no
မနေ့က အဝတ်အစားတို့ကို ဝတ်မရတော့။ ကြမ်းပြင်ပေါ် ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေကာ အစုတ်စုတ်အပြတ်ပြတ်ဖြစ်နေသည်။
ဟွားချန်းရွှမ်ပေးသည့် မြွေနက်လက်ပတ်ကို ဝတ်ဆင်ပြီးသော် ရှန်ကျီးနန် အဝတ်လဲ၍ တော်ဝင်အိပ်ဆောင်မှ ထထွက်လာသည်။ ဒါဟာ သူ့ဘဝတွင် တော်ဝင်မြို့တော်အထက်၌တည်နေသော ဂလက်ဆီအင်ပါယာနန်းတော်တစ်ခုလုံးအား ပထမဆုံးအကြိမ် ကြည့်ရှုခံစားဖူးခြင်းဖြစ်သည်။
"လှတယ်မလား။" ဟွားချန်းရွှမ်က ရှန်ကျီးနန်၏နောက်တွင် လက်နောက်ပစ်၍ ရပ်နေသည်။
ရုတ်တရက် ရှန်ကျီးနန် လှည့်ကြည့်မိလျှင် ကြယ်ပွင့်ကဲ့သို့ တောက်ပသော မျက်ဝန်းတို့သည် ဟွားချန်းရွှမ်နှင့် အကြည့်ချင်းဆုံကာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူ ရိုကျိုးစွာမေးလိုက်သည်။ "အရှင်မင်းကြီး ကျွန်တော့်ကို မိဖုရားမြှောက်မယ်လို့ ကတိပေးထားတော့ မေးခွန်းတစ်ခုလောက် အတင့်ရဲပြီး မေးပါရစေ။"
ဟွားချန်းရွှမ် စိတ်မဆိုးသည်ကိုမြင်တော့ ရှန်ကျီးနန် အသက်ဝဝရှူကာ "အရှင်မင်းကြီးရဲ့ မောင်းမဆောင်မှာ ကျွန်တော်တစ်ယောက်တည်းလား... ဒါမှမဟုတ်..."
ဟွားချန်းရွှမ်က ဖြတ်ပြောသည်။ "မင်းတစ်ယောက်တည်း။"
ရှန်ကျီးနန်၏ နားအနီးရှိ ဆံနွယ်ကို အသာ သပ်တင်ပေးလိုက်ရင်း "သွားပါ။ မင်းကို ဒီနေရာကနေစောင့်မယ် ငါ့ရဲ့ အနာဂါတ်မိဖုရားလောင်းရေ။"
ရှန်ကျီးနန် ဘေးဘက်ကြည့်မိလျှင် မနီးမဝေး၌ ကျောက်ရုပ်အလား အနက်ရောင်ပုံရိပ်က မတ်တပ်ရပ်နေသည်။
သူလာတုန်းက ကျန်းမုန့်ရှန် လိုက်ပို့ပြီး ပြန်တော့လည်း ကျန်းမုန့်ရှန်ပဲ ပြန်ပို့သည်။
တခြားသူများနှင့်ယှဉ်လျှင် သူအကြိမ်ပေါင်းများစွာမြင်ဖူးသည့် ကျန်းမုန်းရှန်သည် ကျိန်းသေ အကောင်းဆုံးရွေးချယ်မှုဖြစ်၏။ အနည်းဆုံးတော့ သူ မရှက်ရချေ။
အပြန်လမ်းတွင်လည်း သူတို့နှစိယောက်တည်းသာ။ ကျန်းမုန့်ရှန်သည် စကားမပြောဘဲ ရှေ့တည့်တည့်သို့သာ ကြည့်နေရာ လေသင်္ဘောအား စည်ကားသော မြို့တော်ဆီ ဦးတည်ထားသည်။
ရှန်ကျီးနန် မျက်လွှာချ၍ မသက်သာစွာ နေရာပြောင်းသည်။
ထို့အပြင် ဒါဟာ သူ၏ပထမဆုံး အကြိမ်။ အစွမ်းထက်ဧကရာဇ်သည် စိတ်ကြီးမဝင်ဘဲ သူ့အား တမင်သက်သက် ထူးပြီး ဂရုစိုက်ပေးခဲ့သော်လည်း ရှန်ကျီးနန်ကတော့ မသက်မသာဖြစ်ဆဲပင်။
သူ၏ခြေထောက်များသည် ခေါက်ဆွဲပြုတ်များလို ပျော့ခွေနေကာ ထိုင်လိုက်လျှင်တောင် ထုံထိုင်းနာကျင်နေသည်။
"ဒီဟာကို ထိုင်ခံလုပ်။" နူးညံ့သည့် ထိုင်ခံတစ်ခုကို သူ့ဆီ လှမ်းပေးသည်။
ရှန်ကျီးနန် ခေါင်းပိုငုံ့သွားကာ သူ၏ နီရဲရောင်ရမ်းနေသော နှုတ်ခမ်းကို ကိုက်ထားမိသည်။ ထိုထိုင်ခံကိုယူ၍ သူ့တင်ပါးအောက် ခံလိုက်သည်။
"ကျန်းမုန့်ရှန်... ကျွန်တော်က လောဘကြီးပြီး အရှက်မရှိတဲ့ အိုမီဂါလို့ ထင်လား။" ရှန်ကျီးနန်၏ လက်ချောင်းတို့ ဂနာမငြိမ်။ "ဖုန်းနျန်ကို မကွာရှင်းရသေးတာတောင် မင်းကြီးနဲ့အိပ်ခဲ့တယ်။ ကျွန်တော့်ကို အထင်သေးသွားလားဟင်?"
ကျန်းမုန့်ရှန်၏ အဖြေသည် ပုံသေကားကျ ရုံးစာရွက်ကြီးလိုမျိုး အေးဆေးတည်ငြိမ်၏။ "ခင်ဗျားက အင်ပါယာရဲ့ အနာဂတ်မိဖုရားလောင်း။ ဘယ်သူမှ အထင်မသေးရဲပါဘူး။"
ရှန်ကျီးနန် ကျန်းမုန့်ရှန်အား စိန်းစိန်းဝါးဝါးမော့ကြည့်သည်။ "ခင်ဗျားကလေ စက်ရုပ်လိုပဲ။ အမှန်တရားကိုပြောရမှာ အဲဒီလောက်ခက်လား။ ကျွန်တော် ဘယ်သူ့ကိုမှ မပြောပါဘူး။ ပြောစရာလူလည်း... မရှိဘူးလေ။ ကျွန်တော့်မှာ သူငယ်ချင်းတွေမရှိဘူး။ အမှန်တော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မိသားစုက ဒေဝါလီခံသွားတော့ ဖုန်းနျန် ကျွန်တော့်အပေါ် ကောင်းကောင်းမဆက်ဆံတာကိုမြင်ပြီး သူတို့လည်း ကျွန်တော်နဲ့မပေါင်းတော့ဘူး။"
နှာခေါင်းက စူးနစ်လာသည်။ ရှန်ကျီးနန် သက်မရှိုက်၍ တောက်ပစွာပြုံးလိုက်ကာ "ဒါပေမဲ့ အရေးမကြီးပါဘူး။ အရှင်မင်းကြီးက ကျွန်တော့်ကို ကတိပေးထားတယ်။ ဖုန်းနျန်နဲ့ ကွာရှင်းလိုက်တာနဲ့ ကျွန်တော့်ကို မိဖုရားမြှောက်မယ်တဲ့။ နောက်ဆို ကျွန်တော်က ဂလက်ဆီအင်ပါယာမှာ အမြင့်မြတ်ဆုံးလူတွေထဲက တစ်ယောက် ဖြစ်လာမှာ။ ဖုန်းနျန်ရဲ့ငြင်းပယ်တာခံရလို့ ကျွန်တော့်ကို လှောင်တဲ့သူတွေ နောင်တရလိမ့်မယ်။"
"ခင်ဗျားသိလား? မင်းကြီးနဲ့လက်ထပ်လိုက်ကြောင်း သိသွားရင် သူတို့ဘယ်လိုဖြစ်မလဲတွေးကြည့်ရုံနဲ့ ရယ်ချင်နေပြီ ဟဟ!" ရှန်ကျီးနန် မျက်လုံးမှိတ်၊ အသက်ဝဝရှူကာ နှုတ်ခမ်းထောင့်တို့ ကော့တက်သွားသည်။ "ဒီလိုဆို ကျွန်တော်က အောင်မြင်မှုအပေါ် ဝံ့ကြွားတဲ့လူဖြစ်သွားမလား။ ဘယ်သူတွေဘယ်လိုထင်ထင် ဂရုမစိုက်တော့ပါဘူး။ ကျွန်တော်ပျော်နေသရွေ့ အဆင်ပြေတယ်။"
ဘာပဲဖြစ်ဖြစ် ဘယ်သူမှ ငါ့ကို ချစ်တာလည်းမဟုတ်။
ကျန်းမုန့်ရှန်သည် ဘေးနားရှိ ရှန်ကျီးနန်အား မျက်လုံးလှန်ကြည့်ပြီး ချက်ချင်းဆိုသလို အကြည့်ပြန်ရုတ်သည်။ သူ ပြောသည်မှာ "ခင်ဗျားက အင်ပါယာရဲ့ မိဖုရား။ ဘယ်သူ့အမြင်ကိုမှ ဂရုစိုက်စရာမလိုပါဘူး။"
Yesterday's clothes were no longer wearable. Scattered here and there on the floor, they had become a pile of rags.
After putting on the black snake bracelet given by Hua Qianshuang, Shen Zhinan changed his clothes, got up and walked out of the imperial bedroom. It was also the first time in his life that he earnestly observed the Galaxy Empire Palace, hanging high in the sky above the imperial capital, overlooking the entire city.
"It's beautiful, isn't it?" Hua Qianshuang stood behind Shen Zhinan with his hands behind his back.
Shen Zhinan suddenly turned around, his bright eyes like stars looking at Hua Qianshuang, with a hint of nervousness. He asked timidly: "Your Majesty, since you have promised to make me the empress in the future, may I dare ask you a question?"
Seeing that Hua Qianshuang did not reprimand, Shen Zhinan took a deep breath: "Your Majesty, in your harem... is it only me or..."
Hua Qianshuang interrupted: "You are the only one."
He gently lifted a strand of hair near Shen Zhinan's ear, tucking it behind Shen Zhinan's ear: "Go, I'll wait for you here, my future empress."
Shen Zhinan looked to the side, and not far away, a black figure stood like a sculpture.
When he came, it was Jiang Mengshan who escorted him, and when he left, it was also Jiang Mengshan who saw him off.
Compared to others, Jiang Mengshan, whom he had seen many times, was undoubtedly the best choice. At least for Shen Zhinan, it was not so embarrassing.
On their way back, it was still just the two of them. Jiang Mengshan looked ahead without saying a word, steering the spacecraft towards the bustling city below.
Shen Zhinan lowered his head and moved slightly uncomfortable.
After all, this was his first time. Even though the supreme emperor deliberately took care of him without being too presumptuous, Shen Zhinan found it hard to ignore the discomfort in his body.
His legs felt as weak as noodles, and there was a dull pain even when sitting.
"Use this as a cushion." A soft cushion was handed over.
Shen Zhinan lowered his head even more, biting his already red and swollen lower lip. He took the soft cushion and placed it under his buttocks as if he was giving up on himself.
"Jiang Mengshan, do you think... I am a shameless omega who is greedy for power?" Shen Zhinan was fidgeting with his fingers. "I haven't divorced Feng Nian yet, but I've already slept with His Majesty. Do you look down on me?"
Jiang Mengshan's answer was as calm as a formatted official document: "You are the future empress of the empire; no one will look down on you."
Shen Zhinan raised his head, giving Jiang Mengshan a glare: "You are like a robot. Is it that difficult to tell the truth? I won't tell anyone. I also...have no one else to tell. I don't have many friends. Well, actually I did have friends, but since my family went bankrupt, they saw that Feng Nian was not treating me well, and they all stopped playing with me."
His nose felt a bit sour. Shen Zhinan took a deep breath and put on a brilliant smile: "But it doesn't matter. Your Majesty promised me. Once I divorce Feng Nian, he'll make me his empress. In the future, I'll be one of the most noble people in the Galactic Empire. Those who laughed at me for being rejected by Feng Nian, those who kicked me when I was down, will all regret it."
"You know? Just thinking about how they react when they find out I am married to His Majesty makes me want to laugh, haha!" Shen Zhinan closed his eyes and took a deep breath, slightly raising the corners of his mouth. "Does this make me look like someone gloating over petty success? I don't care at all about what others think of me; as long as I'm happy, that's all that matters!"
Anyway, no one loves me.
Jiang Mengshan raised his thin eyelids and glanced at Shen Zhinan next to him, and then quickly averted his gaze: "You are the Empress of the empire; you don't have to care about other people's opinions."
MissMouse
1 year ago
Thank you for picking this up! I'm so excited to continue following this story ♥️