no

Font
Theme

မူးယစ်နတ်ဘုရားစံအိမ်

‘ဒီလို ဝိညာဉ်သားရဲမျိုးက သခင်နဲ့အတူ ဘဝတသက်လုံး အတူရှိနေနိုင်တယ်...’

‘ဒါ့အပြင် သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း မနိမ့်ဘူး...'

'ကောင်းကောင်း ပြုစုပျိုးထောင်နိုင်မယ့် နည်းလမ်းသာ ရှာတွေ့ရင် ရွှေအမြုတေအဆင့် နတ်ဆိုးသားရဲအဖြစ် တက်လှမ်းသွားဖို့တောင် ဖြစ်နိုင်သေးတယ်....’

‘ဒါက ရွှေအမြုတေအဆင့် ကျွမ်းကျင်သူတစ်ယောက် အမြဲတမ်း အကာအကွယ်ပေးနေသလိုပဲ မဟုတ်လား...’

‘ဒီလို အိမ်မွေးသားရဲကောင်းမျိုးကို ဘယ်မှာ ထပ်ရှာလို့ ရဦးမှာလဲ...’

အကြီးအကဲ လီက ဟွမ်ချင်းလင်၏ ပခုံးပေါ်ရှိ ငှက်ကလေးကို အလွန်အားကျသည့် အကြည့်ဖြင့် ကြည့်နေသည်။

ထို့နောက် ခေါင်းလှည့်ကာ အကြီးအကဲ ပိုင်ကို ကြည့်လိုက်ရာ မျက်လုံးထဲတွင် မဖုံးကွယ်ထားသော အထင်သေးမှုများ ပေါ်လွင်နေသည်။

“အကျိုးအမြတ်ရထားပြီးသားကို မရချင်သလို ဟန်ဆောင်နေတဲ့ ခင်ဗျားရဲ့ ဒီအကျင့်ကို ကျုပ် အမုန်းဆုံးပဲ...”

ထိုသို့ ပြောပြီးနောက် အကြီးအကဲလီ၏ မျက်လုံးများ လှည့်သွားကာ ရုတ်တရက် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။

“ဟားဟား...”

“ခင်ဗျား မလိုချင်ဘူးဆိုရင် ကျုပ်ကိုသာ ပေးလိုက်လေ။ ကျုပ်ကတော့ မငြင်းဘူးနော်...

“တိုက်တိုက်ဆိုင်ဆိုင် ငါ့မြေးက တတိယအဆင့် ဆေးဖော်စပ်ဆရာ ဖြစ်သွားတာကို ဂုဏ်ပြုပေးဖို့ လက်ဆောင်တောင် မစဉ်းစားရသေးဘူး...”

ပြောပြီးနောက် အကြီးအကဲလီက လက်နှစ်ဖက်ကို ပွတ်လိုက်သည်။

“အိပ်မက်မက်နေလိုက်...”

အကြီးအကဲပိုင်က မျက်လုံးလှန်လိုက်ပြီး သူ့ကို လျစ်လျူရှုထားလိုက်သည်။

အကြီးအကဲလီကတော့ စိတ်မဆိုးပေ။ သူတို့နှစ်ဦးမှာ ဒီလို စကားနိုင်လုနေကျ ဖြစ်ပုံရ၏။

ထို့နောက် အကြီးအကဲလီ၏ အကြည့်က လင်းကျင်းထံ ရောက်လာသည်။

“ဒီလူငယ်က ဘယ်သူများလဲ...”

လင်းကျင်းက ထပ်မံ အရိုအသေပေးပြီး ပြောလိုက်သည်။

“အကြီးအကဲ လီကို ဂါရဝပြုပါတယ်။ ကျွန်တော့်နာမည် လင်းကျင်းပါ။”

အကြီးအကဲ ယွီက အလျင်အမြန် ရှင်းပြလိုက်သည်။

“ဒါက ကျွန်တော့်ရဲ့ အဝေးကဆွေမျိုး တူ တစ်ယောက်ပါ။ လင်းကျင်းလို့ ခေါ်ပါတယ်...”

“ဪ... လူငယ်ပါရမီရှင်ပဲ.... ကောင်းတယ်... ကောင်းတယ်...”

အကြီးအကဲလီက ပြုံးရင်း ပြောလိုက်သည်။

ထိုအချိန်တွင် ခမ်းခမ်းနားနား ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက ဧည့်ခန်းထဲမှ ထွက်လာကာ လူအုပ်စုကို မြင်သည်နှင့် အလျင်အမြန် လျှောက်လာခဲ့၏။

ထိုလူငယ်မှာ ဧည့်ခံပွဲ၏ အဓိကဇာတ်ဆောင်ဖြစ်သော လီထန်ယုပင်။

“အကြီးအကဲ ပိုင်...”

“အကြီးအကဲ ယွီ...”

ရောက်လာသည်နှင့် လီထန်ယုက ချက်ချင်း အရိုအသေပေးကာ အကြီးအကဲပိုင်နှင့် အကြီးအကဲ ယွီကို နှုတ်ဆက်လိုက်သည်။

အကြီးအကဲပိုင်က လီထန်ယုကို အားရကျေနပ်စွာ ကြည့်ရင်း ပြောလိုက်သည်။

“အရမ်းကောင်းတယ်... အရမ်းကောင်းတယ်...”

“လောင်လီ၊ ခင်ဗျားတို့ လီမိသားစုက ဒီကောင်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ တတိယအဆင့် ဆေးလုံးဆရာ ဖြစ်သွားပြီဆိုတော့ တကယ်ကို ထူးချွန်တာပဲ...”

ထို့နောက် အကြီးအကဲလီကို စနောက်သည့် လေသံဖြင့် ဆက်ပြောလိုက်သည်။

“ငါ မှတ်မိသေးတယ်... ခင်ဗျား တတိယအဆင့် ဆေးလုံးဆရာ ဖြစ်တုန်းက အသက် ခြောက်ဆယ်ကျော်နေပြီ မဟုတ်လား...”

“ဒီကောင်လေးက အနာဂတ်မှာ ခင်ဗျားကို သေချာပေါက် ကျော်တက်သွားလိမ့်မယ်...”

အကြီးအကဲလီက ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး... ငါက အိုနေပြီ။ သူတို့နဲ့ မယှဉ်နိုင်တော့ဘူး...”

“နောက်ကျရင် လီမိသားစုကို ဒီလူငယ်တွေကပဲ ဦးဆောင်သွားကြရတော့မှာ...”

“ငါကတော့ ဒီအိုမင်းနေတဲ့ အရိုးတွေကို အသုံးချပြီး တတ်နိုင်သလောက် ကူညီပေးရုံပဲ ရှိတော့တယ်...”

“ဟုတ်တာပေါ့... ငါတို့လည်း အိုလာကြပြီ...”

အကြီးအကဲပိုင်ကလည်း သက်ပြင်းချရင်း လိုက်ပြောလိုက်သည်။

အကြီးအကဲပိုင်နှင့် အကြီးအကဲလီတို့ စကားပြောနေကြစဉ် လီထန်ယုက ဟွမ်ချင်းလင်ထံ လျှောက်လာပြီး နှုတ်ဆက်လိုက်သည်။

“ညီမလေး ချင်းလင်လည်း ရောက်လာတာကိုး...”

“အင်း…”

ဟွမ်ချင်းလင်ကတော့ စိတ်ဓာတ်မကြည်သေးသည့်ပုံစံဖြင့် စကားတစ်လုံးသာ ပြန်ဖြေလိုက်သည်။

လီထန်ယုကတော့ ဟွမ်ချင်းလင်၏ ဒီလိုအပြုအမူကို အကျင့်ပါနေသလို ဘာမှ ထပ်မပြောတော့ပေ။

“ဒီတာအိုရောင်းရင်းက ဘယ်သူများလဲလို့ မေးပါရစေ...”

လီထန်ယုက လင်းကျင်းကို ကြည့်ရင်း မေးလိုက်သည်။

“အကြီးအကဲ ယွီရဲ့ အဝေးကဆွေမျိုး တူ လင်းကျင်းပါ...”

လင်းကျင်းက အကြီးအကဲ ယွီ မိတ်ဆက်ခဲ့သည့်အတိုင်း ထပ်မံ ပြောလိုက်သည်။

“ဒါဆို တာအိုရောင်းရင်း လင်းပေါ့။ တွေ့ရတာ ဝမ်းသာပါတယ်...”

လီထန်ယုက ပြန်ပြောလိုက်သည်။

လီထန်ယုက လူသုံးယောက်စလုံးကို နှုတ်ဆက်ပြီးသွားသည်နှင့် အကြီးအကဲလီက ရုတ်တရက် ပြောလိုက်သည်။

“တော်တော့၊ ဒီကိစ္စတွေ ပြန်ပြောနေရင် မိတ်ပျက်စရာပဲ ဖြစ်မယ်...”

“သွားကြစို့... သွားကြစို့...”

“လောင်ပိုင်၊ အထဲဝင်ရအောင်...”

ထိုသို့ ပြောပြီးနောက် အကြီးအကဲလီက လီထန်ယုဘက် လှည့်ကာ ပြောလိုက်သည်။

“ထန်ယု၊ ဆေးဖော်စပ်ပညာရှင် ယွီနဲ့ တခြားသူတွေကို အထဲလိုက်ပို့လိုက်ဦး...”

“ဟုတ်ကဲ့ ဘိုးဘိုး၊ စိတ်ချထားလိုက်ပါ...”

လီထန်ယုက ပြန်ဖြေလိုက်သည်။

ထို့နောက် လီထန်ယုက လှည့်ကာ လူသုံးယောက်ကို ဖိတ်ခေါ်လိုက်သည်။

“အကြီးအကဲ ယွီ၊ ညီမလေး ချင်းလင်၊ တာအိုရောင်းရင်း လင်း… ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ခဲ့ပေးပါ...”

လီထန်ယုက ရှေ့မှ ဦးဆောင်ကာ လူများကို မူးယစ်နတ်ဘုရားစံအိမ်အတွင်းသို့ ခေါ်သွားသည်။

လူသုံးယောက် အထဲသို့ ဝင်ရောက်ပြီးနောက် ရပ်မနေဘဲ လီထန်ယုနောက်မှ အပေါ်ထပ်သို့ တိုက်ရိုက်လိုက်တက်သွားကြသည်။

ဒုတိယထပ်သို့ ရောက်သောအခါ လင်းကျင်းက ရင်းနှီးနေသော မျက်နှာများစွာကို တွေ့လိုက်ရသည်။

ဒုတိယထပ်ရှိ လူများထဲတွင် ယွဲ့ပေါင်လော၏ ဧည့်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသော ဆေးဖော်စပ်ဆရာများစွာ ပါဝင်နေသည်။

လင်းကျင်းက ယုယန်နှင့် ဝမ်မျိုးရိုးအမည်ရှိ ဆေးဖော်စပ်ဆရာကိုပင် မြင်တွေ့လိုက်ရသည်။

သို့သော် မကြာခင်မှာပင် လင်းကျင်း နားလည်သွားသည်မှာ ဒီဧည့်ခံပွဲသည် မူလက လီထန်ယုအတွက် လီမိသားစုက ကျင်းပပေးသော ပွဲဖြစ်သည်။

ကျင့်ကြံသူစျေးအတွင်း တစ်ခုတည်းသော ဆေးဖော်စပ်ခြင်းလမ်းစဉ် မိသားစုဖြစ်သည့် လီမိသားစုအတွက် စျေးအတွင်းရှိ နာမည်ကြီး ဆေးဖော်စပ်ဆရာများကို ဖိတ်ကြားခြင်းမှာ သဘာဝကျလှသည်။

ထို့ကြောင့် ယွဲ့ပေါင်လောမှ ဧည့်ဆေးဖော်စပ်ဆရာများ ဤနေရာတွင် ပေါ်လာခြင်းကား မထူးဆန်းပေ။

သို့သော် လင်းကျင်းတို့အဖွဲ့အား ဒုတိယထပ်တွင် မရပ်နားစေဘဲ လီထန်ယုက သူတို့ကို တတိယထပ်သို့ တိုက်ရိုက် ခေါ်သွားခဲ့လေသည်။

လီထန်ယုက လူအနည်းငယ်ကို ခေါ်ဆောင်ကာ အပေါ်ထပ်သို့ တက်သွားပြီး မကြာမီမှာပင် မူးယစ်နတ်ဘုရားစံအိမ်၏ ဒုတိယထပ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

“အဲဒါ လင်းကျင်း မဟုတ်ဘူးလား။ ဘယ်လိုလုပ် တတိယထပ်အထိ တက်သွားရတာလဲ?။”

လင်းကျင်းကို မှတ်မိသော ဆေးဖော်စပ်ဆရာတစ်ဦးက အံ့ဩစွာ ပြောလိုက်သည်။

“ဟုတ်တယ်၊ သူက အကြီးအကဲ ယွီနဲ့အတူ လိုက်လာတာ... အကြီးအကဲ ယွီနဲ့ ဘာများ ပတ်သက်မှုရှိနေတာလဲ မသိဘူး...”

“ပြောရခက်တယ်...”

လူတစ်ဦးက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

“ပထမအဆင့် ဆေးဖော်စပ်ဆရာတစ်ယောက်ပဲ ဖြစ်သေးတာတောင် ယွဲ့ပေါင်လောရဲ့ ဧည့်ဆေးဖော်စပ်ဆရာ ဖြစ်လာတာ အံ့ဩစရာတော့ မဟုတ်တော့ဘူး...”

“နောက်ကွယ်မှာ ဒီလို ဆက်နွယ်မှုမျိုး ရှိနေတာကိုး...”

ထိုအချိန်တွင် ဒုတိယထပ်၌ ထိုင်နေသော ဝမ်မျိုးရိုးအမည်ရှိ ဆေးဖော်စပ်ဆရာက လင်းကျင်းကို မယုံကြည်နိုင်သည့် အမူအရာဖြင့် စိုက်ကြည့်နေတော့သည်။

ယုယန်က သူ့ဘေးရှိ ဝမ်မျိုးရိုးအမည်နှင့် ဆေးဖော်စပ်ဆရာကို စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

“တာအိုရောင်းရင်း ဝမ်၊ ကျွန်တော် ဒီကျင့်ကြံသူစျေးကို ရောက်တာ မကြာသေးဘူးဆိုတော့ သိပ်နားမလည်ဘူး... မူးယစ်နတ်ဘုရားစံအိမ်ရဲ့ တတိယထပ်မှာ ဘာထူးခြားချက် ရှိလို့လဲဆိုတာ မေးပါရစေ..”

“ဘာလို့ လင်းကျင်း တတိယထပ် တက်သွားတာကို မြင်တာနဲ့ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေအားလုံး ဒီလို တုံ့ပြန်ကြရတာလဲ...”

ဝမ်မျိုးရိုးအမည်ရှိ ဆေးဖော်စပ်ဆရာက ခေါင်းလှည့်ကာ ယုယန်ကို ပြောလိုက်သည်။

“မင်းတော့ မသိလောက်ဘူး... မူးယစ်နတ်ဘုရားစံအိမ်ရဲ့ ငါးထပ်လုံးမှာ စည်းမျဉ်းစည်းကမ်းတွေ အတော်လေး တင်းကျပ်တယ်...”

“တာအိုရောင်းရင်း ဝမ်၊ ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး...”

ယုယန်က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။

“အဟမ်း...”

ဝမ်မျိုးရိုးအမည်ရှိ ဆေးဖော်စပ်ဆရာက ချောင်းဟန့်လိုက်ပြီး ရှင်းပြတော့သည်။

“မူးယစ်နတ်ဘုရားစံအိမ်ကို ငါးထပ် ခွဲထားတယ်။ အပေါ်ကနေ အောက်ကိုစဉ်လိုက်ရင် ကျင့်ကြံသူစျေးအတွင်းရှိ လူတွေရဲ့ အဆင့်အတန်းနဲ့ အနေအထားကို ကိုယ်စားပြုတယ်...”

“အရင်ဆုံး ပဉ္စမထပ်ပေါ့... အဲဒီနေရာက သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတွေအတွက် သီးသန့်ပဲ။ ဖွင့်တဲ့အချိန်လည်း မရှိသလောက် ရှားတယ်..”

“စတုတ္ထထပ်ကျတော့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ၊ ကျင့်ကြံသူစျေးထဲက အဓိကမိသားစုခေါင်းဆောင်တွေ၊ ဂိုဏ်းခေါင်းဆောင်တချို့ပဲ တက်ခွင့်ရှိတယ်...”

“ပြီးရင် တတိယထပ်ပေါ့... တတိယထပ်က စတုတ္ထထပ်လောက် မမြင့်မားပေမယ့် လူတိုင်း တက်လို့ရတဲ့ နေရာတော့ မဟုတ်ဘူး...”

“ပုံမှန်အားဖြင့်တော့ မိသားစုကြီးတွေက မျိုးဆက်တွေ၊ ဒါမှမဟုတ် ကျင့်ကြံသူစျေးထဲက ကုန်သွယ်ရေးအဖွဲ့ကြီးတွေရဲ့ တာဝန်ခံတွေပဲ တက်ခွင့်ရှိတယ်...”

“အတိုချုံးပြောရရင် တတိယထပ်ကို တက်နိုင်တယ်ဆိုတာ ကျင့်ကြံသူစျေးထဲမှာ အဆင့်အတန်းတစ်ခု ရှိတယ်ဆိုတဲ့ သဘောပဲ...”

“ပြီးတော့ ငါတို့ ရောက်နေတဲ့ ဒုတိယထပ်ပေါ့။ ဒီအကြောင်းတော့ ထပ်ရှင်းစရာ မလိုတော့ဘူး ထင်ပါတယ်...”

“ဟုတ်ကဲ့…” ယုယန်က ခေါင်းညိတ်လိုက်သည်။

“နောက်ဆုံးက ပထမထပ်ပဲ... အဲဒီနေရာကတော့ သာမန်ကျင့်ကြံသူတွေ လာနိုင်တဲ့ နေရာပဲ...”

“ဒါက ဒီလိုကိုး... ဒီတော့ အံ့ဩစရာ မဟုတ်တော့ဘူး...”

ထိုသို့ ပြောပြီးနောက် ယုယန်က တတိယထပ်ဘက်သို့ လှမ်းကြည့်လိုက်သည်။

တတိယထပ်သို့ ရောက်ပြီးနောက် လူသုံးယောက်က လီထန်ယု၏ လမ်းညွှန်မှုဖြင့် နေရာယူထိုင်လိုက်ကြသည်။

သူတို့ကို နေရာချထားပေးပြီးနောက် လီထန်ယုက နှုတ်ဆက်စကား အနည်းငယ် ပြောကာ တခြားသူတွေကို ဧည့်ခံရန် ပြန်သွားတော့သည်။

ဧည့်ခံပွဲ မစတင်သေးသဖြင့် လူသုံးယောက်က ထိုင်ကာ ဆက်လက် စောင့်နေကြသည်။

သိပ်မကြာခင်မှာပင် လီထန်ယု ပြန်ရောက်လာပြီး သူနှင့်အတူ လူအိုကြီးတစ်ဦးနှင့် လူငယ်တစ်ဦးကိုလည်း ခေါ်လာခဲ့ပေသည်။

ထိုနှစ်ယောက်က အကြီးအကဲ ယွီကို နှုတ်ဆက်ပြီးနောက် သူတို့ရှိရာသို့ လျှောက်လာကြသည်။

“တာအိုရောင်းရင်း လင်း…”

“အကြီးအကဲ ယွီ...”

အကြီးအကဲ ယွီက ထရပ်ကာ လက်နှစ်ဖက်ယှက်ပြီး ပြန်နှုတ်ဆက်လိုက်သည်။

“တာအိုရောင်းရင်း ကျန်း…”

လင်းကျင်းနှင့် ဟွမ်ချင်းလင်တို့လည်း ထရပ်လိုက်ကြသည်။

ထို့နောက် အကြီးအကဲ ယွီက သူ့နောက်ရှိ လူနှစ်ဦးကို ပြောလိုက်သည်။

“ဒီလူက ကျင့်ကြံသူစျေးထဲက ကျန်းမိသားစုရဲ့ အကြီးအကဲတစ်ဦးပဲ။ စီနီယာလို့ ခေါ်ရင် ရပြီ။”

“အကြီးအကဲ ကျန်း...”

“အကြီးအကဲ ကျန်း...”

လင်းကျင်းနှင့် ဟွမ်ချင်းလင်တို့က လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်ကြသည်။

ကျန်းမိသားစုခေါင်းဆောင်က လူနှစ်ယောက်ကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

ထို့နောက် ပြုံးရင်း ပြောလိုက်သည်။

“ဒီမိန်းကလေးက အကြီးအကဲပိုင်ရဲ့ တူမလေး ဖြစ်ရမယ် မဟုတ်လား။ တကယ်ကို ချစ်စရာကောင်းတာပဲ...”

“ဟုတ်တယ်၊ သူက ချင်းလင်...”

အကြီးအကဲ ယွီက ခေါင်းညိတ်ကာ အတည်ပြုပေးလိုက်သည်။

ကျန်းမိသားစုခေါင်းဆောင်က ပြောပြီးနောက် လင်းကျင်းဘက် လှည့်ကြည့်လိုက်သည်။

“ဒါက...”

“ကျွန်တော့်ရဲ့ အဝေးကဆွေမျိုး တူပါ....” အကြီးအကဲ ယွီက ပြောလိုက်သည်။

“မဆိုးဘူး၊ တကယ် ခန့်ညားတဲ့ လူငယ်လေးပဲ...”

ကျန်းမိသားစုခေါင်းဆောင်က ခေါင်းညိတ်ရင်း မှတ်ချက်ပေးလိုက်သည်။

“ထားလိုက်ပါတော့...”

“လာ... ထိုင်ကြရအောင်...”

ထို့နောက် သူတို့နှစ်ယောက်လည်း နေရာယူ ထိုင်လိုက်ကြသည်။

ထိုင်ပြီးနောက် အကြီးအကဲ ယွီက ထပ်မံ ပြောလိုက်သည်။

“မကြာသေးခင်က ကောလာဟလတချို့ ကြားမိထားတယ်။ ကျန်းမိသားစုရဲ့ ဘိုးဘေးကြီး ဒီရက်ပိုင်း အခြေအနေ ဘယ်လိုရှိပါလဲ....”

“ကောလာဟလတွေ ပြောနေသလို တကယ်ပဲ ဖြစ်နေတာလား...”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment