အခန်း (၂၉)
“မစ္စတာ ယဲ့ အနေနဲ့ ကျွန်တော့်ရဲ့ ရှင်းပြချက်ကို ကျေနပ်ပါရဲ့လား” စုမူ၏ သိမ်မွေ့သော အသံက ထွက်ပေါ်လာခဲ့သည်။ယဲ့ဖန်ယွီ သည် တောင့်တင်းသွားပြီး မည်သည့်လှုပ်ရှားမှုမျှ မပြုရဲတော့ပေ။စုမူက ပြုံးလိုက်သည်။ သူ ဤသို့ လုပ်ဆောင်ရခြင်းမှာ ယဲ့ဖန်ယွီအနေဖြင့် ကျည်ဆန်များကို ခုခံနိုင်မည်မဟုတ်ကြောင်း သေချာသိထားသောကြောင့်ပင်။ လီချန်ထံမှ လူသဏ္ဌာန်မွန်းစတားများ၏ အစွမ်းအစနှင့် ၎င်းတို့ကို အမဲလိုက်စဉ်က ယဲ့ဖန်ယွီ၏ စွမ်းဆောင်ရည် အကြောင်းကို သူ သိရှိထားပြီးဖြစ်သည်။ထိုလူသဏ္ဌာန် မွန်းစတားများသည် သာမန်လူများထက် အဆများစွာ ပိုမိုသန်မာကြပြီး အလွန် အစွမ်းထက်သော ပြန်လည်ကုစားနိုင်စွမ်းလည်း ရှိကြသည်။ ဦးခေါင်းကို ပစ်ခွဲလိုက်လျှင်ပင် သတ်ရန် အလွန်ခက်ခဲနေသေးသည်။ ဤအင်အား အဆင့်သည် သာမန်လူများကို သဘာဝအတိုင်း အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိ၏။ သို့သော် တစ်ဦးချင်း ရင်ဆိုင်တိုက်ခိုက်မည်ဆိုလျှင် ရန်တုန်ချင်းက ထိုမွန်းစတားများကို သေချာပေါက် အနိုင်ရမည်ဖြစ်သည်။ ကံဆိုးသည်မှာ လူသဏ္ဌာန်မွန်းစတာများသည် တစ်ကောင်တည်း လှုပ်ရှားလေ့မရှိကြပေ။ သူတို့သည် များသောအားဖြင့် တစ်ကြိမ်လျှင် ရာနှင့်ချီ၍ အုပ်စုလိုက် ထွက်ပေါ်လာတတ်ကြသည်။
ယဲ့ဖန်ယွီသည်လည်း လွန်ခဲ့သည့် သုံးရက်အတွင်း ထို လူသဏ္ဌာန် မွန်းစတားများနှင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသည်။ တိုက်ခိုက်မှုတိုင်းတွင် အဝေးမှနေ၍ သူ၏ လက်ချောင်းထိပ်များမှ မီးတောက်ကျည်ဆန်များ ပစ်လွှတ်ခဲ့ပြီး ထိုမွန်းစတားများကို အနားသို့ အကပ်မခံခဲ့ပေ။ အနီးသို့ ရောက်လာသည်နှင့် သူသည် ချက်ချင်း လှည့်၍ ထွက်ပြေးတတ်သည်။ ထို့ကြောင့် ဤသုံးရက်အတွင်း သူတို့သည် အချိန်အများစုကို အိမ်ထဲတွင်သာ ပုန်းအောင်းနေခဲ့ကြသည်ဟု ဆိုနိုင်ပေသည်။ထိုအချက်များကိုကြည့်လျှင် ယဲ့ဖန်ယွီ၏ ထူးခြားစွမ်းအားသည် မီးနှင့် ဆက်စပ်နေပြီး ရန်တုန်ချင်းကဲ့သို့ ကျည်ဆန်ဒဏ်ခံနိုင်သည့် ကာကွယ်ရေးအစွမ်းမျိုး သူ့တွင် မရှိကြောင်း သိသာလှသည်။တင်းမာနေသော အခြေအနေမှာ ခဏမျှသာ ကြာမြင့်ခဲ့ပြီးနောက် ယဲ့ဖန်ယွီက လက်ချောင်းထိပ်ရှိ မီးတောက်ကို ရုတ်တရက် ရုတ်သိမ်းလိုက်ပြီး အတင်းပြုံးကာ ပြောလိုက်သည်။“ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။ ကျွန်တော် ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ကျွန်တော်က အရမ်း ပွင့်လင်းလွန်းပြီး စကားပြော မတတ်လို့ပါ”
“အဓိက အကြောင်းအရင်းကတော့ ဒီရက်ပိုင်း အိပ်မက်ဆိုးကမ္ဘာထဲမှာ ဖိအားတွေများလွန်းလို့ စိတ်က နည်းနည်းတင်းကျပ်နေခဲ့လို့ပါ။ အခု သေချာ ပြန်စဉ်းစားကြည့်တော့ ခင်ဗျားတို့သာ အိပ်မက်ဆိုး မွန်းစတား သာဆိုရင် တံခါးပွင့်ပွင့်ချင်း ကျွန်တော်တို့အားလုံးကို သတ်ပြီးသားဖြစ်မှာပေါ့။”“ကျွန်တော် မမှားဘူးဆိုရင် ခင်ဗျားလည်း ထူးခြားစွမ်းအားရှင်တစ်ယောက် ဖြစ်ရမယ်။ ခင်ဗျားရဲ့ ထူးခြားစွမ်းအားက ရုပ်သေးရုပ်တွေ ဒါမှမဟုတ် အဲဒီလိုမျိုး တစ်ခုခုနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်တယ်။ ဒီလူတွေက ခင်ဗျား ထိန်းချုပ်ထားတဲ့ ရုပ်သေးတွေ ဖြစ်လောက်တယ်။ ဒါကြောင့်ပဲ အားလုံးက အိပ်မက်ဆိုးကမ္ဘာထဲကို အတူတူ ဝင်လာနိုင်တာဖြစ်မယ်။”စုမူက အသာအယာ ပြုံးလိုက်ပြီး ဘာမျှမပြောဘဲ မြွေပုံစံ တုတ်ကောက်ဖြင့် မြေပြင်ကို ညင်သာစွာ ခေါက်လိုက်သည်။အနက်ရောင်ဝတ်ထားသော လူတစ်ဒါဇင်ကျော်က တစ်ပြိုင်နက်တည်း သေနတ်များကို သိမ်းလိုက်ကြပြီး ကျောက်ရုပ်များကဲ့သို့ မူလနေရာတွင် ဆက်လက်ရပ်နေကြသည်။ဤသည်မှာ အင်အားရှိခြင်း၏ အရေးပါမှုပင် ဖြစ်သည်။အင်အားရှိလာသည်နှင့် ယုတ္တိမတန်သည့် အရာအားလုံးသည် ယုတ္တိကျကျ ရှင်းပြခြင်း ခံရမည်ဖြစ်ပြီး ထူးခြားစွမ်းအားရှင်များကပင် သင့်ဘက်မှ ကာကွယ်ပြောဆိုပေးကြလိမ့်မည် ဖြစ်သည်။အခုလည်း ထိုနည်းအတိုင်းပင်။ မင်းက အကြောင်းပြချက်တစ်ခု ဖန်တီးနေစရာပင် မလိုဘဲ တစ်ဖက်လူ ကိုယ်တိုင် အကြောင်းပြချက် ရှာပေးပြီးသား ဖြစ်နေသည်။စုမူက ယဲ့ဖန်ယွီထံ လျှောက်သွားပြီး သူ့ပခုံးကို ညင်သာစွာ ပုတ်လိုက်ကာ နွေးထွေးစွာ ပြုံး၍ ပြောလိုက်သည်။“ခင်ဗျား ဒီလောက်ထိ မြင်တတ်မယ်လို့ မထင်ထားဘူး။ မစ္စတာ ယဲ့ ရဲ့ ထိုးထွင်းမြင်နိုင်စွမ်းက တကယ်ထူးခြားတာပဲ။”ယဲ့ဖန်ယွီက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး သူ၏ ပခုံးပေါ်ရှိ စုမူ၏ လက်ကို လှမ်းကြည့်နေခဲ့မိသည်။ တစ်ဖက်လူက ရုတ်တရက် တစ်ခုခု လုပ်လိုက်မည်ကို ကြောက်ရွံ့နေသည့်အလားပင်။
“ခင်ဗျား နာမည်ကို မေးလို့ ရမလား”“ကျွန်တော့်နာမည်က စုမူပါ။ မစ္စတာ ယဲ့ နဲ့ ဒီအိပ်မက်ဆိုးကို အတူတူ ဖြတ်သန်းခွင့် ရတဲ့အတွက် ဂုဏ်ယူပါတယ်”
ယဲ့ဖန်ယွီက ပျာယာခတ်စွာဖြင့် အလျင်အမြန် ပြန်ပြောလိုက်သည်။“မဟုတ်တာ… ဂုဏ်ယူရမှာက ကျွန်တော်ပါ။ထူးခြားစွမ်းအားရှင် နှစ်ယောက် ထပ်ပြီး ပါလာတော့ ဒီအိပ်မက်ဆိုးထဲကနေ အသက်ရှင် လွတ်မြောက်နိုင်မယ့် အခွင့်အရေးက သိသိသာသာကို တိုးတက်လာပြီပေါ့”
ဝမ်လီနှင့် အခြားသူများက ထိုမြင်ကွင်းကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်နေကြသည်။ သူတို့သည် ယဲ့ဖန်ယွီနှင့် သုံးရက်လုံး အတူရှိခဲ့ကြသောကြောင့် ထိုလူ၏ အကျင့်စရိုက်ကို ကောင်းစွာ သိရှိထားကြသည်။
မာနကြီးသည်၊ တစ်ကိုယ်ကောင်းဆန်သည်၊ ပြီးတော့ ရက်စက်သည်။သို့သော် မိမိထက် အင်အားကြီးသူတစ်ယောက်နှင့် တွေ့လိုက်သည့်အခါ ထိုထင်ရှားသော စရိုက်များအားလုံးသည် နူးညံ့ခြင်း၊ နှိမ့်ချခြင်းနှင့် ယဉ်ကျေးခြင်းတို့အဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့လေပြီ။ထို့နောက် လူတိုင်းသည် တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်ကာ ရင်းနှီးစွာ စကားစမြည် ပြောဆိုခဲ့ကြပြီး လေထုမှာ အလွန် သာယာပြီး သဟဇာတ ဖြစ်သွားခဲ့၏။သို့သော်လည်း အချင်းချင်း အဆင်မပြေသော လူနှစ်ယောက် ရှိနေခဲ့သည်။ လီချန် နှင့် ဝမ်လီပင်။ရိုးသားပုံပေါက်သည့် အသက်လတ်ပိုင်းအမျိုးသားက ဝမ်လီကို မကြာခဏ လှမ်းကြည့်နေပြီး တစ်ခုခု ပြောချင်သော်လည်း မျိုသိပ်ထားပုံရသည်။ဝမ်လီသည် ရင်ထဲတွင် ထိတ်လန့်နေပြီး လီချန် က သူမ ခုနက လုပ်ခဲ့သည့် လုပ်ရပ်ကို ပြန်ပြောရဲပါက သူမဘက်မှ ချက်ချင်း ပြန်လည် ချေပရန် ဆုံးဖြတ်ချက်ချထားပြီး ဖြစ်သည်။သို့သော် နောက်ဆုံးတွင် လီချန်းက ဘာမျှမပြောခဲ့ပေ။ ဘာမှ မဖြစ်ခဲ့သည့်အတိုင်းပင်။ခဏတာ နှုတ်ဆက်စကားများ ပြောပြီးနောက် ယဲ့ဖန်ယွီက စကားစလိုက်သည်။“မစ္စတာ စု နဲ့ မစ္စတာ ရန် တို့က ဒီအိပ်မက်ဆိုးထဲကို သုံးရက်နောက်ကျပြီးမှ ဝင်လာတာဆိုတော့ ဒီနေရာအကြောင်း သိပ်မသိလောက်သေးဘူး ထင်တယ်။ ကျွန်တော် ရှင်းပြပေးရမလား”စုမူက ခေါင်းခါပြလိုက်သည်။“မလိုပါဘူး။ မစ္စတာလီချန်ဆီက နေ သတင်းအချက်အလက် တချို့ကို ကြားပြီးသားပါ။ မစ္စတာယဲ့ မှာ နောက်ထပ် ဘာအစီအစဉ်တွေ ရှိလဲဆိုတာကိုပဲ သိချင်တာပါ”
ယဲ့ဖန်ယွီက အလျင်အမြန် ပြန်ဖြေလိုက်သည်။“မူလကတော့ အိပ်မက်ဆိုးက သဘာဝအတိုင်း ပြီးဆုံးသွားပြီး လက်တွေ့ကမ္ဘာဆီ ပြန်ရောက်တဲ့အထိ အိမ်တစ်လုံး ရှာပြီး စောင့်ကြပ်နေဖို့ စီစဉ်ထားတာပါ။အိပ်မက်ဆိုးတမန်တော် အများစုကလည်း ဒီနည်းကိုပဲ သုံးကြတယ်။ ဒါပေမယ့် အခု ခင်ဗျားတို့လို ထူးခြားစွမ်းအားရှင် နှစ်ယောက် ပါလာပြီဆိုတော့ နည်းလမ်းပြောင်းလို့ရတယ်။ ဒီအိပ်မက်ဆိုးကို ချိုးဖျက်နိုင်မလား ဆိုတာ ကြိုးစားကြည့်လို့ရတယ်”စုမူ၏ မျက်လုံးများ လက်ခနဲ လှုပ်ရှားသွားသည်။အိပ်မက်ဆိုး ကမ္ဘာနှင့် ပတ်သက်သည့် အခြေခံ ဗဟုသုတအချို့ကို ရန်တုန်ချင်းထံမှ သူ သိရှိခဲ့ပြီး ဖြစ်သည်။အိပ်မက်ဆိုးကမ္ဘာကို အိပ်မက်ဆိုးဟု ခေါ်သည့်အတွက် သဘာဝအတိုင်း ထိုအိပ်မက်ထဲမှ နိုးထလာနိုင်သည်။ပုံမှန်အားဖြင့် အိပ်မက်ဆိုး တမန်တော် အများစုသည် ဤလမ်းကြောင်းကို ရွေးချယ်လေ့ရှိကြ၏။ ဘေးကင်းသော နေရာတစ်ခုကို ရှာဖွေကာ ခုနစ်ရက်ခန့် ပုန်းအောင်းနေပြီးနောက် အိပ်မက်ဆိုးမှ နိုးထကာ လက်တွေ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိခြင်းပင် ဖြစ်သည်။ သို့သော် ထိုခုနစ်ရက်အတွင်း မသေဆုံးခဲ့မှသာ ဖြစ်နိုင်သည်။သို့သော် ဤနည်းလမ်းကို အမြဲတမ်း အသုံးပြု၍ မရပေ။ အိပ်မက်ဆိုးကမ္ဘာထဲသို့ င်ရောက်သည့် အကြိမ်ရေ များလာလေလေ၊ နိုးထရန် အချိန်ပိုမို ကြာမြင့်လေလေ ဖြစ်သည်ဟု ဆိုကြသည်။ခုနစ်ရက်၊ ဆယ်ရက်၊ တစ်လ၊ သို့မဟုတ် ခြောက်လအထိပင် ကြာမြင့်နိုင်ပေသည်။ နောက်ဆုံးတွင် အိပ်မက်ဆိုးကို မချိုးဖျက်နိုင်ပါက ဘယ်တော့မှ ပြန်လည် နိုးထလာနိုင်တော့မည် မဟုတ်ဘဲ အိပ်မက်ဆိုးကမ္ဘာထဲတွင် ထာဝရ ပိတ်မိနေမည် ဖြစ်သည်။ထို့ကြောင့် ရိုးရှင်းသော အိပ်မက်ဆိုးတစ်ခုနှင့် ကြုံရပါက လွတ်မြောက်အောင် ချိုးဖျက်ရန် ကြိုးစားခြင်းက အကောင်းဆုံးပင်။
ထိုအချိန်တွင် ယဲ့ဖန်ယွီက ဆက်လက်ပြောဆိုလိုက်သည်။“ကံကောင်းရင် အံ့ဖွယ်ရတနာ တစ်ခု၊နှစ်ခုလောက် ရှာတွေ့နိုင်တယ်။”အညိုရောင် မျက်မှန်နောက်ကွယ်မှ စုမူ၏မျက်လုံးများက ရန်တုန်ချင်းထံ လှမ်းကြည့်လိုက်သည်။ တစ်ဖက်လူ၏ အမူအရာမှာလည်း အနည်းငယ် ရှုပ်ထွေးနေပြီး ထို အံ့ဖွယ်ရတနာ ဆိုသည်မှာ မည်သည့်အရာမှန်း မသိသေးကြောင်း ထင်ရှားလှသည်။ထို့ကြောင့် စုမူက အလျင်အမြန် ဝင်ရောက်ပြောဆိုလိုက်သည်။“ဟုတ်တယ်၊ အံ့ဖွယ်ရတနာ ဆိုတာ ကောင်းတဲ့အရာပဲ။ ငါလည်း အရင်က ကံကောင်းပြီး တစ်ခု ပိုင်ဆိုင်ခဲ့ဖူးတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားခဲ့ရတယ်”
ထိုသို့ ပြောဆိုနေစဉ် စုမူ၏ မျက်နှာထက်တွင် နှမြောတသဖြစ်သည့် အရိပ်အယောင် ပေါ်ထွက်လာခဲ့သည်။“တကယ့်ကို နှမြောစရာပဲ…”ယဲ့ဖန်ယွီက စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။“အနိမ့်ဆုံးအဆင့် ကြေးဝါအဆင့်-၁ အံ့ဖွယ်ရတနာ တစ်ခုတောင် ထူးခြားစွမ်းအားရှင်တွေရဲ့ မှောင်ခိုဈေးကွက်မှာ အနည်းဆုံး ငွေငါးသန်းလောက် ရနိုင်တယ်။ ဒါပေမယ့် ပုံမှန်ဆို ဘယ်သူမှ ရောင်းချင်ကြမှာမဟုတ်ဘူး။ အံ့ဖွယ်ရတနာ တွေမှာ ထူးခြားစွမ်းအား ပါဝင်ပြီး ထူးခြားစွမ်းအားရှင်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးတယ်။ တကယ် ငွေအခက်အခဲ ဖြစ်နေတဲ့အချိန်ကလွဲရင် ဘယ်သူက ရောင်းချင်မှာလဲ”“ကျွန်တော့်ဆီမှာသာ ကာကွယ်ရေး အံ့ဖွယ်ရတနာ တစ်ခုသာ ရှိခဲ့မယ်ဆိုရင် ကြေးဝါအဆင့်-၁ ပဲ ဖြစ်နေပါစေအုံး၊ ကျွန်တော့်ရဲ့ ကြေးဝါနိယာမ ‘လက်ငါးချောင်း မီးတောက်ကျည်ဆန်’ နဲ့ ပေါင်းစပ်လိုက်ရင် အိပ်မက်ဆိုး မွန်းစတားတွေ ရန်ကနေ ထွက်ပြေးပြီး အခန်းထဲမှာ တစ်နေ့လုံး ပုန်းနေရမှာ မဟုတ်ဘူး”သူသည် သူ၏ စွမ်းရည်များကို မကွယ်ဝှက်ထားခဲ့ပေ။ အဓိကအားဖြင့် ဖုံးကွယ်ထားရန် မလိုအပ်ဟု ခံစားရသောကြောင့် ဖြစ်သည်။ ‘လက်ငါးချောင်း မီးတောက်ကျည်ဆန်’ သည် ‘သံမဏိ နှလုံးသား ‘ ကဲ့သို့ တွေ့ရများသော စွမ်းရည်မဟုတ်သော်လည်း ရှားပါးလှသည့် စွမ်းရည်လည်း မဟုတ်ပေ။ ထို့အပြင် ယခင်က တစ်ကြိမ် အသုံးပြုပြီးသားဖြစ်သောကြောင့် ဗဟုသုတအနည်းငယ်ရှိသည့် ထူးခြားစွမ်းအားရှင်တစ်ယောက်က အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။“ဒါနဲ့ မစ္စတာ စု၊ ခင်ဗျား ဆုံးရှုံးသွားတဲ့ အံ့ဖွယ်ရတနာ က ဘယ်အဆင့်လဲ?”
“အင်း... ဒီကိစ္စတွေက ဝမ်းနည်းစရာတွေချည်းပဲ။ ဒီအကြောင်းတွေ ထပ်မပြောကြရအောင်။”စုမူက ဝမ်းနည်းနေဟန်ဖြင့် ဒီအကြောင်းကို ထပ်မပြောချင်တော့သည့်အတိုင်း ပြုမူလိုက်၏။
ယဲ့ဖန်ယွီ သည်လည်း ဆက်လက် မေးမြန်းနေရလောက်အောင် လူမှုဆက်ဆံရေး အသိဉာဏ် ခေါင်းပါးနေသူ မဟုတ်ပေ။“ဟုတ်ပါတယ်၊ ဒါဆို ဒီအကြောင်းတွေ ဆက်မပြောကြတော့ဘူး။ လက်ရှိအခက်အခဲကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာပဲ စဉ်းစားကြရအောင်။ မစ္စတာ စု၊ ကျွန်တော့်အမြင်အရတော့ တံခါးက ပျက်စီးသွားပြီဆိုတော့ ဒီနှစ်ထပ်အိမ်မှာ ဆက်နေလို့ လုံးဝ မရတော့ဘူး”
ရွာထဲရှိ အိမ်များမှာ သာမန်လူနေအိမ်များသာဖြစ်ပြီး အလွယ်တကူ ဖျက်ဆီးနိုင်သည်။ သို့သော် ဆန်းကြယ်စွာပင် အင်အားကြီးမားလှသော လူသဏ္ဌာန် မွန်းစတားများ၏ တိုက်ခိုက်မှုကို ထိုအိမ်များက ခံနိုင်ရည်ရှိနေခြင်းဖြစ်သည်။ယခုအချိန်တွင် အရေးအကြီးဆုံးမှာ မိုးမလင်းမီ၊ မွန်းစတားများ မပေါ်လာမီ လူအားလုံး နေထိုင်နိုင်လောက်အောင် ကျယ်ဝန်းသည့် အိမ်တစ်လုံးကို ရှာဖွေရန် နှင့် အစားအစာ၊ ဖယောင်းတိုင်များကိုပါ စုဆောင်းထားရန်ပင် ဖြစ်သည်။