no

Font
Theme

ငှက်ကလေးကို သွေးထိုးလှုံ့ဆော်ခြင်း

ကျန်းမိသားစု အကြီးအကဲက ခေါင်းခါလိုက်ပြီး မျက်မှောင်ကြုတ်ကာ လေးလံသော သက်ပြင်းတစ်ချက် ချလိုက်သည်။

“ဟင်း...”

“အခြေအနေက သိပ်တော့မကောင်းဘူး... အပြင်မှာ ထွက်နေတဲ့ ကောလာဟလတွေလောက် မဆိုးသေးပေမယ့် ငါတို့ဘိုးဘေးကြီးကတော့ သိပ်ကြာကြာ ခံနိုင်တော့မယ် မထင်ဘူး...”

အကြီးအကဲ ယွီကလည်း သက်ပြင်းချလိုက်သည်။

“ဟင်း...”

“တကယ် နှမြောစရာပဲ...”

“ခင်ဗျားတို့ ကျန်းမိသားစုရဲ့ ဘိုးဘေးကြီးက သူ့ခေတ်သူ့အခါရဲ့ တကယ် ထူးချွန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ လူတော်တော်များများရဲ့ စံပြပုဂ္ဂိုလ်တယောက်ဘဲ...”

“သက်တမ်းတိုးဆေးလုံးကို အမြန်ရှာတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်...”

အကြီးအကဲ ယွီ ပြောပြီးနောက် နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြသည်။

ထို့နောက် လူများစွာ ထပ်ရောက်လာကြသည်။ အစောပိုင်းက လေးလံနေသော လေထုနှင့်မတူဘဲ ပတ်ဝန်းကျင်က တဖြည်းဖြည်း အသက်ဝင်လာ၏။

ဒီနေရာရှိ လူအများစုမှာ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးပြီးသားဖြစ်သလို စီးပွားရေး သို့မဟုတ် အခြားဆက်ဆံရေးများလည်း ရှိထားကြသည်။

ထို့ကြောင့် ဧည့်ခံပွဲ မစတင်သေးမီ အချိန်ကို အသုံးချကာ အချင်းချင်း တွေ့ဆုံနှုတ်ဆက်နေကြခြင်း ဖြစ်သည်။

အကြီးအကဲ ယွီက စိတ်မပါလက်မပါ ဖြစ်နေသော ဟွမ်ချင်းလင်ကို ခေါ်ကာ မိသားစုအသီးသီးမှ လူများနှင့် မိတ်ဆက်ပေးနေလေသည်။

ဘာပဲဖြစ်ဖြစ် အကြီးအကဲပိုင်၏ တူမဖြစ်သော ဟွမ်ချင်းလင်က ပါရမီထူးချွန်ရုံသာမက အလွန်လှပသည့် မိန်းကလေးတစ်ဦးလည်း ဖြစ်ပေသည်။

သူမကို မိသားစုကြီးများ၏ မျိုးဆက်လူငယ်များကြားတွင် လူသိများပြီး သူမကို သဘောကျသူများလည်း မနည်းလှပေ။

အကြီးအကဲပိုင်သာ အမြဲတမ်း ငြင်းဆန်မနေခဲ့လျှင် ထိုအဘိုးကြီးများက သူတို့၏ သားများအတွက် လက်ထပ်ပေးရန် အရှက်မရှိ လာတောင်းဆိုကြလောက်ပြီး ဖြစ်သည်။

ဟွမ်ချင်းလင်ကတော့ ဒီအခြေအနေအပေါ် အလွန် အားမလိုအားမရ ဖြစ်နေကာ သူမက ထိုလူများကို တစ်ခါမှ မျက်နှာသာ မပေးခဲ့သော်လည်း သူတို့၏ စိတ်အားထက်သန်မှုကိုတော့ မတားဆီးနိုင်ပေ။

သို့သော် ပြဿနာလည်း မရှာချင်သဖြင့် မိသားစုအသီးသီးမှ အကြီးအကဲများကို နှုတ်ဆက်ရန် အကြီးအကဲ ယွီနောက်သာ လိုက်နေရတော့သည်။

ကျန်းမိသားစု၏ အကြီးအကဲကလည်း ထိုနည်းတူပင်။ သူသည် ကျန်းမိသားစုမှ လူငယ်ကို ခေါ်ကာ အခြားသူများနှင့် သွားရောက် တွေ့ဆုံနေသည်။

ထို့ကြောင့် စားပွဲပေါ်တွင် လင်းကျင်းနှင့် ငှက်ကလေးသာ ကျန်ရစ်နေခဲ့တော့သည်။

မဟုတ်ဘူး...လူတစ်ယောက်နှင့် သိမ်းငှက်တစ်ကောင်သာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

“ငှက်ကလေး... ဒီကိုလာဦး...”

လင်းကျင်းက အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။

ငှက်ကလေးက လင်းကျင်းကို တစ်ချက်မော့ကြည့်လိုက်ပြီး သတိထားသည့် အရိပ်အယောင်အနည်းငယ်ဖြင့် လျှောက်လာသည်။

“အရသာရှိတာတွေ မစားချင်ဘူးလား.... ငါ ပြောပြမယ်။ ဒီနေရာမှာ အရသာအကောင်းဆုံး စားစရာတွေ အများကြီးရှိတယ်...”

လင်းကျင်းက ငှက်ကလေးနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

လင်းကျင်း၏ စကားကို နားထောင်နေသော ငှက်ကလေး၏ မျက်လုံးများက တဖြည်းဖြည်း ပြူးကျယ်လာပြီး တောက်ပလာခဲ့သည်။

“မှတ်ထားနော်...”

“ဒီည သန်းခေါင်ကျရင် ပြန်လာခဲ့... သူတို့ရဲ့ မီးဖိုချောင်ထဲ ဝင်သွားပြီး စားစရာတွေ ရှာစား… ဒါပေမဲ့ ကိုယ့်ကိုကိုယ် အမိ မခံနဲ့ဦး..”

လင်းကျင်းက ပြောနေစဉ် ပတ်ဝန်းကျင်ကိုလည်း အဆက်မပြတ် ကြည့်နေသည်။ ဘယ်သူမှ သူတို့ကို အာရုံစိုက်မနေကြောင်း သေချာသွားမှ စိတ်အေးသွားတော့သည်။

ခဏကြာပြီးနောက် ဧည့်ခံပွဲ စတင်ခဲ့ရာ လူတိုင်းလည်း မိမိတို့ နေရာသို့ ပြန်ထိုင်လိုက်ကြသည်။

လင်းကျင်း၏ သွေးထိုးလှုံ့ဆော်မှုကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် ယခုအချိန်တွင် သူက ဘာမှမဖြစ်ခဲ့သလိုဖြင့် အလွန်လိမ္မာစွာ ထိုင်နေတော့သည်။

ဧည့်ခံပွဲက လျင်မြန်စွာ စတင်ခဲ့သလို လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့ရသည်။ ဒီနေရာရှိ လူအများစုမှာ စားသောက်ဖွယ်ရာများကို အထူးစိတ်ဝင်စားကြခြင်း မဟုတ်ပေ။

သူတို့၏ အဓိကရည်ရွယ်ချက်မှာ မိသားစုအသီးသီးကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရန်သာ ဖြစ်သည်။

သို့သော် လင်းကျင်းတို့အဖွဲ့ကတော့ မတူပေ။ ဟွမ်ချင်းလင်နှင့် ငှက်ကလေး ရှိနေသောကြောင့် စားပွဲပေါ် တင်လာသမျှ ဟင်းလျာတိုင်း တစ်ပွဲမှ မကျန်ခဲ့ပေ။

အစားအစာများအားလုံး သူတို့၏ ဝမ်းထဲသို့သာ ရောက်သွားကြသည်။

ထိုမြင်ကွင်းကြောင့် ကျန်းမိသားစုမှ ခပ်တုံးတုံးပုံစံ လူငယ်မှာ အချိန်တစ်လျှောက်လုံး မှင်တက်နေတော့သည်။ သိသိသာသာပင် သူ့စိတ်ထဲတွင် အမြဲတမ်း စံပြနတ်သမီးလေးအဖြစ် ရှိနေခဲ့သော ဟွမ်ချင်းလင်၏ ပုံရိပ်မှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့ရလေပြီ။

ဧည့်ခံပွဲကား လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့ရသည်။

အကြောင်းမှာ အကြီးအကဲပိုင်နှင့် အခြားရွှေအမြုတေအဆင့် ကျင့်ကြံသူများတွင် ဆွေးနွေးစရာ ကိစ္စများ ကျန်ရှိနေသေးသောကြောင့်ပင်။

ထို့ကြောင့် အကြီးအကဲ ယွီက ဟွမ်ချင်းလင်နှင့် လင်းကျင်းကို ခေါ်ကာ အရင် ပြန်ထွက်လာခဲ့သည်။

ပြန်လာသည့် လမ်းတစ်လျှောက်တွင် ဟွမ်ချင်းလင်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

“နောင်ကျရင် ဒီလိုပွဲမျိုးကို လုံးဝ မလာတော့ဘူး။ တကယ် ပင်ပန်းလွန်းတယ်...”

“ဒီနေ့ အဲဒီ စိတ်ရှုပ်စရာကောင် မရောက်လာတာ ကံကောင်းသွားတယ်။ မဟုတ်ရင် ကျွန်မ သည်းမခံနိုင်တော့ဘဲ တကယ် ရိုက်မိမလားတောင် မသိဘူး...”

ထိုသို့ ပြောပြီးနောက် ဟွမ်ချင်းလင်က အကြီးအကဲ ယွီကိုလည်း စောဒကတက်လိုက်သည်။

“အကြီးအကဲ ယွီ...”

“အရင်တုန်းက သန့်စင်အဆင့် အဆိပ်ဖြေဆေးလုံးကို ဖော်စပ်လိုက်တုန်းက ဒီလိုပြဿနာ ဖြစ်လာမယ်လို့ ပြောခဲ့တယ်မဟုတ်လား...”

“ကျွန်မထင်တာတော့ သူ့ဒဏ်ရာတွေ သက်သာသွားတာနဲ့ မကြာခင် ပြန်လာပြီး ကျွန်မကို ထပ်နှောင့်ယှက်တော့မှာပဲ...”

အကြီးအကဲ ယွီက ဟွမ်ချင်းလင် ပြောနေသူ မည်သူဖြစ်ကြောင်းကို ကောင်းကောင်းသိ၏။

သို့သော် ထိုသည်မှာ လူငယ်များကြား ကိစ္စဖြစ်ပြီး အလွန်အကျွံ မဖြစ်သရွေ့ သူတို့လို အကြီးအကဲများက ဝင်စွက်ဖက်ရန် မသင့်တော်ပေ။

“ငါတို့အားလုံး ကျင့်ကြံသူစျေးထဲမှာ နေထိုင်ကြတာပဲ။ သူတို့မိသားစုက ဖိတ်ကြားထားတာကို မသွားဘူးဆိုရင်လည်း မကောင်းဘူးလေ...”

“ဒါ့အပြင် ဒီကိစ္စကို အကြီးအကဲ ပိုင်ကလည်း သဘောတူထားတယ်...”

“ပြီးတော့ သန့်စင်အဆင့်ဆေးလုံး ပေါ်လာမလာဆိုတာကို ငါ ထိန်းချုပ်နိုင်တာမှ မဟုတ်တာ...”

“ကျွန်မ သိပါတယ်...”

ဟွမ်ချင်းလင်၏ အသံမှာ အနည်းငယ် စိတ်ညစ်နေသလိုဖြင့် ပြောပြီးနောက် သူမက လင်းကျင်းဘက်သို့ လှည့်ကြည့်လိုက်သည်။

“လင်းကျင်း၊ ရှင်ကတော့ အဆင်ပြေတာပေါ့....

“အေးဆေးထိုင်ပြီး ဧည့်ခံပွဲ စမယ့်အချိန်ကို စောင့်နေရုံပဲ...”

“ဘာမှလုပ်စရာလည်း မလိုဘူး... ဒီလို စိတ်ရှုပ်စရာ ကိစ္စတွေနဲ့လည်း မကြုံရဘူး...”

လင်းကျင်းက လက်နှစ်ဖက် ဖြန့်လိုက်ပြီး အကူအညီမဲ့စွာ ပြန်ဖြေလိုက်သည်။

“တာအိုရောင်းရင်း ချင်းလင်၊ မနောက်ပါနဲ့.... ကျွန်တော်က အစက ဒီနေရာကို လာရမယ့်သူမှ မဟုတ်တာ...”

“ဒီတစ်ခေါက်တော့ ခင်ဗျားရဲ့ အရှိန်အဝါကို မှီခိုလိုက်ရတာပဲ...”

လင်းကျင်း၏ စကားကြောင့် ဟွမ်ချင်းလင်မှာ ခဏတာ စကားမပြောနိုင် ဖြစ်သွားသည်။

ရုတ်တရက် သူမက လင်းကျင်းကို လှည့်ကြည့်ပြီး မေးလိုက်သည်။

“ရှင် ငှက်ကလေးကို ဘာတွေ ပြောလိုက်တာလဲ... ကျွန်မတို့ ပြန်လာပြီးကတည်းက ငှက်ကလေးက မနေ့ညကထက်တောင် ဘာလို့ စိတ်ပိုလှုပ်ရှားနေတာလို့ ခံစားနေရတာလဲ...”

လင်းကျင်းက ချက်ချင်း ရှက်ရွံ့သွားခဲ့ရသည်။ အကြောင်းမှာ သူ ငှက်ကလေးကို ပြောခဲ့သည့် စကားများမှာ ဟွမ်ချင်းလင် သိသင့်သည့် အရာများ လုံးဝ မပါဝင်သောကြောင့်ပင်။

ငှက်ကလေးသည် ဟွမ်ချင်းလင်၏ ခေါင်းပေါ်၌ လွတ်လပ်စွာ ပျံဝဲနေခဲ့လေသည်။

သို့သော် ဟွမ်ချင်းလင်၏ စကားကို ကြားသည်နှင့် ချက်ချင်း တုန်လှုပ်သွားပြီး သူမ၏ ပခုံးပေါ်သို့ လိမ္မာပါးနပ်စွာဖြင့် ဆင်းနားလိုက်ကာ ငြိမ်ငြိမ်လေး နေနေတော့သည်။

လင်းကျင်းက ငှက်ကလေးကို တစ်ချက်ကြည့်လိုက်ပြီးမှ ပြန်ပြောလိုက်သည်။

“တာအိုရောင်းရင်း ချင်းလင်၊ ခင်ဗျား အတွေးလွန်နေပြီ... ကျွန်တော်က ငှက်ကလေးကို ဘာတွေများ ပြောနိုင်မှာမို့လဲ....”

“ငှက်ကလေးက ကျွန်တော့်အပေါ် ဘယ်လိုသဘောထားတယ်ဆိုတာ တာအိုရောင်းရင်း ချင်းလင် အသိဆုံးဘဲ မဟုတ်လား...”

ငှက်ကလေးကလည်း ပူးပေါင်းပေးလိုက်သည်။

“ကျစ်…” စူးရှသော အသံတစ်ချက် ထုတ်လိုက်ပြီးနောက် လင်းကျင်းကို မကျေမနပ် ကြည့်လိုက်ကာ ခေါင်းလှည့်သွားပြီး ထပ်မကြည့်တော့ပေ။

“တကယ်လား...”

ဟွမ်ချင်းလင်က လူတစ်ယောက်နှင့် ငှက်တစ်ကောင်ကို သံသယဖြင့် ကြည့်နေသည်။

သို့သော် ခဏကြာအောင် စောင့်ကြည့်ပြီးနောက် ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရသဖြင့် ထိုကိစ္စကို စိတ်ထဲမှ ထုတ်ပစ်လိုက်တော့သည်။

ထို့နောက် အကြီးအကဲ ယွီရှိရာသို့ သွားလိုက်သည်။

“အကြီးအကဲ ယွီ...”

“အခုလေးတင် လူတော်တော်များများ ကျန်းမိသားစုအကြောင်း ပြောနေတာ ကြားလိုက်တယ်။ သူတို့မှာ ဘာဖြစ်နေတာလဲ...”

ဟွမ်ချင်းလင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“တကယ်တော့ ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး။ ကျန်းမိသားစုရဲ့ ဘိုးဘေးကြီး ကျန်းချန်းဖန်ရဲ့ သက်တမ်းက ကုန်ခါနီးနေပြီ... မကြာခင် ကွယ်လွန်တော့မှာ...”

“ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ကွယ်လွန်တာက ဖြစ်ရိုးဖြစ်စဉ် ကိစ္စ မဟုတ်ဘူးလား...

ဟွမ်ချင်းလင်က နားမလည်သလို မေးလိုက်သည်။

ထိုစကားကို ကြားလိုက်သောအခါ လင်းကျင်းလည်း ရွှေအမြုတေအဆင့် ကျင့်ကြံသူများနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်နိုင်ကြောင်း သဘောပေါက်သွားသည်။

စူးစမ်းလိုစိတ် ပေါ်လာသဖြင့် အမြန် ရှေ့သို့ တိုးလာကာ နားထောင်ရန် ပြင်လိုက်သည်။

“မင်းက ငယ်သေးတော့ ကျန်းမိသားစုရဲ့ ဘိုးဘေးကြီးကို သိပ်မသိတာ သဘာဝကျတယ်...”

အကြီးအကဲ ယွီက ပြောလိုက်သည်။

ထို့နောက် ကောင်းကင်ကို မော့ကြည့်ကာ လေးလံသော သက်ပြင်းတစ်ချက် ချလိုက်သည်။

“ကျန်းမိသားစုရဲ့ ဘိုးဘေးကြီး ကျန်းချန်းဖန်က တကယ့်ကို ဒဏ္ဍာရီဆန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။”

“ဒဏ္ဍာရီဆန်တဲ့ ပုဂ္ဂိုလ် ဟုတ်လား။ ဘယ်လိုမျိုးလဲ...”

ဟွမ်ချင်းလင်က ပိုနီးနီး တိုးလာပြီး နားထောင်ရန် နားရွက်ထောင်လိုက်သည်။

အကြီးအကဲ ယွီက ခေါင်းလှည့်ကာ ဟွမ်ချင်းလင်ကို ကြည့်ပြီး မေးလိုက်သည်။

“ကျန်းမိသားစုရဲ့ ဘိုးဘေးကြီးက ဘယ်အဆင့်အထိ ရောက်နေပြီ ဘယ်လို ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားတယ်ဆိုတာ မင်း သိလား...”

ဟွမ်ချင်းလင်က ချက်ချင်း ပြန်ဖြေလိုက်သည်။

“ကျွန်မ ကြားဖူးတာတော့ ကျန်းမိသားစုရဲ့ ဘိုးဘေးကြီးက ရွှေအမြုတေအဆင့် အလယ်အဆင့်ကို ရောက်နေတယ်တဲ့...”

ထိုသို့ ပြောပြီးနောက် သူမက ခေါင်းစောင်းကာ ခဏ စဉ်းစားလိုက်ပြီး ဆက်ပြောသည်။

“ရွှေအမြုတေအဆင့် အလယ်အဆင့်အထိ ကျင့်ကြံနိုင်ဖို့ဆိုရင် အနည်းဆုံး ဝိညာဉ်အမြစ် သုံးမျိုးတော့ ရှိရမယ်...”

“အထူးကံကြမ္မာအခွင့်အလမ်းမရှိဘဲ ဝိညာဉ်အမြစ် လေးမျိုးနဲ့ ရွှေအမြုတေအဆင့်အထိ တက်လှမ်းဖို့က အရမ်းခက်ခဲလွန်းတယ်...”

ဟွမ်ချင်းလင်၏ ရှင်းပြချက်ကို ကြားပြီးနောက် လင်းကျင်းလည်း ခေါင်းညိတ်လိုက်သည်။

သူမ ပြောတာ လုံးဝ မမှားပေ။ ဝိညာဉ်အမြစ်များလေ ကျင့်ကြံနှုန်းက ပိုနှေးလေ ဖြစ်သည်။

အကယ်၍ တစ်မျိုးတည်းသော ကောင်းကင်ဝိညာဉ်အမြစ်၏ ကျင့်ကြံနှုန်းကို အဆ 10 ဟု သတ်မှတ်မည်ဆိုလျှင်၊

သတ္တု၊ သစ်၊ ရေ၊ မီး၊ မြေ ဓာတ်ကြီး ငါးပါးစလုံး ပါဝင်သော ဓာတ်ကြီး ငါးပါး ရောနှောဝိညာဉ်အမြစ်၏ ကျင့်ကြံနှုန်းမှာ အများဆုံး 1 ဆသာ ရှိပေမည်။

ထိုမျှအထိ ကွာဟချက်ကား ကြီးမားလှပေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment