no

Font
Theme

အခန်း (၂၅)

“ငါထင်ထားတဲ့အတိုင်းပဲ။ အိပ်မက်ဆိုး ကမ္ဘာက လူတွေကို အိပ်မက်တွေကနေတစ်ဆင့် ဆွဲခေါ်သွားတာပဲ။ ငါ့ရဲ့ အိပ်မက်က အိပ်မက်ဆိုး တမန်တော်ရဲ့ အိပ်မက်နဲ့ ချိတ်ဆက်မိနေသရွေ့ ငါလည်း အဲဒီထဲကို အဆွဲခံရမှာပဲ”“ဒီလိုဆိုရင် တခြားသူတွေအားလုံးကိုလည်း ဒီထဲ ဆွဲခေါ်လာလို့ရပြီပေါ့။”စုမူက သူ၏ ကိုယ်ပိုင်အိပ်မက် ကို ထိန်းချုပ်ကာ ကျောက်ချောင်ယောင်နှင့် အခြားသူများ၏ အိပ်မက်များနှင့် ချိတ်ဆက်လိုက်သည်။ ။ အိပ်မက်အားလုံး ချိတ်ဆက်သွားသောအခါ သွေးများပျံ့နှံ့ရန် လမ်းကြောင်းတစ်ခု ရရှိသွားသကဲ့သို့ ဖြစ်လာပြီး ထိုသွေးနီရောင်အရိပ်သည် အဆုံးမရှိ ပျံ့နှံ့သွားကာ လူတိုင်း၏အိပ်မက်ကို သွေးရောင်များဖြင့် စွန်းထင်းသွားစေခဲ့တော့သည်။ထိုနီရဲရဲ မြင်ကွင်းကြီးသည် ဧရာမ ကွန်ရက်ကြီးတစ်ခုပမာ လူတိုင်း၏ အိပ်မက်များကို လွှမ်းခြုံထားပြီး ထွက်ပြေးစရာလမ်းမရှိအောင် ပြုလုပ်ထားခဲ့သည်။ ထိုအတွင်း ပိတ်မိသွားသည်နှင့် တစ်ပြိုင်နက် အဆုံးမဲ့ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့၏ ဝါးမျိုခြင်းကို ခံရတော့မည့်အတိုင်းပင်။ဒါက... စုမူ အလိုချင်ဆုံး အရာပင် ဖြစ်၏။သူသည် အမြင့်ဆုံးပလ္လင်ပေါ်တွင် ထိုင်နေပြီး သူ၏ မည်းနက်သော ရွှေရောင် ကြယ်ပုံစံ ဝတ်ရုံကြီးမှာ ယခုအခါ သွေးရောင်များ စွန်းထင်းနေခဲ့ပြီဖြစ်သည်။ သွေးများက အရူးအမူး တဟုန်ထိုးစီးဆင်းလာပြီး တဖြည်းဖြည်း သွေးပင်လယ်ကြီးတစ်ခုအဖြစ် တဖြည်းဖြည်း ပုံပေါ်လာကာ သူ့အား ဖြည်းညှင်းစွာ ဝါးမြိုသွားခဲ့တော့သည်။ထိုအချိန်တွင် စုမူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးပင်လယ်အတွင်း လုံးဝနစ်မြုပ်သွားပြီး ဦးခေါင်းတစ်ခုတည်းသာ ကျန်ရှိတော့သည်။ဖြူဖျော့နေသော သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။“ဒါက... တကယ်ကို စောင့်မျှော်ရကျိုးနပ်တာပဲ။”စကားဆုံးသည်နှင့် သွေးပင်လယ်ကြီးက သူ့ကို လုံးဝ ဝါးမြိုသွားခဲ့တော့သည်။

............အမှောင်ထု ထူထပ်နေသော ညသည် ကျောက်မိသားစုရွာလေးကို လွှမ်းခြုံထားပြီး တစ်ရွာလုံးမှာ အလွန်ပင် ခြောက်ကပ်တိတ်ဆိတ်နေသည်။ မည်သည့်အိမ်တွင်မျှ မီးရောင်များ မရှိဘဲ နှစ်ထပ်အိမ် တစ်လုံးအတွင်းမှ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော ဖယောင်းတိုင်မီး အနည်းငယ်သာလျှင် အမှောင်ထုထဲတွင် ထင်ရှားစွာ ပေါ်လွင်နေခဲ့၏။

ညဉ့်နက်လာသည်နှင့်အမျှ နှစ်ထပ်အိမ်လေးမှာ အမှောင်ထုကြီး ဖုံးအုပ်ထားသကဲ့သို့ ဖြစ်လာသည်။ အက်ကြောင်းများနှင့် အရောင်မှိန်နေသော နံရံများပေါ်တွင် ကြက်သီးထဖွယ် နွယ်ပင်များ တွယ်တက်နေပြီး သံချေးတက်နေသော သံတံခါးကလည်း လေညင်းတိုက်ခတ်တိုင်း ကြောက်စရာကောင်းစွာ တကျွီကျွီမြည်နေသည်။ အိမ်အတွင်းတွင် အမျိုးသား လေးဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ဖယောင်းတိုင်တစ်တိုင်ကို ဝိုင်းဖွဲ့ကာ စိုးရိမ်တကြီး ထိုင်နေကြသည်။သူတို့၏အကြည့်များက ဖယောင်းတိုင်အလင်း မရောက်နိုင်သည့် အမှောင်ထုဆီသို့ မကြာခဏ ရောက်သွားကြပြီး အချိန်မရွေး ကြောက်မက်ဖွယ်သတ္တဝါတစ်ကောင် ပေါ်ထွက်လာနိုင်သကဲ့သို့ သတိထားနေကြသည်။“မှောင်နေပြီ။ ငါတို့ စီစဉ်ထားတဲ့အတိုင်း အစားအစာနဲ့ ဖယောင်းတိုင်တွေ သွားရှာကြမယ်”အသက်နှစ်ဆယ်ကျော်ခန့်၊ ဆံပင်ကို တိုတိုညှပ်ထားသော အမျိုးသားတစ်ဦးက လေးနက်သော အသံဖြင့် ပြောလိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ တည်ကြည်နေသော်လည်း အခြားသူများကဲ့

သို့ ကြောက်ရွံ့မှု သို့မဟုတ် စိုးရိမ်ပူပန်နေခြင်း မရှိပေ။“အစ်ကိုယဲ့… ငါတို့ တကယ်ပဲ အပြင်ထွက်ကြမှာလား။ အပြင်မှာ အိပ်မက်ဆိုးသတ္တဝါတွေ ရှိနေရင် ဘယ်လိုလုပ်မလဲ...”အသက်လတ်ပိုင်းအမျိုးသားတစ်ဦး၏ အနည်းငယ်တုန်ယင်နေသော အသံ ထွက်ပေါ်လာသည်။သူသည် အရောင်လွင့်နေသော အလုပ်သမား ဝတ်စုံနှင့် ဟောင်းနွမ်းနေသော ရာဘာဖိနပ်တို့ကို ဝတ်ဆင်ထားသည်။ အသားအရေမှာ ညိုမည်းနေပြီး ခန္ဓာကိုယ်ကလည်း အနည်းငယ် ကုန်းနေသည်။ နှစ်ပေါင်းများစွာ အလုပ်ကြမ်းလုပ်ခဲ့ခြင်းကြောင့် ခန္ဓာကိုယ်ပေါ်တွင် ကျန်ရစ်ခဲ့သည့် အမှတ်အသားများပင် ဖြစ်သည်။ယဲ့ အမည်ရှိ ဆံပင်တိုအမျိုးသားက သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။“မထွက်ဘဲ နေရင် ဘာလုပ်ကြမလဲ။ သေဖို့ စောင့်နေကြမလား။ ဒီမှာ ရောက်နေတာ သုံးရက်ရှိပြီ။ သုံးရက်လုံးလုံး ဘာတစ်ခုမှ မစားရသေးဘူး။ ဒီအတိုင်း ဆက်သွားရင် အိပ်မက်ဆိုးသတ္တဝါတွေ လက်တစ်ချောင်းတောင် လှုပ်စရာမလိုဘဲ ငတ်ပြီး သေသွားလိမ့်မယ်။ ပြီးတော့ ဖယောင်းတိုင်တွေလည်း ကုန်တော့မယ်။ ဖယောင်းတိုင် ကုန်သွားတာနဲ့ အကျိုးဆက်က ဘာဖြစ်မလဲဆိုတာ မင်းတို့ကို ပြောပြစရာ မလိုတော့ဘူး မဟုတ်လား”

အသက်လတ်ပိုင်းအမျိုးသားက ကြောက်ရွံ့စွာ ခေါင်းငုံ့သွားပြီး ဘာမှထပ်မပြောရဲတော့ပေ။ ကျန်သူများမှာလည်း တိတ်ဆိတ်နေခဲ့ကြသည်။ထိုအချိန်တွင် ယဲ့အမည်ရှိအမျိုးသားက ထရပ်ပြီး ပြောလိုက်သည်။

“အားလုံးပဲ လမ်းခွဲပြီး ရွာထဲမှာ အစားအစာ သွားရှာကြမယ်။ အခု ညရောက်နေပြီဆိုတော့ အဲဒီ လူသဏ္ဌာန် မွန်းစတားတွေ ပေါ်လာမှာ မဟုတ်သေးဘူး ။ ဒါပေမယ့် အရိပ်လိုကောင်တွေကိုတော့ သတိထားကြ။ ပြီးတော့ ရှာတွေ့သမျှ အစားအစာအားလုံးကို ပြန်ယူလာကြ။ ငါက ခွဲဝေပေးမယ်။ အစားအစာကို ခိုးဝှက်သိမ်းဆည်းရဲတဲ့သူကိုတော့ ပြင်းပြင်းထန်ထန် ကိုင်တွယ်ရလိမ့်မယ်”စကားဆုံးသည်နှင့် သူက ဦးဆောင်ထွက်ခွာရန် ပြင်လိုက်သည်။ ထိုအချိန်တွင် သူတို့အုပ်စုထဲမှ တစ်ဦးတည်းသော အမျိုးသမီးက ယဲ့အမည်ရှိအမျိုးသား၏ လက်ကို အလျင်အမြန် ဆွဲကိုင်လိုက်သည်။ သူမ၏လှပသောမျက်နှာပေါ်တွင် သနားစဖွယ် အကူအညီတောင်းသည့် အမူအရာ ပေါ်နေသည်။“အစ်ကိုယဲ့... ကျွန်မ... ကျွန်မ ကြောက်တယ်၊ အစ်ကိုနဲ့အတူ လိုက်ခဲ့လို့ ရမလား”အမျိုးသမီးသည် ပါးလွှာသော ပိုးသားညအိပ်ဝတ်စုံကို ဝတ်ထားပြီး သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် ကောက်ကြောင်းများကို သိမ်မွေ့စွာ ပေါ်လွင်စေခဲ့သည်။ လည်ပင်းပေါက်မှာ အနည်းငယ် ဟိုက်နေပြီး ဖြူဝင်းသော အသားအရေနှင့် ဆွဲဆောင်မှုရှိသည့် ညှပ်ရိုးကို မြင်တွေ့နေရ၏။ သေးသွယ်သော ပခုံးသိုင်းကြိုးလေးများသည် သူမ၏ လုံးဝန်းသော ပခုံးများပေါ်တွင် တွဲလောင်းကျနေပြီး မည်သည့်အချိန်မဆို လျှောကျသွားတော့မည့်အတိုင်းပင်။

သူမ၏ သနားစရာကောင်းသော အသွင်အပြင်က အခြားသူများကို တိတ်တဆိတ် တံတွေးမြိုချသွားစေပြီး ကာကွယ်ပေးချင်စိတ်များကို ပေါက်ကွဲထွက်ပေါ်လာစေခဲ့သည်။သို့သော် ယဲ့အမည်ရှိအမျိုးသားက မျက်နှာအမူအရာ မပြောင်းဘဲ အေးစက်စွာ ငြင်းဆန်လိုက်သည်။“လမ်းခွဲသွားကြမယ်လို့ ငါ ပြောခဲ့တယ်လေ။ လူများလေ အရိပ်ကောင်တွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခြေ များလေပဲ”အမျိုးသမီးက နောက်ဆုတ်မသွားဘဲ သူမ၏ နူးညံ့သောနှုတ်ခမ်းလေးကို ကိုက်ကာ တောင်းပန်လိုက်သည်။“ကျေးဇူးပြုပြီး အစ်ကိုယဲ့။ ဒီအဖွဲ့ထဲမှာ အစ်ကိုတစ်ယောက်တည်းပဲ ထူးခြားစွမ်းအားပိုင်ဆိုင်ထားတာ။ အစ်ကို တစ်ယောက်တည်းကပဲ ကျွန်မကို ကာကွယ်ပေးနိုင်မှာမို့ ကျေးဇူးပြုပြီး ခေါ်သွားပေးပါ။ ကျွန်မကို ခေါ်သွားပေးပါ။ ကျွန်မ... ဘာမဆို လုပ်ပေးပါ့မယ်”ယဲ့အမည်ရှိအမျိုးသားက အထင်သေးသည့်အပြုံးဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူမ၏လက်ကို စာနာမှုကင်းမဲ့စွာ ဖြုတ်ချလိုက်သည်။“ငါက ထူးခြားစွမ်းအားရှင်ဆိုတာ မင်း သိနေမှတော့ မင်း သိနေမှတော့ ငါ့ပတ်ဝန်းကျင်မှာ မင်းလိုလူတွေ အများကြီးရှိတယ်ဆိုတာလည်း နားလည်သင့်တယ်။ လက်တွေ့ကမ္ဘာမှာဆို ကိစ္စမရှိဘူး။ ဒါပေမယ့် ဒီနေရာက အိပ်မက်ဆိုးကမ္ဘာ။ ငါ့ကိုယ်ငါတောင် အနိုင်နိုင် ကာကွယ်နေရတာ။ မင်းကို ကာကွယ်ပေးဖို့ဆိုတာ အဝေးကြီးပဲ”

“မင်းက ဘာမဆိုလုပ်ပေးနိုင်တယ်လို့ ပြောတယ်မလား။ ဒါဆို အမှောင်ထဲမှာ ပုန်းနေတဲ့ အရိပ်ကောင်တွေကို သွားဖမ်းလိုက်။ အဲဒီလို လုပ်နိုင်ရင် မင်းကို ငါ အချိန်ပြည့် ကာကွယ်ပေးမယ်”အမျိုးသမီး၏မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားပြီး ခွန်အားအားလုံး စုပ်ယူခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ယဲ့အမည်ရှိအမျိုးသားက သူမကို အေးစက်စွာ တစ်ချက်ကြည့်ပြီး မီးအိမ်ကို ကောက်ကိုင်ကာ လှည့်ထွက်သွားလိုက်သည်။ မကြာမီ သူ၏ပုံရိပ်သည် အမှောင်ထုအတွင်း ပျောက်ကွယ်သွားတော့သည်။စိတ်ပျက်အားငယ်နေသော အမျိုးသမီးက ကျန်သူများထံသို့ အကူအညီတောင်းသည့် အကြည့်ဖြင့် လှည့်ကြည့်လိုက်သော်လည်း မည်သူကမျှ တုံ့ပြန်ခြင်း မရှိခဲ့ပေ။ကျန်သူများသည်လည်း အရူးများမဟုတ်ကြပေ။ ဝန်ထုပ်ဝန်ပိုးတစ်ယောက်ကို မည်သူမျှ မယူချင်ကြပေ။ သူတို့အားလုံး မီးအိမ်များကို ကိုယ်စီယူကာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ အသက်လတ်ပိုင်းအမျိုးသားတစ်ဦးသာ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် ပြောလိုက်သည်။“မင်း... ငါနဲ့ လိုက်ခဲ့လေ၊ အချင်းချင်း စောင့်ရှောက်ဖို့ လူတစ်ယောက် ရှိနေတာ ကောင်းပါတယ်”အမျိုးသမီး၏မျက်နှာပေါ်တွင် ဝမ်းသာသွားသည့် အမူအရာ ပေါ်လာပြီး ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်သည်။ သူမ၏ ဖြူဖွေးသွယ်လျသော လက်များဖြင့် အသက်လတ်ပိုင်းအမျိုးသား၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဖက်တွယ်လိုက်ပြီး နှစ်ဦးသား မီးအိမ်များကို ကောက်ယူကာ အိမ်ထဲမှ ထွက်ခွာလာခဲ့ကြသည်။နှစ်ဦးသား အမှောင်ထုအတွင်း သတိကြီးကြီးဖြင့် လျှောက်လှမ်းနေကြသည်။ သူတို့လက်ထဲရှိ စက္ကူမီးအိမ်ဖြူများမှ ဖယောင်းတိုင်အလင်းရောင် မှိန်ဖျော့ဖျော့သာ ထွက်ပေါ်နေသည်။ သူတို့၏ခန္ဓာကိုယ်များမှာ အလွန်နီးကပ်စွာ ထိကပ်နေကြသဖြင့် တစ်ဦး၏နှလုံးခုန်သံကို တစ်ဦးကပင် ရှင်းလင်းစွာ ကြားနေရသည်။အချိန်မည်မျှကြာသွားသည်မသိ။ အမှောင်ထုထဲတွင် အမျိုးသမီး၏အသံ ထွက်ပေါ်လာခဲ့သည်။“ဦးလေးလီ …ကျွန်မတို့ အသက်ရှင်လျက် ပြန်ရောက်နိုင်မယ်လို့ ထင်လား။”လီချန်၏ ခန္ဓာကိုယ် အနည်းငယ်တောင့်တင်းသွားသော်လည်း သူက နှစ်သိမ့်ပေးရန် ကြိုးစားကာ ပြောလိုက်သည်။“မိန်းကလေးဝမ်...”“လီလီလို့ပဲ ခေါ်ပါ။ ဦးလေးလီ... ဦးလေးက လူကောင်းတစ်ယောက်ပဲ၊ သူတို့နဲ့ မတူဘူး။”“လီလီ… ငါတို့ သေချာပေါက် အသက်ရှင်လျက် ပြန်ရောက်မှာပါ”လီချန်၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု ပေါ်လာပြီး တစ်ချိန်တည်းမှာပင် သူ့လက်မောင်းကို ဖက်ထားသော လက်များက ပို၍ တင်းကျပ်လာသည်။ထိုနူးညံ့သော ထိတွေ့မှုက သူ့ရင်ထဲရှိ ကြောက်ရွံ့မှုကို အနည်းငယ် ပြေလျော့စေခဲ့သည်။ သို့သော်... ထိုအချိန်မှာပင်။ဂျောက်...သူတို့နှစ်ဦးဘေးရှိ လမ်းကြားလေးတစ်ခုမှ သစ်ကိုင်းကျိုးသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

တစ်စုံတစ်ယောက်က မြေကြီးပေါ်ရှိ သစ်ကိုင်းခြောက်ကို နင်းမိသွားသည့် အသံနှင့် ဆင်တူနေသည်။

နှစ်ဦးသား၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားပြီးနောက် လျင်မြန်စွာ မီးအိမ်များကို မြှောက်ပြီး လမ်းကြားထဲသို့ အလင်းပေးလိုက်ကြသည်။ အတွင်းပိုင်းမှာ မည်းမှောင်နေပြီး အရာအားလုံးကို တိတ်တဆိတ် ဝါးမျိုနေသည့် အမှောင်တွင်းနက်ကြီးတစ်ခုပမာ ဖြစ်နေ၏။“ဘယ်သူလဲ၊ အဲဒီမှာ ဘယ်သူလဲ”လီချန်က ထိတ်လန့်တကြား မေးလိုက်သည်။“အစ်ကိုယဲ့လား… ဒါမှမဟုတ် ဝမ်ထောင်လား...”မှိန်ဖျော့သော ဖယောင်းတိုင်မီးရောင်အောက်တွင်၊ ပုံရိပ်တစ်ခုသည် မှောင်မိုက်နေသော လမ်းကြားထဲ၌ မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ဘဲ တိတ်ဆိတ်စွာ ရပ်နေသကဲ့သို့ ရှိသည်။ ထိုပုံရိပ်မှာ ပိန်ပါးပြီး အရပ်ရှည်ရှည် ဖြစ်၏။လီချန်က သတ္တိကို စုစည်းကာ မီးအိမ်ကို မြှောက်ပြီး ထိုသူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ကြိုးစားလိုက်သည်။

ထိုအချိန်တွင် ပုံရိပ်က လှုပ်ရှားလာခဲ့သည်။သူက ရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းလာပြီး တမင်တကာ ဖယောင်းတိုင်အလင်းရောင် ကျရောက်သည့်နေရာအတွင်းသို့ ဝင်လာသကဲ့သို့ ဖြစ်သည်။ သူ၏မျက်နှာပေါ်မှ အရိပ်များစွာက ပိုးကောင်ငယ်များကဲ့သို့ တဖြည်းဖြည်း နောက်ဆုတ်သွားပြီး ဖြူဖျော့သောမျက်နှာတစ်ခုကို ဖော်ထုတ်ပေးလိုက်သည်။သူ၏ မျက်နှာမှာ နူးညံ့ပြီး ချောမောသောအသွင်ရှိသည်။ အဆင့်မြင့် အညိုရောင်မျက်မှန်တစ်လက်ကို တပ်ဆင်ထားပြီး ယဉ်ကျေးကာ အထက်တန်းဆန်လှသော အပြုံးတစ်ခုကိုလည်း ဆင်မြန်းထားသည်။ သူ၏ဖြူဖျော့နေသော အသားအရေမှာပင် ဖယောင်းတိုင်အလင်းရောင်အောက်တွင် တောက်ပနေခဲ့တော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment