no

Font
Theme

ချင်းယွဲ့ ၏ နဂါးဝှက်ဆွဲပြား

“ရွှေအမြုတေအဆင့် မှော်ရတနာ ဟုတ်လား….”

လင်းကျင်း၏ စိတ်ဝင်စားမှု ချက်ချင်း မြင့်တက်သွားပြီး ရှေ့သို့ တိုးဝင်နေသော လူအုပ်နောက်မှ လိုက်သွားခဲ့သည်။

ဆိုင်ခင်းတစ်ခုရှေ့သို့ ရောက်သောအခါ ထိုနေရာတွင် လူများ ပြည့်ကျပ်နေသည်ကို တွေ့လိုက်ရသည်။

လူအုပ်ကြားမှ လှမ်းကြည့်လိုက်ရာ ဆိုင်ခင်းပေါ်ရှိ သစ်သားသေတ္တာလှလှလေးတစ်လုံးအတွင်းတွင် စက်ဝိုင်းပုံ ကျောက်စိမ်းဆွဲပြားတစ်ခုကို တွေ့ရသည်။ ထိုဆွဲပြားမှ မှုန်ဝါးသော စိမ်းပြာရောင်အလင်းတန်းများ ဖြာထွက်နေပြီး ဆွဲပြား၏ ပုံသဏ္ဌာန်ကိုပင် ဖုံးကွယ်ထားလိုသည့်အလား ထင်ရသည်။

သစ်သားသေတ္တာဘေးတွင် ဆိုင်းဘုတ်တစ်ခု ထောင်ထားပြီး ထိုပေါ်တွင် ရေးသားထားသည်မှာ—

[ချင်းယွဲ့၏ နဂါးဝှက်ဆွဲပြား]

(ဘာသာပြန်သူမှတ်ချက် ။ ချင်းယွဲ့ ဆိုသည်မှာ စိမ်းပြာရောင်လမင်း။ ချင်း = စိမ်းပြာရောင်၊ ယွဲ့ = လ လို့ အဓိပ္ပါယ်ရပါတယ်။ သို့သော် ချင်းယွဲ့က လူနာမည်ပါ 🤣🤣🤣 နောက်ပိုင်းအခန်းမှာ ပါပါလိမ့်မယ်)

ရွှေအမြုတေအဆင့် ဖုံးကွယ်ရေး/ကိုယ်ယောင်ဖျောက် မှော်ရတနာ။

အသုံးပြုသူ၏ ရုပ်သွင်နှင့် ကိုယ်ပေါ်ရှိ အငွေ့အသက်ကို ပြောင်းလဲနိုင်သည်။

၎င်း၏ အကျိုးသက်ရောက်မှုမှာ အလွန်ထူးခြားကောင်းမွန်ပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ နတ်အာရုံကိုပင် လှည့်ဖြားနိုင်စွမ်း ရှိသည်။

ဤမှော်ရတနာကို ရောင်းချမည် မဟုတ်ဘဲ လဲလှယ်ခြင်းသာ ပြုလုပ်မည်။

လဲလှယ်ရန် လိုအပ်သောပစ္စည်းများမှာ—

* သန့်စင်အဆင့် စွမ်းအင်စုဆောင်းခြင်းဆေးလုံး သုံးလုံး

* သန့်စင်အဆင့် အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး သုံးလုံး

* အမြင့်ဆုံး အဆင့် အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး ဆယ်လုံး

* အမြင့်ဆုံး အဆင့် ယွမ်ချီစုဆောင်းဆေးလုံး အလုံး နှစ်ဆယ်

ထိုအချိန်တွင် လူအုပ်ကြား၌ ချက်ချင်း ဆူညံသွားတော့သည်။

“ဟာ... ဒီလူ ရူးသွားပြီလား... တောင်းထားတာက များလွန်းတယ်... ပြီးတော့ အကုန်လုံးက သန့်စင်အဆင့် ဆေးလုံးတွေချည်းပဲ....”

“ဟုတ်တယ်။ ဒီလောက် သန့်စင်အဆင့် ဆေးလုံးတွေ လိုတာဆိုရင် ကျင့်ကြံသူဈေးတစ်ခုလုံး ပေါင်းလိုက်ရင်တောင် စုနိုင်မယ် မထင်ဘူး...”

“ဈေးကလည်း အရမ်းကြီးမားလွန်းတယ် မဟုတ်လား.... အကုန်ပေါင်းလိုက်ရင် ဝိညာဉ်ကျောက်တုံး သောင်းချီ တန်ဖိုးရှိမယ်....”

“အဲ့ဒီ့လိုတော့ မပြောနဲ့လေ။ ဒါက ရွှေအမြုတေအဆင့် ကျင့်ကြံသူ ကိုယ်တိုင် ဖန်တီးထားတဲ့ မှော်ရတနာလေ။ ဝိညာဉ်ကျောက်တုံး သောင်းချီဆိုတာ မများလွန်းဘူး မဟုတ်လား....”

“ရွှေအမြုတေအဆင့် မှော်ရတနာဆိုရင်တောင် ဒီ သန့်စင်အဆင့် ဆေးလုံးတွေက... ပိုက်ဆံရှိရုံနဲ့ ဝယ်လို့ရတဲ့အရာတွေ မဟုတ်ဘူး.... လုံးဝ ရှာရခက်တဲ့ဆေးလုံးတွေပဲ....”

“ဟုတ်တယ်၊ ဟုတ်တယ်။”

“ငါလည်း အဲ့လိုပဲ ထင်တယ်... ဝိညာဉ်ကျောက်တုံး သောင်းချီဆိုရင်တောင် စုနိုင်သေးတယ်.... ဒါပေမဲ့ သန့်စင်အဆင့် ဆေးလုံးတွေက ပိုက်ဆံရှိတိုင်း ဝယ်လို့ရတာ မဟုတ်ဘူး...”

“ပြီးတော့ ဒါက ဖုံးကွယ်ရေး အထောက်အကူပြု မှော်ရတနာပဲလေ။ တိုက်ခိုက်ရေးရော ကာကွယ်ရေးရော မဟုတ်ဘူး။ ဝယ်ပြီးတော့ ဘာလုပ်ရမှာလဲ....”

“တိုက်ခိုက်ရေး မှော်ရတနာသာဆိုရင် ဒီထက်တောင် ပိုဈေးကြီးဦးမှာ....”

“ဟူး...”

“ထားလိုက်တော့၊ မတတ်နိုင်ဘူး၊ မတတ်နိုင်ဘူး.....”

အပျော်သဘောဖြင့် လာကြည့်နေသော လူအများစုသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

ခဏလေးအတွင်း ယခင်က လူပြည့်ကျပ်နေသော ဆိုင်ခင်းရှေ့မှာ အတော်လေး ရှင်းလင်းသွားတော့သည်။

သို့သော် ဆိုင်ခင်းရှေ့တွင် လူအနည်းငယ် ကျန်ရှိနေသေးပြီး ထိုသူများမှာ မှော်ရတနာကို အမှန်တကယ် ဝယ်ယူလိုသူများ ဖြစ်ပုံရသည်။

ထိုအချိန်တွင် လင်းကျင်းလည်း ဆိုင်ခင်းရှေ့သို့ ရောက်လာခဲ့သည်။

ဆိုင်ရှင်သည် ဝါးခမောက်ကြီးတစ်လုံးကို ဆောင်းထားပြီး မျက်နှာတစ်ခုလုံးကို ဖုံးကွယ်ထားကာ တခြားလူများ မှတ်မိသွားမည်ကို ရှောင်ရှားလိုဟန်ဖြင့် တူသည်။

လူငယ်တစ်ယောက်က ဆိုင်ရှင်နှင့် စကားပြောနေကြလေသည်။

“ဆိုင်ရှင်၊ ကျွန်တော် ခင်ဗျားတောင်းထားတဲ့ ပစ္စည်းတွေကို တွက်ကြည့်ပြီးပြီ။ အကုန်ပေါင်းလိုက်ရင် ဝိညာဉ်ကျောက်တုံး ခုနစ်သောင်းလောက် တန်တယ်...”

“ဒီလိုလုပ်ရအောင်။ ကျွန်တော့်မှာ သန့်စင်အဆင့် အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး တစ်လုံး ရှိတယ်။ အဲ့ဒါအပြင် ဝိညာဉ်ကျောက်တုံး ခုနစ်သောင်းလည်း ထပ်ပေးမယ်...”

“ခင်ဗျားရဲ့ မှော်ရတနာနဲ့ လဲပေးလိုက်ပါလား။ ဘယ်လို သဘောရလဲ ဆိုင်ရှင်…”

ထိုစကားကို ကြားပြီးနောက် ဆိုင်ရှင်က ခေါင်းခါလိုက်သည်။ ထို့နောက် ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

“ငါ ဝိညာဉ်ကျောက်တုံး မလိုချင်ဘူး။ ဆေးလုံးတွေပဲ လိုချင်တယ်။ ဒီကျောက်စိမ်းဆွဲပြားကို တကယ်လိုချင်တယ်ဆိုရင် ကိုယ်တိုင် လိုက်စုချည်။ ပြီးမှ ငါ့ဆီ လာလဲလှယ်...”

“ဒီဆွဲပြား မလဲလှယ်ရသေးသရွေ့ ငါ ဒီနေရာကို အချိန်အခါအလိုက် ပြန်လာနေဦးမှာပဲ။”

ထိုစကားကြားလိုက်ရသဖြင့် လူငယ်၏ မျက်နှာအမူအရာမှာ ချက်ချင်း မလှမပ ဖြစ်သွားသည်။

“ဆိုင်ရှင်၊ ခင်ဗျားက တကယ် ခက်ခဲအောင် လုပ်နေတာပဲ။ တခြားဆေးလုံးတွေကတော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ သန့်စင်အဆင့် ဆေးလုံးတွေကိုတော့ ကျင့်ကြံသူဈေးတစ်ခုလုံး လိုက်စုရင်တောင် ရနိုင်မယ် မထင်ဘူး...”

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ သန့်စင်အဆင့် ဆေးလုံး တစ်လုံးကို အဆင့်တူ အမြင့်ဆုံးအဆင့် ဆေးလုံး အလုံးနှစ်ဆယ်နဲ့ တွက်ပေးမယ်....”

“သန့်စင်အဆင့် ဆေးလုံးတစ်လုံးရဲ့ တန်ဖိုးက အမြင့်ဆုံးအဆင့် ဆေးလုံး ဆယ်လုံးနဲ့ ညီမျှလောက်တာ ခင်ဗျားလည်း သိမှာပဲ....”

“ကျွန်တော်က အလုံးနှစ်ဆယ်နဲ့ တွက်ပေးနေတာ။ ဆိုလိုတာက ဈေးနှစ်ဆ ပေးနေတာနဲ့ အတူတူပဲ။ ဒီအရောင်းအဝယ်ကနေ ခင်ဗျား အများကြီး အမြတ်ထွက်မှာပါ....”

သို့သော် ဆိုင်ရှင်က ထပ်မံ၍ ခေါင်းခါလိုက်ပြန်သည်။

“သခင်လေး ပြောခဲ့သလိုပဲ၊ သန့်စင်အဆင့် ဆေးလုံးတွေက ရှားပါးလွန်းတယ်။ သူတို့ရဲ့ တန်ဖိုးကို အမြင့်ဆုံးအဆင့် ဆေးလုံးတွေနဲ့ နှိုင်းယှဉ်လို့ မရဘူး....”

“တကယ် မရောင်းဘူးပေါ့....” လူငယ်က အေးစက်စွာ မေးလိုက်သည်။

“မရောင်းဘူး....” ဆိုင်ရှင်က ခေါင်းကိုသာ ဆက်ခါနေပြီး သူ၏ သဘောထားမှာ အလွန်ခိုင်မာပြတ်သားနေသည်။

“ငါ ဘယ်သူလဲဆိုတာ သိရဲ့လား.....”

လူငယ်က ဆက်ပြောရန် ပြင်လိုက်သော်လည်း သူ့ဘေးရှိ တစ်ယောက်က လှမ်းတားလိုက်သည်။

“ထားလိုက်တော့၊ မဝယ်နဲ့တော့... ဒီနေရာက မှောင်ခိုစျေးကွက်။ ပြဿနာ မရှာနဲ့...”

ထိုစကားကို ကြားပြီးနောက် လူငယ်က မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ပြီး ထိုနေရာမှ ထွက်ခွာသွားတော့သည်။

ဤကိစ္စပြီးနောက် ကျန်သူများလည်း သန့်စင်အဆင့် ဆေးလုံးများ မရှိလျှင် ထိုမှော်ရတနာကို လဲလှယ်နိုင်မည် မဟုတ်ကြောင်း နားလည်သွားကြသည်။

အားလုံး စိတ်မကောင်းဖြစ်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတော့သည်။

ထိုအချိန်တွင် ဆိုင်ခင်းရှေ့၌ လင်းကျင်းတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။

ဆိုင်ရှင်က လင်းကျင်းကို ကြည့်ကာ မေးလိုက်သည်။

“တာအိုရောင်းရင်းလည်း ဒီကျောက်စိမ်းဆွဲပြားကို စိတ်ဝင်စားတာလား...”

“ဟုတ်ပါတယ်။”ဟု လင်းကျင်းက ပြန်ဖြေလိုက်သည်။

“ဆိုင်ရှင်ကို မေးချင်တာက ဒီနေရာမှာ ဘယ်လောက်ကြာကြာ ဆက်ရောင်းဖို့ စီစဉ်ထားလဲဆိုတာပါ...”

“ခင်ဗျားရဲ့ ကျောက်စိမ်းဆွဲပြားနဲ့ လဲလှယ်ဖို့အတွက် ဆေးလုံးတွေကို စုဆောင်းချင်လို့ပါ....”

ဆိုင်ရှင်က ခဏတာ အံ့ဩသွားပြီးနောက် စိတ်ပြန်တည်ငြိမ်သွားသည်။ ထို့နောက် လက်နှစ်ချောင်း ထောင်ပြကာ ပြောလိုက်သည်။

“နှစ်နှစ်…. အများဆုံး နှစ်နှစ်ပဲ စောင့်မယ်...”

“နှစ်နှစ်ကြာပြီးရင် ခင်ဗျား ဆေးလုံးတွေ စုနိုင်သည်ဖြစ်စေ၊ မစုနိုင်သည်ဖြစ်စေ ကျုပ် ထွက်သွားမယ်...”

“ကောင်းပြီ” လင်းကျင်းက ခေါင်းညိတ်လိုက်သည်။

“တစ်နှစ်အတွင်း လိုအပ်တဲ့ ဆေးလုံးအားလုံးကို ကျွန်တော် စုဆောင်းပြီးသား ဖြစ်စေရမယ်...”

“တာအိုရောင်းရင်း၊ မင်းစကားက တကယ် ရဲတင်းလွန်းတဲ့ ဟာသတစ်ခုပဲ....”

ဆိုင်ရှင်၏ အသံက ချက်ချင်း အေးစက်သွားကာ ဒေါသကို ဖိနှိပ်ထားသည့်ပုံပင်။ လင်းကျင်းက သူ့ကို အရူးလုပ်နေသည်ဟု ထင်နေဟန်နှင့် တူသည်။

“ကျွန်တော် ဟာသပြောနေတာ မဟုတ်ဘူး။” လင်းကျင်းက အလေးအနက် ပြောလိုက်သည်။

“ခင်ဗျားလည်း လောလောဆယ် ထွက်သွားမှာ မဟုတ်ဘူးဆိုတော့ စောင့်ကြည့်လိုက်ရုံပဲ မဟုတ်လား.... ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားဘက်က ဆုံးရှုံးစရာ ဘာမှ မရှိဘူးလေ...”

“ဒါမှမဟုတ်... ခင်ဗျား တောင်းထားတဲ့ ဆေးလုံးတွေကို တခြားဘယ်သူကမှ စုဆောင်းနိုင်မယ်လို့ ယုံကြည်နေတာလား...”

ဆိုင်ရှင်က သူ့ရှေ့ရှိ လူကို မော့ကြည့်လိုက်ကာ အသံအရဆိုလျှင် ထိုသူသည် အသက်မကြီးသေးပေ။ သို့သော် သူ၏ ပြောဆိုပုံမှာ စောစောက လူငယ်ထက်ပင် မလျော့သော မာနရှိနေပြီး ပို၍ပင် ယုံကြည်မှုလွန်ကဲနေသေးသည်။

သို့သော် သူပြောသည့် စကားများကို ကြားပြီးနောက် ဆိုင်ရှင်၏ စိတ်ထဲတွင် တဖန် ချီတုံချတုံ ဖြစ်လာပြန်သည်။

‘သူပြောတာ အမှန်များ ဖြစ်နေမလား... တစ်နှစ်အတွင်း ဒီလောက်များတဲ့ သန့်စင်ဆေးလုံးတွေကို တကယ် စုဆောင်းနိုင်မှာလား....’

ခဏတာ စဉ်းစားပြီးနောက် ဆိုင်ရှင်က နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည်။

“ကောင်းပြီ၊ တာအိုရောင်းရင်း။ ဒီတစ်ခါတော့ ခင်ဗျားစကားကို ယုံလိုက်မယ်...”

“ဒီနေ့ကစပြီး ရက်အနည်းငယ်ခြားတိုင်း ဒီမှောင်ခိုစျေးကွက်ကို ကျုပ်လာမယ်... တစ်နှစ်ပြည့်တဲ့နေ့ကို ကျုပ် စောင့်နေမယ်...” ဟု ပြောလိုက်သည်။

လင်းကျင်းက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ၊ ဒါဆိုရင် ရလဒ်ကို စောင့်ကြည့်ပေးပါဦး၊ တာအိုရောင်းရင်း။”

တစ်နှစ်ဆိုသည်မှာ လင်းကျင်း၏ သတိထား၍ တွက်ချက်ထားသော ခန့်မှန်းချက်သာ ဖြစ်သည်။

ခြောက်လအတွင်းမှာပင် သူသည် ဒုတိယအဆင့် ဆေးပညာရှင် ဖြစ်လာနိုင်ပြီး ဒုတိယအဆင့် ဆေးလုံးများကို ကိုယ်တိုင် သန့်စင်ဖော်စပ်နိုင်ပေမည်။

သို့ဖြစ်ရာ တစ်နှစ်အထိ ဘာကြောင့် စောင့်ရဦးမည်နည်း။

သို့သော် မမျှော်လင့်ထားသော အခြေအနေများ ပေါ်ပေါက်လာနိုင်သဖြင့် အချိန်အပိုတစ်ခု ချန်ထားခြင်းက ပိုကောင်းသည်။

ကျောက်စိမ်းဆွဲပြား မှော်ရတနာရောင်းသော ဆိုင်ခင်းမှ ထွက်လာပြီးနောက် လင်းကျင်းသည် မှောင်ခိုစျေးကွက်ထဲတွင် နေရာအနှံ့ ထပ်မံ လှည့်ပတ်ကြည့်ရှုခဲ့သည်။

ရည်ရွယ်ချက်မှာ ပစ္စည်းအမျိုးမျိုး၏ ဈေးနှုန်းများကို သိရှိနားလည်ရန် ဖြစ်သည်။

နောက်ဆုံးတွင် သူ သိရှိသွားသည်မှာ မှောင်ခိုစျေးကွက်အတွင်းရှိ ပစ္စည်းဈေးနှုန်းများသည် အပြင်စျေးထက် နှစ်ဆယ်ရာခိုင်နှုန်းမှ သုံးဆယ်ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားနေခြင်း ဖြစ်သည်။

အခြေအနေများကို အတော်အသင့် နားလည်သွားပြီးနောက် ဝေကျန့်ချင်းနှင့် ချိန်းထားသော အချိန်နီးကပ်လာပြီဖြစ်ကြောင်း တွက်ချက်မိသည်။

ထို့ကြောင့် သူတို့ စတင်ချိန်းဆိုထားခဲ့သော နေရာသို့ ပြန်သွားလိုက်သည်။

တစ်နာရီ၏ လေးပုံတစ်ပုံခန့် စောင့်ဆိုင်းပြီးနောက် ဝေကျန့်ချင်းနှင့် ယန်ရှုံတို့ ရောက်လာကြသည်။

သုံးယောက်သား ခဏတာ ဆွေးနွေးပြီးနောက် ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။

ပြန်ထွက်သည့်အခါ သူတို့သည် တယ်လီပို့အစီအရင် အများအပြား တည်ရှိနေသော လမ်းမ၏ အဆုံးဘက်သို့ ရောက်လာကြသည်။

ထိုအစီအရင်များသည် အဝင်တုန်းက အသုံးပြုခဲ့သော တယ်လီပို့အစီအရင်နှင့် မတူပေ။

၎င်းတို့သည် ကျပန်း ပို့ဆောင်သည့် အစီအရင်များဖြစ်ကာ ကျင့်ကြံသူဈေးအနီးတစ်ဝိုက်ရှိ မည်သည့်နေရာသို့မဆို အသုံးပြုသူကို ပို့ဆောင်ပေးနိုင်သည်။

ထိုစီမံမှုသည် လူသတ်လုယက်မှုကို ကာကွယ်ရန်အတွက်လည်း ဖြစ်တာမို့ မှောင်ခိုစျေးကွက်၏ ပိုင်ရှင်က အမှန်တကယ် ဂရုတစိုက် စီစဉ်ထားသည်ဟု ဆိုနိုင်သည်။

နေရာခုန်ကူးခြင်း(တယ်လီပို့) အစီအရင်မှ ထွက်လာပြီးနောက် လင်းကျင်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

သူ ပို့ဆောင်ခံရသော နေရာမှာ ကျင့်ကြံသူဈေး၏ အစွန်အဖျားတစ်နေရာ ဖြစ်နေသည်။

လင်းကျင်းအိမ်သို့ ပြန်ရောက်သော်လည်း ဝေကျန့်ချင်းက ပြန်မရောက်သေးပေ။

သူ တယ်လီပို့ဖြင့် အလွန်ဝေးသော နေရာသို့ ရောက်သွားခြင်း ဖြစ်နိုင်သလို၊ ယန်ရှုံကို တိုက်ရိုက် သွားရှာနေခြင်းလည်း ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ၊ သူ၏ ချီစုဆောင်းခြင်း နှောင်ပိုင်းအဆင့် ကျင့်ကြံမှုဖြင့် အန္တရာယ်ကြုံရနိုင်ခြေမှာ များစွာ နည်းပါးလှသည်။

ထို့နောက် လင်းကျင်းလည်း ထိုကိစ္စကို ဆက်မတွေးတော့ဘဲ စိတ်ကို ငြိမ်သက်အောင်ထားကာ တရားထိုင်၍ ကျင့်ကြံရေးတွင် အာရုံစိုက်လိုက်သည်။

နောက်တစ်နေ့ မွန်းတည့်ချိန်သို့ ရောက်မှသာ ဝေကျန့်ချင်း ပြန်ရောက်လာခဲ့ပြီး သူနှင့်အတူ ယန်ရှုံလည်း ပါလာခဲ့သည်။

ဒီတစ်ကြိမ်တွင်တော့ ဝေကျန့်ချင်းက လင်းကျင်းနှင့် နင်ယွဲ့တို့ကို နှုတ်ဆက်စကား ပြောလာခဲ့သည်။ အကြောင်းမှာ သူ အချိန်ကာလတစ်ခုကြာ ထွက်ခွာရတော့မည် ဖြစ်သောကြောင့်ပင်။

ထို့အပြင် နင်ယွဲ့ အလုပ်များနေသည့် အချိန်များတွင် လော့လော့ကို ကူညီစောင့်ရှောက်ပေးရန် လင်းကျင်းထံ အပ်နှံခဲ့သည်။

လင်းကျင်းကလည်း သဘာဝကျကျပင် မဆိုင်းမတွ သဘောတူလိုက်သည်။

နောက်ဆုံးတွင် အတူတကွ စားသောက်ပြီးနောက် ဝေ့ကျန့်ချင်းနှင့် ယန်ရှုံတို့သည် တိုက်ရိုက် ထွက်ခွာသွားကြတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment