no

Font
Theme

အခန်း (၄၇)

ယဲ့ဖန်ယွီ ၏ လေသံမှာ ရုတ်တရက် တိုးညင်းသွားခဲ့သည်။ သူသည် အိပ်ခန်းထဲတွင် အရုပ်မလေး၏ ဆံပင်များကို ဖြီးပေးနေသော ကလေးမလေးကို တိတ်တဆိတ် လှမ်းကြည့်လိုက်ပြီးနောက် ဆက်ပြောလေသည်။

“ထင်ထင့်ကို သတ်ဖို့ဆိုတာ မခက်ခဲလောက်ပါဘူး။ တစ်ခုတည်းသော အတားအဆီးက သေဆုံးသွားပြီဖြစ်တဲ့ သူမရဲ့ အဘွားပဲ။ ငါတို့ ထင်ထင် ကို သတ်တဲ့အခါ သူမရဲ့ အဘွားနဲ့ ထိပ်တိုက် ရင်ဆိုင်ရဖို့ ဖြစ်နိုင်ခြေ အရမ်းများတယ်။ အထူးသဖြင့် ငါတို့ထဲက ဘယ်သူမှ သူမကို မမြင်နိုင်ဘူးဆိုတော့ ပိုဆိုးတာပေါ့။ အခုချိန်မှာ အဘွားဖြစ်သူ အိမ်မှာ ရှိနေသလား၊ မရှိဘူးလား ဆိုတာကိုတောင် ငါတို့ မသိကြဘူး...""ငါထင်တာတော့ သူမ အိမ်မှာ မရှိလောက်ဘူး... ဘာလို့လဲဆိုတော့ ထင်ထင် ရဲ့ မှတ်ဉာဏ်ထဲမှာ သူမရဲ့ အဘွားက နေ့ခင်းဘက်တွေဆို လယ်ထဲသွား အလုပ်လုပ်ရပြီး မိုးချုပ်မှသာ ပြန်လာတတ်တယ်လေ""ဒါပေမဲ့ ဘေးကင်းအောင်လို့ ငါ့မှာ အစီအစဉ်တစ်ခု ရှိတယ်။ ငါတို့ ဒီမှာပဲ မလှုပ်ရှားဘဲ ထင်ထင် ကို အရင် အပြင်ထွက်လာအောင် မြူဆွယ်ခေါ်ထုတ်နိုင်ရင် အကောင်းဆုံးပဲ။ ငါတို့အဖွဲ့ထဲမှာ ထင်ထင် က မစ္စတာစု ကို အယုံကြည်ဆုံး ဖြစ်နေပုံရတယ်။ ဒါကြောင့် ခင်ဗျားပဲ...""ငါ သဘောမတူဘူး..."ရန်တုန်ချင်း က ဒေါသတကြီးဖြင့် ရုတ်တရက် အော်ဟစ်လိုက်ပြီး လက်သီးများကို တင်းတင်းဆုပ်ကာ ယဲ့ဖန်ယွီ ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။

"ထင်ထင် က ဘာအမှား လုပ်ခဲ့လို့လဲ... သူမက သားကောင် တစ်ယောက်သက်သက်ပဲလေ။ တခြား နည်းလမ်းတွေ ရှိကို ရှိရမယ်"ယဲ့ဖန်ယွီ ၏ မျက်နှာအမူအရာမှာ ပို၍ အေးစက်လာခဲ့လေသည်။

"မစ္စတာရန်... ခင်ဗျား စိတ်အေးအေး ထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူမက လူသား မဟုတ်တော့ဘူး၊ အိပ်မက်ဆိုး ကမ္ဘာထဲက မွန်းစတား တစ်ကောင်ပဲ။ အိပ်မက်ဆိုး မွန်းစတားတစ်ကောင်ကို သတ်လိုက်ရုံနဲ့ လူတိုင်းရဲ့ အသက်ကို ကယ်တင်နိုင်တာပဲ။ ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား""ခင်ဗျားပြောသလိုပဲ အိပ်မက်ဆိုး ရဲ့ အရင်းအမြစ်ကို သတ်ပစ်တာအပြင် အိပ်မက်ဆိုး ထဲကနေ လွတ်မြောက်နိုင်မယ့် တခြားနည်းလမ်းတစ်ခု တကယ်ပဲ ရှိပါသေးတယ်။ အဲဒါက အိပ်မက်ဆိုး ရဲ့ အရင်းအမြစ်ကို ကယ်တင်ဖို့ပဲ။ ဒီ အိပ်မက်ဆိုး က ထင်ထင် ဆီကနေ စတင်ခဲ့တာဆိုတော့ ရွာသားတွေ အားလုံးကို သတ်ပစ်လိုက်လို့ ဒီလူဆိုးတွေ မရှိတော့ရင် အိပ်မက်ဆိုး ကလည်း အလိုလို ပျောက်ကွယ်သွားမှာပဲ။ ဒါပေမဲ့ အဲဒါက ဖြစ်နိုင်မယ်လို့ ခင်ဗျား ထင်နေတာလား...""ငါတို့ လူနည်းနည်းလေးနဲ့ ရွာသား ရာပေါင်းများစွာကို ရင်ဆိုင်မယ်ဆို လုံးဝ အနိုင်ရနိုင်ခြေ မရှိဘူး။ အထူးသဖြင့် ခင်ဗျား မမေ့သင့်တဲ့ အချက်က ဒီမှာ စားစရာ မရှိဘူး။ ထူးခြားစွမ်းအားရှင် ဆိုရင်တောင်မှ အစာမစားရရင် စွမ်းရည်တွေကိုတောင် အသုံးမပြုနိုင်တော့တဲ့ အခြေအနေအထိ တဖြည်းဖြည်း အားနည်းလာပြီး ငတ်သေသွားနိုင်တယ်။ အဲဒီအခါကျရင် ရွာသားတွေကို ခင်ဗျား ဘယ်လိုသတ်မလဲ"ယဲ့ဖန်ယွီ သည် အကျိုးအကြောင်းများကို ရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာ ပြလိုက်သော်လည်း ရန်တုန်ချင်း၏ အဖြေမှာ ယခင်အတိုင်းပင် ဖြစ်လေသည်။

"ငါ သဘောမတူဘူး..."ထူးခြားစွမ်းအားရှင် တစ်ယောက် ဖြစ်လာခါစ လူငယ်လေးသည် ယခုအခါတွင် ယခင်က မရှိခဲ့ဖူးသော ဆုံးဖြတ်ချက် ခိုင်မာမှုကို ပြသနေလေသည်။ သူသည် သွားများကို တင်းတင်းကြိတ်ထားပြီး မျက်နှာပေါ်ရှိ သွေးကြောများမှာ မထင်မရှား ပေါ်လွင်နေကာ မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေလေသည်။"ထင်ထင် အတွက် ကလဲ့စားချေတဲ့ အနေနဲ့ ရွာသားတွေ အားလုံးကို ငါ သတ်ပစ်မယ်..."ယဲ့ဖန်ယွီ မှာ အံ့အားသင့်သွားပြီး ဒေါသထွက်သွားခဲ့လေသည်။

"မင်း သောက်ရူး… ရူးနေတာလား... မင်း ဒီလိုလုပ်ရင် အားလုံး သေကုန်လိမ့်မယ်။ရာနဲ့ချီတဲ့ ရွာသား တွေကို ငါတို့က ဘယ်လိုလုပ် ရင်ဆိုင်ရမှာလဲ။ ကလဲ့စားချေမယ် ဟုတ်လား၊ မင်း ဘာ ကလဲ့စားချေတာကို ပြောနေတာလဲ...""သူတို့အားလုံးက သေပြီးသားတွေ...ဒါတွေ အားလုံးက အိပ်မက်တစ်ခုသက်သက်ပဲ""အိပ်မက် ဟုတ်လား..."ရန်တုန်ချင်း၏ မျက်လုံးများတွင် အလွန် ပြင်းထန်သော မီးတောက်များ တောက်လောင်နေပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သတ္တုအရောင်အသွေးမှာလည်း ပိုမို ထင်ရှားလာခဲ့လေသည်။

"ဒီလူယုတ်မာတွေက အိပ်မက်ထဲမှာတောင် အသက်ရှင်နေဖို့ မထိုက်တန်ဘူး။ သူတို့ သေသွားပြီးတဲ့နောက်မှာတောင် ထင်ထင် ကို အိပ်မက်ထဲမှာ ထာဝရ အနိုင်ကျင့်နေဖို့ ဘာလို့ အခွင့်အရေး ရနေရတာလဲ""ပြောစမ်း... ဘာအခွင့်အရေးနဲ့လဲ""သူတို့တွေ... သောက်ကျိုးနည်း လူယုတ်မာကောင်တွေ""မင်း ရူးနေပြီ... မင်း တကယ်ကို ရူးနေပြီ"ယဲ့ဖန်ယွီ ကလည်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်။

"မစ္စတာစု... သူ့ကို ဘယ်လိုမှ ပြောလို့ ရမှာ မဟုတ်တော့ဘူး။ ခင်ဗျားက ဉာဏ်ကောင်းတဲ့သူ တစ်ယောက်ပါ၊ ကျွန်တော့် အစီအစဉ်အတိုင်း လုပ်မယ်ဆိုရင် ကျွန်တော်တို့အားလုံး သေချာပေါက် လက်တွေ့ကမ္ဘာကို ပြန်ရောက်နိုင်မှာပါ"

ခဏတာမျှ ရန်တုန်ချင်း နှင့် ယဲ့ဖန်ယွီ တို့ နှစ်ဦးစလုံး၏ အကြည့်များမှာ စုမူ ထံသို့ ရောက်ရှိသွားကြလေသည်။စုမူ သည် သွေးအေးပြီး ဉာဏ်ကောင်းသူ တစ်ယောက်ဖြစ်ရာ မှန်ကန်သော ရွေးချယ်မှုကို သေချာပေါက် ပြုလုပ်လိမ့်မည်ဟု ယဲ့ဖန်ယွီ က ယုံကြည်ထားသည်။ရန်တုန်ချင်း ကမူ... သူ၏ လက်သီးများကို တင်းကျပ်စွာဆုပ်ထားလိုက်သည်။ စုမူ ၏ အေးစက်ပြီး ရက်စက်တတ်သည့် သဘောသဘာဝကို သူ သိရှိထားသောကြောင့် သူတို့ နှစ်ဦးစလုံးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရန် ပြင်ဆင်ထားခဲ့သော်လည်း သူ၏ ရင်ထဲတွင်မူ စုမူ က ယဲ့ဖန်ယွီ ၏ အဆိုပြုချက်ကို ငြင်းဆန်လိမ့်မည်ဟု တိတ်တဆိတ် မျှော်လင့်နေမိသည်။သူတို့၏ အကြည့်များကို ရင်ဆိုင်ရင်း စုမူ က ခပ်ဟဟ ပြုံးလိုက်သည်။

"ကျွန်တော်လည်း သဘောမတူဖူး..."ရန်တုန်ချင်း မှာ အံ့ဩသွားပြီး ဝမ်းသာသွားခဲ့သော်လည်း ယဲ့ဖန်ယွီ မှာမူ လုံးဝ မယုံကြည်နိုင်လောက်အောင် မှင်သက်သွားခဲ့လေတော့သည်။“ခင်ဗျား... ခင်ဗျား သဘောမတူဖူး ဟုတ်လား”ယဲ့ဖန်ယွီ မှာ အခြေအနေကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေလေသည်။

“ခင်ဗျားလို လူမျိုးက အိပ်မက်ဆိုး မွန်းစတား တစ်ကောင်ရဲ့ သေခြင်း၊ ရှင်ခြင်းကို တကယ်ပဲ ဂရုစိုက်နေတာလား..."စုမူ သည် သူ၏ အညိုရောင် မျက်မှန်ကို သေချာ ပြန်တပ်လိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"မစ္စတာယဲ့... ကြည့်ရတာ ကျွန်တော့်အပေါ် အထင်လွဲမှားမှုတွေ အများကြီး ရှိနေပုံပဲ။ တကယ်တော့... ကျွန်တော်က အမြဲတမ်း လူကောင်း တစ်ယောက်ပါ...""ဟား... ဟာဟား..."ယဲ့ဖန်ယွီ သည် ထူးဆန်းပြီး ခြိမ်းခြောက်သည့်ဟန်ဖြင့် ရယ်မောလိုက်လေသည်။

"မင်းကလား... လူကောင်း... မင်းတို့အားလုံးက လူကောင်းတွေပေါ့... ငါ တစ်ယောက်တည်းကပဲ လူဆိုးပေါ့လေ..."သူသည် ရူးသွပ်စွာဖြင့် မိမိကိုယ်မိမိ လက်ညှိုးထိုးကာ ပြောလိုက်သည်။ အိပ်မက်ဆိုး ကမ္ဘာမှ လွတ်မြောက်ရန် နီးစပ်နေချိန်တွင် ဤကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိသွားလိမ့်မည်ဟု သူ တစ်ခါမျှ မျှော်လင့်မထားခဲ့ချေ။ သူ၏ ပျော်ရွှင်မှုများအားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။“ငါ လိုချင်တာ အသက်ရှင်ဖို့လေးတစ်ခုပါပဲ၊ အဲဒါက ဘာမှားနေလို့လဲ”"မစ္စတာယဲ့... ခင်ဗျားက အပေါ်ယံ အရာတွေအပေါ်မှာ အရမ်း အလေးထားနေတာပဲ။ ဒီလောကမှာ မှားတယ်၊ မှန်တယ် ဆိုတာ မရှိဘူး။ ခွန်အားကြီးတာနဲ့ အားနည်းတာပဲ ရှိတယ်။အသက်ရှင်ချင်တဲ့ ခင်ဗျားရဲ့ ဆန္ဒကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ခင်ဗျား လိုက်နာဖို့ သေချာပေါက် လိုအပ်တယ်”

စုမူ သည် ထင်ထင် ကို သတ်ပြီး လက်တွေ့ကမ္ဘာသို့ ပြန်ရန် မရွေးချယ်နိုင်ပေ။ ထူးခြားစွမ်းအားရှင် တစ်ယောက် မဖြစ်လာပဲ ယခုအချိန်တွင် လက်တွေ့ကမ္ဘာသို့ ပြန်ရောက်သွားပါကလည်း သူ သေဆုံးရမည်သာ ဖြစ်သည်။ထိုအချိန်တွင် ယဲ့ဖန်ယွီ ၏ မျက်နှာအမူအရာမှာ လုံးဝ အေးစက်သွားခဲ့သည်။ သူ၏ မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြည့်နှက်နေပြီး သူ၏ ညာဘက်လက် လက်ချောင်းငါးချောင်းကို ဆန့်ထုတ်လိုက်ရာ တောက်ပသော မီးတောက်များ တစ်ခုပြီးတစ်ခု လင်းလက်လာခဲ့လေသည်။"မင်းပြောတာ မှန်တယ်... ဒီလောကမှာ မှားတယ်၊ မှန်တယ် ဆိုတာ မရှိဘူး။ ခွန်အားကြီးတာနဲ့ အားနည်းတာပဲ ရှိတယ်။ ဒါပေမဲ့... ငါက အားနည်းတဲ့သူလို့ ဘယ်သူက ပြောလဲ"သူ စကားပြောပြီးသည်နှင့် အခန်းထဲရှိ လေထုမှာ ချက်ချင်း အေးခဲသွားခဲ့သည်။ ရန်တုန်ချင်း သည် ရှေ့သို့ တိုးလာပြီး စုမူ၏ ဘေးတွင် ရပ်လိုက်ကာ ကျောက်ချောင်ယောင် နှင့် အခြားသူများမှာလည်း သူတို့၏ ဓားရှည်များကို ဆွဲထုတ်လိုက်ကြပြီး သူတို့၏ ရူးသွပ်နေသော မျက်နှာများတွင် လူသတ်ချင်စိတ်များ ပြည့်နှက်နေခဲ့သည်။စုမူ သည် ခပ်ဟဟ ပြုံးရင်း ပြောလိုက်သည်။

"မစ္စတာယဲ့... ခင်ဗျားသာ တကယ် အစွမ်းထက်တဲ့သူ ဆိုရင် ကျွန်တော့်ကို စတွေ့ကတည်းက ခင်ဗျား အစကနေ အဆုံးထိ အနိုင်ရနိုင်ခြေ မရှိဘူးဆိုတာကို နားလည်ထားသင့်တယ်..."ယဲ့ဖန်ယွီ ၏ နှုတ်ခမ်းထက်တွင် လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ကြည့်ရတာ အရင်က ငါ သည်းခံခဲ့တာတွေကို မင်း အထင်လွဲသွားပုံပဲ။ အရင်က ငါတို့ကြားမှာ ပြေလည်အောင် ဖြေရှင်းလို့မရတဲ့ ပဋိပက္ခ မရှိခဲ့ဘူးလေ။ ပြီးတော့ ငါတို့ နှစ်ယောက်စလုံးက အိပ်မက်ဆိုး ကမ္ဘာ ထဲ ရောက်နေတာဆိုတော့ အချင်းချင်း သတ်ဖြတ်တာက အသိဥာဏ်ကင်းမဲ့ရာ ရောက်တယ်ဆိုပြီး ငါ နေရာတိုင်းမှာ သည်းခံနေခဲ့တာ""ဒါပေမဲ့ အခုတော့... အိပ်မက်ဆိုး ကနေ လွတ်မြောက်နိုင်မယ့် သော့ချက်ကို ရှာတွေ့သွားပြီဆိုတော့ ငါ ဘာကိုမှ ပူပန်နေစရာ မလိုတော့ဘူး""ပြီးတော့ မင်းတို့ရဲ့ အစွမ်းအစတွေကိုလည်း ငါ အတိအကျ သိပြီးပြီ။ ရန်တုန်ချင်း က မကြာသေးခင်ကမှ စွမ်းအားရှင် ဖြစ်လာသူတစ်ယောက်ပဲ။ ကိုယ့်အစွမ်းကိုတောင် ကောင်းကောင်းမထိန်းချုပ်နိုင်သေးဘူး။ မင်းတို့ကတော့ မင်းရဲ့ ရုပ်သေးအစွမ်းနဲ့ ထိန်းချုပ်ထားတဲ့ သာမန်လူတစ်စုပဲ။ ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်က သာမန်လူတွေထက်တောင် အားနည်းနေသေးတယ်"

"အရေးအကြီးဆုံးက အရင်တိုက်ပွဲတွေမှာ မင်းလူတွေရဲ့ ကျည်ဆန်တွေ အားလုံး ကုန်သွားပြီလေ။ မင်းက ငါ့ကို အန္တရာယ် ပေးနိုင်သေးတယ်လို့ ထင်နေသေးတာလား"စုမူ ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်း မရှိချေ။

"ကျည်ဆန်တွေ ကုန်သွားပြီလို့ ဘယ်သူက ပြောလို့လဲ..."ယဲ့ဖန်ယွီ ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူ၏ ‘လက်ငါးချောင်း မီးတောက်ကျည်ဆန်’ မှာ တိုက်ခိုက်မှုအပေါ်တွင် အဓိကထားပြီး ရန်တုန်ချင်း ကဲ့သို့ ကျည်ဆန်များကို ကာကွယ်ရန် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အားကိုး၍ မရနိုင်ချေ။ အကယ်၍ တစ်ဖက်လူတွင် သေနတ် ရှိနေသေးပါက သူ အမှန်တကယ် အန္တရာယ် ရှိပေသည်။"မင်း ဟန်လုပ် ခြောက်လှန့်နေစရာ မလိုပါဘူး။ မင်းတို့ ကျည်ဆန်တွေ ကုန်သွားပြီဆိုတာကို ငါ ကိုယ်တိုင် မျက်စိနဲ့တပ်အပ် မြင်ခဲ့တာပဲ"" ခင်ဗျား ပြောတာ မှန်ပါတယ်... ကျွန်တော်တို့မှာ ကျည်ဆန်တွေ ကုန်သွားတာ မှန်တယ်။ ဒါပေမဲ့ မစ္စတာလီချန် ဆီမှာတော့ မကုန်သေးဘူးလေ"ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ အာရုံမှာ အသံတစ်သံမျှ မထွက်ရဲဘဲ ထောင့်တစ်နေရာတွင် ပုန်းကွယ်နေသော လီချန် ထံသို့ ချက်ချင်း ရောက်ရှိသွားကြလေသည်။လီချန်သည် ခါးကြားမှ အနက်ရောင် ပစ္စတိုသေနတ် တစ်လက်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လာခဲ့ပြီး သူ၏ လက်များမှာ ထိန်းချုပ်၍မရအောင် တုန်ယင်နေလေသည်။ယဲ့ဖန်ယွီ ၏ ရင်ထဲတွင် လေးလံသွားခဲ့သည်။ သေနတ်တစ်လက်က သူ့ကို အန္တရာယ် မပေးနိုင်သော်ငြားလည်း ထိုအရာက ရန်တုန်ချင်း နှင့် အခြားသူများ မရှိသည့် တစ်ဦးချင်း တိုက်ခိုက်ရမည့် အခြေအနေမျိုးတွင်သာ ဖြစ်လေသည်။"လီချန်... မင်း အသက်မရှင်ချင်ဘူးလား။ အခွင့်အရေးက မင်း မျက်စိရှေ့မှာတင် ရောက်နေပြီလေ။ အဲဒီ ကောင်မလေးကို မင်း သတ်လိုက်တာနဲ့ ငါတို့ လက်တွေ့ကမ္ဘာကို ပြန်ရောက်နိုင်ပြီ..."

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment