no

Font
Theme

လျှို့ဝှက်အရောင်းအဝယ်ခန်း

“စိတ်မပူနဲ့... ငါ လောင်ယန်ရှိနေသရွေ့ လောင်ဝေ ဘာမှဖြစ်မှာ မဟုတ်ဘူး။ တကယ်လို့ လိုအပ်လာရင် ငါ မှောင်ခိုစျေးကွက်ကို လာပြီး မင်းကို ရှာလိုက်မယ်။ ဘယ်လိုလဲ…”

“ဒါပေမဲ့ ဒီဆေးလုံးကိုတော့ မင်း သေချာဂရုစိုက် သိမ်းထားရမယ်...”

ဆေးလုံးက အလွန်အဖိုးတန်လွန်းသောကြောင့် ယန်ရှုံက မည်သို့ပင် ပြောပြော လက်မခံခဲ့ပေ။

လင်းကျင်းလည်း မတတ်နိုင်တော့ဘဲ နှုတ်ဆက်ကာ ထွက်လာခဲ့ရသည်။

လင်းကျင်း မှောင်ခိုစျေးကွက်သို့ ရောက်သောအခါ လီထန်ယုနှင့် အနက်ရောင်ဝတ်လူတို့သည် စောင့်နေကြပြီ ဖြစ်သည်။

သူ အနားမရောက်သေးခင်မှာပင် လီထန်ယုက လင်းကျင်းကို သတိထားမိသွားခဲ့သည်။ ဦးထုပ်အဝိုင်းကြီးဖြင့် မျက်နှာကို ဖုံးကွယ်ထားသော်လည်း သူ၏ ကိုယ်ခန္ဓာအချိုးအစားနှင့် ဝတ်စားဆင်ယင်ပုံတို့ကြောင့် အလွယ်တကူ မှတ်မိနိုင်ပေသည်။

“တာအိုရောင်းရင်း၊ ကျုပ်တို့ အခုလေးတင် ခင်ဗျားအကြောင်း ပြောနေကြတာ...”

လီထန်ယုက အပြုံးဖြင့် လျှောက်လာပြီး အနက်ရောင်ဝတ်လူကလည်း နောက်မှလိုက်လာသည်။

“တာအိုရောင်းရင်း လီ...”

“တာအိုရောင်းရင်း...”

လင်းကျင်းက နှစ်ယောက်စလုံးကို နှုတ်ဆက်လိုက်သည်။

သူတို့လည်း နှုတ်ဆက်ပြန်သည်။

“တာအိုရောင်းရင်းက ယဉ်ကျေးလွန်းနေပါပြီ... သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးကို ဖော်စပ်နိုင်ခဲ့ပြီလားလို့ မေးပါရစေ….”

လီထန်ယုက မျှော်လင့်ချက်အပြည့်ဖြင့် လင်းကျင်းကို ကြည့်လိုက်သည်။

လင်းကျင်းက ပြန်မဖြေဘဲ ပြောလိုက်သည်။

“တာအိုရောင်းရင်း လီ၊ မှောင်ခိုစျေးကွက်ထဲက လျှို့ဝှက်အရောင်းအဝယ်ခန်းကို သွားကြရအောင်လား...”

ထိုစကားကို ကြားသည်နှင့် လီထန်ယု၏ မျက်လုံးများ ချက်ချင်း လင်းလက်သွားခဲ့ရသည်။

“မျှော်လင့်ချက်ရှိပြီ...”

အနက်ရောင်ဝတ်လူကလည်း လင်းကျင်း၏ စကားထဲမှ အဓိပ္ပါယ်ကို သဘောပေါက်သွားပြီး အလွန်စိတ်လှုပ်ရှားသွားသည်။

မှောင်ခိုစျေးကွက်ရှိ လျှို့ဝှက်အရောင်းအဝယ်ခန်းသည် လျှို့ဝှက်ပစ္စည်းများ အရောင်းအဝယ်ပြုလုပ်ရန် သီးသန့်စီစဉ်ထားသော နေရာဖြစ်သည်။ အကြောင်းမှာ အချို့သော ပစ္စည်းများကို လူအများရှေ့တွင် ထုတ်ဖော်၍ မရသောကြောင့်ပင်။

ထို့ကြောင့် မှောင်ခိုစျေးကွက်က လျှို့ဝှက်အရောင်းအဝယ်ခန်းများကို တည်ဆောက်ထားခြင်း ဖြစ်သည်။

အခန်းအတွင်းတွင် အရောင်းအဝယ်ပြုလုပ်သူများမှအပ အခြားမည်သူမျှ အနှောင့်အယှက်ပေး၍ မရပေ။ မှောင်ခိုစျေးကွက်၏ စီမံခန့်ခွဲသူများပင် ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။

ဤသည်မှာ မှောင်ခိုစျေးကွက် စတင်တည်ထောင်စဉ်ကတည်းက ချမှတ်ထားသော စည်းမျဉ်းဖြစ်ပြီး ယနေ့အထိ မည်သူမျှ ချိုးဖောက်ခဲ့ခြင်း မရှိပေ။

ထပ်ပြီးတော့ ပြောရရင် လျှို့ဝှက်အရောင်းအဝယ်ခန်းအတွင်းတွင် သစ္စာဖောက်မှုကိုလည်း စိုးရိမ်စရာ မလိုပေ။ အကယ်၍ အရောင်းအဝယ်ပြုလုပ်သူ နှစ်ဦးအနက် တစ်ဦးတည်းသာ ထွက်လာပါက လျှို့ဝှက်အရောင်းအဝယ်ခန်း၏ အဓိကထွက်ပေါက်မှ ထွက်ခွာနိုင်မည် မဟုတ်ပေ။

ထို့နောက် လီထန်ယုက ပြောလိုက်သည်။

“ကောင်းပြီ...”

“ငါ့နောက်လိုက်ခဲ့...”

ထိုသို့ပြောပြီး လီထန်ယုက ရှေ့မှ ဦးဆောင်သွားသည်။

လင်းကျင်းနှင့် အနက်ရောင်ဝတ်လူတို့ကလည်း နောက်မှ လိုက်သွားကြသည်။

သူတို့သည် မှောင်ခိုစျေးကွက်၏ ပိုမိုနက်ရှိုင်းသော အတွင်းပိုင်းသို့ လျှောက်သွားကြသည်။

နောက်ဆုံးတွင် ရှေးဟောင်းအငွေ့အသက်များ ပြည့်နှက်နေသော နှစ်ထပ်တိုက်ငယ်တစ်လုံးရှေ့သို့ ရောက်လာကြသည်။

လီထန်ယုက တိုက်ရိုက် ဝင်သွားပြီး လင်းကျင်းနှင့် အနက်ရောင်ဝတ်လူကလည်း နောက်မှ လိုက်ဝင်သွားကြသည်။

အဆောက်အဦအတွင်းသို့ ဝင်လိုက်သောအခါ နေရာကား သိပ်မကျယ်လှပေ။ အလယ်တွင် ကောင်တာတစ်ခုသာ ရှိပြီး ကောင်တာနောက်တွင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုနှစ်ဦး ရပ်နေကြသည်။

“အခန်းတစ်ခန်း ယူမယ်...”

လီထန်ယုက ပြောပြီးနောက် သိုလှောင်အိတ်ထဲမှ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူကာ ကောင်တာပေါ် တင်လိုက်သည်။

အနက်ရောင်ဝတ် အဘိုးအိုတစ်ဦးက ဝိညာဉ်ကျောက်တုံးကို ယူလိုက်လေသည်။

အခြားတစ်ဦးကတော့ တံဆိပ်ပြားတစ်ခု ထုတ်ယူကာ ကောင်တာပေါ် တင်လိုက်သည်။

“အခန်း ယီ - သုံး ...”

ထိုစကားတစ်ခွန်းသာ ပြောပြီးနောက် အနက်ရောင်ဝတ် အဘိုးအိုက ဆက်မပြောတော့ပေ။

လီထန်ယုက တံဆိပ်ပြားကို ယူလိုက်ပြီး ကျန်နှစ်ယောက်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“သွားကြမယ်...”

ထိုသို့ပြောပြီးနောက် သူက ရှေ့မှ ဦးဆောင်ကာ မှောင်မည်းနေသော စင်္ကြံတစ်ခုထဲသို့ ဝင်သွားသည်။ လင်းကျင်းနှင့် အနက်ရောင်ဝတ်လူကလည်း အမြန် လိုက်ဝင်သွားကြသည်။

စင်္ကြံအတွင်းတွင် ဖယောင်းတိုင်မီးများ တဖျပ်ဖျပ် လှုပ်ရှားနေပြီး အရိပ်များ တလှုပ်လှုပ် ဖြစ်ပေါ်နေသည်။ နံရံများ၊ ကြမ်းပြင်နှင့် မျက်နှာကျက်များပင် အနက်ရောင်ဖြစ်နေသည်။

ထိုစင်္ကြံအတွင်း လျှောက်သွားရခြင်းက မှောင်မိုက်၍ ဖိအားများသော ခံစားချက်ကို ပေးစွမ်းနေ၏။

မကြာမီ သူတို့သုံးယောက်သည် အခန်း ယီ - သုံးသို့ ရောက်ရှိလာကြသည်။

လီထန်ယုက လက်ထဲရှိ တံဆိပ်ပြားကို တံခါးပေါ်ရှိ အပေါက်ထဲသို့ ထည့်လိုက်သည်။ ချက်ချင်းပင် တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး အစီအရင်အမှတ်အသားများ ပေါ်ထွက်လာသည်။

ထို့နောက်

“ကလစ်…”

အသံတစ်ချက်နှင့်အတူ တံခါး ပွင့်သွားတော့သည်။ သုံးယောက်သား အခန်းထဲသို့ ဝင်ရောက်ပြီးနောက် လီထန်ယုက တံခါးကို ပြန်ပိတ်လိုက်သည်။

အခန်းအတွင်းမှာတော့ ပိုမိုလင်းထိန်နေပြီး ရှေ့ကလို ဖိအားများသော ခံစားချက်မျိုးလည်း မရှိတော့ပေ။

အခန်းထဲသို့ ဝင်ရောက်ပြီးနောက် လင်းကျင်းက ပထမဆုံး စကားစပြောလိုက်သည်။

“တာအိုရောင်းရင်း လီ၊ ဒီတစ်လအတွင်း သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီလားဆိုတာ မေးပါရစေ...”

လီထန်ယုက ခါးသီးသော အပြုံးဖြင့် ခေါင်းခါလိုက်သည်။

“တာအိုရောင်းရင်းကို အမှန်အတိုင်း ပြောရရင်၊ ဒီတစ်လအတွင်း ကျုပ်က တစ်နေ့ကို အနည်းဆုံး မီးဖိုနှစ်ဖို ဖော်စပ်ခဲ့တယ်။ တစ်ခါတလေဆို လေးဖိုတောင် ဖော်စပ်ခဲ့သေးတယ်...”

“အခုအချိန်ထိ ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေး အသုတ်တစ်ရာနီးပါး ဖော်စပ်ပြီးပြီ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သန့်စင်အဆင့် ဆေးလုံးတစ်လုံးတောင် မထွက်ပေါ်လာခဲ့ဘူး...”

ပြောရင်း လီထန်ယုက ကြွေပုလင်းတစ်လုံး ထုတ်ယူကာ လင်းကျင်းထံ လှမ်းပေးလိုက်သည်။

“ဒါက ဒီတစ်လအတွင်း ကျုပ် ဖော်စပ်ခဲ့တဲ့ အကောင်းဆုံး ဆေးတစ်သုတ်ပဲ... တစ်သုတ်တည်းမှာ အမြင့်ဆုံးအဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံး လေးလုံး ပါတယ်... နှမြောစရာကောင်းတာက သန့်စင်အဆင့် ဆေးလုံး မပါဝင်လာတာပဲ...”

လင်းကျင်းက ကြွေပုလင်းကို လက်ခံယူလိုက်ပြီး အဖုံးဖွင့်လိုက်သည်။ ချက်ချင်းပင် ဆေးရနံ့တစ်ခု ပျံ့နှံ့ထွက်လာကာ လင်းကျင်း၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။

ထို့နောက် လင်းကျင်းက ဆေးလုံးများကို သွန်ထုတ်လိုက်ပြီး အသေအချာ ကြည့်ရှုလိုက်သည်။ ထိုဆေးလုံးများ၏ အရည်အသွေးသည် သူ ဖော်စပ်ခဲ့သော ဆေးများထက် များစွာ သာလွန်နေပေသည်။

လင်းကျင်းသည် အရင်ကလည်း တစ်သုတ်တည်းတွင် အမြင့်ဆုံးအဆင့် ပြန်လည်နုပျိုဆေးလုံး လေးလုံး ပါဝင်သော ဆေးတစ်သုတ်ကို ဖော်စပ်ခဲ့ဖူးသည်။

သို့သော် ယခုဆေးလုံးများနှင့် နှိုင်းယှဉ်လိုက်သောအခါ နှစ်ဖက်စလုံး အမြင့်ဆုံးအဆင့်ဟု သတ်မှတ်ထားသော်လည်း ကွာဟချက်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

တကယ်ပင် တတိယအဆင့် ဆေးဖော်စပ်ပညာရှင်အဖြစ် တိုးမြှင့်ခံရတော့မည့်သူသည် သာမန်မဟုတ်ပေ။

စနစ်၏ အားဖြည့်ပေးမှု ရှိနေသည့်တိုင် လင်းကျင်းခမျာ သူ့လောက် မကျွမ်းကျင်သေးပေ။

သို့သော်... ထိုမျှ အစွမ်းထက်သောသူတစ်ယောက်ပင် သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးကို မဖော်စပ်နိုင်သေးပေ။

“တာအိုရောင်းရင်းကရော...” လီထန်ယုက လင်းကျင်းကို ကြည့်လိုက်သည်။

သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

လင်းကျင်းက ခေါင်းညိတ်လိုက်သည်။

“ကံကောင်းထောက်မစွာနဲ့ မကြာသေးခင်ကပဲ သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးကို ဖော်စပ်နိုင်ခဲ့တယ်...”

လင်းကျင်း၏ စကားကို ကြားလိုက်သည်နှင့် ထိုင်နေသော အနက်ရောင်ဝတ်လူသည် ရုတ်တရက် ထရပ်လိုက်တော့သည်။

“တာအိုရောင်းရင်း... ကျေးဇူးပြုပြီး ထုတ်ပြပေးပါဦး၊ ကျွန်တော်တို့ ကြည့်ချင်လို့ပါ...”

“တာအိုရောင်းရင်း၊ အလောတကြီး လုပ်စရာမလိုပါဘူး။ ကျွန်တော် ခင်ဗျားတို့နဲ့ပဲ ဒီဆေးလုံးကို အရောင်းအဝယ်လုပ်ဖို့ ယူလာတာပါ။ ခဏလောက် စောင့်ပေးပါ...”

ထို့နောက် လင်းကျင်းသည် သိုလှောင်အိတ်ထဲမှ သန့်စင်ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူကာ စားပွဲပေါ် တင်လိုက်သည်။

သန့်စင်ကျောက်စိမ်းသေတ္တာအတွင်း၌ အပြစ်အနာအဆာကင်းမဲ့ပြီး လုံးဝ သန့်စင်နေသော ‘သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံး’ တစ်လုံးတည်း ရှိနေ၏။

လူနှစ်ယောက်၏ အကြည့်များသည် ချက်ချင်းပင် ထိုသန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးပေါ်သို့ စုပြုံရောက်ရှိသွားသည်။

လင်းကျင်းက လီထန်ယု ဖော်စပ်ထားသော ဆေးလုံးများကို ပြန်ထည့်သိမ်းလိုက်ပြီး ပုလင်းအဖုံးကို ပိတ်ကာ သန့်စင်ကျောက်စိမ်းသေတ္တာနှင့်အတူ စားပွဲအလယ်သို့ တွန်းပို့လိုက်သည်။

သူတို့၏ အကြည့်များကလည်း သေတ္တာ၏ လှုပ်ရှားမှုနောက်သို့ လိုက်ပါသွားပြီး နောက်ဆုံးတွင် စားပွဲအလယ်နေရာ၌ပင် ရပ်တန့်သွားသည်။

“တာအိုရောင်းရင်းလီ၊ ခင်ဗျား ဖော်စပ်ထားတဲ့ ဆေးလုံးတွေက တကယ်ကို မဆိုးဘူး။ ကံတရား နည်းနည်းလေးပဲ လိုသွားတာ...”

“အင်း...”

ယခုအချိန်တွင် လီထန်ယု၏ အာရုံတစ်ခုလုံးက သန့်စင်ကျောက်စိမ်းသေတ္တာပေါ်တွင်သာ ရှိနေသည်။

လင်းကျင်း ပြောလိုက်သော စကားကိုပင် သတိမထားမိပေ။

လင်းကျင်းက မော့ကြည့်လိုက်ရာ လူနှစ်ယောက်လုံး ငေးကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

“ဂလု...” တံတွေးမျိုချသံကိုပင် ကြားလိုက်ရသေးသည်။

“တာအိုရောင်းရင်းလီ...” လင်းကျင်းက ခေါ်လိုက်သည်။

ထိုအခါမှ နှစ်ယောက်သား သတိပြန်ဝင်လာကြပြီး လီထန်ယုက အလျင်အမြန် တောင်းပန်လိုက်သည်။

“တာအိုရောင်းရင်း၊ ကျုပ် အရမ်းစိတ်နှစ်မြုပ်နေမိသွားလို့ ခွင့်လွှတ်ပေးပါ...”

“မေးပါရစေ၊ ကျုပ် ဖွင့်ကြည့်လို့ ရမလား… ခဏလေးပဲ ကြည့်မှာပါ... အချိန်ကြာမှာ မဟုတ်ပါဘူး...”

လီထန်ယုက မျှော်လင့်ချက်အပြည့်ဖြင့် လင်းကျင်းကို ကြည့်နေသည်။

လင်းကျင်းက ပြောလိုက်သည်။

“တာအိုရောင်းရင်းလီ၊ ဒီကိစ္စကို ကျွန်တော့်ကို မမေးသင့်ဘူး...”

“ဒီဆေးလုံးကို ကျွန်တော် ယူလာတာက ဒီအနက်ရောင်ဝတ် တာအိုရောင်းရင်းနဲ့ အရောင်းအဝယ်လုပ်ဖို့ပဲ...”

“သူသာ သဘောတူရင် ကျွန်တော်လည်း ကန့်ကွက်စရာ မရှိဘူး...”

လီထန်ယုက အနက်ရောင်ဝတ်လူဘက်သို့ လှည့်ကြည့်လိုက်သည်။

အနက်ရောင်ဝတ်လူက ချက်ချင်း ပြောလိုက်သည်။

“ကျွန်တော်လည်း ကန့်ကွက်စရာ မရှိပါဘူး...”

“ဒီသန့်စင်အဆင့် ဆေးလုံးကို ကျွန်တော်လည်း အသေအချာ ကြည့်ချင်ပါတယ်...”

ထိုသို့ပြောပြီးနောက် လူနှစ်ယောက်က သန့်စင်အဆင့် ဆေးလုံးကို သူတို့ရှေ့သို့ ဆွဲယူလိုက်ကြသည်။

တစ်ဖက်ရှိ အမြင့်ဆုံးအဆင့် ဆေးလုံးပုလင်းကိုတော့ လီထန်ယုက လုံးဝ လျစ်လျူရှုထားလိုက်တော့သည်။

“တာအိုရောင်းရင်းလီ၊ ခင်ဗျားရဲ့ ဆေးလုံးက...”

လင်းကျင်းက သတိပေးလိုက်သည်။

လီထန်ယုက ခေါင်းပင် မမော့ဘဲ ပြန်ဖြေလိုက်သည်။

“အလောမကြီးပါနဲ့၊ အဲဒီမှာပဲ ခဏ ထားလိုက်ဦး...”

လူနှစ်ယောက်လုံး အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ အထူးသဖြင့် လီထန်ယုသည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး ဖြည်းဖြည်းချင်း ပြန်ထုတ်လိုက်သည်။

သူ့စိတ်ကို တည်ငြိမ်အောင် ကြိုးစားနေခြင်း ဖြစ်သည်။

“တာအိုရောင်းရင်း၊ ကျုပ် ဖွင့်တော့မယ်...”

အနက်ရောင်ဝတ်လူက ခေါင်းညိတ်လိုက်သည်။

“အင်း...”

ထို့နောက် လီထန်ယုက လက်ကို ဆန့်ထုတ်လိုက်ပြီး သန့်စင်ကျောက်စိမ်းသေတ္တာပေါ် တင်လိုက်သည်။

ခဏမျှ ရပ်တန့်ပြီးနောက် အားအနည်းငယ် သုံးလိုက်သည်။

သန့်စင်ကျောက်စိမ်းသေတ္တာသည် ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။

တစ်ခဏအတွင်း ဆေးရနံ့တစ်ခု လွင့်ပျံထွက်လာတော့သည်။

စားပွဲတစ်လုံးအကွာတွင် ထိုင်နေသော လင်းကျင်းပင် ထိုရနံ့ကို ရှင်းရှင်းလင်းလင်း ရနိုင်ပေသည်။

အခြားနှစ်ယောက်ကတော့...ထိုရနံ့ကို အပြီးတိုင် စွဲလမ်းသွားကြလေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment