no

Font
Theme

အခန်း (၄၆)

ယဲ့ဖန်ယွီ သည် ထိုအရာများကို လုံးဝ ဂရုမစိုက်ခဲ့ချေ။ ဖက်ထုပ်များကို သူ ရရှိသွားသည်နှင့် ၎င်းတို့မှာ သူ၏အပိုင် ဖြစ်သွားပြီ ဖြစ်လေသည်။"ရန်တုန်ချင်း..." စုမူ က အမိန့်ပေးလိုက်ရာ စိတ်တိုနေပြီဖြစ်သော ရန်တုန်ချင်း သည် ချက်ချင်းပင် ရှေ့သို့ ပြေးထွက်ကာ ဖက်ထုပ်များကို လုယူရန် ကြိုးစားလိုက်လေသည်။ ယဲ့ဖန်ယွီ မှာ လန့်ဖြတ်သွားပြီး ရန်တုန်ချင်း ရုတ်တရက် လှုပ်ရှားလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့သဖြင့် အလျင်အမြန် နောက်သို့ ရှောင်ထွက်လိုက်လေသည်။ထိုအချိန်တွင် ထင်ထင် သည် သူမ၏ လက်ကလေးများကို အလျင်အမြန် ဝှေ့ယမ်းပြကာ စိုးရိမ်ပူပန်မှုကြောင့် မျက်နှာလေးမှာ နီရဲလာခဲ့လေသည်။

"ရန်မဖြစ်ကြပါနဲ့... ထင်ထင် က ရန်ဖြစ်တာကို မကြိုက်ဘူး... ဦးဦးတို့ ဖက်ထုပ် စားချင်ရင် ယူသွားလို့ ရပါတယ်..."ရန်တုန်ချင်း တုံ့ဆိုင်းသွားသော်လည်း ယဲ့ဖန်ယွီ က ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

"မလိုအပ်တဲ့ သနားကြင်နာမှုတွေကို ရပ်လိုက်စမ်းပါ... ငါတို့က လူသားတွေလေ... သူကကော... သူက အိပ်မက်ဆိုး ကမ္ဘာထဲက သတ္တဝါတစ်ကောင်ပဲ... အိပ်မက်ဆိုး မွန်းစတား တစ်ကောင်တောင် ဖြစ်နေနိုင်သေးတယ်...""ရန်မဖြစ်ကြပါနဲ့... ထင်ထင် ဖက်ထုပ်တွေ မလိုချင်တော့ပါဘူး..." ထင်ထင် မှာ ပို၍ပို၍ စိုးရိမ်ပူပန်လာခဲ့လေသည်။ ကြင်နာတတ်သော နှလုံးသားရှိသူပီပီ လူများ ရန်ဖြစ်နေသည်ကို သူမ မမြင်ချင်ခဲ့ပေ။"ကြားတယ်မဟုတ်လား... သူမကိုယ်တိုင် မလိုချင်တော့ဘူးလို့ ပြောနေတယ်လေ" ယဲ့ဖန်ယွီ က ဒေါသကို မနည်း ထိန်းချုပ်ထားရင်း အသံနိမ့်နိမ့်ဖြင့် ပြောလိုက်လေသည်။ရန်တုန်ချင်း သည် နောက်ဆုံးတွင် သူ၏ လက်သီးများကို ဖြေလျှော့လိုက်လေသည်။ ဖက်ထုပ်များကို ပြန်လည်လုယူခြင်းက အကျိုးမရှိနိုင်သည့်အပြင် ထင်ထင် ကို ပို၍ ဝမ်းနည်းသွားစေလိမ့်မည်ကို သူ သိရှိထားလေသည်။အငြင်းပွားမှု အဆုံးသတ်သွားပြီးနောက် ယဲ့ဖန်ယွီ သည် ဖက်ထုပ်များကို ကောက်ယူလိုက်ပြီး လီချန် ကို လာစားရန် ခေါ်လိုက်လေသည်။ သုံးရက်တိတိ အငတ်ခံခဲ့ရသူ တစ်ယောက်အတွက် မနေ့က စားခဲ့ရသော ဖက်ထုပ် ရှစ်လုံးမှာ ဘာမှ မပြောပလောက်ချေ။"မင်း အရင်စား... ဒီတစ်ခါတော့ မင်းကို နှစ်လုံးကျွေးမယ်" ယဲ့ဖန်ယွီ က အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။လီချန် က ဘာမှမပြောပဲ သဘောတူလိုက်သော်လည်း ဖက်ထုပ်များကို သွားယူသည့်အခါတွင်မူ သူက တိုးတိုးလေး အာမေဍိတ်သံ ပြုလိုက်လေသည်။

"ဆယ့်တစ်လုံး... မနေ့ကထက် တစ်လုံး လျော့နေတယ်..."ယဲ့ဖန်ယွီ သေချာစွာ ကြည့်လိုက်သောအခါ မနေ့ကထက် တစ်လုံး လျော့နေသည်မှာ အမှန်ပင် ဖြစ်လေသည်။ သူသည် ထင်ထင် ကို လှမ်းကြည့်ကာ မေးလိုက်လေသည်။

"ဘာလို့ တစ်လုံး လျော့နေတာလဲ... မင်း စားလိုက်တာလား... ဒါမှမဟုတ် ဖွက်ထားတာလား"ထင်ထင် က ခေါင်းခါယမ်းပြလိုက်လေသည်။

"သမီး မစားပါဘူး... ဖွက်လည်း မဖွက်ထားပါဘူး... အဘွား က ဆယ့်တစ်လုံးပဲ လုပ်ပေးထားတာပါ..."ယဲ့ဖန်ယွီ သည် သူမကို နက်ရှိုင်းသော အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ဘာစကားမျှ ထပ်မပြောတော့ဘဲ လီချန် နှင့်အတူ ဖက်ထုပ်များကို ဆက်စားနေခဲ့လေသည်။ရန်တုန်ချင်း သည် ယဲ့ဖန်ယွီ နှင့် လီချန် တို့ကို ဂရုမစိုက်တော့ဘဲ စုမူ ကို လှည့်ကာ မေးလိုက်လေသည်။ "မင်း ထွက်သွားပြီးတဲ့နောက် ဘာတွေ ဖြစ်ခဲ့သေးလဲ"စုမူ သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မကြိုးစားဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်လေသည်။

"ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ... အရိပ်မည်းက မကျော်လွှားနိုင်တဲ့ အရာမျိုး မဟုတ်ဘူး... မင်း မျက်လုံးကို မှိတ်ထားပြီး သူ့လက်ကို ကိုင်ပြီး ဆက်လျှောက်သွားနေသရွေ့ မိုးလင်းလာတဲ့အခါ အမှောင်ထုထဲကနေ ပြန်ရောက်လာလိမ့်မယ်”

ရန်တုန်ချင်း မှာ အံ့အားသင့်သွားခဲ့လေသည်။

"ဒီလောက်တောင် ရိုးရှင်းတာလား...""ငါ့အတွက်တော့ ရိုးရှင်းပေမဲ့ မင်းအတွက်တော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်”"မင်း ဘာကို ဆိုလိုတာလဲ...""ဒီအတိုင်းပါပဲ... အမှောင်ထုထဲမှာ မင်း မျက်လုံးဖွင့်ကြည့်ချင်လာအောင် အသံပေါင်းစုံနဲ့ မြူဆွယ်ဖြားယောင်းလိမ့်မယ်၊ မင်း မျက်လုံးဖွင့်လိုက်တာနဲ့ အမှောင်ထုထဲမှာ လုံးဝ လမ်းပျောက်သွားပြီး နောက်ဆုံးမှာ ရွာသူရွာသားတွေလို မွန်းစတား တစ်ကောင် ဖြစ်သွားလိမ့်မယ်” ရန်တုန်ချင်း က မထီမဲ့မြင်ပြုသည့်ဟန်ဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။

"မျက်လုံးမှိတ်ထားရုံလေးပဲ... ဘာတွေများ ခက်ခဲနေလို့လဲ၊ အဲဒီအသံတွေက အတုတွေဆိုတာ ငါသိထားမှတော့ သေချာပေါက် မျက်လုံးဖွင့်ကြည့်မှာ မဟုတ်ဘူး""အင်း... မင်း ပြောတာ မှန်ပါတယ်"ရန်တုန်ချင်း၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။ သူ အထင်သေးခံလိုက်ရသည်ဟု ခံစားလိုက်ရသော်လည်း သက်သေအထောက်အထား မရှိခဲ့ချေ။

ယဲ့ဖန်ယွီ သည် ဖက်ထုပ်များ စားသောက်နေသော်လည်း သူတို့၏ စကားဝိုင်းကို သေချာစွာ နားထောင်နေခဲ့လေသည်။ထိုအချိန်တွင် စုမူ သည် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"ငါ အမှောင်ထုထဲကနေ သတင်းအချက်အလက် တချို့ကိုလည်း ရခဲ့တယ်... ထင်ထင် နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေပေါ့..."သူသည် ထင်ထင် ကို လှမ်းကြည့်လိုက်သော်လည်း ထိုကလေးမလေးမှာ အိပ်ခန်းထဲသို့ ပြန်ပြေးသွားပြီး သူမ၏ အရုပ်လေးကို ဆံပင်ဖြီးပေးနေကြောင်း တွေ့လိုက်ရသည်။သူသည် အမှောင်ထုထဲတွင် မြင်တွေ့ခဲ့ရသည့် အရာများကို ဖြည်းညှင်းစွာ ပြန်လည် ပြောပြလိုက်ပြီး အထူးသဖြင့် ထင်ထင်နှင့် ပတ်သက်၍ ကြားခဲ့ရသော အသံများကို အဓိကထား၍ ပြောပြခဲ့လေသည်။ငါးမိနစ် ကြာပြီးနောက်တွင် ရန်တုန်ချင်း၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေပြီး လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားသဖြင့် သွေးကြောများပင် ထောင်ထနေတော့သည်။"တိရစ္ဆာန်တွေ... ဒီတိရစ္ဆာန်တွေ... သောက်ကျိုးနည်း ကောင်တွေ"ထိုအချိန်တွင် သူ၏ ရင်ထဲ၌ ဒေါသများ ပြည့်နှက်နေပြီး သူ၏ အရေပြားများပင်လျှင် သတ္တုရောင် တောက်ပလာခဲ့သည်။သူ လူသတ်ချင်နေသည်။ သတ်ဖြတ်ချင်စိတ်များကို သူ မတားဆီးနိုင်တော့ချေ။သူ၏ ဒေါသများနှင့် ဆန့်ကျင်ဘက် ဖြစ်စွာ ဘေးတွင်ရှိနေသော ယဲ့ဖန်ယွီ မှာ ဝမ်းသာအားရ ဖြစ်နေလေသည်။

"အရမ်းကောင်းတာပဲ...""မင်း ဘာပြောလိုက်တာလဲ" ရန်တုန်ချင်း သည် ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ စူးရဲစွာ စိုက်ကြည့်လိုက်သည်။"မဟုတ်ပါဘူး... အထင်မလွဲပါနဲ့၊ ငါ ဆိုလိုတာက မစ္စတာစု ရဲ့ ရှင်းပြချက်အရဆိုရင် ထင်ထင် က ဒီ အိပ်မက်ဆိုး ရဲ့ အရင်းအမြစ် ဖြစ်နိုင်ခြေ အရမ်းများတယ်လို့ ပြောချင်တာပါ"ယဲ့ဖန်ယွီ၏ မှုန်ကုပ်နေသော အမူအရာများမှာ ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားမှုများဖြင့် အစားထိုးသွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ဤ အိပ်မက်ဆိုး မှ လွတ်မြောက်နိုင်မည့် နည်းလမ်းကို သူ ရှာတွေ့သွားသောကြောင့် ပင်။ အသက်ရှင်သန်ခွင့်နှင့် နှိုင်းယှဉ်လျှင် အသေးအမွှား အခက်အခဲလေးများမှာ ဘာမှ မဟုတ်တော့ချေ။သူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

"ဒါက ကျွန်တော် အိပ်မက်ဆိုး ကမ္ဘာထဲကို ဝင်လာတာ သုံးကြိမ်မြောက်ပဲ၊ အိပ်မက်ဆိုး တွေနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ အတွေ့အကြုံ နည်းနည်းရှိတယ်၊ အိပ်မက်ဆိုး တွေက ထူးဆန်းပြီး နားလည်ရခက်တယ် ဆိုပေမဲ့ ဘလိုဖြစ်ပေါ်လာလည်းဆိုတဲ့ အကြောင်းအရင်း ရှိတယ်။ ဥပမာပြောရရင် တစ်ယောက်ယောက်က အိပ်ရာမဝင်ခင် ဇွန်ဘီ ဇာတ်ကား တစ်ကားကို ကြည့်ထားတယ်ဆိုရင် အဲဒီညအိပ်မက်ထဲမှာ ဇွန်ဘီတွေကို မြင်မက်နိုင်ခြေ အရမ်းများတယ်”"တစ်နည်းပြောရရင် အိပ်မက်ဆိုတာ လက်တွေ့ဘဝရဲ့ ထင်ဟပ်မှုတစ်ခုပဲ""ခုနက မစ္စတာစု ရဲ့ ရှင်းပြချက်က ကျွန်တော့်ကို အရာအားလုံး နားလည်သွားစေတယ်။ လက်တွေ့ဘဝမှာ ထင်ထင် ဟာ နေ့ဘက်ဆို ရွာသားတွေရဲ့ အနိုင်ကျင့်တာကို အများဆုံး ခံခဲ့ရတယ်။ ထင်ထင် ရဲ့ အမြင်မှာတော့ ရွာသားတွေက ရွာသားတွေပဲ။ သူတို့က နေ့ဘက်မှာ အပြင်ထွက်ပြီး ညဘက်မှာ အိမ်ပြန်နားကြတယ်။”

“ညီမလေးကို လိုက်ရှာဖို့ဆိုပြီး အပြင်ထွက်တုန်းက ထင်ထင် ဘာပြောခဲ့လဲဆိုတာ သေချာ ပြန်စဉ်းစားကြည့်...""သူမက ရွာသားတွေကို မွန်းစတားတွေ လို့ မခေါ်ဘဲ လူဆိုးတွေ လို့ ခေါ်တာက ပုံမှန်မဟုတ်ဘူးလေ”"ဒါက ထင်ထင် ရဲ့ အိပ်မက်ဆိုးလေ။ ဒါကြောင့် ရွာသားတွေရဲ့ လှုပ်ရပ်တွေ အားလုံးဟာလည်း ထင်ထင် ရဲ့ အတွေးအခေါ်နဲ့ ယုံကြည်မှုအတိုင်း ဖြစ်နေတာပဲ။”

“ ထင်ထင် ရဲ့ အဘွားက သူ့ကို အိမ်ထဲမှာပဲ ပုန်းနေဖို့ ပြောထားတယ်။အိမ်ထဲမှာနေရင် လုံခြုံတယ်။ ဒါကြောင့် ရွာသားတွေက အိမ်ထဲကို ဝင်လို့မရဘူး။”

“လက်တွေ့ဘဝမှာလည်း ဒီလိုပဲ ဖြစ်နိုင်တယ်။ ရွာသားတွေက ထင်ထင် ကို ဘယ်လောက်ပဲ အနိုင်ကျင့်ပါစေ၊ အိမ်တံခါးနဲ့ ပြတင်းပေါက်တွေကို အတင်းဖျက်ပြီး ဝင်တာမျိုး၊ သူများရဲ့ ကိုယ်ပိုင်အိမ်ထဲကို အတင်းအဓမ္မ ဝင်တာမျိုးတော့ သူတို့ မလုပ်ရဲကြဘူး။”“ရွာသားတွေက သူတို့ရဲ့ အသွင်အပြင်ကို ပြောင်းလဲနိုင်သလို လူတွေကို အပြင်ထွက်လာအောင် နည်းမျိုးစုံနဲ့ လှည့်ဖြားခေါ်ထုတ်နိုင်တယ်။ ဒါကလည်း တစ်ယောက်ယောက်က ထင်ထင် ကို သကြားလုံးပေးပြီး အိမ်ထဲကနေ ထွက်လာအောင် လှည့်စားခဲ့တာနဲ့ တစ်ထပ်တည်းပဲ။”

“ဒီလိုအဖြစ်မျိုးက တစ်ခါမက ဖြစ်ခဲ့ဖူးမှာပဲ။ ဒါကြောင့် ထင်ထင် ရဲ့အမြင်မှာ ရွာသားတွေဟာ ချိုသာတဲ့စကားတွေ၊ ချော့မော့တဲ့စကားတွေ အမျိုးမျိုးပြောပြီး သူ့ကို တံခါးဖွင့်ပေးအောင် လှည့်စားလိမ့်မယ်လို့ ထင်နေတာပေါ့။”ယဲ့ဖန်ယွီ သည် ပြောရင်းပြောရင်း ပို၍ စိတ်လှုပ်ရှားလာခဲ့သော်လည်း ရန်တုန်ချင်း၏ မျက်နှာမှာ ပို၍ မှောင်မိုက်လာနေသည်ကို သူ သတိမထားမိခဲ့ချေ။“နောက်တစ်ချက် ရှိသေးတယ်၊ အချိန်စီးကြောင်းအရဆိုရင် ရွာသူကြီးရဲ့ သားက ထင်ထင် ကို 'ထင်ထင် အရူးမ' လို့ ခေါ်ခဲ့တယ်လေ၊ အဲဒါက ဒီအတိုင်း ပါးစပ်က လွှတ်ခနဲ ပြောလိုက်တာလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ ထင်ထင် က တကယ်ကို ဉာဏ်ရည်မမီတဲ့ ကလေးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားခဲ့ဘူး။”

“ သူမက ကလေးငယ်လေး တစ်ယောက်လို ပြုမူနေရတဲ့ အကြောင်းရင်းကလည်း သူမရဲ့ ဉာဏ်ရည်က အဲဒီလောက်ပဲ ရှိလို့လေ။ဘာပဲဖြစ်ဖြစ် ဉာဏ်ရည်မမီတဲ့ သူတစ်ယောက်ရဲ့ အသိဉာဏ်က ကလေးတစ်ယောက်နဲ့ အခြေခံအားဖြင့် တူညီနေတာကိုး”"တော်လောက်ပြီ..." ရန်တုန်ချင်း က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ ယဲ့ဖန်ယွီ က ထင်ထင် ကို အရူးမ ဟု ခေါ်နေသည်ကို သူ သည်းမခံနိုင်တော့ချေ။ဘာအမှားမှ မလုပ်ခဲ့တဲ့ ကြင်နာတတ်သော နှလုံးသားရှိသည့် ဉာဏ်ရည်မမီသော ကောင်မလေးတစ်ယောက်သည် ဤကဲ့သို့ ဆက်ဆံခံခဲ့ရသည်။ သူမသည် ဖက်ထုပ်များကို အလွန်နှစ်သက်သော်လည်း သေဆုံးသွားပြီဖြစ်သော သူမ၏ အဘွားအတွက် သူမကိုယ်တိုင် အငတ်ခံကာ ပေးဆပ်ခဲ့သည်။ ယခုအချိန်တွင် ယဲ့ဖန်ယွီ က သူမ၏ အစားအစာများကို လုယူရန် ကြိုးစားနေသည့်တိုင် သူမကိုယ်တိုင် ဆာလောင်နေတာကို ဂရုမစိုက်ဘဲ ရန်ဖြစ်ကြမည်ကိုသာ စိုးရိမ်နေခဲ့သည် မဟုတ်ပါလော...ယဲ့ဖန်ယွီ ၏ အပြုံးမှာ တဖြည်းဖြည်း အေးစက်လာခဲ့လေသည်။

"မစ္စတာရန်... ခင်ဗျားရဲ့ ခံစားချက်တွေကို ကျွန်တော် နားလည်ပါတယ်။ ထင်ထင် ရဲ့ အဖြစ်ဆိုးကို ခင်ဗျား သနားနေတယ်။ ဒါပေမဲ့ မမေ့ပါနဲ့... ဒီနေရာက အိပ်မက်ဆိုး ကမ္ဘာ ပါ။ တကယ့် လက်တွေ့ဘဝက ထင်ထင် ဟာ သေဆုံးသွားခဲ့တာ ကြာပါပြီ။ အခု လက်ရှိ ထင်ထင် က တိတိကျကျ ပြောရရင် အိပ်မက်ဆိုး မွန်းစတား တစ်ကောင်ပါပဲ"ရန်တုန်ချင်း၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။ သူ၏ ဒေါသများကို ပေါက်ကွဲရန် နေရာမရှိဖြစ်နေသည်။ ယဲ့ဖန်ယွီ ပြောသည်မှာ မှန်ကန်ကြောင်း သူ သိရှိထားသော်လည်း သူသည် ဒေါသထွက်ကာ စိတ်ပျက်နေဆဲပင် ဖြစ်သည်။ယဲ့ဖန်ယွီ သည် သူ၏ အကြည့်များကို စုမူ ထံသို့ ပြောင်းလိုက်သည်။

"မစ္စတာစု... ခင်ဗျားက အမြဲတမ်း အကျိုးအကြောင်းနဲ့ စဉ်းစားတတ်တဲ့သူဆိုတာ ကျွန်တော်သိပါတယ်။ ခင်ဗျားလို ဉာဏ်ကောင်းတဲ့သူက ဒါတွေအားလုံးကို ကြိုတင်ခန့်မှန်းမိပြီးသား ဖြစ်မှာပါ။ ဒါဆို ကျန်တာက ရိုးရှင်းပါတယ်။ "“ငါတို့ အားလုံး ပူးပေါင်းပြီး ဒီအိပ်မက်ဆိုးရဲ့ အရင်းအမြစ်ကို ဖယ်ရှားလိုက်တာနဲ့ ဒီအိပ်မက်ဆိုးက ကျိုးပျက်သွားလိမ့်မယ်။အဲဒါကတော့ ထင်ထင် ကို သတ်ပစ်ဖို့ပဲ”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment