no

Font
Theme

အခန်း (၁၁)

အသားကင်ကို တစ်ဝက်လောက် စားပြီးသည့်အချိန်တွင် စောင့်ကြည့်ရေးဖန်သားပြင်ဘက်မှ ရုတ်တရက် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။နန်းမိုက ဓားနှင့် ခက်ရင်းကို ချက်ချင်း လွှတ်ချလိုက်ပြီး ခေါင်းလှည့်ကြည့်လိုက်ရာ ရန်တုန်ချင်းကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများမှာ သွေးနီရောင်သန်းနေပြီး မြွေဆိုးဂိုဏ်း၏ ဌာနချုပ်ဖြစ်သော ကျဉ်းမြောင်းသည့် စင်္ကြံလမ်းအတွင်းသို့ အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်လာသည်ကို တွေ့လိုက်ရ၏။

စင်္ကြံ၏ တစ်ဖက်တွင်တော့ သားရဲတစ်ကောင်နှင့် တူနေသော ရန်တုန်ချင်းရှိနေပြီး အခြားတစ်ဖက်မှာတော့ စတီးဓားများကို ကိုင်ဆောင်ထားကာ သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်နေသည့် အနက်ရောင်ဝတ် လူအုပ်ကြီးက ဒီရေလှိုင်းတစ်ခုကဲ့သို့ တိုးဝင်လာနေသည်။အနက်ရောင်ဝတ်ထားသူများထဲမှ ပထမဆုံးလူက ရန်တုန်ချင်း၏ ဦးခေါင်းကို ဓားကြီးဖြင့် လွှဲခုတ်လိုက်သည့်အခါ နန်းမိုက ထိတ်လန့်တကြား အသက်ရှူမှားသွားပြီး မကြည့်ရဲတော့ဘဲ အလိုလို မျက်လုံးများကို လက်ဖြင့် အုပ်ထားလိုက်သည်။သို့သော် စောင့်ကြည့်ရေးဖန်သားပြင်မှ ကြားရသည်မှာ သတ္တုချင်း ထိခတ်သံတစ်ခုသာ ဖြစ်သည်။ချလန်…နန်းမိုက သိချင်စိတ်ဖြင့် မျက်လုံးပြန်ဖွင့်လိုက်ရာ အံ့အားသင့်သွားရသည်။ တောက်ပနေသော စတီးဓားသည် ရန်တုန်ချင်း၏ ဦးခေါင်းပေါ်တွင် သံတုံး ကို ခုတ်မိလိုက်သကဲ့သို့ ရပ်တန့်နေသည်။ ဆံပင်အနည်းငယ်သာ ပြတ်သွားပြီး ရန်တုန်ချင်း၏ ကိုယ်ပေါ်တွင် ဒဏ်ရာတစ်စုံတစ်ရာပင် မရှိပေ။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

စုမူ၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး နှုတ်ခမ်းပေါ်မှ အပြုံးမှာလည်း မသိမသာ ပိုမိုကျယ်ပြန့်လာသည်။“ဒါ….ငါ လိုချင်နေတဲ့ စွမ်းအားပဲ”ဒီစွမ်းအားကို သာ ရရှိလိုက်ပါက အဆက်မပြတ် တိုးပွား လာနေသော သူ၏ စိတ်စွမ်းအားအတွက် စိုးရိမ်နေစရာ မလိုတော့ပေ။စောင့်ကြည့်ရေးဖန်သားပြင်ပေါ်တွင် ရန်တုန်ချင်း၏ မျက်နှာမှာ ရေခဲတမျှ အေးစက်နေပြီး ညာလက်ကို အောက်သို့ ပြင်းထန်စွာ လွှဲချလိုက်သည်။ချလွမ်း..စတီးဓားမှာ နှစ်ပိုင်းတိတိ ကျိုးသွားတော့သည်။သို့သော် ထိုကြောက်မက်ဖွယ် မြင်ကွင်းက မြွေဆိုးဂိုဏ်းအဖွဲ့သားများကို လုံးဝ မခြောက်လှန့်နိုင်ခဲ့ပေ။ အကြောင်းမှာ စုမူက သူတို့အား ကြိုတင်၍ စိတ်ညှို့ပညာဖြင့် စိတ်ကို ထိန်းချုပ်ထားပြီးဖြစ်သောကြောင့် ဖြစ်သည်။ ယခုအခါ ထိုသူများသည် ကြောက်ရွံ့မှုမရှိသည့် စက်ရုပ်များသဖွယ် ဖြစ်နေကြပြီ ဖြစ်သည်။

နောက်တစ်ခဏတွင် စတီးဓားအမြောက်အမြားက ရန်တုန်ချင်း၏ ကိုယ်ခန္ဓာပေါ်သို့ တစ်ပြိုင်နက် ကျရောက်လာကြပြီး သတ္တုချင်း ထိခတ်သံများက ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။တစ်ချိန်တည်းမှာပင် အနက်ရောင်ဝတ် ကိုယ်ခန္ဓာကြီးမားသော အမျိုးသားများ၏ နားကြပ်များထဲမှ စုမူ၏ အသံ ထွက်ပေါ်လာသည်။“ထောင့်အမျိုးမျိုးကနေ စမ်းခုတ်ကြည့်။ သူ့မှာ အားနည်းချက်ရှိမရှိ ကြည့်ကြ။”အမိန့်ရသည်နှင့် အနက်ရောင်ဝတ် အမျိုးသားများက ရန်တုန်ချင်း၏ ကိုယ်ခန္ဓာအစိတ်အပိုင်း အမျိုးမျိုးကို ထောင့်အမျိုးမျိုးမှ ဝင်ရောက် ပိုင်းခုတ်ကြတော့သည်။ ထိုသို့ လုပ်ဆောင်ခြင်းက သူတို့၏ တိုက်စစ်ကို ပရမ်းပတာဖြစ်စေပြီး ရန်တုန်းချင်းအတွက် လစ်ဟာချက်များ ဖြစ်ပေါ်စေသော်လည်း သူတို့၏ မျက်နှာတွင်မူ ကြောက်ရွံ့ခြင်း အလျဉ်းမရှိကြပေ။ဒုန်း၊ ဒုန်း၊ ဒုန်း...

ရန်တုန်ချင်းသည် သံချပ်ကာ တင့်ကားတစ်စီးအလား စင်္ကြံတစ်လျှောက် အရှိန်အဟုန်ဖြင့် တိုးဝင်သွားပြီး သူဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် လူများ လွင့်ထွက်သွားကာ သွေးချောင်းစီးကျကျန်ရစ်ခဲ့လေသည်။

သူ၏ ခွန်အားမှာ အလွန်ကြီးမားလှပြီး သံမဏိကဲ့သို့ မာကျောသော လက်သီးများနှင့်ဆိုလျှင် လက်ဗလာဖြင့် ဦးခေါင်းခွံကိုပင် ချေဖျက်နိုင်သူဟု ခေါ်ဆိုထိုက်ပေသည်။တိုက်ပွဲမှာ တစ်ဖက်သတ် အနိုင်ယူချေမှုန်းခြင်းအဖြစ် ပြောင်းလဲသွားခဲ့သော်လည်း ရန်တုန်ချင်းမှာ ဝမ်းမြောက်မှု လုံးဝမရှိဘဲ ရင်ထဲတွင် နက်ရှိုင်းသော အေးစက်မှု ကိုသာ ခံစားလိုက်ရသည်။ ရင်ဘတ်တစ်ခုလုံးနီးပါး ကြေမွသွားခဲ့သော အနက်ရောင်ဝတ်လူတစ်ယောက်က ပြန်ထလာပြီး ဓားရှည်ကို ကိုင်မြှောက်ကာ ရှေ့သို့ တစ်ဖန် ပြေးဝင်လာသည်။ သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်မရှိဘဲ အရူးအမူးယုံကြည်မှုသာ ပြည့်နှက်နေပြီး အော်ဟစ်လိုက်သည်။“ခေါင်းဆောင်ကြီးအတွက်….”ရန်တုန်ချင်း၏ မျက်လုံးသူငယ်အိမ် မှာ ကျဉ်းမြောင်းသွားသည်။ သေစေနိုင်သည့် ဒဏ်ရာမျိုး ရရှိထားပါလျက် လူတစ်ယောက်က ဘယ်လိုလုပ် ပြန်ထလာနိုင်သည်ကို သူ နားမလည်နိုင်တော့ပေ။သူ ယခင်က ဂိုဏ်းသားများနှင့် တိုက်ခိုက်ဖူးသည်။ ထိုလူများမှာ အားနည်းသူကို အနိုင်ကျင့်ပြီး အင်အားကြီးသူကို ကြောက်ရွံ့သော လူများသာ ဖြစ်ကြသည်။ သူ့ဘက်က အကြွင်းမဲ့အင်အားကို ပြသလိုက်သည်နှင့် သူတို့မှာ ထိတ်လန့်ကာ ဒူးထောက်ပြီး အသက်ချမ်းသာပေးရန် တောင်းပန်ကြလိမ့်မည်။သို့သော် ယခု မြွေဆိုးဂိုဏ်း၏ အဖွဲ့သားအားလုံး၏ မျက်နှာပေါ်တွင် ရူးသွပ်မှုများသာ ရှိနေသည်။ကြောက်ရွံ့ခြင်းမရှိသော မြွေဆိုးဂိုဏ်းအဖွဲ့သားများကို ကြည့်ရင်း ရန်တုန်ချင်း၏ မျက်နှာမှာ ပိုမိုအေးစက်လာသည်။ သူသည် ဆက်လက် တိုက်ခိုက်လိုက်ရာ ခဏတာအတွင်း၌ပင် စင်္ကြံလမ်းတစ်ခုလုံးကို ရှင်းလင်းလိုက်နိုင် သည်။သူသည် သွေးများဖြင့် ရွှဲနစ်နေသော အနက်ရောင်ဝတ်တစ်ဦး၏ လည်ပင်းကို ဆွဲကိုင်လိုက်ပြီး ခက်ထန်စွာ မေးမြန်းလိုက်သည်။

“ဂျက်စ်မင်း ဘယ်မှာလဲ။”အနက်ရောင်ဝတ်လူက အေးစက်စွာ ရယ်လိုက်ပြီး သွေးများ ပြည့်နှက်နေသော ပါးစပ်ကို ဖွင့်ကာ ပြန်ပြောလိုက်သည်။“ခေါင်းဆောင်ကြီး သက်တော်ရာကျော်ရှည်ပါစေ…”သူသည် ကျန်ရှိနေသည့် ဘယ်ဘက်လက်တစ်ဖက်တည်းကို အသုံးပြုကာ ရန်တုန်ချင်းထံသို့ အားကုန်ထိုးလိုက်သည်။ရန်တုန်ချင်း၏ မျက်လုံးများ အေးစက်သွားပြီး အရင်လက်ဦးမှုယူကာ တစ်ဖက်လူ၏ ဘယ်ဘက်လက်ကို ဖမ်းဆုပ်ကာ အားကုန် လိမ်ချိုးပစ်လိုက်သည်။ဂျောက်…အနက်ရောင်ဝတ်လူ၏ ဘယ်ဘက်လက်မှာ မုန့်ဖတ်လိပ်ကဲ့သို့ ကွေးလိမ်သွားပြီး အရိုးဖြူအချွန်တစ်ခုကပင် အရေပြားကို ဖောက်ထွက်လာသည်။“အား….”အနက်ရောင်ဝတ်လူက အော်ဟစ်လိုက်သည်။“ငါ နောက်ဆုံးအကြိမ် မေးမယ်၊ ဂျက်စ်မင်း ဘယ်မှာလဲ။”သူ့ထံမှ ပြန်ရလာသော အဖြေကတော့...“ခေါင်းဆောင်ကြီး သက်တော်ရာကျော်ရှည်ပါစေ…”အနက်ရောင်ဝတ်လူသည် နောက်ဆုံးကျန်ရှိသော အင်အားဖြင့် ရန်တုန်ချင်းထံသို့ ခုန်အုပ်လိုက်သည်။ ထိုအချိန်တွင် သူအသုံးပြုနိုင်သည့် လက်နက်မှာ သူ၏ သွေးနှင့် တံတွေးများ ပေကျံနေသည့် သွားများသာ ဖြစ်ပြီး အတင်း ကိုက်ခဲလိုက်တော့သည်။ဒုန်း…သံမဏိကဲ့သို့ မာကျောသော လက်သီးနှင့် ရင်ဆိုင်လိုက်ရသောအခါ အနက်ရောင်ဝတ်လူ၏ ဦးခေါင်းမှာ ပေါက်ကွဲသွားပြီးနောက် ပုံပျက်ကြေမွနေသော ကိုယ်ခန္ဓာမှာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။အနက်ရောင်ဝတ်လူ၏ ကိုယ်ခန္ဓာက မြင်ကွင်းကို မကွယ်ထားတော့သဖြင့် စောင့်ကြည့်ရေးဖန်သားပြင်ပေါ်တွင် အမူအရာကင်းမဲ့နေသော ရန်တုန်ချင်း၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။သို့သော်လည်း မသိမသာ တုန်ယင်နေသည့် သူ၏ လက်သီးများက သူ့ရင်ထဲမှ ရိုက်ခတ်မှုကို ဖော်ပြနေ၏။

စောင့်ကြည့်ခန်းထဲတွင် နန်းမိုက အန်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ အပြင်းအထန် အန်နေသည်။ သူမ၏ မျက်နှာမှာ ဖြူဖျော့နေပြီး ကိုယ်ခန္ဓာတစ်ခုလုံးမှာလည်း မထိန်းချုပ်နိုင်အောင် တုန်ယင်နေသည်။ ထိုမြင်ကွင်းများက သူမအပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့သည်မှာ သိသာလှသည်။စုမူက အနည်းငယ် ခေါင်းခါလိုက်သည်။“ငါ့ M9 အသားကင်လေးတော့ နှမြောစရာပဲ။”သူက ဖန်ခွက်ကို မြှောက်ကာ ဝိုင်နီကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။“ဘာကြောင့်လဲ။”အမှိုက်ပုံးကို ကိုင်ထားသော နန်းမိုက ရုတ်တရက် အသံတိုးတိုး ဖြင့် မေးလိုက်သည်။စုမူက ပြန်မဖြေခဲ့ပေ။“ဘာကြောင့် ဒီလိုလုပ်တာလဲ။ မေးခွန်းနည်းနည်းမေးဖို့အတွက်ပဲ ရန်တုန်ချင်းကို ဒီလိုကစားပြီး လူတွေအများကြီး သေစေခဲ့တာလား။ ဘာကြောင့်လဲ။”နန်းမိုက ရုတ်တရက် ခေါင်းမော့ကာ စုမူကို ကြည့်လိုက်သည်။ “ရှင့်လူတွေ အများကြီး ဆုံးရှုံးသွားတာတောင် အသားကင်တစ်ပွဲအတွက် အချိန်ဖြုန်းနေတုန်းပဲလား”“လူ့အသက်ဆိုတာကို ရှင် တကယ် ဘာများထင်နေတာလဲ။”တိတ်ဆိတ်မှု။သေခြင်းတရားကဲ့သို့ တိတ်ဆိတ်မှုက လွှမ်းမိုးသွားခဲ့၏။“ဟား.....”“ဟားဟား... ဟားဟားဟား...”

စုမူ၏ မထိန်းချုပ်နိုင်တော့သော ရယ်သံက ထိုတိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

“ဘာကို ရယ်နေတာလဲ။”နန်းမိုက သူမရှေ့တွင်ရှိသော အမျိုးသားကို မယုံနိုင်သလို ကြည့်လိုက်သည်။ ယခုအချိန်တွင် ထိုအမျိုးသားမှာ ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်နေသည်။“စိတ်ဝင်စားစရာကောင်းလိုက်တာ၊ တကယ်ကို စိတ်ဝင်စားစရာကောင်းတယ်။ ကိုယ်တိုင်က ရွှံ့ထဲမှာ နစ်နေပြီးတော့ တခြားလူတွေပါ ရွှံ့တွေနဲ့ ပေကျံနေတာကို မမြင်ရက်နိုင်ဘူး။ မင်းလိုလူတွေကြောင့်ပဲ ဒီကမ္ဘာကြီးက ဒီလောက် အရောင်အသွေးစုံလင်ပြီး အသက်ဝင်နေတာပေါ့။”“လူ့အသက်ဆိုတာ ဘာများအရေးကြီးလို့လဲ။ မင်းထင်တာ လူ့အသက်ဆိုတာ ဘာလဲ။ လူ့အသက်ဆိုတာ လူ့အသက်ပဲ။ အဲဒါထက် ဘာမှ မပိုဘူး။”အညိုရောင်မျက်မှန်နောက်ကွယ်မှ မျက်လုံးတစ်စုံက အလင်းရောင်မှိန်ပျော့နေသော စောင့်ကြည့်ခန်းထဲတွင် နန်းမိုကို အလွန်စိတ်ဝင်စားစွာ စိုက်ကြည့်နေခဲ့သည်။ နန်းမို အကြီးအကျယ် တုန်လှုပ်သွားသည်။ သူမ ရှေ့တွင်ရှိနေသော အမျိုးသားကို မယုံနိုင်သလို ကြည့်နေပြီး ကြောက်ရွံ့မှုနှင့် မလုံခြုံမှုများက ဒီရေလှိုင်းများကဲ့သို့ တစ်လှိမ့်လှိမ့် သူမ၏ ရင်ထဲသို့ တိုးဝင်လာခဲ့သည်။“မင်း မြွေဆိုးဂိုဏ်းအကြောင်း ကြားဖူးမှာပဲ။ ဒီနေရာမှာ ဘယ်လိုလူတွေ စုဝေးနေကြတယ်ဆိုတာလည်း မင်း သိသင့်တယ်။ တိတိကျကျပြောရရင် သူတို့ကို လူလို့တောင် ခေါ်လို့မရဘူး။ လူ့အဖွဲ့အစည်းအတွက် အမှိုက်သရိုက်တွေ သက်သက်ပဲ။”ထိုအချိန်တွင် စုမူက ရုတ်တရက် ဝိုင်နီတစ်ခွက် ထပ်လောင်းထည့်လိုက်သည်။ သူက ဖန်ခွက်ကို ညင်သာစွာ လှည့်လိုက်ရာ အနီရင့်ရောင် အရည်များက ဖန်ခွက်အတွင်း လှည့်ပတ်နေပြီး ထိုအနီရောင်မှာပင် သူ၏ မျက်ဆံများထဲသို့ ရောင်ပြန်ဟပ်နေသည်။သူက အနည်းငယ်မျှ သောက်လိုက်ပြီး အရက်၏ မူးဝေထုံထိုင်းစေသော အာနိသင်ကို ခံစားလိုက်ကာ မျက်နှာပေါ်တွင် ကျေနပ်သည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။“ဒီလိုလူတွေ အသက်ရှင်နေတာ လေထုကို ဖြုန်းတီးနေတာပဲ။ ငါ့အတွက် အသေခံပေးရတာက သူတို့အတွက် ဂုဏ်ယူစရာပဲ။”“မင်းတို့ ဂုဏ်ယူကြလား…”

စုမူက ရုတ်တရက် သူ့နောက်တွင် ရပ်နေသော အနက်ရောင်ဝတ်လူတစ်ယောက်ကို မေးလိုက်သည်။အနက်ရောင်ဝတ်လူမှာ ချက်ချင်းပင် ဒူးတစ်ဖက်ထောက်ကာ အော်ဟစ်လိုက်သည်။“ဘုန်းတော်ကြီးမြတ်ပါစေ။ ခေါင်းဆောင်အတွက် အသေခံပေးရတာဟာ အမြင့်မားဆုံးသော ဂုဏ်ယူစရာပါ။”“ကျွန်တော်တို့လို လူ့အမှိုက်တွေ၊ လူ့အဖွဲ့အစည်းရဲ့ ကပ်ဘေးတွေကို ခေါင်းဆောင်က ဘဝအတွက် အဓိပ္ပာယ်တစ်ခု ပေးခဲ့တယ်။ ဘဝအသစ်တစ်ခုကိုလည်း ပေးခဲ့တယ်။ ခေါင်းဆောင်ရဲ့ အလိုတော်ကို အသက်နဲ့ရင်းပြီး ကျွန်တော်တို့ အကောင်အထည်ဖော်ပေးပါမယ်။”ထို ရူးသွပ်သော စကားများကြောင့် နန်းမို၏ ကြောက်ရွံ့မှုမှာ ပိုမိုပြင်းထန်လာသည်။စုမူထံမှ နက်ရှိုင်းသော မာန်မာနထောင်လွှားမှုတစ်ရပ်ကို သူမ ခံစားလိုက်ရသည်။ ထိုမာနမှာ လူ့အသက်ကို အလေးမထား၊ မည်သည့်အရာကိုမျှ အလေးမထားဘဲ ကမ္ဘာကြီးတစ်ခုလုံးကိုပင် အထက်စီးမှ ကြည့်ရှုနေသည့် မာန်မာနမျိုး ဖြစ်သည်။ သူ့အမြင်တွင် ဤကမ္ဘာပေါ်၌ အမှန်တကယ် အသက်ရှင်နေသောသူမှာ သူတစ်ယောက်တည်းသာ ဖြစ်ပြီး ကျန်လူအားလုံးမှာ သူ၏ အပျော်တမ်း ကစားစရာ ကိရိယာများ သို့မဟုတ် အရုပ်များသာ ဖြစ်သည်။ထိုအချိန်တွင် ရန်တုန်ချင်းသည် မြွေဆိုးဂိုဏ်း၏ ဌာနချုပ် ဒုတိယထပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ အဆောက်အအုံတွင် စုစုပေါင်း ငါးထပ်ရှိပြီး အထပ်တိုင်းတွင် ခြုံခိုတိုက်ခိုက်ရန် စီစဉ်ထားသော လူများနှင့် ထောင်ချောက်များ ပြည့်နှက်နေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment