no

Font
Theme

အခန်း (၉) အခြေခံ ကျင့်ကြံရေး လက်စွဲ

‘ဧကရာဇ် ယဲ့... ရက်စက်လှတဲ့ ဧကရာဇ်ကြီး ယဲ့ အစ်ကိုကြီးလား... ခေတ်အဆက်ဆက်ကို လွှမ်းမိုးခဲ့တဲ့သူ ယဲ့ဖန်လား…’

‘မဖြစ်နိုင်တာ...ယဲ့ဖန်ရဲ့ ဇာတ်ညွှန်းက ဒီလိုမှ မဟုတ်တာ... သူတို့ ဘယ်လိုလုပ်ပြီး ဒီလို ယဲ့ဖန်ကို ခေါ်ဆောင်လာခဲ့ရတာလဲ…’

‘သူက သရုပ်ဆောင် အဓိကဇာတ်ဆောင် ဆိုရင် ငါက ဘာလဲ... အရန်ဇာတ်ကောင် သာသာလား... နင်းပြားလေးတစ်ယောက် ပေါ့…’

‘စနစ်... စနစ်... မြန်မြန် ထွက်ခဲ့ပါဦး... တောရိုင်း ဇာတ်ဆောင်ကြီးကို တွေ့ရှိထားတယ်... ညွှန်ကြားချက် ပေးပါဦး…’

​【ဒင်... လက်ခံသူ၏ စိတ်ခံစားမှု ပြင်းထန်စွာ လှုပ်ရှားနေသည်ကို တွေ့ရှိရသည်... ပစ်မှတ် 'ယဲ့ဖန်' အား စစ်ဆေးနေသည်...】

​【စစ်ဆေးချက် ရလဒ်- (ဒီ)ယဲ့ဖန် သည် (ဟို)ယဲ့ဖန် မဟုတ်ပါ.. နာမည်တူရုံမျှသာ ဖြစ်သည်။ သူ၏ ကံဇာတာမှာ လက်ခံသူထက် (လက်ရှိတွင်) အနည်းငယ် ပိုမို အားကောင်းသော်လည်း 'ဇာတ်ဆောင် စံချိန်' သို့ မရောက်ရှိသေးပါ..ကျေးဇူးပြု၍ တည်ငြိမ်စွာ နေထိုင်ပါ.. မိမိကိုယ်ကို ခြောက်လှန့်မနေပါနှင့်။】

​【မှတ်ချက်- သူသည် စစ်မှန်သော ဇာတ်ဆောင် ဖြစ်နေသည့်တိုင် စနစ်နှင့် ရှေးဟောင်း ကျောက်ကပ်ခန္ဓာ ရှိနေသရွေ့ လက်ခံသူသည် စိန်ခေါ်ယှဉ်ပြိုင်နိုင်စွမ်း... မရှိဘဲ မနေပါ...】

​လီကွေ့သိုင် "..."

‘​စိန်ခေါ်ရမယ် ဟုတ်လား... ဧကရာဇ် ယဲ့ နဲ့ စိန်ခေါ်ရမယ်... စနစ်.. မင်းမှာ "စိန်ခေါ်မှု" ဆိုတဲ့ စကားလုံးအပေါ် နားလည်မှု လွဲမှားနေတာလား... အဲဒါကို ကျောက်တုံးနဲ့ ကြက်ဥ ရိုက်ခွဲတာလို့ ခေါ်တယ်ကွ…’

​သို့သော်လည်း ဒီ ယဲ့ဖန် မှာ တခြားဇာတ်လမ်းမှ ယဲ့ဖန် မဟုတ်ကြောင်း စနစ်က ပြောကြားလိုက်သည်ကို ကြားလိုက်ရသောအခါမှ သူသည် စိတ်အေးသွားခဲ့ရသည်။

သို့သော် သူသည် ထို "ယဲ့ဖန်" ကို ကြည့်သည့် အကြည့်တွင် သတိထားသည့် အရိပ်အယောင်နှင့်... သနားသည့် အရိပ်အယောင်တစ်ခု... ပါဝင်နေခဲ့သည်။

ဘာပဲဖြစ်ဖြစ် ထိုနာမည်ကို ပိုင်ဆိုင်ထားရခြင်းသည် တော်တော်လေး စိတ်ဖိစီးမှု များလှပေမည် မဟုတ်ပါလော...

​လီကွေ့သိုင်၏ ရင်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်နေစဉ်မှာပင် သူ၏ အလှည့်သို့ ရောက်ရှိလာလေသည်။

​သူသည် စိတ်ကို မြန်မြန် ထိန်းချုပ်လိုက်ပြီး ကျူးကဲမင် ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

​ကျူးကဲမင်သည် သူ့ကို မော့ကြည့်လိုက်ရာ သူ့ကို မှတ်မိပုံရ၏ (အဓိကကတော့ ပျံသန်းရေး သင်္ဘောပေါ်က "လှပသော အမျိုးသမီး" စကားများ).. ထို့နောက် သာမန် လေသံဖြင့် မေးလိုက်၏... "နာမည်"

​"လီကွေ့သိုင်"

​"အသက်"

​"နှစ်ဆယ့်ငါး..." လီကွေ့သိုင်သည် သူ၏ အသက်ကို မျက်တောင်တစ်ခတ်မျှ မခတ်ဘဲ ပြောကြားလိုက်၏...

​"မွေးရပ်မြေ"

​"ဂန်လုမြို့နယ်လက်အောက်ခံ ကျီချိုက် ကျေးရွာ"

​"ဝိညာဉ်အမြစ် အဆင့်"

​"အဆင့် (၉).. အဆင့်နိမ့်.. မီးဝိညာဉ်အမြစ်" လီကွေ့သိုင်သည် ရိုးသားစွာ ဖြေကြားခဲ့သည်.. ဒါကို လိမ်ညာ၍ မရပေ။

​ဒါကို ကြားလိုက်ရသောအခါ ကျူးကဲမင်သည် အထူးတလည် တုံ့ပြန်ခြင်း မရှိဘဲ.. စာရေးထွင်းထားခြင်း မရှိသေးသော ကျောက်စိမ်းပြား ပေါ်တွင် ကျွမ်းကျင်စွာ မှတ်တမ်းတင်လိုက်သည်။

အဆင့် (၉) မှာ ဒီနေရာတွင် တကယ်ပင် အများဆုံး ဖြစ်ပေသည်။

​မှတ်တမ်းတင်ပြီးနောက် ကျူးကဲမင်သည် အထူးပစ္စည်းဖြင့် ပြုလုပ်ထားပြီး ကိုင်တွယ်ရသည်မှာ နွေးထွေးသော အဖြူရောင် တိုကင်တစ်ခုကို ထုတ်ယူကာ လီကွေ့သိုင်ထံ ပေးအပ်လိုက်သည်။

"ဒီပေါ်ကို သွေးတစ်စက် ချလိုက်ပါ"

​လီကွေ့သိုင်သည် ညွှန်ကြားသည့်အတိုင်း ပြုလုပ်ခဲ့ပြီး သူ၏ လက်ညှိုးထိပ်ကို ကိုက်ကာ သွေးတစ်စက်ကို တိုကင်ပေါ်သို့ ညှစ်ချလိုက်သည်။

​သွေးသည် တိုကင်ထဲသို့ ချက်ချင်း စုပ်ယူသွားခဲ့ပြီး ထို့နောက် တိုကင်၏ မျက်နှာပြင်ပေါ်တွင် အလင်းတန်းတစ်ခု ပေါ်ပေါက်လာကာ ရှင်းလင်းသော စာလုံးသုံးလုံး ပေါ်ထွက်လာ‌လေသည်။

လီကွေ့သိုင်…

​တစ်ချိန်တည်းမှာပင် သူသည် မိမိကိုယ်တိုင်နှင့် တိုကင်အကြားတွင် ဆန်းကြယ်သော ဆက်နွယ်မှုတစ်ခုကို ခံစားလိုက်ရသည်။

​"ဒီတိုကင်ဟာ မင်းရဲ့ အထောက်အထား ဖြစ်သလို.. ချင်းလင်ဂိတ် ရဲ့ အချို့သော ဧရိယာတွေကို ဝင်ရောက်ဖို့နဲ့ အထောက်အပံ့တွေ ရယူဖို့အတွက်လည်း အထောက်အထား ဖြစ်တယ်…မပျောက်ပျက်စေနဲ့.. အသစ် ပြန်လည် လဲလှယ်ရင် အကျိုးပြု ရမှတ်တွေ လိုအပ်လိမ့်မယ်" ဟု ကျူးကဲမင်က ထပ်ပြောလိုက်သည်။

​လီကွေ့သိုင်သည် တိုကင်ကို အဖိုးတန် ရတနာတစ်ခုကဲ့သို့ သူ၏ အိတ်ထဲသို့ သတိထားပြီး ထည့်လိုက်သည်။ ဒါဟာ ကျူးကဲ မိသားစုတွင် သူ၏ နေရာကို အခိုင်အမာ ရယူရန် လှမ်းလိုက်သော ပထမဆုံး ခြေလှမ်းပင်မဟုတ်ပါလော။

​ကျူးကဲမင်က ဆက်လက်ပြောကြားခဲ့သည်... "ဒါ့အပြင်.. မင်းတို့ တစ်ယောက်စီရဲ့ ဂူထဲမှာ အစပိုင်းအနေနဲ့ အဆင့်နိမ့် ဝိညာဉ်ဆန် ၁၀ ပိဿာ စီ သိမ်းဆည်းထားပြီး ဖြစ်တယ်"

“အဲ့ဒီ..ဝိညာဉ်ဆန်စေ့များတွင် ဝိညာဉ်စွမ်းအင်များ ပါဝင်နေပြီး မင်းတို့ရဲ့ နေ့စဉ် အစားအသောက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တယ်”

​သူသည် ခဏရပ်လိုက်ပြီး လူတိုင်းကို ကြည့်လိုက်ကာ... "တကယ်လို့ မင်းတို့ အစားသောက် စားသောက်ရင်း အချိန်မဖြုန်းချင်ရင်တော့ အဓိကအဆောင်သို့ သွားရောက်ပြီး အစာငတ်ခံ နည်းစနစ် ရဲ့ သက်ဆိုင်ရာ ကျောက်စိမ်းပြားတွေကို ရှာဖွေ လေ့လာနိုင်ပါတယ်.. သို့မဟုတ် အခြေခံအကျဆုံး အစာဖြတ်ဆေးပြားကို ကိုယ်တိုင် ဖော်စပ်ကြည့်လို့ ရပါတယ်.. ဆုံးဖြတ်ချက်ကတော့ မင်းတို့အပေါ်မှာပဲ မူတည်ပါတယ်"

​ဝိညာဉ်ဆန်... အစာဖြတ် ဆေးပြား... လီကွေ့သိုင်သည် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။

စွမ်းအင် အမြောက်အမြား ကုန်ခမ်းနိုင်သော ရှေးဟောင်း ကျောက်ကပ်ခန္ဓာ ပိုင်ရှင်တစ်ဦးအတွက် အစားအသောက် စားသောက်ခြင်းမှာ လိုအပ်ပုံရပေသည်။

ထို့အပြင် ဝိညာဉ်ဆန်ဆိုသည်မှာ... ကျီချိုက် ကျေးရွာမှ ဆန်ကြမ်းများထက် အများကြီး ပိုမို အဆင့်မြင့်ပုံရသည်မဟုတ်ပါလော...

​စာရင်းသွင်းခြင်း ပြီးစီးသွားခဲ့ပြီး.. တိုကင်များ လက်ထဲရောက်ရှိကာ အစပိုင်း စီစဉ်ပေးမှုများကို နားလည်သွားခဲ့ကြပြီ ဖြစ်၏။ လီကွေ့သိုင်သည် သူ၏ "၂၅၀" တိုကင်ကို ကိုင်ဆောင်ထားရင်း ဂူပေါက်များ ပြည့်နှက်နေသော မြင့်မားလှသော ကမ်းပါးကြီးကို မော့ကြည့်လိုက်သည်။

သူသည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏ ကျောက်ပ်များ ပြန်လည် ပူလောင်လာသည်ကို ခံစားလိုက်ရသည်။

"ဂူကတော့ နည်းနည်း မကောင်းပေမဲ့ ငါ့မှာ ကျောက်ကပ် ရှိတယ်... ငါ့ရဲ့ ဝိညာဉ်အမြစ်က နည်းနည်း အားနည်းပေမဲ့ ငါ့မှာ စနစ် ရှိတယ်..."

​ကျူးကဲမင်သည် စာရင်းသွင်းခြင်း ပြီးစီးသွားသောအခါ အသစ်စက်စက် ပုံစံရှိသော်လည်း "အခြေခံ သင်ရိုးညွှန်းတမ်းများ" ၏ အရှိန်အဝါကို ထုတ်လွှတ်နေသော စာအုပ် မြောက်မြားစွာကို ထုတ်ယူလိုက်ပြီး လူတိုင်းထံ ခွဲဝေပေးလိုက်သည်။

​"ဒါကတော့ 'အမတ ကျင့်ကြံရေး အခြေခံ လက်စွဲ' ဖြစ်ပါတယ်" ဟု ကျူးကဲမင်က စိတ်ရှည်သော ဆရာတစ်ဦး၏ လေသံဖြင့် ရှင်းပြလိုက်သည်။

"ဒါ့ထဲမှာ ဆေးဝါးဖော်စပ်ခြင်း.. လက်နက် ပြုလုပ်ခြင်း.. အစီအရင်ပြုလုပ်ခြင်း.. အဆောင်စာရွက်များနှင့် ဝိညာဉ်အပင်များ စတဲ့ အမတ ကျင့်ကြံရေး အနုပညာ အားလုံးအတွက် အခြေခံအကျဆုံး သီအိုရီ အသိပညာတွေနဲ့ မိတ်ဆက် နည်းစနစ်တွေ ပါဝင်ပါတယ်"

​မင်းတို့ရဲ့ အဓိက တာဝန်ကတော့... မိသားစု သွေးမျိုးဆက် ဆက်ခံဖို့ ဖြစ်ပေမဲ့.. အခြား နည်းပညာတွေကို ပိုမို လေ့လာထားခြင်းက မင်းတို့ရဲ့ အနာဂတ် ကျင့်ကြံရေးအတွက် အကျိုးရှိစေမှာ ဖြစ်သလို... နောင်တစ်ချိန် မင်းတို့ရဲ့ မျိုးဆက်တွေကို လေ့ကျင့်ပေးရာမှာလည်း အထောက်အကူ ဖြစ်စေမှာပါ.. အားလပ်ချိန်တွေမှာ ဒါတွေကို ဖတ်ရှုနိုင်ပါတယ်"

​လီကွေ့သိုင်သည် ထူထဲသော "အမတ ကျင့်ကြံရေး အခြေခံ လက်စွဲ" ကို ယူလိုက်ပြီး သာမန်အတိုင်း လှန်လှောကြည့်လိုက်သည်။

ရင်းနှီးနေသော "ဝိညာဉ်စွမ်းအင် စုပ်ယူရေး ဆေးနည်း".. "အခြေခံ ဝိညာဉ်စုဆောင်းရေး အစီအရင်ပုံ".. "အဆင့်နိမ့် လက်နက် ပြုလုပ်ခြင်း အကြမ်းဖျင်း" စသည်တို့ကို ကြည့်ရင်း သူ၏ ရင်ထဲတွင် ဖော်ပြ၍ မရနိုင်သော ဝမ်းနည်းကြေကွဲမှုတစ်ခု တိုးဝင်လာခဲ့သည်။

​ဒီအရာတွေကတော့... သို့ပေမဲ့.. ဒါတွေကို ပြောရရင် သူ မျက်ရည်ပဲ ကျမိလိမ့်မည်။

​သူ ကူးပြောင်းရောက်ရှိလာခဲ့သော နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်အတွင်း.. အထူးသဖြင့် သူ၏ ဝိညာဉ်အမြစ်မှာ အသုံးမကျဘဲ ကျင့်ကြံရေးတွင် မျှော်လင့်ချက် မရှိကြောင်း အတည်ပြုပြီးနောက်တွင် သူသည် "မိရိုးဖလာ မဟုတ်သော နည်းလမ်းများ" ပေါ်တွင် မကြာခဏ မျှော်လင့်ချက် ထားရှိခဲ့သည်။

သူသည် ဝတ္ထုများထဲမှ ဇာတ်ဆောင်များကဲ့သို့ ထူးချွန်လှသော ဆေးဝါးဖော်စပ်မှု သို့မဟုတ် လက်နက်ပြုလုပ်မှု စွမ်းရည်များ နိုးထလာကာ ကံကြမ္မာကို ပြောင်းလဲနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

​ရလဒ်အနေနဲ့ကတော့…

သူသည် အခြေခံအကျဆုံး “မြန်ဆန်သော ခြေလှမ်း ဆေးပြား” ကို ဖော်စပ်ရန် ကြိုးစားခဲ့သည့် သူ၏ ပထမဆုံး ဆေးဝါးဖော်စပ်မှု အတွေ့အကြုံကို ပြန်လည် သတိရလိုက်သည်။

သို့သော် ပြဿနာတစ်ခု ဖြစ်ပွားခဲ့ပြီး ဆေးမီးဖိုမှာ ပေါက်ကွဲသွားခဲ့သည်။

ထွက်ပေါ်လာသော အနက်ရောင် ဆေးပြား အနည်းငယ်သည် လူများကို လေကဲ့သို့ လျှောက်လှမ်းနိုင်အောင် မပြုလုပ်ပေးနိုင်ဘဲ... ကျယ်လောင်သော လေလည်သံကို ထုတ်လွှတ်ပေးခဲ့ပြီး မီတာ ၁၀ ကျော်အထိ "တွန်းထုတ်" ပေးနိုင်သည့် ပြင်းထန်သော နောက်ပြန်တွန်းအားကို ဖြစ်ပေါ်စေခဲ့သည်။

ထို့ကြောင့် "လွင့်မျောခြေလှမ်း" ဟု အမည်ပေးခဲ့ကြသည်။

​သူ၏ အဖေ ဖြစ်သူ လီကျန်းထို သည် ကံမကောင်းစွာဖြင့် ပထမဆုံး စမ်းသပ်ခံ ပစ္စည်း ဖြစ်လာခဲ့သည်။

ထိုနေ့ မွန်းလွဲပိုင်းတွင် ရွာသူရွာသား အားလုံးသည် သူတို့ ချစ်မြတ်နိုးရသော ရွာသူကြီးမှာ ကျယ်လောင်စွာ လေလည်ရင်း.. ဆန်းကြယ်သော ပုံစံဖြင့် နာရီဝက်ခန့် ရွာအတွင်း "လွင့်ပျံ" နေသည်ကို မြင်တွေ့ခဲ့ကြရသည်...

​"အားဖြည့် ဆေးပြား..." ဒါကတော့ ရာဂစွမ်းအားတိုးဆေး နည်းစနစ်ကို တိုးတက်အောင် ပြုလုပ်ရန် သူ၏ ကြိုးပမ်းမှု ဖြစ်သည်။

သူ၏ မူလ ရည်ရွယ်ချက်မှာ ရွာအတွင်းရှိ ပန်းသေရောဂါ ခံစားနေရသော အဘိုးကြီး အချို့ကို သန်မာလာစေရန် ကူညီပေးဖို့ပင်။

သို့သော် ဆေး၏ အာနိသင်မှာ ပြင်းထန်လွန်းလှပေသည်။

ဆေးသောက်ပြီးနောက် အဘိုးကြီးတစ်ဦးသည် တကယ်ပင် သန်မာလာခဲ့သော်လည်း ဘေးထွက်ဆိုးကျိုးအနေဖြင့် သူ၏ ကြွက်သားများ အားလုံး တောင့်တင်းသွားခဲ့ပြီး ဖော်ပြ၍ မရနိုင်သော မတ်တပ်ရပ် ပုံစံတစ်ခုကို ထိန်းသိမ်းထားခဲ့ရ‌လေသည်။

သူသည် ဆေးအာနိသင် ပျောက်ကွယ်သွားသည့်အထိ တစ်နေ့နှင့် တစ်ညလုံး ရွာအပြင်တောထဲတွင် ခြေတစ်ဖက်တည်းဖြင့် မတ်တပ်ရပ်နေခဲ့ရသည်... ထိုအချိန်မှစ၍ အဆိုပါ အဘိုးကြီးသည် "လှံမလဲ အဘိုးကြီး" ဆိုသည့် နာမည်ပြောင်ကို ရရှိသွားခဲ့တော့သည်။

​ထို "လက်ရာမွန်များ" သည် တစ်ချိန်က ကျီချိုက် ကျေးရွာတွင် လီကွေ့သိုင်၏ "ကျော်ကြားသော ဂုဏ်သတင်း" ရဲ့ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ဖူးပေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment