အခန်း (၅၅) - ဖန်ဇီယန် (၂)
“အယ်... စီနီယာအစ်မဖန်... အဆင်ပြေရဲ့လား...”
လီဖုန်းက သူမ၏ဘေးတွင် ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ပြီး ပခုံးပေါ်သို့ လက်တင်ကာ နူးညံ့ပြီး စိုးရိမ်ပူပန်ဟန်ဖြင့် မေးလိုက်သော်လည်း သူ၏ မျက်လုံးများက သူမ၏ ဆွဲဆောင်မှုရှိဆဲဖြစ်သော ခန္ဓာကိုယ်ပေါ်တွင် အမှတ်မထင် ရပ်တန့်နေခဲ့လေသည်။
“…”
ဖန်ဇီယန်က ပြန်မဖြေဘဲ ငြိမ်သက်နေပြီး ပြည့်ဖြိုးသော ရင်သားများက ဒူးများနှင့် ဖိမိကာ နူးညံ့မှုများ အနည်းငယ် လျှံကျလာသည်အထိ ဒူးများကို ဆက်လက်ဖက်ထားပြီး ခေါင်းကို လက်မောင်းများကြားတွင် တင်းကျပ်စွာ ဖွက်ထားလေသည်။
လေထုထဲတွင် တိတ်ဆိတ်မှုက လေးလံစွာ ကြီးစိုးနေလေသည်။
“စီနီယာအစ်မ...”
စစ်မှန်သော စိုးရိမ်မှုတစ်ခု ဝင်ရောက်လာသဖြင့် လီဖုန်း၏ အသံက အနည်းငယ် တုန်ယင်သွားလေသည်။
တစ်ခုခုတော့ သေချာပေါက် မှားယွင်းနေပြီဖြစ်သဖြင့် သူမ၏ ခေါင်းကို ညင်သာစွာ တွန်းမလိုက်ချိန်တွင် သူ အေးခဲသွားလေသည်။
သူ အမြဲမြင်တွေ့နေကျဖြစ်သော မာနကြီးပြီး ထောင်လွှားသော မင်းသမီးလေး ဖန်ဇီယန်၏ မျက်နှာက အရင်ကပုံစံနှင့် လုံးဝမတူတော့သည်ကို မြင်လိုက်ရသဖြင့် သူ၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။
ကြက်သွေးရောင် မျက်ဝန်းများတွင် အမြဲလောင်ကျွမ်းနေတတ်သော မီးတောက်များ ပျောက်ကွယ်သွားပြီး သူ တစ်ခါမှ မမြင်ဖူးသော လမ်းပျောက်ကာ အားငယ်နေသည့် အကြည့်တစ်ခုဖြင့် အစားထိုးခံထားရလေသည်။
သူမ၏ ပုံမှန် ထက်မြက်ကျော့ရှင်းမှုများ ပျောက်ကွယ်သွားပြီး လောကကြီး၏ ဝန်ထုပ်ဝန်ပိုး သို့မဟုတ် သူမ၏ ကာလကြာရှည် ကျရှုံးမှုများက သူမကို နောက်ဆုံးတွင် ချေမွပစ်လိုက်သည့်အလား အားနည်းပြီး ကာကွယ်ရာမဲ့သော မောပန်းနွမ်းနယ်မှုများဖြင့် အစားထိုးခံထားရလေသည်။
ထိုမြင်ကွင်းကြောင့် လီဖုန်း၏ နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွားလေသည်။ ထိုအမျိုးသမီး တပည့်များ မည်မျှ ရက်စက်နိုင်သည်ကို သူ ရှင်းလင်းစွာ အထင်သေးခဲ့မိပြီး ဖန်ဇီယန်၏ စိတ်ဓာတ်ခွန်အားကိုလည်း အထင်ကြီးလွန်းခဲ့မိခြင်း ဖြစ်နိုင်လေသည်။
ဖန်ဇီယန်သည် အခြေခံအားဖြင့် အလိုလိုက်ခံထားရသော မင်းသမီးလေးတစ်ပါးဖြစ်ပြီး လိုချင်တာမှန်သမျှ အမြဲရကာ အရာအားလုံးက သူမ၏ အလိုအတိုင်း ဖြစ်ခဲ့သူဖြစ်ကြောင်း သူ သတိမထားမိခဲ့ပေ။
သူမ၏ အဆင့်အတန်းနှင့် ပါရမီကြောင့် မည်သူကမျှ သူမကို အာခံရန် မဝံ့ရဲခဲ့ကြပေ။ သို့သော် ယခု ပထမဆုံးအကြိမ် စစ်မှန်သော အခက်အခဲနှင့် ရင်ဆိုင်ရချိန်တွင် သူမ၏ ယုံကြည်မှုများ လုံးဝ ကြေမွသွားပြီး ပထမဆုံးအကြိမ်အဖြစ် သူမ၏ အားနည်းမှုကို ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်လေသည်။
ဒါကို မြင်တော့ လီဖုန်း စိတ်ရှုပ်ထွေးသွားလေသည်။ သူ၏ စိတ်တစ်ပိုင်းက ရှေ့တိုးကာ သူမကို နှစ်သိမ့်ပေးချင်နေသော်လည်း ပိုမိုမှောင်မိုက်ပြီး ကောက်ကျစ်သော အခြားတစ်ပိုင်းကမူ ယခု သူမ၏ အခြေအနေကို မည်မျှ လွယ်ကူစွာ ခြယ်လှယ်နိုင်မည်ဆိုသည့် အတွေးကြောင့် လှုပ်ရှားလာလေသည်။
သို့သော် အကြောင်းပြချက်တစ်ခုခုကြောင့် ဤဖန်ဇီယန်၏ ပုံစံကို သူ အနည်းငယ် မနှစ်မြို့ပေ။ သူက မာနကြီးပြီး ထောင်လွှားသော မင်းသမီးတစ်ပါးကိုသာ အောက်ချချင်ခြင်းဖြစ်ပြီး ဤခံစားချက်မဲ့ကာ ကြေမွနေသော ပုံစံမျိုးကို မဟုတ်ပေ။
ယခု သူမကို အောက်ချလိုက်လျှင်တောင် ဖန်ဇီယန်က ရုန်းကန်မည်မဟုတ်ဟု သူ ခံစားရပြီး ဤအတွေးက အကြောင်းပြချက်တစ်ခုခုကြောင့် သူ့ကို အလွန် မနှစ်မြို့စေခဲ့ပေ။
“မတ်တပ်ရပ်စမ်း...”
လီဖုန်းက ရုတ်တရက် အသံနိမ့်ကာ ပြတ်သားစွာ ပြောလိုက်လေသည်။
“ကျုပ်သိတဲ့ စီနီယာအစ်မဖန်က ဒီလို အားနည်းတဲ့သူ မဟုတ်ဘူး...”
သူ၏ အစီအစဉ်ကို အနည်းငယ် ပြင်ဆင်ရန် သူ ဆုံးဖြတ်လိုက်လေသည်။ လောကကြီးက သူမကို စွန့်ပစ်လိုက်ပြီဆိုမှတော့ သူမ၏ လောကသစ်အဖြစ် သူကိုယ်တိုင် ဖြစ်လာရန်သာ ရှိတော့သည်။
“သူက လူတိုင်းကို ပြီးပြည့်စုံတဲ့ ယုံကြည်မှုနဲ့ အထင်သေးတတ်တဲ့သူ... တောင်းဆိုစရာမလိုဘဲ အာရုံစိုက်မှုကို ရယူနိုင်တဲ့သူ... ငြင်းမရနိုင်တဲ့ မာနနဲ့ ခွန်အားရှိပြီး တောင်တန်းတွေကိုတောင် ရွှေ့ပြောင်းနိုင်တဲ့ စိတ်ဓာတ်ရှိတဲ့သူပဲ...”
ကမ္ဘာမြေပေါ်တွင် အွန်လိုင်းမှ ဖတ်ဖူးခဲ့သော စာသားအချို့ကို ပြန်လည်ရွတ်ဆိုရင်း လီဖုန်း ဆက်ပြောလိုက်လေသည်။
သူ၏ စကားများကို ကြားလိုက်ရသဖြင့် ဖန်ဇီယန် အနည်းငယ် တုန်ယင်သွားပြီး ပြန်လည်ငြင်းဆန်ချင်သည့်အလား နှုတ်ခမ်းများ ပွင့်လာသော်လည်း စကားလုံးတစ်လုံးမျှ ထွက်မလာခဲ့ပေ။
ဒါကို မြင်တော့ လီဖုန်း အနည်းငယ် တိုးကပ်သွားပြီး သူ၏ အသံက နူးညံ့သွားလေသည်။
“စီနီယာအစ်မဖန်... ခင်ဗျားက ထက်မြက်တယ်၊ သတ္တိရှိတယ်၊ ပြီးတော့ သန်မာတယ်ဆိုတာကို ကျုပ် သိတယ်... ခင်ဗျားက လူတွေကို အမြဲတမ်း အာရုံစိုက်လာအောင် လုပ်နိုင်ပြီး ဘယ်သူ့ဆီကမှ နောက်ဆုတ်လေ့မရှိဘူး...”
“အခက်အခဲတွေ၊ စော်ကားမှုတွေနဲ့ မရေမတွက်နိုင်တဲ့ စမ်းသပ်မှုတွေကို ရင်ဆိုင်ခဲ့ရပေမဲ့ ခင်ဗျားက အမြဲတမ်း မတ်မတ်ရပ်တည်နိုင်ခဲ့တယ်... အမြဲတမ်း တခြားသူတွေထက် သာလွန်နေခဲ့တယ်... ခင်ဗျားက အံ့ဩစရာကောင်းတဲ့သူပါ၊ အဲဒါကို ဘယ်တော့မှ မမေ့ပါနဲ့...”
မှီခိုစရာ တစ်ယောက်ယောက်ကို နောက်ဆုံးတွင် ရှာတွေ့သွားသော ကလေးငယ်လေးတစ်ယောက်လို ဖန်ဇီယန်က တီးတိုးရေရွတ်လိုက်လေသည်။
“ဒါပေမဲ့... အခု လူတိုင်းက ငါ့ကို အထင်သေးနေကြပြီ... ပြီးတော့ ငါ... ငါ အဆင့်မတက်နိုင်တော့ဘူး...”
လီဖုန်းက သူမ၏ ပခုံးများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး မေးစေ့ကို မော့တင်လိုက်သဖြင့် သူမမှာ သူ၏ မျက်လုံးများကို မရင်ဆိုင်ဘဲ မနေနိုင်တော့ပေ။
“တခြားသူတွေကို ကျုပ် ဂရုမစိုက်ဘူး... ခင်ဗျားလည်း ဂရုစိုက်စရာ မလိုဘူး...”
သူ၏ အသံက သန်မာကာ တည်ငြိမ်ပြီး ကာကွယ်ပေးလိုစိတ် ပါဝင်နေလေသည်။ အချိန်အတော်ကြာ သူမ မကြားခဲ့ရသော လေသံမျိုးဖြစ်သော်လည်း တစ်နည်းနည်းဖြင့် နှစ်သိမ့်မှု ပေးစွမ်းနေလေသည်။
တစ်ချိန်တည်းမှာပင် အလွန်အားနည်းပြီး လှပကာ ကာကွယ်ရာမဲ့နေသော သူမ၏ မျက်နှာကို မြင်တော့ လီဖုန်းက သူမကို နမ်းချင်စိတ် ပြင်းပြလာလေသည်။
သို့သော် ယခု စိတ်ရှည်စွာ စောင့်ဆိုင်းခြင်းက နောက်ပိုင်းတွင် ပိုမိုကြီးမားသော ဆုလာဘ်ကို ရရှိမည်ဖြစ်ကြောင်း သိထားသဖြင့် သူကိုယ်သူ တားဆီးလိုက်လေသည်။
ဆန္ဒကို မျိုသိပ်ကာ တည်ငြိမ်အောင် အတင်းကြိုးစားရင်း လီဖုန်း ဆက်ပြောလိုက်လေသည်။
“မတ်တပ်ရပ်ပါ စီနီယာအစ်မဖန်...”
သူ၏ အသံက ပြတ်သားသော်လည်း ကြင်နာမှု ပါဝင်နေလေသည်။
“ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်ရင် ခင်ဗျားကို ယုံကြည်တဲ့ ကျုပ်ကို ယုံကြည်လိုက်ပါ... အခုချိန်မှာ တခြားဘယ်သူမှ အရေးမကြီးဘူး...”
“အခုကစပြီး ဒါကို ကျုပ်တို့ အတူတူ ရင်ဆိုင်ကြမယ်... ပြီးတော့ ခင်ဗျားနဲ့ ထိုက်တန်သလို ပိုသန်မာပြီး ပိုတောက်ပလာအောင် ကျုပ် သေချာပေါက် လုပ်ပေးမယ်...”
ထိုစကားများက မည်မျှ ရိုးအီနေသည်ကို တွေးပြီး လီဖုန်းမှာ အနည်းငယ် မတွန့်ဆုတ်ဘဲ မနေနိုင်ခဲ့သော်လည်း ဖန်ဇီယန်အတွက်မူ သူမ၏ အမှောင်မိုက်ဆုံး အချိန်တွင် အလင်းရောင်သစ်တစ်ခု တောက်ပလာသကဲ့သို့ ခံစားလိုက်ရလေသည်။ သူမ၏ နှုတ်ခမ်းများ တုန်ယင်သွားပြီး အခိုက်အတန့်တစ်ခုကြာ သူမက သူ့ထံသို့ အနည်းငယ် ပိုတိုးလာလေသည်။
သူမ၏ အတွင်းစိတ်ထဲတွင် ယုံကြည်မှု အနည်းငယ်၊ မာန အနည်းငယ်နှင့် သိချင်စိတ် အနည်းငယ်တို့ နောက်တစ်ကြိမ် စတင်ကြီးထွားလာသည်ကို သူမ ခံစားလိုက်ရလေသည်။ ၎င်းက လုံးဝ မငြိမ်းသတ်သွားသေးသော မီးတောက်ငယ်လေး တစ်ခုနှင့် တူလေသည်။
ဖန်ဇီယန် ဒါကို သတိမထားမိသေးသော်လည်း လီဖုန်း၏ စကားလုံးတိုင်းက သူမကိုယ်သူမ ပြန်လည်တည်ဆောက်ရန် တဖြည်းဖြည်း ကူညီပေးနေပြီး အရင်ကထက် သူ့အပေါ် ပိုမိုမှီခိုလာစေရန် တိတ်ဆိတ်စွာ ပြုလုပ်နေလေသည်။
သူမက သူ၏ စကားများကို အသက်ကယ်ကြိုးတစ်ခုပမာ ဆုပ်ကိုင်ထားကာ စိတ်ထဲတွင် တိတ်ဆိတ်စွာ ထပ်ခါတလဲလဲ ရွတ်ဆိုနေလေသည်။
‘ကျုပ်ကို ယုံကြည်လိုက်ပါ... ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ... ခင်ဗျားက အံ့ဩစရာကောင်းတဲ့သူပါ...’
အတွေးတစ်ခုစီက သူမကို အနည်းငယ် ပိုသန်မာလာစေပြီး အသက်ရှူရ အနည်းငယ် ပိုချောင်လာစေလေသည်။
မကြာမီ ဖန်ဇီယန်၏ ရင်ဘတ်က နောက်ဆုံးတွင် အနည်းငယ် မြင့်တက်လာပြီး မျက်လုံးများက သူမ၏ မူလမာန၏ ပထမဆုံး စစ်မှန်သော အရိပ်အယောင်ဖြင့် တောက်ပလာလေသည်။
တစ်ချိန်တည်းမှာပင် သူမဘေးရှိ လီဖုန်းက ကျေနပ်သော အပြုံးငယ်လေးဖြင့် စောင့်ကြည့်နေလေသည်။
[စနစ်အသိပေးချက်]။ ။ဂုဏ်ယူပါတယ် ပိုင်ရှင်၊ မျက်နှာသာပေးမှု အမှတ် ၁၀၀ ရရှိပါတယ်။
အသိပေးချက်ကို မြင်ပြီးနောက် လီဖုန်း အံ့ဩစွာ မျက်တောင်ခတ်လိုက်လေသည်။ ထိုအခြေအနေတွင် သူ အရမ်းမျောပါသွားသဖြင့် မျက်နှာသာပေးမှု အမှတ်များ ရရှိရန် ဤသို့လုပ်နေခြင်းဖြစ်ကြောင်းကို လုံးဝ မေ့သွားခဲ့လေသည်။
အကြောင်းပြချက်တစ်ခုခုကြောင့် လတ်တလောတွင် သူ သာယာမှုများကို အလွန်အမင်း ခံစားနေပြီး စနစ်အကြောင်းကို လုံးဝ မေ့သွားခဲ့သည့်အတွက် သူ အနည်းငယ် ရှက်ရွံ့လာလေသည်။
ရှည်လျားသော အသက်ရှူသံကို ရှူသွင်းလိုက်ချိန်တွင် ဖန်ဇီယန်၏ လက်ချောင်းများက သူမ၏ ပေါင်ပေါ်တွင် ညင်သာစွာ ကွေးသွားလေသည်။
လီဖုန်း၏ အကြည့်မှ နွေးထွေးမှုနှင့် သူ၏ စကားသံများက သူမ၏ အားနည်းနေသော စိတ်ထဲတွင် တစ်ခုခုကို လှုပ်ခတ်သွားစေလေသည်။ ဖြည်းညင်းစွာ၊ တုံ့ဆိုင်းနေသည့်အလား သူမက ခေါင်းမော့ကာ သူ၏ မျက်လုံးများကို ရင်ဆိုင်လိုက်လေသည်။
“နင်ပြောတာ... မှန်တယ်... ငါက သန်မာတယ်...”
ဆုံးဖြတ်ချက်ချထားသော အရိပ်အယောင် အနည်းငယ် ပါဝင်လျက် သူမက တီးတိုးရေရွတ်လိုက်လေသည်။
လီဖုန်း၏ လက်များက သူမကို ညင်သာစွာ လမ်းပြပေးရင်း ပခုံးပေါ်တွင် ခိုင်မာစွာ ရှိနေလေသည်။
“မှန်တာပေါ့...”
သူက တိုးညင်းစွာ ပြောလိုက်လေသည်။
“ကဲ မတ်တပ်ရပ်ပါ စီနီယာအစ်မဖန်... ကျုပ်သိတဲ့ အမျိုးသမီးဆိုတာ ဘယ်လိုမျိုးလဲ ကျုပ်ကို ပြလိုက်ပါ...”
သူမ၏ ခြေထောက်များ တုန်ယင်နေသော်လည်း အကြောက်တရားကို တွန်းလှန်ကာ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်လေသည်။ အားနည်းမှု အချို့ကို ပြသနေဆဲဖြစ်သော မျက်လုံးများတွင် ယခုအခါ မာန၏ မီးပွားငယ်လေးတစ်ခု ရှိနေပြီ ဖြစ်သည်။
‘ငါက အံ့ဩစရာကောင်းတဲ့သူ... ငါက သန်မာတယ်... ငါ ပြန်ထနိုင်တယ်...’
သူမက သူ၏ စကားများကို စိတ်ထဲတွင် တိတ်ဆိတ်စွာ ထပ်ခါတလဲလဲ ရွတ်ဆိုနေလေသည်။ အတွင်းစိတ်၏ အတွေးတိုင်းက သူမကို တစ်ချိန်တည်းမှာပင် ပိုမိုမတ်မတ်ရပ်လာစေလေသည်။
မျက်လုံးများထဲရှိ မှိန်ဖျော့ဖျော့ ကောက်ကျစ်သော အပြုံးက သူ၏ ရည်ရွယ်ချက်အမှန်ကို ဖော်ပြနေသော်လည်း လီဖုန်း၏ အကြည့်များက အနည်းငယ် နူးညံ့သွားလေသည်။
“စီနီယာအစ်မဖန်...”
သူမကို ပိုမိုနီးကပ်လာစေရန် လုံလောက်ရုံမျှ အသံကို နှိမ့်ကာ သူက ပြောလိုက်လေသည်။
“အရင်က ကျုပ် ပြောခဲ့သလိုပဲ... ခင်ဗျား အဆင့်တက်အောင် ကူညီပေးနိုင်တဲ့ နည်းလမ်းတစ်ခု ကျုပ်ဆီမှာ ရှိတယ်...”
လီဖုန်း၏ စကားများကို နောက်ဆုံးတွင် သတိရသွားသဖြင့် ဖန်ဇီယန်၏ မျက်ခုံးများ ပင့်တက်သွားလေသည်။
“အဆင့်တက်ဖို့... တကယ်ပဲ နည်းလမ်းရှိလို့လား...”
ဤတစ်ဆို့မှုက သူမအတွက် စိတ်ဒဏ်ရာတစ်ခုလို ဖြစ်နေပြီဖြစ်သဖြင့် သူမ၏ အသံက အသက်ရှူမှားလုနီးပါးနှင့် စိုးရိမ်တကြီး မေးလိုက်လေသည်။
“ရှိတယ်...”
လီဖုန်းက ပြတ်သားသော်လည်း သွေးဆောင်သော လေသံဖြင့် ပြန်ဖြေလိုက်လေသည်။
“ဒါပေမဲ့ ဒီနေရာမှာ ပြလို့ရတဲ့အရာတော့ မဟုတ်ဘူး... ကျုပ်ရဲ့ လျှို့ဝှက်ချက် တစ်ခုနဲ့ ပတ်သက်နေလို့... ဒါကြောင့် ကျုပ်နေရာကို ပြန်သွားပြီး အဲဒီမှာ သေချာ ဆွေးနွေးကြတာပေါ့...”
ပထမဆုံး ကူကယ်ရာမဲ့ဖြစ်ခဲ့သော အချိန်ပြီးနောက် ယုံကြည်မှု အချို့ကို ပြန်လည်ရရှိလာသော ဖန်ဇီယန်က တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်လေသည်။ သူမ ဒါကို သတိမထားမိသေးသော်လည်း တိတ်ဆိတ်သော သံယောဇဉ်နှင့် လီဖုန်းအပေါ် မသိမသာ မှီခိုမှုတို့က စတင်ကြီးထွားနေပြီ ဖြစ်သည်။
ဒါကို မြင်တော့ လီဖုန်း၏ အပြုံးက ပိုမိုကျယ်ပြန့်သွားလေသည်။
“ဒါဆို သွားကြတာပေါ့...”
သို့သော် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်တွင် ဖန်ဇီယန်၏ ခြေထောက်များ ယိမ်းယိုင်ပြီး အားနည်းသွားလေသည်။ လီဖုန်းက ချက်ချင်း ဖမ်းထိန်းလိုက်ပြီး သူ၏ဘေးတွင် ညင်သာစွာ ဖက်ထားလိုက်လေသည်။
သူ၏ လက်က သူမ၏ ခါးပေါ်တွင် ခပ်ဖွဖွ ရှိနေပြီး နူးညံ့သော အသားများအတွင်းသို့ အနည်းငယ် နစ်ဝင်နေလေသည်။
“လာ... ကျုပ် ကူညီပေးမယ်...”
သူက တိုးညင်းသော်လည်း စိတ်အေးစေသော အသံဖြင့် ထပ်မံရေရွတ်လိုက်လေသည်။ သူ၏ လေသံမှ နွေးထွေးမှုက အကာအကွယ်တစ်ခုပမာ ခံစားရစေပြီး သူမကို အပြစ်ရှိသလို သို့မဟုတ် ရှက်ရွံ့သလို မခံစားရဘဲ သူ့အပေါ် မှီခိုရန် ခွင့်ပြုချက်ပေးနေလေသည်။
ထူးဆန်းသည်မှာ ဖန်ဇီယန်က သူ၏ အထိအတွေ့အပေါ် မည်သည့် စိတ်မသက်မသာဖြစ်မှုမျှ မခံစားရခြင်းပင် ဖြစ်သည်။ သူမ၏ ပါးပြင်များတွင် မှိန်ဖျော့ဖျော့ နီရဲမှုတစ်ခု ပြန့်နှံ့သွားပြီး အနည်းငယ် ခေါင်းညိတ်ကာ သူ့အပေါ်သို့ မှီခိုခွင့်ကို တိတ်ဆိတ်စွာ ခွင့်ပြုလိုက်လေသည်။
သူမ၏ နူးညံ့သော ဘေးဘက်ရင်သားနှင့် သွယ်လျသော ခါးလေးကို သူ၏ ရင်ဘတ်၊ လက်တို့ဖြင့် ထိတွေ့နေရသည့် ခံစားချက်ကို အရသာခံရင်း သူ၏ နေအိမ်ဆီသို့ ဆက်လက်သွားရန် လီဖုန်းက ကိုင်တွယ်မှုကို အနည်းငယ် ပြင်ဆင်ကာ သူမ၏ ဂရုတစိုက် ခြေလှမ်းများကို လမ်းညွှန်ပေးနေလေသည်။
“ကောင်းတယ်... အဲဒီအတိုင်းပဲ...”
နှုတ်ခမ်းများတွင် မှိန်ဖျော့ဖျော့ အပြုံးတစ်ခုနှင့်အတူ သူက တိုးညင်းစွာ ပြောလိုက်လေသည်။
“တစ်လှမ်းချင်းစီပေါ့... တစ်ယောက်တည်း ရုန်းကန်နေစရာ မလိုပါဘူး... ကျုပ်က အမြဲတမ်း ဒီမှာ ရှိနေမှာပါ...”
ဘယ်သွားရမှန်းမသိသော လမ်းပျောက်နေသည့် ကလေးငယ်လေးတစ်ယောက်လို သူမကို ဆက်ဆံကာ သူမက သူ့အပေါ် မှီခိုနိုင်ကြောင်း မသိမသာ သတိပေးမှုများနှင့်အတူ နူးညံ့သော လမ်းညွှန်မှုများကို ရောနှောလျက် ဉီးနှောက်ဆေးသည့် အားပေးစကားများကို သူ ဆက်လက်တီးတိုးပြောဆိုနေလေသည်။
“ဘာလို့... ငါ့အတွက် ဒီလောက်အထိ လုပ်ပေးရတာလဲ...”
ဖန်ဇီယန်၏ နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားပြီး မျှော်လင့်ချက်နှင့် စိုးရိမ်ပူပန်မှု ရောနှောနေခြင်းတို့က သူမ၏ မျက်လုံးများတွင် တောက်ပနေလေသည်။
နီးကပ်မှုကြောင့်ရော၊ ယခုတစ်ကြိမ်တွင် သူမ နားမလည်သေးသော နည်းလမ်းများဖြင့် သူ့အပေါ် ချည်နှောင်ခံထားရသော်လည်း သူမ၏ မူလပုံစံသို့ ဖြည်းညင်းစွာ ပြန်လည်ရောက်ရှိလာသည်ကို မြင်ရသည့် ကျေနပ်မှုကြောင့်ပါ လီဖုန်း၏ နှလုံးခုန်သံ အနည်းငယ် မြန်လာလေသည်။
သူက မှိန်ဖျော့ဖျော့ ပြုံးလိုက်ပြီး အသံက နူးညံ့သော်လည်း ပြတ်သားနေလေသည်။
“ဘာလို့လဲဆိုတော့ ကျုပ်က ခင်ဗျားကို ယုံကြည်ပြီး စီနီယာအစ်မဖန်ကို အမြဲတမ်း လေးစားခဲ့လို့ပါ... ဒါကြောင့် ခင်ဗျားလိုလူမျိုး လမ်းပျောက်သွားတာကို ကျုပ် ခွင့်မပြုနိုင်ဘူး...”
သူ၏ အဖြေကို ကြားတော့ ဖန်ဇီယန်က အပြုံးကို ထိန်းထားရန် ကြိုးစားလိုက်သော်လည်း မာနထောင်လွှားမှု အရိပ်အယောင် အနည်းငယ် လွတ်ထွက်သွားပြီး တိုးညင်းစွာ မေးလိုက်လေသည်။
“ဒါဆို... ငါက ပါရမီပါရဲ့လား... ငါက သန်မာရဲ့လား...”
“သေချာတာပေါ့...”
သူတို့ လျှောက်သွားနေစဉ် သူမကို ဆက်လက်ချီးကျူးရင်း လီဖုန်းက ပြန်ဖြေလိုက်လေသည်။
“စီနီယာအစ်မဖန်က အသန်မာဆုံးနဲ့ ပါရမီအပါဆုံးပဲ...”
စကားလုံးတိုင်းက သူမ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးပုံရပြီး သေးငယ်သော ချီးကျူးမှုတိုင်းတွင် သူမ အနည်းငယ် တွန့်လိမ်သွားကာ နွေးထွေးမှုနှင့် ဝမ်းသာမှုတို့က သူမ၏ အတွင်းတွင် ပြန့်နှံ့သွားသဖြင့် သူမ၏ ခါးရှိ သူ၏ လက်က မသိမသာ လှုပ်ရှားကာ သူမ၏ ခန္ဓာကိုယ်၏ နူးညံ့သော အကွေ့အကောက်များကို ပွတ်သပ်နေသည်ကိုပင် သူမ သတိမထားမိခဲ့ပေ။.
“နည်းနည်းပဲ လိုတော့တယ် စီနီယာအစ်မဖန်...”
နူးညံ့သော ခါးလေးတွင် လက်ကို ခိုင်မာစွာ ထားရင်း လီဖုန်းက ထပ်ပြောလိုက်လေသည်။
“ဒါဆိုရင် အထဲမှာ ခင်ဗျား ဘေးကင်းသွားပြီ... အခုကစပြီး အဲဒီမှာ နားလို့ရတယ်... ပြီးတော့ ကျုပ်ရဲ့ ဒီလျှို့ဝှက်ချက်အကြောင်း ပြောကြတာပေါ့... မကြာခင် ခင်ဗျား သေချာပေါက် အဆင့်တက်နိုင်မှာပါ...”
သူ၏ နေအိမ်သို့ ရောက်ချိန်တွင် ဖန်ဇီယန်က သူမ၏ မူလယုံကြည်မှု အချို့ကို ပြန်လည်ရရှိနေပြီ ဖြစ်သည်။ သို့သော် ၎င်းက တကယ်ပဲ သူမ၏ စစ်မှန်သော ပုံစံလား... သို့မဟုတ် လီဖုန်း ပုံဖော်ပေးထားသော ပုံစံသစ်လား ဆိုတာကိုတော့ မည်သူမျှ မပြောနိုင်တော့ပေ။