ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပြီး အပြင်လောကအစစ်အမှန်ကဲ့သို့ပင် ဖြစ်သည်။အာဏာလိုချင်သလား။ဖက်ဒရယ်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်နိုင်သည်။ ရှေးခေတ်ဧကရာဇ် ဖြစ်နိုင်သည်။ ကောင်းကင်ဧကရာဇ် ဖြစ်နိုင်သည်။ သို့မဟုတ် အမြင့်မြတ်ဆုံးနတ်ဘုရားပင် ဖြစ်နိုင်သည်။ငွေကြေးလိုချင်သလား။တကယ်တော့ သူ မလိုချင်ပေ။ အကြောင်းမှာ သူ့အတွက် ငွေသုံးစရာပင် မလိုအပ်သောကြောင့် ဖြစ်သည်။လွန်ခဲ့သော တစ်နှစ်က စုမူသည် သူ၏အိပ်မက်ကမ္ဘာထဲတွင် အလွန်ပျော်ရွှင်စွာ နေထိုင်ခဲ့သည်။အပြင်လောကအစစ်တွင်တော့ သူသည် သာမန်ကျောင်းသားတစ်ယောက်သာ ဖြစ်ပြီး မိဘမဲ့တစ်ယောက်လည်း ဖြစ်သည်။ သူသည် အလွန်ဆင်းရဲချို့တဲ့နေသူတော့ မဟုတ်သော်လည်း နေ့စဉ် နေထိုင်စားသောက်ရေးအတွက် ခက်ခဲစွာ ရုန်းကန်နေရသူ ဖြစ်သည်။

အိပ်မက်၏ ပြင်းထန်လှသော သက်ရောက်မှုက သူ့အား မကြုံဖူးသည့် စိတ်လှုပ်ရှားမှုမျိုးကို ပေးစွမ်းခဲ့သည်။ဤနေရာတွင် သူသည် သူ၏ အလိုဆန္ဒများကို လွတ်လပ်စွာ ဖြည့်ဆည်းနိုင်ပြီး လောကကြီး၏ အလှအပအားလုံးကို ခံစားနိုင်သည်။ ထို့အပြင် စိတ်ကူးယဉ်ကမ္ဘာများ၏ အလှတရားကိုပင် ခံစားနိုင်သေးသည်။ ဥပမာအားဖြင့် ဝတ္ထုတစ်ပုဒ်ကို ကျပန်းရွေးချယ်ကာ ထိုဝတ္ထု၏ အဓိကဇာတ်ကောင်အဖြစ် ဝင်ရောက်နေထိုင်နိုင်သည်။သူသည် ထိုသို့သောအရာများကို မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီး စိတ်ကူးယဉ်နိုင်သမျှ နာမည်ကြီးဝတ္ထုကမ္ဘာများအားလုံးနီးပါးကို စူးစမ်းလေ့လာခဲ့ပြီး ဖြစ်သည်။သို့သော် သူအနှစ်သက်ဆုံးကတော့ 《သေသည်အထိ အတူတကွရှိမည်!》 ဟု အမည်ရသော ရင်သပ်ရှုမောဖွယ် ဝတ္ထုတစ်ပုဒ် ဖြစ်ပြီး ထိုဝတ္ထုထဲသို့ သူ အနည်းဆုံး ဆယ်ကြိမ်ခန့် ဝိညာဉ်ကူးပြောင်း ဝင်ရောက်ခဲ့ကာ ယခုထိပင် ထိုအရာ ကို စွဲလမ်းနေဆဲ ဖြစ်သည်။ထို့အပြင် သူသည် အိပ်မက်ကမ္ဘာအတွင်းရှိ အချိန်စီးဆင်းမှုကိုလည်း ထိန်းချုပ်နိုင်ပြီး အများဆုံး တစ်နှစ်အထိ အချိန်ကို ဆွဲဆန့်နိုင်သည်။ ဆိုလိုသည်မှာ တစ်ညတာ အိပ်စက်ခြင်းသည် အိပ်မက်ထဲတွင် တစ်နှစ်တာ အချိန်ကုန်ဆုံးခြင်းနှင့် ညီမျှသည်။

သို့သော် လူသားများဆိုသည်မှာ ထူးဆန်းသော သတ္တဝါများ ဖြစ်ကြသည်။သူတို့၏ ဆန္ဒများ မပြည့်ဝသောအခါ ဆင်းရဲဒုက္ခ ရောက်ကြပြီး ဆန္ဒများ ပြည့်ဝသွားသောအခါကျတော့လည်း ပျင်းရိငြီးငွေ့လာတတ်ကြသည်။

ထိုပျော်ရွှင်စရာ နေ့ရက်များသည် နှစ်ပေါင်းတစ်ရာကျော် ကြာမြင့်ခဲ့ပြီး စုမူသည်လည်း ထိုအရာများကို နှစ်ပေါင်းတစ်ရာကျော် ခံစားခဲ့သည်။သို့သော် တဖြည်းဖြည်းနှင့် သူသည် ထိုအရာများကို ငြီးငွေ့လာသည်။ ပျင်းလာသည်။ ထူးဆန်းစွာပင် စိတ်အနှောင့်အယှက်ဖြစ်လာခဲ့သည်။၎င်းသည် အနိုင်ရစေမည့် လျှို့ဝှက်ကုဒ်တစ်ခုကို ရရှိထားသော ကစားသမားတစ်ယောက်က ဂိမ်းတစ်ခုကို နှစ်ပေါင်းတစ်ရာကျော် ဆော့ကစားနေသကဲ့သို့ပင် ဖြစ်သည်။ အစပိုင်းတွင် အလွန်ပျော်စရာကောင်းသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပို၍ပို၍ ပျင်းစရာကောင်းလာသည်။အထူးသဖြင့် သူသည် လက်တွေ့ကမ္ဘာနှင့် အိပ်မက်ကမ္ဘာကြားရှိ အကြီးမားဆုံး ကွာခြားချက်ကို ရှာဖွေတွေ့ရှိခဲ့သည်။အိပ်မက်ထဲရှိ လူများသည် အမှန်တကယ်အားဖြင့် NPC များ၊ သူကိုယ်တိုင် ဖန်တီးထားသော စက်ရုပ်များသာ ဖြစ်ကြသည်။သူ၏ အိပ်မက်ထဲတွင် မမျှော်လင့်ထားသော အဖြစ်အပျက်မျိုး တစ်ခါမျှ မဖြစ်ပေါ်ခဲ့ပေ။စုမူသည် လူတိုင်းက နောက်တစ်ခဏတွင် ဘာပြောမည်၊ ဘာလုပ်မည်ကိုပင် တိတိကျကျ သိနေခဲ့သည်။အကြောင်းမှာ ထိုအိပ်မက်ကမ္ဘာတစ်ခုလုံးတွင် အမှန်တကယ် စိတ်နှင့်အတွေးအခေါ်ပိုင်ဆိုင်သူမှာ သူတစ်ယောက်တည်းသာ ဖြစ်သောကြောင့်ပင်။ကျန်ရှိသူအားလုံးသည် သူ၏အတွေးများမှ ဖန်တီးထားသော အရာများသာ ဖြစ်ကြသည်။ထိုအချက်ကပင် သူ့ကို ပို၍ပင် ငြီးငွေ့သွားစေသည်။

ထို့ကြောင့် သူသည် ရိုးရိုးရှင်းရှင်း ပျော်ရွှင်မှုများဖြင့် မကျေနပ်တော့ဘဲ စိတ်လှုပ်ရှားစရာများ၊ စွန့်စားခန်းများနှင့် သတ်ဖြတ်မှုများကို စတင် ရှာဖွေလာခဲ့တော့သည်။ဆယ်စုနှစ်များစွာ ကြာပြီးနောက်တွင်တော့ ကမ္ဘာပေါ်ရှိ မည်သည့်အရာကမျှ သူ၏ စိတ်ဝင်စားမှုကို မနှိုးဆွနိုင်တော့ဘဲ ပျင်းရိမှုကိုသာ ခံစားနေရတော့သည်။တစ်ချိန်တည်းမှာပင် စုမူသည် မူလက သန်မာလှသော သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း အားနည်းလာနေကြောင်း သတိပြုမိခဲ့သည်။တစ်ခါတစ်ရံတွင် ခေါင်းကိုက်ခြင်းများ ဖြစ်ပေါ်လာပြီး နှာခေါင်းသွေးများပင် ယိုစီးလာတတ်သည်။သို့သော် ထူးဆန်းစွာပင် သူ၏စိတ်သည် ယခင်ထက် ပိုမိုကြည်လင်လာပြီး မှတ်ဉာဏ်နှင့် တွေးခေါ်နိုင်စွမ်းများမှာလည်း အလျင်အမြန် တိုးတက်လာခဲ့သည်။ထိုအချိန်တုန်းက သူသည် သိပ်ဂရုမစိုက်ခဲ့ဘဲ ထိုအချိန်တုန်းက သူသည် သိပ်ဂရုမစိုက်ခဲ့ဘဲ နေ့တိုင်း အိပ်မက်ကမ္ဘာထဲတွင်သာ ဆက်လက်နစ်မြုပ်နေခဲ့သည်။လက်တွေ့ဘဝကို ရင်ဆိုင်ရန်လည်း သူ ပျင်းရိနေခဲ့သည်။ အကြောင်းမှာ သူ့အတွက် လက်တွေ့ဘဝသည် အိပ်မက်ကမ္ဘာထက်ပင် ပို၍ ပျင်းစရာကောင်းနေသောကြောင့် ဖြစ်သည်။တစ်နေ့တွင် သူသည် ခေါင်းကိုက်ဝေဒနာ အပြင်းအထန် ခံစားရပြီး နိုးလာခဲ့သည်။တစ်စုံတစ်ယောက်က လျှပ်စစ်လွန်ပူတစ်ခုဖြင့် သူ၏ ဦးခေါင်းခွံကို ဖောက်နေသကဲ့သို့ ခံစားရသည်။ထို့နောက် ဒွါရခုနစ်ပေါက်မှ သွေးများ ယိုထွက်လာပြီး နောက်ဆုံးတွင် သတိလစ်သွားခဲ့သည်။ထိုအချိန်တွင်မှ စုမူသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိပြုမိလာသည်။သူသည် ဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့သော်လည်း ဆရာဝန်များက မည်သည့်ရောဂါကိုမျှ ရှာမတွေ့ခဲ့ပေ။ဆရာဝန်၏ ပြောကြားချက်မှာတော့ သူသည် လေ့ကျင့်ခန်းနည်းပါးခြင်း၊ သွေးအားနည်းခြင်းနှင့် သွေးတွင်းသကြားဓာတ်နည်းခြင်းသာ ဖြစ်သည်ဟု ဆိုခဲ့သည်။ထို့ကြောင့် စုမူသည် အိပ်မက်ထဲတွင် ကုန်ဆုံးသောအချိန်ကို လျှော့ချကာ လေ့ကျင့်ခန်းလုပ်ရန် ကြိုးစားခဲ့သည်။သို့သော်...အလုပ်မဖြစ်ခဲ့ပေ။ဘာတစ်ခုမှ အလုပ်မဖြစ်ခဲ့ပေ…သူသည် လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးဝါးများသောက်ခြင်း၊ အာဟာရဖြည့်စွက်ခြင်းများအပါအဝင် အရာအားလုံးကို ကြိုးစားခဲ့သည်။သို့သော် သူ၏ခန္ဓာကိုယ်သည် နေ့စဉ်နှင့်အမျှ ပိုမိုအားနည်းလာခဲ့ပြီး ခေါင်းကိုက်မှုများလည်း ပိုမိုပြင်းထန်လာခဲ့သည်။စုမူသည် သူ၏ အသက်ဝိညာဉ်လေး တစ်စထက်တစ်စ လွင့်ထွက်သွားနေသည်ကိုပင် ထင်ရှားစွာ ခံစားနိုင်လာခဲ့သည်။သေခြင်းတရား၏ အစွန်းနားတွင် ရောက်ရှိနေသကဲ့သို့ ခံစားရခြင်း၊ ထိုအရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းမရှိခြင်း၊ ထို့အပြင် သူ၏ရောဂါဖြစ်ရသည့် အကြောင်းရင်းကိုပင် မသိနိုင်ခြင်း...ဒီခံစားချက်ကြီးက တကယ်ကို..."ဆောက်ရမ်း မိုက်တယ်ကွာ….."

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment