no

Font
Theme

အခန်း (၇)

တင်... တင်... တင်...ကျောင်းဆင်းခေါင်းလောင်းသံ မြည်လာသည်နှင့် ကျောင်းသားကျောင်းသူများ၏ မျှော်လင့်နေသည့် စိတ်များ ချက်ချင်းလှုပ်ရှားသွားကြသည်။“"ကျောင်းဆင်းပြီဟေ့...”“သွားမယ်၊ ဂိမ်းသွားဆော့ရအောင်။ ရှီးရှန် လမ်းမှာ ဂိမ်းရုံ အသစ်ဖွင့်ထားတယ်”"ငါတော့ အရမ်းဆာနေပြီ။ ညစာစားဖို့ အိမ်ပြန်တော့မယ်"ဆူညံနေသော လူအုပ်ကြားမှ ရန်တုန်ချင်းက စကားတစ်ခွန်းမှ မပြောဘဲ စာသင်ခန်းထဲမှ ထွက်သွားသည်။သူ၏စိတ်ထဲတွင် တစ်စုံတစ်ခု ရှိနေပုံရ၏။ ပထမအချိန် စာသင်ချိန်၌ သန့်စင်ခန်းသွားရန် လက်မြှောက်ခွင့်တောင်းခဲ့စဉ်ကတည်းက သူ၏မျက်နှာမှာ တင်းမာခက်ထန်နေခဲ့သည်။ရန်တုန်ချင်းကျောင်းတံခါးဝသို့ ရောက်သည့်အချိန်တွင် ရိုက်နှက်ခံထားရသဖြင့် မျက်နှာတစ်ခုလုံး ညိုမဲဖူးရောင်နေသော ချွေ့ဟောက် သည် လူအင်အား များစွာ စုစည်းထားပြီး စောင့်နေပြီးဖြစ်သည်။မကြာမီ ချွေ့ဟောက် တို့အဖွဲ့က ရန်တုန်ချင်းကို ဆွဲခေါ်သွားကြတော့သည်။စုမူကတော့ ဘာမှမဖြစ်သလို ဇိမ်ခံကားပေါ် တက်ကာ ထွက်ခွာသွား၏။မကြာခင် ဇိမ်ခံကားသည် လူနေတိုက်တစ်လုံးရှေ့တွင် ရပ်တန့်သွားပြီးမြွေဆိုးဂိုဏ်း၏ ဒုတိယခေါင်းဆောင် ကျောက်ချောင်ယောင် ဦးဆောင်မှုဖြင့် သူသည် အပေါ်ဆုံးထပ်ရှိ အခန်းတစ်ခန်းသို့ တက်သွားခဲ့သည်။အခန်းထဲတွင် ပြတင်းပေါက်အနီး၌ တပ်ဆင်ထားသော မှန်ပြောင်းတစ်ခုနှင့် ကုလားထိုင်တစ်လုံးမှလွဲ၍ ဘာမှမရှိပေ။

ထို့အပြင် အခန်းထဲ၌ အနက်ရောင်ဝတ်စုံဝတ် လူထွားကြီး နှစ်ဦး မတ်တတ်ရပ်နေပြီး စျေးပေါသော ဂါဝန်ကို ဝတ်ဆင်ထားကာ ရိုးသားဖြူစင်သော မျက်နှာရှိသည့် ကြောက်ရွံ့နေပုံရသော မိန်းကလေးတစ်ဦးလည်း ရှိနေသည်။

သန်မာထွားကြိုင်းသည့် လူမိုက်နှစ်ဦးနှင့် သနားစရာကောင်းသည့် မိန်းကလေးတစ်ယောက်...ထိုမြင်ကွင်းက ကြည့်ရုံနှင့်ပင် လူကို စိတ်မသက်မသာ ဖြစ်စေသည်။စုမူက မည်သူ့ကိုမှ အရေးမစိုက်ဘဲ ကုလားထိုင်ပေါ် ဝင်ထိုင်လိုက်သည်။ကျောက်ချောင်ယောင်က အလျင်အမြန် အဝေးကြည့်မှန်ပြောင်းကို ကောက်ယူကာ စုမူ၏ မျက်လုံးရှေ့သို့ သေချာစွာ ချိန်ပေးလိုက်သည်။"နည်းနည်းလောက် နှိမ့်လိုက်ဦး""ဟုတ်ကဲ့ပါ ခေါင်းဆောင်"ကျောက်ချောင်ယောင်က ချက်ချင်း မှန်ပြောင်း၏ အနေအထားကို ပြန်ညှိလိုက်သည်။မှန်ပြောင်းမှတစ်ဆင့် စုမူ၏ အကြည့်သည် ကျဉ်းမြောင်းကျပ်ညှပ် နေသော လမ်းကြားတစ်ခုဆီ ကျရောက်သွားခဲ့သည်။လမ်းကြားထဲတွင် လူအများအပြား စုဝေးနေကြပြီး ချွေ့ဟောက်နှင့် ရန်တုန်ချင်းလည်း ပါဝင်နေသည်။ချွေ့ဟောက်က ရန်တုန်ချင်း၏ မျက်နှာကို လက်ညှိုးထိုးကာ ရိုင်းစိုင်းစွာ ဆဲဆိုနေသည်။ သူ့နောက်မှ လူပေါင်းများစွာကလည်း အော်ဟစ်နေကြပြီး တချို့၏ လက်ထဲတွင် ဘေ့စ်ဘောတုတ်များ ကိုင်ထားကြသည်။“ရန်တုန်ချင်း... မင်းအရင်က သိပ်မောက်မာနေခဲ့တာ မဟုတ်လား။ အခု ငါ့အစ်ကို ရောက်လာပြီ။ ထပ်ပြီး မောက်မာပြစမ်းပါဦး။”လူပေါင်းများစွာ ဝိုင်းထားသည့်တိုင် ရန်တုန်ချင်း၏ မျက်နှာတွင် ကြောက်ရွံ့သည့် အရိပ်အယောင် လုံးဝမရှိပေ။သူက မျက်မှောင်အနည်းငယ်ကြုတ်ထားပြီး မျက်ဝန်းထဲတွင် စိုးရိမ်မှုတစ်စွန်းတစ်စသာ ပေါ်နေသည်။ တစ်ခုခုအတွက် ပူပန်နေသလိုပင်။“ဟေ့ ဟောင်ဇီ... ကိုယ့်အတန်းဖော်ကို အာလောက် မခြောက်နဲ့လေ။”ဂျင်းဘောင်းဘီစုတ်နှင့် ဂျင်းအင်္ကျီဝတ်ထားသော လူတစ်ယောက်က ပါးစပ်တွင် စီးကရက်ခဲလျက် ချွေ့ဟောက်၏ ပုခုံးကို ပုတ်လိုက်သည်။“အစ်ကိုကြီး... ဒီကောင်ပဲ ကျွန်တော့်ကို ရိုက်ထားတာ။”ချွေ့ဟောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။“အစ်ကိုကြီး” ဟု ခေါ်ခံရသူက အသာအယာ ပြုံးလိုက်ပြီး စိတ်ချလက်ချ ရှိစေရန် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူက ရန်တုန်ချင်းရှေ့သို့ လျှောက်သွားသည်။ရန်တုန်ချင်းကို တည့်တည့်ပင် မကြည့်ဘဲ စီးကရက်ကို ပေါ့ပေါ့ပါးပါး ဖွာလိုက်ပြီး ဟန်ပါပါဖြင့် ရန်တုန်ချင်း၏ ပုခုံးကို ပုတ်လိုက်သည်။“ဒါဆို မင်းနာမည်က ရန်တုန်ချင်း ပေါ့… ဟုတ်လား”"မင်းလက်ကို ဖယ်လိုက်"ရန်တုန်ချင်းက အေးစက်စွာ ပြောလိုက်သည်။စီးကရက်ကို ကိုင်ထားသော လက်မှာ အနည်းငယ် တုံ့ဆိုင်းသွားပြီး သူ၏ပြုံးဖြီးဖြီး မျက်နှာပေါ်သို့ အေးစက်မှုတစ်မျိုး ကူးစက်သွားသည်။ သူက သဘောကျသည့်ဟန်ဖြင့် ပြောလိုက်၏။“အခုခေတ်လူငယ်တွေက သွေးဆူတတ်လိုက်တာ။ ငါ ငယ်တုန်းကနဲ့တောင် တူနေသေးတယ်။ ဒါပေမဲ့ ရန်တုန်ချင်း... မင်း နားလည်ထားရမှာ တစ်ခုရှိတယ်။ သွေးဆူလွန်းတာက မကောင်းဘူး။ အထူးသဖြင့်... အား... အား... အား... လွှတ်... အခုချက်ချင်း လွှတ်စမ်း...”ရန်တုန်ချင်းက သူ့လက်ကို အသာအယာ ဖမ်း ဆုပ်ကိုင်လိုက်ပြီး နောက်ဘက်သို့ လိမ်ချိုးလိုက်သည်။ချက်ချင်း...ဂျောက်...လက်မောင်းတစ်ဖက်လုံး အရိုးကျိုးသံနှင့်အတူ လုံးဝကျိုးထွက်သွားသည်။“အား...”အော်သံစူးစူးတစ်ခု လမ်းကြားတစ်ခုလုံး ဟိန်းထွက်သွားသည်။နာကျင်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူလျော့သွားပြီး ထိုလူသည် ဒူးထောက်လျက် မြေပေါ်သို့ လဲကျသွားတော့သည်။"တောက်... မင်းတို့ ကောင်တွေ အဲဒီမှာ ဘာရပ်လုပ်နေတာလဲ။ သူ့ကို သတ်ကြစမ်း။”လူမိုက်တစ်စုမှာ အစပိုင်းတွင် ကြောင်သွားကြသော်လည်း ချက်ချင်း သတိပြန်ဝင်လာကာ ဆဲဆိုရင်း ရန်တုန်ချင်းဆီသို့ အလုံးအရင်းနှင့် ပြေးဝင်သွားကြသည်။ရန်တုန်ချင်းကတော့ အေးစက်စွာ ပြုံးလိုက်သည်။“မင်းတို့ ကံဆိုးသွားတာပဲ... ဘာလို့လဲဆိုတော့ ငါ ဒီနေ့ စိတ်မကြည်ဘူး”သူက လူအုပ်ထဲသို့ လူသားသံချပ်ကာယာဉ်တစ်စီးလို တိုးဝင်သွားသည်။

လက်သီးတစ်ချက် အသာထိုးလိုက်ရုံနှင့် လူတစ်ယောက် သွေးအန်လျက် လဲကျသွား၏။တုတ်များက သူ့ကိုယ်ပေါ် ကျရောက်သော်လည်း နာကျင်မှုတစ်စုံတစ်ရာ မဖြစ်ပေါ်ခဲ့ပေ။ထိုအစား...ထန်... ထန်...သတ္တုချင်း ရိုက်မိသကဲ့သို့ အသံသာ ထွက်ပေါ်လာသည်။စုမူက သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု တဖြည်းဖြည်း ပုံပေါ်လာ၏။ထို့နောက် ရန်တုန်ချင်းကို ဆက်မကြည့်တော့ဘဲ အခန်းထဲရှိ ကောင်မလေးဘက်သို့ အာရုံ ပြောင်းလိုက်သည်။ကောင်မလေး၏ ကိုယ်လေး အနည်းငယ်တုန်သွားပြီး အပြစ်ကင်းသည့် မျက်နှာပေါ်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပေါ်လာသည်။“ဒါ မင်းရှာလာတဲ့လူလား။”စုမူက သူမကို အကဲခတ်လိုက်သည်။“ခေါင်းဆောင်... သူမနာမည် ဂျက်စ်မင်း ပါ။ ပြည့်တန်ဆာရုံက အကောင်းဆုံးမိန်းကလေးပါ။ ဂျက်စ်မင်း... မြန်မြန် နှုတ်ဆက်လိုက်။”ကျောက်ချောင်ယောင်က အလျင်အမြန် တိုက်တွန်းလိုက်သည်။ဂျက်စ်မင်း ၏ အပြုံးက ပို၍ ဆွဲဆောင်မှုရှိလာပြီး အသံချိုချိုဖြင့် ပြောလိုက်သည်။“မင်္ဂလာပါ ခေါင်းဆောင်...”စုမူက မျက်မှောင်ကြုတ်လိုက်သည်။“အဲဒီ ဟန်ဆောင်မှုတွေ ဘေးဖယ်ထားလိုက်။ ငါလိုချင်တာက ရိုးသား ဖြူစင်မှု။ အဖြူရောင် လရောင်လို သန့်ရှင်းတဲ့ ဖြူစင်မှုမျိုး။ အဝတ်အစားလဲလိုက်ရုံနဲ့ မရဘူး။”“ဟေ့... မင်း ဘာတွေပြောနေတာလဲ။”ကျောက်ချောင်ယောင်တုန်လှုပ်သွားပြီး အလျင်အမြန် ရှင်းပြလိုက်သည်။“ခေါင်းဆောင်... အားလုံးကို အမိန့်အတိုင်း လုပ်ထားတာပါ။”“ဪ...”စုမူက သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။“ဒါဆို... ပြဿနာက ငါ့ဆီမှာလို့ ဆိုလိုတာလား။”ကျောက်ချောင်ယောင်၏ နဖူးပေါ် ချွေးအေးများ ချက်ချင်းစီးကျလာပြီး ဒူးထောက်လိုက်သည်။“မဝံ့ရဲပါဘူး ခေါင်းဆောင်... ဂျက်စ်မင်း... ငါ မင်းကို ဘာမှာထားလဲ။ ကျောင်းသူတစ်ယောက်လို သရုပ်ဆောင်ပါဆို”အခြေအနေတင်းမာသွားသည်ကို ခံစားမိသဖြင့် ဂျက်စ်မင်း ထိတ်လန့်သွားသည်။“ကျွန်မ... ကျွန်မက ကျောင်းသူနေရာမှာ ဟန်ဆောင်ရတာ ကျွမ်းကျင်ရုံပါပဲ။ဒါပေမဲ့ တကယ်ကျောင်း မတက်ဖူးပါဘူး။ ကလပ်က အမြဲတမ်း ကျွန်မကို ကျောင်းသူလို့ပဲ လူတွေကို အမြဲပြောခိုင်းထားတာပါ...”“မင်း...”ကျောက်ချောင်ယောင်က ချက်ချင်း ဒေါသထွက်သွားသည်။သူ လှည့်စားခံလိုက်ရသလို ခံစားလိုက်ရသည်။“ထားလိုက်တော့...”စုမူက သက်ပြင်းချရင်း ပြောလိုက်သည်။“မင်းလို ကြွက်သားပဲရှိပြီး ဦးနှောက်မရှိတဲ့လူက ငါ့အမိန့်ကို နားလည်နိုင်မယ်လို့ အစကတည်းက မမျှော်လင့်ခဲ့သင့်ဘူး။”“ဂျက်စ်မင်း... ဟုတ်လား။ မင်းရဲ့တာဝန်ကို သိတယ်မလား။”ဂျက်စ်မင်း က ကြက်ကလေး ဆန်ကောက်သလို ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။“သိပါတယ်... သိပါတယ်။ ဒီတစ်ခေါက် ကျွန်မရဲ့ အဓိကတာဝန်က ရန်တုန်ချင်းရဲ့ ယုံကြည်မှုကို ရယူဖို့ပါ။ အကောင်းဆုံးကတော့ သူ ကျွန်မကို ချစ်သွားအောင် လုပ်ရမှာပါ။ ခေါင်းဆောင်... ကျွန်မကို ယုံပေးပါ။ မလာခင်ကတည်းက သေသေချာချာ ပြင်ဆင်လာတာပါ။ ဇာတ်ကောင်အကြောင်း၊ နောက်ခံဇာတ်လမ်း၊ ဇာတ်ညွှန်း... အားလုံး ရေးထားပါတယ်။”စုမူ၏ စိတ်ဝင်စားမှု မြင့်တက်လာသည်။“ပြောကြည့်စမ်း။”“ကျွန်မက ကျောင်းထွက်ပြီး အလုပ်လုပ်နေရတဲ့ မိန်းမကောင်းလေး တစ်ယောက်ပါ။ ငယ်ငယ်ကတည်းက အဆိုတော်ဖြစ်ဖို့ အိပ်မက်ရှိခဲ့တယ်။ ဒါပေမဲ့ အဖေက လောင်းကစားစွဲနေပြီး အိမ်ရှိသမျှ ပစ္စည်းအားလုံးကို ဖြုန်းတီးပစ်ခဲ့တယ်။ အမေကလည်း နာမကျန်းဖြစ်နေတယ်။ ကျောင်းတက်နေသေးတဲ့ မောင်လေးတစ်ယောက်လည်း ရှိတယ်။အကြွေးဆပ်ဖို့၊ အမေ့ဆေးကုသစရိတ်ရှာဖို့၊ မောင်လေး ကျောင်းဆက်တက်နိုင်ဖို့အတွက် ကျွန်မမှာ ကျောင်းထွက်ပြီး အလုပ်လုပ်ရတယ်။ ညဘက်ဆို ဘားမှာ သီချင်းဆိုတယ်၊ ဧည့်သည်တွေနဲ့ အရက်လိုက်သောက်ပေးတယ်။နောက်တော့ ဧည့်သည်တချို့က ကျွန်မကို အရက် အတင်းတိုက်ပြီး အတင်းအဓမ္မ ခေါ်သွားတယ်။ လမ်းမှာ ရန်တုန်ချင်းနဲ့ တွေ့တော့ သူ့ကို အကူအညီတောင်းလိုက်တယ်။ သူက ကျွန်မကို ကယ်ပေးတယ်။ ပြီးတော့...”“တော်တော့..”စုမူက နဖူးကို လက်ဖြင့်ပွတ်ကာ အားမလိုအားမရ ဖြတ်ပြောလိုက်သည်။“ဇာတ်လမ်းက သိပ်ရိုးလွန်းတယ်။ လောင်းကစားစွဲတဲ့အဖေ၊ နာမကျန်းတဲ့အမေ၊ ကျောင်းတက်နေတဲ့ မောင်လေး၊ ကံဆိုးတဲ့ဘဝ... အားလုံးက ပုံစံခွက်တစ်ခုတည်းက ထွက်လာသလိုပဲ။ ဖန်တရာတေအောင် ရိုးနေပြီ။”ထိုသုံးသပ်ချက်ကို ကြားလိုက်ရသည်နှင့် ကျောက်ချောင်ယောင်၏ ဂျက်စ်မင်း အပေါ် အကြည့်က အေးစက်သွားသည်။ဂျက်စ်မင်း ၏ မျက်နှာလည်း ဖြူဖပ်ဖြူရော် ဖြစ်သွား၏။သူမ ရင်ဆိုင်နေရသည့်အရာက ဘာလဲဆိုတာ ကောင်းကောင်းသိသည်။ခရိုင် ၁၃ တစ်ခုလုံးကို လက်ဝါးကြီးအုပ်ထားသည့် မြွေဆိုးဂိုဏ်း။ထိုဂိုဏ်း၏ ဒုတိယခေါင်းဆောင်ပင် ရိုရိုသေသေ ဆက်ဆံနေရသည့် ရှေ့မှ လူငယ်၏ အဆင့်အတန်းကို တွေးကြည့်ရုံနှင့် သိနိုင်သည်။တစ်ဖက်လူသာ မကျေနပ်လျှင် မြွေဆိုးဂိုဏ်းအတွက် သူမကို ပုရွက်ဆိတ်တစ်ကောင်လို သတ်ပစ်လိုက်ရန် အလွန်လွယ်ကူလွန်းသည်။“ဒါပေမဲ့...”စုမူ၏ စကားလေသံ ပြောင်းသွားသည်နှင့် ဂျက်စ်မင်း ၏ ရင်ခုန်သံမှာ လည်ချောင်းဝအထိ တက်လာခဲ့သည်။“ရှေးစကားရှိတယ်။ ရှေးရိုးစွဲဇာတ်လမ်းတွေက ဘယ်တော့မှ မဟောင်းဘူးတဲ့။ လူတိုင်း ဒီပုံစံခွက်ကိုပဲ သုံးနေကြတယ်ဆိုတာ ဒီဇာတ်လမ်းက အသုံးဝင်နေသေးတယ်ဆိုတဲ့ သဘောပဲ။ ရိုးအတဲ့ ကျောင်းသားတစ်ယောက်ကို လှည့်စားဖို့တော့ လုံလောက်ပါတယ်။”ဂျက်စ်မင်း က သက်ပြင်းရှည်ကြီး ချလိုက်သည်။

စမ်းသပ်မှုကို သူမ ကျော်ဖြတ်နိုင်ပြီဆိုတာ သိလိုက်သည်။“ဇာတ်ညွှန်းကိုတော့ အတည်ပြုပေးတယ်။ ဒါပေမဲ့ မင်းရဲ့ စိတ်နေစိတ်ထားကို ပြောင်းရမယ်။ အခက်အခဲမျိုးစုံ ကြုံခဲ့ရပေမဲ့ အိပ်မက်ကို မစွန့်လွှတ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်ရမယ်။ ဘဝကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ ဇွဲ၊ ကြေကွဲဖွယ်ရာ ခံစားချက်... အဲဒါတွေ အားလုံး ရှိနေရမယ်။ နားလည်လား။”“နားလည်ပါတယ်။ ကျွန်မ လုပ်နိုင်ပါတယ်။”ပြောပြီးနောက် ဂျက်စ်မင်း က အသက်ပြင်းပြင်းရှူကာ မျက်လုံးကို တင်းတင်းမှိတ်လိုက်သည်။သူမ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ…လုံးဝ ကွဲပြားခြားနားသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသလို ဖြစ်နေသည်။ယခင်က ဟန်ပန် အမူအရာများ အားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

သူမသည် အောက်နှုတ်ခမ်းကို တင်းတင်း ကိုက်ထားပြီး ကြည်လင်သော နက်မှောင်သည့် မျက်ဝန်းထဲတွင် မျက်ရည်များ ဝေ့ဝဲနေသော်လည်း နောက်မဆုတ်တော့ဘဲ စုမူကို တည့်တည့် ရင်ဆိုင်ကြည့်ရဲလာသည်။မုန်တိုင်းဒဏ်ခံရသော မြက်ပင်ငယ်လေးကဲ့သို့ပင် အရေးမပါသော်လည်း အမြဲ ရုန်းကန်နေပြီး ရှင်သန်လိုစိတ် ရှိနေသလို…သူမ၏ မျက်ဝန်းထဲတွင် အလင်းရောင်တစ်စ တဖြည်းဖြည်း ထွန်းလင်းလာသည်။ကံကြမ္မာကို ဆန့်ကျင်သည့် အလင်းရောင်...ပိုမိုကောင်းမွန်သည့် မနက်ဖြန်ကို မျှော်လင့်သည့် အလင်းရောင်...အမှောင်ညကောင်းကင်ကို ထိုးဖောက်တောက်ပလာသည့် ကြယ်တစ်ပွင့်လိုပင်။“မဆိုးဘူး။”စုမူက ချီးကျူးလိုက်သည်။ဂျက်စ်မင်း က ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားပြီး မျက်နှာပေါ်တွင် ချိုသာမြှူဆွယ်သော အပြုံးတစ်ခု ပေါ်လာသည်။စုမူက မျက်မှောင်ကြုတ်လိုက်သည်။"စောစောက ပုံစံအတိုင်းပဲ ဆက်ထိန်းထား။”ထို့နောက် ကျောက်ချောင်ယောင်ဘက်သို့ လှည့်ကာ...“မင်း... သူ့ကို အောက်ထပ်ခေါ်သွားပြီး စီစဉ်စရာရှိတာ စီစဉ်လိုက်”“ဟုတ်ကဲ့ပါ.. ခေါင်းဆောင်။”ကျောက်ချောင်ယောင်က လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သလို ခံစားလိုက်ရပြီး ဂျက်စ်မင်း ကို အမြန်ခေါ်ကာ အစမ်းလေ့ကျင့်ရန် ထွက်ခွာသွားတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment