အခန်း (၂၈)
“အားလုံးပဲ... အခုချက်ချင်း အခန်းထောင့်တွေမှာ ခွဲပြီး ပုန်းနေကြ။ နားတွေကိုပိတ်ထား။ အပြင်ကလူတွေ ဘာပဲပြောပြော တံခါးကို လုံးဝ မဖွင့်ပေးနဲ့”ယဲ့ဖန်ယွီ ထပ်မံ ညွှန်ကြားနေစရာပင် မလိုတော့ဘဲ ကျန်သူများက ကိုယ့်နေရာကိုယ် အသီးသီး ရှာပြီးသားဖြစ်သည်။ တစ်ယောက်ချင်းစီ အခန်းထောင့်များတွင် ကိုယ်ကိုကျုံ့ကာ ထိုင်နေကြပြီး လက်များကို ဦးခေါင်းနောက်တွင်ထား၍ ကြောက်ရွံ့တုန်လှုပ်နေကြသည်။ပြီးခဲ့သည့် သုံးရက်အတွင်း သူတို့သည် ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ကြရသည်။ အခြေခံအားဖြင့် နေ့ဘက်ရောက်သည်နှင့် ရွာသားအုပ်စုကြီး၏ ဝိုင်းဝန်းခြင်းကို ခံကြရသည်။ ထိုရွာသားများသည် ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်သည့်အပြင် မိမိတို့၏ ဆွေမျိုးများအဖြစ်ပင် ဟန်ဆောင်ကာ တံခါးဖွင့်လာအောင် လှည့်ဖြားနိုင်ကြသည်။ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ မကြည့်ရန်၊ မကြားရန်နှင့် ဘာတစ်ခွန်းမှ ပြန်မဖြေရန်ပင် ဖြစ်သည်။အိမ်အပြင်ဘက်တွင်တော့—လီချန် က တံခါးကို အချိန်အတော်ကြာ ခေါက်နေခဲ့သော်လည်း မည်သူကမျှ လာမဖွင့်ပေးခဲ့ပေ။“ထူးဆန်းလိုက်တာ။ သူတို့ ဘာဖြစ်နေကြတာလဲ။ ဘာလို့ တံခါးမဖွင့်တာလဲ။ အထဲမှာ လူတွေရှိနေတာ သိသာနေတာပဲ။”“နားလည်မှုလွဲနေတာ ဖြစ်မယ်” စုမူက အထဲမှလူများ ဘာတွေးနေကြသည်ကို အကြမ်းဖျင်း ခန့်မှန်းလိုက်မိသည်။ သူ့သည် နောက်ဘက်ရှိ “ဇွန်ဘီ” များကဲ့သို့ တန်းစီရပ်နေကြသော လူများကို ပြန်လှည့်ကြည့်လိုက်သည်။ အိပ်မက်ဆိုး ကမ္ဘာ ထဲတွင် လူသဏ္ဌာန် မွန်းစတားများ၏ သုံးရက်တိုင်တိုင် လိုက်လံဖမ်းဆီးခြင်းကို ခံထားရပြီးနောက် ယခုလို အနက်ရောင်ဝတ် လူအုပ်ကြီးကို ရုတ်တရက် မြင်တွေ့လိုက်ရပါက ကြောက်လန့်သွားမည်မှာ အသေအချာပင်။အထူးသဖြင့် ထိုအနက်ရောင်ဝတ်လူ အားလုံးမှာ စိတ်ညှို့ခံထားရသူများ ဖြစ်ကြပြီး သူတို့၏စိတ်ထဲတွင် “ခေါင်းဆောင်ကြီး အတွက်…” ဆိုသည့် အတွေးတစ်ခုတည်းသာ ရှိနေသည်။ သူတို့တွင် ကြောက်ရွံ့မှု လုံးဝ မရှိကြရာ ဤနေရာနှင့် အနည်းငယ် လိုက်ဖက်မှု မရှိသလိုပင် ဖြစ်နေသည်။“ခေါင်းဆောင်ကြီး၊ ကျွန်တော် တံခါးကို ဖျက်ဖွင့်လိုက်မယ်”
ကျောက်ချောင်ယောင် က ခွင့်တောင်းလိုက်သည်။“လုပ်လိုက်လေ”
စုမူက ခေါင်းညိတ်လိုက်သော်လည်း၊ ရန်တုန်ချင်း က ရှေ့သို့ တိုးလာခဲ့သည်။
“မလိုပါဘူး၊ ငါ သူတို့နဲ့ စကားပြောလိုက်မယ်။ မဆင်မခြင် တံခါးကို ဖျက်ဝင်တာက အထင်လွဲမှုတွေ ပိုဖြစ်စေနိုင်တယ်”
ထိုသို့ပြောပြီး ရန်တုန်ချင်းက တံခါးရှေ့သို့ သွားကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။“အထင် မလွဲကြပါနဲ့။ ကျွန်တော်တို့က အိပ်မက်ဆိုး မွန်းစတားတွေ မဟုတ်ပါဘူး။ ခင်ဗျားတို့လို အိပ်မက်ဆိုး တမန်တော်တွေပါ၊ ဒါပေမယ့် ကျွန်တော်တို့က သုံးရက်နောက်ကျပြီးမှ ဒီထဲကို ဝင်လာခဲ့တာပါ။ ကျွန်တော်က ထူးခြားစွမ်းအားရှင် တစ်ယောက်ပါ။ တံခါးဖွင့်ပြီး ဒီ အိပ်မက်ဆိုး ကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ အတူတူ ဆွေးနွေးကြရအောင်”အခန်းတွင်းမှ မည်သူကမျှ တုံ့ပြန်ခြင်း မရှိခဲ့ပေ။ရန်တုန်ချင်း : “......”ဝုန်း…သူက တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်သည်။ ပျက်စီးနေပြီဖြစ်သော သံတံခါးက မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျသွားပြီး စူးရှသော သတ္တုအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။တံခါးပွင့်သွားသည့်အခိုက်တွင် ရန်တုန်ချင်းသည် ကျည်ဆန်အရွယ်အစားခန့်ရှိသော မီးတောက်တစ်ခု၏ ဆီးကြိုတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။မီးတောက်ကျည်ဆန်သည် လေထဲတွင် ဖြတ်သန်းသွားပြီး ၎င်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်ရှိ လေထုကို လောင်ကျွမ်းကာ ပုံပျက်သွားစေပြီးနောက် ညအမှောင်ထဲတွင် ရှည်လျားပြီး တောက်ပသော မီးတန်းတစ်ကြောင်း ချန်ထားရစ်ခဲ့လေသည်။ရန်တုန်ချင်း၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ရှောင်ရန်အချိန် လုံးဝမရှိသဖြင့် လက်ကိုဆန့်ကာ ထိုအရာကို တိုက်ရိုက် ဖမ်းဆီးလိုက်ရသည်။ သူ၏ လက်ဖဝါးပြင်ထက်တွင် သံမဏိကဲ့သို့ မာကျောသော အရောင်များ ပေါ်ထွက်လာခဲ့သည်။ဝုန်း…မီးတောက်များ အပြင်းအထန် ပေါက်ကွဲထွက်လာပြီး ထိုမီးတောက်များကြားတွင် ရန်တုန်ချင်းသည် အမြောက်ဆံနှင့် ထိပ်တိုက် အပစ်ခံလိုက်ရသကဲ့သို့ နောက်သို့ လွင့်ထွက်သွားကာ သူ၏ လက်ဖဝါးများမှာ မည်းကျွမ်းသွားခဲ့၏။
အခန်းထဲမှ ယဲ့ဖန်ယွီ၏ အံ့ဩကာ မယုံနိုင်သေးသည့် အသံ ထွက်ပေါ်လာခဲ့သည်။“ ‘သံမဏိ နှလုံးသား’… မင်းက တကယ်ပဲ ထူးခြားစွမ်းအားရှင် တစ်ယောက်ပဲ”ထိုအချိန်တွင် သူက လက်တစ်ဖက်ဖြင့် လက်ညှိုးနှင့် လက်မကို ထောင်ထားပြီး ကျန်လက်သုံးချောင်းကို ကွေးထားကာ သေနတ်ပုံစံ ပြုလုပ်ထားသည်။ ကလေးတစ်ယောက်က လက်ဖြင့် သေနတ်ပုံစံလုပ်ကာ “ဒိုင်း... ဒိုင်း... ဒိုင်း...” ဟု အသံမြည်လျက် ကစားနေသည်နှင့်ပင် ဆင်တူနေသည်။ သို့သော် သူ၏ လက်ညှိုးထိပ်တွင်မူ တောက်ပသော မီးတောက်တစ်ခု လောင်ကျွမ်းနေပြီး မှိန်ဖျော့နေသော အခန်းအတွင်းတွင် ထူးခြားစွာ လင်းလက်နေခဲ့သည်။“သောက်ကျိုးနည်း”
ရန်တုန်ချင်းက မြေပြင်မှ အလျင်အမြန်ပြန်ထလာရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ငါတို့က အိပ်မက်ဆိုး မွန်းစတားတွေ မဟုတ်ဘူးလို့ ခုနကတင် ပြောခဲ့တယ် မဟုတ်ဘူးလား”“အထင်လွဲသွားတာပါ၊ အထင်လွဲသွားတာပါ” ယဲ့ဖန်ယွီ၏ အံ့အားသင့်သည့် အမူအရာများ ပေါ်လွင်နေသော်လည်း၊ သူ၏ ညာလက်မှာ သေနတ်ပုံစံအတိုင်း ရှိနေဆဲဖြစ်ပြီး လက်ချောင်းထိပ်မှ မီးတောက်မှာလည်း မပျောက်ကွယ်သွားသေးပေ။
“မင်းတို့ မသိသေးလို့ပါ၊ ဒီအိပ်မက်ဆိုးထဲမှာ လူသားတွေအဖြစ် အသွင်ယူထားတဲ့ မွန်းစတား တွေ အများကြီးရှိတယ်။ သူတို့က ငါတို့ကို တံခါးဖွင့်ပေးအောင် နည်းလမ်းမျိုးစုံနဲ့ လှည့်စားတတ်ကြတယ်၊ ဒါကြောင့်မို့ ငါ မယုံနိုင်ခဲ့တာပါ”“ဒါပေမယ့် ခုနက မင်းသုံးလိုက်တဲ့ စွမ်းရည်က တကယ်ပဲ ‘သံမဏိ နှလုံးသား’ ဖြစ်နေတယ်။ အဲဒီ မွန်းစတား တွေကလည်း တံခါးနဲ့ ပြတင်းပေါက်တွေကို ဖျက်ပြီး ဝင်နိုင်မှာမဟုတ်ဘူးလေ။ အစောပိုင်းက ငါ တုံ့ပြန်လိုက်တာက အလိုအလျောက် တုံ့ပြန်မိတာပဲ။ အခုတော့ မင်းက ထူးခြားစွမ်းအားရှင် ဖြစ်ပြီး အိပ်မက်ဆိုး မွန်းစတားမဟုတ်ဘူးဆိုတာ သေချာသွားပါပြီ”ရန်တုန်ချင်းက အဝတ်အစားပေါ်က ဖုန်မှုန့်များကို လက်ဖြင့် ခါထုတ်လိုက်ပြီး သူ့မျက်နှာအမူအရာမှာ အနည်းငယ် ပျော့ပျောင်းလာသည်။ထို့နောက် ယဲ့ဖန်ယွီ၏ အကြည့်က စုမူနှင့် အခြားသူများဆီသို့ ရောက်သွားပြီး သတိထားနေသည့် အမူအရာဖြင့် မေးလိုက်သည်။“မင်းက အိပ်မက်ဆိုး မွန်းစတား မဟုတ်ဘူးဆိုတာကို ငါ အတည်ပြုနိုင်ပေမဲ့ သူတို့ကရော ဘယ်လိုလဲ။ ဘာလို့ သူတို့ အားလုံး အဝတ်အစား တူတူတွေ ဝတ်ထားကြတာလဲ”မြွေပုံစံထွင်းထားသော သစ်သားတုတ်ကောက်ကို မှီထားသည့် စုမူက ရှေ့သို့ ခြေတစ်လှမ်း တိုးလာပြီး ပြုံး၍ ပြောလိုက်သည်။“ဘာဖြစ်လို့လဲ… အိပ်မက်ဆိုး တမန်တော်တွေအတွက် ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး သတ်မှတ်ချက်တွေ ရှိလို့လား”“အဝတ်အစားနဲ့ ပတ်သက်တဲ့ စည်းမျဉ်းရှိလို့ မဟုတ်ပါဘူး။ အိပ်မက်ဆိုး တမန်တော်တွေ အားလုံးက တစ်ယောက်ချင်းစီ ဝင်လာရတာ။ ပြီးတော့ ဝင်လာတိုင်း ကြုံရတဲ့ အိပ်မက်ဆိုး ကလည်း ကျပန်းဖြစ်တယ်။ မင်းတို့က အဖွဲ့အစည်းတစ်ခုတည်းက လူတွေလိုပဲ။ အိပ်မက်ဆိုး တမန်တော် တွေက ဘယ်အချိန်ကစပြီး အဖွဲ့လိုက် ဝင်လို့ရသွားတာလဲ။”“မဝင်ခင်ကတည်းက အဖွဲ့ဖွဲ့ပြီး ဝတ်စုံတွေကိုတောင် ကြိုတင်ပြင်ဆင်ထားတယ်လို့တော့ ငါ့ကို လာမပြောနဲ့နော်”“ငါ့ကို သင့်တော်တဲ့ ရှင်းပြချက်တစ်ခု ပေးတာကောင်းမယ်။ မဟုတ်ရင် မင်းတို့က လူသားတွေမဟုတ်ဘဲ အိပ်မက်ဆိုး မွန်းစတားတွေပဲလို့ ငါ သံသယ ဝင်ရလိမ့်မယ်”ယဲ့ဖန်ယွီက ညာလက်ကို ဘယ်လက်ဖြင့် ပင့်ကိုင်ထားပြီး စုမူနှင့် အခြားသူများကို သေချာချိန်ရွယ်ထားလိုက်သည်။ သူ၏ လက်ညှိုးထိပ်ရှိ မီးတောက်သာ မရှိပါက ဤမြင်ကွင်းမှာ အနည်းငယ်ပင် ရယ်စရာကောင်းနေပေလိမ့်မည်။စုမူ၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ပေါ်လာလေသည်။ အိပ်မက်ဆိုး တမန်တော် များ အိပ်မက်ဆိုး ကမ္ဘာ ထဲသို့ ဝင်ရောက်ပုံမှာ ဂိမ်းထဲတွင် အဖွဲ့ဖွဲ့ရန် ကစားသမားများကို ကျပန်းတွဲပေးသည့်ပုံစံနှင့် တူနေသည်။ ဝင်ရောက်တိုင်း မတူညီသည့် အဖော်များနှင့် တွေ့ရပြီး တစ်ယောက်တည်းသာ ဝင်နိုင်ကာ အဖွဲ့လိုက် ဝင်၍မရပေ။ထိုအချက်ကြောင့်ပင် ယဲ့ဖန်ယွီက သတိထားနေခြင်း ဖြစ်သည်။ဘယ်လို လိမ်ပြောရမလဲ။စုမူအနေဖြင့် သူ၏အိပ်မက်ကို အသုံးပြုပြီး အားလုံးကို တစ်ခုတည်းသော အိပ်မက်ဆိုး ထဲသို့ ခေါ်သွင်းခဲ့ကြောင်း လုံးဝ ဖော်ပြ၍မရပေ။ အမှန်အတိုင်းပြောလျှင်ပင် တစ်ဖက်လူက ယုံမည်မဟုတ်ပေ။ဒါဆို……စုမူက အညိုရောင် မျက်မှန်ကို အပေါ်သို့ တွန်းတင်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့ ပေါ်လာသည်။“အလွန် သင့်တော်တဲ့ မေးခွန်းပါပဲ၊ ဒါပေမဲ့... ကျွန်တော်လည်း မေးချင်တာတစ်ခုရှိတယ်။ ခင်ဗျားက ကိုယ့်ကိုယ်ကို ဘယ်သူလို့ ထင်နေတာလဲ။ ကျွန်တော့်ဆီက ရှင်းပြချက်တောင်းဖို့ ခင်ဗျားက ထိုက်တန်တယ်လို့ ထင်နေတာလား”ဂျောက်... ဂျောက်...ရေတွက်၍ မရနိုင်သော သေနတ်မောင်းတင်သံများ ထွက်ပေါ်လာခဲ့တော့သည်။အနက်ရောင်ပစ္စတို ဒါဇင်ကျော်က ယဲ့ဖန်ယွီထံ သို့ ချိန်ရွယ်ထားလိုက်ကြသည်။ယဲ့ဖန်ယွီ၏ နဖူးတစ်ပြင်လုံး ချွေးစေးများ ထွက်လာပြီး လက်ညှိုးထိပ်ရှိ မီးတောက်ကိုပင် မငြိမ်းအောင် အားကုန်ထိန်းထားရသလို ဖြစ်သွားသည်။ သေနတ်များစွာက အနီးကပ် တည့်တည့်ချိန်ထားခြင်းခံရသည့် တင်းကျပ်လှသော ခံစားချက်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။သူသည် ထူးခြားစွမ်းအားရှင် တစ်ယောက်ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်က သံမဏိကဲ့သို့ မမာကျောပေ။ ဤမျှ နီးကပ်သော အကွာအဝေးမှ သေနတ် ဆယ်လက်ကျော်ဖြင့် ချိန်ရွယ်ခံထားရပါက သူ သေချာပေါက် သေဆုံးရမည်သာ ဖြစ်သည်။
အထူးသဖြင့် ထိုလက်နက်ကိုင်လူများ၏ မျက်လုံးထဲမှ အကြည့်ကို မြင်တွေ့လိုက်ရပြီးနောက် သူ ပို၍ပင် ထိတ်လန့်သွားခဲ့သည်။
ထိုအနက်ရောင်ဝတ် လူအတန်းလိုက်ကြီးသည် ကျောက်ရုပ်များပမာ တည့်မတ်စွာ ရပ်တန့်နေကြပြီး အားလုံးမှာ မျက်နှာအမူအရာ ကင်းမဲ့နေကြသည်။သူတို့၏ မျက်လုံးများထဲတွင် အေးစက်မှုများ ပြည့်နှက်နေပြီး အချိန်မရွေး ပစ်ခတ်နိုင်သည့်ပုံစံ ဖြစ်နေကြသည်။ မှိန်ဖျော့သော လရောင်က သူတို့၏ မျက်နှာများပေါ်သို့ ဖြာကျနေသဖြင့် မျက်နှာအမူအရာများကို ပို၍ပင် အေးစက်ကာ ကြောက်မက်ဖွယ်ကောင်းလာစေတော့သည်။