no

Font
Theme

အခန်း (၁၂)

ဒုတိယထပ်သို့ ရောက်သည်နှင့် နံရံပေါ်တွင် ထွင်းထုထားသော ရွှေရောင်ရင့်ရင့် အူရိုဘိုရော့စ် ပုံကြီးက မျက်စိကို ချက်ချင်းဖမ်းစားလိုက်သည်။ ထိုဒီဇိုင်းမှာ အလွန်ပင် အသက်ဝင်လှသဖြင့် အမှန်တကယ် လှုပ်ရှားနေသကဲ့သို့ ထင်မှတ်ရ၏။ထောင့်တိုင်းတွင် အဖြူရောင်ဖယောင်းတိုင်များကို အစီအရီ ထွန်းညှိထားပြီး စံပယ်ပန်းရနံ့များ ပျံ့နှံ့နေသည်။သို့သော် ရန်တုန်ချင်းက ထိုအရာများကို လုံးဝဂရုမစိုက်ပေ။ သူ၏အာရုံစိုက်မှုအားလုံးက အနည်းငယ်အကွာတွင် ရှိနေသော သေနတ်တစ်လက်၏ ပြောင်းဝဆီသို့သာ ရောက်နေသည်။ယခုတစ်ကြိမ်တွင် ထွက်ပေါ်လာသော မြွေဆိုးဂိုဏ်းအဖွဲ့ဝင်များမှာ လူနှစ်ယောက်သာရှိသည်။ သို့သော် သူတို့နှစ်ယောက်စလုံးက သေနတ်နှစ်လက်စီ ကိုင်ဆောင်ထားပြီး လမ်းကိုပိတ်ကာ တံခါးစောင့်နှစ်ယောက်သဖွယ် ရပ်နေကြသည်။“ဂျက်စ်မင်း ဘယ်မှာလဲ”ရန်တုန်ချင်းရရှိလိုက်သော အဖြေကတော့ သေနတ်သံတစ်ချက်ပင်။“ဒိုင်း…”မည်းနက်နေသော သေနတ်ပြောင်းဝမှ အလင်းရောင်တစ်ချက် လက်ခနဲ ထွက်ပေါ်လာပြီး ကြေးဝါရောင်ကျည်ဆန်တစ်တောင့်က လေကိုခွင်းကာ ဝှီးခနဲ ပျံထွက်လာသည်။ရန်တုန်ချင်းက ရှောင်တိမ်းခြင်းမပြုခဲ့ပေ။ သူ၏အရှိန်က ကျည်ဆန်ထက် မမြန်နိုင်ပေ။“ချွင်…”ကျည်ဆန်က သူ့ခန္ဓာကိုယ်ကို ထိမှန်ပြီး ပြန်လည်လွင့်ထွက်သွားသည်။ အဝတ်အစားတွင် အပေါက်တစ်ပေါက် ဖြစ်ပေါ်သွားကာ အတွင်းမှ သတ္တုရောင်တောက်ပနေသော အသားအရေကို မြင်လိုက်ရသည်။ရန်တုန်ချင်းက သူတို့နှစ်ယောက်ကို စာနာမှုကင်းမဲ့စွာ စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဒီလို ကလေးကစားစရာနဲ့များ...”ဒုန်း... ဒုန်း... ဒုန်း...

အဆက်မပြတ် ပစ်ခတ်လိုက်သော သေနတ်သံများက သူ၏စကားကို ရုတ်တရက် ဖြတ်တောက်လိုက်သည်။“ချွင် ချွင် ချွင်......”ကျည်ဆန်မိုးသည် ထိုးဖောက်၍မရသော နံရံတစ်ခုကို ထိမှန်နေသကဲ့သို့ ဖြစ်နေပြီး ရန်တုန်ချင်း၏အဝတ်အစားများတွင် အပေါက်များသာ ကျန်ခဲ့သည်။ သူ့ခန္ဓာကိုယ်တွင်တော့ ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့ပေ။စောင့်ကြည့်ရေးခန်းထဲတွင် စုမူက သူ၏ပြိုင်ဘက် ပြသနေသော စွမ်းအားကို ကြည့်ရင်း ပို၍ပို၍ ကျေနပ်လာသည်။ တစ်ချိန်တည်းမှာပင် ရန်တုန်ချင်း၏ အားနည်းချက်ကိုလည်း သူ သတိပြုမိသွားသည်။ ထိုအရာမှာ သူ၏မျက်လုံးများပင်။ကျည်ဆန်များ ရောက်ရှိလာသည့်အခါ ရန်တုန်ချင်းက လက်ဖြင့် မျက်လုံးများကို အုပ်ထားရသည်။“ဒါဆို လက်ပစ်ဗုံး သုံးကြည့်ရအောင်။”စုမူက လက်ကိုင်ဆက်သွယ်ရေးစက်မှတစ်ဆင့် အေးအေးဆေးဆေး အမိန့်ပေးလိုက်သည်။အမိန့်ရသည်နှင့် သေနတ်ကိုင်ထားသော အနက်ရောင်ဝတ် လူနှစ်ယောက်က အိတ်ကပ်ထဲမှ လက်ပစ်ဗုံးများကို ထုတ်ယူလိုက်ကြသည်။ထိုအရာကို မြင်လိုက်ရသောအခါ ရန်တုန်ချင်းသည် သိသိသာသာပင် ငြိမ်သက်မနေနိုင်တော့ပေ။ သူ၏မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး အနက်ရောင်ဝတ် လူနှစ်ယောက်ဆီသို့ ရုတ်တရက် ပြေးဝင်သွားသည်။ သူ၏အရှိန်က အလွန်မြန်ဆန်လွန်းသဖြင့် ထိုလူနှစ်ယောက်မှာ လက်ပစ်ဗုံးများကို ပစ်ပေါက်ရန် အချိန်မရလိုက်ကြပေ။သို့သော် မပစ်နိုင်လျှင်လည်း မပစ်တော့ဘဲ နေလိုက်မည်သာ။“ခေါင်းဆောင်ကြီး အတွက်…”အနက်ရောင်ဝတ် လူနှစ်ယောက်သည် လက်ပစ်ဗုံးများကို မြှောက်ကိုင်ထားရင်း မိမိတို့၏အသက်ကိုပင် ဂရုမစိုက်ဘဲ ရန်တုန်ချင်းဆီသို့ ပြေးဝင်သွားကြသည်။“ဝုန်း…ဝုန်း…”ပြင်းထန်သော ပေါက်ကွဲသံကြီးနှစ်ချက် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ နံရံများပင် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်။

မီးခိုးတွေ ပြယ်သွားတဲ့အခါ မြေပြင်ပေါ်မှာ အလောင်းနှစ်လောင်းပဲ ကျန်ခဲ့ပြီး ရန်တုန်ချင်းကတော့ ဘာဒဏ်ရာမှမရဘဲ မတ်တပ်ရပ်နေဆဲဖြစ်သည်။ဆူးမူ၏ အကြည့်များ ပိုမို စူးရှလာခဲ့သည်။“သာလွန် အဆင့်က တကယ်ပဲ ဒီလောက်အထိ သန်မာတာလား။”ရန်တုန်ချင်းဟာ စွမ်းအားရှင် ဖြစ်လာတာ တစ်လမပြည့်သေးပေမယ့် ကျည်ဆန်တွေကို လျစ်လျူရှုနိုင်သလို လက်ပစ်ဗုံးပေါက်ကွဲမှုကိုတောင် ခံနိုင်ရည်ရှိနေပြီလား။ထိုအချိန်မှာပဲ ပြင်းထန်တဲ့ ချောင်းဆိုးသံတစ်ခုက စုမူရဲ့အတွေးကို ဖြတ်တောက်လိုက်သည်။ရုပ်သံထဲတွင် ရန်တုန်ချင်းက အဆက်မပြတ် ချောင်းဆိုးနေပြီး ပါးစပ်ထဲကနေ သွေးတွေ အန်ထွက်လာသည်။ သို့သော် သူသည် ခြေလှမ်းများကို ရပ်တန့်မသွားဘဲ နှုတ်ခမ်းထောင့်မှ သွေးများကို အသာအယာ သုတ်လိုက်ကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။“သူ့ရဲ့အားနည်းချက်က အတွင်းအင်္ဂါတွေများလား”စုမူက ချက်ချင်း သဘောပေါက်သွားသည်။“သူ့အတွင်းအင်္ဂါတွေက သံမဏိလို မမာကျောဘူးဆိုတဲ့သဘောပဲ…”တတိယထပ်မှာလည်း အရင်အတိုင်း အူရိုဘိုရော့စ် ပုံနဲ့ အဖြူရောင်ဖယောင်းတိုင်တွေ ရှိနေသည်။ကွာခြားချက်ကတော့ ဒီတစ်ကြိမ် ရန်သူတွေဟာ မီးသတ်ဝတ်စုံထူထူဝတ်ထားတဲ့ လူနှစ်ယောက်ဖြစ်ပြီး ကြီးမားတဲ့ မီးပစ်စက်တွေ ကိုင်ထားကြသည်။ရန်တုန်ချင်းကိုတွေ့တာနဲ့ သူတို့က စကားတစ်ခွန်းမှမပြောဘဲ တိုက်ခိုက်လိုက်ကြသည်။ဟုန်းခနဲ တောက်လောင်နေတဲ့ မီးတောက်တွေဟာ လှိုင်းလုံးကြီးတစ်ခုလို လမ်းတစ်လျှောက်လုံးကို ချက်ချင်းလွှမ်းမိုးသွားပြီး ရန်တုန်ချင်းရဲ့ပုံရိပ်ကို မီးပင်လယ်ထဲမှာ မြုပ်နှံလိုက်သည်။သို့သော် နောက်တစ်ခဏမှာတော့ မီးခိုးနဲ့ မီးညှော်တွေ ဖုံးလွှမ်းနေတဲ့ ပုံရိပ်တစ်ခုသည် မီးပင်လယ်ထဲကနေ ရုတ်တရက် ဖောက်ထွက်လာသည်။သူက ကျားတစ်ကောင်လို လျင်မြန်စွာ ပြေးဝင်ပြီး မီးသတ်ဝတ်စုံဝတ်ထားတဲ့ လူနှစ်ယောက်ဆီ တိုက်ရိုက်ချဉ်းကပ်သွားသည်။ထိုသူ နှစ်ယောက်က သူတို့ရဲ့အဆုံးသတ်ကို ကြိုတင်သိထားသလိုပင် မီးပစ်စက်တွေကို ပစ်ချလိုက်ပြီး ကြိုတင်ပြင်ဆင်ထားတဲ့ လက်ပစ်ဗုံးတွေကို ထုတ်ယူကာ ရန်တုန်ချင်းဆီ ပြေးဝင်သွားကြသည်။“ခေါင်းဆောင်ကြီးအတွက်….”ဘွန်း…..ပေါက်ကွဲသံကြီးနှင့်အတူ သူတို့နှစ်ယောက်လုံး အပိုင်းပိုင်းပြန့်ကျဲသွားသည်။ရန်တုန်ချင်းကိုယ်တိုင်လည်း အခြေအနေကောင်းမနေတော့ပေ။သူ့အတွင်းအင်္ဂါတွေ ထပ်မံထိခိုက်သွားပြီး သွေးတွေကို အန်ထုတ်လိုက်ရသည်။ ဆံပင်နဲ့ မျက်ခုံးများမှာ ကျွမ်းလောင်သွားခဲ့ပြီး အဝတ်အစားများမှာလည်း မီးကျွမ်းသွားပြီး ခန္ဓာကိုယ်မှာ ကပ်ငြိနေခဲ့သည်။သို့သော် သူ၏ လှုပ်ရှားမှု အရှိန်အဟုန်ကို ကြည့်ခြင်းအားဖြင့် ပြင်းထန်တဲ့ဒဏ်ရာ ရရှိထားပုံမပေါ်သေးပေ။စောင့်ကြည့်ခန်းအတွင်း၌ နန်းမိုဟာ အံ့ဩတုန်လှုပ်စွာနဲ့ အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။အခုမှပဲ သူမနဲ့ တစ်ညလုံးအတူရှိခဲ့တဲ့၊ သူမကို ပွေ့ချီခဲ့တဲ့ အမျိုးသားဟာ ဘယ်လိုလူမျိုးလဲဆိုတာ သူမ နားလည်လာတော့သည်။ဓား၊ လှံ၊ သေနတ်များ မထိုးဖောက်နိုင်ဘဲ ရေနဲ့မီးကိုပင် မကြောက်တဲ့လူ…သူဟာ စူပါမန်း နဲ့တောင် မခြားတော့ဘူး။“ဒါက… ဒဏ္ဍာရီထဲက ထူးခြားစွမ်းအားရှင် ဆိုတာလား”“ထူးခြားစွမ်းအားရှင်” ဆိုတဲ့စကားလုံးကိုတော့ သူမ စုမူဆီကနေ သိခဲ့ခြင်းဖြစ်သည်။ဒါဆို စုမူက ရန်တုန်ချင်းကို ဖမ်းဆီးဖို့ ဒီလောက်အထိ အားထုတ်ခဲ့တာ အံ့ဩစရာမရှိတော့ပေ။နန်းမိုက မျက်လုံးထောင့်ကနေ စုမူကို လှမ်းကြည့်လိုက်သည်။ သို့သော် သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှုဟူ၍ အရိပ်အယောင်ပင် မတွေ့ရပေ။ စိတ်ဝင်စားဖွယ်သားကောင်တစ်ကောင်ကို ရှာတွေ့လိုက်သော မုဆိုးတစ်ယောက်ကဲ့သို့ စိတ်ဝင်စားမှုများသာ ပြည့်နှက်နေသည်။အကြောင်းရင်းတစ်ခုခုကြောင့် နန်းမိုသည် သူမရှေ့ရှိလူက သာမန်လူထက်ကျော်လွန်သော စွမ်းအားပိုင်ရှင်ဖြစ်သည့် ရန်တုန်ချင်းထက်ပင် ပိုမိုကြောက်စရာကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။“နည်းနည်းလေးတောင် စိတ်မပူဘူးလား”နန်းမိုက ရုတ်တရက် မေးလိုက်သည်။“စိတ်ပူတယ်။ ဘာကို စိတ်ပူရမှာလဲ”“ဒီလိုမျိုး သာမန်လူထက်ကျော်လွန်တဲ့ စွမ်းအားပိုင်ရှင်တစ်ယောက်ကို ဒီလို ပစ်မှတ်ထားနေတာလေ ။ နောက်ကွယ်က ကြိုးကိုင်နေတဲ့သူက ရှင် ဆိုတာ သူသိသွားရင် ဘာလုပ်မယ်ထင်လဲ။ ရှင့် လူတွေက သူ့ကို တားနိုင်မှာမဟုတ်တာ သိသာနေတာပဲ။”စုမူက ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး ထိုးထွင်းမြင်နိုင်သော သူ့မျက်လုံးများဖြင့် နန်းမိုကို စိုက်ကြည့်လိုက်သည်။“နင် ငါ့ကို စမ်းသပ်နေတာလား”နန်းမို၏မျက်နှာမှာ တောင့်တင်းသွားသည်။“ကျွန်မက သိချင်လို့ မေးကြည့်တာပါ။”စုမူက နူးညံ့စွာ ပြုံးလိုက်သည်။“စိတ်ပူတာထက် မျှော်လင့်နေတယ်လို့ ပြောရင် ပိုမှန်မယ်။”“မျှော်လင့်နေတယ် ဟုတ်လား…”“ရန်တုန်ချင်းက တကယ်ပဲ ငါ့ဆီ ရောက်လာတယ်လို့ စဉ်းစားကြည့်လေ။ သူချစ်တဲ့မိန်းကလေးက ဘာဒဏ်ရာမှမရဘဲ ဒီမှာ အေးအေးဆေးဆေး ရှိနေပြီး M9 အသားကင်တောင် စားနေတယ်ဆိုတာ သူတွေ့လိုက်ရင် ဘယ်လိုတုံ့ပြန်မယ်ထင်လဲ”နန်းမို၏မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားသည်။ စုမူဆိုလိုသည့်အရာကို သူမ နားလည်သွားပြီဖြစ်သည်။ သူမသည် အမှန်တကယ်ပင် မြွေဆိုးဂိုဏ်းနှင့် ပူးပေါင်းထားကြောင်း ရန်တုန်ချင်းသိသွားခဲ့လျှင် သူ ဘာလုပ်မလဲ။ ထိုအကြောင်းကို သူမ မစဉ်းစားချင်သလို စဉ်းစားရန်လည်း မရဲပေ။“အရမ်းစိတ်ဝင်စားစရာကောင်းမှာပဲ။”နူးညံ့သောအသံတစ်သံက စောင့်ကြည့်ရေးခန်းထဲတွင် ပျံ့လွင့်လာသော်လည်း နန်းမို၏ကျောရိုးတစ်လျှောက် အေးစက်သွားစေခဲ့သည်။“စိတ်လျှော့ထား။ သူ ငါ့ကို ဒီလောက်လွယ်လွယ်နဲ့ ရှာတွေ့နိုင်မှာမဟုတ်ဘူး။ စတုတ္ထထပ်မှာတော့ အဆိပ်ဓာတ်ငွေ့ ရှိတယ်။ အရင်စမ်းသပ်မှုတွေအရ သူ့ခန္ဓာကိုယ်အပြင်ပိုင်းက ဓားနဲ့ ကျည်ဆန်တွေကိုပဲ ခံနိုင်ရည်ရှိပြီး အတွင်းအင်္ဂါတွေကတော့ အတော်လေး အားနည်းနေတယ်ဆိုတာ သေချာပြီ။ ဒါဆို အဆိပ်ဓာတ်ငွေ့ကိုတော့ သူ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ ဒီအဆိပ်ဓာတ်ငွေ့က မှောင်ခိုဈေးကွက်ကနေ ဈေးကြီးကြီးပေးပြီး ရလာတာ။ သာမန်လူထက်ကျော်လွန်တဲ့ စွမ်းအားရှင်တစ်ယောက်တောင် ခံနိုင်ရည်ရှိဖို့ ခက်မယ်လို့ ထင်တယ်။”“ဒါပေမဲ့ သူက အဲဒါကို ခံနိုင်ရည်ရှိပြီး နောက်ဆုံး ရှင့်ဆီ ရောက်လာနိုင်ရင်ရော”ထိုမေးခွန်းကို ကြားလိုက်ရသောအခါ စုမူက ပို၍ပင် ကျယ်လောင်စွာ ရယ်လိုက်သည်။“ဒါဆို ပိုပြီးတောင် စိတ်ဝင်စားစရာကောင်းသွားပြီ။ ငါထင်တာတော့... ငါ့ကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲခံရမလားပဲ၊ ဟားဟားဟား...”

သူသည် ထိုမြင်ကွင်းကို စိတ်ကူးယဉ်နေပုံရပြီး မျှော်လင့်နေပုံရ၏။

နန်းမိုသည် ယခုအချိန်တွင် သူမ၏ ခံစားချက်များကို မည်သို့ ဖော်ပြရမှန်း မသိတော့ပေ။ မသက်ဆိုင်သည့် အတွေးအချို့ပင် သူမ၏စိတ်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာသည်။သူမငယ်စဉ်ကာလကို ပြန်လည်အမှတ်ရလာသည်။ သူမ၏ဖခင် လောင်းကစားမစွဲခင်အချိန်က မိသားစုမှာ အလွန်ပျော်ရွှင်ခဲ့ကြသည်။ တစ်ခါက စာမေးပွဲတွင် အမှတ်ပြည့်ရခဲ့ဖူးပြီး ဖခင်ဖြစ်သူက ဆုအဖြစ် သီတင်းပတ်ကုန်တွင် အပန်းဖြေကစားကွင်းသို့ လိုက်ပို့မည်ဟု ပြောခဲ့သည်။ ထိုစကားကြောင့် သူမသည် တစ်ပတ်လုံး ပျော်ရွှင်နေခဲ့သည်။ထိုပျော်ရွှင်ဖွယ် မျှော်လင့်ချက်ကို ပြန်လည်တွေးမိရုံနှင့်ပင် ပြုံးပျော်စေရန် လုံလောက်ပေသည်။ ယခုအချိန်တွင် စုမူသည်လည်း ထိုအခြေအနေမျိုး၌ ရှိနေသည်ကို သူမ သတိပြုမိလိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment