no

Font
Theme

အခန်း (၄၀)

“အိုး… ဘာကြောင့်လဲ” စုမူက စိတ်ဝင်တစား မေးလိုက်သည်။“ကျွန်တော်တို့က အိပ်မက်ဆိုးကမ္ဘာထဲကို အရင်ဝင်လာပြီး သုံးရက်လုံး အတူတူနေခဲ့ကြတာ၊ ဘာပြဿနာမှ မရှိခဲ့ဘူး။ ဒါပေမဲ့ ခင်ဗျားတို့ ဝင်လာပြီးနောက်ပိုင်းတော့...” ယဲ့ဖန်ယွီက စကားကို အဆုံးထိ မပြောခဲ့သော်လည်း အဓိပ္ပာယ်မှာ ရှင်းလင်းနေခဲ့ပြီ ဖြစ်သည်။“ဒါ မဖြစ်နိုင်ဘူး။ ငါတို့က ခေါင်းဆောင်ကြီးကို ဘယ်တော့မှ သစ္စာမဖောက်ဘူး” ကျောက်ချောင်ယောင်က သူ၏ ယုံကြည်ချက်ကို စော်ကားခံလိုက်ရသည့်အလား ဒေါသတကြီး အော်ပြောလိုက်သည်။ယဲ့ဖန်ယွီက ဘာမှမပြောဘဲ စုမူကိုသာ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။စုမူက ဖျော့တော့တော့ ပြုံးလိုက်ပြီး ကျောက်ချောင်ယောင်အနားသို့ လျှောက်သွားလိုက်သည်။“ခေါင်းဆောင်ကြီး။ ကျွန်တော်တို့ကို ယုံကြည်ရပါမယ်။ ကျွန်တော်တို့ ခေါင်းဆောင်ကြီးကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး”“မစိုးရိမ်ပါနဲ့၊ ငါ သိပါတယ်” စုမူက ပြုံး၍ ပြောလိုက်ပြီး ကျောက်ချောင်ယောင်၏ ခါးမှ ပစ္စတိုသေနတ်ကို လှမ်းယူလိုက်သည်။ကလစ်…သေနတ်မောင်းတင်လိုက်သော အသံ ထွက်ပေါ်လာခဲ့သည်။“တကယ်တော့ သစ္စာဖောက်က ဘယ်သူလဲဆိုတာ ငါသိပြီးသားပါ” စုမူက လက်ထဲရှိ သေနတ်ကို လူတိုင်းမြင်အောင် ဖြည်းညင်းစွာ ရွှေ့ပြလိုက်ပြီး နောက်ဆုံးတွင် ရန်တုန်ချင်းရှေ့၌ ရပ်လိုက်သည်။ရန်တုန်ချင်းက ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ “မင်းက ငါ့ကို သံသယ ဝင်နေတာလား။ ဟက်... ငါသာဆိုရင်...”“ဖယ်လိုက်စမ်းပါ” စုမူက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် သေနတ်ကို လှုပ်ယမ်းပြကာ ရန်တုန်ချင်းကို ဖယ်ရှားခိုင်းလိုက်သည်ရန်တုန်ချင်း အံ့အားသင့်သွားပြီး ဘေးသို့ ဖယ်ပေးလိုက်ရာ သူ၏ နောက်ကွယ်ရှိ ယဲ့ဖန်ယွီ ပေါ်ထွက်လာခဲ့သည်။ယဲ့ဖန်ယွီ၏ ကိုယ်ခန္ဓာ ကြွက်သားများ ချက်ချင်းတင်းမာသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

“မစ္စတာ စု… ဒီနောက်ပြောင်မှုက မရယ်ရဘူးနော်”စုမူက အနည်းငယ် စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။

“မင်းလည်း ဖယ်ဦး…”ယဲ့ဖန်ယွီလည်း အံ့အားသင့်သွားသည်။သူ တစ်ခုခုကို သဘောပေါက်သွားပြီး ချက်ချင်း ဘေးသို့ ဖယ်ပေးလိုက်၏။ ဤတစ်ကြိမ်တွင် ပေါ်ထွက်လာသူမှာ လူအုပ်၏ နောက်ကွယ်တွင် ပုန်းနေသော ဝမ်လီ ပင် ဖြစ်သည်။

နူးညံ့သိမ်မွေ့သော ဝမ်လီသည် လူတိုင်း၏အကြည့်များ သူမထံ ရောက်လာသည်ကို မြင်သောအခါ ထိတ်လန့်သွားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။ စုမူက သူမကို ဖယ်ခိုင်းလိမ့်မည်ဟု တွေးပြီး အလျင်အမြန် လှည့်ကြည့်လိုက်သော်လည်း မည်သူကမျှ အနောက်တွင် ရှိမနေခဲ့ပေ။ဝမ်လီ၏မျက်နှာမှာ ပို၍ပင် ဖြူဖျော့သွားသည်။သူမသည် အသည်းအသန် လက်ကာပြလိုက်ပြီး “မဟုတ်... မဟုတ်ဘူး၊ ငါ မဟုတ်ဘူး။ ငါက ဘယ်လိုလုပ် ပြတင်းပေါက်ကို ခွဲပြီး အဲဒီ မွန်းစတားတွေကို အထဲပေးဝင်မှာလဲ။ ငါပါ သေသွားမှာပေါ့” ဟု အော်ပြောလိုက်သည်။ယဲ့ဖန်ယွီက သူမကို သံသယဖြစ်ဖွယ် အကြည့်ဖြင့် ကြည့်လိုက်သည်။

“မစ္စတာ စု၊ ခင်ဗျား မှားနေပြီ ထင်တယ်။ သူမရဲ့ သတ္တိနဲ့ဆိုရင် တံခါးတွေ၊ ပြတင်းပေါက်တွေကို ဖျက်ဆီးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး”“ဟုတ်တယ် ဘာသက်သေရှိလို့ ငါ့ကို ဒီလိုစွပ်စွဲနေတာလဲ။” ဝမ်လီက ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်လိုက်သည့်အလား အော်ဟစ်လိုက်သည်။စုမူက ပြုံးလိုက်ရင်း ဝမ်လီကို သေနတ်ဖြင့် ချိန်လိုက်သည်။

“သက်သေလား… ရှိတာပေါ့။”သူ ခဏရပ်ပြီး ဆက်ပြောလိုက်သည်။ “ငါ အောက်ကို ခုန်ချမလို့ လုပ်တုန်းက မင်းက ပြတင်းပေါက်နားမှာ တမင်အချိန်ဆွဲပြီး ငါ့ကို ခုန်မချနိုင်အောင် တားခဲ့တယ်လေ။ ဒါက သက်သေပဲ။”ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း ကြောင်အသွားကြသည်။ ဒါက ဘယ်လို သက်သေမျိုးလဲ။

“ငါ တမင်အချိန်ဆွဲတာ မဟုတ်ဘူး။ ငါ အမြင့်ကြောက်တတ်တာ…အဲဒါ ငါ့အပြစ်လား” ဝမ်လီက အသည်းအသန် ငြင်းဆိုလိုက်သည်။

“အားလုံးပဲ ဆုံးဖြတ်ပေးကြပါ။ သူက သူ့အချိန်တွေ ဖြုန်းတီးခံရလို့ ငါ့ကို တမင်လက်စားချေနေတာပဲ”ယဲ့ဖန်ယွီက ဘာမှဝင်မပြောသော်လည်း ရင်ထဲတွင်တော့ အေးစက်သွားသည်။ ဒီစုမူက လုံးဝကို အရူးတစ်ယောက်ပင်။ ဒီအကြောင်းပြချက်လေးတစ်ခုတည်းနဲ့ ဝမ်လီကို သတ်ချင်နေသည်။ သို့သော် သူ မတားဆီးခဲ့ပေ။သာမန်လူတစ်ယောက်အတွက် စုမူလိုလူမျိုးနှင့် ရန်သူဖွဲ့ခြင်းက မဆင်မခြင်လုပ်ရာ ရောက်ပေလိမ့်မည်။ယဲ့ဖန်ယွီပင် ဝမ်လီဘက်မှ မရပ်တည်ပေးသဖြင့် အခြားသူများကလည်း သူမအတွက် ထွက်ပြောပေးမည့်သူ မရှိတော့ပေ။ဝမ်လီ၏မျက်နှာသည် ပြာနှမ်းသွားပြီး လူတိုင်းကို မယုံနိုင်သလို ကြည့်လိုက်သည်။

“နင်တို့... နင်တို့ ငါ့ကို ဒီလို လုပ်လို့ မရဘူး။ ဘာလို့လဲ။ ဘာလို့လဲ။ ငါက အမြင့်တောင် ကြောက်ခွင့် မရှိတော့ဘူးလား”ရန်တုန်ချင်းတစ်ယောက်သာ မျက်နှာမကောင်းဖြစ်နေပြီး စကားဝင်ပြောရန် ပြင်လိုက်သည်။ သို့သော် စုမူက ဆက်ပြောလိုက်သည်။“ဝမ်လီက တကယ်ပဲ အမြင့်ကြောက်တတ်တယ်။ ဒါပေမဲ့ မင်းက ဝမ်လီမဟုတ်ဘူး”ဝမ်လီ၏ မျက်နှာအမူအရာ တောင့်တင်းသွားခဲ့သည်။

“နင် ဘာတွေပြောနေတာလဲ။ ငါက ဝမ်လီပဲလေ”“ကျွတ်... ကျွတ်...” စုမူ၏ မျက်နှာထက်တွင် လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“နင့်ရဲ့ သရုပ်ဆောင်စွမ်းရည်က အဲဒီလောက်တောင် ကောင်းနေတာလား။ နင့်ရဲ့ အံ့မခန်း စွမ်းဆောင်ရည်ကို ကြည့်ပြီး နင့်ကိုတောင် စာချုပ်ချုပ်ချင်စိတ် ပေါက်လာပြီ။ တိုက်တိုက်ဆိုင်ဆိုင် ငါ့မှာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ တစ်ခု ရှိတယ်လေ။ ကံဆိုးတာက နင့်လို အိပ်မက်ဆိုး မွန်းစတား တစ်ကောင်နဲ့ စာချုပ်ချုပ်ရင် ဥပဒေအရ အသိအမှတ်ပြုခံရမှာ မဟုတ်ဘူး ထင်တယ်”

“အိပ်မက်ဆိုး မွန်းစတား ဟုတ်လား” ယဲ့ဖန်ယွီ၏ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ “မစ္စတာ စု…ခင်ဗျားဆိုလိုတာက ဝမ်လီအစစ်က သေသွားပြီး၊ အခု ရှေ့မှာရပ်နေတဲ့သူက ရွာသား အယောင်ဆောင်ထားတာလို့ ခင်ဗျား ပြောချင်တာလား”စုမူက ခေါင်းခါပြလိုက်သည်။

“ငါကတော့ သူမဟာ ဝမ်လီပဲလို့ ပိုယုံကြည်တယ်။ ရွာသား ဖြစ်သွားတဲ့ ဝမ်လီပေါ့။”“ရွာသား ဖြစ်သွားတဲ့ ဝမ်လီ ဟုတ်လား”“ရွာသားတွေဟာ အရင်က လူသားတွေ ဖြစ်ခဲ့ပြီး အခုတော့ အိပ်မက်ဆိုး မွန်းစတားတွေ ဖြစ်သွားတယ်ဆိုတာကို ခင်ဗျားတို့ စဉ်းစားကြည့်ဖူးလား။ ဝမ်လီကလည်း အရင်က လူသားတစ်ယောက် ဖြစ်ခဲ့တာပဲလေ၊ ဒါဆို သူမက ဘာလို့ မပြောင်းလဲနိုင်ရမှာလဲ”ဝမ်လီက သံသယကင်းစေရန် ကြိုးစားနေသည့်အလား အသည်းအသန် လက်ကာပြလိုက်သည်။ “မဟုတ်ဘူး။ ငါမဟုတ်ဘူး။ ငါက မင်းတို့နဲ့ တစ်ချိန်လုံး အတူရှိနေတာပဲ။ ဘယ်လိုလုပ် အိပ်မက်ဆိုး မွန်းစတား ဖြစ်သွားနိုင်မှာလဲ။ အထင်နဲ့ မစွပ်စွဲကြပါနဲ့”ထိုအချိန်တွင် ဘေး၌ ရပ်နေသော လီချန်က တစ်ခုခုကို သတိရသွားပုံရပြီး မျက်နှာမှာ ရုတ်တရက် အကျည်းတန်သွားခဲ့သည်။

“မင်း အမြဲတမ်း ငါတို့နဲ့ အတူတူ ရှိမနေခဲ့ပါဘူး။ အရင်က မစ္စတာ စုမူတို့နဲ့ တွေ့တုန်းက မင်းက တစ်ယောက်တည်း အနောက်ကို ထွက်ပြေးသွားခဲ့တာလေ”

ထိုစကားကြားလိုက်သည်နှင့် လေထုမှာ ချက်ချင်း တင်းမာသွားခဲ့သည်။ ယဲ့ဖန်ယွီနှင့် ရန်တုန်ချင်းတို့ နှစ်ဦးစလုံးသည် ဝမ်လီနှင့် ခပ်ခွာခွာ နေလိုက်ကြပြီး သူမကို ရန်လိုစွာ စိုက်ကြည့်နေလိုက်ကြသည်။“နင်တို့... ငါ တကယ် အိပ်မက်ဆိုးမွန်းစတား မဟုတ်ပါဘူး။ အီး... ဟီးး...” ဝမ်လီက စကားပင် ဆက်မပြောနိုင်တော့ဘဲ မျက်ရည်စက်လေးများ ကျလာတော့သည်။“ဟင်း... “ငါက မိန်းမတွေ ငိုတာကို မကြည့်ရက်ဘူး” စုမူက သနားသလို ပြောလိုက်သည်။

“ဒါကြောင့် နင် သေသွားတာပဲ ကောင်းပါတယ်”

သူသည် သေနတ်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ဝမ်လီ၏ ခေါင်းကို ချိန်ရွယ်လိုက်သည်။ထိတ်လန့်သွားသော ဝမ်လီသည် ဆက်မငိုရဲတော့ဘဲ ကျည်ဆန်ကို လက်ဖြင့်ကာနိုင်မည်ထင်သည့်အလား ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ထားလိုက်သည်။“ငါ့ကို မသတ်ပါနဲ့။ ဒါက နင့်ရဲ့ ခန့်မှန်းချက် သက်သက်ပါပဲ။ ငါက အိပ်မက်ဆိုး မွန်းစတားဆိုတာ ဘာသက်သေမှ မရှိဘူးလေ...”“မဟုတ်ဘူး၊ ငါ့မှာ သက်သေရှိတယ်။” စုမူက တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်း ငါ့ဆီက သေနတ်တစ်ချက် အပစ်ခံရပြီး သေသွားရင် မင်းက ဝမ်လီအစစ်ပဲ။ မဟုတ်ရင်တော့ မင်းက ရွာသားပဲ”ထိုအခိုက်အတန့်တွင် ဝမ်လီ၏မျက်နှာပေါ်၌ ဖြစ်ပေါ်နေသော ခံစားချက်များကို စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသည်။ အံ့အားသင့်မှု၊ ဒေါသ၊ ကြောက်ရွံ့မှု၊ မယုံကြည်နိုင်မှု... ရှုပ်ထွေးလှသော ခံစားချက်အမျိုးမျိုး ရောထွေးနေသည်။ လူတစ်ယောက်၏မျက်နှာပေါ်တွင် ထိုမျှများပြားသော ခံစားချက်များ တစ်ချိန်တည်း ပေါ်လာနိုင်သည်ကိုပင် ယုံရခက်လှသည်။“ငါ... ငါ သေသွားရင်ရော... ငါက ဝမ်လီ ဖြစ်ခဲ့ရင်ရော။ နင် မှားသွားရင် ငါ့ရဲ့ သေဆုံးမှုက အချည်းနှီး ဖြစ်သွားမှာ မဟုတ်ဘူးလား”

“ငါမှားခဲ့ရင်တောင် မင်းသေသွားပြီဆိုတော့ အနည်းဆုံး မင်းရဲ့အပြစ်ကင်းစင်မှုကိုတော့ ချန်ထားခဲ့နိုင်တာပေါ့” စုမူက ပခုံးတွန့်ပြလိုက်ရင်း ပြောလိုက်သည်။“အပြစ်ကင်းစင်မှုလား။ ငါက...”ဒိုင်းးးးး

ကျယ်လောင်သော သေနတ်သံက မိုးရေကျသံကို ခဏတာ ဖုံးလွှမ်းသွားခဲ့ပြီး သတ္တုကျည်တစ်တောင့်က မိုးစက်များကို ဖြတ်သန်းသွားကာ ဝမ်လီ၏ ချောမွေ့သော နဖူးပြင်ကို တည့်မတ်စွာ ထိမှန်သွားခဲ့သည်။

ဝမ်လီ၏အသံ ရုတ်တရက် ရပ်တန့်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ယဲ့ဖန်ယွီ လန့်ဖြတ်သွားခဲ့သည်။ သေနတ်သံကြောင့် မဟုတ်ဘဲ စုမူကြောင့်ပင်။သူသည် အိပ်မက်ဆိုး ကမ္ဘာ သုံးခုကို ဖြတ်သန်းခဲ့ဖူးပြီး သူ၏ အသိစိတ်များ ပျောက်ဆုံးနေပြီဖြစ်ကာ လူကောင်းတစ်ယောက်ဟု မခေါ်ဆိုနိုင်တော့ကြောင်း သူ ယုံကြည်ထားခဲ့၏။သို့သော် ယခုအချိန်တွင်တော့ သူသည် လူကောင်းတစ်ယောက်ဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။အနည်းဆုံးတော့ လူ့အသက်ကို အလေးမထားဘဲ စုမူလိုမျိုး ဆုံးဖြတ်နိုင်မည် မဟုတ်ပေ။“စုမူ…မင်း...” ရန်တုန်ချင်းက ဒေါသတကြီး စိုက်ကြည့်ရင်း ပြောရန်ပြင်လိုက်သည်။ သို့သော် လူသားမဟုတ်သည့် သတ္တဝါတစ်ကောင်၏ ဟိန်းဟောက်သံက သူ့စကားကို ဖြတ်တောက်ပစ်လိုက်သည်။

ဝေါင်းးးးးး

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment