no

Font
Theme

အခန်း (၃၇)

“ဟက်...” စုမူက တိုးတိုးလေး ရယ်မောလိုက်ပြီးနောက် လက်ကိုင်ပဝါတစ်ထည် ထုတ်ကာ နှာခေါင်းမှထွက်လာသော သွေးစက်များကို သုတ်လိုက်သည်။သေမင်းနှင့် ပိုနီးလာပြီပဲ။သူ အိပ်မက်ဆိုးကမ္ဘာထဲသို့ ရောက်လာခဲ့သော်လည်း ရန်တုန်ချင်း ပြောခဲ့သည့်အတိုင်း ကြေးဝါနိယာမကို အာရုံမခံနိုင်ခဲ့သလို ထူးခြားစွမ်းအားရှင်တစ်ဦးလည်း မဖြစ်လာခဲ့ပေ။ ကြည့်ရတာ သူ့ဆီမှာ တကယ်ပဲ ပါရမီ မပါလာတာဖြစ်မည်။

သူ မျက်လုံးမှိတ်ကာ အာရုံခံစားမှုကို အသုံးပြုပြီး နေရာအနှံ့တွင် ရှိနေသော ကြေးဝါနိယာမကို ရှာဖွေကြည့်သော်လည်း အချည်းနှီးပင် ဖြစ်သည်။ဒေါက်... ဒေါက်...မှန်ကို လက်ဆစ်ဖြင့် ခေါက်လိုက်သည့်အသံ ထွက်ပေါ်လာသည်။စုမူ မျက်လုံးဖွင့်လိုက်သည်နှင့် ရန်တုန်ချင်းလည်း ချက်ချင်းထရပ်လိုက်သည်။ အခန်းထဲရှိ တစ်ခုတည်းသော ပြတင်းပေါက်ကို မျက်နှာမူကာ လေးနက်သည့် အမူအရာနှင့် လှမ်းကြည့်လိုက်သည်။ ပြတင်းပေါက်ကို ကန့်လန့်ကာဖြင့် ကွယ်ထားပြီး ခေါက်သံက အပြင်ဘက်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။“ဧည့်သည်တစ်ယောက် ရောက်လာတဲ့ပုံပဲ”စုမူ စိတ်ဝင်စားသွားသည်။ သူ ဖြည်းညင်းစွာ ထရပ်ကာ ပြတင်းပေါက်နားသို့ လျှောက်သွားပြီး သူ၏ တုတ်ကောက်ဖြင့် ကန့်လန့်ကာကို အသာဖယ်ကြည့်လိုက်ရာ မိန်းမတစ်ယောက်ကို မြင်လိုက်ရသည်။စုမူနှင့် ရန်တုန်ချင်းတို့ နှစ်ဦးစလုံး အလွန်ရင်းနှီးသော မိန်းမတစ်ယောက်။“ဂျက်စ်မင်း လား…”ရန်တုန်ချင်းက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။“နင် ဘယ်လို...”စကားတစ်ဝက်တွင် သူ ရုတ်တရက် ရပ်သွားသည်။ လီချန်နှင့် ယဲ့ဖန်ယွီတို့ ပြောပြခဲ့သော ရွာသားများအကြောင်းကို သတိရသွားခြင်းပင်။ ထိုရွာသားများသည် ဆွေမျိုးသားချင်းများ၏ အသွင်သဏ္ဍာန်ကို ပြောင်းလဲယူကာ တံခါးဖွင့်ပေးအောင် လှည့်စားတတ်ကြသည်။“သောက်ကျိုးနည်း…”ရန်တုန်ချင်းက လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ဒေါသများ ပေါက်ကွဲထွက်လာသည်။ မြေအောက်ခန်းမှ ထွက်လာကတည်းက စိတ်အခြေအနေ မကောင်းခဲ့ရသည့်အပြင် ယခု အိပ်မက်ဆိုးမွန်းစတားက ဂျက်စ်မင်း၏ အသွင်ကို ပြောင်းယူထားသည်ကို မြင်လိုက်ရသဖြင့် ပို၍ပင် ဒေါသထွက်လာသည်။ပြတင်းပေါက်အပြင်ဘက်တွင် ဂျက်စ်မင်း၏မျက်နှာလေးမှာ ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေသည်။ သူမက ပြတင်းပေါက်ကို အဆက်မပြတ် ခေါက်ရင်း အော်ခေါ်နေသည်။“ရန်တုန်ချင်း... ရန်တုန်ချင်း... ငါ အရမ်းကြောက်နေပြီ။ ငါ ဘယ်ကိုရောက်နေတာလဲ”“ပါးစပ်ပိတ်ထားစမ်း။ မင်းက မွန်းစတားတစ်ကောင်ပဲ”ရန်တုန်ချင်းက ဒေါသတကြီး အော်လိုက်သည်။ဂျက်စ်မင်း၏ လှပသောမျက်နှာမှာ ဖြူဖျော့သွားပြီး ဝမ်းနည်းကြေကွဲနေဟန် ပေါ်လာသည်။“ရန်တုန်ချင်း၊ နင်ဘာတွေ ပြောနေတာလဲ။ ငါက မွန်းစတား မဟုတ်ဘူး။ ငါ ဂျက်စ်မင်းလေ။ နင် ငါ့ကိုတောင် မမှတ်မိတော့ဘူးလား။ အရင်က နင့်ကို သွားရှာတုန်းက နင်တို့နှစ်ယောက်လုံး သတိလစ်နေတာ တွေ့ခဲ့တယ်။ ငါက နင်တို့ကို နှိုးမလို့ လုပ်တာ၊ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ငါပါ သတိလစ်သွားမှန်း မသိလိုက်ဘူး။ နိုးလာတော့ ဒီနေရာကို ရောက်နေတာပဲ။”ရန်တုန်ချင်း ကြောင်အသွားပြီးနောက် ရုတ်တရက် စုမူဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်လျှံနေသည်။“မင်း ဂျက်စ်မင်းကိုပါ ဒီထဲ ခေါ်လာတာလား”“စိတ်ဝင်စားစရာပဲ။ အသွင်ပြောင်းနိုင်ရုံတင်မကဘူး၊ အတိုင်းအတာ တစ်ခုအထိ စိတ်ကိုပါ ဖတ်နိုင်သေးတာပဲ။ အရေးအကြီးဆုံးက စဥ်းစားဉာဏ်ကိုပါ လျော့သွားစေနိုင်တဲ့ အစွမ်းတစ်မျိုးပါ ရှိနေသေးတယ်”“ငါ့ကို ဖြေစမ်း”ဒေါသထွက်နေသော ကျားတစ်ကောင်ကဲ့သို့ ရန်တုန်ချင်းသည် စုမူထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာသည်။ လက်သီးများကို ဆုပ်ထားကာ နောက်တစ်စက္ကန့်အတွင်း စုမူ၏ခေါင်းကို ထုခွဲပစ်တော့မည့်ပုံပင်။စုမူက အလျင်မလိုဘဲ ပြောလိုက်သည်။“အတော်တုံးတဲ့ကောင်ပဲ။ မင်း ဒေါသမထွက်ခင် ငါတို့ ဘယ်အထပ်မှာ ရောက်နေလဲဆိုတာကို အနည်းဆုံးတော့ စဉ်းစားလို့မရဘူးလား”ရန်တုန်ချင်း အံ့အားသင့်သွားပြီး အသိတရားအနည်းငယ် ပြန်ဝင်လာသည်။ သူ ပြတင်းပေါက်နားသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်ကာ ဂျက်စ်မင်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။“မင်း ဒီအပေါ်ကို ဘယ်လိုတက်လာတာလဲ”“ဒီပေါ်ကို တွယ်တက်လာတာလေ။ ရန်တုန်ချင်း…နင် ဘာလို့ အဲဒီလောက်ကြမ်းတမ်းနေတာလဲ။ ငါ့ကို အထဲဝင်ခွင့်ပေးပါဦး”“တွယ်တက်လာတယ်…ဟုတ်လား”ရန်တုန်ချင်းက လှောင်ပြောင်သကဲ့သို့ ပြောလိုက်သည်။“ဂျက်စ်မင်းက အားနည်းတဲ့မိန်းမတစ်ယောက်။ ဒီသုံးထပ်အိမ်တစ်ခုလုံးကလည်း ရေညှိတွေနဲ့ ချောကျိကျိ ဖြစ်နေတာ။ သူက ဘယ်လိုလုပ် တွယ်တက်လာနိုင်မှာလဲ။ ပြီးတော့ ငါ တတိယထပ်က ဒီအခန်းထဲမှာ ရှိနေတာကို မင်းဘယ်လိုသိတာလဲ။ မင်းက အိပ်မက်ဆိုးမွန်းစတားပဲ”ဂျက်စ်မင်းက ကြွေကွဲသွားဟန်ဖြင့် မျက်လုံးထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေပြီး မျက်ရည်စက်လေးများလည်း တဖြည်းဖြည်း ကျလာသည်။ထို့နောက် ရင်ဘတ်ကို တင်းတင်းဖိကိုင်ရင်း ပြောလိုက်သည်။“ရန်တုန်ချင်း... နင် ငါ့ကို ဘာလို့ မယုံတာလဲ”စုမူက စိတ်ဝင်စားစွာ ကြည့်နေသည်။ ဒီဂျက်စ်မင်းအတု၏ သရုပ်ဆောင်ပုံက အစစ်အမှန်ဂျက်စ်မင်းထက်ပင် ပို၍ကောင်းသည်ဟု သူခံစားမိသည်။ဝှစ်…

ရန်တုန်ချင်းက ကန့်လန့်ကာကို ပြန်ဆွဲပိတ်လိုက်ပြီး ထိုအရာကို လျစ်လျူရှုလိုက်သည်။သို့သော် နောက်တစ်စက္ကန့်မှာပင် စုမူက ကန့်လန့်ကာကို ပြန်ဖွင့်လိုက်သည်။“မင်း ဘာလုပ်နေတာလဲ”“ဒီမွန်းစတားတွေရဲ့ အပြုအမူပုံစံကို သိချင်လို့ပါ။ ပြီးတော့ သူက ငါတို့ကို ဘယ်လိုလှည့်စားပြီး တံခါးဖွင့်ခိုင်းမလဲဆိုတာလည်း သိချင်သေးတယ်။”စုမူက အပြုံးဖျော့ဖျော့လေးနှင့် ပြောလိုက်သည်။ရန်တုန်ချင်းက သူ့ကို အေးစက်စက်ကြည့်လိုက်ပြီးနောက် တစ်ဖက်ကို လှည့်ထွက်သွားလိုက်သည်။“ရန်တုန်ချင်း၊ ရန်တုန်ချင်း...”ဂျက်စ်မင်းက စိုးရိမ်တကြီး အော်ခေါ်နေသည်။“မစ္စဂျက်စ်မင်း… သူ့စိတ်က သူ့ခန္ဓာကိုယ်လိုပဲ သံမဏိနဲ့ လုပ်ထားသလို မာကျောတယ်။ ငါကတော့ မတူဘူး။ စိတ်ထားနူးညံ့တဲ့လူပါ။ အထူးသဖြင့် မိန်းကလေးတစ်ယောက် ငိုနေတာကို မကြည့်ရက်ဘူး။ ငါ့ကို တောင်းပန်ကြည့်ပါလား”

စုမူက ပြုံးလိုက်သည်။ ဒီမွန်းစတား၏ စိတ်ကိုညှို့ယူနိုင်သော စွမ်းရည်ကို သူမသိသေးသဖြင့် ကိုယ်တိုင် လေ့လာကြည့်ချင်နေမိသည်။စုမူ၏စကားက ဂျက်စ်မင်း၏ အာရုံကို ဆွဲဆောင်သွားပုံရသည်။ သူမက ရန်တုန်ချင်းကို ဆက်ဂရုမစိုက်တော့ဘဲ စုမူဘက်သို့ လှည့်ကြည့်လိုက်သည်။သို့သော် ထိုမျက်လုံးများထဲတွင် ရှုပ်ထွေးသွားသော အရိပ်အယောင်တစ်ခုပေါ်လာသည်။စုမူက မျက်မှောင်ကြုတ်လိုက်ရင်း ပြောလိုက်သည်။“ငါ့အတွေးတွေကို မင်းမဖတ်နိုင်ဘူးလား။ ကြည့်ရတာ အားကောင်းတဲ့ စိတ်စွမ်းအား ရှိတာက တကယ် အသုံးဝင်တဲ့ပုံပဲ”ဂျက်စ်မင်း၏ အံ့ဩရှုပ်ထွေးမှုက ခဏမျှသာ ကြာလိုက်သည်။ သူမက မျက်ရည်များကို သုတ်လိုက်ပြီးနောက် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ သူမက နှုတ်ခမ်းကို ဖွဖွလေးကိုက်လိုက်ပြီး ကြိုတင်သတိပေးချက် မရှိဘဲ အဝတ်အစားများကို ချွတ်ချလိုက်သည်။

“ငါ လှလား”“သောက်ရူးမ…”ရန်တုန်ချင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။“ပြန်ဝတ်စမ်း…မင်းအဝတ်တွေကို ပြန်ကောက်ဝတ်လိုက်စမ်း”ဝှစ်…ကန့်လန့်ကာများကို နောက်တစ်ကြိမ် ပြန်ပိတ်လိုက်ပြန်သည်။စုမူက လေးနက်စွာ တွေးတောနေလိုက်သည်။ သူမက ငါ့အတွေးတွေကို မဖတ်နိုင်ဘူး။ ဒါကြောင့် အလွယ်ကူဆုံးနဲ့ တိုက်ရိုက်အကျဆုံးနည်းလမ်း ဖြစ်တဲ့ အလှအပကို သုံးပြီး ငါ့ကို သွေးဆောင်ဖို့ လုပ်လာတာပဲ။သူ၏မျက်လုံးများ ဟိုဒီ လှုပ်ရှားသွားပြီး စိတ်ထဲတွင် အစီအစဉ်တစ်ခု ပေါ်လာသည်။ ကန့်လန့်ကာနောက်ရှိ ဂျက်စ်မင်းကို သူ လှမ်းပြောလိုက်သည်။“ငါ ထူးခြားစွမ်းအားရှင်တစ်ယောက် ဖြစ်လာဖို့ အရမ်းဆန္ဒရှိတယ်။ မင်းက ငါ့ကို ထူးခြားစွမ်းအားရှင်တစ်ယောက် ဖြစ်လာအောင် ကူညီပေးနိုင်ရင် မင်းကို အထဲဝင်ခွင့်ပေးမယ်”ထိုစကားကို ကြားလိုက်ရသောအခါ ဒေါသထွက်နေသည့် ရန်တုန်ချင်းပင် ကြောင်အသွားသည်။ သူက အိပ်မက်ဆိုးမွန်းစတားကို ဆုတောင်းရေတွင်းထဲက လိပ်တစ်ကောင်လို့များ ထင်နေတာလား။

“အဲဒီလောက်လည်း အံ့ဩမနေပါနဲ့။သူက ဒီလောက်တောင် အထဲဝင်ချင်နေမှတော့ ငါ့ဘက်က သေးငယ်တဲ့ တောင်းဆိုမှုလေး တစ်ခု လုပ်တာ သိပ်မလွန်ဘူး မဟုတ်လား” စုမူက ပခုံးတွန့်ပြလိုက်သည်။ဂျက်စ်မင်းက ကန့်လန့်ကာနောက်တွင် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး ဘာမျှ ပြန်မဖြေခဲ့ပေ။စုမူက မျက်ခုံးအနည်းငယ်ပင့်လိုက်ပြီး တုတ်ကောက်ဖြင့် ကန့်လန့်ကာကို မလိုက်သည်။ သို့သော် ထိုနေရာတွင် လူတစ်ယောက်မျှ မရှိတော့ပေ။ဒေါက်... ဒေါက်... ဒေါက်...ယခုတစ်ကြိမ်မှာတော့ တံခါးခေါက်သံ ဖြစ်သည်။“မစ္စတာစု… အဆင်ပြေရဲ့လား။ အသံတစ်ခုခု ကြားလိုက်ရသလိုပဲ”ယဲ့ဖန်ယွီ၏အသံက တံခါးအပြင်မှ ထွက်ပေါ်လာသည်။“အဆင်ပြေပါတယ်။ ခုနက ရွာသားတစ်ယောက် ရောက်လာသေးပေမယ့် အခုတော့ ပြန်သွားပါပြီ”“ဒါဆို ကောင်းတာပေါ့။ ဒါနဲ့ မစ္စတာစု… ဒီအိပ်မက်ဆိုးနဲ့ ပတ်သက်ပြီး အသစ်တွေ့ရှိထားတာတချို့ ရှိတယ်။ အထဲဝင်ပြီး အသေးစိတ် ဆွေးနွေးဖို့ အဆင်ပြေမလား”

“ရတာပေါ့”

စုမူက ရန်တုန်ချင်းကို တစ်ချက်ကြည့်လိုက်သည်။ရန်တုန်ချင်းက မကျေနပ်သလို နှုတ်ခမ်းမဲ့လိုက်ပြီး တံခါးနားသို့ လျှောက်သွားကာ တံခါးလက်ကိုင်ကို လှည့်လိုက်သည်။ တံခါးက တကျွီကျွီမြည်ရင်း ပွင့်လာသည်။ဝေါင်း…နားကွဲမတတ် ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီးနောက် တစ်ဝက်သာ ပွင့်သေးသော တံခါးကြီးသည် ဟိန်းသံကြီးနဲ့အတူ အတင်းဝင်တိုက် ဖွင့်ခံလိုက်ရသည်။တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုက ရန်တုန်ချင်းဆီ အရှိန်ပြင်းစွာဖြင့် ခုန်အုပ်လာပြီး မြေပြင်ပေါ် လဲကျသွားစေခဲ့သည်။ထို့နောက် ၎င်း၏ ထက်မြက်သော သွားများဖြင့် ရန်တုန်ချင်း၏ လည်ပင်းဆီသို့ တည့်တည့် ချိန်ရွယ်ကာ ကိုက်ချလိုက်တော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment