no

Font
Theme

အခန်း (၅)

အနက်ရောင် ရိုးရှင်းပေါ့ပါးသော ဝတ်စုံကို ဝတ်ဆင်ထားသည့် စုမူ သည် ကားပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာခဲ့ရာ ကျောင်းသားကျောင်းသူများစွာ၏ အာရုံစိုက်မှုကို ချက်ချင်းပင် ဖမ်းစားသွားနိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ခရိုင် ၁၃ အတွင်း ဤကဲ့သို့ ခမ်းနားထည်ဝါသော ဇိမ်ခံကားဖြင့် ကျောင်းလာတက်သည့် ကျောင်းသားမှာအလွန်ရှားပါးသောကြောင့် ဖြစ်သည်။“ဝိုး... Thunder X600 မော်ဒယ်အသစ်ပဲ။ ဘယ်သူ့ကားလဲ၊ အရမ်းခမ်းနားတာပဲ...”“ဘယ်သူများ ဖြစ်ရဦးမှာလဲ။ တတိယနှစ်၊ အတန်း (၂) က သခင်လေး စုမူ ပေါ့။” တစ်ယောက်က မနာလိုမှုအပြည့်ဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။“သခင်လေး စုမူ… အိပ်ငိုက်ရောဂါရှိတဲ့ အဲဒီကောင်လား။ သူက အမြဲတမ်း ခွင့်ယူနေတာလေ။တစ်ခါကဆို အတန်းထဲမှာ ရုတ်တရက် မူးလဲသွားတာကိုတောင် မြင်ဖူးတဲ့သူတွေ ရှိသေးတယ်။ ဒီနေ့ ဘာကိစ္စ ကျောင်းလာတာပါလိမ့်...”“ရှူး... အသံတိုးတိုးပြောစမ်း။ မင်း ရူးသွားပြီလား…. တချို့အတန်းဖော်တွေက သူ့ကို မြွေဆိုးဂိုဏ်းနဲ့ အရမ်းရင်းနှီးနေတာ မြင်ဖူးကြတယ်တဲ့ ။ အပြင်မှာလည်း သူက မြွေဆိုးဂိုဏ်းရဲ့ အမွေဆက်ခံသူလို့တောင် ပြောနေကြတာ။”“မြွေဆိုးဂိုဏ်း” ဟူသော စကားလုံး ထွက်လာသည်နှင့် တစ်ပြိုင်နက် တီးတိုးပြောနေသော ကျောင်းသား၊ ကျောင်းသူများအားလုံး တိတ်ဆိတ်သွားကြသည်။ မည်သူမျှ ထပ်မပြောရဲတော့သလို၊ စုမူဘက်သို့ပင် မျက်လုံးလှည့်မကြည့်ရဲကြတော့ပေ။စုမူသည် မြွေပုံသဏ္ဌာန် ထွင်းထုထားသော သစ်သားတုတ်ကောက်ကို အားပြုကာ ကျောင်းဂိတ်ဝအတွင်းသို့ ဖြည်းညင်းစွာ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။ တုတ်ထိပ်လက်ကိုင်ကို ရွှေနှင့် စိန်များဖြင့် ပြုလုပ်ထားပြီး အလယ်ဗဟိုတွင် နာရီအသေးတစ်လုံး မြှုပ်နှံထားသည်။ မျှော်လင့်ထားသည့်အတိုင်း နာရီမျက်နှာပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အူရိုဘိုရော့စ် အမှတ်အသားကို ထွင်းထုထားလေသည်။

တုတ်ကောက်ကို အားပြုကာ စုမူသည် ဖြည်းဖြည်းချင်း လျှောက်လာသည်။ ကိုယ့်နယ်မြေကို လှည့်လည်ကြည့်ရှုနေသော ဧကရာဇ်တစ်ပါးအလား သူ၏ ခြေလှမ်းတိုင်းက တည်ငြိမ်အေးဆေးလှသည်။ ချောမောသပ်ရပ်သော ရုပ်ရည်၊ အရပ်ရှည်ပြီး သွယ်လျသော ကိုယ်ခန္ဓာ၊ ဖြူဖျော့နေသော အသားအရေနှင့် အညိုရောင်မျက်မှန်အောက်တွင် ဖုံးကွယ်နေသည့် မျက်ဝန်းများက သူ့ကို ကြီးကျယ်ခမ်းနားပြီး လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ရပ် ပေးစွမ်းနေသည်။ကျောင်းအတွင်း သူ့ကို အားကျနှစ်သက်ကြသည့် မိန်းကလေးအချို့ကတော့ သူ့နောက်ကွယ်တွင် ကောလာဟလတစ်ခုကိုပင် ဖြန့်နေကြသည်။ သူ၏ ဘိုးဘေးများမှာ မင်းမျိုးမင်းနွယ်များဖြစ်ခဲ့သော်လည်း အကြောင်းတစ်ခုခုကြောင့် အောက်မြို့တော်သို့ ကျဆင်းလာခဲ့ရသည် ဟုဆိုကြသည်။သို့သော် အမှန်တရားကို သိသူမှာ စုမူတစ်ယောက်တည်းသာ ဖြစ်သည်။ တုတ်ကောက်ကိုင်၍ လမ်းလျှောက်ခြင်းသည် ဟန်ပြခြင်း မဟုတ်ဘဲ၊ သူ၏ လက်ရှိကိုယ်ခန္ဓာအခြေအနေအရ တုတ်ကောက် မပါလျှင် ဘဝတစ်လျှောက်လုံး ပုံမှန်လမ်းလျှောက်နိုင်တော့မည် မဟုတ်သောကြောင့်သာ ဖြစ်သည်။သင်ကြားရေးအဆောက်အအုံအနီးသို့ ရောက်လာချိန်တွင် နားရွက်ဖျားထိသာ ရှိသော ဆံပင်တိုတိုနှင့် အပြာရင့်ရောင် ကျောင်းဝတ်စုံကို ဝတ်ထားသည့် ကိုယ်လုံးသေးသေး မိန်းကလေးတစ်ဦး ပြေးလာခဲ့သည်။ သူမသည် စုမူ၏ ရှေ့တွင် ရုတ်တရက် ရပ်လိုက်ပြီး ဖြူဖွေးသော မျက်နှာလေးမှာ ရှက်သွေးဖြာကာ နီမြန်းနေသည်။ လက်ထဲတွင်လည်း ပန်းရောင်စာအိတ်တစ်အိတ်ကို တင်းတင်းဆုပ်ကိုင်ထားသည်။“စု... စုမူ...”မိန်းကလေး၏ မျက်ဝန်းဝိုင်းကြီးများက ကြယ်လေးများလို ဟိုကြည့်ဒီကြည့် ဖြစ်နေပြီး စုမူ၏ မျက်လုံးကိုပင် တိုက်ရိုက်မကြည့်ရဲပေ။ထိုမိန်းကလေးမှာ ကျောင်းထဲတွင် အတော်လေး နာမည်ကြီးပုံရသည်။ သူမ ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ကျောင်းသား၊ ကျောင်းသူများ၏ အကြည့်များက သူမထံသို့ ချက်ချင်း ရောက်ရှိသွားကြသည်။“အဲဒါ တတိယနှစ်၊ အတန်း (၂) က အတန်းရဲ့မင်းသမီး ကျန်းယွဲ့ မဟုတ်လား။ လက်ထဲကဟာ ရည်းစားစာ မဟုတ်ဘူးလား… စုမူကို ချစ်ရေးဆိုတော့မလို့လား…”

“ဘာလို့ စုမူကိုပဲ မိန်းကလေးတွေ လာပြီး ချစ်ရေးဆိုနေကြတာလဲ။ ဒီလောကကြီးက မတရားလိုက်တာ...” ကျောင်းသားတစ်ယောက်က မချင့်မရဲ ညည်းညူလိုက်သည်။“ဟဲဟဲ... နေ့တိုင်း ဇိမ်ခံကားနဲ့ အကြိုအပို့ လုပ်ခံရပြီး၊ ရုပ်လည်းချောနေတော့ မိန်းကလေးတွေ လာကြိုက်တာ သဘာဝပဲလေ။”ပတ်ဝန်းကျင်မှ တီးတိုးပြောသံများကို ကြားလိုက်ရသဖြင့် ကျန်းယွဲ့၏ မျက်နှာလေးမှာ ပို၍ပင် နီမြန်းလာသည်။ ရာသီဥတုသာ နည်းနည်းပိုပူနေမည်ဆိုလျှင် ခေါင်းပေါ်က အငွေ့များပင် ထွက်လာမတတ် ဖြစ်နေသည်။“စု... စုမူ... ရှင်... ရှင် နေကောင်းသွားပြီလား...”အားတင်းကာ ကျန်းယွဲ့က မေးလိုက်သည်။စုမူက ပြုံးလိုက်ပြီး နူးညံ့ပြီး ဆွဲဆောင်မှုရှိသော အသံဖြင့် ပြန်ဖြေလိုက်သည်။“အများကြီး သက်သာသွားပါပြီ။ စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”ထိုစကားကို ကြားလိုက်ရသည်နှင့် ကျန်းယွဲ့၏ မျက်နှာလေးမှာ ပို၍ပင် ရှက်သွေးဖြာလာသည်။ သူမသည် ခေါင်းမော့မကြည့်ရဲတော့ဘဲ ကိုယ့်ခြေဖျားလေးကိုသာ ငုံ့ကြည့်နေမိသည်။“ဒါ... ဒါဆို ကောင်းတာပေါ့... ကျွန်မ... ကျွန်မက...”လက်ထဲမှ ပန်းရောင်စာအိတ်ကို တင်းတင်းဆုပ်ကိုင်ထားရင်း အထစ်ထစ်အငေါ့ငေါ့ ပြောနေသော်လည်း ကျန်စကားများကို ဆက်မပြောနိုင်တော့ပေ။ကံကောင်းစွာဖြင့် စုမူက သူမကို အခက်အခဲမှ ကယ်တင်ပေးလိုက်သည်။စာအိတ်ကို လက်ညှိုးညွှန်ကာ ပြုံးလျက် မေးလိုက်သည်။“ဒါ... ငါ့ကို ပေးဖို့လား...”ကျန်းယွဲ့၏ သေးငယ်သော ကိုယ်လေး တုန်ယင်သွားသည်။ ကြိုးစားကာ ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး အားတင်းကာ စုမူကို ကြည့်လိုက်သည်။သို့သော် သူ့နှုတ်ခမ်းထောင့်တွင် ရှိနေသော နူးညံ့သိမ်မွေ့သည့် အပြုံးကို မြင်လိုက်ရသည်နှင့် ခုနက အားတင်းထားသမျှ သတ္တိတို့သည် ဒီရေကျသလို ချက်ချင်း ပျောက်ကွယ်သွားပြီး ခေါင်းကို အလျင်အမြန် ပြန်ငုံ့လိုက်ရသည်။သို့သော် ကျန်ရှိနေသေးသော သတ္တိလေးတစ်စကို အားကိုးကာ လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်ပြီး ပန်းရောင်စာအိတ်ကို စုမူထံ ကမ်းပေးနိုင်ခဲ့လေသည်။

“စုမူ... ကျွန်မ... ကျွန်မ ရှင့်ကို သဘောကျတယ်...”ခေါင်းမော့မကြည့်ရဲလောက်အောင် ရှက်နေသော ကျန်းယွဲ့သည် နောက်ဆုံးတွင် သတ္တိကို စုစည်းကာ သူမ၏ ရင်ထဲမှ ခံစားချက်ကို ဖွင့်ဟလိုက်သည်။သို့သော် ယခင်ကနှင့်မတူဘဲ ယခုတစ်ကြိမ် ခေါင်းငုံ့လိုက်သောအခါ သူမမြင်ရသည်မှာ ကိုယ့်ခြေဖျားများသာ မဟုတ်တော့ဘဲ အနည်းငယ် စောင်းထားသော မြွေပုံသဏ္ဌာန် သစ်သားတုတ်ကောက်တစ်ချောင်းလည်း ပါဝင်နေသည်။တုတ်ကောက်ထိပ်ရှိ ရွှေရောင်နာရီမျက်နှာပြင်သည် နေရောင်အောက်တွင် ထူးခြားသော အရောင်အဝါဖြင့် တလက်လက် တောက်ပနေပြီး ထိုပေါ်တွင် ထွင်းထုထားသော အူရိုဘိုရော့စ် အမှတ်အသားသည် အသက်ဝင်လာကာ သူမ၏ စိတ်ကမ္ဘာထဲသို့ ဝင်ရောက်လာသကဲ့သို့ ရှိနေသည်။ခဏအတွင်းမှာပင် ကျန်းယွဲ့၏ မျက်နှာပေါ်မှ ရှက်ရွံ့မှုအားလုံး ပျောက်ကွယ်သွားပြီး အမူအရာကင်းမဲ့နေသော မျက်နှာတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။ထို့နောက် ရေခဲတမျှ အေးစက်ပြီး စက်ရုပ်ဆန်သော အသံတစ်သံ ထွက်ပေါ်လာသည်“ခေါင်းဆောင်... ရန်တုန်ချင်း က လွန်ခဲ့တဲ့ ဆယ်မိနစ်ကပဲ ကျောင်းကို ရောက်လာပါတယ်...”စကားဆုံးသည်နှင့် ကျန်းယွဲ့သည် ခဏမျှ ကြောင်အမ်းသွားပြီး မကြာခင်မှာပင် ယခင်ကလို ရှက်ရွံ့ကာ စိတ်လှုပ်ရှားနေသည့် ပုံစံအတိုင်း ပြန်ဖြစ်သွားသည်။စုမူ၏ အပြုံးမှာ ပို၍ပင် နူးညံ့လာပြီး အညိုရောင်မျက်မှန်နောက်ကွယ်ရှိ မျက်ဝန်းများတွင် အလင်းရောင် တဖျတ်ဖျတ် လက်သွားသည်။“နားလည်ပြီ...”ကျန်းယွဲ့က စိတ်လှုပ်ရှားစွာ ခေါင်းမော့ကြည့်လိုက်သည်။“ရှင်... ရှင် သိပြီးသားလား... ဒါဆို... စုမူ... ရှင်ကရော ကျွန်မကို...”“ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျန်းယွဲ့။”“ဒါပေမဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ စာသင်တာကိုပဲ အရင်ဦးစားပေးသင့်တယ်လို့ ငါ ထင်တယ်။ မင်းရော ဘယ်လိုထင်လဲ...”ကျန်းယွဲ့၏ ကိုယ်လေး အနည်းငယ် တုန်ယင်သွားသည်။ မျက်ဝန်းထဲတွင် မျက်ရည်များ ပြည့်လာပြီး နှုတ်ခမ်းကို တင်းတင်းကိုက်ထားရင်း တုန်ယင်နေသော မျက်လုံးများဖြင့် သူ့ကို မော့ကြည့်လိုက်သည်။သို့သော် ထိုအချိန်တွင် စုမူ၏ အညိုရောင်မျက်မှန်သည် အနည်းငယ် လျှောကျသွားပြီး နက်ရှိုင်း၍ အဆုံးအစမမြင်နိုင်သော မျက်ဝန်းတစ်စုံ ပေါ်လာသည်။ထိုမျက်ဝန်းများကို ကြည့်လိုက်သည်နှင့် ကျန်းယွဲ့၏ မျက်ရည်များမှာ အံ့ဩဖွယ်ကောင်းလောက်အောင် ရပ်တန့်သွားသည်။ သူမ၏ မျက်ဝန်းများတွင်လည်း အနည်းငယ် မှိုင်တွေဝေဝါးသော အရိပ်အယောင်တစ်ခု ပေါ်လာပြီး မသိစိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။“ကျွန်မလည်း... ရှင်ပြောတာ မှန်တယ်လို့ ထင်ပါတယ်...”“ဒါဆို ဘာကို စောင့်နေတာလဲ။ သွားပြီး စာကြိုးစားတော့လေ။”“ဟုတ်ကဲ့...”ထို့နောက် ကျန်းယွဲ့သည် ဘာမှ မဖြစ်ခဲ့သကဲ့သို့ တိတ်တဆိတ် လှည့်ထွက်သွားလေသည်။

အနီးအနားတွင် ပုန်းကွယ်၍ စောင့်ကြည့်နေကြသော မိန်းကလေးများသည် ချက်ချင်းပင် ဝိုင်းလာကြပြီး မေးခွန်းများကို တရစပ် မေးမြန်းကြသည်။“ဘယ်လိုလဲ၊ အဆင်ပြေသွားပြီလား… အောင်မြင်သွားပြီလား…”“ငါသိသားပဲ၊ စုမူက နောက်ဆုံးတော့ မင်းကို သဘောကျသွားမှာပါ။ ငါတို့ရဲ့ ယွဲ့ယွဲ့လေးက အတန်းမင်းသမီးလေ၊ ဘယ်သူမသိတာ ရှိလို့လဲ?”ကျန်းယွဲ့က သူမ၏ သူငယ်ချင်းမလေးများကို ပျော်ရွှင်စွာ ပြုံးပြလိုက်သည်။“မဟုတ်ဘူး... မအောင်မြင်ခဲ့ဘူး။”ထိုစကားကြောင့် မိန်းကလေးများအားလုံး ရုတ်တရက် တိတ်ဆိတ်သွားကြသည်။ သူတို့၏ မျက်နှာများပေါ်တွင် အံ့ဩမှုနှင့် မယုံကြည်နိုင်မှုများ ပေါ်လာသည်။“နောက်နေတာလား? မအောင်မြင်ဘဲနဲ့တောင် ဒီလောက်ပျော်နေနိုင်သေးတာလား… မင်းက စုမူကို ကြိုက်နေတာ ကြာပြီလေ။ဒါပေမဲ့ သူက အမြဲတမ်း ခွင့်ယူနေလို့ မင်းမှာ အခွင့်အရေးမရခဲ့ဘူး။ ဒီနေ့မှ အခွင့်အရေးရတာ၊ အခုလည်း မအောင်မြင်ဘူးဆိုရင် မင်းက ဒီလို ပြုံးနေနိုင်မယ်လို့ ငါတော့ မယုံဘူး။ အခုဆို မနာလိုစိတ်နဲ့ တုန်ယင်နေသင့်တာ...”ကျန်းယွဲ့က ခပ်သွက်သွက် ရယ်လိုက်သည်။“ငါက အဲဒီလောက် အားနည်းတဲ့လူလို့ ထင်နေတာလား.. မင်းတို့ကို လိမ်နေတာ မဟုတ်ဘူး။ တကယ်ပဲ စုမူက ငါ့ကို ငြင်းလိုက်တာ။”မိန်းကလေးများမှာ ပို၍ပင် အံ့သြသွားကြသည်။“တကယ်ကြီးလား…”“ကျန်းယွဲ့... မင်းမ ဘာများဖြစ်သွားတာလဲ”မိန်းကလေးတစ်ယောက်က စိုးရိမ်တကြီးဖြင့် လက်လှမ်းကာ ကျန်းယွဲ့၏ နဖူးကို စမ်းကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် ကျန်းယွဲ့က ပြုံးရင်း ရှောင်လိုက်သည်။“ဟေး... တော်တော့။ ငါ တကယ်အဆင်ပြေပါတယ်။ စုမူက ငါ့ကို ငြင်းလိုက်ပေမဲ့ သူပြောလိုက်တဲ့ စကားတစ်ခွန်းက တကယ် မှန်တယ်လို့ ငါထင်တယ် ""ဘာပြောလိုက်လို့လဲ…"ကျန်းယွဲ့က လက်ကို မြှောက်ကာ လွင့်ကျနေသော ဆံပင်တိုလေးများကို နားနောက်သို့ သပ်တင်လိုက်သည်။ မိတ်ကပ်မလိမ်းထားသော သူမ၏ မျက်နှာလေးပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။“စာကို အာရုံစိုက်ပြီး ကြိုးစားသင့်တယ်တဲ့...”

… … …

စုမူသည် စာသင်ဆောင်အတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။ အတန်းချိန် မစသေးသဖြင့် စင်္ကြံတစ်လျှောက်တွင် ကစားနေကြသော ကျောင်းသား၊ ကျောင်းသူများစွာ ရှိနေသေးသည်။တချို့က တစ်ယောက်၏ လက်ကို တစ်ယောက်ချိတ်ကာ ကျောင်းဆင်းပြီးနောက် ဘယ်နေရာသွားလည်ကြမည်ကို ပြောနေကြသည်။ တချို့ကတော့ အသစ်ဝယ်ထားသော ဓာတ်ပုံအယ်လ်ဘမ်များကို ထုတ်ပြကာ ကြွားဝါနေကြသည်။ ထို့အပြင် ယောက်ျားလေးအချို့က မိန်းကလေးများ၏ ဆံပင်များကို ဆွဲကာ စင်္ကြံ တစ်လျောက်လုံး ပြေးလွှားနေကြသည်။ဆံပင်ဆွဲခံရသော မိန်းကလေး၏ မျက်နှာမှာ ရှက်သွေးဖြာနေသည်။ သူမသည် လိုက်ဖမ်းရင်း ထိုကောင်လေးကို ခြိမ်းခြောက်စကားများ ပြောနေသော်လည်း သူမ၏ မျက်ဝန်းထဲရှိ အပြုံးကို ကြည့်ရုံဖြင့် တကယ်တမ်း ဒေါသထွက်နေခြင်း မဟုတ်ကြောင်း သိနိုင်သည်။ကောင်လေးက အားကုန်ပြေးနေပြီး တစ်ခါတစ်ရံ နောက်လှည့်ကာ စနောက်နေသည်။ သူ၏ မျက်နှာပေါ်တွင်တော့ အောင်မြင်စွာ နောက်ပြောင်နိုင်ခဲ့သည့်အတွက် ကျေနပ်ပျော်ရွှင်နေသော အမူအရာသာ ရှိနေသည်။မကြာမီပင် ထိုကောင်လေးသည် စုမူ၏ ရှေ့သို့ တန်းတန်းမတ်မတ် ပြေးရောက်လာသည်။ လမ်းပိတ်နေသူတစ်ယောက် ရှိနေသည်ကို မြင်လိုက်ရသဖြင့် လန့်သွားကာ ချက်ချင်းဘေးဘက်သို့ ရှောင်ထွက်ပြီး အရှိန်လျှော့လိုက်သည်။ ထို့နောက် စုမူ၏ ကိုယ်ဘေးမှ ပွတ်တိုက်ကာ ဖြတ်ကျော်သွားခဲ့သည်။“ခေါင်းဆောင်... ရန်တုန်ချင်းက အိမ်သာထဲမှာပါ...”သူတို့နှစ်ဦး ဖြတ်သွားသည့် အခိုက်အတန့်တွင်ပင် အသံနိမ့်နိမ့်တစ်သံ ထွက်ပေါ်လာသည်။ အသံမှာ အလွန်လျင်မြန်လွန်းသဖြင့် အထင်မှားပြီး ကြားလိုက်ရသည့် အသံ တစ်ခုကဲ့သို့ပင် ထင်ရသည်။ထိုနောက်က လိုက်လာသော မိန်းကလေးသည်လည်း မျက်နှာပေါ်တွင် နုပျိုတက်ကြွသော အရှိန်အဝါများ ပြည့်နှက်နေသည်။သို့သော် ထိုနုပျိုတက်ကြွသော ပုံစံမှာ စုမူ ၏ ဘေးမှ ဖြတ်သွားချိန်တွင် ရုတ်တရက် အေးစက်သွားသည်။

သူမ၏ အမူအရာသည် ရုတ်တရက် ထိန်းချုပ်ခံထားရသော ကြိုးဆွဲရုပ်သေးရုပ်တစ်ခုကဲ့သို့ ဖြစ်သွားသည်။“ခေါင်းဆောင်... ချွေ့ဟောက် နဲ့ သူ့လူတွေက အိမ်သာထဲမှာ ရန်တုန်ချင်းဆီကနေ ပိုက်ဆံညှစ်ယူနေကြပါတယ်...”စကားပြောပြီးသည်နှင့် မိန်းကလေးသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ မူလအခြေအနေသို့ ပြန်ရောက်သွားသည်။“မပြေးနဲ့နော်…သတ္တိရှိရင် အတန်းထဲပြန်မဝင်နဲ့။ မဟုတ်ရင် မင်းကို အပ်နဲ့ ထိုးပစ်မယ်”စုမူ၏ မျက်နှာပေါ်တွင် ထူးခြားသော အပြောင်းအလဲ မပေါ်လာပေ။ သူသည် ခမ်းနားထည်ဝါသော မင်းမျိုးမင်းနွယ်တစ်ဦးကဲ့သို့ တုတ်ကောက်ကို အားပြုကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။

သို့သော် သူသည် စာသင်ခန်းဘက်သို့ မပြန်ဘဲ အိမ်သာဘက်သို့ ဦးတည် လိုက်လေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment