no

Font
Theme

အခန်း (၄၂)- ထွက်ခွာခြင်း (၂)

ပထမဆုံး နေရောင်ခြည်က ဝေ့မိန်လင်၏ ကိုယ်ပိုင်အခန်းထဲသို့ ဝင်ရောက်လာပြီး ချွတ်ချထားသော ဝတ်ရုံများနှင့် အတွင်းခံများ ဖရိုဖရဲ ပြန့်ကျဲနေသည့် ရှုပ်ပွနေသော ကြမ်းပြင်ကို ထွန်းလင်းပေးလိုက်လေသည်။

အတွင်းဘက်တွင် အခန်းအနှံ့ ပြန့်ကျဲနေသော အဝတ်အစားများ၏ ပုံမှန်မြင်ကွင်းမှာ ထုံးစံတစ်ခုလို ဖြစ်နေပြီ ဖြစ်သည်။

ကုတင်ပေါ်တွင် လီဖုန်းက ဝေ့မိန်လင်၏ ချောမွေ့ပြီး ဗလာကျင်းနေသော ခန္ဓာကိုယ်ကို ပိုင်စိုးပိုင်နင်း ဖက်တွယ်ကာ လဲလျောင်းနေလေသည်။

သူမ၏ ဆံပင်များက ခေါင်းအုံးပေါ်တွင် အနက်ရောင် ပိုးသားများပမာ ပြန့်ကျဲနေပြီး အသားအရေက ရမ္မက်များ၏ ကျန်ရစ်နေသော နွေးထွေးမှုများဖြင့် နီရဲနေလေသည်။

သူ၏ လက်က သူမ၏ ပြည့်ဖြိုးမို့မောက်သော ရင်သားကို ရည်ရွယ်ချက်ရှိရှိ ဖြည်းညင်းစွာ ဆုပ်နယ်နေပြီး ၎င်း၏ အလေးချိန်နှင့် နူးညံ့မှုကို အရသာခံနေလေသည်။

“အင်း...”

ရှည်လျားသော ညတစ်ညလုံး ပြည့်နှက်နေခဲ့သည့် သာယာမှုများမှ လွတ်မြောက်ရန် မလိုလားသည့်အလား သူမ၏ အသက်ရှူသံများက နူးညံ့ပြီး မညီမညာဖြစ်နေကာ သဲ့သဲ့လေး လှုပ်ရှားလာလေသည်။

လီဖုန်းက အနောက်မှနေ၍ သူမ၏ ကျောကို ရင်ဘတ်ဖြင့် ဖိကပ်ကာ ပိုမိုနီးကပ်စွာ တိုးသွားပြီး ပျင်းရိသော အပြုံးဖြင့် သူမ၏ နားရွက်ကို နှုတ်ခမ်းများဖြင့် ပွတ်တိုက်လိုက်လေသည်။

ခဏတာမျှ သူမ၏ အသားအရေမှ ရနံ့၊ သူမ၏ ခန္ဓာကိုယ်မှ အပူရှိန်နှင့် နှုတ်ခမ်းများတွင် ကွေးညွတ်နေသော မှိန်ဖျော့ဖျော့ အပြုံးလေးကို အရသာခံရင်း သူမကို ထိုအတိုင်း ဖက်ထားလိုက်လေသည်။

မနေ့ညက ကြမ်းတမ်းမည့်အစား လူကြီးလူကောင်းတစ်ဦးပမာ နူးညံ့စွာဖြင့် ဝေ့မိန်လင်၏ ခန္ဓာကိုယ်ကို ဂရုတစိုက် ကိုင်တွယ်ခဲ့လေသည်။

ဝေ့မိန်လင်က ဤရုတ်တရက် နူးညံ့မှုနှင့် အသားမကျသေးပဲ အတော်လေး အံ့ဩစရာကောင်းအောင် တုံ့ပြန်ခဲ့လေသည်။

ဤလုပ်ရပ်များက ဤထူးခြားလှသော ခန္ဓာကိုယ်ကို လေ့ကျင့်ပေးရန် သူ၏ အစီအစဉ်များထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ပြီးခဲ့သည့်ရက်များအတွင်း ၎င်းကို အရသာခံပြီးနောက် ဝေ့မိန်လင်၏ ခန္ဓာကိုယ်မှာ တကယ်ကို တစ်ဦးတည်းသော ထူးခြားမှုဖြစ်ကြောင်း သူ နားလည်သွားလေသည်။

ဤမျှ သာယာမှုပေးစွမ်းနိုင်သော ခန္ဓာကိုယ်မျိုးကို ဆုံးရှုံးရမည်မှာ နှမြောစရာကောင်းသဖြင့် သူက အနည်းငယ် မြတ်နိုးကာ အချိန်အကြာကြီး ကစားချင်နေလေသည်။

“သခင်မဝေ့... ဒီနေ့ ကျုပ် ဂိုဏ်းကို ပြန်တော့မယ်...”

လီဖုန်းက သူမ၏ နားထဲသို့ တိုးညင်းစွာ ရေရွတ်လိုက်လေသည်။

“အာ...”

ညည်းသံလေးတစ်ခု သူမ၏ နှုတ်ခမ်းမှ လွတ်ထွက်သွားပြီး သူ၏ အထိအတွေ့ထဲသို့ မသိမသာ ကော့ဝင်သွားလေသည်။

အပြည့်အဝ မနိုးထချင်ဘဲ သူ၏ နူးညံ့ယုယုမှုတွင် မူးယစ်နေပုံရလေသည်။

လီဖုန်း ပြုံးလိုက်ပြီး သူမ၏ လည်ပင်းကို နောက်ဆုံးအကြိမ် နမ်းလိုက်ကာ ကုတင်ပေါ်မှ ထသွားလေသည်။

မကြာမီ အဝတ်အစားများ ဝတ်ဆင်ပြီးနောက် ကျေနပ်စွာဖြင့် အခန်းထဲမှ ထွက်ခွာသွားလေသည်။

ဝေ့ ဆေးဖော်စပ်ရေး ခန်းမမှ နောက်ဆုံးတွင် ထွက်ခွာလာပြီးနောက် လီဖုန်းက ပျင်းရိစွာ အကြောဆန့်ကာ လမ်းမပေါ်သို့ ထွက်လာခဲ့လေသည်။

သူ အံ့ဩသွားသည်မှာ ကောင်းကင်ကြီးက မှောင်မဲနေပြီဖြစ်ပြီး မိုးတိမ်များက အချိန်မရွေး မိုးရွာတော့မည့်အလား နိမ့်ဆင်းနေလေသည်။

“မိုးရွာတော့မှာလား...”

အပေါ်ကို မော့ကြည့်နေစဉ် အော်ခေါ်သံတစ်ခုကို သူ ကြားလိုက်ရလေသည်။

“ညီလေးလီ၊ မင်း တကယ်ကို ဒီမှာ ရှိနေတာပဲ...”

ရင်းနှီးသော အသံက သူ့ကို အတွေးများထဲမှ ဆွဲထုတ်သွားလေသည်။

လီဖုန်း အောက်သို့ ပြန်ကြည့်လိုက်ရာ တိမ်နတ်ဆိုးမြို့သို့ သူ့ကို လမ်းညွှန်ခေါ်ဆောင်လာခဲ့သော စီနီယာအစ်ကို လင်းယွီကို တွေ့လိုက်ရလေသည်။

လင်းယွီက ပြုံးနေသော်လည်း သူ၏ နှုတ်ခမ်းထောင့်တွင် တစ်ခါတစ်ရံ တွန့်ခနဲ ဖြစ်သွားလေသည်။

ဒီကောင် ဒီမှာ ရှိနေလောက်သေးတယ်လို့ တွေးပြီး ငါ ဒီမှာ စောင့်နေခဲ့တာ... ဒါပေမဲ့ သူ တကယ်ပဲ ဒီမှာ နေနေခဲ့တာပဲ... ဒီကောင် ငါ့ရဲ့ အကြံဉာဏ်တွေကို လုံးဝ ဂရုစိုက်ပုံမပေါ်ဘူး...

“အိုး... စီနီယာအစ်ကိုလင်း၊ ဂိုဏ်းကို ပြန်ဖို့ ပြင်နေတာလား... ကျုပ်လည်း ဒီမှာ အလုပ်တွေ ပြီးသွားပြီ...”

လီဖုန်းက သူ၏ ထုံးစံအတိုင်း အပြုံးဖြင့် ပြောလိုက်လေသည်။

လင်းယွီက မျက်လုံးလှန်မကြည့်ဘဲ မနေနိုင်တော့ပေ။

လီဖုန်း၏ လန်းဆန်းနေသော အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် သူ၏ အလုပ် မှာ သင့်လျော်သော ကျင့်ကြံခြင်းအလုပ်နှင့် အလှမ်းဝေးကြောင်း သိသာနေလေသည်။

သို့တိုင်အောင် သူ၏ အကြည့်က လီဖုန်း၏ ခါးတွင် ချိတ်ဆွဲထားသော ဆေးဆရာတံဆိပ်ပေါ်သို့ ရောက်သွားချိန်တွင် သူ၏ အပြုံးက တောင့်တင်းသွားလေသည်။

“အသင်းကို ဆေးဆရာအသစ် တစ်ယောက် ဝင်လာတယ်လို့ ငါ ကြားခဲ့တယ်...”

လင်းယွီက ပြောလိုက်ပြီး သူ၏ အပြုံးက အနည်းငယ် လေးနက်သွားလေသည်။

“အဲဒါ မင်းဖြစ်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး... မင်းက တကယ်ကို အံ့သြစရာတွေနဲ့ ပြည့်နေတာပဲ...”

အသင်းထဲသို့ ဝင်ရောက်နိုင်သူတိုင်းမှာ ရေသာခိုနေသူများ မဟုတ်ဘဲ တကယ့်အစစ်အမှန်များဖြစ်ကြောင်း သူ ကောင်းကောင်းသိလေသည်။

ဆေးဆရာအဖြစ် အသိအမှတ်ပြုခံရခြင်းသည် လေလုံးထွားခြင်း သို့မဟုတ် ကံကောင်းခြင်း မဟုတ်ဘဲ စစ်မှန်သော ကျွမ်းကျင်မှုရှိခြင်းကို ဆိုလိုပေသည်။

ဒါကို ကြားတော့ လီဖုန်းက ဟန်ဆောင်ကာ သက်ပြင်းချလိုက်လေသည်။

“ကျုပ်က သိုသိုသိပ်သိပ် နေမလို့ စီစဉ်ထားတာ... ဒါပေမဲ့ စီနီယာအစ်ကို မျက်စိလျှင်တာကိုး... ဟုတ်ပါတယ်၊ အသင်းရဲ့ အကဲဖြတ်စမ်းသပ်မှုကို ကံကောင်းလို့ အောင်မြင်သွားတာပါ...”

ငါ့ကို ချီးကျူးပါဦး ဟု ပြောနေသည့်အလား အမူအရာဖြင့် မာနထောင်လွှားနေသော လီဖုန်းကို မြင်တော့ လင်းယွီ၏ ပါးစပ်က တွန့်သွားပြီး မသိချင်ယောင်ဆောင်ကာ ပြောလိုက်လေသည်။

“အင်း... ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း မင်း ဒီမြို့မှာ နေခဲ့တာ ကောင်းတာပေါ့...”

လီဖုန်း မျက်တောင်ခတ်သွား၏။

“စီနီယာလင်းက ဘာကို ဆိုလိုတာလဲ...”

လင်းယွီက အလျင်အမြန် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လီဖုန်းကို အနားသို့ ဆွဲခေါ်ကာ တီးတိုးပြောလိုက်လေသည်။

“တကယ်တော့ လတ်တလော ဒီမြို့ပတ်ဝန်းကျင်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဓားပြအဖွဲ့တစ်ဖွဲ့ လှည့်လည်သွားလာနေတယ်...”

“ဖန်မင်းဆက် မြို့တော်ရဲ့ အနီးအနားရွာတွေမှာ သွေးချောင်းစီးအောင် လုပ်ပြီး ဒီကို ထွက်ပြေးလာကြတာတဲ့...”

“ဓားပြတွေ...”

လီဖုန်း မျက်မှောင်ကြုတ်သွားလေသည်။

“ဟုတ်တယ်... ပြီးတော့ သာမန် ဓားပြအဖွဲ့လည်း မဟုတ်ဘူး... ဒီဓားပြတွေက အမြန်နှုန်းမှာ ထူးချွန်တဲ့ မိစ္ဆာသားရဲဖြစ်တဲ့ လေဝံပုလွေတွေကိုတောင် ယဉ်ပါးအောင် လုပ်ထားနိုင်ကြတယ်တဲ့...”

လင်းယွီက မျက်လုံးများ ကျဉ်းမြောင်းသွားကာ ဆက်ပြောလေသည်။

“သူတို့ရဲ့ ခေါင်းဆောင် ပထမအစ်ကိုဆိုတာလည်း သာမန်မဟုတ်ဘူး... သူက ချီစွမ်းအင် ကျင့်ကြံခြင်း နဝမအဆင့်ရဲ့ အထွတ်အထိပ်ကိုတောင် ရောက်နေပြီလို့ ငါ ကြားတယ်...”

“ဒါပေမဲ့ ဘာလို့ ဒီသတင်းကို မကြားရတာလဲ...”

လီဖုန်းက မနေ့ညကမှ ထွက်သွားသော မိန်းကလေးကို သတိရကာ မျက်မှောင်ကြုတ်လိုက်လေသည်။

‘ထူးဆန်းတယ်... ဒီအကြောင်း ငါ တစ်ခွန်းမှ မကြားခဲ့ဘူး... ငါ မသိရင်တောင် ဝေ့မိန်လင်လို အဆက်အသွယ်ကောင်းတဲ့သူက သေချာပေါက် သိသင့်တာပေါ့...’

လင်းယွီက ပိုမိုနီးကပ်စွာ ကိုင်းညွတ်ပြီး တီးတိုးပြောလိုက်လေသည်။

“မင်း မသိတာ မဆန်းပါဘူး... မြို့စားမင်းက သတင်းကို တမင်တကာ ဖုံးကွယ်ထားလို့ ဒီက သြဇာကြီးတဲ့ အဖွဲ့အစည်း အနည်းငယ်ကပဲ သိကြတာ...”

“အယ်၊ ဘာလို့လဲ...”

လီဖုန်းက ဇဝေဇဝါဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။

“ဘာလို့ ဒီလောက် အရေးကြီးတဲ့ အချက်အလက်ကို ဖုံးကွယ်ထားရတာလဲ...”

လင်းယွီက ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်လေသည်။

“ဘာလို့လဲဆိုတော့ အခုချိန်ထိ ဒီဓားပြတွေက သေမျိုးရွာတွေ ဒါမှမဟုတ် ကုန်သည်တွေကိုပဲ တိုက်ခိုက်သေးလို့လေ... မြို့စားမင်း ဒါမှမဟုတ် မိသားစုကြီး လေးခုကို တကယ့် ဆုံးရှုံးမှု ဘာမှ မဖြစ်စေသေးဘူး...”

“ပြီးတော့ ပြိုင်ပွဲက စတော့မှာဆိုတော့ မြို့စားမင်းက ဧည့်သည်တွေကို မလန့်စေချင်သလို သူ့ရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာကိုလည်း အကျခံပြီး စွန့်စားမလုပ်ချင်လို့ပေါ့...”

လီဖုန်း ဆွံအသွား၏။

“သူ့ရဲ့ ဂုဏ်သိက္ခာ၊ အဲဒါက ဒီကိစ္စနဲ့ ဘာဆိုင်လို့လဲ...”

လင်းယွီက ပတ်ဝန်းကျင်ကို အကြိမ်အနည်းငယ် ကြည့်လိုက်ပြီးနောက် လေသံကို နှိမ့်ကာ ဆက်ပြောလေသည်။

“ဒီအကြောင်း ဘယ်သူ့ကိုမှ အသိမပေးနဲ့နော်... တကယ်တော့ မြို့စားမင်းက ဒီဓားပြအဖွဲ့ကို ရှင်းလင်းဖို့ ကိုယ်တိုင် အကြိမ်အနည်းငယ် လှုပ်ရှားခဲ့ဖူးတယ်...”

“ဒါပေမဲ့ သူ မရောက်ခင်မှာ အမြဲတမ်း ထွက်ပြေးလွတ်မြောက်သွားကြတယ်... သူ လာနေမှန်း တစ်နည်းနည်းနဲ့ သိနေသလိုပဲ...”

လီဖုန်း၏ မျက်လုံးများတွင် နောက်ဆုံး၌ နားလည်မှုများ ပေါ်လာသော်လည်း ကိုယ့်ဂုဏ်သိက္ခာကို အရမ်းဂရုစိုက်လွန်းသော ထိုကျင့်ကြံသူများကို မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။

“ဒါပေမဲ့ အဲဒီဓားပြတွေ အသက် သိပ်မရှည်တော့ပါဘူး...”

လင်းယွီက လီဖုန်းကို စိတ်အေးစေရန် ကြိုးစားရင်း ဆက်ပြောလေသည်။

“ပြိုင်ပွဲ စတာနဲ့ အရေးကြီးတဲ့ ဧည့်သည်အများစုက ဂိုဏ်းကို သွားပြီး ပွဲကြည့်ကြမှာဆိုတော့ မြို့စားမင်းက သူ့လက်အောက်ခံတွေ အားလုံးကို နောက်ဆုံးတော့ အသုံးပြုလို့ ရပြီလေ...”

ဒါကို ကြားတော့ လီဖုန်း စိတ်သက်သာရာ မရသွားပါချေ။

ထိုအခိုက်အတန့်တွင် တက်ကြွပြီး နုနယ်သော မိန်းကလေးတစ်ဦး၏ ပုံရိပ်က လီဖုန်း၏ စိတ်ထဲတွင် ဖြတ်ပြေးသွားလေသည်။

သူ၏ မျက်နှာအမူအရာက မှောင်မိုက်သွားတော့၏။

လီဖုန်း၏ စိတ်အပြောင်းအလဲကို သတိမထားမိဘဲ လင်းယွီက ပခုံးတွန့်လိုက်လေသည်။

“အင်း... အဲဒါက ငါတို့နဲ့ သိပ်မဆိုင်ပါဘူးလေ...”

သူ၏ အကြည့်က မှောင်မိုက်လာသော ကောင်ကင်ယံဆီသို့ ရောက်သွားရာ မိုးရနံ့က လေထုထဲတွင် စိမ့်ဝင်နေလေသည်။

ထို့နောက် လီဖုန်းဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

“ငါတို့ အတူတူ ပြန်ကြမလား...”

လင်းယွီနှင့် လီဖုန်းတို့ အတူတူ ပြန်လျှောက်လာခဲ့ကြသည်။

လီဖုန်းက သူ၏ဘေးတွင် ခြေလှမ်းအနည်းငယ် တိတ်ဆိတ်စွာ လျှောက်လာခဲ့သော်လည်း သူ၏ အတွေးများက လှုပ်ခတ်နေလေသည်။

‘ယင်ရို အဆင်ပြေမှာပါနော်... သူ အဲဒီလောက်အထိ ကံဆိုးနိုင်စရာ အကြောင်းမရှိပါဘူး... တကယ်လို့ တစ်ခုခု ဖြစ်ခဲ့ရင်တောင်... အင်း... အဲဒါက သူ့ရဲ့ ကံဆိုးမှုပဲလို့ တွေးရမှာပေါ့...’

အခြေအနေကို ဂရုမစိုက်သလို ဟန်ဆောင်ရန် ကြိုးစားနေသော်လည်း လီဖုန်း၏ အတွေးများက ယင်ရိုနှင့်အတူ ဖြတ်သန်းခဲ့သော အခိုက်အတန့်များဆီသို့ အဆက်မပြတ် ရောက်ရှိနေလေသည်။

‘ဘာမှမဟုတ်ပါဘူး... သူ စိတ်ကူးပေါက်လို့ ကူညီပေးခဲ့တဲ့ ကောင်မလေး တစ်ယောက်ပါ’ဟု ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေသော်လည်း သူမ၏ သေးငယ်ပြီး ရိုးသားသော မျက်နှာလေးနှင့် သူမ သူ့အပေါ် ယုံကြည်ခဲ့ပုံတို့ကို သူ၏ စိတ်ထဲမှ ဖယ်ထုတ်၍ မရခဲ့ပေ။

“စီနီယာ၊ ဒီမှာ ကျွန်မရဲ့ စုဆောင်းငွေ အားလုံးပါ”

“စီနီယာ၊ ကျေးဇူးပြုပြီး ဒီပန်းလေးကို လက်ခံပေးပါ”

“စီနီယာ... ဟုတ်ကဲ့၊ ကျွန်မ ဆန္ဒရှိပါတယ်”

ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် လီဖုန်းက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ကုတ်လိုက်လေသည်။

“အာကွာ…ချီးပဲ.. သောက်ကျိုးနည်း...”

သူက လင်းယွီကို ခဏတာ ကြည့်လိုက်လေသည်။

“စီနီယာအစ်ကိုလင်း... ဒီမှာ ခဏစောင့်နေဦး... ကျုပ် မြန်မြန် ဖြေရှင်းရမယ့် ကိစ္စလေးတစ်ခု ရှိလို့...”

လင်းယွီ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် လီဖုန်းက ထွက်ခွာသွားပြီဖြစ်ပြီး ဂိုးလ်ဒီက သူ၏ဘေးတွင် လိုက်ပါကာ မြို့တံခါးဆီသို့ တည့်တည့် ဦးတည်သွားကြလေသည်။

“အယ်၊ ဘာ...”

လင်းယွီက အာမေဍိတ်သံ ပြုလိုက်ပြီး လီဖုန်း ရုတ်တရက် ထွက်သွားသည်ကို ကြည့်ကာ လုံးဝ အံ့အားသင့်သွားတော့၏။

တံခါးဝသို့ ရောက်သောအခါ လီဖုန်းက အနီးအနားရှိ အစောင့်တစ်ဦးထံသို့ အလျင်အမြန် ချဉ်းကပ်သွားလေသည်။

“မနေ့ညက ငါ ဒီကို လိုက်ပို့ပေးခဲ့တဲ့ ကောင်မလေးရဲ့ ရွာတည်နေရာကို မင်း သိလား...”

အစောင့်က ခဏတာ စဉ်းစားလိုက်လေသည်။

“ရွာ၊ အိုး... အရင်က ဒီကို ခေါ်လာခဲ့တဲ့ ကောင်မလေးကို ပြောတာလား...”

သူက အဝေးရှိ လမ်းကြောင်းတစ်ခုဆီသို့ လက်ညှိုးထိုးပြကာ အသေးစိတ်ကို စတင်ပြောပြလေသည်။

ဒါကို ကြားတော့ လီဖုန်း ခေါင်းညိတ်လိုက်ပြီး ဂိုးလ်ဒီဘက်သို့ လှည့်လိုက်လေသည်။

“ယင်ရို ဘေးကင်းရဲ့လား သွားသေချာစစ်ဆေးကြည့်...”

လီဖုန်း၏ အမိန့်ကို ကြားတော့ ဂိုးလ်ဒီက ကိုယ်ကို နိမ့်ချလိုက်ရာ ခန္ဓာကိုယ်က ခွေထားသော စပရိန်တစ်ခုပမာ တင်းမာသွားလေသည်။

ထို့နောက် နားကွဲလုမတတ် ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ လေထဲသို့ ပစ်လွှတ်သွားလေသည်။

သူ ခုန်ထွက်လိုက်သော အားကြောင့် မြေပြင်က အက်ကွဲသွားပြီး ကျောက်ခဲများနှင့် ဖုန်မှုန့်များ အရပ်မျက်နှာ အနှံ့သို့ လွင့်စင်သွားလေသည်။

မျက်စိဖြင့် လိုက်မမီနိုင်လောက်အောင် မြန်ဆန်သော အရိပ်တစ်ခုပမာ ဂိုးလ်ဒီ အဝေးသို့ ပျောက်ကွယ်သွားချိန်တွင် လေပြင်းများက လီဖုန်း၏ မျက်နှာကို ဖြတ်သန်းတိုက်ခတ်သွားလေသည်။

လီဖုန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။

“ငါ့ခံစားချက် မှားဖို့ပဲ မျှော်လင့်ရတာပေါ့...”

သူက တီးတိုးရေရွတ်လိုက်ပြီးနောက် ခေါင်းခါကာ လင်းယွီထံသို့ ပြန်သွားလေသည်။

သူတို့၏ အထက်တွင် ကောင်းကင်ကြီးက အတော်လေး မှောင်မိုက်နေပြီ ဖြစ်သည်။

တိမ်များကြားတွင် မိုးကြိုးသံများ တိုးညင်းစွာ ဟိန်းဟောက်နေပြီး အဝေးမှ သတိပေးသံများပမာ ပဲ့တင်ထပ်နေလေသည်။

မိုးစက်များ စတင်ကျဆင်းလာပြီး မြေပြင်ပေါ်သို့ ပုံမှန်မဟုတ်သော နူးညံ့သည့် စည်းချက်ဖြင့် ရိုက်ခတ်လာကာ မုန်တိုင်းတစ်ခု ကျရောက်တော့မည့်အလားပင်။

ခဏအကြာတွင်

ဒုန်း….

ဂိုးလ်ဒီ ဆင်းသက်လိုက်သော အားကြောင့် မြေပြင်က အက်ကွဲသွားပြီး ဖုန်မှုန့်များနှင့် အပျက်အစီးများ အရပ်မျက်နှာ အနှံ့သို့ လွင့်စင်သွားလေသည်။

ဖုန်မှုန့်များကြားမှနေ၍ ကိုယ်လုံးပြည့် ဝတ်ရုံကို ဝတ်ဆင်ထားသော မြင့်မားသည့် ပုံရိပ်တစ်ခုက တည်ငြိမ်ပြီး ထည်ဝါစွာ ဆင်းသက်လာလေသည်။

ဂိုးလ်ဒီ ရောက်ရှိလာပြီ ဖြစ်သည်။

ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီး အစောင့်ပြောပြချက်အရ ယင်ရို၏ ရွာသို့သွားသော လမ်းသို့ ရောက်ရှိလာကြောင်း သတိပြုမိပြီးနောက် ဂိုးလ်ဒီက ရွာဆီသို့ ဦးတည်နေသော တောအုပ်ကို ဖြတ်သွားသည့် မြေသားလမ်းကျဉ်းလေးပေါ်သို့ တက်ကာ တိတ်ဆိတ်စွာ စတင်လျှောက်သွားလေသည်။

လမ်းတစ်လျှောက်တွင် ဂိုးလ်ဒီ၏ အာရုံကို ဖမ်းစားသွားသည့်အရာတစ်ခု ရှိလေသည်... ချုံပုတ်များကြားတွင် ညပ်နေသော ရင်းနှီးသည့် ရိုးရှင်းသော အဖြူရောင် ပန်းပွင့်လေးတစ်ပွင့်ပင်။

ဂိုးလ်ဒီက ခဏတာ ရပ်တန့်သွားပြီး ၎င်းကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကာ ၎င်းမှာ ယင်ရိုက လက်ဆောင်ပေးခဲ့သော ပန်းပွင့်လေးဖြစ်ကြောင်း အမှတ်ရသွားလေသည်။

သူက ကိုင်းညွတ်ကာ ပန်းပွင့်လေးကို ခူးယူလိုက်ပြီး လက်ချောင်းများကြားတွင် ညင်သာစွာ ကိုင်ထားကာ ရှေ့သို့ ဆက်သွားလေသည်။

မကြာမီ အရှေ့ဘက်မှ တစ်ခုခုကို သူ သတိထားမိသွားလေသည်... တစ်ခုခု လောင်ကျွမ်းနေသည်။

ဂိုးလ်ဒီ ရောက်ရှိသွားသောအခါ…

အရှေ့ဘက်တွင် မီးခိုးများနှင့် မှိတ်တုတ်မှိတ်တုတ် အလင်းရောင်များက သူ၏ အာရုံကို ဖမ်းစားသွားလေသည်။

ရွာမှာ မီးလောင်နေပြီး သစ်သားအိမ်တန်းများက မှောင်မိုက်ပြီး ဟိန်းဟောက်နေသော ကောင်းကင်အောက်တွင် မီးတောက်များထဲ၌ နစ်မြုပ်နေလေသည်။

ဂိုးလ်ဒီ အနည်းငယ် အရှိန်လျှော့လိုက်ပြီး သူ၏ အကြည့်များက ပျက်စီးနေသော မြင်ကွင်းအပေါ်သို့ ဝေ့ကြည့်သွားလေသည်။

ထို့နောက် အစွန်ဘက် တစ်နေရာတွင် မီးအသစ်တစ်ခု ပေါ်လာသည်ကို သတိထားမိလိုက်ပြီး တစ်ခုခုက လမ်းညွှန်နေသည့်အလား ထိုနေရာဆီသို့ စတင်ဦးတည်သွားလေသည်။

ဂိုးလ်ဒီ ရောက်ရှိသွားသောအခါ သူ၏ ရှေ့တွင် မီးအပြည့်အဝ လောင်ကျွမ်းနေသော ရိုးရှင်းသည့် သစ်သားအိမ်ငယ်လေးတစ်ခု ရှိလေသည်။

ပြင်းထန်သော အပူရှိန်ကြောင့် သူ၏ လက်ထဲရှိ အဖြူရောင် ပန်းပွင့်လေးမှာ ညှိုးနွမ်းစပြုလာလေသည်။

တဖြောက်ဖြောက်... တဖျပ်ဖျပ်... ဒုန်း

သူ၏ ခြေရင်းတွင် ဆံထိုးငယ်လေးတစ်ခု ကျနေလေသည်။

၎င်းမှာ မနေ့ကမှ သူ၏ သခင်က ယင်ရိုကို လက်ဆောင်ပေးခဲ့သည့် ဆံထိုးဖြစ်ကြောင်း ဂိုးလ်ဒီ မှတ်မိလေသည်။

ဂိုးလ်ဒီက ကိုင်းညွတ်လိုက်ပြီး သူ၏ လက်က ဆံထိုးပေါ်တွင် ဝဲပျံနေကာ အချိန်အကြာကြီး တိတ်ဆိတ်စွာ လေ့လာနေလေသည်။

ထို့နောက် ဂိုးလ်ဒီ၏ မျက်လုံးများ ရွေ့လျားသွားပြီး အနီးအနားရှိ မြေပြင်ပေါ်မှ ဝံပုလွေ ခြေရာတစ်ခုနှင့် တူသော ခြေရာတစ်ခုကို ဖမ်းမိသွားလေသည်။

တုံ့ဆိုင်းခြင်းမရှိဘဲ ဂိုးလ်ဒီ၏ အကြည့်က တောအုပ်ထဲသို့ ဦးတည်နေသော ခြေရာများနောက်သို့ လိုက်သွားလေသည်။

မကြာမီ ဂိုးလ်ဒီ မတ်တပ်ရပ်လိုက်ပြီး ခြေရာများနောက်သို့ လိုက်ကာ လမ်းကြောင်းအတိုင်း တိတ်ဆိတ်စွာ စတင်လှုပ်ရှားသွားတော့သည်။

သူ၏ အနောက်တွင် မီးတောက်များက ဆက်လက်လောင်ကျွမ်းနေပြီး သစ်ပင်များကြားသို့ သူ ပျောက်ကွယ်သွားချိန်တွင် မီးတောက်များက ဂိုးလ်ဒီ၏ ကျောပြင်နောက်သို့ ဆန့်တန်းနေသည့်အလား ရှည်လျားသော အရိပ်များကို ဖန်တီးပေးနေတော့၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment