no

Font
Theme

အခန်း (၂၄)

စကားပြောနေသည့် ထိပ်ပြောင်လူက ရန်တုန်ချင်းပင် ဖြစ်သည်။ သူတို့နှစ်ဦး သဘောတူညီမှုရရှိပြီးနောက်ပိုင်းတွင် စုမူက သူ့ကို လွှတ်ပေးခဲ့သည်။။ စိတ်ပိုင်းဆိုင်ရာ အကြံပြုလွှမ်းမိုးမှု၏ သက်ရောက်မှုကြောင့် ရန်တုန်ချင်းသည် ပြဿနာရှာခြင်းမရှိတော့ဘဲ ရိုးသားစွာ အလုပ်လုပ်ကာ သုံးနှစ်ကြာပြီးနောက် ဂျက်စ်မင်းနှင့်အတူ ပျော်ရွှင်စွာ နေထိုင်နိုင်မည့်နေ့ကို စောင့်မျှော်နေခဲ့သည်။သူ့မျက်နှာပေါ်က နှုတ်ခမ်းနီရာကတော့ ဂျက်စ်မင်းရဲ့ လက်ချက်ပင် ဖြစ်သည်။ ဒီကောင်က လွတ်လာလာချင်း ဂျက်စ်မင်းကို တွေ့ချင်နေခဲ့တာဖြစ်သည်။ နှစ်ယောက်သား ခဏတာ ပွေ့ဖက်ချွဲနွဲ့ခဲ့ကြပြီး နောက် ဂျက်စ်မင်းထံမှတစ်ဆင့် သူမ၏ မောင်လေး စက်ရုံမန်နေဂျာ ဖြစ်သွားကြောင်းနှင့် ဂျက်စ်မင်းကိုယ်တိုင်လည်း တေးသံသွင်း ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သူ သိရှိခဲ့ရသည်။။ဒီလိုအဆုံးသတ်မျိုးကို လူတိုင်းအတွက် ပျော်ရွှင်ဖွယ်အဆုံးသတ်တစ်ခုဟုပင် ဆိုနိုင်သည်။ မောင်ဖြစ်သူက စက်ရုံမန်နေဂျာ ဖြစ်လာသည်၊ ဂျက်စ်မင်းကလည်း သူမ၏ အိပ်မက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ပြီး၊ စုမူကလည်း ထူးခြားစွမ်းအားပိုင်ဆိုင်ထားသည့် ကိုယ်ရံတော်တစ်ယောက် ရရှိသွားသည်။ တစ်ဦးတည်းသော ဒုက္ခရောက်ရသူကတော့ သုံးနှစ်တိတိ ကျွဲနွား တစ်ကောင်လို အလုပ်လုပ်ရတော့မည့် ရန်တုန်ချင်းပင် ဖြစ်သည်။စုမူက သူ့ကို ဂရုမစိုက်ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

“အိပ်ဖို့ ပြင်ဆင်ကြတော့။”ရန်တုန်ချင်းက အခန်းထဲရှိ တစ်ခုတည်းသော အိပ်ရာဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။သို့သော် မမျှော်လင့်ထားဘဲ စုမူက မြွေရေတုတ်ကောက်ကို ဆန့်ထုတ်ကာ သူ့ကို တားဆီးလိုက်သည်။ “ကြမ်းပြင်ပေါ် မှာ အိပ်။”ရန်တုန်ချင်း၏ မျက်နှာမှာ ဒေါသကြောင့် ချက်ချင်း မည်းမှောင်သွားသည်။

“ဒီမှာ အိပ်ရာရှိနေတာပဲ။ ဘာလို့ ကြမ်းပြင်ပေါ် မှာ အိပ်ရမှာလဲ။”“အိပ်ရာက ငါ့ဟာ။” စုမူက မြွေရေတုတ်ကောက်ကို ပြန်သိမ်းလိုက်ပြီး သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။ရန်တုန်ချင်းမှာ ဘာမှမတတ်နိုင်တော့ဘဲ ကြမ်းပြင်ပေါ် လှဲအိပ်ကာ ဆဲဆိုရေရွတ်နေတော့သည်။ထိုအချိန်တွင် စုမူက ကျောက်ချောင်ယောင်နှင့် အခြားသူများကို ညွှန်ကြားလိုက်သည်။ “မင်းတို့အားလုံးလည်း အိပ်ကြတော့။”ဒုန်း... ဒုန်း... ဒုန်း...အနက်ရောင်ဝတ် လူတစ်ဒါဇင်ခန့်သည် ကြမ်းပြင်ပေါ် တန်းစီလှဲချလိုက်ကြပြီး ချက်ချင်းပင် အိပ်ပျော်သွားကြသည်။ အချို့ဆို ဟောက်ပင် ဟောက်နေကြသေးသည်။ထိုသူများကို ကြည့်ရင်း ရန်တုန်ချင်း၏ မျက်ခုံးများ ပင့်တက်သွားခဲ့သည် ။

“ဒီလူတွေက ဒီလောက်တောင် အိပ်မောကျလွယ်တာလား”စုမူက ခေါင်းခါယမ်းလိုက်သည်။

“ဒါက စိတ်ညှို့ထားတာပဲ။ မင်းလည်း စမ်းကြည့်ချင်လား။”ရန်တုန်ချင်းက အတိတ်က ဆိုးရွားသော မှတ်ဉာဏ်များကို ချက်ချင်း ပြန်လည်သတိရသွားပြီး မျက်နှာတင်းမာစွာဖြင့် ငြင်းလိုက်ကာ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားလိုက်တော့သည်။ဆယ်မိနစ်ခန့်ကြာပြီးနောက် သူလည်း တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။ သူသည် မနေ့က တစ်ညလုံး သင်္ချာပုစ္ဆာများ ဖြေရှင်းထားရသဖြင့် အလွန်ပင် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။အားလုံး အိပ်ပျော်သွားသည်ကို မြင်သောအခါ စုမူက သူ၏အစီအစဉ်ကို စတင်လိုက်သည်။သူ့အိတ်ကပ်ထဲမှ နက်ရွှေရောင် အိတ်ဆောင်နာရီတစ်လုံးကို ထုတ်ယူလိုက်သည်။ နာရီခေါင်းပိုင်းက သူ့လက်ချောင်းများကြားမှ လျှောကျသွားပြီး ချိန်သီးတစ်ခုပမာ လေထဲတွင် ယိမ်းနွဲ့နေသည်။တစ်... နှစ်... သုံး...ဘုတ်...စုမူသည် နူးညံ့သော အိပ်ရာပေါ်သို့ လဲကျသွားခဲ့တော့သည်။............ကျယ်ဝန်းပြီး သာယာလှပသော ကောင်းကင်ဘုံ နန်းတော်ကြီးအတွင်း တွင် ကောင်းကင်ဘုံဧကရာဇ်တစ်ပါးသည် မာန်အပြည့်ဖြင့် ရပ်တည်နေသည်။ သူ့ပတ်ဝန်းကျင်တွင် နတ်စွမ်းအင်များ ဝန်းရံနေပြီး သူ့ခန္ဓာကိုယ်မှ အဆုံးအစမရှိသော အလင်းရောင်များ ဖြာထွက်နေသကဲ့သို့ ထင်ရသည်။ သူ၏ ပုံရိပ်မှာ ခန့်ညားထည်ဝါလှပြီး ကောင်းကင်တစ်ခုလုံးကိုပင် ထောက်ပင့်ထားနိုင်စွမ်း ရှိသည့်အတိုင်းပင်။ထို နတ်ဧကရာဇ်မှာ အခြားသူမဟုတ်ဘဲ စုမူ ပင်ဖြစ်သည်။ ဟုတ်သည်။ သူသည် အိပ်မက်ထဲသို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။

ကောင်းကင်ဘုံဧကရာဇ်အဖြစ် အသွင်ပြောင်းခြင်းက သူ့အတွက် အခြေခံ ကိစ္စတစ်ခုမျှသာ ဖြစ်ပြီး မသိစိတ်မှ ဖြစ်ပေါ်လာသည့် အလေ့အကျင့်တစ်ခုပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

စုမူသည် လေဟာနယ်ထဲတွင် ရပ်နေပြီး သူ၏ခမ်းနားလှသော နတ်ဝတ်ရုံက လေထဲတွင် လွင့်ခါနေသည်။ ထိုဝတ်ရုံပေါ်တွင် ကောင်းကင်တစ်ခွင်ရှိ ကြယ်များကို ပန်းထိုးထားပြီး စကြဝဠာ၏ အဆုံးစွန်သော သစ္စာတရားများပင် ထိုဝတ်ရုံအတွင်း ပါဝင်နေသကဲ့သို့ ထင်ရသည်။ သူက လက်ကို အနည်းငယ် မြှောက်လိုက်သည်နှင့် အင်္ကျီလက်မှ စီးဆင်းလာသော နတ်စွမ်းအင်များက မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်အဖြစ် သို့ ပြောင်းလဲသွားပြီး အိပ်မက်တစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။အိပ်မက်များတွင် နံရံများ မရှိသလို အကန့်အသတ်လည်း မရှိပေ။ယခု သူ လုပ်ဆောင်ရန် လိုအပ်သည်မှာ ချဲ့ထွင်ရန် ဖြစ်သည်။ ရန်တုန်ချင်း၏ အိပ်မက်နှင့် ဆက်သွယ်မိသည်အထိ သူ၏ အိပ်မက်ကို အဆုံးအစမရှိ ချဲ့ထွင်သွားရန်ပင် ဖြစ်သည်။

သူ၏ စိတ်ထဲတွင် သူသည် အိပ်မက်များ၏ အရှင်သခင်ဖြစ်ရာ သူ၏ ကိုယ်ပိုင် အိပ်မက်နှင့် အခြားသူများ၏ အိပ်မက်များကြား ချိတ်ဆက်မှုကို သူ ဘာကြောင့် မထိန်းချုပ်နိုင်ရမည်နည်း။“လက်တစ်ဖျောက်စာအတွင်း စကြဝဠာရဲ့ ဖြစ်တည်မှုနဲ့ ပျက်စီးမှုကိုတောင် ထိန်းချုပ်နိုင်သေးတာပဲ၊ အိပ်မက်တစ်ခုနဲ့တစ်ခု ဆက်သွယ်ဖို့လောက်ကတော့ မခက်လောက်ပါဘူး။”အချိန်များသည် တစ်စက္ကန့်ပြီး တစ်စက္ကန့် စုမူသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး သူ၏အာရုံခံနိုင်စွမ်းကို အကန့်အသတ်အထိ တွန်းတင်လိုက်သည်။ သူ၏ အိပ်မက်သည် မဟာပေါက်ကွဲမှုကြီး ဖြစ်ပွားသကဲ့သို့ အရူးအမူး ကျယ်ပြန့်သွားခဲ့သည်။နောက်ဆုံး၌...သူသည် ကွဲပြားခြားနားသော အရာတစ်ခု၊ အလွန် ထူးဆန်းသော ခံစားချက်တစ်ခုကို အာရုံခံလိုက်မိ လိုက်သည်။ ထိပ်ဆုံး၌ ရောက်ရှိနေသော ကောင်းကင်ဘုံဧကရာဇ်တစ်ပါးက ကမ္ဘာလောက၏ အတားအဆီးကို ရုတ်တရက် သိမြင်သွားပြီး သူ၏ အာရုံခံနိုင်စွမ်းက အတားအဆီးကို ထိုးဖောက်သွားပြီးနောက် အခြားကမ္ဘာတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။အိပ်မက်ကမ္ဘာ၏ အစွန်အဖျားရှိ ခြောက်ကပ်ပြီး လူသူကင်းမဲ့သော နေရာတွင် အဆုံးမရှိသော အမှောင်ထုကြီးသာ ရှိနေသည်။ ထိုအမှောင်ထုအတွင်း၌ အလင်းရောင်ဖျော့ဖျော့ တောက်ပနေသော ကြယ်ဆယ့်နှစ်လုံးက ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့မှာ လျှို့ဝှက်ဆန်းကြယ်ပြီး ခမ်းနားလှပေသည်။ထိုကြယ်များ သည် သူ၏ အိပ်မက်ထဲမှ မဟုတ်ကြောင်း စုမူ ရှင်းလင်းစွာ အာရုံခံလိုက်မိသည်။ အကြောင်းမှာ သူသည် သူ၏ ကိုယ်ပိုင် အိပ်မက်ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်သည့်အတွက် ထပ်မံဝင်ရောက်လာသည့် အရာမှန်သမျှကို အထူးသတိပြုမိနိုင်သောကြောင့်ပင်။“ဒါ သူတို့ရဲ့ အိပ်မက်တွေလား” စုမူက မျက်လုံးများကို ဖွင့်လိုက်သည်။နတ်ဧကရာဇ်၏ အကြည့်သည် စကြဝဠာထဲရှိ အဆုံးမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းကာ အကန့်အသတ်မဲ့နေသည်။ ကြယ်များ၏ အလင်းနှင့် အမှောင်၊ အချိန်၏ စီးဆင်းမှုနှင့် ပြောင်းလဲမှုတို့ အားလုံး ပါဝင်နေသကဲ့သို့ ထင်ရသည်။သူ၏အကြည့် ဖြတ်သန်းသွားသည်နှင့် အိပ်မက်အစွန်အဖျားရှိ အမှောင်ထုကို လျှပ်စီးတန်းတစ်ခုက ပိုင်းဖြတ်လိုက်သကဲ့သို့ ဖြစ်သွားပြီး ကြယ်ဆယ့်နှစ်လုံးကို ထင်ရှားစွာ မြင်တွေ့လိုက်ရတော့သည်။ကြယ်များပေါ်တွင် ပေါ်လာသော မြင်ကွင်းများမှာ အခြေခံအားဖြင့် တူညီနေကြ၏။ စုမူက ပလ္လင်တစ်ခုပေါ်တွင် ထိုင်နေပြီး သူ့အောက်တွင် လူအုပ်ကြီးက စုဝေးနေကာ “ခေါင်းဆောင်ကြီး အသက်ရှည်ပါစေ” ဟု အော်ဟစ်နေကြခြင်းပင်။ထိုသူများမှာ ကျောက်ချောင်ယောင်နှင့် အခြားသူများဖြစ်ကြောင်း ရှင်းလင်းနေသည်။ သူတို့သည် နေ့စဉ်နေ့တိုင်း စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးခံထားရသဖြင့် အိပ်မက်ထဲရောက်နေသည့်အချိန်တွင်ပင် စုမူအကြောင်းကိုသာ တွေးနေကြခြင်း ဖြစ်သည်။ထိုကြယ်ဆယ့်နှစ်လုံးအပြင် သံမဏိဖြင့် သွန်းလုပ်ထားသကဲ့သို့ သတ္တုရောင်တောက်ပနေသော ကြယ်တစ်လုံးလည်း ရှိသေးသည်။ ထိုကြယ်ပေါ်တွင် ပေါ်နေသော မြင်ကွင်းကတော့ အနည်းငယ် ကွဲပြားသည်။မြင်ကွင်းမှာ အနည်းငယ် ကာမရာဂ ဆန်နေသည်။ ဇာတ်လိုက်မင်းသားမှာ ရန်တုန်ချင်းဖြစ်ပြီး ဇာတ်လိုက်မင်းသမီးမှာ ဂျက်စ်မင်းဖြစ်သည်။ သူတို့နှစ်ဦး ချစ်တင်းနှီးနှောနေချိန်တွင် “စုမူ” က ပေါ်လာပြီး ဂျက်စ်မင်းကို အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ခြင်းပင်။“ဒါ ရန်တုန်ချင်းရဲ့ အိပ်မက်လား။” စုမူက မျက်မှောင်ကြုတ်လိုက်သည်။

“အင်မတန် အဓိပ္ပာယ်မဲ့တဲ့ ဇာတ်လမ်းပဲ”ရန်တုန်ချင်း၏ အိပ်မက်ထဲတွင် ဂျက်စ်မင်းကို “စုမူ” က အောင်မြင်စွာ ခေါ်ဆောင်သွားခဲ့ပြီး ဇာတ်လမ်းက ပိုမို၍ အဓိပ္ပာယ်မဲ့လာနေသည်။ဂျက်စ်မင်း — “တောင်းပန်ပါတယ် တုန်ချင်း…..”ရန်တုန်ချင်း — “ဟင့်အင်း... ဂျက်စ်မင်း၊ ဂျက်စ်မင်း၊ မင်းမရှိဘဲ ငါ ဘယ်လို အသက်ရှင်ရမှာလဲ”စုမူ — “......”စုမူမှာ ခဏတာ ပြောစရာ စကားပင် မဲ့သွားသည်။ သူက မကျေနပ်ချက်ကို ပြောတော့မည့်အချိန်တွင် မျက်မှောင်ကြုတ်လိုက်ပြီး လျှပ်စီးကဲ့သို့ စူးရှသောအကြည့်ဖြင့် ရန်တုန်ချင်း၏ အိပ်မက်ကို စိုက်ကြည့်လိုက်သည်။ရုတ်တရက် ရန်တုန်ချင်း၏ အိပ်မက်ထဲတွင် ဆန်းကြယ်သော နီရဲရဲ အရောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။ထိုနီရဲရဲ အရောင်သည် သံချေးဟောင်း သို့မဟုတ် ခြောက်သွေ့နေသော သွေးများကဲ့သို့ အိပ်မက်ထဲတွင် တိတ်တဆိတ် ပျံ့နှံ့လာကာ ကြောက်မက်ဖွယ် အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေခဲ့သည်။၎င်းသည် ငရဲ၏ အနက်ရှိုင်းဆုံးနေရာမှ စိမ့်ထွက်လာသော နတ်ဆိုးသွေးများနှင့်ပင် ဆင်တူနေပြီး ပျစ်ခဲကာ နှေးကွေးစွာ စီးဆင်းနေပြီး သွေးစက်တိုင်းတွင် အဆုံးမဲ့နာကျင်မှုနှင့် မကျေနပ်မှုတို့ ပြည့်နှက်နေသကဲ့သို့ ဖြစ်သည်။ရန်တုန်ချင်း၏ အိပ်မက်တစ်ခုလုံးသည် တဖြည်းဖြည်း သွေးများဖြင့် ဖုံးလွှမ်းလာသည်။ တစ်ချိန်တည်းမှာပင် သူ၏အိပ်မက်ကို ကိုယ်စားပြုသည့် ကြယ်သည်လည်း ပြင်းထန်စွာ တုန်ခါလာပြီး ကမ္ဘာလောကမှ မည်သည့်အချိန်မဆို ဆွဲထုတ်ခံရတော့မည့်အတိုင်း ဖြစ်နေ၏။

“ဒါ အိပ်မက်ဆိုး ကမ္ဘာဆီက ဆင့်ခေါ်မှုလား။”စုမူ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်၏။ သူသည် လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ ရန်တုန်ချင်း၏ အိပ်မက်နှင့် ချိတ်ဆက်နိုင်ရန် သူ၏ ကိုယ်ပိုင် အိပ်မက်ကို ချက်ချင်း ထိန်းချုပ်လိုက်တော့သည်။

အိပ်မက်နှစ်ခု ထိတွေ့သွားသည့်အခိုက် သူ့၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။မူလက သာယာလှပမှုများ လွှမ်းခြုံထားသည့် ကောင်းကင်ဘုံ နန်းတော်ကြီးသည် မည်သို့ဖြစ်သွားမှန်း မသိဘဲ ဆန်းကြယ်သော နီရဲရဲ အရောင်များ စွန်းထင်းသွားခဲ့ရတော့သည်။

ထိုနီရဲရဲ အရောင်သည် တောမီးကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့လာပြီး ဗိုင်းရပ်စ်တစ်မျိုးကဲ့သို့ အရာအားလုံးကို ကူးစက်သွားလေသည်။စုမူက ထိုနီရဲရဲ အရောင်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်သော်လည်း လုံးဝ ထိန်းချုပ်၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ သူသည် အိပ်မက်ထဲတွင် အမြင့်မြတ်ဆုံးသော နတ်ဧကရာဇ် ဖြစ်နေသော်လည်း ထိုနီရဲရဲ အရောင်အတွက်မူ အရာအားလုံးမှာ ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်နေသည်။ တစ်ခုတည်းသော အစစ်အမှန်အရာကတော့ ထိုနီရဲရဲ အရောင်ပင် ဖြစ်နေသည်။ထိုခံစားချက်သည် ဝတ္ထုတစ်ပုဒ်ထဲမှ လှုပ်ရှားမှုလေး တစ်ချက်ဖြင့် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်စွမ်းရှိသော ထိပ်တန်း အစွမ်းထက်သူတစ်ဦးက ဝတ္ထုအပြင်ဘက်သို့ မထွက်နိုင်ဘဲ လက်တွေ့ကမ္ဘာမှ ကောက်ရိုးတစ်မျှင်၊ သစ်ရွက်တစ်ရွက်ကိုပင် ထိခိုက်အောင် မလုပ်နိုင်သကဲ့သို့ ဖြစ်နေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment