no

Font
Theme

အခန်း (၅၄) - ဖန်ဇီယန်

ဖန်ဇီယန် ကွင်းပြင်မှ ထွက်လာသည်နှင့် အမျိုးသမီး တပည့်တစ်စုက သူမထံသို့ ချဉ်းကပ်လာကြလေသည်။

“စီနီယာအစ်မဖန်... စကားပြောဖို့ အချိန်နည်းနည်းလောက် ရမလား...”

အရှေ့ဆုံးတွင် မုချင်းယောင်က ဘာမှမဖြစ်သည့်အလား ချိုမြိန်စွာ ပြုံးလျက် ရှိနေလေသည်။

ဖန်ဇီယန်က ဤလူစုကို မြင်ပြီး မျက်မှောင်ကြုတ်သွားလေသည်။ ဤလူစုက အကြံအစည်ကောင်း မရှိမှန်း သိသော်လည်း လူရှေ့သူရှေ့ ဖြစ်နေသဖြင့် ပြဿနာ မရှာချင်ပေ။

အေးစက်သော နှာမှုတ်သံတစ်ခုနှင့်အတူ သူမက သဘောတူလိုက်လေသည်။

“ဟွန့်... နင်တို့တွေ ငါ့အချိန်တွေကို မဖြုန်းတီးတာ ပိုကောင်းမယ်...”

မကြာမီ အပြင်ဆောင်များ၏ အနောက်ဘက်ရှိ အခြားမည်သူမျှ မမြင်နိုင်၊ မကြားနိုင်သော သီးသန့်ဖြစ်ပြီး တိတ်ဆိတ်သည့် ခြံဝင်းတစ်ခုသို့ သူတို့ ရောက်ရှိသွားကြလေသည်။

ထို့နောက် အစောပိုင်းက ခင်မင်ရင်းနှီးပြီး ပြုံးရွှင်နေသော မျက်နှာများမှာ ထင်ယောင်ထင်မှားတစ်ခုသာ ဖြစ်ခဲ့သည့်အလား ချက်ချင်းပင် ရန်လိုလာကြလေသည်။

“နင့်ကိုယ်နင် ကြည့်ပါဦး...”

ကောင်မလေး တစ်ယောက်က အနားသို့ တိုးလာပြီး လှောင်ပြောင်လိုက်ရာ သူမ၏ အသံက တိုးညင်းပြီး သရော်နေလေသည်။

“ကြီးမြတ်တဲ့ ဖန်ဇီယန်... ဒီလောက် လွယ်လွယ်လေး ရှုံးသွားတယ်လို့... ပွဲကြည့်ပရိသတ်တွေတောင် အခုထိ အဲဒီအကြောင်း ပြောနေကြတုန်းပဲ... ဒါက ဖန်မင်းဆက်အတွက် ဘယ်လောက်တောင် အရှက်ရစရာကောင်းလဲဆိုတာ နင် သိရဲ့လား...”

ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် ဖန်ဇီယန်၏ နှုတ်ခမ်းများ တင်းကျပ်သွားပြီး ပြန်လည်တုံ့ပြန်ရန် ကြိုးစားလိုက်သော်လည်း ထိုကောင်မလေးများက မပြီးသေးဘဲ သူမ၏ စကားကို ဖြတ်ပြောလိုက်လေသည်။

“ရိုးရိုးသားသား ပြောရရင်တော့...”

နောက်တစ်ယောက်က ပြုံးစစဖြင့် ပြောလိုက်လေသည်။

“အရင်တုန်းကတော့ နင့်ကို ပါရမီရှင်လို့ ထင်ခဲ့တာ... ဒါပေမဲ့ အခုတော့လား... သနားစရာပဲ... ဒီအဆင့်လေးမှာတင် ဒီလောက်ကြာကြာ တစ်ဆို့နေတာ... တော်တော် ရယ်ရတာပဲ...”

ဖန်ဇီယန်၏ လက်သီးများ ဆုပ်ထားမိသော်လည်း သူမတို့ ပြောနေသည်များမှာ အမှန်တရားဖြစ်သဖြင့် မျက်နှာက ဖြူရော်သွားလေသည်။ သို့သော် သူတို့၏ လှောင်ပြောင်မှုကို ခံရန် ဤနေရာသို့ သူမ လာခဲ့ခြင်း မဟုတ်ပေ။

“...ဒါ နင်တို့နဲ့ မဆိုင်ဘူး... ဒါပဲဆိုရင်တော့ ငါ သွားတော့မယ်...”

သူမက သူတို့ကို ကျော်ဖြတ်သွားရန် ကြိုးစားလိုက်သော်လည်း ထိုကောင်မလေးများက သူမ၏ လမ်းကို ပိတ်ထားလိုက်လေသည်။

မုချင်းယောင်က တိုးညင်းစွာ ရယ်မောလိုက်ရာ သူမ၏ လေသံက အဆိပ်ပြင်းနေလေသည်။

“ငါနဲ့ မဆိုင်ဘူး... ငါ့ကို ရယ်အောင် မလုပ်ပါနဲ့... နင်က မင်းဆက်တစ်ခုလုံး မျက်နှာပျက်အောင် လုပ်ခဲ့တာ... နင့်ရဲ့ အခွင့်ထူးတွေဆိုတာတွေ၊ မင်းဆက်က ထောက်ပံ့ပေးထားတာတွေ... အားလုံး ပျောက်ကွယ်သွားတော့မယ်... ပြီးတော့ နင့်ရဲ့ အဆင့်မြင့် အိမ်တော်လား... အဲဒါ အခု ငါ့အပိုင်ပဲ...”

ဒါကို ကြားတော့ ဖန်ဇီယန် နောက်ဆုံးတွင် ပေါက်ကွဲသွားလေသည်။

“ဘယ်သူက နင့်ကို အဲဒီအခွင့်အရေး ပေးလို့လဲ!”

မုချင်းယောင်၏ အသံက အေးစက်ပြီး ထက်မြက်လာလေသည်။

“နင့်ရဲ့ ရှုံးနိမ့်မှုက ဘာကို ဆိုလိုသလဲဆိုတာကိုရော နင် သိရဲ့လား... ဖန်မင်းဆက်က အဆင့်သေးသေးလေး တစ်ဆင့်ကိုတောင် မတက်နိုင်တဲ့ နင့်လိုလူမျိုးကို ဆက်ပြီး ထောက်ပံ့ဖို့ မတတ်နိုင်တော့ဘူး...”

ထို့နောက် သူမက တောက်ပနေသော တိုကင်ငယ်လေးတစ်ခုကို ထုတ်ယူလိုက်လေသည်။

“ဒါ... ဧကရာဇ်ရဲ့ တံဆိပ်တုံးပဲ... အရှင်မင်းကြီးက ဒါကို ငါ့ကို အပ်နှင်းခဲ့တယ်... ဒါကြောင့် အခု ငါ့စကားတွေက ဧကရာဇ်ရဲ့ အလိုဆန္ဒပဲ...”

“...ဘ-ဘာ...? ခမည်းတော်က အဲဒီတံဆိပ်တုံးကို နင့်ကို ပေးလိုက်တယ်...”

သူမ၏ ကိုယ်ပိုင်ဖခင်က မုချင်းယောင်ကို တံဆိပ်တုံး လွှဲပြောင်းပေးခဲ့သည်ကို လက်မခံနိုင်သဖြင့် ဖန်ဇီယန်၏ မျက်လုံးများ မယုံကြည်နိုင်စွာ ပြူးကျယ်သွားလေသည်။

“နင်က ဆက်ပြီး တိုးတက်မလာနိုင်တော့ဘဲ မင်းဆက်ရဲ့ နာမည်ကို ရွှံ့ထဲ ဆွဲချနေတဲ့အတွက်... ဒီနေ့ကစပြီး နင် ဖန်မင်းဆက်ကို ပြန်လာခဲ့ရမယ်...”

မုချင်းယောင်က ရက်စက်သော အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။

“နင်သာ ဖီဆန်ရဲရင်... နင့်ရဲ့ ဘွဲ့တွေနဲ့ ဖန်မိသားစုနဲ့ ပတ်သက်မှုတွေ အားလုံးကို လုံးဝ ဖြတ်တောက်ခံရလိမ့်မယ်...”

ထို့နောက် မုချင်းယောင်က ဖြည်းညင်းစွာ ပိုမိုနီးကပ်လာပြီး သူမ၏ အသံက တိုးညင်းသွားကာ တီးတိုးပြောလိုက်လေသည်။

“ပြီးတော့ အတွင်းသတင်းလေး နည်းနည်း ပြောပြရရင်... ငါ့ဦးလေးက နင့်ကို တော်တော်လေး စိတ်ဝင်စားနေပြီး အရှင်မင်းကြီးဆီမှာ နင့်ကို မယားငယ်အဖြစ် တောင်းဆိုထားတယ်... မကြာခင်မှာ ငါတို့က ပျော်ရွှင်တဲ့ မိသားစုလေးတောင် ဖြစ်လာနိုင်တယ်...”

ဒါတွေအားလုံးကို ကြားပြီးနောက် ဖန်ဇီယန်၏ စိတ်က ဗလာကျင်းသွားလေသည်။ မုချင်းယောင် ဘာကို ဆိုလိုသည်နှင့် သူမ၏ ဦးလေးဆိုသည်မှာ ဖန်မင်းဆက်၏ ဝန်ကြီးချုပ်ဖြစ်ပြီး နန်းတွင်းတွင် ရာထူးကြီးကြီး ရယူထားသူတစ်ဦးဖြစ်ကြောင်း သူမ ကောင်းကောင်းသိလေသည်။

ယခုအခါ သူမ၏ ပါရမီရှင်တစ်ဦးအဖြစ် အရည်အချင်းများ မရှိတော့သဖြင့် သူမ၏ ဖခင်အကြောင်းကို သူမ ကောင်းကောင်းသိလေသည်၊ သူက တတ်နိုင်သမျှ သူမထံမှ အကျိုးအမြတ်အားလုံးကို ညှစ်ထုတ်ယူပေလိမ့်မည်။

သူမကို လက်ထပ်ပေးခြင်းဖြင့် ပိုမိုခိုင်မာသော အဆက်အသွယ်များ ရရှိမည်ဆိုပါက သူက တုံ့ဆိုင်းနေမည် မဟုတ်ပေ။ သူ့အတွက်တော့ သူမက နောက်ထပ် အပေးအယူလုပ်စရာ ကိရိယာတစ်ခုသာ ဖြစ်သည်။

လက်တွေ့ဘဝက မည်သည့်ဓား သို့မဟုတ် လက်သီးထက်မဆို သူမကို ပိုမိုပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။ ပြန်သွားရမည်ဆိုပါက သူမ၏ ကျင့်ကြံခြင်းခရီးစဉ် ပြီးဆုံးသွားမည်ဖြစ်သဖြင့် သူမ၏ မျက်နှာ မှောင်မိုက်သွားပြီး အကြောက်တရားနှင့် ဒေါသတို့က သူမ၏ အတွင်းတွင် စတင်တိုက်ခိုက်လာလေသည်။

တစ်ချိန်တည်းမှာပင် ဖန်ဇီယန်၏ မျက်နှာပေါ်ရှိ စိတ်ပျက်အားငယ်မှုကို မြင်တော့ မုချင်းယောင်၏ မျက်လုံးများက ဝမ်းသာမှုဖြင့် တောက်ပသွားလေသည်။

ငယ်စဉ်ကတည်းက သူမက ဖန်ဇီယန်၏ အရိပ်အောက်တွင် အမြဲတမ်း နေထိုင်ခဲ့ရသည်။ သူမ ဘာပဲလုပ်လုပ် ဖန်ဇီယန်က အမြဲတမ်း ပိုကောင်းနေခဲ့သည်။

မုချင်းယောင်ကို လှပသည်ဟု ခေါ်လျှင် ဖန်ဇီယန်ကို အလွန်လှပသည်ဟု ခေါ်ကြသည်။

မုချင်းယောင်ကို ပါရမီပါသည်ဟု ချီးကျူးလျှင် ဖန်ဇီယန်ကို ပါရမီရှင်ဟု ချီးကျူးကြသည်။

သာ ဖန်ဇီယန် မရှိခဲ့လျှင် ဖန်မင်းဆက်၏ နံပါတ်တစ် လူငယ်ပါရမီရှင် ဆိုသည့်ဘွဲ့က သူမ၏ အပိုင်ဖြစ်လာမည် ဖြစ်သည်။

ရိုးရိုးသားသား ပြောရလျှင် ဖန်ဇီယန်ကို ဖိအားပေးပြီး အရာအားလုံး ခက်ခဲအောင် လုပ်ရန် မိသားစုက သူမကို ခိုင်းစေခဲ့ခြင်းဖြစ်သော်လည်း သူမ မိသားစု ဘာကြောင့် ဤသို့ လုပ်ခိုင်းသလဲဆိုသည့် အကြောင်းရင်းကို သူမ သိပ်ဂရုမစိုက်ပေ။

သူမကလည်း ဤအဆင့်မြင့်ပြီး မာနကြီးသော အမျိုးသမီးကို အောက်ချချင်နေသဖြင့် ဤတာဝန်ကို ဝမ်းသာအားရ လက်ခံကာ လှပစွာ ပြီးမြောက်အောင် လုပ်ဆောင်မည်ဟု ဆုံးဖြတ်ထားလေသည်။

‘သူမ ဦးလေးနဲ့ လက်ထပ်ပြီးသွားရင်... ဒီမိန်းမကို ပိုပြီး အရှက်ခွဲဖို့ ဦးလေးကို ငါ ပြောရမယ်...’

သူမ၏ ဦးလေးအိုကြီးအောက်တွင် ဖန်ဇီယန် ငိုယိုရုန်းကန်နေရမည့်အကြောင်းကို တွေးမိပြီး မုချင်းယောင်၏ အသက်ရှူသံများ ပူနွေးလာကာ သူမကို တွန့်လိမ်နေသော စိတ်လှုပ်ရှားမှုတစ်ခုကို ခံစားရစေလေသည်။

ဒီသတင်းတွေ အားလုံးကို ကြားပြီး ဖန်ဇီယန်မှာ တိတ်ဆိတ်စွာ မှင်တက်နေပြီဖြစ်သော်လည်း ဒီလူစုက မရပ်တန့်ခဲ့ပေ။

သူမ၏ ကျွမ်းကျင်မှု၊ သူမ၏ ပါရမီနှင့် သူမ၏ မာနဟု ဆိုကြသောအရာများကို သူတို့က ဆက်လက်လှောင်ပြောင်ကာ အပုပ်ချနေကြလေသည်။

ဖန်ဇီယန်၏ လက်များ တုန်ယင်နေပြီး စကားလုံးတိုင်းနှင့်အတူ ရင်ဘတ်က လေးလံသော အရာတစ်ခုဖြင့် ဖိထားခံရသည့်အလား တင်းကျပ်လာလေသည်။

မကြာမီ မကျရသေးသော မျက်ရည်များ ဝဲတက်လာသဖြင့် သူမ၏ အမြင်အာရုံများ မှုန်ဝါးလာပြီး ကျတော့မည့်အလား ဖြစ်နေလေသည်။

“အယ်... ကြီးမြတ်တဲ့ ပါရမီရှင် ဖန်ဇီယန်က တကယ်ပဲ ငိုတော့မလို့လား...”

မုချင်းယောင်၏ ရယ်မောသံက ထက်မြက်ပြီး ရက်စက်စွာ ပဲ့တင်ထပ်သွားလေသည်။

“နင် ဘယ်လောက်တောင် အောက်တန်းကျသွားလိုက်သလဲ... အင်း... ဘာပဲဖြစ်ဖြစ်လေ... နင် လိမ္မာပြီး ဖန်မင်းဆက်ကို ပြန်လာတာ ပိုကောင်းမယ်... မဟုတ်ရင်တော့... ဟွန့်...”

နောက်ဆုံးစကားများနှင့်အတူ မုချင်းယောင်က လှည့်ကာ သူမ၏ အဖွဲ့နှင့်အတူ ထွက်ခွာသွားရာ သူတို့၏ လှောင်ပြောင်ရယ်မောသံများက သူတို့၏ အနောက်တွင် ပဲ့တင်ထပ်ကျန်ရစ်ခဲ့လေသည်။

ဖန်ဇီယန် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး သူမ၏ ပုံရိပ်လေးမှာ အနည်းငယ် တုန်ယင်နေကာ ခေါင်းငုံ့ထားပြီး ယခင်ကလို မာနကြီးစွာ မော့မထားနိုင်တော့ပေ။

သူမက ဖြည်းညင်းစွာ မြေကြီးပေါ်သို့ ထိုင်ချလိုက်ပြီး တုန်ယင်လျက် ဤရက်စက်သော လောကကြီးမှ ကာကွယ်နိုင်မည့်အလား ဒူးနှစ်ဖက်ကို လက်မောင်းများဖြင့် တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။

သူမ၏ စိတ်များ ရှုပ်ထွေးနေပြီး အရှက်ရမှု၊ ကြောက်ရွံ့မှု၊ ဒေါသနှင့် အနာဂတ်အတွက် စိတ်ပျက်အားငယ်မှုများ အားလုံး ရောထွေးနေလေသည်။

ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူမက သေးငယ်ပြီး... ခွန်အားမဲ့ကာ... လုံးဝ စွန့်ပစ်ခံရသလို ခံစားလိုက်ရလေသည်။

အနီးအနား တစ်နေရာတွင် လီဖုန်းက အဖြစ်အပျက် အားလုံးကို စောင့်ကြည့်နေခဲ့ပြီး တီးတိုးမရေရွတ်ဘဲ မနေနိုင်ခဲ့ပေ။

‘မိန်းမတွေက တော်တော် ကြောက်စရာကောင်းနိုင်တာပဲ... အထူးသဖြင့် သူတို့အချင်းချင်းကြားမှာဆိုရင်ပေါ့...’

သူတို့က ဖန်ဇီယန်ကို လက်ဖျားနဲ့တောင် မထိခဲ့ဘဲ ဘာအင်အား၊ ဘာအကြမ်းဖက်မှုမှ မသုံးဘဲ သူတို့၏ အဆိပ်ပြင်းသော စကားလုံးများကပင် သူမကို ချေမှုန်းရန် လုံလောက်ခဲ့သည်ကို သူ တကယ်ကို အံ့ဩသွားလေသည်။

ဖန်ဇီယန် ပြိုလဲသွားသည်ကို သူ ကြည့်နေပြီး သူမ၏ မျက်လုံးများထဲရှိ အကြောက်တရားနှင့် အားနည်းမှုကို သူ မြင်တွေ့လိုက်ရလေသည်။

သို့သော် သူ၏ မျက်နှာပေါ်တွင် သေးငယ်ပြီး ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာလေသည်။ အဘယ်ကြောင့်ဆိုသော် ဒါက... ဒါက သူ စောင့်မျှော်နေခဲ့သော အကောင်းဆုံး အခိုက်အတန့်ဖြစ်သောကြောင့်ပင်။

အတန်ကြာ စောင့်ဆိုင်းပြီးနောက် မှန်ကန်သော အချိန်ရောက်ပြီဟု ခံစားရသဖြင့် သူက ဝတ်ရုံကို သပ်ရပ်အောင် လုပ်လိုက်ပြီး လည်ချောင်းရှင်းလိုက်လေသည်။

ထို့နောက် အမှတ်မထင် ဖြတ်သွားသလို ဟန်ဆောင်ကာ ဖန်ဇီယန်ကို “မတော်တဆ” တွေ့သွားသည့်အလား အံ့ဩသွားသော မျက်နှာထားကို ဟန်ဆောင်လိုက်လေသည်။

“အယ်... စီနီယာအစ်မဖန်... အဆင်ပြေရဲ့လား...”

လီဖုန်းက မေးလိုက်ရာ သူ၏ အသံက နူးညံ့သွားပြီး စိုးရိမ်ပူပန်မှုများ ပါဝင်နေလေသည်။

--

တစ်ချိန်တည်းမှာပင် ဖန်မင်းဆက် နန်းတော်အတွင်း၌

ဇိမ်ခံစာကြည့်ခန်းတစ်ခုအတွင်းတွင် သြဇာအာဏာရှိသော အငွေ့အသက်ကို ဆောင်သည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ကူရှင်ပေါ်တွင် ထိုင်နေလေသည်။

သူက ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ မျက်လုံးများက သူ့ရှေ့ရှိ စားပွဲပေါ်မှ အစီရင်ခံစာများကို ဖတ်ရှုနေလေသည်။

မကြာမီ မိန်းမစိုးတစ်ဦး ရောက်လာပြီး ဦးညွှတ်ကာ လျှောက်တင်လေသည်။

“အရှင်မင်းကြီး... မောင်းမဇီ က တွေ့ခွင့်တောင်းနေပါတယ်...”

“အင်း... သူ့ကို ဝင်ခွင့်ပြုလိုက်ပါ...”

သက်လတ်ပိုင်း အမျိုးသားက သူ၏ လက်ထဲရှိ အစီရင်ခံစာမှ အာရုံမလွှဲဘဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်လေသည်။

မကြာမီ လှပပြီး ရင့်ကျက်သော အမျိုးသမီးတစ်ဦး ဝင်လာလေသည်။ သူမက တန်ဖိုးကြီး ကျောက်စိမ်းအဆင်တန်ဆာများ တပ်ဆင်ထားသည့် ခရမ်းရောင် ဇိမ်ခံဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူမ၏ အနောက်တွင် အစေခံ မိန်းမစိုးတစ်ဦး လိုက်ပါလာလေသည်။

သူမ၏ ရှည်လျားသော အနက်ရောင် ပိုးသားဆံပင်များက ဖန်ဇီယန်နှင့် အနည်းငယ် တူသော မျက်နှာကို ပုံဖော်ပေးနေလေသည်။ သူမ၏ မျက်လုံးများက တည်ငြိမ်နေသော်လည်း သူမ၏ ခန္ဓာကိုယ် အကွေ့အကောက်များ၊ ဝတ်ရုံအောက်တွင် သေချာစွာ ဖုံးကွယ်ထားသော သူမ၏ ပြည့်ဖြိုးသည့် ရင်ဘတ်တို့က သူမ၏ ရင့်ကျက်မှုနှင့် ကျော့ရှင်းမှုကို အရိပ်အမြွက် ပြနေလေသည်။

“အရှင်မင်းကြီး... ရုတ်တရက် လာရောက်ခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်... ဒါပေမဲ့... အရှင်မင်းကြီးက ဇီယန်ကို ပြန်ခေါ်လိုက်တယ်လို့ ကျွန်တော်မျိုးမ ကြားလိုက်ရပါတယ်...”

မောင်းမဇီက အနည်းငယ် ဦးညွှတ်ကာ တုံ့ဆိုင်းစွာ မေးလိုက်ရာ သူမ၏ ဝတ်ရုံအရှေ့ပိုင်းက သူမ၏ နက်ရှိုင်းသော ရင်ကြားကို လှစ်ခနဲ ပေါ်သွားစေလေသည်။

“ဟုတ်တယ်... သူက အဆင့်မတက်နိုင်တဲ့အပြင် ဂိုဏ်းပြိုင်ပွဲမှာလည်း အရမ်းကို အရှက်တကွဲ ရှုံးနိမ့်သွားတော့ သူ့အပေါ် ဆက်ပြီး ရင်းနှီးမြှုပ်နှံဖို့ ခက်ခဲသွားပြီ...”

ဧကရာဇ်ဖန်က ကိုယ်လှုပ်တော်ဇီကို တစ်ချက်လေးပင် မကြည့်ဘဲ အေးစက်စွာ ပြန်ဖြေလိုက်လေသည်။

ဒါကို ကြားတော့ မောင်းမဇီက ဒူးထောက်ကာ ခေါင်းငုံ့ပြီး သူမ၏ တစ်ဦးတည်းသော သမီးအတွက် တောင်းပန်လိုက်လေသည်။

“ကျေးဇူးပြုပြီး! အရှင်မင်းကြီး... ဇီယန်းကို နောက်ထပ် အခွင့်အရေး တစ်ကြိမ်လောက် ပေးပါ... ဒီအခက်အခဲကို ရင်ဆိုင်ပြီးသွားရင် သူ မကြာခင် ဖောက်ထွက်နိုင်မယ်ဆိုတာ ကျွန်တော်မျိုးမ သေချာပါတယ်...”

သူမ၏ မိန်းမစိုးကလည်း သူမ၏ အနောက်တွင် တိတ်ဆိတ်စွာ ဒူးထောက်ကာ အားပေးထောက်ခံကြောင်း ပြသလေသည်။

“ငါ့ရဲ့ ဆုံးဖြတ်ချက်က အတည်ပဲ...”

ဧကရာဇ်ဖန်၏ အေးစက်သော အသံက ပဲ့တင်ထပ်သွားလေသည်။

“ပြီးတော့... ဝန်ကြီးချုပ်ဝူက ဖန်ဇီယန်ကို သူ့ရဲ့ မယားငယ်အဖြစ် သိမ်းပိုက်ဖို့ အခုလေးတင် အကြံပြုထားတယ်... ပြီးတော့ သူ ကျင့်ကြံခြင်းမှာ အချိန်တွေ ဆက်ဖြုန်းနေမယ့်အစား အဲဒီနည်းလမ်းနဲ့ဆိုရင် ပိုကောင်းတဲ့ အနာဂတ်တစ်ခု ရနိုင်မယ်လို့ ငါထင်တယ်...”

ဧကရာဇ်ဖန်က နောက်ဆုံးတွင် မော့ကြည့်လိုက်ရာ သူ၏ အကြည့်က ထက်မြက်ပြီး မဆုတ်မနစ်ဖြစ်ကာ ပြန်လည်ချေပရန် အခွင့်အရေး လုံးဝမပေးပေ။ အဘယ်ကြောင့်ဆိုသော် သူပြောခဲ့သည်မှာ အကြံပြုချက်တစ်ခု မဟုတ်ဘဲ အမိန့်တစ်ခု ဖြစ်သောကြောင့်ပင်။

ဒါကို ကြားလိုက်ရသဖြင့် ဒူးထောက်နေသော မောင်းမဇီ တုန်ယင်သွားပြီး ဧကရာဇ်ဖန်က ဝန်ကြီးချုပ်၏ အုပ်စုနှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေလိုကြောင်း သူမ နားလည်လိုက်လေသည်။

အေးစက်သော လေထုကို အာရုံခံမိသဖြင့် သူမ ထွက်ခွာရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း နားလည်လိုက်လေသည်။

“...အရှင်မင်းကြီးက ဉာဏ်ပညာ ကြီးမားလှပါတယ်...”

သူမက သွားများကို ကြိတ်ကာ ပြောလိုက်ပြီး မလိုလားစွာဖြင့် မတ်တပ်ရပ်ကာ ဦးညွှတ်ပြီး မိန်းမစိုးနှင့်အတူ အခန်းထဲမှ ထွက်ခွာသွားလေသည်။

ဧကရာဇ်ဖန်က ကိုယ်လှုပ်တော်ဇီ၏ ဆွဲဆောင်မှုရှိသော ပုံရိပ် အခန်းထဲမှ ထွက်ခွာသွားသည်ကို ကြည့်ပြီး တိုးညင်းစွာ သက်ပြင်းချလိုက်လေသည်။

သူ့ကို အချိန်ကြာမြင့်စွာ အလုပ်အကျွေးပြုလာခဲ့သော သူ၏ ကိုယ်ရေးကိုယ်တာ မိန်းမစိုးက ဧကရာဇ်၏ အတွေးများကို ရိပ်မိပြီး တိတ်ဆိတ်စွာ မေးလိုက်လေသည်။

“အရှင်မင်းကြီး... ကိုယ်လှုပ်တော်ဇီကို အရှင်မင်းကြီးကို အလုပ်အကျွေးပြုဖို့ ပြန်ခေါ်လိုက်ရမလား...”

“မလိုဘူး...”

ဧကရာဇ်ဖန်က ခေါင်းခါလိုက်လေသည်။

“ငါ့ရဲ့ ယန်ချီကို ထိန်းသိမ်းထားရမယ်...”

ဧကရာဇ်ဖန်က တော်ဝင်မိသားစုအတွက် အမွေဆက်ခံသူများ မွေးဖွားပေးရမည့် တာဝန်ရှိသဖြင့် လောကီအာရုံခံစားမှုများကို လုံးဝ ကင်းလွတ်နေသူတော့ မဟုတ်ပေ။

ယခုအခါ သူရော ယခင်ဧကရာဇ်များပါ ကျင့်ကြံခြင်းတွင် အဘယ်ကြောင့် များစွာ မတိုးတက်ခဲ့ကြသလဲဆိုတာကို သူ နောက်ဆုံးတွင် နားလည်သွားလေသည်။ သူတို့၏ ပတ်ဝန်းကျင်က သူတို့ကို တာအို အတွက် အပြည့်အဝ မြှုပ်နှံထားရန် ဘယ်သောအခါမှ ခွင့်မပြုခဲ့ပေ။

ထို့ကြောင့် မည်သည့် အင်ပါယာ သို့မဟုတ် မင်းဆက်ကမျှ ဂိုဏ်းကြီးများလောက် မသန်မာနိုင်ခြင်း ဖြစ်သည်။ သူတို့က သေမျိုးရေးရာများ၊ နိုင်ငံရေးနှင့် ကိုယ်ကျိုးစီးပွားများဖြင့် အလွန်အလုပ်ရှုပ်နေသဖြင့် အင်မော်တယ် ကို အမှန်တကယ် ရှာဖွေနိုင်ရန် မဖြစ်နိုင်ဘဲ သူတို့ကို အဆင့်မြင့်များအတွက် မသင့်လျော်သူများ ဖြစ်လာစေသောကြောင့် တစ်နည်းအားဖြင့် သူတို့ကို ကျင့်ကြံသူတုများဟု သတ်မှတ်နိုင်လေသည်။

ဧကရာဇ်ဖန်က သူ၏ အိုမင်းနေသော လက်များကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။ ဘယ်သူကများ ထာဝရရှင်သန်ခြင်းကို မလိုချင်ဘဲ နေမှာလဲ... သို့သော် သူ့အတွက်ကတော့ အရမ်းနောက်ကျနေပြီ ဖြစ်သည်။

--

ခဏအကြာတွင် နန်းတော်အတွင်း တစ်နေရာ၌

မှောင်မိုက်နေသော အခန်းငယ်လေးတစ်ခုအတွင်းတွင် မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦးက မျက်လုံးများကို မှိတ်ကာ လူတစ်ယောက်ကို စောင့်နေလေသည်။

တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။

“ဝင်ခဲ့ပါ...”

သူက ဖြေလိုက်လေသည်။

တံခါးပွင့်လာပြီး ကိုယ်လုံးပြည့် ဝတ်ရုံဝတ်ဆင်ထားသော ပုံရိပ်တစ်ခု အထဲသို့ ဝင်လာလေသည်။ ခေါင်းစွပ်က သူတို့၏ မျက်နှာကို လုံးဝ ဖုံးကွယ်ထားလေသည်။

အဘိုးအိုက မျက်လုံးတစ်ဖက် ဖွင့်လိုက်လေသည်။

“ကဲ... အခြေအနေ ဘယ်လိုလဲ...”

“ဝန်ကြီးချုပ်ဝူ... အရာအားလုံးက အစီအစဉ်အတိုင်း ဖြစ်နေပါတယ်...”

ဝတ်ရုံဝတ် ပုံရိပ်ထံမှ ယောက်ျားလား၊ မိန်းမလား မသဲကွဲသော တွန့်လိမ်နေသည့် အသံတစ်ခု ထွက်ပေါ်လာလေသည်။

ဝန်ကြီးချုပ်ဝူ ပြုံးလိုက်လေသည်။

“အခု ငါတို့က မင်းသမီး ဖန်ဇီယန် ပြန်လာတာကိုပဲ စောင့်ရတော့မယ်... သူ ပြန်ရောက်လာတာနဲ့... ငါတို့ သဘောတူထားတဲ့ အပေးအယူအတိုင်း မင်း ဆက်လုပ်ရမယ်...”

“စိတ်မပူပါနဲ့...”

ခေါင်းစွပ်ဝတ် ပုံရိပ်က ပြောလိုက်လေသည်။

“ခင်ဗျား လိုချင်တာကို ကျွန်တော် ပေးပါ့မယ်... ပြီးရင် ခင်ဗျားက ဖန်ဇီယန် ပဟေဋ္ဌိဆန်ဆန် ပျောက်ဆုံးသွားသလို ဟန်ဆောင်ပြီး သူ့ကို ကျွန်တော့်ဆီ လွှဲပေးဖို့ပဲ လိုတယ်...”

ဒါကို ကြားတော့ ဝန်ကြီးချုပ်ဝူမှာ စိတ်လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရပြီး သူ၏ထံမှ သွေးနှင့်တူသော အငွေ့အသက် အနည်းငယ် ထွက်ပေါ်လာကာ သူက အလျင်အမြန် ပြန်လည်ထိန်းချုပ်လိုက်လေသည်။

စိုးရိမ်ပူပန်မှုဖြင့် သူက မေးလိုက်လေသည်။

“သာ သူ ပြန်မလာဘူးဆိုရင်ကော... အဲဒါက ငါတို့ရဲ့ အစီအစဉ်တွေ အားလုံးကို အဓိပ္ပာယ်မဲ့သွားစေမှာ မဟုတ်ဘူးလား...”

ခေါင်းစွပ်ဝတ် ပုံရိပ်က ရယ်မောလိုက်လေသည်။

“ဒါဆိုရင်တော့ သူ ဂိုဏ်းကနေ ထွက်လာတဲ့အထိ စောင့်ပြီး သူ့ကို ကိုယ်တိုင် ပျောက်ဆုံးသွားအောင် လုပ်ရမှာပေါ့... သူသာ ပြန်မလာရင် ဧကရာဇ်ကလည်း သူနဲ့ ပတ်သက်မှုတွေကို ဖြတ်တောက်လိုက်မှာဆိုတော့ အဲဒါက ပြဿနာ မဟုတ်ပါဘူး... ဂိုဏ်းအတွက်ကတော့... သူ အပြင်ဘက်မှာ ဂိုဏ်းရဲ့ တာဝန်တစ်ခု ကျရှုံးသွားသလို ဟန်ဆောင်လိုက်ရုံပဲ...”

ပြင်ဆင်ထားမှု အတိုင်းအတာကြောင့် ဝန်ကြီးချုပ်ဝူမှာ အထင်ကြီးသွားပြီး သက်ပြင်းချလိုက်လေသည်။ သိချင်စိတ်က သူ့ကို လွှမ်းမိုးသွားလေသည်။

“နောက်တစ်ခုလောက်ပါ... ဘာလို့ ဖန်ဇီယန်ကို ဒီလောက်တောင် လိုချင်နေရတာလဲ...”

ရုတ်တရက် ခေါင်းစွပ်ဝတ် ပုံရိပ်၏ ပတ်လည်ရှိ အငွေ့အသက်များ ပြောင်းလဲသွားပြီး ပိုမိုမှောင်မိုက်ကာ ကြမ်းတမ်းလာလေသည်။

ဝန်ကြီးချုပ်ဝူမှာ ချွေးများ ပြန်လာပြီး သူ စည်းကျော်သွားပြီဖြစ်ကြောင်း နားလည်လိုက်သော်လည်း သူ အံ့ဩသွားသည်မှာ အဖြေတစ်ခု ရလိုက်ခြင်းပင် ဖြစ်သည်။

“ဟင်း... ရိုးရိုးသားသား ပြောရရင် ခင်ဗျားရဲ့ ကောက်ကျစ်တဲ့ ဉာဏ်နဲ့ဆို ကျွန်တော် သူ့ကို ဘာလို့ လိုချင်လဲဆိုတာကို အတိုင်းအတာ တစ်ခုအထိ ခန့်မှန်းမိပြီးသား ဖြစ်မှာပါ...”

တိုးညင်းသော ရယ်မောသံနှင့်အတူ ထိုပုံရိပ်က ထပ်ပြောလိုက်လေသည်။

“အဲဒါက... သူ့ရဲ့ ခန္ဓာကိုယ်က ထူးခြားနေလို့ပဲ...”

ဝန်ကြီးချုပ်ဝူက ခေါင်းညိတ်လိုက်ပြီး သူကိုယ်တိုင်လည်း အကြမ်းဖျင်း သဘောပေါက်ထားပြီး ဖြစ်လေသည်။

သူတို့က ဖန်ဇီယန်အပေါ် ပိုက်ကွန်တစ်ခုကို ဂရုတစိုက် ဖြန့်ချထားကာ နှစ်ပေါင်းများစွာ အတူတကွ အလုပ်လုပ်လာခဲ့ကြသည်။ ခြေလှမ်းတိုင်းကို စီစဉ်ထားပြီး အစိတ်အပိုင်းတိုင်းက နေရာတကျ ရှိနေပြီ ဖြစ်သည်။ ယခုအခါ ငါးဖမ်းရမည့် အချိန် နီးကပ်လာပြီ ဖြစ်သည်။

ဘာမှ အမှားအယွင်း ဖြစ်နိုင်စရာ မရှိတော့ပေ... ဒါမှမဟုတ် သူတို့ ထိုသို့ ထင်ခဲ့ကြလေသည်။

သူတို့၏ ကြိုးစားအားထုတ်မှုများ အားလုံးကို အခြားတစ်ယောက်ယောက်က ယူဆောင်အသုံးပြုတော့မည် ဖြစ်ကြောင်းကို သူတို့ မသိသေးပေ... ပြီးတော့ ထိုသူမှာ ရမ္မက်ကြီးသူ တစ်ယောက် ဖြစ်နေလေတော့၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment