no

Font
Theme

အခန်း (၁၈)

“စိတ်ပိုင်းဆိုင်ရာ အကြံပြုလှုံ့ဆော်မှုရဲ့ အကျိုးသက်ရောက်မှုက အရမ်းပြင်းထန်တယ်။ ကိုယ်တကယ်သေပြီလို့ ယုံကြည်သွားရင် တကယ်သေသွားနိုင်တဲ့အထိပဲ။ အလားတူပဲ ရန်တုန်ချင်းက သူ့ကိုယ်သူ အဆိပ်ခတ်ခံထားရတယ်လို့ ယုံကြည်သွားတဲ့အခါ စိတ်ညှို့မှုရဲ့ လွှမ်းမိုးမှုအောက်မှာ အဆိပ်သင့်တဲ့ လက္ခဏာတွေကို ပြသလာမှာပဲ။”ကျောက်ချောင်ယောင်၏ ပါးစပ်မှာ အဟောင်းသား ဖြစ်သွားခဲ့၏။ သူအနေ နဲ့ နားမလည်နိုင်သော်လည်း အလွန်အမင်း တုန်လှုပ်အံ့ဩနေသည်။စုမူက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။“ဒီလောက်နားလည်ရခက်နေတာလား။”“ဒါပေမယ့်……ခေါင်းဆောင်ကြီး၊ ရန်တုန်ချင်း အဆိပ်သင့်တာက သူကိုယ်တိုင် အဆိပ်သင့်နေတယ်လို့ ယုံကြည်ထားလို့ဆိုရင် အစပိုင်းက သူမူးဝေပြီး အားအင်ချိနဲ့လာတာကရော။ အဲဒါက စိတ်ပိုင်းဆိုင်ရာ အကြံပြုလှုံ့ဆော်မှုတစ်ခုတည်း ကြောင့်မှ မဟုတ်တာ”စုမူ ပြောစရာ စကားမဲ့သွားသည်။“မင်းသာ စိုးရိမ်တကြီးနဲ့ ဒီကို အပြေးအလွှားလာပြီး လမ်းတစ်လျှောက် သွေးထွက်သံယိုတိုက်ပွဲတွေ ဖြတ်သန်းရတယ်။ လက်ပစ်ဗုံးတွေ အကြိမ်ကြိမ် ခံရတယ်။ မီးလောင်ခံရတယ်။ မီးလောင်နေတုန်းမှာ စိတ်ငြိမ်စေတဲ့ ဖယောင်းတိုင်တွေက အကုန်လုံး အရည်ပျော်သွားပြီး စိတ်ငြိမ်စေတဲ့ အနံ့တွေ အများကြီး ထွက်လာတာကို ရှူမိတယ်။”“နောက်ဆုံးတော့ အဆိပ်ငွေ့အခန်းထဲမှာ တစ်မိနစ်လောက် အသက်အောင့်ထားရတယ်။ ပြီးတော့ တစ်မိနစ်လောက် နမ်းထားရတယ်။ အဲဒီလိုဆိုရင် မင်းမူးဝေမယ်လို့ မထင်ဘူးလား”ကျောက်ချောင်ယောင်က ခဏတာ တိတ်ဆိတ်သွားပြီး စဉ်းစားနေသည်။ အလေးအနက်ထား စဉ်းစားပြီးနောက် နောက်ဆုံးတွင် အဖြေတစ်ခု ထွက်လာသည်။“ကျွန်တော် သေသွားမယ်ထင်တယ်…”“အရူးကောင်…”ဒုန်း...စုမူက မြွေအရေခွံတုတ်ကောက်ဖြင့် ကျောက်ချောင်ယောင်၏ ပြောင်နေသောခေါင်းကို ပြင်းထန်စွာ ခေါက်လိုက်၏။“မင်းကို ရှင်းပြနေမိတာကိုက ငါ့အမှားပဲ။”ကျောက်ချောင်ယောင်က ခေါင်းကို ကိုင်ပြီး နာကျင်နေသော်လည်း မျက်နှာချိုချိုဖြင့် မြှောက်ပင့်ပြောနေဆဲပင်။“ခေါင်းဆောင်ကြီး၊ ကျွန်တော်က တုံးအလို့ပါ။ဒါပေမယ့် ခေါင်းဆောင်ရဲ့ နက်နဲတဲ့စကားတွေကို နားလည်ဖို့ တကယ် အစွမ်းကုန် ကြိုးစားပါတယ်။ ခေါင်းဆောင်ကြီး အဲဒီလိုအယောင်ဆောင်ခဲ့တဲ့ ပုံစံ……စီမံခန့်ခွဲခဲ့တဲ့ ပရိယာယ်တွေက တကယ့်ကို... နတ်ဘုရားတစ်ပါး မြေပြင်ပေါ် ဆင်းသက်လာသလိုပါပဲ။ ကျေးဇူးပြုပြီး နောက်တစ်ကြိမ်လောက် ထပ်ရှင်းပြပေးပါဦး။”သူက ဦးနှောက်ကို ညှစ်ထုတ်ကာ စကားလုံး အချို့ကို စဉ်းစားလိုက်ပြီး တစ်ဆက်တည်း ထုတ်ပြောလိုက်သည်။ကျောက်ချောင်ယောင်၏ မြှောက်ပင့်နေသည့် ပုံစံကို ကြည့်နေရင်း စုမူက ရုတ်တရက် ခေါင်းကိုက်လာပြန်သည်ဟု ခံစားလိုက်ရသည်။ အစောပိုင်းက ဝိုင်နီအနည်းငယ် သောက်ထားသောကြောင့် ခေါင်းကိုက်မှု သက်သာသွားသော်လည်း ယခုတော့ ပြန်ဖြစ်လာပြီဖြစ်သည်။အင်း……စိတ်ညှို့ပညာနဲ့ လူတွေကို ပိုပြီးဉာဏ်ကောင်းလာအောင် လုပ်နိုင်ရင် ကောင်းမှာပဲ။သို့သော် ထိုအရာက မဖြစ်နိုင်ကြောင်း သူသိသည်။ စိတ်ညှို့ခံလိုက်ရင်တောင် သူလို စာညံ့တဲ့ကျောင်းသားတစ်ယောက်က အရင်က မဖြေတတ်ခဲ့တဲ့ သင်္ချာပုစ္ဆာတွေကို ဖြေနိုင်လာမှာ မဟုတ်ပေ။“အထူး ပြုလုပ်ထားတဲ့ ပုံစံကို မင်း မနားလည်နိုင်ဘူးဆိုရင် သာမန်လူတွေနားလည်နိုင်တဲ့ပုံစံနဲ့ ပြောပြမယ်။ တကယ်တော့ ငါ အဆိပ်ခတ်ထားခဲ့တာပဲ။”အမ်……ကျောက်ချောင်ယောင် အနည်းငယ် စိတ်ရှုပ်သွားသည်။ ခဏလေးက အဆိပ်မရှိဘူး ဆိုပြီး အခုကျတော့ အဆိပ်ရှိတယ်လို့ ပြောနေပြန်သည်။“ခေါင်းဆောင်ကြီး၊ အဆိပ် က ရှိတာလား၊ မရှိတာလား”စုမူက ဆက်လက်ပြောဆိုလိုက်သည်။“နန်းမို က ရန်တုန်ချင်းအတွက် ချက်ပြုတ်ပေးတဲ့အစားအစာထဲမှာ တကယ်ပဲ အဆိပ်ပါတယ်။ ဒါပေမယ့် အဲဒီပါဝင်ပစ္စည်းထဲက အဆိပ်က ဓာတုတုံ့ပြန်မှု ဖြစ်ပေါ်မှသာ အာနိသင်ပြမှာ။”“နန်းမို သောက်နေတဲ့ ဝိုင်နီဖန်ခွက်မှာလည်း ငါ အဆိပ်ထည့်ထားတယ်။ အဲဒီအဆိပ် က သူ့ဘာသာဆို ဘာမှ မဖြစ်ပေမဲ့ အရင် အဆိပ်အတွက် ဓာတ်ကူပစ္စည်းအဖြစ် ဆောင်ရွက်ပေးနိုင်တယ်”

“ဒါကြောင့် သူတို့နှစ်ယောက် နမ်းလိုက်တဲ့အခါ ရန်တုန်ချင်းရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်နဲ့ ဂျက်စမင်းရဲ့နှုတ်ခမ်းပေါ်က အဆိပ်တို့ ဓာတုတုံ့ပြန်မှု ဖြစ်ပေါပြီး အမှန်တကယ် အဆိပ်မိသွားတာပဲ”

ကျောက်ချောင်ယောင် အံ့အားသင့်သွားသော်လည်း မကြာမီ အချက်တစ်ခုကို သတိပြုမိလိုက်သည်။“ဒါ မဟုတ်သေးဘူး ခေါင်းဆောင်ကြီး၊ နန်းမို လည်း အဲဒီအစားအစာကို စားခဲ့တာပဲ။ သူမ……အော်၊ ဟုတ်သားပဲ။ သူမ တစ်ခါ အန်ခဲ့သေးတယ်မဟုတ်လား။”“ဒါဆို စောင့်ကြည့်ရုပ်သံ ကို ကြည့်ပြီး သူမ အန်ခဲ့တာကလည်း ခေါင်းဆောင်ကြီးရဲ့ စိတ်ညှို့မှုကြောင့်ပဲလား။”ထိုအခိုက်တွင် သူ့ တစ်ကိုယ်လုံး အေးစက်သွားသည်။ထိုအချိန်တွင် စုမူက ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“တတိယဗားရှင်းတစ်ခုကို နားထောင်ချင်သေးလား။”“ဘာ… တတိယဗားရှင်းတောင် ရှိသေးတာလား။”

“ရှိတယ်။ တတိယဗားရှင်းက အထူးဗားရှင်းနဲ့ သာမန်ဗားရှင်း နှစ်ခုကို ပေါင်းစပ်ထားတာ။ ငါက အဆိပ်ရော စိတ်ပိုင်းဆိုင်ရာ အကြံပြုလှုံ့ဆော်မှုပါ အသုံးပြုခဲ့တယ်။ ရန်တုန်ချင်း အဆိပ်သင့်တာက နှစ်မျိုးစလုံးရဲ့ သက်ရောက်မှုကြောင့်ပဲ။ မဟုတ်ရင် ထူးခြားစွမ်းအားရှင်တစ်ယောက်က ဒီလောက်လွယ်လွယ်နဲ့ အဆိပ်သင့်ပါ့မလား။”ထိုစကားကို ကြားလိုက်ရသောအခါ ကျောက်ချောင်ယောင် လုံးဝကြောင်သွားသည်။ သူ့ခေါင်းမှာ ယားယံလာသလို ခံစားလိုက်ရပြီး ဦးနှောက်များပင် ပေါက်ကွဲထွက်တော့မည့် အလား ဖြစ်နေသည်။“ခေါင်းဆောင်ကြီး၊ ဘယ်ဗားရှင်းက အမှန်လဲ။”စုမူက စကားမပြောဘဲ ပြုံးလိုက်ပြီး တုတ်ကောက်ကို အားပြုကာ လမ်းလျှောက်ထွက်သွားလိုက်သည်။ ကျောက်ချောင်ယောင်ကတော့ ခေါင်းကုတ်ရင်း ကျန်ရစ်နေခဲ့တော့သည်။“ခေါင်းဆောင်ကြီး... ခေါင်းဆောင်ကြီး... ခဏ စောင့်ပါအုန်း၊ ဘယ်ဗားရှင်းက အမှန်လဲ။ ပြောပြပါဦး။”“ခေါင်းဆောင်ကြီး... ခေါင်းဆောင်ကြီး... တခြားမေးခွန်းတစ်ခု မေးလို့ရမလား။ ဘာလို့ နန်းမို ကို တိုက်ရိုက် စိတ်ညှို့ပြီး ခေါင်းဆောင်ရဲ့အမိန့်တွေကို လိုက်နာခိုင်းလိုက်တာ မလုပ်တာလဲ။ အခုဆို အဆုံးမှာ အစားထိုး အယောင်ဆောင်သူတစ်ဦး သေဆုံးခဲ့ရတယ်လေ”

စုမူက ဖြည်းညင်းစွာ ရပ်တန့်လိုက်သည်။ မှောင်မိုက်နေသော စင်္ကြံလမ်းအတွင်း သူက နောက်သို့လှည့်မကြည့်ဘဲ အေးဆေးသောအသံဖြင့် ပြန်ပြောလိုက်သည်။“ဘာလို့လဲဆိုတော့ ငါက မမျှော်လင့်ထားတဲ့ အရာတွေကို သဘောကျလို့ပဲ”

ကျောက်ချောင်ယောင် ကြောင်အသွားခဲ့ပြီး အမှောင်ရိပ်များအတွင်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ပုံရိပ်ကို အလန့်တကြား ကြည့်နေခဲ့မိသည်။ထိုစကားများ၏ အဓိပ္ပာယ်ကို သူနားမလည်နိုင်ပေ။“လူ့တွေရဲ့ ရုန်းကန်မှုတွေက စိတ်ဝင်စားစရာကောင်းတယ်လို့ မထင်ဘူးလား။”“အရာအားလုံးကို ကိုယ်က ထိန်းချုပ်ထားနိုင်တဲ့ ဘဝဆိုတာ အရမ်းပျင်းစရာကောင်းတယ်……”စုမူ၏ တိုးညင်းသော အသံက အဝေးသို့ တဖြည်းဖြည်း လွင့်ပါးသွားခဲ့တော့သည်။…………မြွေဆိုးဂိုဏ်း၏ ထောင်ခန်းထဲတွင်။ရန်တုန်ချင်းကို ကလေးငယ်တစ်ယောက်၏ လက်မောင်းလောက် ထူသော သံကြိုးများဖြင့် ချည်နှောင်ထားပြီး မြေပြင်တွင် ဂဟေဆော်ထားသဖြင့် ရွှေ့လျား မရနိုင်သော သံမဏိကုလားထိုင်တစ်လုံးတွင် တင်းတင်းကျပ်ကျပ် ချည်ထားသည်။ သူ့ဘေးတွင် ကုတ်အင်္ကျီအဖြူရောင်ဝတ်ထားသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ရပ်နေခဲ့သည်။စုမူ ထောင်ခန်းထဲ ဝင်လာသည်နှင့် ကုတ်အင်္ကျီအဖြူဝတ်ထားသူက လေးစားစွာ ဦးညွှတ်လိုက်သည်။“ခေါင်းဆောင်ကြီး”“အခြေအနေ ဘယ်လိုလဲ။”စုမူက ဒေါသမီးတောက်နေသော ရန်တုန်ချင်း ၏ မျက်လုံးများကို လျှစ်လျူရှုကာ မေးမြန်းလိုက်၏။

ကုတ်အင်္ကျီအဖြူနှင့် သူက ချက်ချင်း ပြန်လည် ဖြေကြားလိုက်သည်။

“ခေါင်းဆောင်ကြီး ညွှန်ကြားထားတဲ့အတိုင်း လုပ်ဆောင်ထားပါတယ်။တစ်နာရီတိုင်း အကြောသေစေတဲ့ ဓာတ်ငွေ့တွေ ရှူရှိုက်ခိုင်းထားပါတယ်၊အခုဆို လက်ချောင်းတစ်ချောင်းတောင် လှုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ အာမခံပါတယ်။”“အင်း…”စုမူက ခေါင်းညိတ်လိုက်ပြီး ချုပ်နှောင်ခံထားရသော ရန်တုန်ချင်းဘက်သို့ အကြည့်ပြောင်းလိုက်သည်။“စုမူ။ မင်းလို အောက်တန်းကျတဲ့ ကောင်။ ငါသေသွားရင်တောင် မင်းမေးတဲ့မေးခွန်းတစ်ခုကိုမှ ငါဖြေမှာမဟုတ်ဘူး။”“အော်…”စုမူက အညိုရောင်မျက်မှန်ကို အပေါ်သို့ အနည်းငယ်ပင့်တင်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် စိတ္တဇဆန်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။

“မင်းက သေမှာကို မကြောက်ဘူးဆိုရင် ဂျက်စ်မင်း(နန်းမို) ရော ဘယ်လိုလဲ။”ရန်တုန်ချင်း တောင့်ခနဲ ဖြစ်သွားပြီးနောက် ချက်ချင်း ဒေါသတကြီး ဖြစ်သွားခဲ့ရသည်။ သူ၏ မျက်လုံးများ နီရဲလာပြီး ကြွက်သားများ ဖောင်းကြွလာခဲ့သည်။နောက်တစ်ခဏတွင် သူ့ကိုယ်ပတ်လည် ချည်နှောင်ထားသော သံကြိုးများက ပြင်းထန်သော အရှိန်ဖြင့် ဆွဲငင်ခံလိုက်ရပြီး တကျွီကျွီ မြည်လာသည်။“မင်း ဂျက်စ်မင်း ကို လက်တစ်ချောင်းတောင် ထိဝံ့ရင် ငါမင်းကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပစ်မယ်။”စုမူက ကုတ်အင်္ကျီအဖြူနှင့် သူကို အမူအရာမဲ့စွာ ကြည့်လိုက်သည်။ထိုလူ၏နဖူးမှ ချွေးစေးများ ချက်ချင်း စီးကျလာသည်။“ဒါ……ဒါ မဖြစ်နိုင်ဘူး။ သူ အကြောသေစေတဲ့ဓာတ်ငွေ့ကို ခုနကပဲ ရှူထားတာ။ ဒီလောက်အချိန်တိုအတွင်း ဆင်တစ်ကောင်တောင် လှုပ်နိုင်မှာ မဟုတ်ဘူး။”“ခေါင်းဆောင်ကြီး... ခေါင်းဆောင်ကြီး၊ ကျွန်တော် ဓာတ်ငွေ့ပမာဏကို ချက်ချင်း တိုးလိုက်မယ်။ ကျေးဇူးပြုပြီး ဓာတ်ငွေ့မျက်နှာဖုံး စွပ်ထားပါ”ခဏအကြာတွင် သူတို့နှစ်ယောက်လုံး ဓာတ်ငွေ့မျက်နှာဖုံးများ တပ်လိုက်ကြသည်။ ကုတ်အင်္ကျီအဖြူနှင့် သူက ခလုတ်တစ်ခုကို နှိပ်လိုက်သည်နှင့် တစ်ခန်းလုံးတွင် ရှူးခနဲ အသံနှင့်အတူ...

အခန်းအတွင်းရှိ ပိုက်လိုင်းများမှ အဖြူရောင်အငွေ့များ အမြောက်အမြား ထွက်ပေါ်လာခဲ့သည်။မိနစ်အနည်းငယ်ကြာပြီးနောက် အသည်းအသန် ရုန်းကန်နေခဲ့သော ရန်တုန်ချင်းသည် နောက်ဆုံးတွင် အင်အားလုံးဝ ကုန်ခန်းသွားတော့သည်။စုမူက ဓာတ်ငွေ့မျက်နှာဖုံးမှတစ်ဆင့် ရန်တုန်ချင်းကို သေချာစွာ စစ်ဆေးကြည့်နေရင်း အတွေးတစ်ခု ပေါ်လာသည်။သူ့စွမ်းအားက စိတ်ခံစားချက်တွေနဲ့ ဒါမှမဟုတ် စိတ်ဆန္ဒနဲ့ ဆက်နွှယ်နေတာလား။

နန်းမိုအကြောင်း ပြောလိုက်တဲ့အခါ သူ့စိတ်ခံစားချက်က ဒေါသအဖြစ် ပြောင်းသွားပြီး အစောပိုင်းက မလှုပ်ရှားနိုင်တဲ့ ခန္ဓာကိုယ်က ရုတ်တရက် အင်အားအနည်းငယ် ပြန်ရလာတယ်။နောက်ထပ် စမ်းသပ်မှုတွေ ပြုလုပ်ရန်အတွက် စုမူက ရန်တုန်ချင်း၏ဘေးသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားခဲ့၏။မျက်လုံးများ အနည်းငယ် ဝေဝါးနေသော ရန်တုန်ချင်းကို ငုံ့ကြည့်ပြီး သူ့နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။“ဂျက်စ်မင်း က မင်းကြောင့်……အရမ်းစိုစွတ်နေတယ်။”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment