အခန်း (၁၉)
မျက်လုံးများ မှုန်ဝါးနေခဲ့သော ရန်တုန်ချင်းသည် ရုတ်တရက် ခေါင်းကိုမော့လိုက်သည်။ သူ၏မျက်လုံးများမှာ နီရဲနေပြီး ခန္ဓာကိုယ်အတွင်းမှ ထိတ်လန့်ဖွယ်ရာ စွမ်းအားများ အလျင်အမြန် ပေါက်ကွဲထွက်ပေါ်လာသည်။“အား... မင်းကို ငါသတ်မယ်”ဂျောက်... ဂျောက်...သူသည် အသည်းအသန် ရုန်းကန်လိုက်ရာ ခန္ဓာကိုယ်တစ်လျှောက် ချည်နှောင်ထားသော သံကြိုးများမှာ အပြင်းအထန် တုန်ခါသွားပြီး ထောင်ခန်းတစ်ခုလုံးပင် တုန်လှုပ်သွားလေသည်။“ခေါင်းဆောင်ကြီး၊ ထွက်ပြေးပါတော့၊ သူ... သူ လွတ်မြောက်တော့မယ်”ကုတ်အင်္ကျီအဖြူနှင့် အမျိုးသား၏မျက်နှာမှာ ဖြူဖျော့သွားပြီး ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။ သူ့အမြင်တွင် ရန်တုန်ချင်းသည် လွတ်မြောက်တော့မည့် လူသားစား သားရဲကြီးတစ်ကောင်နှင့်ပင် တူနေသည်။သို့သော် စုမူကတော့ တစ်စက်ကလေးမျှ မတုန်မလှုပ်ဘဲ ရန်တုန်ချင်းကို အေးဆေးစွာ စောင့်ကြည့်နေခဲ့သည်။ထိုအခိုက်အတန့်မှာပင် ကြီးမားလှသော စိတ်စွမ်းအင်တစ်ရပ် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ရန်တုန်ချင်းကို စိတ်ညှို့ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုစိတ်စွမ်းအင်သည် ရန်တုန်ချင်း၏စိတ်ထဲသို့ ဝင်ရောက်သွားသည်နှင့် အလွန်ပြင်းထန်သော ခုခံအားနှင့် ရင်ဆိုင်လိုက်ရသည်။စုမူ၏မျက်လုံးများထဲတွင် သဘောပေါက်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သေချာပြီ။ ရန်တုန်ချင်း၏ စွမ်းအားသည် ခံစားချက်နှင့် စိတ်ဆန္ဒကဲ့သို့ မမြင်ရသော အရာများနှင့် ဆက်နွယ်နေပုံရသည်။ရန်တုန်ချင်း ဒေါသထွက်လေလေ သူ၏ခွန်အားက ပိုမိုတိုးလာလေလေဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ခုခံနိုင်စွမ်းလည်း သိသိသာသာ မြင့်တက်လာသည်။“မစ္စ ဂျက်စ်မင်း ကို ဒီကို ခေါ်လာခဲ့။”စုမူက အမိန့်ပေးလိုက်သည်။ကုတ်အင်္ကျီအဖြူနှင့် အမျိုးသားက ချက်ချင်းပင် အမိန့်အတိုင်း လုပ်ဆောင်လိုက်သည်။မကြာမီတွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် ဂျက်စ်မင်း သည် ထောင်ခန်းထဲသို့ ရောက်လာသည်။ဂျက်စ်မင်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဒေါသတကြီး ဖြစ်နေသည့် ရန်တုန်ချင်း မှာ နောက်ဆုံးတွင် အနည်းငယ် ငြိမ်သက်သွားသည်။““ဂျက်စ်မင်း... ဂျက်စ်မင်း၊ မင်း အဆင်ပြေရဲ့လား။ သူတို့ မင်းကို တစ်ခုခုလုပ်ကြသေးလား”ရန်တုန်ချင်းက အလျင်အမြန် မေးလိုက်သည်။“မလုပ်ပါဘူး။ သူတို့က ငါ့ကို ချုပ်ထားရုံပဲ။ တုန်ချင်း၊ မင်းရော အဆင်ပြေရဲ့လား”ချစ်ရသူကို ထူထဲသော သံကြိုးများဖြင့် ချည်နှောင်ထားသည်ကို မြင်လိုက်ရသဖြင့် ဂျက်စ်မင်း ၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ပြည့်လျှံလာသည်။ဂျက်စ်မင်း အဆင်ပြေနေကြောင်း သိလိုက်ရသည်နှင့် ရန်တုန်ချင်း၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များသည်လည်း တဖြည်းဖြည်း လျော့ကျသွားသကဲ့သို့ ဖြစ်လာသည်။“ဂျက်စ်မင်း ၊ စိတ်မပူနဲ့။ ငါ မင်းကို ဒီနေရာကနေ သေချာပေါက် ခေါ်ထုတ်သွားမယ်။”သူက ရုတ်တရက် စုမူဘက်သို့ လှည့်ကြည့်လိုက်သည်။“မင်း ငါ့ကို မေးချင်တာတွေ ရှိတယ်မဟုတ်လား။ ကောင်းပြီ၊ ငါ အားလုံးပြောမယ်။ ဂျက်စ်မင်း ကို လွှတ်ပေးရင် ငါ အားလုံးပြောပြမယ်။”မမျှော်လင့်ထားဘဲ စုမူက ခေါင်းခါလိုက်သည်။“လွယ်လွယ်ကူကူ ရလာတဲ့အရာတွေကို ငါ မကြိုက်ဘူး။ ဒါကြောင့် အခုတော့ မပြောသေးနဲ့ဦး။”ရန်တုန်ချင်း အံ့အားသင့်သွားသည်။ သူက စုမူကို အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။“လွယ်လွယ်ကူကူ ရလာတယ် ဟုတ်လား။ ဒီအတွက် မင်း ဒီလောက်အချိန်အကြာကြီး စီစဉ်ခဲ့တယ်။ မင်းရဲ့လူတွေလည်း အများကြီး သေခဲ့တယ်။ အခုကျမှ လွယ်လွယ်ကူကူ ရလာတယ်လို့ ပြောတယ်”“မင်း... မင်းရူးနေတာလား”စုမူက သူ့စကားကို လျစ်လျူရှုလိုက်ပြီး လူများကိုသာ အမိန့်ပေးလိုက်သည်။“မစ္စ ဂျက်စ်မင်း ကို သူ့အခန်းဆီ ပြန်ပို့လိုက်။ ငါ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ သူ့အနား မသွားရဘူး။ အော်... သူ့ဆီ ဝိုင်နီတစ်ပုလင်းနဲ့ အကောင်းစား M9 အမဲသားကင်တစ်ပွဲလည်း ပို့ပေးလိုက်။”ဂျက်စ်မင်း “......”နောက်ဆုံးတွင် ဂျက်စ်မင်း ကို ခေါ်ဆောင်သွားကြသည်။စုမူလည်း ထောင်ခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
သူသည် ရန်တုန်ချင်း ပြောသကဲ့သို့ အရူးတစ်ယောက် မဟုတ်ပေ။ သူသည် ရန်တုန်ချင်းကို လုံးဝ မယုံကြည်ခြင်းသာ ဖြစ်သည်။မိမိကို အဆုံးစွန်အထိ မုန်းတီးနေသူတစ်ယောက် ပြောသမျှကို ယုံကြည်နိုင်ပါ့မလား။တစ်ဖက်လူက ထူးခြားစွမ်းအားနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို လိမ်ညာပြောလာလျှင်လည်းကောင်း၊ အရေးကြီးသော စကားလုံးအချို့ကို ချန်လှပ်ထားလျှင်လည်းကောင်း၊ ဖြစ်လာမည့် အကျိုးဆက်များမှာ မတွေးဝံ့စရာပင်။ထို့ကြောင့် စုမူသည် သူ့ကိုယ်ပိုင်နည်းလမ်းဖြင့်သာ မေးမြန်းရန် ကြံစည်ထားခြင်း ဖြစ်သည်။............လူအားလုံး ထွက်ခွာသွားပြီးနောက် ထောင်ခန်းထဲတွင် ရန်တုန်ချင်းတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။မကြာမီတွင် ထောင်ခန်းအတွင်း ရယ်မောသံများ၊ ပျော်ရွှင်စွာ စကားပြောသံများနှင့်အတူ မွှေးပျံ့သော ရနံ့တစ်ခုပါ လွင့်ပျံလာသည်။“စုမူ မင်း ဘာလုပ်ချင်နေတာလဲ”ရန်တုန်ချင်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး မျက်လုံးများ နီရဲနေခဲ့၏။
သူ့ဘေးတွင်တော့ ဆွဲဆောင်မှုရှိသော အမျိုးသမီးငယ်များ တန်းစီနေကြသည်။ သူတို့အားလုံးမှာ ခန္ဓာကိုယ်ကို ပေါ်လွင်စေသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။“ချောလိုက်တဲ့ ကောင်လေးရယ်... မင်းမျက်နှာက အရမ်းကြောက်စရာကောင်းနေတာပဲ။ လာပါ၊ ပြုံးစမ်းပါဦး။ မပြုံးချင်ဘူးလား။ ဒါဆို ငါက မင်းအတွက် ပြုံးပြမယ်နော်။”“အချစ်ရေ၊ ဘာကြောင့်မှန်းမသိဘူး၊ မင်းကိုမြင်တိုင်း ငါ့နှလုံးခုန်နှုန်းက မြန်လာတယ်။ မယုံရင် နားထောင်ကြည့်လေ။”“ဟယ်... လေဒီတို့ရေ၊ ဒီကောင်လေးရဲ့ ကိုယ်ခန္ဓာက တကယ်ကောင်းတာပဲ။ ကြွက်သားတွေ အကုန် မာကျောနေတာပဲ”
“ဟီးဟီး... တကယ်ပဲ မာရဲ့လား။ မယုံဘူး၊ ငါ စမ်းကိုင်ကြည့်မယ်။”အမျိုးသမီးငယ်တစ်စု ဝန်းရံထားခြင်းခံနေရသဖြင့် ရန်တုန်ချင်းသည် ဒေါသထွက်နေသည့် အမူအရာကိုပင် ဆက်မထိန်းနိုင်တော့ဘဲ မျက်နှာအနည်းငယ် နီရဲလာသည်။စောင့်ကြည့်ခန်းထဲတွင် စုမူက အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေသည်။သူ့ဘေးတွင် ရပ်နေသော ကျောက်ချောင်ယောင်မှာ မျက်လုံးများကို ပြူးကျယ်နေသည်။“ခေါင်းဆောင်ကြီး၊ ဒါက ခင်ဗျား ပြောခဲ့တဲ့ နှိပ်စက်မှုဆိုတာလား”“ဘာလဲ။ မင်းလည်း စမ်းကြည့်ချင်လို့လား”စုမူက တည်ငြိမ်စွာ ပြန်မေးလိုက်သည်။ကျောက်ချောင်ယောင် တံတွေးကို မျိုချလိုက်သည်။“မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး...”“ဟမ်းးးး”“မဟုတ်ဘူး၊ မဟုတ်ဘူး။ နောက်တာပါ။ အဲဒီလို သွေးဆောင်မှုမျိုးကို ကျွန်တော် မခံနိုင်ဘူး။ ကြည့်ပဲကြည့်ရပြီး ထိလို့မရရင် အဲဒါက ပိုပြီး နာကျင်ရလိမ့်မယ်။”“ဒါပေမဲ့ ဒီလိုနှိပ်စက်တာက ကျွန်တော် ထင်ထားတာနဲ့တော့ မတူဘူး။”“ရန်တုန်ချင်းရဲ့ ခန္ဓာကိုယ်က သံမဏိလို မာကျောတယ်။ သာမန်အပြစ်ပေးမှုတွေက သူ့ကို ဘာမှမလုပ်နိုင်ဘူး။ ဒါ့အပြင် သူ့ရဲ့ခွန်အားက ဒေါသနဲ့ ဆက်နွယ်နေပုံရတယ်။ ဒါကြောင့် သူ့ကို ဒေါသမထွက်စေဘဲ အပြစ်ပေးရမယ်။”ကျောက်ချောင်ယောင်က စောင့်ကြည့်ဖန်သားပြင်ကို မနာလိုစွာ ကြည့်လိုက်သည်။“ဒါပေမဲ့ ခေါင်းဆောင်ကြီး၊ ဒီလိုလုပ်တာ ဘာအကျိုးရှိလို့လဲ။ သူ့ကို နာကျင်အောင်တောင် မလုပ်နိုင်ဘူး။ ဒီလိုနဲ့ သူ အရှုံးပေးမယ်လို့ ထင်လို့လား”“ငါလိုချင်တာက အရှုံးပေးတာ မဟုတ်ဘူး။ သူ့စိတ်ကို ရှုပ်ထွေးစေပြီး သူ့ရဲ့စိတ်ဓာတ်ကို အားနည်းသွားအောင် လုပ်ချင်တာ။”နာရီပေါင်းများစွာ ကြာပြီးနောက် ရန်တုန်ချင်း၏ မျက်လုံးများမှာ နီရဲလာပြီး အသက်ရှူသံများ မှာလည်း ပြင်းထန်နေသည်။ လည်ချောင်းမှာလည်း မီးလောင်နေသကဲ့သို့ ခြောက်သွေ့နေသည်။သူ ငြီးငွေ့မသွားစေရန် စုမူက အမျိုးသမီးအုပ်စုများကို အကြိမ်ကြိမ် ပြောင်းလဲပေးခဲ့သည်။“အားလုံး ပြန်ထွက်သွားကြ။ ရန်တုန်ချင်းက အခု ဒီအခြေအနေကို အတော်လေး အသားကျသွားပြီ။ နောက်ထပ် အပြစ်ပေးမှုတစ်ခုကို စလိုက်တော့။”စုမူက ဆက်သွယ်ရေးစက်မှတစ်ဆင့် အမိန့်ပေးလိုက်သည်။မကြာမီ အမျိုးသမီးငယ်အားလုံး ထွက်ခွာသွားကြပြီး ရန်တုန်ချင်းတစ်ယောက်သာ ကျန်ခဲ့သည်။ သူ၏ဆံပင်များ ရှုပ်ပွနေပြီး မျက်နှာတစ်ဝိုက်တွင်လည်း နှုတ်ခမ်းနီရာများ အပြည့်ရှိနေသည်။“စုမူ…မင်းလို အောက်တန်းကျတဲ့ကောင် ဒီလိုနည်းတွေနဲ့ ငါ့ကို အရှုံးပေးအောင်လုပ်နိုင်မယ်လို့ မထင်နဲ့။ လာခဲ့စမ်းပါ။ ထပ်လုပ်ရဲရင် လုပ်ကြည့်”ရန်တုန်ချင်းက ပြင်းထန်စွာ အသက်ရှူရင်း ဆဲဆိုလိုက်သည်။ဂျောက်...ထောင်ခန်းတံခါး ပြန်ပွင့်လာသည်။ဒီတစ်ကြိမ်တွင် မျက်နှာအေးစက်စက်နှင့် အနက်ရောင်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦး ဝင်လာပြီး သူ့လက်ထဲတွင် အမှုန့်ဗူးတစ်ဗူးကို ကိုင်ဆောင်ထားသည်။ရန်တုန်ချင်း၏ မျက်နှာမှာ ချက်ချင်းပင် ထိတ်လန့်သွားသည်။ဘာလို့ ဒီတစ်ခါ ယောက်ျားဖြစ်နေရတာလဲ…သူ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ခင် ထိုအမျိုးသားက အမှုန့်များကို ရန်တုန်ချင်း၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ဖြူးချလိုက်သည်။ရုတ်တရက် ရန်တုန်ချင်း၏ တစ်ကိုယ်လုံးမှာ မခံမရပ်နိုင်အောင် ယားယံလာသည်။“ဒါက... ယားစေတဲ့အမှုန့်လား။ ဟားဟားဟား... စုမူ... မင်းလို အောက်တန်းကျတဲ့ကောင်... ဟားဟားဟား...”
အေးစက်တိတ်ဆိတ်နေသော ထောင်ခန်းအတွင်း ရန်တုန်ချင်း၏ ပျော်ရွှင်စွာ ရယ်မောသံများ ပြည့်နှက်သွားသည်။နာရီပေါင်းများစွာ ကြာပြီးနောက် ရန်တုန်ချင်းမှာ အားအင်ကုန်ခမ်းသွားပြီး အလွန်အမင်း ရယ်မောထားရသဖြင့် အသံပင် အက်ကွဲနေပြီဖြစ်သည်။အားလုံးသိကြသည့်အတိုင်း အဆက်မပြတ် စိတ်အားထက်သန်စွာ ရယ်မောနေရခြင်းသည်လည်း စိတ်ပိုင်းဆိုင်ရာအရ အလွန်ပင် အားကုန်စေသည်။ဒီတစ်ကြိမ်မှာတော့ ရန်တုန်ချင်းသည် ဆက်လက်၍ ဆဲဆိုရန်ပင် အားမရှိတော့ချေ။သူကိုယ်တိုင်လည်း ဝန်ခံရပေမည်။ သူက အတွေ့အကြုံနည်းလွန်းသေးသည်။ တကယ့်အပြစ်ပေးမှုက ရုပ်မြင်သံကြားဇာတ်လမ်းများထဲက အပြစ်ပေးမှုမျိုးနှင့် လုံးဝ ကွဲပြားခြားနားနေသည်ကို သူ မမျှော်လင့်ထားခဲ့ပေ။ အချို့အရာများသည် စိတ်ဓာတ်အင်အား တစ်ခုတည်းနှင့်ပင် ခုခံနိုင်သည့်အရာ မဟုတ်ပေ။သို့သော် သူ မမျှော်လင့်ထားသည်မှာ ပိုမို ရက်စက်သော ပြစ်ဒဏ်များ ကျန်ရှိနေသေးခြင်းပင်။ဂျောက်...ထောင်ခန်းတံခါး ထပ်မံ ပွင့်သွားခဲ့ပြန်သည်။
ထိတ်လန့်မှုများက ရန်တုန်ချင်း၏ မျက်နှာထက်တွင် ထင်ရှားစွာ ပေါ်ထွက်နေပြီး တံခါးဝကို စိုက်စူးကြည့်နေမိသည်။
စုမူက တံခါးအပြင်ဘက်မှ တဖြည်းဖြည်း လျှောက်ဝင်လာသည်။ သူ့လက်ထဲတွင် ထူထဲသော စာအုပ်ပုံကြီးတစ်ပုံကို ကိုင်ဆောင်ထားခဲ့သည်။
ထိုလူကို မြင်လိုက်ရသည်နှင့် ရန်တုန်ချင်း၏ ဒေါသက ပြန်လည်ပေါ်ထွက်လာခဲ့သည်။“စုမူ… မင်း...”