no
"မဖြစ်နိုင်တာ။ ခင်ဗျား မဟုတ်တာတွေ ပြောနေတာပဲ။" ဘေးနှစ်ဖက်မှ လက်သီးတင်းတင်းဆုပ်ရင်း ကျန်းမုန့်ရှန်၏စကားကို ဖုန်းနျန်မယုံကြည်။ ထို့ကြောင့် သူ အတင်းငြင်း၏။ "ရှန်ကျီးနန်ရဲ့မိသားစုက သူ့ကိုစွပ်စွဲပြီး ရိုးသားမှုကို မှေးမှိန်အောင်လုပ်လို့ မြို့တော်ကနေ ထွက်သွားရတာ..."
"မှန်လား၊ မှားလား ခင်ဗျားစုံစမ်းကြည့်ရင် သိမယ်မဟုတ်ဘူးလား။" ဆိုကာ အယ်ဖာတစ်ယောက်၏ အမည်ကို ကျန်းမုန့်ရှန် ထုတ်ပြောလိုက်သည်။ "လက်ထောက်စစ်သူကြီး ဟစ်ဂ် သူနဲ့ ခင်ဗျား ရင်းနှီးမှာပါ။"
ပြီးသည်နှင့် ကျန်းမုန့်ရှန်က လက္ဘက်ရည်ခွက်ကိုပင်မထိဘဲ လျှောက်ထွက်သွားလေ၏။
ထိုကိစ္စအတွက် အမှန်တရားက တစ်ခုတည်း။ အကုန် ရှာဖွေတွေ့ရှိသည်အထိ ငြိမ်ငြိမ်လေးထိုင််စောင့်နေခြင်းပင်။
ဖုန်းနျန်၏ အဆင့်အတန်း၊ အရည်အချင်းနှင့်ဆို ထိုမပိရိသောလိမ်ညာမှုကို ဖော်ထုတ်ဖို့ အလွယ်လေးပင်။
ဒါပေမဲ့ ထိုသို့မပိရိသည့်အလိမ်လေးတစ်ခုသည်ပင် နှစ်ပေါင်းများစွာကြာအောင် မပေါ်ခဲ့ချေ။ သေချာစစ်ကြည့်လျှင် ထိုအတွက်အကြောင်းပြချက်ဟာ ရိုးရှင်းလွန်းလှ၏။
ယုံကြည်မှုပင်။
ယုံကြည်မှုကြောင့် မျက်ရည်ခံလေး အနည်းငယ်သာ ထိုးရုံနှင့် ယုံကြည်မှုကို အလွယ်လေးရရှိကာ လိမ်စဉ်တစ်ခုဟာ နှစ်ပေါင်းများစွာကြာသည်အထိ ခိုင်မာသော အမှန်တရားဖြစ်ခဲ့၏။
မယုံကြည်မှုကြောင့် ရိုးသားမှုကို သက်သေပြရန် မည်မျှပင် တောင်းပန်တိုးလျှိုးပါစေ ချစ်ရသူထံမှ ယုံကြည်မှု တစ်စွန်းတစ်စကလေးပင် ပြန်မရခဲ့။
ဒါဟာ အစကတည်းက ကျန်းယွဲ့ယင်အပေါ်မှာသာ ပုံအပ်ယုံကြည်ထားခြင်းဖြင့် ရှန်ကျီးနန်အပေါ် အငြိုးအာဃာတနှင့် နားလည်မှုလွဲခြင်း နက်ရှိုင်းခဲ့၍လား၊ သို့မဟုတ် ကျန်းယွဲ့ယင်၏စကားများနှင့်ပတ်သက်ပြီး တစ်ခုခုမှားနေမှန်း မသိစိတ်က သိလျက်နှင့်တောင် ထိုစကားလုံးများကိုပင် ရှန်ကျီးနန်အား ပိတ်လှောင်ပစ်သည့် လှောင်အိမ်တစ်ခုအဖြစ် သတ်မှတ်ခဲ့၍လား။ ရှန်ကျီးနန်ဘက်မှ ကွာရှင်းမည်ဟု ဆိုတုန်းက အထက်ဆီးမှနေ၍ လွတ်လပ်မှုရှာဖွေနေသော အိုမီဂါ၏တောင်ပံတို့ကို ညှပ်ပစ်ရန် အပြစ်ပြေရာပြေကြောင်းဆင်ခြေတစ်ခုကို အသုံးချခဲ့၏။
သို့လျှင် ကျန်းယွဲ့ယင်၏စကားများသည် အရင်ကတည်းက အလိမ်အညာများဖြစ်ခဲ့ပါက ရှန်ကျီးနန်အား ထိန်းချုပ်ရန် သူ့ဘက်မှ မလွဲမသေယုံကြည်ခဲ့သည့် အကြောင်းပြချက်တို့ဟာ ပြက်လုံးသာသာဖြစ်သွားမည် မဟုတ်ပါလား။
အေးစက်သော လေစီးကြောင်းက ဖုန်းနျန်၏ သွေးကြောတို့မှတစ်ဆင့် ဦးခေါင်းအထိ တိုးဝင်တိုက်ခတ်သည်။ ကိုယ်ခန္ဓာ၊ ခြေ၊ လက်များမှာ အေးခဲသွားသည့်အတိုင်း ထုံကျင်လို့။
သူ့ကိုယ်ထဲတွင် သွေးတောင် စီးဆင်းနေသေးရဲ့လား။ တောင့်တင်း၍ လှုပ်လို့ပင်မရတော့။
တစ်ခုခုဖြင့် သူ့ရင်ကိုဖိချထားသလိုမျိုး အသက်ရှူရခက်ခဲနေ၏။ ကျောက်တုံးကြီးလား၊ ဓားသွားထက်ထက်လား မသဲကွဲ။ မဖော်ပြနိုင်သော လေးလံမှုနှင့် ထုံပေပေနာကျင်မှုက ရင်ဘတ်မှတစ်ဆင့် တခြားနေရာများဆီ ပျံ့နှံ့သွားသည်။
"အဆင်ပြေရဲ့လား စစ်သူကြီး။" အတွင်းရေးမှူး လင်ချောင်က အသံတိမ်တိမ်ဖြင့် မေးရှာသည်။ ကျန်းမုန့်ရှန်ထွက်သွားပြီးနောက် ဖုန်းနျန်၏ပြန်ထွက်အလာကို သူ မစောင့်ခဲ့။ လင်ချောင် ဝင်လာသောအခါ ဖြူဖပ်ဖြူရော်မျက်နှာနှင့် ဖုန်းနျန်တစ်ယောက် ကျောက်ရုပ်လို ရပ်နေသည်ကို တွေ့ရ၏။ အမူအရာသည် ထုံးစံအတိုင်း အေးစက်နေစေကာမူ တစ်ခုခု ထူးခြားနေသည်။
အတိအကျ ဘယ်လိုကွာခြားနေသည်ကိုတော့ သူမပြောတတ်။
ဖုန်းနျန်က ခပ်ဖြည်းဖြည်းထိုင်ချရင်း နှုတ်ခမ်းလှုပ်ကာ "ကျန်းယွဲ့ယင်နဲ့ လက်ထောက်စစ်သူကြီးဟစ်ဂ်ရဲ့ ပတ်သက်မှုကို သွားစုံစမ်းချေ။"
လင်ချောင် ရင်ထိတ်သွားသည်။ ကျန်းယွဲ့ယင်ဟာ ဖုန်းနျန်၏ ငယ်ဘဝ အချစ်ဦး။ သူမ မြို့တော်ဆီပြန်ရောက်ကတည်းက ဖုန်းနျန် သေချာ ဂရုစိုက်ပေးခဲ့သည်။ နှစ်ယောက်လုံးက လိုတာထက် မပိုကြသော်လည်း။
သူ့အမြင်မှာတော့ ဖုန်းနျန်အတွက်မူ ရှန်ကျီးနန်ထက် ကျန်းယွဲ့ယင်က ပိုအရေးပါနေသည်။
အောက်ခြေမှတက်လာသော ဖုန်းနျန်နှင့်မတူသည်မှာ လက်ထောက်စစ်သူကြီး ဟစ်ဂ်သည် တော်ဝင်မြို့တော်၌ မျိုးရိုးမြင့်တစ်ယောက်ဖြစ်၏။ အရည်အချင်းတွင် ဖုန်းနျန်လောက် မစွမ်းဆောင်နိုင်ပေမဲ့ မြို့တော်ရှိ သူ၏လွှမ်းမိုးမှုကို အထင်သေး၍မရပေ။
ကျန်းယွဲ့ယင်နှင့် လက်ထောက်စစ်သူကြီး ဟစ်ဂ်တို့ကြား ပတ်သက်မှု ရှိနေသည်လား။
စစ်ရေးဌာနချုပ်မှ ထွက်လာပြီးနောက် ကျန်းမုန့်ရှန်လည်း လေင်္ဘောစီး၍ ကောင်ကင်ထက်ရှိ တော်ဝင်နန်းတော်ဆီ ဦးတည်သွားလေသည်။
ဖုန်းနျန်သည် သူ့အားရုတ်တရက် လက္ဘက်ရည်ခေါ်တိုက်ပြီး ကျန်းယွဲ့ယင်နှင့်စကာ ရှန်ကျီးနန်နှင့်ဆုံးသည့် စကားကိုပြော၏။ ကျန်းမုန့်ရှန်၏ ခန့်မှန်းမှု မမှား။ သူ့ဆီကနေ ထိုလှပသောအိုမီဂါ၏သတင်းကို ဖုန်းနျန် နှိုက်ယူဖို့ ကြိုးစားခြင်း။ ဖုန်းနျန်ကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း ဝန်မခံသော်လည်း။
အရာရာတိုင်းကို မျက်မြင်တွေ့နေရသော အပြင်လူတစ်ယောက်အနေနှင့် ကျန်းမုန့်ရှန်သည် ဝင်ပြောရမည့်နေရာတွင် မရှိသော်ငြား လူတိုင်း၏လုပ်ရပ်များကို လိုက်ကြည့်နေရခြင်းက အတော်လေး စိတ်ဝင်စားစရာတော့ ကောင်းလှသည်။
အထူးသဖြင့် ဖုန်းနျန်ကိုယ်တိုင်ပင် သတိမပြုမိသည့် လုပ်ရပ်ဖြစ်သော ရှန်ကျီးနန်အပေါ် သူ၏မသိမသာအာရုံစိုက်မှုဖြစ်သည်။ ထိုနေ့ရောက်လာပြီး ဖုန်းနျန် မည်သို့တုံ့ပြန်မည်ကို ကျန်းမုန့်ရှန် မျှော်လင့်စောင့်ဆိုင်းမိ၏။
ကောင်းကင်တွင်တည်နေသော တော်ဝင်နန်းတော်ကို သူမော့ကြည့်မိသည်။ ဧကရာဇ် ဟွားချန်းရှန်နှင့် ရှန်ကျီးနန်၏ဆက်ဆံရေးသည် လျို့ဝှက်အဆင့်မှာသာ ရှိသေး၏။
အမှန်တော့ ဒါဟာ ထုတ်ဖော်ပြော၍မရသော လျို့ဝှက်ချက်တော့မဟုတ်ပေ။ အင်အားကြီးဧကရာဇ်တစ်ယောက်အဖို့ သူလက်ထပ်မည့်အိုမီဂါ မည်သူဖြစ်ခြင်း၊ အများပြည်သူ သိရှိခြင်း၊ မသိရှိခြင်းသည် အရေးမကြီးလှ။ ဒါပေမဲ့ ဖုန်းနျန်၏ဘေးမှ အိုမီဂါကို ဆွဲထုတ်သွားသူသည် အင်ပါယာ၏ ဧကရာဇ်ဖြစ်ကြောင်း ဧကရာဇ်ကိုယ်တိုင်က ခွင့်ပြုချက်မပေးခင် မည်သူကမျှ အရင်ဦးအောင် ကမူးရှူးထိုး လျှောက်မပြောရဲချေ။
အနှေးနှင့် အမြန်တော့ အများပြည်သူတို့ သိရလိမ့်မည်။ ပျောက်နေသည့်အရာမှာ အခွင့်အရေးသာ။
အရှင်မင်းကြီးက အိုမီဂါမိဖုရားဘွဲ့ထူးအပ်နှင်းမည်ဟု ကတိပေးထားလျှင် ရှန်ကျီးနန်ဟာလည်း မြင့်မြတ်သောဧကရာဇ်၏မျိုးဆက်ကိုမွေးဖွားပေးသော အင်ပါယာ၏ မိဖုရား ကျိန်းသေဖြစ်လာလိမ့်မည်။
နန်းတော်ကိုရောက်တော့ ကျန်းမုန့်ရှန် ထုံးစံအတိုင်း ပင်မနန်းဆောင်ဆီလာပေမဲ့ အရှင်မင်းကြီးမရှိကြောင်း ကြားရ၏။
"အရှင်မင်းကြီးက လျိုယွင်နန်းဆောင်ကိုသွားပါတယ်။ ဝန်ကြီးချုပ်ကျန်းတွေ့ချင်ရင် လျိုယွင်နန်းဆောင်ကို လိုက်သွားပါ။"
တည်ဆောက်ပြီးကတည်းက နှစ်ပေါင်းတစ်ရာကျော် သမိုင်းတစ်လျှောက် ဂလက်ဆီဧကရာဇ်၏နားနေဆောင်နှင့် အနီးဆုံးဖြစ်သော လျိုယွင်နန်းဆောင်သည် အမြဲလိုလို နေရာလွတ်ဖြစ်ခဲ့၏။
သို့သော် ထိုအခြေအနေဟာ မကြာသေးခင်ကမှ ပြောင်းလဲသွားသည်။ နောက်ဆုံး လျိုယွင်နန်းဆောင်သည် ၎င်း၏ပိုင်ရှင်ကို ကြိုဆိုခဲ့ပြီး ဒါဟာပင် သူ၏ တစ်ဉီးတည်းသောသခင် ဖြစ်ဖို့များသည်။
လှပသောအိုမီဂါတွင် အလွန်ရှားပါးသည့် မြစိမ်းရောင် မျက်ဝန်းအစုံရှိ၏။ တော်ဝင်မြို့တော်မှ နန်းတော်သို့ပြန်ရောက်ပြီးသော် ရှန်ကျီးနန် သူ၏နန်းတော်မှာသာ နေသည်။
သူနေရာ နန်းတော်ပတ်ပတ်လည် လျှောက်သွားပြီး တစ်နေ့လုံးဘာမျှလုပ်စရာမရှိပါက နန်းတော်ဥယျာဉ်တစ်ဝိုက်လမ်းလျှောက်ခြင်းဖြင့် အချိန်အများဆုံး ကုန်ဆုံးတတ်သည်။
တစ်ယောက်တည်းရှိနေစဉ် အတွေးများတတ်သည်မှာ ထုံးစံပင်။
တော်ဝင်မြို့တော်ရော နန်းတော်မှာရော မည်သူ့ကိုမျှ သူ မသိပေ။ ဟွားချန်းရှန်ပေးထားသော အစေခံနှစ်ယောက်သည် အတိုက်အခိုက်တော်ပေမဲ့ စကားပြောတော့ပြတ်၏။ တစ်ခုခုမေးလိုက်တိုင်း တိုတိပြတ်တောင်းစွာ အဖြေပြန်ပေးတတ်ကြသည်။
စကားပြောဖော်ရှာချင်ပေမဲ့ မည်သူ့ကို ပြောရမှန်းမသိ။ နောက်ဆုံးတော့ သူ၏အဖော် ပင်ဂွင်းလေးနှင့်သာ သူကိုယ်တိုင်၏အကြောင်းပြောချင်ပြော သို့မဟုတ် မြို့တော်ကနေ ပင်ဂွင်းလေး ရယူလာသော သတင်းစကားများကို နားထောင်ချင်နားထောင်တတ်သည်။
ကွာရှင်းခံဇနီးဖြစ်သည့်သူ့အကြောင်းအတင်းစကားများသည် မကြာခင်ကမှ ပျောက်ကွယ်သွား၏။ သူနှင့် အချစ်ဇာတ်ခင်းခဲ့သော အယ်ဖာအကြောင်းစူးစမ်းနေကြသည့်လူအများအပြားသည် သူ့အား ပြက်ရယ်ပြုဖို့ဇောသန်နေကြသော်လည်း ယခု ထိုအကြောင်းကို မည်သူကမှ မဆွေးနွေးကြတော့။
ဒါဟာ ရိုးသွား၍လားမသိပေမဲ့ ရှန်ကျီးနန်အဖို့တော့ အတော်လေး စိတ်သက်သာရာရစေသည်။
ပင်ဂွင်းဖြူလေးသည် တော်ဝင်မြို့တော်မှ နောက်ဆုံးသတင်းစကားကို စုံစမ်းလာ၏။ ယခုဆို လူတို့သည် လာမည့် သိုင်းပညာပြိုင်ပွဲအကြောင်း ဆွေးနွေးနေကြသည်တဲ့။
သိုင်းပညာပြိုင်ပွဲအား သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိကာ ပါဝင်ယှဉ်ပြိုင်သူများအတွက် လိင်ခွဲခြားမှုမရှိ။ ဒါပေမဲ့ ခွန်းအားဆိုင်ရာ အားသာချက်ကိုစဉ်းစားလျှင်တော့ နောက်ဆုံးရွေးချယ်ခြင်းအဆင့်ကို ကျော်ဖြတ်နိုင်သူ ၉၀ရာခိုင်နှုန်းဟာ အယ်ဖာများဖြစ်သည်။
သိုင်းပညာပြိုင်ပွဲမှ ထိပ်တန်းသုံးယောက်သည် ကုံလုံသောဆုကြေးငွေသာမက အင်ပါယာ၏ဘုရင်ကိုယ်တိုင်ချီးမြင့်သော ဂုဏ်ထူးဘွဲ့လည်း ရရှိသည်။
အရင့်အရင် သိုင်းပညာပြိုင်ပွဲများသည်လည်း ပြည်သူလူထု၏အာရုံစိုက်စရာဖြစ်ခဲ့ပေမဲ့ သည်နှစ်၏ပြိုင်ပွဲသည် မကြုံစဖူးထူးကဲသော ဆွေးနွေးစရာအကြောင်းတစ်ရပ်ဖြစ်နေခြင်းမှာ ထိပ်တန်းသုံးယောက်အား မင်းကြီးသာမက မိဖုရားကပါ ဂုဏ်ထူးချီးမြှင့်မည်ဟူသော ကြေငြာချက်ကြောင့်ဖြစ်သည်။
"ဘာတွေ ကြည့်နေတာလဲ။" ရုတ်တရက် ဟွားချန်းရှန်၏အသံက အပေါ်ဘက်မှ လွင့်ပျံလာ၏။
"အရှင်မင်းကြီး။" ဆိုကာ ရှန်ကျီးနန်လည်း စိတ်လှုပ်တရှား ထရပ်လိုက်သည်။
အမည်လေးတွေမှားနေတာ ပြန်ပြင်ပေးပါ့မယ် 'ဟွားချန်းရွှမ်' လို့ ဖတ်ပေးပါနော်။ Thank you for reading 🙇
"Impossible, you're just talking nonsense again." With hands clenched tightly into fists by his sides, Feng Nian didn't believe Jiang Mengshan's words, so he refuted forcefully, "She was forced to leave the imperial capital because Shen Zhinan's family framed her and tarnished her innocence..."
"Whether it's true or false, you can investigate and find out, right?" Jiang Mengshan mentioned an Alpha's name, "Lieutenant General Higgs, you should be familiar with him."
Jiang Mengshan strode away without touching the tea cup.
There was only one truth to the matter, quietly waiting to be discovered from beginning to end.
With Feng Nian's status and abilities, it was easy to decipher a clumsy lie.
But even such a clumsy lie had never been exposed for many years. The reason for that seemed to be extremely simple upon closer examination.
It was just a matter of trust.
Because of trust, just shedding a few tears could gain trust easily, allowing a lie to become a firmly believed truth over the years.
Because of distrust, no matter how much one begged and pleaded to prove their innocence, they couldn't gain the slightest trust from their beloved.
Was it that from the very beginning, belief was placed in Jiang Yueying's lies, thereby deepening the resentment and misunderstanding towards Shen Zhinan, or is it that even though subconsciously knowing there was something wrong with Jiang Yueying's words, those words were still treated as a cage trapping Shen Zhinan? When Shen Zhinan proposed divorce, from a position of superiority, the excuse of atonement was used to sever the omega's wings that were attempting to obtain freedom.
But if Jiang Yueying's words were false lies from the beginning, wouldn't the reasons he once unquestionably believed to restrain Shen Zhinan become a joke?
A stream of icy air rushed upward through Feng Nian's veins to his head, and his body and limbs felt numb as if frozen by ice.
Was blood still flowing in his body? It was still solid and motionless.
Why was it that he was having some difficulty breathing, as if something suddenly pressed down on his chest? It could be a huge rock, or perhaps a sharp blade; an inexplicable heaviness and dull pain began to spread from the chest to other areas.
"General, are you alright?" Secretary Lin Chao asked in a low voice. After Jiang Mengshan left, he didn't wait for Feng Nian to come out for a long time. After Lin Chao entered, he saw Feng Nian standing motionless, his face extremely pale. Although his expression remained as cold as ever, there was a hint of something different.
But what exactly was different, Lin Chao couldn't say.
Feng Nian sat down slowly, moved his lips, and finally said a few words: "Investigate the relationship between Jiang Yueying and Lieutenant General Higgs."
Lin Chao's heart trembled. Jiang Yueying was Feng Nian's childhood sweetheart. Feng Nian had been taking care of her since she returned to the imperial capital. Although Feng Nian and Jiang Yueying had never done anything that exceeded the limit.
But in their opinion, Jiang Yueying was obviously more important to Feng Nian than Shen Zhinan.
As for Lieutenant General Higgs, unlike Feng Nian who climbed up from the lower class, Lieutenant General Higgs was a veteran nobleman in the imperial capital. Although he was not as capable as Feng Nian in all aspects of ability, his influence in the imperial capital could not be underestimated.
Was there any connection between Jiang Yueying and Lieutenant General Higgs?
After leaving the military headquarters, Jiang Mengshan took an aircraft to the imperial palace high in the sky as usual.
Feng Nian suddenly invited him for tea, starting the conversation with Jiang Yueying and ending with Shen Zhinan. Jiang Mengshan's guess was not wrong; Feng Nian seemed to be trying to obtain information about that beautiful omega from him, even though Feng Nian did not appear to admit it.
As an outsider who witnessed everything that happened, Jiang Mengshan was not in a position to comment, but observing everyone's actions as an outsider was indeed quite interesting.
Especially seeing on Feng Nian something that Feng Nian himself had not noticed — the subtle, almost imperceptible attention towards Shen Zhinan, Jiang Mengshan was very much looking forward to the day when the truth came out, curious about what Feng Nian's reaction would be.
He looked up at the imperial palace hanging high in the sky. The relationship between Shen Zhinan and His Majesty Hua Qianshuang was still at a confidential stage.
Actually, it was not that there was some unspeakable secret; to the all-powerful monarch, it doesn't matter who the omega was once married to, nor does it matter whether it's public knowledge or not. But no one dared to overstep and recklessly spread the news that the alpha who took the omega from Feng Nian's side was their empire's emperor, before His Majesty permitted it.
Sooner or later it would be made public. What was missing was an opportunity.
If His Majesty had promised to give the title of Omega Queen, then Shen Zhinan would inevitably become the empress of the empire, bearing the empire's offspring for their noble emperor.
After arriving at the palace, Jiang Mengshan went to the main hall as usual, but was told that His Majesty the Emperor was not currently in the main hall.
"His Majesty went to Liuyun Palace earlier. If Minister Jiang wants to see His Majesty, please go to Liuyun Palace."
Throughout its history of over a hundred years since its establishment, Liuyun Palace, being the palace closest to the living quarters of the Galactic Emperor, had always remained unoccupied and vacant.
However, this situation changed not long ago. Liuyun Palace finally welcomed its first owner, and it was highly likely to be its only master.
The beautiful omega had an extremely rare pair of emerald-like eyes. After returning to the palace from the imperial capital, Shen Zhinan had been staying in his palace.
He roamed through his own sleeping palace thoroughly; even with nothing to do all day, just taking a walk through the palace and the gardens would take up most of the day.
It's always easy to have random thoughts when one is alone.
He didn't know anyone in the imperial capital or in the palace. The two maids given by Hua Qianshuang were very skilled but extremely taciturn. When Shen Zhinan asked something, they would always answer in a straightforward manner.
He really wanted to find someone to chat with, but he didn't know who to talk to. In the end, he could only talk to his companion animal, a little pigeon, either talking to himself or listening to various rumours the pigeon gathered from all over the capital.
Recently, rumors about him being a divorced wife have suddenly disappeared. Not long ago, many people were waiting to make a joke of him, curious about who the Alpha he had an affair with was, but now it seems that nobody is discussing it anymore.
Although he didn't know if it was because the freshness had worn off or for some other reason, this made Shen Zhinan feel relieved to some extent.
Little White Pigeon inquired about the latest imperial capital gossip, and people were now more interested in the upcoming martial arts competition.
The martial arts competition was held once every three years, and there were no gender requirements for participants. However, considering the physical advantages of Alphas, usually more than 90% of those who passed the preliminary selection were Alphas.
The top three winners of the martial arts tournament not only receive substantial prize money but also have the honor of being personally received by the Emperor at the imperial palace.
Although past martial arts tournaments had always been the focus of public attention, the reason this year's event had sparked unprecedented discussion was because the announcement mentioned that the awards for the top three winners would be presented not only by His Majesty the Emperor but also by the Empress.
"What are you looking at?" Hua Qianshuang's voice suddenly sounded from behind.
"Your Majesty?" Shen Zhinan stood up nervously.
TZH
1 year ago
မြန်မာဘာသာပြန်မရသေးတာလား