no

Font
Theme

အခန်း (၄၅)

စုမူသည် မရပ်တန့်ဘဲ ရှေ့သို့ ဆက်လက်လျှောက်လှမ်းနေခဲ့သည်။ ကလေးများ၏ အပြစ်ကင်းစင်သော အသံများမှာလည်း တဖြည်းဖြည်း ရင့်ကျက်လာကြပြီး သူတို့ကိုယ်တိုင် ကြီးပြင်းလာသကဲ့သို့ ဖြစ်လာသည်။“ဒီအရူးမက ရွှံ့ထဲမှာ ဆော့နေတုန်းပဲ”“သူမက ရွှံ့ထဲမှာ ဆော့မှာပေါ့…စိတ်မှ မမှန်တာ”“ဟေ့၊ ကြည့်ကြစမ်း၊ ဒီအရူးမက အတော်လေး ဖွံ့ဖြိုးလာပြီပဲ”“တကယ်ပဲဟ။ သွားကြည့်ရအောင်။”“ထင်ထင်... ငါတို့နဲ့ အတူတူ ကစားရအောင်လေ”“တကယ်လား.” ထင်ထင်က အံ့ဩဝမ်းသာစွာဖြင့် မေးလိုက်သည်။

“နင်တို့က ထင်ထင်နဲ့ အတူတူ ကစားချင်လို့လား”

စုမူသည် ထင်ထင်၏ အသံပင် ပြောင်းလဲလာသည်ကို သတိထားမိလိုက်သည်။ တဖြည်းဖြည်းနှင့် အချိန်၏ အရိပ်ပုံရိပ်ထဲတွင် တွေ့ခဲ့ရသော ထင်ထင်၏ အသံနှင့် ပို၍ဆင်တူလာနေသည်။“ဒါပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့က တစ်ရွာတည်းသားတွေပဲလေ။ ဒီလိုလုပ် ထင်ထင်... ပျော်စရာကောင်းတဲ့ ကစားနည်းတစ်ခု ကစားရအောင်”

“အင်း၊ အင်း။ ဘာကစားနည်းလဲ”“ကစားကြည့်ရင် သိရမှာပေါ့။ ဒါပေမဲ့ နင့်အဘွားကို လုံးဝ မပြောရဘူးနော်၊ မဟုတ်ရင် ငါတို့ နင်နဲ့ ထပ်မကစားတော့ဘူး”

............“ဝါး... မကစားတော့ဘူး။ ဒီဂိမ်းက လုံးဝပျော်စရာ မကောင်းဘူး။ နင်တို့အားလုံး လူဆိုးတွေ၊ ထင်ထင်ကို အနိုင်ကျင့်နေကြတာ...”“သူ့ကို မြန်မြန်ဖမ်းထား… ထွက်ပြေးမသွားစေနဲ့။”“မင်းတို့ တိရစ္ဆာန်ကောင်တွေ”အိုမင်းနေသော အသံတစ်ခုနှင့်အတူ သစ်သားတုတ်တစ်ချောင်းဖြင့် လူတစ်ယောက်ကို ရိုက်လိုက်သံ၊ နာကျင်စွာ အော်ဟစ်သံတို့ ဆက်တိုက်ထွက်ပေါ်လာသည်။စုမူသည် ထိုအသံကို မှတ်မိသည်။ ထိုအသံမှာ ထင်ထင်၏ အဘွား အသံပင် ဖြစ်သည်။“ထင်ထင်… မှတ်ထားနော်။ အဘွားက နေ့ခင်းဘက် လယ်ထဲအလုပ်သွားတဲ့အချိန် အိမ်မှာပဲနေ။ တံခါးကို သော့ခတ်ထားပြီး ဘယ်သူ့ကိုမှ မဖွင့်ပေးနဲ့။ အဘွားက ထင်ထင်အကြိုက်ဆုံး ဖက်ထုပ်တွေ လုပ်ပြီး ဗီရိုထဲမှာ ထည့်ထားပေးတယ်။ ဗိုက်ဆာရင် ထုတ်စားနော်”“ဟုတ်ကဲ့ အဘွား။ ထင်ထင် မှတ်ထားပါတယ်။”“အဘွား... သူတို့က ဘာလို့ ထင်ထင့်ကို အရူးမလို့ ခေါ်ကြတာလဲ”“သူတို့အားလုံးက လူဆိုးတွေ။ ထင်ထင်က အရူးမ မဟုတ်ပါဘူး။။ ထင်ထင်က ကမ္ဘာပေါ်မှာ အလိမ္မာဆုံး ကလေးလေးပါ”ငွေခေါင်းလောင်းသံကဲ့သို့ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ ထင်ထင်က ဝမ်းသာအားရဖြင့် အော်ဟစ်နေခြင်းပင် ဖြစ်သည်။“ထင်ထင်က ကမ္ဘာပေါ်မှာ အလိမ္မာဆုံး ကလေးလေးပဲ။ ထင်ထင်က ကမ္ဘာပေါ်မှာ အလိမ္မာဆုံး ကလေးလေးပဲ”......“ထင်ထင်... ဦးလေးကို တံခါးဖွင့်ပေးပါဦး”“ဟင့်အင်း… ဦးလေးက လူဆိုးပဲလို့ အဘွားက ပြောတယ်”“ဦးလေးက ဘယ်လိုလုပ် လူဆိုးဖြစ်ရမှာလဲ။ ကြည့်၊ ဦးလေးက ထင်ထင်အကြိုက်ဆုံး သကြားလုံးတောင် ယူလာသေးတယ်။”“တကယ်လား။”“တကယ်ပေါ့။ မြန်မြန် တံခါးဖွင့်ပါဦး။”“အား... လိမ်တာပဲ။ ဦးလေးက လူဆိုးပဲ။”“ဟဲဟဲ၊ ထင်ထင်က ပိုပို လှလာတာပဲ”

......“ဟေ့၊ ကြည့်စမ်း၊ ဒီအရူးမက သင်္ချိုင်းကုန်းကို ဖက်ထုပ်တွေ ယူသွားပြန်ပြီ”

“တကယ်ကို အရူးမပဲ။ အန်တီလီ က သူ ရက်ပေါင်းများစွာ ဘာမှမစားရသေးတာမြင်လို့ သနားပြီး ပေါက်စီ နှစ်လုံး ပေးတာကို မယူပဲ အဘွားက ဖက်ထုပ်တွေကို အကြိုက်ဆုံးလို့ပြောပြီး အဲဒါတွေကိုပဲ တောင်းနေတယ်။”“ရွာသူကြီးကလည်း သနားပြီး ရက်အနည်းငယ်ခြားတိုင်း ပေးတဲ့ ဖက်ထုပ်တွေကိုလည်း မစားပဲ သူ့အဘွား အုပ်ဂူကို သွားသွားပို့နေတယ်”

“သူ့အဘွားက မြေအောက်မှာ အိပ်နေတယ်လို့ ဘယ်သူက သူ့ကို ပြောလိုက်မှန်း မသိဘူး။ အဲဒီနောက်ပိုင်း အိမ်တကာလှည့်ပြီး ဖက်ထုပ်တွေ လိုက်တောင်းတော့တာပဲ။ သူမကို ဖက်ထုပ်ပေးရင် ဘာပဲလုပ်လုပ် ရတယ်လို့ ငါ ကြားတယ်...”

ထို့နောက် အသံများ ရုတ်တရက် ရပ်တန့်သွားခဲ့၏။စုမူ၏ လက်ကို ဆုပ်ကိုင်ထားသော အရိပ်၏လက်မှာလည်း သတိမထားမိလိုက်ပဲ ပျောက်ကွယ်သွားခဲ့သည်။စုမူက မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ မှောင်မည်းပြီး ပျက်စီးဟောင်းနွမ်းနေသော အိမ်တစ်လုံးကို မြင်တွေ့လိုက်ရသည်။ အတွင်းရှိ ပက်လက်ကုလားထိုင်မှာ ငြိမ်သက်နေပြီး အပြင်ဘက်ကောင်းကင်မှာလည်း မိုးလင်းစပြုနေပြီဖြစ်သည်။ကလေးမလေး ထင်ထင်က သူ့ရှေ့မှာ ငြိမ်ငြိမ်လေး ရပ်နေပြီး ခေါင်းလေးကို စောင်းကာ စူးစမ်းသလို ကြည့်နေသည်။“အစ်ကိုကြီး… ခုနက မတ်တပ်ရပ်ပြီး အိပ်နေတာလား။”စုမူက နူးညံ့စွာ ပြုံးလိုက်ပြီး ထင်ထင်၏ ခြောက်သွေ့ဖွာကျနေသော ဆံပင်များကို လက်ဖြင့် ပွတ်သပ်ပေးလိုက်သည်။“ဟုတ်တယ်။ အစ်ကိုကြီး ခုနက မတ်တပ်ရပ်လျက်နဲ့ အိပ်ပျော်သွားတာ။”ထိုစကားကိုကြားသည့်အခါ ထင်ထင်က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။“အစ်ကိုကြီး လိမ်နေတာ။ ဘယ်သူမှ မတ်တပ်ရပ်ပြီး မအိပ်ဘူး”စုမူက အံ့အားသင့်သွားဟန် ဟန်ဆောင်လိုက်သည်။“ထင်ထင်က အဲဒါကိုတောင် သိတာပဲ။ ထင်ထင်က အရမ်း လိမ္မာတာပဲ”ထင်ထင်က ပို၍ပင် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သူမ၏ မျက်လုံးဝိုင်းကြီးများမှာ လခြမ်းပုံစံ ကွေးသွားပြီး ဖြူဖွေးသော သွားလေးများ အတန်းလိုက် ပေါ်လွင်လာခဲ့သည်။“ဒါပေါ့၊ ထင်ထင်က ကမ္ဘာပေါ်မှာ အလိမ္မာဆုံး ကလေးလေးပဲလို့ အဘွားက ပြောတယ်လေ”“ဟုတ်တယ်၊ ထင်ထင်က ကမ္ဘာပေါ်မှာ အလိမ္မာဆုံး ကလေးလေးပဲ” စုမူက ပြုံးရင်း ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် ထင်ထင်သည် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ဗီရိုရှိရာသို့ အလျင်အမြန် ပြေးသွားလိုက်သည်။ ထို့နောက် ဗီရိုကိုဖွင့်ကာ ဖက်ထုပ်တစ်ပန်းကန်ကို ထုတ်ယူလာခဲ့သည်။“အစ်ကိုကြီး၊ ဖက်ထုပ်စားမလား။ အရမ်းစားကောင်းတယ်။ ထင်ထင်နဲ့ အဘွားက ဖက်ထုပ်တွေကို အကြိုက်ဆုံးပဲ။”ရုတ်တရက် အိမ်အပြင်ဘက်မှ ယဲ့ဖန်ယွီနှင့် အခြားသူများ၏ အသံများ ထွက်ပေါ်လာသည်။“သေစမ်း၊ မိုးလင်းတာလည်း အရမ်းမြန်တယ်။” ရန်တုန်ချင်းက မကျေမနပ်ဖြင့် ညည်းတွားလိုက်သည်။“ဒီအခန်းက အရမ်းကျဉ်းလွန်းတယ်။ ဒီမှာ ဆက်နေနေရင် အရိပ်ပုံသဏ္ဌာန်ကို ပိုပြီး ဆွဲဆောင်သလိုပဲ ဖြစ်နေမှာ။ ငါပြောတာနားထောင်၊ တခြားအခန်း သွားရှာကြရအောင်”

“လုံးဝ မရဘူး” ကျောက်ချောင်ယောင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ခေါင်းဆောင် ကြီး ပြန်လာတဲ့အခါ ငါတို့ကို မတွေ့ရင် ဘယ်လိုလုပ်မလဲ။”“မင်းတို့ကွာ... ဟင်း။” ယဲ့ဖန်ယွီက သက်ပြင်းချလိုက်သည်။

“မစ္စတာစု ပြန်လာနိုင်မယ်လို့ တကယ်ထင်နေတာလား။ ပြန်လာခဲ့ရင်တောင် သူက အရင်အတိုင်းပဲ ဖြစ်နေမယ်လို့ မင်းတို့ သေချာလို့လား”သူတို့ စကားပြောနေစဉ်မှာပင် ကျွီခနဲ အသံနှင့်အတူ အိမ်တံခါး ပွင့်သွားခဲ့သည်။အားလုံး ခြေလှမ်းရပ်တန့်သွားကြပြီး တံခါးဝကို အလေးအနက်ထားကာ စိုက်ကြည့်လိုက်ကြသည်။ထို့နောက် သူတို့သည် မြွေပုံစံ တုတ်ကောက်ကို ကိုင်ဆောင်ထားသည့် အညိုရောင်မျက်မှန်တပ်ထားသော အမျိုးသားတစ်ဦး အိမ်ထဲမှ ဖြည်းညင်းစွာ ထွက်လာသည်ကို တွေ့လိုက်ကြရသည်။“ခေါင်းဆောင်ကြီး”ကျောက်ချောင်ယောင်နှင့် မြွေဆိုးဂိုဏ်းသားများမှာ အလွန်ဝမ်းသာသွားကြသည်။“အဲဒီကို မသွားနဲ့။” ယဲ့ဖန်ယွီက သူတို့ကို တားလိုက်ပြီး သူ၏ မျက်လုံးများက စုမူကို စူးစိုက်ကြည့်နေခဲ့သည်။“မစ္စတာစု... အခု မင်းက မင်းကိုယ်တိုင် ဟုတ်သေးရဲ့လား။”စုမူက အနည်းငယ် ပြုံးလိုက်သည်။“သေချာတာပေါ့။”“ခေါင်းဆောင်ကြီး ဘာမှမဖြစ်ပါဘူးလို့ ငါ ပြောသားပဲ” ကျောက်ချောင်ယောင်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး စုမူထံ သွားရန် ပြင်လိုက်သော်လည်း ယဲ့ဖန်ယွီက သူ့ကို တားဆီးလိုက်သည်။“နေဦး။ မင်းက မင်းကိုယ်မင်း အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနိုင်တဲ့ ဘာအထောက်အထားရှိလဲ။”ထိုစကားကိုကြားသည်နှင့် စုမူ၏ အပြုံးက ပိုမိုနက်ရှိုင်းလာခဲ့သည်။“မစ္စတာယဲ့က ထပ်ပြီး မေ့သွားပြန်ပြီထင်တယ်။”သူက မျက်မှန်ကို လက်ဖြင့် အသာတွန်းတင်လိုက်သည်။ မျက်နှာပေါ်ရှိ အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အေးစက်စွာ ပြောလိုက်သည်။“ခင်ဗျား ဘယ်သူလဲ ဆိုတာကို မေ့သွားပြီလား။ ကျွန်တော့်ကိုယ်ကျွန်တော် သက်သေပြရမယ် ဟုတ်လား။ ခင်ဗျားက အဲဒီအတွက် ထိုက်တန်လို့လား”

ယဲ့ဖန်ယွီ၏ မျက်နှာမှာ မစင်စားလိုက်ရသကဲ့သို့ ရုတ်တရက် ပြာနှမ်းသွားခဲ့ပြီး၊ ကျောက်ချောင်ယောင်နှင့် အခြားသူများက စုမူ၏နောက်သို့ ပြတ်ပြတ်သားသား လျှောက်သွားလိုက်ကြ၏။ရန်တုန်ချင်းမှာလည်း ခဏတာ တုံ့ဆိုင်းနေပြီးနောက် ထိုနေရာသို့ လျှောက်သွားလိုက်သည်။“မစ္စတာရန်၊ ခင်ဗျားတောင်...”ရန်တုန်ချင်းက နောက်လှည့်မကြည့်ဘဲ ပြောလိုက်သည်။“ငါက အိပ်မက်ဆိုးမွန်းစတားတစ်ကောင်က အဲဒီလောက်အထိ တုပနိုင်မယ်လို့ မထင်လို့ပါ။”ယဲ့ဖန်ယွီ၏ မျက်နှာအမူအရာမှာ ပိုမို မှုန်ကုပ်လာခဲ့ပြီး သူ့ဘေးတွင်တော့ စိုးရိမ်တကြီး ရပ်နေသော လီချန်တစ်ယောက်သာ ကျန်ရစ်တော့သည်။စုမူက အေးဆေးစွာ ပြောလိုက်သည်။“ဒါဆို မစ္စတာယဲ့ နားလည်ပြီလား။ ကျွန်တော်က အိပ်မက်ဆိုးမွန်းစတား ဟုတ်မဟုတ်ဆိုတာ အရေးမကြီးဘူး။ အရေးကြီးတာက... အမှန်တရားက အမြဲတမ်း ကျွန်တော့်ဘက်မှာ ရှိနေတယ် ဆိုတာပဲ”“လူအများကြီး ရှိတာကို အမှန်တရားလို့ ခေါ်တာလား။” ယဲ့ဖန်ယွီက မည်းမှောင်သောမျက်နှာဖြင့် မေးလိုက်သည်။စုမူက အနည်းငယ် ပြုံးလိုက်သည်။“လူအရေအတွက် များပြားတာက အင်အားရဲ့ ပြယုဂ်တစ်ခု သက်သက်ပဲ၊ ပြီးတော့ အင်အားဆိုတာ... အမှန်တရားပဲ”ထိုသို့ပြောပြီးနောက် စုမူသည် လူတိုင်းကို ဦးဆောင်ကာ ထင်ထင်၏အိမ်ထဲသို့ ဝင်သွားလိုက်သည်။လီချန်က ခဏမျှ တွန့်ဆုတ်နေပြီးနောက် သူ့နောက်မှ လိုက်ဝင်လာခဲ့သည်။ ယဲ့ဖန်ယွီတစ်ယောက်သာ အပြင်တွင် အတန်ကြာ ရပ်နေခဲ့ပြီးနောက် နောက်ဆုံးတွင် မျက်နှာတည်တည်ဖြင့် အိမ်ထဲသို့ ဝင်ရောက်လာခဲ့သည်။အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ယဲ့ဖန်ယွီ၏ အကြည့်က စားပွဲဘေးတွင် ထိုင်ပြီး ဖက်ထုပ်စားနေသော ထင်ထင်ထံသို့ ချက်ချင်း ရောက်သွားသည်။ တစ်နည်းအားဖြင့် သူ့အာရုံကို ဆွဲဆောင်သွားသည်မှာ ဖက်ထုပ်များပင် ဖြစ်သည်။သူက ချက်ချင်း ပြေးသွားပြီး ထင်ထင်လက်ထဲမှ ဖက်ထုပ်ပန်းကန်ကို လုယူလိုက်သည်။“အဘွားက ထင်ထင်ကို ပေးထားတာ” ထင်ထင်က နှုတ်ခမ်းစူလိုက်ပြီး ငိုတော့မည့်ဟန်ဖြင့် ပြောလိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment