no

Font
Theme

Chapter (  8 )

ကုအန်း မျက်လွှာချ၍ အတွေးနစ်နေစဉ် ချဉ်းကပ်လာသည့်ခြေသံများကို ရုတ်တရက်ကြားလိုက်ရ၏။ တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်တွင် ခြေသံများက ခြွင်းချက်မရှိ ထင်ရှားနေခဲ့လေသည်။

ကုအန်း သူ့အတွေးကိုလက်စသတ်ပြီး ဓားနက်ကိုကိုင်ကာ လျှောက်သွားလိုက်သည်။ သူက သူ့အတွေးများကို ဖြတ်တောက်ခံလိုက်ရခြင်းကြောင့် အနည်းငယ်မပျော််မရွှင်ဖြစ်နေကာ အထူးသဖြင့် ရောက်ရှိလာသူနှစ်ဦးက သူ မကျေနပ်သည့်လူများဖြစ်နေကြောင်း မြင်လိုက်ရချိန်တွင် ပိုလို့တောင်မနှစ်မြို့ဖြစ်သွားခဲ့သည်။

ယန်တုနှင့်ယန်ဖုတွင် လက်နက်မရှိပေ။  

သူတို့သာ ကုအန်းကို လက်ဗလာနှင့် ရင်ဆိုင်မည်ဆိုလျှင် အခြေအနေက သိပ်ဟန်မှာမဟုတ်ချေ။ ကုအန်းတွင် ဓားတစ်လက်ရှိနေတာကို ထားဦးတော့။

လက်နက်များဖြင့် အရမ်းကာရောပြုမူခံနေရမှုနှင့်အတူ ယန်တုက ဒဏ်ရာရထားသည့် သူ့လက်မောင်းကိုအုပ်ကာ နောက်သို့ခြေတစ်လှမ်းဆုတ်၍ ယန်ဖုနောက်တွင် ပုန်းနေလိုက်သည်။

ယန်ဖုက အကောင်ကြီးပြီး တုံးအနေသူမဟုတ်ပေ။ သူပြောလိုက်သည်။

" ငါတို့က အန္တရာယ်ပေးမလို့မဟုတ်ပါဘူး။ ဒီအတိုင်းလမ်းမှားလာရုံပဲ ငါတို့အခုသွားတော့မယ် "

ထိုသို့ပြောပြီးနောက် ယန်ဖုက ယန်တုကိုဆွဲကာ ထွက်သွားရန်ပြင်သည်။

ကုအန်းက အေးစက်စွာ‌ ပြောလိုက်သည်။

" ရပ်လိုက်! "

နှစ်ယောက်သားက ရပ်တဲ့ခလုတ်ကို နှိပ်ခံလိုက်ရသလိုမျိုး မလှုပ်ရှားရဲပဲ တောင့်တောင့်ကြီးရပ်နေခဲ့ကြသည်။

ယန်တုမှာ အတင်းဖျစ်ညှစ်ပြုံးလိုက်ပြီး " တခြားတစ်ခုခု ရှိသေးလို့လား? "

ယန်ဖုတောင် ကိုးရိုးကားယား ပြုံးပြလာသည်။

သူတို့က ဝမ်နျဲ့နောက်ကိုလိုက်ပြီး တချို့အရာများကို ကြားခဲ့ကြသည်။

အဆင့်ကိုရှင်းလင်းခြင်းက ပိုက်ဆံနှင့် တိုက်ရိုက်သက်ဆိုင်နေပြီး တချို့ကစားသမားများဆိုလျှင် တာဝန်များကိုဖြေရှင်းရန် ဘာမဆိုလုပ်ကြမည်ဖြစ်သည်။

ရင်းနှီးသည့်ညီအစ်ကိုများက နောက်ကျောကို ဓားဖြင့်ထိုးနိုင်သလို တချို့က သူတို့ရဲ့ခွန်အားကို အားကိုးပြီး တခြားကစားသမားများကို အနိုင်ကျင့်ကြသည်။  

ကံကောင်းစွာဖြင့် ကစားသမားများ၏လက်ပတ်မှ လဲလှယ်နိုင်သည့်ပစ္စည်းများက လဲလှယ်သူကိုယ်တိုင်သာ အသုံးပြုနိုင်ခြင်းကြောင့်ဖြစ်သည်။ မဟုတ်ပါက အားနည်းသည့်ကစားသမားများမှာ ဂိမ်းထဲတွင် လုယက်ခံကြရလိမ့်မည်။

ပြီးလျှင် ဝမ်နျဲ့ကဲ့သို့ အတွေ့အကြုံကိုအားကိုးပြီး လူသစ်များကို လှည့်စားသူ,ခြိမ်းခြောက်သူများ ရှိကြသည်။ ထိုလူများက ကြည့်ကောင်းသူများကို အဖွဲ့ထဲခေါ်ကာ ကြည့်မကောင်းလျှင်တော့ ခြေနင်းတုံးများ ဒါမှမဟုတ် လူသားဒိုင်းကာများအဖြစ် အသုံးပြုကြသည်။

ဒါကြောင့် ယန်တုနှင့်ယန်ဖုက ကုအန်းတစ်ယောက် သူတို့ကို တိုက်ခိုက်လာမည်အား အလွန်ကြောက်လန့်နေကြခြင်းဖြစ်သည်။ အထူးသဖြင့် သူတို့က ကုအန်းကို စော်ကားမိထားလေသည်။

သူတို့တော့ ဒုက္ခရောက်ပြီဟု တွေးလိုက်ချိန်မှာပဲ ကုအန်းရဲ့မေးသံကို ကြားလိုက်ရသည်။

" မင်းလက်မောင်းက ဒဏ်ရာက ဘယ်လိုလုပ်ရလာတာလဲ? "

ဒီမေးခွန်းကိုကြားတော့ ယန်တုက ချက်ချင်းဖြေလိုက်သည်။

" ငါ့ကို လူတစ်ယောက်က ကုတ်လိုက်တာ။ အဲ့လူက နည်းနည်းတော့ကြောက်စရာကောင်းတယ်။ သူ့မျက်လုံးတွေက နည်းနည်းနီသလိုပဲ။ ပြီးတော့ သူ့ရဲ့လှုပ်ရှားမှုတွေက လူသားတစ်ယောက်ထက် ပိုမြန်နေတယ်။ လက်သည်းတွေကလည်း ဇွန််ဘီတစ်ကောင်လို ချွန်ထက်ပြီး အရှည်ကြီးပဲ... "

သူက စကားတွေရှေ့နောက်မညီ ပြောနေကာ ကုအန်းက ထိုစကားကိုနားထောင်ပြီးနောက် ထပ်မေးလာခဲ့သည်။

" သူက မင်းကိုထိနိုင်လား? "

" အင်း "

ယန်တု ပြန်တွေးလိုက်ပြီး " ထိနိုင်ရုံတင်မကဘူး ဝမ်ကောရဲ့ တစ္ဆေနိုင်ဓားနဲ့ထိုးတာတောင် အကျိုးသက်ရောက်မှုမရှိဘူး။ ငါတို့သာ အပြေးမမြန်ရင် အခုလောက်ဆို သူ့အစာဖြစ်နေလောက်ပြီ "

ဒီစကားကိုကြားချိန်တွင် ကုအန်း အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ့လက်ချောင်းများကို ဆွဲဆိတ်ပြီး ပြောလိုက်သည်။

" သူက လူစားတာလား? "

ယန်တုက မပြောသော်လည်း သူ့ဘေးနားမှ ယန်ဖုက ပြောလာသည်။

" အင်း ယန်တုရဲ့လက်မောင်းက အကုတ်ခံရပြီး သွေးထွက်သွားတော့ အဲ့လူက သူ့လက်မောင်းကိုစိုက်ကြည့်နေတာများ ငါ့ခွေးကဗိုက်ဆာပြီး အစာလိုချင်လို့ ကြည့်နေတဲ့အတိုင်းပဲ! "

ကုအန်းက ကျောင်းယွမ်ရဲ့စကားများကို ပြန်‌တွေးနေမိသည်။

သူက သူတို့ထံသို့ ကမူးရှူးထိုးခုန်ဝင်လာပြီး လူတစ်ယောက်ကိုတောင် ကိုက်လိုက်သေးသည်...

ယန်တုနှင့်ယန်ဖုတို့ ပြောသည့်စကားတွင် တူညီသည့်နေရာများရှိသည်။

- ဒီ 'လူ' , သူက လူစားတယ်

ယန်တုက ကုအန်းကိုကြည့်ပြီး သတိထား၍ မေးလာသည်။

" မင်းမှာ တခြားမေးခွန်းတွေများ ရှိသေးလား? "

" မရှိတော့ဘူး "

ကုအန်း ပြောလိုက်သည်။

" မင်းတို့အခုသွားလို့ရပြီ။ သတင်းပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ် "

ယန်တုနှင့်ယန်ဖုက အမြန်လက်တွေဝှေ့ယမ်းကာ မလိုအပ်ကြောင်းပြောပြီးနောက် ထွက်လာခဲ့ကြသည်။ သူတို့တွေ ထွက်သွားခါနီးတွင် ယန်တုက ကုအန်းကိုပြန်လှည့်ကြည့်ပြီး ခဏတုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။

" ဝမ်နျဲ့က သဲလွန်စတွေရှာဖို့အတွက် ရေတွင်းကိုသွားတော့မယ် "

ထို့နောက် ရေတွင်း၏တည်နေရာကို ကုအန်းကိုပြောပြလိုက်သည်။ ဒီစကားကိုကြားတော့ ကုအန်းက ဓားနက်ကိုသိမ်းကာ ကျေးဇူးတင်စကားဆိုလိုက်သည်။

ယန်တုနှင့်ယန်ဖုတို့ ထွက်သွားပြီးနောက် ကုအန်းက နှင်းဆီချုံသို့ ပြန်လာကာ ဒီနှင်းဆီများကြားတွင် သဲလွန်စများရှိသည်ဟု ခံစားနေရသည်။

သို့သော်လည်း ကြီးမား၍များပြားသည့် နှင်းဆီချုံများကိုကြည့်ရင်း သူ အတွေးနစ်သွားရသည်။ ထိုအချိန်မှာပဲ နှင်းဆီပန်းများက ရုတ်တရက် ပြောင်းလဲလာပေသည်။

ကုအန်းက အမည်းရောင်ယင်စွမ်းအင်များ စိမ့်ထွက်လာတာကိုကြည့်ပြီး နောက်သို့အမြန်ပြန်ဆုတ်လိုက်၏။ နှင်းဆီပန်းများက ပိုကြီးမားလာပြီး ပွင့်ဖတ်တို့က သွေးများစီးကျလာတော့မလို အနီရဲရဲတောက်ဖြစ်လာတာကို သူမြင်လိုက်ရသည်။

ထို့အပြင် ဖူးပွင့်လာတဲ့ ဒီအဖူးအငုံတွေက ဖြည်းဖြည်းချင်း ပြန်ပိတ်သွားပြီး အချိန်တစ်ခုကြာ၍ ပြန်ပွင့်လန်းလာချိန်မှာတော့ အမည်းရောင်ယင်စွမ်းအင်များကို ထုတ်လွှတ်နေလေသည်။

ကုအန်း အသေချာကြည့်လိုက်ရာ ယင်စွမ်းအင်များက ရုပ်လုံးပေါ်လာပြီး သူမြင်ဖူးသည့် တစ္ဆေပုံစံများအဖြစ် ပြောင်းလဲသွားနေကြောင်း မြင်လိုက်ရပေသည်။

နှင်းဆီတစ်ပွင့်တွင် တစ္ဆေတစ်ကောင်ပါဝင်ပြီး သူတို့က အိပ်ပျော်နေတာဖြစ်နိုင်ပေသည်။ ကုအန်းရှိနေကြောင်းကို သတိမထားမိကြပေ။

စက္ကန့်ပိုင်းမျှကြာပြီးနောက် နှင်းဆီပန်းများက သူတို့ရဲ့နဂိုပုံစံသို့ တဖြည်းဖြည်းပြန်ပြောင်းသွားကာ တစ္ဆေများကို နှင်းဆီပွင့်ချပ်များက အုပ်မိုးသွားပြီး ယင်စွမ်းအင်ခပ်ဖျော့ဖျော့သာ ထုတ်လွှတ်နေတော့သည်။

ကုအန်းက ကောင်းကင်မှ အနီရောင်လကို တစ်ချက်ကြည့်လိုက်သည်။

ဒီအချိန်တွင် လရဲ့အလင်း‌ရောင်က အစွမ်းကုန်တောက်ပနေ၏။ သို့သော်လည်း ဒါပြီးလျှင် စတင်ဆုတ်ယုတ်လာလိမ့်မည်။

အနီရောင်လက အရင်လောက် မတောက်ပတော့ပဲ မြေပြင်ပေါ်မှလရောင်က တဖြည်းဖြည်းမှိန်ဖျော့လာသည်။

ကုအန်း မျက်လွှာချပြီး ခဏတွေးလိုက်ကာ 521 ကို မေးလိုက်သည်။

" အခုဘယ်အချိန်ရှိပြီလဲ 521 "

ကုအန်းက နှင်းဆီပန်းများနှင့်ပတ်သတ်သည့် ထူးဆန်းသည့်ဖြစ်ရပ်ဟာ လွန်ခဲ့သည့်ဆယ်မိနစ်အကြာ ဆယ့်နှစ်နာရီအချိန်က ဖြစ်သွားတာဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။

" အချိန်နဲ့ပတ်သတ်ပြီး ပြဿနာရှိလို့လား? "

521 က ကုအန်းကိုမေးသည်။

ကုအန်း ပြန်ဖြေလိုက်သည်။

" ပြဿနာမရှိဘူး "

" ဒါဆိုရင် ဘာဖြစ်လို့ စိတ်ဆင်းရဲတဲ့ပုံကြီး ဖြစ်နေတာလဲ? ငါက တစ်ခုခုဖြစ်တယ်ထင်သွားတာလေ! "

521က နူးညံ့စွာရေရွတ်သည်။

ကုအန်း 521ကို လျစ်လျူရှုပြီး ဆက်တွေးနေလိုက်သည်။

ခဏကြာပြီးနောက် သူ 521 ကို ထပ်မေးလိုက်သည်။

" ငါတို့တွေ ဒီကိုဝင်လာတာ ဘယ်အချိန်တုန်းကလဲ? "

521 က ဖြေသည်။

" ခုနစ်နာရီလောက်ရှိမယ် "

ယေဘုယျအားဖြင့်ဆိုလျှင် ညအချိန်က မကောင်းဆိုးဝါးများ၏အချိန် ဖြစ်သည်။ တစ္ဆေသရဲအများစုက ညအချိန်တွင် အပြင်ထွက်ကြပြီး ထိုအချိန်ဆိုလျှင် ကောင်းကင်ကြီးက မှောင်မဲနေပြီဖြစ်ကာ ကိုယ့်လက်ကိုယ်တောင် ပြန်မမြင်နိုင်တော့ပေ။

ဒါကြောင့် အားကောင်းသည့်ယင်စွမ်းအင်များက လရောင်ကိုသက်ရောက်သွားပုံရပြီး တစ္ဆေများ၏ သတ်ဖြတ်လိုသည့်အရှိန်အဝါက လရောင်ကိုလွှမ်းမိုးသွားခြင်းဖြစ်သည်။ တစ်နည်းဆိုလျှင် တစ္ဆေများက လကို အနီရောင်ဆိုးလိုက်ကြခြင်းဖြစ်သည်။

ပုံမှန်မဟုတ်သည့် နှင်းဆီများက ဆယ့်နှစ်နာရီတွင် ဖြစ်ပေါ်လာခဲ့သည်။

ညသန်းခေါင်ယံတွင် ယင်စွမ်းအင်က အမြင့်ဆုံးရောက်နေပြီး နှင်းဆီပန်းများက ဒီအချိန်တွင်ပွင့်လန်းလာကာ တစ္ဆေများက ဒီအချိန်တွင် အိပ်စက်ကြသည်...

ကုအန်း တွေးလိုက်သည်။

မဟုတ်မှလွဲရော တစ္ဆေတွေက တကယ်အိပ်တာမဟုတ်ပဲ တခြားအကြောင်းပြချက်တွေကြောင့် အိပ်ကြတာလား?

ဒီတစ္ဆေတွေက တစ်ချိန်တုန်းက လူသားဖြစ်ခဲ့တာဆိုတော့ လူတွေက ဘယ်အချိန်မှာအိပ်လဲ?

မောပန်းနေတဲ့အချိန်လား ဒါမှမဟုတ် အိပ်ငိုက်တဲ့အချိန်လား ဒါမှမဟုတ် စားသောက်ပြီးသွားတဲ့အချိန်လား?

ကုအန်းမှာ တစ်စုံတစ်ခုကို နားလည်စပြုလာသလို ခံစားလိုက်ရသည်။ သူ နှင်းဆီချုံပုတ်များကို ကြည့်လိုက်သည်။ ဒီတစ္ဆေများက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကာ လွန်ခဲ့သည့်နာရီအနည်းငယ်ကလိုမျိုး အရူးအမူးစိတ်လှုပ်ရှားသည့် လက္ခဏာများမရှိပေ။

ဒါပေမယ့် ဒီတစ္ဆေတွေက အေးစက်ပြီး သက်တောင့်သက်သာရှိတဲ့ နေရာတစ်ခုမှာအိပ်မယ့်အစား နှင်းဆီပန်းတွေပေါ်မှာ ဘာလို့ပြန်လာအိပ်တာလဲ? ပြီးတော့ ဒီနှင်းဆီတွေက သာမန်နှင်းဆီတွေထက် အရောင်အနည်းငယ်ပိုရင့်ပြီး အနည်းငယ်ပိုကြီးတာကလွဲရင် တခြားထူးခြားချက်မရှိပေ။ ဒါဆိုရင် ဒီနှင်းဆီပန်းတွေက တစ္ဆေတွေရဲ့အားကောင်းတဲ့ ယင်စွမ်းအင်တွေကြောင့် တိုက်စားခံရပြီး ပျက်စီးသွားတာမျိုးမရှိပဲ ဘာလို့တောင့်ခံနိုင်ကြတာလဲ?

ကုအန်းခေါင််းထဲတွင် အတွေးတစ်ခုပေါ်လာလေသည်။

သို့ရာတွင် သူ ချက်ချင်းမျက်မှောင်ကြုတ်သွားခဲ့သည်။ ဒါက သူ့ခန့်မှန်းချက်တစ်ခုသာဖြစ်ပြီး သက်သေမရှိတာကြောင့် မှန်လားမှားလား သူ မသိပေ။

ညလေက အေးမြနေပြီး ကုအန်းက သူ့အဝတ်များကို တင်းတင်းဆွဲလိုက်သည်။ထိုနောက် ဓားနက်ကို system ရဲ့နေရာလွတ်ထဲတွင် ပြန်ထည့်ရန် 521 ကို သူပြောလိုက်သည်။

521 ရဲ့ system နေရာလွတ်အကြောင်းကိုပြောရင်း ကုအန်းတစ်ယောက် တိတ်ဆိတ်သွားခဲ့ပြန်သည်။

အကြောင်းမှာ system နေရာလွတ်က ကောက်ကျစ်လွန်းတာကြောင့် ဖြစ်သည်။ တစ်ခါတစ်လေဆို 521 တောင် ဝင်လို့မရပေ။ သူသာဝင်ချင်လျှင် တိကျသည့်ခံစားချက်တန်ဖိုးတစ်ခုကို ပေးရလိမ့်မည်။

သိပ်မများသော်လည်း ပေးရမည်ဖြစ်သည်။

သို့သော်လည်း ကုအန်းတွင် ခံစားချက်တန်ဖိုးမရှိတာကြောင့် နေရာလွတ်က သူ့အားဝင်ခွင့်မပြုချေ။ ၎င်းက အင်မတန်ဉာဏ်ကောင်းလွန်းပြီး 521 က ကုအန်းနှင့်အတူ ခိုးဝင်ရန်ကြိုးစားချိန်တွင် သူတို့ကိုမှတ်မိသွားကာ 521 အား အပြင်သို့ပစ်ထုတ်လိုက်လေသည်။ 521 က တစ်ယောက်တည်းဝင်ရန် ကြိုးစားသေးသော်လည်း ၎င်းက ခွင့်မပြုခဲ့ပေ။

521 က ရုပ်ပြောင်း၍ဝင်ရန် ကြိုးစားသော်လည်း မရချေ။ ၎င်းက ပစ္စည်းတွေကို ထားတာနဲ့ထုတ်တာသာ ခွင့်ပြုသည်။

ကုအန်းတွေးလိုက်သည်။

တကယ်ကို မျိုးတူရာစုသွားတာပဲ။

နှင်းဆီပန်းများက ထပ်ပြီးမပြောင်းလဲတော့တာမြင်တော့ ကုအန်း ခြံထဲမှထွက်လာလိုက်သည်။

သူထွက်လာပြီး မိနစ်ပိုင်းမျှကြာလျှင် အရိပ်တစ်ခုက လေထဲတွင်လွင့်မျောလာခဲ့၏။

အရိပ်က လေထဲတွင် အနည်းငယ်အနံ့ခံလိုက်ပြီး ကုအန်းထွက်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူ မတတ်နိုင်ပဲ အနည်းငယ်စိတ်ပျက်သွားမိသည်။ သူက အန်းအန်းရဲ့အနံ့ကိုခံပြီး နေရာအနှံ့လိုက်ရှာခဲ့သော်လည်း ကုအန်းကတော့ နေရာမှာအငြိမ်မနေခဲ့ပေ။

ဒါ့အပြင် အိမ်ထဲတွင် အနံ့တွေအများကြီးရှိနေပြီး ပရမ်းပတာနဲ့ ရှုပ်ထွေးနေတာကြောင့် သူ့မှာ ဒီအနံ့တွေအများကြီးထဲမှ ကုအန်းရဲ့အနံ့ကိုရှာပြီး ကုအန်းနောက်သို့ လိုက်ခဲ့ရသည်။

သူ ကုအန်းကို ထပ်အနံ့ခံလိုက်၏။

ထို့နောက်တွင် အမည်းရောင်မြူအစုလေးအဖြစ် အသွင်ပြောင်းပြီး ကုအန်းထွက်သွားသည့် ဦးတည်ရာဖက်သို့ လွင့်မျောသွားပေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment