no

Font
Theme

အခန်း (၄၉)

ဘုန်း...ထိုတိုက်ခိုက်မှု၏ အင်အားမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ပေါက်ကွဲစေတတ်သော မီးတောက်များသည် ရန်တုန်ချင်း၏ ခန္ဓာကိုယ်ပေါ်တွင် တိုက်ရိုက် ပေါက်ကွဲသွားပြီး တစ်ခဏအတွင်းမှာပင် သူ့ကို ဝါးမြိုသွားသည့် ဒေါသတကြီး တောက်လောင်နေသော မီးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။"အား..."နာကျင်မှုနှင့် ဒေါသများ ရောယှက်နေသော အော်သံနှင့်အတူ မီးကျွမ်းနေသော ရန်တုန်ချင်းသည် မီးပင်လယ်ထဲမှ အတင်းအဓမ္မ ဖောက်ထွက်လာခဲ့သည်။ယခုမှ ပြန်ပေါက်လာသော ဆံပင်အနည်းငယ်မှာလည်း လုံးဝ ပြောင်သလင်းခါသွားလေပြီ။သူသည် ရုတ်တရက် ခုန်တက်လိုက်ပြီး တောင်ပေါ်မှ ဆင်းလာသော ကျားတစ်ကောင်ကဲ့သို့ ယဲ့ဖန်ယွီ ထံသို့ ခုန်အုပ်လိုက်သည်။ယဲ့ဖန်ယွီမှာ လန့်သွားပြီး အလျင်အမြန် ရှောင်တိမ်းလိုက်သည်။ ထို့နောက် ရန်တုန်ချင်း၏ လက်သီးချက်များက မိုးရွာကျသည့်အလား အဆက်မပြတ် ရောက်ရှိလာလေသည်။ သတ္တုရောင် တောက်ပနေသော လက်သီးချက်တိုင်းက လေထုကို ပေါက်ကွဲသွားစေခဲ့သည်။

သို့သော် ယဲ့ဖန်ယွီက ပို၍ မြန်ဆန်နေသည်မှာ သိသာလှသည်။ သူသည် နောက်တစ်လှမ်း ဆုတ်ကာ လက်သီးချက်ကို ရှောင်တိမ်းလိုက်လေသည်။ မည်သို့ပင်ဆိုစေ သူသည် တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သူတစ်ဦး ဖြစ်ပေသည်။ ရန်တုန်ချင်း၏ တိုက်ခိုက်မှုကြားမှ ဟာကွက်ကို အခွင့်ကောင်းယူကာ ရန်တုန်ချင်း၏ မျက်နှာတည့်တည့်သို့ မီးလုံးတစ်လုံး ပစ်လွှတ်လိုက်လေသည်။ရန်တုန်ချင်းမှာ အံ့အားသင့်သွားပြီး လက်နှစ်ဖက်ဖြင့် အလျင်အမြန် ကာကွယ်လိုက်လေသည်။ဤသည်မှာ ယဲ့ဖန်ယွီ အလိုရှိနေသော အရာဖြစ်ကြောင်းကို သူ မသိခဲ့ချေ။အဆုံးသတ်တွင်မူ သူသည် အတွေ့အကြုံ နုနယ်လွန်းနေဆဲပင် ဖြစ်သည်။ယဲ့ဖန်ယွီသည် သူ၏ ညာလက်ကို ရုတ်တရက် ဆန့်ထုတ်ကာ လက်ငါးချောင်းကို သားရဲလက်သည်းပုံစံ အဖြစ် ပြောင်းလဲလိုက်သည်။ထို့နောက် သူ၏ လက်ချောင်းထိပ်များတွင် မီးပွားများ ဆက်တိုက် တောက်လောင်လာပြီး အလွန်အမင်း ဖိသိပ်ထားသော မီးလုံးငါးလုံးအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူသည် ထိုမီးလုံးများကို ပစ်မလွှတ်ဘဲ လက်ငါးချောင်းကို တင်းတင်းဆုပ်လိုက်လေသည်။အလွန်အမင်း ဖိသိပ်ထားသော မီးလုံးငါးလုံးကို လက်ထဲတွင် ဆုပ်ထားလိုက်သောအခါ မည်သို့ ဖြစ်သွားမည်နည်း။နောက်တစ်ခဏ၌ပင် ယဲ့ဖန်ယွီက အဖြေပေးလိုက်သည်။သူ၏ လက်တစ်ခုလုံးမှာ မီးစွဲလောင်သွားသည့်အလား ပြင်းထန်စွာ တောက်လောင်လာခဲ့ပြီး မီးတောက်များမှာ တောက်ပသော လိမ္မော်ရောင် မဟုတ်တော့ဘဲ နီရဲသော အရောင်များ ရောယှက်လာခဲ့လေသည်။‘မီးတောက်လက်သီး’သူသည် လက်သီးတစ်ချက် ထိုးချလိုက်ရာ ရန်တုန်ချင်း၏ ဟာလာဟင်းလင်း ဖြစ်နေသော ဝမ်းဗိုက်ကို တည့်တည့် ဝင်မှန်သွားလေသည်။ဘုန်း...နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များက သူတို့နှစ်ဦးစလုံးကို တစ်ခဏအတွင်းမှာပင် ဝါးမြိုသွားလေတော့သည်။"အား..."အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး မီးကျွမ်းနေသော ပုံရိပ်တစ်ခုမှာ အမြောက်ဆန်တစ်ခုကဲ့သို့ လွင့်စင်ထွက်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ လေထဲတွင် လေးကိုင်းသဏ္ဌာန် ကွေးညွတ်သွားပြီး သစ်ပင်တန်းများကို ဝင်တိုက်မိသွားလေသည်။ သစ်ကိုင်းကျိုးသံများနှင့်အတူ သစ်ပင်အချို့ လဲကျသွားပြီး သစ်ရွက်များ နေရာအနှံ့ လွင့်စင်သွားတော့သည်။သူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး ပြင်းထန်သော အရှိန်ကြောင့် မြေပြင်တွင် နက်ရှိုင်းတဲ့ မြောင်းတစ်ခု ဖြစ်ပေါ်သွားကာ ဖုန်မှုန့်များနှင့် ကျောက်စရစ်ခဲများလည်း နေရာအနှံ့ သို့ ပျံ့ကျဲကုန်သည်။လွင့်စင်ထွက်သွားသူမှာ ရန်တုန်ချင်း ပင် ဖြစ်လေသည်။ယဲ့ဖန်ယွီသည် အနီးကပ်တိုက်ခိုက်ရာတွင် မကျွမ်းကျင်ဟု သူ ထင်မှတ်ထားခဲ့သည်။သို့သော် ယဲ့ဖန်ယွီ၌ လျှို့ဝှက်ဖဲချပ် တစ်ခု ရှိနေပြီး၊ အရင်က လုပ်ခဲ့သမျှ အရာအားလုံးသည် လှည့်စားမှုတစ်ခုသက်သက်သာ ဖြစ်နေသည်။ထိုအချိန်တွင် ရန်တုန်ချင်း၏ ဝမ်းဗိုက်မှာ မီးကျွမ်းနေပြီး မီးလောင်ထားသော အသားကင်အနံ့ကိုပင် ရနေလေသည်။ သူ၏ အသိစိတ်များ စတင်မှုန်ဝါးလာပြီး မတ်တပ်ရပ်ရန် ကြိုးစားခဲ့သော်လည်း မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြန်လဲကျသွားခဲ့သည်။သူသည် ကောင်းကင်ကြီးကို အဓိပ္ပာယ်မဲ့စွာ စိုက်ကြည့်နေရင်း... ထူးခြားစွမ်းအားရှင် တစ်ယောက် ဖြစ်လာခဲ့သည့်တိုင် အားနည်းနေဆဲဖြစ်ကြောင်းကို သဘောပေါက်သွားခဲ့သည်။ငါ သေရတော့မှာလား...သူကိုယ်တိုင် ကျရှုံးသွားခဲ့ပြီဖြစ်ရာ စုမူက ယဲ့ဖန်ယွီကို အနိုင်ယူနိုင်လိမ့်မည်ဟု သူ မယုံကြည်ခဲ့ပေ။ ဤနေရာသည် သူတို့အားလုံး၏ အဆုံးသတ်နေရာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ဒါပေမဲ့ ငါ ဘာလို့ ဒီလောက်တောင် လက်မခံနိုင်ဖြစ်နေရတာလဲ... ထင်ထင်အတွက် ငါ ကလဲ့စားမချေရသေးဘူး... ပြီးတော့ ဂျက်စ်မင်း ကလည်း ငါ ပြန်အလာကို စောင့်နေသေးတယ်... ငါ အခု သေလို့ မဖြစ်သေးဘူး...

ပြင်းထန်သော စိတ်ဆန္ဒတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ တစ်ဖန် ပြန်လည် မြင့်တက်လာစေခဲ့သည်။ ထိုစွမ်းအားများ အားကိုးဖြင့် သူသည် တစ်ဖန် မတ်တပ်ထရပ်လိုက်ပြီး တိုက်ခိုက်လိုစိတ်များ ပြန်လည်တိုးလာခဲ့သည်။သူ... အခု လဲကျသွားလို့ မဖြစ်သေးဘူး။

ထိုစဥ်မှာပင်…ဘုန်းးးးမီးတောက်ကျည်ဆန်တစ်ခုသည် လေထုကို ဖြတ်သန်းလာပြီး ရန်တုန်ချင်းကို တည့်တည့် ဝင်မှန်သွားလေသည်။ဘုတ်...ရန်တုန်ချင်း၏ မျက်လုံးများမှာ လုံးဝ လန်တက်သွားပြီး ချက်ချင်းပင် သတိလစ် သွားလေတော့သည်။နောက်ဆုံးတွင်တော့ သူ လဲကျသွားခဲ့လေပြီ။ယဲ့ဖန်ယွီသည် သူ့အား ထရန် အခွင့်အရေးကို လုံးဝ မပေးခဲ့ချေ။ယခုအချိန်တွင် ယဲ့ဖန်ယွီ၏ ခန္ဓာကိုယ်ပေါ် ရှိ မီးတောက်များမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ အခြေအနေမှာ အလွန် ဆိုးရွားနေပြီး မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေကာ ရင်ဘတ်မှာလည်း ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ်ပေါ်တွင် မီးလောင်ထားသော အမှတ်အသားများကိုပင် တွေ့မြင်နိုင်ပြီး အထူးသဖြင့် သူ၏ ညာဘက်လက်မှာ မီးကျွမ်းနေကာ အားပျော့စွာ တွဲလောင်းကျနေလေသည်။တိုက်ပွဲကို စောင့်ကြည့်နေသော စုမူသည် မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်လေသည်။ ‘လက်ငါးချောင်း မီးတောက်ကျည်ဆန်’ စွမ်းရည်သည် ယဲ့ဖန်ယွီအား မြင့်မားသော မီးခံနိုင်ရည်ကို ပေးစွမ်းထားသဖြင့် သူသည် မီးတောက်များကို ထိန်းချုပ်နိုင်ခြင်း ဖြစ်လေသည်။ သို့သော် ထိုမီးဒဏ်ခံနိုင်ရည်မှာ အကန့်အသတ် ရှိပေသည်။ စောစောက‘မီးတောက်လက်သီး’ သည် တိုက်ခိုက်သူနှင့် ခံရသူ နှစ်ဦးစလုံးကို ဒဏ်ရာရစေခဲ့သည်ဟု ဆိုနိုင်ပေသည်။ဖိသိပ်ထားသော မီးလုံးငါးလုံးမှာ အနီးကပ် ပေါက်ကွဲသွားသဖြင့် ယဲ့ဖန်ယွီ၏ လက်ကို အရင် ဒဏ်ရာရစေခဲ့ပြီးနောက် ရန်တုန်ချင်းကို ဒဏ်ရာရစေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယဲ့ဖန်ယွီသည် သူ၏ မီးဒဏ်ခံနိုင်ရည်ကြောင့် ဒဏ်ရာအများစုကို ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ယဲ့ဖန်ယွီသည် လက်တစ်ဖက် သုံးမရဖြစ်ကာ အခြေအနေ ဆိုးရွားနေသော်ငြားလည်း သူသည် အနိုင်ရသွားပြီဟူသော ဝင့်ကြွားသောအပြုံးကို ပြုံးထားလေသည်။သူသည် စုမူထံသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ "မစ္စတာစု... ခင်ဗျား တစ်ယောက်တည်း ကျန်တော့တယ်..."ကျောက်ချောင်ယောင် နှင့် အခြားသူများမှာ စုမူကို ကာကွယ်ရန် ဓားရှည်များကို ချက်ချင်း ဆွဲထုတ်လိုက်ကြသည်။ယဲ့ဖန်ယွီ၏ အပြုံးမှာ ပိုမို အကျည်းတန်လာခဲ့လေသည်။

"သာမန်လူ အနည်းငယ်လောက်နဲ့ ငါ့ကို တားနိုင်မယ်လို့ မင်း ထင်နေတာလား...""ဟာဟားဟား... မင်းက အမြဲတမ်း အရမ်း မောက်မာနေတာ မဟုတ်ဘူးလား... မင်းလို လူတစ်ယောက် မသေခင်မှာ ဘယ်လို ရုပ်ဆိုးတဲ့ အမူအရာမျိုး ပြမလဲဆိုတာကို ငါ တော်တော်လေး သိချင်နေပြီ”

ယဲ့ဖန်ယွီ၏ ရူးသွပ်သော ရယ်မောသံကို ရင်ဆိုင်ရင်း စုမူသည် ပြုံးလိုက်သည်။ သူသည် လက်ကိုဝှေ့ယမ်းကာ ကျောက်ချောင်ယောင်နှင့် အခြားသူများကို လူစုခွဲရန် အချက်ပြလိုက်လေသည်။အမိန့်ကို နာခံသော ကျောက်ချောင်ယောင်နှင့် အခြားသူများမှာ သဘာဝကျစွာပင် လူစုခွဲလိုက်ကြရာ တစ်ချိန်လုံး ကာကွယ်ခံထားရသော စုမူမှာ ပေါ်ထွက်လာခဲ့သည်။ယဲ့ဖန်ယွီမှာ တုံ့ဆိုင်းသွားပြီး မျက်နှာပေါ်တွင် သတိထားသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ "မစ္စတာစု... ပြီးပြည့်စုံတဲ့ အင်အားရှေ့မှာ ခင်ဗျား ဘယ်လို လှည့်ကွက်တွေပဲ သုံးသုံး အလကားပဲ..."ထိုစကားကို ကြားသောအခါ စုမူသည် ခပ်ဟဟ ပြုံးလိုက်ပြီး သူ၏ ဖြူဖွေးသွယ်လျသော လက်ချောင်းများဖြင့် မျက်နှာပေါ်ရှိ အညိုရောင် မျက်မှန်ကို ညင်သာစွာ ချွတ်လိုက်သည်။ ထို့နောက် မျက်မှန်ကို ဖြည်းညှင်းစွာနှင့် သေချာစွာ ခေါက်လိုက်ပြီး အိတ်ကပ်ထဲသို့ ထည့်လိုက်လေသည်။အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့် ထိုယုံကြည်မှုက ယဲ့ဖန်ယွီကို ပို၍ သတိထားလာစေခဲ့ပြီး သူသည် အနည်းငယ်မျှပင် ပေါ့ဆရဲခြင်း မရှိတော့ချေ။ထိုအချိန်တွင် စုမူသည် ပြုံးကာ ပြောလိုက်လေသည်။

"မစ္စတာယဲ့... ကျွန်တော့်ရဲ့ စွမ်းရည်တွေက ရုပ်သေးရုပ် စွမ်းရည်လို့ ခင်ဗျား တကယ်ပဲ ထင်နေတာလား..."ယဲ့ဖန်ယွီ၏ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားခဲ့သည်။

"မင်း ဘာကို ဆိုလိုတာလဲ... မင်းရဲ့ စွမ်းရည်က ဘယ်လိုလုပ် ရုပ်သေးရုပ် စွမ်းရည် မဟုတ်ရမှာလဲ။ မင်းသာ ရုပ်သေးရုပ် စွမ်းရည် မဟုတ်ရင် အိပ်မက်ဆိုး ကမ္ဘာထဲကို လက်အောက်ငယ်သား ဒီလောက်အများကြီးကို ဘယ်လိုလုပ် ခေါ်လာနိုင်မှာလဲ..."စုမူက ခေါင်းကို ညင်သာစွာ ခါယမ်းပြရင်း ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ အစစ်အမှန်စွမ်းရည်က ‘ကိုယ်ပွား အသုံးပြုသူ’ ပဲ...""ကိုယ်ပွား... မင်းရဲ့ စွမ်းရည်က ဘာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး... သေလိုက်စမ်း" ယဲ့ဖန်ယွီသည် ရုတ်တရက် တိုက်ခိုက်လိုက်ပြီး တောက်ပသော မီးလုံးတစ်လုံး ပစ်လွှတ်လိုက်ရာ စုမူ၏ ခန္ဓာကိုယ်ကို တည့်တည့် ထိမှန်သွားလေသည်။ဘုန်း...စုမူသည် သေဆုံးသွားပြီး သူ၏ ခန္ဓာကိုယ်မှာ မီးကျွမ်းနေသော အလောင်းတစ်လောင်း အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

"ဟွန့်... လှည့်ကွက်တွေ သုံးနေတာပဲ..." ယဲ့ဖန်ယွီက လှောင်ပြောင်လိုက်သည်။"မစ္စတာယဲ့... သတိထားဦးနော်" ယဲ့ဖန်ယွီ၏ နောက်ကျောမှ စုမူ၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ယဲ့ဖန်ယွီမှာ လန့်သွားပြီး လှည့်ကြည့်လိုက်ရာ စုမူက သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။ ထိုခဏတွင် ပြေးဝင်လာသော သူ၏ အမြန်နှုန်းမှာ အားနည်းသူ တစ်ယောက်နှင့် မတူဘဲ သာမန်လူ တစ်ယောက်ထက်ပင် ပို၍ မြန်ဆန်နေသေးသည်။"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ မယုံဘူး" ယဲ့ဖန်ယွီမှာ အံ့အားသင့်မှုနှင့် ဒေါသတို့ ရောယှက်ကာ အော်ဟစ်လိုက်လေသည်။

"လက်ငါးချောင်း မီးတောက်ကျည်ဆန်..."ဘုန်း...တောက်ပသော မီးတောက်ကျည်ဆန်တစ်ခုသည် လေထုကို ဖြတ်သန်းသွားပြီး စုမူကို တည့်တည့် ဝင်မှန်ကာ ထပ်မံ မီးလောင်ကျွမ်းသွားစေပြန်သည်။သို့သော် နောက်တစ်ခဏ၌ပင် စုမူသည် မီးတောက်များထဲမှ ပြေးထွက်လာခဲ့လေသည်။ သူ၏ ခန္ဓာကိုယ် အများစုမှာ မီးကျွမ်းနေသော်ငြားလည်း သူသည် ယဲ့ဖန်ယွီထံသို့ ဆက်လက် ပြေးဝင်လာခဲ့လေသည်။ယဲ့ဖန်ယွီမှာ ပို၍ပို၍ အံ့အားသင့်လာခဲ့သည်။ သံမဏိခန္ဓာကိုယ် ရှိသူကလွဲပြီး မည်သူကများ သူ၏ မီးလုံးကို ခံနိုင်ရည်ရှိမည်နည်း။ ပြီးတော့ သူသာ စုမူကို သတ်ပစ်လိုက်ပြီဆိုလျှင် သူ့ရှေ့က လူက ဘယ်သူလဲ။လွှမ်းမိုးနေသော စိုးရိမ်ပူပန်မှုများက သူ၏ စိတ်ကို ကြီးစိုးသွားပြီး သူသည် နောက်တစ်ကြိမ် မီးလုံးနှစ်လုံး ထပ်မံ ပစ်ခတ်လိုက်ရာ နောက်ထပ် မီးကျွမ်းနေသော အလောင်းတစ်လောင်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။သို့သော် ယဲ့ဖန်ယွီသည် လုံးဝ စိတ်မအေးသွားခဲ့ပေ။ သူသည် ပတ်ဝန်းကျင်ကို စိုးရိမ်တကြီးဖြင့် အကဲခတ်လိုက်ရာ သူ အကြောက်ဆုံးအရာက တကယ်ပဲ ဖြစ်ပေါ်လာခဲ့တော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment