no

Font
Theme

အခန်း (၁၇)

ထိုစကားကိုကြားလိုက်သည်နှင့် နန်းမို တစ်ကိုယ်လုံး ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသော်လည်း တည်ငြိမ်နေစေရန် အတင်းအကျပ် အားယူလိုက်ပြီး ပြောဆိုလိုက်သည်။“ဘာတွေ လျှောက်ပြောနေတာလဲ။ ဘယ်လိုလုပ်ပြီး မဖြစ်နိုင်ရမှာလဲ……”“ခေါင်းဆောင်ကြီးအတွက်...”စုမူ၏ လည်ချောင်းထဲမှ ရုတ်တရက် ရူးသွပ်သည့် တိုးတိုး ရေရွတ်သံတစ်သံ ထွက်ပေါ်လာသည်။ချက်ချင်းဆိုသလိုပင် သူသည် နန်းမို၏လက်ကို ဖမ်းဆွဲလိုက်ပြီး ဓားမြှောင်ကို သူ၏လည်ပင်းပေါ် ဖြတ်ဆွဲချလိုက်သည်။ရွှီး…..ဓားသွားက အသားထဲ ထိုးဖောက်ဝင်သွားသည့်အသံနှင့်အတူ သွေးများ ပန်းထွက်လာခဲ့သည်။

နန်းမို၏ကိုယ်ပေါ်သို့ ပူနွေးသောသွေးများ စင်ကျလာသည်။ သူမက မြေပြင်ပေါ် လဲကျနေသော စုမူ ကို ကြောင်အစွာ စိုက်ကြည့်နေမိသည်။ ထိုလူ၏မျက်နှာပေါ်တွင် ဖျောက်ဖျက်၍ မရနိုင်သော ရူးသွပ်မှုများ ထင်ဟပ်နေဆဲဖြစ်သည်။“ငါ……ငါ လူတစ်ယောက်ကို သတ်လိုက်တာလား။ ဘာကြောင့်……ဘာကြောင့်လဲ……”သူမက သွေးများစွန်းနေသော လက်နှစ်ဖက်ကို ကြည့်လိုက်သည်။ လက်ထဲမှ ဓားမြှောင်က မြေပြင်ပေါ်သို့ လွတ်ကျသွားသည်။ထိုအချိန်မှာပင်။ဖြောင်း…ဖြောင်း…ဖြောင်း….ရုတ်တရက် လက်ခုပ်တီးသံတစ်သံက ခန်းမကြီးအတွင်း ထွက်ပေါ်လာခဲ့သည်။“အံ့ဩစရာပဲ။ တကယ်ကို အံ့ဩစရာကောင်းတယ်။ ဒီလို အံ့ဩစရာကောင်းတဲ့ ပြဇာတ်ကို တင်ဆက်ပေးခဲ့ကြတဲ့အတွက် မင်းတို့နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်။”မြွေဆိုးဂိုဏ်းမှ အနက်ရောင်ဝတ် ၁၀ ဦးကျော်ထဲတွင် ပိန်ပါးပြီး အားနည်းပုံရသည့် အမျိုးသားတစ်ဦးက လက်ခုပ်တီးနေခြင်း ဖြစ်သည်။သူသည် လူအုပ်ထဲမှ ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့ပြီး မျက်နှာထက်မှ အဆိပ်ဓာတ်ငွေ့ ကာကွယ်ရေး မျက်နှာဖုံးကို ချွတ်လိုက်ရာ ဖျော့တော့ပြီး ခန့်ညားသော မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့၏။

“စုမူ… ဒါ……ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”နန်းမို၏အသံမှာ ပုံမှန်မဟုတ်တော့ဘဲ မယုံနိုင်စွာဖြင့် ရှေ့မှလူကို စိုက်ကြည့်နေမိသည်။“ရှင်က စုမူဆိုရင်... ဒါဆို သူက... ဘယ်သူလဲ”နန်းမိုက တုန်ယင်စွာဖြင့် သွေးအိုင်ထဲ လဲကျနေသော “စုမူ” ၏ ခန္ဓာကိုယ် ကို လှန်ကြည့်လိုက်သည်။ ထိုသူ၏ မျက်နှာကို သေချာစွာ မြင်တွေ့လိုက်ရချိန်၌ သူမသည် ချက်ချင်း တောင့်တင်းသွားခဲ့ပြီး ကြောက်ရွံ့ထိတ်လန့်မှုတစ်ခုက ခေါင်းမှစ၍ ခြေဖျားအထိ တစ်ကိုယ်လုံးအနှံ့ အေးစက်စွာ ဖြတ်သန်းသွားတော့သည်။အကြောင်းမှာ ထိုသူ၏ မျက်နှာမှာ စုမူ၏မျက်နှာ မဟုတ်ဘဲ စုမူနှင့် အနည်းငယ်ဆင်တူသော ထူးဆန်းသည့်လူတစ်ယောက်၏မျက်နှာ ဖြစ်နေသောကြောင့်ပင်။ ထိုလူသည် မိတ်ကပ်လိမ်းထားပုံရပြီး အသားအရေမှာ ပို၍ဖြူဖျော့နေသည်။“ဒါ……ဒါ မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး” ရန်တုန်ချင်းက ဘေးမှနေ၍ အော်ဟစ်လိုက်သည်။ သူ့တစ်ကိုယ်လုံး အားအင်ကုန်ခန်းနေပြီဖြစ်သော်လည်း သူ့မျက်စိက မကန်းသေးပေ။ အခုလေးတင် သူ့မျက်စိရှေ့တွင် စုမူကိုပင် ဓားစာခံအဖြစ် ဖမ်းထားခဲ့သည်မှာ ရှင်းရှင်းလင်းလင်းပင်။ သို့ဆိုလျှင် ယခုအခါ အဘယ်ကြောင့် အခြားလူတစ်ယောက် သို့ ပြောင်းလဲသွားရသနည်း။

ထိုလူက စုမူနှင့် အနည်းငယ်ဆင်တူသည်ဆိုပေမယ့် လူမှားနိုင်လောက်အောင် ဆင်တူနေခြင်း မဟုတ်ပေ။ ခဏ……ရန်တုန်ချင်းက ရုတ်တရက် အစောပိုင်းကတည်းက တစ်ခုခုမှားနေကြောင်း သတိပြုမိသွားသည်။သူ၏မှတ်ဉာဏ်ထဲတွင် စုမူသည် အမြဲတမ်း နေမကောင်းသလိုဖြစ်နေခဲ့သည်။ စာသင်ခန်းထဲတွင်ပင် ရုတ်တရက် နှာခေါင်းသွေးလျှံလာတတ်ပြီး တုတ်ကောက် သို့မဟုတ် ဘီးတပ်ကုလားထိုင်ကို အသုံးပြုရသူ ဖြစ်သည်။လေတစ်ချက်တိုက်ရုံဖြင့်ပင် လွင့်သွားမည့်သူတစ်ယောက်လို ဖြစ်နေခဲ့သည်။ဒီလိုခန္ဓာကိုယ်မျိုးနဲ့ လူတစ်ယောက်က သူ၏နောက်ဆုံးအကြိမ် အားကုန်တုံ့ပြန်တိုက်ခိုက်မှုကို မည်သို့မျှ ရှောင်ရှားနိုင်မည် မဟုတ်ပေ။အစောပိုင်းက ပြုလုပ်ခဲ့သည့် ထိုပေါ့ပါးလျင်မြန်သော နောက်ပြန်ခုန်ရှောင်မှုသည် နေမကောင်းဖြစ်နေသည့်လူတစ်ယောက် လုပ်နိုင်သည့်အရာ လုံးဝမဟုတ်ပေ။“မင်းလည်း ထူးခြားစွမ်းအားရှင်တစ်ယောက်ပဲ…”ရန်တုန်ချင်းက မယုံနိုင်စွာ ခေါင်းမော့ကြည့်လိုက်ပြီး ရုတ်တရက် ပေါ်ထွက်လာသည့် စုမူကို စူးစိုက်ကြည့်လိုက်၏။စုမူက ဘာမှမပြောဘဲ ပြုံးရုံပြုံးပြီး လှည့်ကာ အမိန့်ပေးလိုက်သည်။“ဒီ ထိတ်လန့်နေတဲ့ လူနှစ်ယောက်ကို ခေါ်သွားပြီး အနားယူခိုင်းလိုက်”“ဟုတ်ကဲ့ပါ.. ခေါင်းဆောင်ကြီး”အစောင့်နှစ်ဦးက ချက်ချင်း ရှေ့ထွက်လာပြီး ခွေးသေတစ်ကောင်လို မြေပြင်ပေါ် လဲကျနေသော ရန်တုန်ချင်းနှင့် ဝိညာဉ်ကင်းမဲ့သည့် အရုပ်တစ်ရုပ်လို ဖြစ်နေသော နန်းမိုတို့ကို ဆွဲခေါ်ထုတ်သွားကြတော့သည်။ဇာတ်ကားတွေထဲက ဗီလိန်တစ်ယောက်လို ရှည်ရှည်ဝေးဝေး စကားတွေပြောပြီး တစ်ဖက်လူကို အခြေအနေပြောင်းလဲရန် အခွင့်အရေးပေးနေစရာ သူ့မှာ စိတ်ကူး မရှိပေ။အစားထိုး အယောင်ဆောင်သူကို အသုံးပြုခဲ့ခြင်းမှာ အဓိကအားဖြင့် ရန်တုန်ချင်းထံတွင် လက်ကျန်လှည့်ကွက်များ ရှိမရှိ စမ်းသပ်လိုခြင်းကြောင့် ဖြစ်သည်။ စစ်ဆေးမေးမြန်းနေစဉ်အတွင်း တစ်ဖက်လူက ရုတ်တရက် တိုက်ခိုက် သတ်ဖြတ်လာမည့် အခြေအနေကို သူ မလိုလားခဲ့ပေ။သို့သော် မမျှော်လင့်ထားသည်မှာ ရန်တုန်ချင်း အစား နန်းမိုက ပေါ်လာခဲ့ခြင်းပင်။

“ခေါင်းဆောင်ကြီး... ကျွန်တော့်ကို သေမတတ်လန့်သွားစေတာပဲ။ ကျွန်တော်က ခေါင်းဆောင်ကြီး ထိခိုက် သွားပြီလို့တောင် ထင်လိုက်တာ……”ကျောက်ချောင်ယောင်က မြေပြင်ပေါ်ရှိ အစားထိုး အယောင်ဆောင်သူ ၏အလောင်းကို ကြည့်ရင်း ထိတ်လန့်နေဆဲဖြစ်ပြီး စုမူဘေးသို့ အလျင်အမြန် လျှောက်လာသည်။“ပညာရှိဆိုတာ အန္တရာယ်ရှိတဲ့ နံရံအောက်မှာ မရပ်ဘူးဆိုတဲ့ သဘောတရားကို ငါနားလည်ပါတယ်။”စုမူ၏အသံက ရုတ်တရက် ကျောက်ချောင်ယောင်၏နောက်မှ ထွက်ပေါ်လာသည်။ကျောက်ချောင်ယောင် ချက်ချင်း ထိတ်လန့်သွားခဲ့၏။ခေါင်းဆောင်ကြီးက သူ့ရှေ့မှာ ရှိနေတာကို ဘာလို့ အသံက သူ့နောက်ကွယ်က ထွက်ပေါ်လာရတာလဲ။သူက ချက်ချင်း လှည့်ကြည့်လိုက်သည်။အနက်ရောင်ဝတ်ထားသော လူအုပ်ထဲမှ ကိုယ်ထည်ကြီးမားသော လူတစ်ယောက်က ဓာတ်ငွေ့မျက်နှာဖုံးကို ချွတ်လိုက်သည်။ ထိုနောက် ဖြူဖျော့ပြီး ချောမောသောမျက်နှာတစ်ခု ပေါ်လာသည်။ဒါ စုမူ ပဲ။

ထိုအခိုက်တွင် ကျောက်ချောင်ယောင် တစ်ကိုယ်လုံး အေးစက်သွားတော့သည်။“ဒါ……ဒါ ဘာတွေဖြစ်နေတာလဲ……”သူက ရှေ့ရှိ စုမူကို အမြန်ပြန်ကြည့်လိုက်သည်။ ထိုလူ၏မျက်နှာက တဖြည်းဖြည်း ပို၍ သူစိမ်းဆန် လာပြီး လုံးဝ အခြားသူတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

သူ့နောက်ကွယ်ရှိ စုမူသည် အေးဆေးစွာ အနက်ရောင်ဝတ်စုံ၏ အပေါ်အင်္ကျီကြယ်သီးများကို ဖြုတ်နေသည်။ ထို့နောက် အတွင်းမှ ဖောင်းကြွနေသော ကျည်ကာအင်္ကျီကို တစ်စစီ ချွတ်လိုက်သည်။

ဒါကပဲ သူ့ခန္ဓာကိုယ် ဘာကြောင့် ကြွက်သားထူထူဖြစ်နေရသလဲဆိုတဲ့ အကြောင်းရင်း ဖြစ်သည်။ကျောက်ချောင်ယောင်က မျက်စိရှေ့တွင် သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ အံ့အားသင့်ပြီး ကြောင်အနေသည်။စုမူက အေးဆေးစွာ ပြောလိုက်သည်။“ဘာကို ဒီလောက် အံ့ဩနေတာလဲ။ ပညာရှိဆိုတာ အန္တရာယ်ရှိတဲ့ နံရံအောက်မှာ မရပ်ဘူးလို့ ငါပြောခဲ့တယ်မဟုတ်လား။”ကျောက်ချောင်ယောင်က ထိတ်လန့်နေဆဲ ဖြစ်ပြီး အလိုလို ပြန်လည် ဖြေကြားလိုက်မိသည်။“ဒါပေမယ့် ခင်ဗျားလုပ်တာက လှည့်စားတာ၊ ချောင်းမြောင်းတိုက်ခိုက်တာ၊ အဆိပ်ခတ်တာ၊ လူတစ်ယောက်ရဲ့ခံစားချက်ကို အသုံးချတာတွေပဲလေ။ ဒါက လူကြီးလူကောင်းတစ်ယောက် လုပ်ရမယ့်အရာနဲ့ မတူဘူးထင်တယ်……”“ဟမ်းးးးး”စုမူက ကျောက်ချောင်ယောင်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ထိုအကြည့်ကြောင့် ကျောက်ချောင်ယောင်က ချက်ချင်းပင် စကားလမ်းကြောင်းပြောင်းလိုက်သည်။“ခေါင်းဆောင်ကြီး၊ ခင်ဗျား အစားထိုး အယောင်ဆောင်သူတွေကို တကယ်ကောင်းကောင်း ရှာထားတာပဲ။ သူတို့က ခင်ဗျားနဲ့ အတော်လေး ဆင်တယ်။ တကယ်ကို ရှားပါးတဲ့ တွေ့ရှိမှုပဲ”သူက ခဏရပ်ပြီး စုမူကို သတိထားကာ လှမ်းကြည့်လိုက်သည်။“ဒါနဲ့ ခေါင်းဆောင်ကြီး၊ အခု ဒါကလည်း ခင်ဗျားရဲ့ နောက်ထပ် အစားထိုး အယောင်ဆောင်သူ တစ်ယောက်ပဲလား။”စုမူက သူ့ကို လျစ်လျူရှုထားပြီး အိတ်ကပ်ထဲမှ အညိုရောင်မျက်မှန်ကို ထုတ်ကာ ပြန်တပ်လိုက်သည်။ ထူးခြားစွာ နက်ရှိုင်းသော သူ၏မျက်လုံးများက တဖြည်းဖြည်း မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။“အစစ်နဲ့တူမတူဆိုတာ အရေးမကြီးဘူး။ အရေးကြီးတာက စိတ်ညှို့ပညာပဲ။”“မြွေဆိုးဂိုဏ်းရဲ့ ဌာနချုပ်မှာ အထပ်တိုင်းမှာ စိတ်ငြိမ်သက်စေတဲ့ ဖယောင်းတိုင်တွေ ထွန်းထားတယ်။ တိုက်ပွဲတွေတစ်လျှောက်လုံး သူ အဲဒီဖယောင်းတိုင်တွေရဲ့ အကျိုးသက်ရောက်မှုကို ခံနေရတယ်။”“အဲဒါအပြင် အူရိုဘိုရော့စ် သင်္ကေတတွေကို နေရာအနှံ့ အကြိမ်ကြိမ်တွေ့မြင်စေခဲ့တယ်။ နန်းမိုက အစောပိုင်းမှာ ငါ့အကြောင်းတွေကို ပြောပြထားတာနဲ့ ပေါင်းလိုက်တော့ သူ့စိတ်ထဲမှာ ကြိုတင်ဖန်တီးထားတဲ့ ယူဆချက်တစ်ခု ဖြစ်ပေါ်နေပြီ။ ဒီအရာအားလုံးက စိတ်ညှို့ပညာအတွက် အခြေခံအုတ်မြစ်ချနေခဲ့တာပဲ။”“တူညီတဲ့မျက်နှာရှိတဲ့ အစားထိုး အယောင်ဆောင်ကို အထူးတလည် ရှာဖွေခဲ့ရတဲ့ အဓိက အကြောင်းအရင်းကတော့ ငါ စွမ်းအားရှင်တစ်ယောက်ကို စိတ်မညှို့ဖူးသေးလို့ပဲ၊ဒါကြောင့် ဘေးကင်းအောင် ကြိုတင်ပြင်ဆင်ထားတာ။”“အံ့ဩစရာပဲ။ ခေါင်းဆောင်ကြီး က တကယ်ကို ထက်မြက်တာပဲ”ကျောက်ချောင်ယောင်၏ မျက်နှာပေါ်တွင် ပို၍ပင် ရူးသွပ်စွာ အားကျသည့်အရိပ်အယောင် ပေါ်လာသည်။ သို့သော် ခဏအကြာတွင် သံသယတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာပြန်သည်။“ဒါနဲ့ ခေါင်းဆောင်ကြီး၊ အဆိပ်ခတ်တဲ့ကိစ္စကရော။ ခုနက အယောင်ဆောင် အစားထိုးသူက အဆိပ်အကြောင်း ပြောတုန်းက ကျွန်တော် တော်တော်လန့်သွားတယ်။ ဒါပေမယ့် အခု သေချာပြန်စဉ်းစားကြည့်တော့ တစ်ခုခု မှားယွင်းနေသလိုပဲ”

“နန်းမိုရဲ့နှုတ်ခမ်းမှာ အဆိပ်ရှိတယ်ဆိုပေမယ့် သူမက အဲဒီအချိန်မှာ နှုတ်ခမ်းကို လျှာနဲ့ လျက်မိသွားရင် ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ် ရန်တုန်ချင်းနဲ့ မနမ်းဖြစ်ခဲ့ရင်ရော။ ဒါဆို……”“ငါ့အစီအစဉ်က ဘယ်တော့မှ မအောင်မြင်ဘဲ မနေဘူး။”စုမူက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။“ဘာကြောင့်လဲဆိုတော့…… အဆိပ်ဆိုတာ လုံးဝ မရှိလို့ပဲ”“ဘာ…”ကျောက်ချောင်ယောင် အံ့အားသင့်သွားပြီး သူ့ခေါင်းထဲက ပူလာသကဲ့သို့ ဖြစ်သွားသည်။“ရေစက်ကျသံနဲ့ လူသတ်တဲ့ စမ်းသပ်မှုအကြောင်း ကြားဖူးလား။ တစ်ခါတုန်းက လူတစ်ယောက်က ဒီလိုစမ်းသပ်မှုတစ်ခု ပြုလုပ်ဖူးတယ်။ ကြိုးတုပ်ထားတဲ့ သေဒဏ်ကျအကျဉ်းသားတစ်ယောက်ကို မျက်စိပိတ်ထားပြီး သူ့သွေးတွေကို အကုန်ထုတ်ပစ်မယ်လို့ ပြောထားတယ်။ ပြီးတော့ သူ့လက်ကောက်ဝတ်မှာ အနည်းငယ် စူးရှတဲ့ ခံစားချက်လေး ပေးလိုက်ပြီးရေပိုက်ခေါင်းကနေ ရေစက်တွေ တစ်စက်ချင်း ဆက်တိုက်ကျနေအောင် ထားခဲ့တယ်။ ရေစက်ကျသံကိုလည်း အဆက်မပြတ် ကြားနေရအောင် လုပ်ထားတာပေါ့။”“အချိန်အတော်ကြာပြီးတဲ့နောက် အဲဒီသေဒဏ်ကျအကျဉ်းသား တကယ်သေသွားတယ်။”“ဒါပေမယ့် အမှန်တရားကတော့ သူ့သွေး တစ်စက်တောင် မထွက်ခဲ့ဘူး။ အစကနေအဆုံးအထိ ကျနေတာက ရေပဲ။”“ဒါဟာ စိတ်ပိုင်းဆိုင်ရာ အကြံပြုလှုံ့ဆော်မှုရဲ့ အကျိုးသက်ရောက်မှုပဲ။”ထိုအချိန်တွင် စုမူ၏မျက်နှာပေါ်၌ သာယာယစ်မူးသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့၏။သူသည် လူတို့၏စိတ်ကို မိမိအလိုအတိုင်း ထိန်းချုပ်နိုင်သည့် ဤစွမ်းအားကို အလွန်နှစ်သက်သဘောကျနေပုံရသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment