no

Font
Theme

အခန်း (၅) ငါ့ရဲ့ အနာဂတ် အမျိုးသားကြီး...

​လေထဲတွင် ဝဲပျံနေသော ကျူးကဲထိုက်သည် မျက်လုံးများကို မှိတ်၍ အနားယူနေသည့် ပုံစံရှိသော်လည်း လက်တွေ့တွင်မူ သူ၏ နတ်ဘုရားအာရုံသည် ဧရိယာတစ်ခုလုံးကို လွှမ်းမိုးထားခဲ့သည်။

လီကွေ့သိုင်၏ လှုပ်ရှားမှုငယ်လေးများနှင့် တိုးတိုးပြောဆိုချက်များသည် စကားတစ်လုံးမျှ မကျန်ဘဲ သူ၏ နားထဲသို့ သဘာဝကျကျ ဝင်ရောက်သွားခဲ့သည်။

​သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ကုန်းပတ်ပေါ်တွင် စာရင်းသွင်းသည့် တပည့်များကို မျက်စိမှိတ်ပြကာ မူရာမာယာ လုပ်နေသော လီကွေ့သိုင်ထံသို့ အကြည့်ဝေ့ဝဲလိုက်သည်။

ဒေါသထွက်သွားမည့်အစား သူ၏ မျက်လုံးထဲတွင် မသိမသာ... သဘောကျသည့် အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။

​'ဒီကောင်လေးကတော့... မျက်နှာပြောင်တယ်.. ဉာဏ်ပြေးတယ်.. မိမိရဲ့ အကျိုးအမြတ်အတွက် ဘယ်လိုတိုက်ပွဲဝင်ရမလဲဆိုတာ သိပြီး ပရိယာယ်အချို့ သုံးဖို့လည်း ဝန်မလေးဘူး'

​သူ၏ ကျင့်ကြံရေးအဆင့်က နိမ့်ကျပြီး ဝိညာဉ်အမြစ်က သီသီလေးမျှသာ စံချိန်မီသော်လည်း.. ဒီ "လက်တွေ့ဆန်မှု" မှာ မိသားစု၏ တင်းကြပ်လှသော တပည့်များကြားတွင် ရှားပါးလှပေသည်။

​ကျူးကဲထိုက်သည် စိတ်ထဲမှ စဉ်းစားလိုက်ပြီးနောက် ဘာမှမမြင်.. ဘာမှမကြားခဲ့ရသကဲ့သို့ မျက်လုံးများကို ပြန်လည် မှိတ်လိုက်တော့သည်။

​သူ၏ ပါးနပ်သော လှုပ်ရှားမှုများကြောင့် စာရင်းသွင်းသည့် တပည့်များက မကန့်ကွက်သည်ကို တွေ့ရသောအခါ (အဓိကကတော့ သူ၏ ပါးနပ်လှသော လှုပ်ရှားမှုများကြောင့် မှင်သက်သွားကြခြင်း ဖြစ်သည်) လီကွေ့သိုင်သည် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာသွားခဲ့ပြီး သူ၏ လုပ်ဆောင်ချက်မှာ လုံးဝ ပြည့်စုံလှသည်ဟု ခံစားလိုက်ရသည်။

​ဒါဟာ လျှို့ဝှက်ဆန်းကြယ်ရုံတင်မကဘဲ... အင်း.. အရင်းအမြစ်များကို သင့်တော်စွာ ခွဲဝေလိုက်တာဖြစ်ပြီး နောင်တစ်ချိန်တွင် သာယာသော ဘဝကို ပိုင်ဆိုင်နိုင်ဖို့ လမ်းခင်းလိုက်တာပဲ ဖြစ်ပေသည်။

​သူသည် ကြီးမားလှသော ပျံသန်းရေး သင်္ဘောကြီး၏ အစွန်းတွင် မတ်တပ်ရပ်ရင်း အောက်ခြေရှိ ပိုမို သေးငယ်သွားသော ကျီချိုက်ကျေးရွာကို ငုံ့ကြည့်လိုက်သည်။

ကောင်းကင်ကြီးကို ပုရွက်ဆိတ်များကဲ့သို့ မော့ကြည့်နေကြသော ရွာသူရွာသားများကို ကြည့်ရင်း သူ၏ ရင်ထဲတွင် ဂုဏ်ယူဝင့်ကြွားသည့် ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

​"ကျူးကဲ မိသားစုထဲက အမျိုးသမီးတို့ရေ... မင်းတို့ရဲ့ အားကောင်းတဲ့ ကျောက်ကပ်ပိုင်ရှင်... ဟမ်းဟမ်း.. မင်းတို့ရဲ့ အမျိုးသားကောင်းကြီး ရောက်လာပြီဟေ့..."

​လီကွေ့သိုင်သည် သူ၏ မျက်စိရှေ့တွင် ဝေဝါးသွားသည်ဟု ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ကို နူးညံ့သော်လည်း တားဆီး၍မရနိုင်သော စွမ်းအားတစ်ခုက လွှမ်းမိုးသွားခဲ့သည်။

နောက်တစ်ခဏတွင် သူ၏ ခြေထောက်များသည် ခိုင်မာပြီး အေးစက်သော သင်္ဘောကုန်းပတ်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်သွားခဲ့သည်။

​သူသည် မသိစိတ်မှ အောက်သို့ ငုံ့ကြည့်လိုက်ရာ အောက်ခြေရှိ ကျီချိုက်ကျေးရွာမှ ရွာသူရွာသားများနှင့် အိမ်များမှာ ပုရွက်ဆိတ်ကောင်လေးများကဲ့သို့ သေးငယ်သွားပြီး ခေါင်းမူးစရာ အရှိန်ဖြင့် လျင်မြန်စွာ သေးငယ်ဝေးကွာသွားကာ နောက်ဆုံးတွင် သူ၏ အမြင်အာရုံ အစွန်းမှာ မရေမရာ အရောင်ကွက်လေးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

​လှောင်အိမ်ထဲမှ လွတ်မြောက်သွားသည့် ပေါ့ပါးမှုနှင့် မသိနိုင်သော အနာဂတ်အတွက် ထိတ်လန့်မှုတို့ ရောနှောနေသည့် ထူးဆန်းသော ခံစားချက်တစ်ခုသည် လီကွေ့သိုင်၏ နှလုံးသားထဲတွင် တဟုန်ထိုး ပေါ်ပေါက်လာခဲ့သည်။

​သူသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

ဟုတ်ပေသည်.. ပျံသန်းရေး သင်္ဘောပေါ်မှ လေထုသည် တကယ်ပင် လန်းဆန်းလှပြီး မှိန်ဖျော့သော ဝိညာဉ်စွမ်းအင်များနှင့် မသိနိုင်သော သစ်သားရနံ့အချို့ ပါဝင်နေသဖြင့် ကျီချိုက်ကျေးရွာရှိ မြေကြီးနှင့် မစင်နံ့ ရောနှောနေသော လေထုထက် များစွာ ပိုမို သာလွန်လှပေသည်။

​သူသည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။

ပျံသန်းရေး သင်္ဘော၏ ကုန်းပတ်မှာ မြင်းတစ်ကောင် ပြေးလွှားနိုင်လောက်အောင် ကျယ်ဝန်းလှပြီး လူငယ် အယောက်လေးဆယ်.. ငါးဆယ်ခန့်မှာ ပြန့်ကျဲစွာ ရှိနေကြပြီးဖြစ်သည်။

လူငယ်အများစုမှာ အသက် ၁၅ နှစ်မှ ၂၀ နှစ်အကြား ရှိကြသည်။

သူတို့သည် ပုံစံအမျိုးမျိုး ဝတ်ဆင်ထားကြသော်လည်း အားလုံးထံမှ ဆင်းရဲနုံချာသော အရပ်မှ ရိုးသားသည့် အမူအရာများ ထွက်ပေါ်နေခဲ့သည်။ သူတို့၏ မျက်နှာပေါ်တွင် လီကွေ့သိုင်ကဲ့သို့ပင် စိတ်လှုပ်ရှားမှုနှင့် မသက်မသာဖြစ်မှုတို့ ရောနှောနေကြလေသည်။

​ရှင်းရှင်းလင်းလင်းပင်.. ထိုသူများမှာ အကြီးအကဲ ကျူးကဲထိုက် လမ်းခရီးတစ်ခုလုံးရှိ ဒေသအသီးသီးမှ စုဆောင်းလာခဲ့သည့် "ပါရမီရှင်များ" ဖြစ်ကြပြီး သူ၏ ကျီချိုက်ကျေးရွာမှာ နောက်ဆုံး စခန်းဖြစ်ပေသည်။

​ထိုစဉ်မှာပင် နံပါတ် (၇) အကြီးအကဲ ကျူးကဲထိုက်သည် လူငယ်စုဝေးရာဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။

သူသည် အရင်က အရပ်မမြင့်လှသော်လည်း ထိုနေရာတွင် မတ်တပ်ရပ်လိုက်သည့် ခဏ၌ မမြင်နိုင်သော ဖိအားကြီးတစ်ခုက စကားတိုးတိုး ပြောဆိုနေကြသည့် ကုန်းပတ်ကို ချက်ချင်းပင် တိတ်ဆိတ်သွားစေခဲ့သည်။

​လူငယ်များ အားလုံးသည် မသိစိတ်မှ ကျောကို မတ်လိုက်ကြပြီး သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် ရွှေအမြုတွေအဆင့် ကျင့်ကြံသူကြီးကို စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်လိုက်ကြသည်။

​ကျူးကဲထိုက်၏ အကြည့်သည် အေးစက်သော ရှာဖွေရေး မီးမောင်းကြီးကဲ့သို့ လူငယ်များအပေါ်သို့ ဖြည်းဖြည်းချင်း ဝေ့ဝဲသွားရာ သူ၏ အကြည့်နှင့် ဆုံတွေ့သွားသူတိုင်း မသိစိတ်မှ အသက်ပင် မရှူဝံ့အောင် ဖြစ်သွားကြရလေသည်။

​"ဒီနေ့ကစပြီး..." ကျူးကဲထိုက်၏ အသံမှာ တည်ငြိမ်နေဆဲဖြစ်သော်လည်း လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားခဲ့သည်... "မင်းတို့ဟာ ငါ၏ ကျူးကဲ မိသားစုရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာကြပြီ"

​"အိမ်ပါသမက်" ဆိုသည့် စကားလုံးမှာ ကြားလို့ သိပ်မကောင်းလှပေ။

​သူသည် စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်ပြီး ထိခိုက်လွယ်သော စကားလုံးကို မထင်မှတ်ဘဲ ထုတ်ဖော်ပြောဆိုလိုက်သည်။

"ဒါပေမဲ့ ငါတို့ရဲ့ ကျူးကဲ မိသားစုဟာ ရိုင်းစိုင်းပြီး ကျေးဇူးကန်းတဲ့.. အသည်းနှလုံးမရှိတဲ့ နေရာမျိုး မဟုတ်ပါဘူး"

​လူငယ်အများစုသည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။

​"တကယ်လို့ အေးချမ်းတဲ့ ဘဝကိုပဲ လိုချင်ပြီး တိုးတက်ဖို့ မစဉ်းစားတဲ့သူ ရှိရင်လည်း..."

"ကျူးကဲမိသားစုက အတင်းအကြပ် မပြုလုပ်ပါဘူး”

ကျူးကဲထိုက်သည် ဆန်းကြယ်သော ဆွဲဆောင်မှု ပါဝင်သော လေသံဖြင့် ဆက်လက်ပြောကြားလိုက်သည်...

“​ဒါပေမဲ့ ကျူးကဲမိသားစုက မင်းတို့အတွက် အရာရာကို စီစဉ်ပေးမှာဖြစ်ပြီး စားဝတ်နေရေး ပြည့်စုံကာ သက်တောင့်သက်သာ နေထိုင်နိုင်ရေးကို အာမခံပေးမယ်”

“​အသက်၂၀ ကျော် အရွယ်မှာတင် ရေတွက်မရသော တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် ဂိုဏ်းငယ်များမှ တပည့်များပင် မနာလိုဖြစ်ရမည့် "အေးဆေးစွာ ကျင့်ကြံနေနိုင်သည့်" ဘဝကို ပိုင်ဆိုင်နိုင်ရမယ်”

​"အေးဆေးစွာ ကျင့်ကြံနေနိုင်သည်" ဆိုသည့် စကားစုမှာ မှော်စွမ်းအားတစ်ခု ပါဝင်နေသကဲ့သို့ လူငယ်များစွာ၏ မျက်လုံးများကို ချက်ချင်းပင် ဖမ်းစားလိုက်တော့သည်။

​သူတို့အများစုမှာ ဆင်းရဲသော မိသားစုများမှ လာကြသူများဖြစ်ပြီး ကျင့်ကြံရေး ပါရမီမှာလည်း သီသီလေးမျှသာ စံချိန်မီကြသူများ ဖြစ်သည်။

သူတို့သည် ဒီလို ကောင်းမွန်သည့် အခွင့်အရေးမျိုး ရရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

​အသက်လုပွဲများ ဆင်နွှဲစရာ မလို.. အရင်းအမြစ်များကို လုယူစရာ မလိုဘဲ ကျင့်ကြံနိုင်မည်ဟုတ်လား...

ဒီလို ကောင်းကင်ဘုံလို ဘဝမျိုး တကယ်ပဲ ရှိတာလား...

​အောက်ခြေရှိ လူငယ်များ၏ မျက်လုံးများအတွင်းရှိ ပြင်းထန်သော တပ်မက်မှုများကို မြင်တွေ့လိုက်ရသောအခါ ကျူးကဲထိုက်၏ နှုတ်ခမ်းထောင့်တွင် အလွန် မှိန်ဖျော့သော အပြုံးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

​သူသည် ပိုမို ကြီးမားသော ဗုံးတစ်လုံးကို ထောက်ဖောက်တော့မည့်အတိုင်း စကားကို ခဏရပ်လိုက်ပြီးမှ နောက်ဆုံး ဆွဲဆောင်မှုကို ဖြည်းဖြည်းချင်း ထုတ်လွှတ်လိုက်တော့သည်။

​"ဒါတင် မကသေးဘူး..." သူသည် လူတိုင်း၏ စိတ်ဝင်စားမှုကို နှိုးဆွပေးရင်း စကားကို ဆွဲပြောလိုက်သည်... "ငါ၏ ကျူးကဲ မိသားစု ခေါင်းဆောင်ရဲ့သမီး.. ကောင်းကင်ဘုံ၏ ဂုဏ်ယူဖွယ်ရာ အမျိုးသမီးရဲ့ အမျိုးသားကိုလည်း... ငါတို့ ကျူးကဲ မိသားစုရဲ့ အိမ်ပါသမက်တွေထဲကပဲ ရွေးချယ်သွားပါမယ်"

​"ဝုန်း..."

ထိုစကားများသည် ငြိမ်သက်နေသော ရေကန်ကြီးထဲသို့ ထိုးစိုက်ကျရောက်သွားသည့် အနက်ရှိုင်းဆုံး ရေငုပ်ဗုံးကြီးတစ်လုံးကဲ့သို့ပင်...

လူငယ်များ အားလုံး မှင်သက်သွားကြပြီး မျက်လုံးများ ပြူးကျယ်ကာ ပါးစပ်များ ဟင်းလင်း ဖြစ်သွားကြရာ.. မယုံနိုင်စရာ ကိစ္စတစ်ခုကို ကြားလိုက်ရသကဲ့သို့ပင်...

မိသားစုခေါင်းဆောင်၏ သမီးတဲ့လား... သူမ၏ အနာဂတ် အမျိုးသား... ဒါကို သူတို့ထဲက ရွေးချယ်မှာတဲ့လား...

​ဒါသာ... ဒါကိုသာ အောင်မြင်သွားခဲ့ရင်... ဒါဟာ တကယ့်ကို အမြင့်သို့ တဟုန်ထိုး တက်လှမ်းသွားတာပဲ...

ငါးကြင်းတစ်ကောင် နဂါးတံခါးကို ခုန်ကျော်လိုက်တာနဲ့ တူတူပဲမဟုတ်လား...

​နောက်ဆိုရင် သူဟာ နိမ့်ကျတဲ့ အိမ်ပါသမက် မဟုတ်တော့ဘဲ ကျူးကဲ မိသားစုရဲ့ အဓိက အဖွဲ့ဝင် ဖြစ်လာတော့မှာဖြစ်ပြီး.. နောင်တစ်ချိန်မှာဆိုရင်... ကျယ်ပြန့်လှတဲ့ ကျင့်ကြံရေး မိသားစုကြီးကိုပင် အုပ်ချုပ်ခွင့် ရရှိနိုင်သေးတယ်...

​ကြီးမားလှသော ရိုက်ခတ်မှုကြောင့် လူငယ်များ အားလုံးသည် တိတ်ဆိတ်သွားကြပြီး ကုန်းပတ်ပေါ်တွင် ပြင်းထန်၍ လျှင်မြန်သော အသက်ရှူသံများသာ ပဲ့တင်ထပ်သွားတော့သည်။

​"ရည်မှန်းချက်" ဟုခေါ်သော မီးတောက်တစ်ခုသည် လူတိုင်း၏ မျက်လုံးများတွင် တောက်လောင်သွားခဲ့ပြီး.. အရင်က "အေးဆေးစွာ ကျင့်ကြံချင်ခဲ့သော" လူငယ်အချို့ပင်လျှင် မျက်လုံးများတွင် လောဘမီးများ တောက်လောင်လာခဲ့ရသည်။

​လီကွေ့သိုင်သည်လည်း အံ့အားသင့်သွားရသည်။

မိသားစုခေါင်းဆောင်ရဲ့သမီးဟုတ်လား... အတိတ်ဘဝက ဖတ်ဖူးခဲ့သော အွန်လိုင်း ဝတ္ထုများထဲမှ အကွက်များ အားလုံးသည် သူ၏ ခေါင်းထဲသို့ တစ်ခဏအတွင်း တိုးဝင်လာခဲ့သည်။

အသုံးမကျသော သမက်၏ အထက်သို့ တက်လှမ်းမှု.. အေးစက်လှပသော မင်းသမီးလေး၏ နှလုံးသားကို သိမ်းပိုက်မှုနှင့် သခင်လေးများပါးကို ရိုက်နှက်မှု… ဒါဟာ စံချိန်မီ ဇာတ်ညွှန်းကြီး မဟုတ်ဘူးလား...

​"ဟဲဟဲ... မိသားစုခေါင်းဆောင်ရဲ့သမီး..." သူသည် မသိစိတ်မှ ခါးအောက်ပိုင်းကို ကိုင်ကြည့်လိုက်ရာ ထို "မီးဖိုငယ်" နှစ်ခု၏ နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် သူ၏ ယုံကြည်ချက်မှာ ပြောမပြတတ်အောင်ပင် တိုးတက်လာခဲ့သည်။

"ငါ့ရဲ့ ရှေးဟောင်း ကျောက်ကပ်ခန္ဓာနဲ့ စနစ်သာ ရှိရင်... ငါ့မှာ... အခွင့်အရေး အမှန်တကယ် ရှိနေတာများလား..."

​လူငယ်များ ရုတ်တရက် အောင်မြင်သွားမည့် အိမ်မက်များထဲတွင် နှစ်မြုပ်နေကြစဉ်မှာပင် ပျံသန်းရေး သင်္ဘောကြီးသည် အနည်းငယ် တုန်ယင်သွားပြီး ထူထပ်သော တိမ်တိုက်များကို ထိုးဖောက်သွားခဲ့သည်။

​"ငါတို့ ရောက်ပြီ" ကျူးကဲထိုက်၏ တည်ငြိမ်သော အသံကြီး ပြန်လည် ထွက်ပေါ်လာခဲ့သည်။

​လူတိုင်း မသိစိတ်မှ မော့ကြည့်လိုက်ကြရာ.. သူတို့၏ မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် စကားပင် မပြောနိုင်အောင် အံ့အားသင့်သွားကြတော့သည်။

​အောက်ခြေတွင် တိမ်ပင်လယ်ကြီးသည် အဆုံးမဲ့ အဖြူရောင် သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ လှိုင်းထလျက် ရှိနေသည်။

ထိုတိမ်ပင်လယ်ကြီး အတွင်း၌မူ မနက်ဖြန်နံနက်ခင်းကဲ့သို့ ခန့်ညားထည်ဝါလှသော အမတ တောင်တန်းကြီးများသည် မြေကြီးမှ ရုတ်တရက် မြင့်တက်လာပြီး လေထဲတွင် ဝဲပျံနေကြသည်။

​တောင်တန်းများမှာ စိမ်းလန်းစိုပြေနေပြီး မြှောက်တင်ထားသော ကျောက်စိမ်းများကဲ့သို့ ဆန်းကြယ်၍ မြင့်မြတ်သော အလင်းရောင်များ ဖုံးလွှမ်းနေခဲ့သည်။

​တောင်တန်းများအကြားတွင် ပြောင်းပြန် စီးဆင်းနေသော နဂါးငွေ့တန်းကဲ့သို့ ရေတံခွန်ကြီးတစ်ခု ရှိနေပြီး ပေသုံးထောင်အနက်သို့ စီးဆင်းနေကာ ရေစက်များသည် နေရောင်အောက်တွင် ရောင်စုံ သက်တံအဖြစ်သို့ ပြောင်းလဲနေခဲ့သည်။

​ဆန်းကြယ်လှသော ပြာသာဒ်များနှင့် မျှော်စင်များကို တောင်စောင်းများတွင် တည်ဆောက်ထားပြီး ဝဲလှည့်နေသော တိမ်တိုက်များနှင့် မြူခိုးများအကြားတွင် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေရာ အမတ နတ်ဘုရားများ၏ စံအိမ်တော်ကဲ့သို့ ဖြစ်နေခဲ့သည်။

​ရေတွက်မရသော ကြိုးကြာဖြူများနှင့် ရောင်စုံ ငှက်ငယ်များသည် မြူခိုးဝိုင်းရံနေသော တောင်တန်းများအကြားတွင် လှပစွာ ပျံသန်းကခုန်နေကြပြီး သူတို့၏ သာယာသော အော်သံများသည် ရေတံခွန်သံ.. တောင်လေတိုးသံများနှင့် ရောနှောကာ ငြိမ့်ညောင်းသော ဂီတသံလိုပင် သာယာလွန်းလှသည်။

​အလင်းတန်းပေါင်းများစွာ တောက်ပနေပြီး မင်္ဂလာရှိသော အရှိန်အဝါများ ဖုံးလွှမ်းနေလျက် မြူခိုးများ ဝိုင်းရံထားသည့် နေရာတွင် အမတ ငှက်များမှာ ညီညွတ်စွာ သီဆိုနေကြသလိုပင်။

​ဘယ်လောက်တောင် ခန့်ညားထည်ဝါပြီး အပြောင်းအလဲများတဲ့ အမတမြင်ကွင်းကြီးလဲ...

​ဒီ မင်္ဂလာရှိတဲ့ နေရာနဲ့ နှိုင်းယှဉ်လိုက်ရင် သူတို့ရဲ့ အရင် ကျီချိုက်ကျေးရွာဟာ အိမ်သာကျင်းထက်ပင် ပိုမို ဆိုးရွားနေသေးတယ်... လီကွေ့သိုင်သည် အမှန်တကယ် အိမ်သာကျင်းကို ကြုံတွေ့ခဲ့ရသော်လည်းပေါ့...

​လူငယ်များသည် လုံးဝပင် စွဲလန်းသွားကြတော့သည်။

"အိမ်ပါသမက်" ဆိုသည့် အဆင့်အတန်းပေါ်တွင် ရှိနေခဲ့သော မကျေနပ်ချက်များ အားလုံးသည် သူတို့ မျက်စိရှေ့ရှိ မယုံနိုင်စရာ အမတ အရှိန်အဝါကြောင့် ရိုက်ခွဲခြင်း ခံလိုက်ရတော့သည်။

​ဒီလို နေရာမျိုးမှာ နေထိုင်ခွင့်ရမယ်ဆိုရင် အိမ်ပါသမက်ဖြစ်ရရင်တောင်မှ ထိုက်တန်သည်မဟုတ်ပါလော။

​လီကွေ့သိုင်သည်လည်း ထို့အတူပင် စိတ်လှုပ်ရှားနေခဲ့သော်လည်း သူသည် "အဘွားလျူ မြို့တက်သလို" ဆန်းသစ်မှုကို ပိုမို ခံစားလိုက်ရပြီး "ဒါဟာ နောက်ဆို ငါ့ရဲ့ တိုက်ပွဲဝင်ရာ (နဲ့ ကောင်မလေးနဲ့ စကားပြောရာ) စစ်မြေပြင် ဖြစ်လာတော့မှာပါလား" ဆိုသည့် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။

​"ကျူးကဲ မိသားစု... တကယ့်ကို အစွမ်းထက်ပြီး ကြွယ်ဝတဲ့ မိသားစုကြီးပဲ..."

သူသည် စုတ်တသပ်သပ် ပြောလိုက်ရင်း မည်သည့် တောင်ထိပ်သည် ဖုန်းရွှေ အကောင်းဆုံးဖြစ်ပြီး သူ၏ ရှေးဟောင်း ကျောက်ကပ်ခန္ဓာ ကျင့်ကြံရန် အသင့်တော်ဆုံး ဖြစ်မည်ကို စိတ်ထဲမှ တွက်ချက်နေခဲ့လေပြီ။

​ပျံသန်းရေး သင်္ဘောကြီးသည် ဖြည်းဖြည်းချင်း စိုက်ဆင်းသွားခဲ့ပြီး အခန့်ညားဆုံးနှင့် နန်းတော်များ အထပ်ထပ် တည်ရှိနေသော ဝဲပျံနေသည့် အမတ တောင်ထိပ်တစ်ခုဆီသို့ ဦးတည်နေလေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment