no

Font
Theme

အခန်း (၄၄) - ဝံပုလွေ ဓားပြအဖွဲ့ (၂)

တဲအတွင်း တိတ်ဆိတ်သွားလေသည်။

တတိယညီလေး၏ ခေါင်းတစ်ဝိုက်တွင် သွေးများ စုအိုင်လာပြီး ရုတ်တရက် ထူးဆန်းစွာ တိတ်ဆိတ်သွားမှုကို အာရုံခံမိသဖြင့် ထောင့်တစ်နေရာမှ ကောင်မလေးက တိုးညင်းစွာ ငိုရှိုက်လိုက်လေသည်။

ညီအစ်ကို လေးယောက်မှာ ထိတ်လန့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ပထမအစ်ကို၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ ရက်စက်သော အပြုံးမှာ ပထမဆုံးအကြိမ်အဖြစ် ပျက်ယွင်းသွားလေသည်။

သူက မရေမတွက်နိုင်သော အပြစ်များကို ကျူးလွန်ခဲ့သော်လည်း သူ၏ ညီအစ်ကို လေးယောက်အပေါ် တကယ်ပဲ သံယောဇဉ်ရှိပြီး သူတို့မှာ သူ၏ သွေးချင်း ညီအစ်ကိုအရင်းများ ဖြစ်သောကြောင့်ပင်။

ယနေ့တိုင်အောင် အချင်းချင်း ကူညီဖေးမလာခဲ့ကြပြီး… ယခုအခါ သူတို့ထဲမှ တစ်ယောက်က ဒီလိုပဲ ပျောက်ကွယ်သွားခဲ့ပြီ။

“…ဘာတွေဖြစ်နေတာလဲ…”

သူက ဒေါသတကြီး ရေရွတ်လိုက်ပြီး ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ အပြင်သို့ အပြေးအလွှား ထွက်သွားလေသည်။

မိုးများ ရွာသွန်းနေပြီး သူ၏ အဝတ်အစားများကို စိုရွှဲသွားစေသော်လည်း သူ့ရှေ့မှ မြင်ကွင်းက စိုစွတ်မှုကို မေ့သွားစေလေသည်။

စခန်းအလယ်တွင် အရပ်ရှည်ပြီး ဝတ်ရုံခြုံထားသော ပုံရိပ်တစ်ခု ရပ်နေလေသည်။

သူ၏ မျက်နှာက အမှောင်ထုထဲမှ ခေါင်းစွပ်အောက်တွင် ဖုံးကွယ်နေပြီး ခန္ဓာကိုယ်မှာ မိုးရေထဲတွင် လုံးဝ မလှုပ်မယှက် ရှိနေလေသည်။

သူ၏ ပတ်လည်တွင် သူ၏ လက်အောက်ငယ်သားများ၏ အလောင်းများ ပြန့်ကျဲနေလေသည်။

အသက်ရှင်ကျန်ရစ်သော ဓားပြများက တုန်ယင်နေသော လက်များဖြင့် သူတို့၏ ဓားများကို ဆုပ်ကိုင်ထားကြသည်။

ကျန်ရှိနေသော ဝံပုလွေများက ဟိန်းဟောက်နေကြသော်လည်း အနားမကပ်ရဲကြပေ။

“…ဘာတွေဖြစ်ခဲ့တာလဲ…”

ပထမအစ်ကိုက တီးတိုးရေရွတ်လိုက်လေသည်။

မကြာမီ ကျန်ရှိနေသော ညီအစ်ကိုများလည်း ထွက်လာကြရာ သူတို့၏ မျက်နှာများမှာ ထိတ်လန့်မှုကြောင့် ဖြူရော်နေလေသည်။

အထူးသဖြင့် ဖမ်းဆီးခံထားရသူများကို ခုလေးတင် သတ်ဖြတ်ပြီး တဲထဲသို့ ပြန်လာခဲ့သော ဒုတိယအစ်ကိုပင် ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုက သူ့ကို ရိုက်ခတ်သွားလေသည်။

ငါသာ အပြင်မှာ နည်းနည်း ပိုကြာကြာ နေခဲ့ရင်…

ငါ့ခေါင်း…

ဒုတိယအစ်ကိုက စိုးရိမ်တကြီး တံတွေးမျိုချလိုက်လေသည်။

ပထမအစ်ကိုက ကြောက်လန့်နေသော လက်အောက်ငယ်သားတစ်ဦးကို ဖမ်းဆွဲကာ မှောင်မိုက်နေသော မျက်လုံးများဖြင့် မေးလိုက်လေသည်။

“ဘာဖြစ်ခဲ့တာလဲ…”

“ဒါက… ကျွန်တော် မသိဘူး… ကျွန်တော်တို့က တတိယခေါင်းဆောင် သူ့အလုပ်ကနေ ပြန်လာတယ်လို့ ထင်ခဲ့တာ… ဒါပေမဲ့ အဲဒီကောင်က တတိယခေါင်းဆောင်ရဲ့ ခေါင်းနဲ့ ရောက်လာတာ…”

ထိုအခါမှ ညီအစ်ကို လေးယောက်က အားလုံးကို နားလည်သွားကြလေသည်။

ပဉ္စမညီလေးက ဒေါသတကြီး အော်လိုက်လေသည်။

“ဒါဆို မင်းတို့ ဘာလုပ်နေကြတာလဲ… သူ့ကို သတ်လေ…”

“ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်…”

ဓားပြက အထစ်ထစ်အငေါ့ငေါ့ဖြင့် တံတွေးမျိုချရင်း ပြောလိုက်လေသည်။

“ဒါပေမဲ့ ကျွန်တော်တို့ အားလုံးက လက်သီးတစ်ချက်တည်းနဲ့ အသတ်ခံရတာပါ…”

သူ၏ ရဲဘော်ရဲဘက်၏ ခေါင်းပေါက်ကွဲသွားပြီး အရိုးများ ကြေမွသွားသည့် မြင်ကွင်းကို ပြန်အမှတ်ရကာ သူ တုန်ယင်သွားလေသည်။

ထိုမြင်ကွင်းက ရွံရှာဖွယ်ကောင်းလွန်းသဖြင့် သူလို ဓားပြတစ်ယောက်တောင် အနိုင်နိုင် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကတုံးဖြင့် စတုတ္ထအစ်ကိုက ရှေ့သို့ တိုးလာပြီး အော်လိုက်လေသည်။

“မင်း ဘယ်သူလဲ… ငါတို့က မင်းကို တစ်ခုခု စော်ကားမိလို့ ငါတို့လူတွေကို ဒီလို လာသတ်ရတာလား…”

“…”

တိတ်ဆိတ်မှုကသာ သူ့ကို ပြန်လည်ဖြေကြားလေသည်။

ဒါကို မြင်တော့ ပထမအစ်ကို၏ အသံက မိုးရေထဲတွင် အေးစက်ပြီး ထက်မြက်စွာ ထွက်ပေါ်လာလေသည်။

“တိုက်ခိုက်ဖို့ ပြင်ကြ…”

သူ ဒေါသထွက်နေသော်လည်း သူ့ရှေ့ရှိ ပုံရိပ်ကို အထင်မသေးရဲပေ။

ချီစွမ်းအင် ကျင့်ကြံခြင်း ဆဋ္ဌမအဆင့်သို့ ရောက်နေပြီဖြစ်သော တတိယညီလေးကို ဒီလောက် လွယ်လွယ်ကူကူ သတ်နိုင်သည်ဆိုတော့ ဒီခေါင်းစွပ်ဝတ် မိစ္ဆာကောင်က သူနဲ့ တန်းတူလောက် အင်အားရှိတယ်… ဒါမှမဟုတ် သူ့ထက်တောင် ပိုသန်မာနိုင်တယ်။

မကြာမီ သူက သူ၏ အယ်လ်ဖာ လေဝံပုလွေ ပေါ်သို့ ခုန်တက်လိုက်လေသည်။

အခြားညီအစ်ကိုများလည်း သူတို့၏ ဝံပုလွေများပေါ်သို့ တက်လိုက်ကြသည်။

“ဂါးးးး…”

ဧရာမ အယ်လ်ဖာ ဝံပုလွေကြီးက သူ၏ သခင် ဒေါသထွက်နေသည်ကို အာရုံခံမိပြီး ဟိန်းဟောက်လိုက်ရာ ၎င်း၏ ရက်စက်သော အငွေ့အသက်က ဂိုးလ်ဒီအပေါ်သို့ ဖိနှိပ်သွားလေသည်။

သို့သော် ဂိုးလ်ဒီက မလှုပ်မယှက် ရှိနေဆဲပင်။

တင်းမာသော ရင်ဆိုင်မှုက အချိန်ကြာမြင့်လာပြီး စခန်းအတွင်း မိုးရွာသွန်းသံသာ ဆက်လက်ရှိနေလေသည်။

ခဏတာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ပြီးနောက် အစ်ကိုကြီးကို ဆုံးရှုံးရသဖြင့် နာကျင်ပြီး စိတ်မရှည်ဖြစ်နေသော ပဉ္စမညီလေးက တိုက်ခိုက်လိုက်လေသည်။

“ကျစ်… ငါတို့ ဘာစောင့်နေတာလဲ… ဒီကောင်ကို သတ်ပြီး တတိယညီလေးအတွက် ကလဲ့စားချေကြမယ်…”

ထို့နောက် သူက သူ၏ ဝံပုလွေကို စီးကာ ရှေ့သို့ ပြေးထွက်သွားလေသည်။

“မလုပ်နဲ့… ရပ်လိုက်…”

သူ၏ အနောက်မှ အော်သံတစ်ခု ထွက်ပေါ်လာသော်လည်း သူက လျစ်လျူရှုလိုက်လေသည်။

“ခွေးကောင်… သေလိုက်စမ်း…”

ဝံပုလွေနှင့် သူ၏ အားနှစ်ခုပေါင်းစပ်ကာ ထိုပုံရိပ်ကို ထက်ပိုင်းပိုင်းနိုင်မည်ဟု မျှော်လင့်ကာ သူက ဓားဖြင့် ခုတ်ချလိုက်လေသည်။

ချွင်…

အသားကို ခုတ်မိမည့်အစား သူ၏ ဓားက ကျောက်တုံးထက် ပိုမိုမာကျောသော အရာတစ်ခုကို ထိမှန်သွားလေသည်။

နောက်ပြန်ကန်အားကြောင့် သူ၏ လက်မောင်း ထုံကျင်သွားပြီး ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မှောင်မိုက်သော လက်သီးတစ်လုံး သူ၏ မျက်စိရှေ့သို့ ရောက်လာလေသည်။

“အယ်…”

သူ၏ မျက်လုံးများ ထိတ်လန့်မှုကြောင့် ကျဉ်းမြောင်းသွားလေသည်။

သို့သော် လက်သီး မထိမှန်မီမှာပင် မှုန်ဝါးသော အရိပ်တစ်ခုက သူ့ကို ဆွဲယူသွားလေသည်။

ဒိုင်း…

လက်သီးကျရောက်သွားသော နေရာတွင် မြေပြင်က ပေါက်ကွဲသွားလေသည်။

ကျောက်ခဲများ အက်ကွဲသွားပြီး အက်ကွဲကြောင်းများက ပင့်ကူအိမ်ပမာ ပြန့်နှံ့သွားကာ ကံဆိုးသော ဝံပုလွေမှာ နာကျင်စွာဖြင့် ကြေမွသေဆုံးသွားလေသည်။

“…”

ပစ်မှတ် လွဲသွားသည်ကို မြင်တော့ ဂိုးလ်ဒီက ဘေးဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ပထမအစ်ကိုက စီးနင်းထားပြီး ပဉ္စမညီလေးကို ပါးစပ်ဖြင့် ကိုက်ချီထားသော ဧရာမ လေဝံပုလွေကြီးကို တွေ့လိုက်ရလေသည်။

“အရူးကောင်… အဲဒီလို မျက်စိမှိတ်ပြီး မဝင်နဲ့…”

ပထမအစ်ကိုက တုံးအသော ညီငယ်ကို ဆူပူလိုက်သော်လည်း ခေါင်းစွပ်ဝတ် ပုံရိပ်ထံမှ မျက်လုံးကို မခွာရဲပေ။

အဲဒီလက်သီးက သာမန်မဟုတ်ဘူး… တစ်ချက်လောက် ထိမိရင်တောင် ဆိုးရွားလိမ့်မယ်…

ပထမအစ်ကိုက လက်သီးကျရောက်ရာ နေရာမှ ပင့်ကူအိမ်ပမာ ပြန့်နှံ့နေသော ချိုင့်ခွက်ကြီးကို မြင်တော့ သူ၏ လည်ပင်းမှ စီးကျလာသည်မှာ ချွေးလား မိုးရေလား ဆိုသည်ကို မသိတော့ပေ။

“ဘာပဲဖြစ်ဖြစ် အထိမခံနဲ့… နေရာယူ…”

သူက အော်ဟစ်လိုက်လေသည်။

ပထမအစ်ကိုက အချိန်ထပ်မဖြုန်းတော့ဘဲ သူတို့ ကိုယ်တိုင် တည်ဆောက်ထားသော တိုက်ကွက်ကို အသုံးပြုကာ အစွမ်းကုန် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လေသည်။

ပထမအစ်ကို၏ လေသံရှိ လေးနက်မှုကို ကြားလိုက်ရသဖြင့် ညီအစ်ကိုများက အလျင်အမြန် ဖြန့်ကျက်လိုက်ပြီး ဂိုးလ်ဒီကို အရပ်မျက်နှာ အနှံ့မှ ဝိုင်းရံလိုက်ကြလေသည်။

ထိတ်လန့်နေသော်လည်း အသက်ရှင်နေသေးသော ပဉ္စမညီလေးကပင် နောက်ထပ် ဝံပုလွေတစ်ကောင်ပေါ်သို့ တက်ကာ သူ၏ နေရာကို ယူလိုက်လေသည်။

“…”

ဂိုးလ်ဒီက မလှုပ်မယှက် ရပ်နေပြီး သူတို့ကို လေ့လာ ရန် ကြိုးစားနေသည့်အလား စောင့်ကြည့်နေလေသည်။

ဒါကို မြင်တော့ ပထမအစ်ကိုက သူ၏ အယ်လ်ဖာ လေဝံပုလွေကို ပုတ်လိုက်ရာ ၎င်းက သခင်၏ ရည်ရွယ်ချက်ကို နားလည်သွားပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။

“အူဝူးးးး…”

အခြားညီအစ်ကိုများ၏ အောက်ရှိ ကျန်ဝံပုလွေများကလည်း စတင်ဟိန်းဟောက်ကြလေသည်။

ထို့နောက် သူတို့၏ ဝံပုလွေများကြားတွင် အနီရောင် အငွေ့အသက်များ စတင်ပြန့်နှံ့လာပြီး မျက်လုံးများက နီရဲလာကာ ချွန်ထက်သော သွားများကို ပေါ်လွင်စေလျက် ခြိမ်းခြောက်သည့်ဟန်ဖြင့် ဟိန်းဟောက်လာကြလေသည်။

ဒါက အယ်လ်ဖာ လေဝံပုလွေ၏ စွမ်းရည်များထဲမှ တစ်ခုဖြစ်ပြီး သူ၏ အုပ်စုတစ်စိတ်တစ်ပိုင်းကို ရူးသွပ်သော အခြေအနေသို့ တွန်းပို့နိုင်ကာ သူတို့၏ ခွန်အားနှင့် အမြန်နှုန်းကို အကြီးအကျယ် တိုးမြှင့်ပေးနိုင်လေသည်။

ရွှစ်…

ထို့နောက် မျက်စိဖြင့် လိုက်မမီနိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းဖြင့် ညီအစ်ကိုများက သူတို့၏ နေရာများမှ ပျောက်ကွယ်သွားကြလေသည်။

မိုးများ ဆက်လက်ရွာသွန်းနေဆဲပင်။

ဂိုးလ်ဒီက မလှုပ်မယှက် ရပ်နေဆဲဖြစ်သော်လည်း သူ၏ အာရုံခံစားမှုများက သူ့ဘေးမှ ဖြတ်ပြေးသွားသော သူတို့၏ လှုပ်ရှားမှုများနောက်သို့ လိုက်နေပြီး အနီးအနားရှိ သစ်ပင်များမှ သူ၏ အပေါ်သို့ ခုန်တက်လာသည်ကိုပင် သတိထားမိနေလေသည်။

ရွှစ်… ရွှစ်… ရွှစ်…

ရုတ်တရက် လျင်မြန်သော အရိပ်တစ်ခုထံမှ ဓားချက်တစ်ချက် ထွက်ပေါ်လာလေသည်။

ရွှမ်း…

ဓားချက်က ဂိုးလ်ဒီကို ထိမှန်သွားသော်လည်း သူ၏ ဝတ်ရုံတွင် အရာတစ်ခုပေးရုံမှလွဲ၍ ဘာဒဏ်ရာမှ မဖြစ်စေခဲ့ပေ။

မကြာမီ… ရွှစ်… ရွှမ်း… ရွှစ်… ရွှမ်း…

ဓားမုန်တိုင်းတစ်ခုပမာ တိုက်ခိုက်မှုပေါင်းများစွာက ဂိုးလ်ဒီထံသို့ အရပ်မျက်နှာ အနှံ့မှ ဝင်ရောက်လာလေသည်။

ဂိုးလ်ဒီက သူ့ရှေ့ရှိ အရိပ်ကို တိုက်ခိုက်ရန် ကြိုးစားလိုက်သော်လည်း နောက်ကျောတွင် တိုက်ခိုက်မှုတစ်ခု ကျရောက်လာလေသည်။

ဂိုးလ်ဒီက နောက်သို့ လက်သီးလွှဲလိုက်ချိန်တွင် အရှေ့နှင့် ဘေးဘက်များမှ ထပ်မံတိုက်ခိုက်ခံရလေသည်။

ရွှစ်… ရွှမ်း… ရွှစ်… ရွှမ်း…

နောက်ဆုံးတွင် အားကောင်းသော ဓားချက်တစ်ခုက ဂိုးလ်ဒီ၏ ရင်ဘတ်ကို ထိမှန်သွားပြီး သူ၏ ရွှေ ဖြင့် သန့်စင်ထားသော သစ်သားအပိုင်းအစများ လွင့်စင်သွားစေလေသည်။

သူ၏ တိုက်ခိုက်မှုက နောက်ဆုံး၌ ထိခိုက်မှုတချို့ ဖြစ်စေသည်ကို မြင်တော့ ပထမအစ်ကိုက ပြုံးလိုက်လေသည်။

“ခွေးကောင်… မင်းရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ဖြတ်ပစ်မယ်…”

သို့သော် အတွင်းစိတ်ထဲတွင်မူ ဒီအရာက လူသားမဟုတ်ကြောင်း သတိထားမိပြီး မျက်မှောင်ကြုတ်သွားလေသည်။

မကြာမီ ဂိုးလ်ဒီ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် အက်ကွဲကြောင်းများ စတင်ပေါ်လာလေသည်။

“…”

သူ၏ ခန္ဓာကိုယ်သာမက သခင်ပေးထားသော ဝတ်ရုံပါ ထိခိုက်ပျက်စီးလာသည်ကို မြင်တော့ ဂိုးလ်ဒီက ဒါကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်လေသည်။

ထို့နောက် သူက ဝတ်ရုံကို ဆွဲချွတ်ကာ ကောင်းကင်ယံသို့ မြင့်မြင့် ပစ်တင်လိုက်လေသည်။

“ဟင်… အဲဒါက… ရုပ်သေးရုပ်လား…”

ဂိုးလ်ဒီ၏ အပြည့်အဝ အသွင်အပြင်ကို မြင်တော့ ဒုတိယအစ်ကိုက တီးတိုးရေရွတ်လိုက်လေသည်။

“ဘယ်အချိန်ကစပြီး ရုပ်သေးရုပ်က ဒီလောက် အင်အားကြီးသွားတာလဲ…”

စတုတ္ထအစ်ကိုက အော်လိုက်လေသည်။

မည်သူမျှ သူတို့၏ ရူးသွပ်သော တိုက်ခိုက်မှုများကို မရပ်တန့်ရဲကြပေ။

ထို့နောက် ရုပ်သေးရုပ်၏ ခန္ဓာကိုယ်မှနေ၍ ရွှေရောင်အလင်းတန်းများ တောက်ပလာသည်ကို သူတို့ မြင်လိုက်ရသည်။

၎င်းက ရုတ်တရက် စွမ်းအင်များ အပြည့်အဝ ရရှိသွားသည့်အလား ဖြစ်ပြီး တောက်ပနေသော ရွှေရောင် မျက်လုံးများက သူတို့ကို တည့်တည့် စိုက်ကြည့်နေသည်ကို သတိထားမိလိုက်ကြသည်။

ဒိုင်း…

ဂိုးလ်ဒီက သူ၏ ခြေထောက်ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်ရာ မြေကြီးများ လှုပ်ခတ်သွားပြီး ပတ်ပတ်လည်တွင် အက်ကွဲကြောင်းများ ပေါ်လာလေသည်။

ဝံပုလွေများ ခြေကုပ်လွတ်သွားသဖြင့် ဓားမုန်တိုင်းမှာ ရုတ်တရက် ရပ်တန့်သွားလေသည်။

သူတို့၏ ပေါင်းစပ်တိုက်ကွက်မှာ…. ခြေဆောင့်ချက် တစ်ချက်တည်းဖြင့် ကြေမွသွားတော့၏။

“အယ်…”

ရုပ်သေးရုပ်က ကိုင်းညွတ်ကာ သူ့ဆီသို့ ခုန်လာပြီး မျက်နှာရှေ့တွင် လက်သီးတစ်လုံးကို ချက်ချင်းနီးပါး မြင်လိုက်ရချိန်၌ ပဉ္စမညီလေးထံမှ မှင်တက်နေသော အသံတစ်ခု နောက်တစ်ကြိမ် ထွက်ပေါ်လာလေသည်။

ဤတစ်ကြိမ်တွင်မူ မည်သူကမျှ သူ့ကို

မကယ်နိုင်တော့ပေ။

ဖောင်း…

ပဉ္စမညီလေး၏ ခေါင်းက ဖရဲသီးတစ်လုံးပမာ ပေါက်ကွဲသွားလေသည်။

“ပဉ္စမညီလေး…”

နောက်ထပ် ညီတစ်ယောက်၏ ကြမ်းတမ်းသော သေဆုံးမှု မြင်ကွင်းကို မြင်တော့ ပထမအစ်ကိုက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

“ခွေးကောင်…”

သူက နောက်တစ်ကြိမ် တိုက်ခိုက်ရန် ကြိုးစားရင်း အော်လိုက်လေသည်။

သို့သော် ဂိုးလ်ဒီက သူ့ကို လျစ်လျူရှုကာ ယခင်ကနှင့်မတူသော အမြန်နှုန်းဖြင့် တောက်ပနေသော ကတုံးရှိသည့် နောက်ထပ် ပစ်မှတ်တစ်ခုဆီသို့ တည့်တည့် ပြေးထွက်သွားလေသည်။

စတုတ္ထအစ်ကိုက ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း ဧရာမ လက်ကြီးက သူ၏ ခေါင်းကို ဆုပ်ကိုင်ကာ ဝံပုလွေပေါ်မှ တွန်းချပြီး မြေပြင်ပေါ်သို့ ဆောင့်ချလိုက်လေသည်။

“အားးး…”

စတုတ္ထအစ်ကို မြေပြင်ပေါ်တွင် လဲကျနေစဉ် နာကျင်သော ညည်းသံတစ်ခု လွတ်ထွက်သွားလေသည်။

သူ မော့ကြည့်လိုက်ရာ သူ့ကို ငုံ့ကြည့်နေသော ကြောက်မက်ဖွယ် ရွှေရောင်မျက်လုံးများကို တွေ့လိုက်ရလေသည်။

ထို့နောက် ဂိုးလ်ဒီက ခြေထောက်ကို မြှောက်ကာ သူ၏ ရင်ဘတ်ကို ဖိချေလိုက်လေသည်။

ဖျစ်…

စတုတ္ထအစ်ကိုက နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ပါးစပ်မှ သွေးများ စီးကျလာလေသည်။

ဖြည်းညင်းစွာဖြင့် သူ၏ ခေါင်းကို ရင်ဘတ်ဆီသို့ လှည့်ကြည့်လိုက်ရာ ထိုနေရာတွင် အပေါက်ကြီးတစ်ခုသာ တွေ့လိုက်ရလေသည်။

ထို့နောက် တုန်ယင်စွာဖြင့် သူ၏ အစ်ကိုကြီးဘက်သို့ လှည့်ကာ လက်ကို အားနည်းစွာ ဆန့်တန်းလိုက်လေသည်။

“ကကယ်… အဟွတ်… ပါဦး အစ်ကိုကြီး… ကျွန်တော် မသေချင်သေးဘူး…”

ထို့နောက် သူ၏ မျက်လုံးများမှ အလင်းရောင်များ ပျောက်ကွယ်သွားတော့၏။

ဤမြင်ကွင်းကို ကြည့်ရင်း ပထမအစ်ကို၏ မျက်လုံးများ သွေးရောင်လွှမ်းသွားပြီး အော်ဟစ်သံတစ်ချက်နှင့်အတူ သူ၏ မိစ္ဆာကျင့်စဉ်ကို အသက်သွင်းရန် ဆုံးဖြတ်လိုက်လေသည်။

ဤနည်းစနစ်ကို သူ ဘယ်တော့မှ အသုံးမပြုချင်ရသည့် အကြောင်းရင်းမှာ ဤသတင်း ပျံ့နှံ့သွားပါက ဤကဲ့သို့သော ကိစ္စများကို ပုံမှန်အားဖြင့် လျစ်လျူရှုထားလေ့ရှိသော အဆင့်မြင့် လပြာဂိုဏ်းကပင် သူ့ကို သတ်ရန် အကြီးအကဲတစ်ဦးကို စေလွှတ်လာနိုင်သောကြောင့် ဖြစ်သည်။

သူတို့၏ ဒေသအတွင်း မိစ္ဆာကျင့်ကြံသူတစ်ဦး ပေါ်လာခြင်းကို သူတို့ ဘယ်တော့မှ ခွင့်ပြုမည် မဟုတ်ပေ။

“သွေးယဇ်ပူဇော်ခြင်း”

အနီးအနားရှိ အလောင်းများမှ သွေးများက အနီရောင် မြူခိုးများပမာ သူ့ထံသို့ စီးဝင်လာချိန်တွင် သူ၏ ခန္ဓာကိုယ်မှ အနီရောင် အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာလေသည်။

သူ၏ သေဆုံးသွားသော ညီအစ်ကိုများ၏ သွေးများပင် ချန်လှပ်မထားခဲ့ပေ။

သူ၏ အသားအရေမှာ သွေးရောင်အဖြစ် စတင်ပြောင်းလဲလာလေသည်။

လျင်မြန်စွာ တွေးတောတတ်သော ဒုတိယအစ်ကိုမှာ ပဉ္စမညီလေး၏ သေဆုံးမှုကို မြင်ပြီးကတည်းက ခပ်လှမ်းလှမ်းသို့ နောက်ဆုတ်နေခဲ့ပြီ ဖြစ်သည်။

သူ၏ အစ်ကိုကြီး ထိုနည်းစနစ်ကို အသုံးပြုသည်ကို မြင်တော့ သူ၏ မျက်နှာအမူအရာက မှောင်မိုက်သွားလေသည်။

ဒီကိစ္စပြီးရင် သူတို့ လပြာဂိုဏ်းရဲ့ နယ်မြေကနေ ချက်ချင်း ထွက်သွားရတော့မယ်ဆိုတာကို သူ သိနေလေသည်။

ပထမအစ်ကို၏ အောက်ရှိ အယ်လ်ဖာ လေဝံပုလွေမှာလည်း အနီရောင် မြူခိုးများ ၎င်း၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာချိန်တွင် ပြင်းထန်စွာ စတင်တုန်ယင်လာလေသည်။

မကြာမီ ၎င်း၏ မီးခိုးရောင် အမွေးများက အနီရင့်ရောင်သို့ ပြောင်းလဲသွားလေသည်။

“ဂါးးး…”

သူတို့နှစ်ဦးထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် အနီရောင် အငွေ့အသက်များကို မြင်တော့ ဂိုးလ်ဒီက နောက်ဆုံးတွင် သူ၏ အာရုံကို သူတို့ဆီသို့ လှည့်လိုက်လေသည်။

မကြာမီ သူ၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စစ်လှိုင်းများပမာ ရွှေရောင် အလင်းတန်းများ စတင်ပေါ်လာပြီး သူ့ကို အနည်းငယ် ခမ်းနားထည်ဝါနေစေလေသည်။

ဝူးးးးး…

ဂိုးလ်ဒီထံမှ တိတ်ဆိတ်သော ဖိအားတစ်ခု ထွက်ပေါ်လာပြီး ပြင်းထန်သော အနီရောင် အငွေ့အသက်ကို ဝင်တိုက်လေသည်။

အသက်ရှင်ကျန်ရစ်သော ဓားပြများမှာ ထိုမြင်ကွင်းကြောင့် တုန်ယင်နေပြီး မလှုပ်ရဲကြပေ။

လေထုကိုယ်တိုင်က အင်အားစုများ၏ တိုက်ခိုက်မှုအောက်တွင် ညည်းတွားနေပုံရလေသည်။

တစ်ဖက်တွင် ဂိုးလ်ဒီ…

သူ၏ ခန္ဓာကိုယ်မှာ ယခုအခါ အရည်ပျော်နေသော သွေးကြောများပမာ တောက်ပနေသည့် ရွှေရောင်လိုင်းများကို ဖြာထွက်နေပြီး သွေးခုန်နှုန်းတိုင်းက ရှေးကျပြီး အသက်ရှူကျပ်စေသော ဖိအားတစ်ခုကို လွှတ်ထုတ်ပေးနေလေသည်။

သူ၏ မျက်လုံးများက မိုးရေကို ဖောက်ထွင်းကာ နေမင်းနှစ်စင်းပမာ တောက်ပနေလေသည်။

အခြားတစ်ဖက်တွင်မူ ပထမအစ်ကို၊ အသားအရေက သွေးရောင်လွှမ်းနေပြီး သူ၏ ပတ်လည်တွင် သွေးများ ပြင်းထန်စွာ လှိုင်းထနေကာ သူ၏ အောက်ရှိ အယ်လ်ဖာ လေဝံပုလွေက ငရဲမှ မိစ္ဆာသားရဲတစ်ကောင်ပမာ ဟိန်းဟောက်နေလေသည်။

အနီရောင် အငွေ့အသက်များက ဆူပွက်ကာ လိမ်ယှက်နေပြီး ကမ္ဘာကြီးတစ်ခုလုံးကို မျိုချတော့မည့်အလားပင်။

မိုးရေများက သူတို့နှစ်ဦးကြားတွင် ဆက်လက်မကျဆင်းနိုင်တော့ဘဲ မိုးစက်များက ပွတ်တိုက်သံနှင့်အတူ လေထဲတွင်ပင် အငွေ့ပျံသွားကာ တိုက်ခိုက်နေသော အင်အားစုများကြားတွင် ပိတ်မိနေလေသည်။

“မိစ္ဆာကောင်… ရုပ်သေးရုပ်… မင်း ဘာပဲဖြစ်နေပါစေ…”

ပထမအစ်ကို၏ အသံက တွန့်လိမ်နေပြီး လည်ချောင်းသံပါနေကာ သူ၏ စကားလုံးများက လူတစ်ယောက်ထက် သားရဲတစ်ကောင်နှင့် ပိုတူနေလေသည်။

သူ၏ မျက်လုံးအိမ်များက အပ်ပေါက်အရွယ်ခန့် ကျဉ်းမြောင်းသွားပြီး မျက်လုံးများထဲတွင် ရူးသွပ်မှုနှင့် ဝမ်းနည်းမှုတို့က လောင်ကျွမ်းနေလေသည်။

“ငါ့ညီတွေကို သတ်တဲ့အတွက် မင်းကို ဆွဲဖြဲပစ်မယ်…”

အယ်လ်ဖာ ဝံပုလွေက ရှေ့သို့ ခုန်အုပ်လိုက်ရာ ၎င်း၏ လက်သည်းများက ပြင်းထန်သော အနီရောင် အလင်းတန်းဖြင့် တောက်ပနေလေသည်။

တစ်ချိန်တည်းမှာပင် ပထမအစ်ကိုက သူ၏ ဓားကို ခုတ်ချလိုက်လေသည်။

ဓားက သတ္တုသက်သက် မဟုတ်တော့ဘဲ သွေးယဇ်ပူဇော်ခြင်း၏ အဆက်တစ်ခုဖြစ်ကာ သစ်ပင်များကို အလွယ်တကူ ထက်ပိုင်းပိုင်းနိုင်သည့် သွေးရောင် ဓားချက်တစ်ခု ဖြစ်လေသည်။

ဂိုးလ်ဒီက နောက်မဆုတ်ခဲ့ပေ။

ဒိုင်း…

ဂိုးလ်ဒီက ရှေ့သို့ ခြေဆောင့်လိုက်ရာ မြေပြင်က ပေါက်ကွဲသွားပြီး တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်လိုက်လေသည်။

သူ၏ ရွှေရောင်လက်သီးက သွေးရောင်ဓားနှင့် ဝင်တိုက်သွားလေသည်။

နောက်ဆုံးတိုက်ပွဲ စတင်တော့မည် ဖြစ်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment