no

Font
Theme

အခန်း (၁၀) - လှည့်ဖြားခံရသော သန့်စင်သောသူတော်စင်မ

လုံယိသည် ဤအမျိုးသမီး၏ အထက်တန်းကျလိုစိတ် ပြင်းထန်မှုကို ကြည့်ပြီး အတော်လေး ရယ်ချင်နေမိ၏။ မေးခွန်းမေးသည့် လေသံတွင်ပင် အထင်အမြင်သေးမှုများ ပြည့်နှက်နေပေသည်။ လုံယိသည် ထူးဆန်းသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး စီဘီ၏ မြင့်မားသော တောင်ပို့အစုံရှိရာဘက်သို့ တစ်ချက် ကြည့်လိုက်လေသည်။

အစောပိုင်းက ထိုအဆင့်မြင့်လှသော တောင်ပို့အစုံ၏ ပုံရိပ်သည် သူ၏ ဦးနှောက်ထဲတွင် စွဲထင်နေပြီးဖြစ်ရာ ယခုအချိန်တွင် စီဘီသည် အဝတ်အစား တစ်စုံတစ်စမျှ မဝတ်ထားသည်နှင့် အတူတူပင် ဖြစ်နေတော့သည်။

"အား…" စီဘီသည် လုံယိ၏ ပူပြင်းလှသော အကြည့်များကို ခံစားလိုက်ရသဖြင့် သူမ၏ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် အလိုအလျောက် ကာကွယ်လိုက်မိ၏။ သူမသည် ယခုအချိန်တွင် အတွင်းခံ အဝတ်အစားများ မဝတ်ထားသည်ကို သူ သိသွားပြီဟုပင် ထင်မှတ်သွားလေသည်။

စီဘီ၏ စိတ်များ ရှုပ်ထွေးသွားသောကြောင့် လေထုထဲရှိ အလင်းလုံး ငါးလုံးသည်လည်း ထိုတခဏ၌ပင် ပျောက်ကွယ်သွားကြသည်။ ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် မှောင်မိုက်သွားပြီး တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဆုံနေသော လူနှစ်ဦးသည် ငေးမောကာ ဖြစ်သွားကြပေသည်။

"နှာဘူး... နင် သေချင်နေပြီပဲ…" စီဘီသည် ရှက်စိတ်ကြောင့် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ ထို့နောက် ဂါထာများကို ရွတ်ဆိုကာ လုံယိရှိရာဘက်သို့ အလင်းလုံး နှစ်လုံး ပစ်လွှတ်လိုက်၏။

လုံယိသည် လက်တစ်ဖက်ဖြင့် တားဆီးလိုက်ရာ အလင်းလုံးများသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး နွေးထွေးသက်တောင့်သက်သာရှိသော ခံစားချက်ကို ပေးစွမ်းလေသည်။

စီဘီသည် အလင်းစနစ်၏ အခြေခံ ကုသရေးမှော်ပညာဖြစ်သော အလင်းကုသခြင်းစွမ်းရည်ကို အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။ မျှော်လင့်မထားသော ဤအပြုအမူကြောင့် လုံယိ၏ စိတ်ထဲတွင် စီဘီအပေါ် အမြင်ကောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူမသည် သူတော်စင်မ သုံးဦးထဲတွင် အကြမ်းတမ်းဆုံးဖြစ်ပြီး လူအမြောက်အမြားကို ဒုက္ခပေးကာ သတ်ဖြတ်ခဲ့သည်ဆိုသော ကောလာဟလများသည် အမှန်မဟုတ်ဟု သူ ယူဆလိုက်လေသည်။

လုံယိ မသိသည်မှာ စောနက အလင်းကုသခြင်းစွမ်းရည် နှစ်ကြိမ်သည် စီဘီ၏ စမ်းသပ်မှုသာ ဖြစ်သည်ဟူသောအချက်ပင်။ အဘယ်ကြောင့်ဆိုသော် အလင်းကုသခြင်းစွမ်းရည်နှင့် ပြင်းထန်သောအလင်းစွမ်းရည်တို့သည် ပစ်လွှတ်လိုက်ချိန်တွင် အလွန်တူညီသောကြောင့် ဖြစ်သည်။

ဤကဲ့သို့ အကွာအဝေးတိုအတွင်း၌ ကျင့်ကြံဖူးသူ အများစုသည် အလိုအလျောက် ရှောင်တိမ်းရန် ကြိုးစားကြမည်ဖြစ်ပြီး ရှောင်တိမ်းရန် နောက်ကျမှသာ ပင်ကိုယ်ဗီဇအရ တားဆီးသည့် အပြုအမူကို ပြုလုပ်ကြမည်ဟု သူမ ယူဆထားပေသည်။

လုံယိသည် ပင်ကိုယ်ဗီဇအတိုင်း လက်ဖြင့် တိုက်ရိုက်တားဆီးသည်ကို မြင်လိုက်ရသောအခါ စီဘီသည် သူမ ရေချိုးနေစဉ် ချောင်းကြည့်ခဲ့သူသည် ဤလူမဟုတ်ကြောင်း ချက်ချင်း ဆုံးဖြတ်လိုက်လေသည်။

ထို့အပြင် ဤသူသည် မှော်ပညာနှင့် ဒိုချီ အနည်းငယ်မျှ မရှိသော သာမန်လူတစ်ဦးသာ ဖြစ်သည်ဟုလည်း ယုံကြည်သွားပေသည်။

သို့သော် အကြောင်းရင်းကို သူမမသိသော်လည်း စီဘီ၏ ရင်ထဲတွင် ရုတ်တရက် အလွန်နေရခက်သွားမိသည်။

အကယ်၍ ရွေးချယ်ရမည်ဆိုလျှင် သူမ စိတ်ကူးထဲရှိ ထိုလျှို့ဝှက်ဆန်းကြယ်သော အဖိုးကြီးနှာဘူးထက် ဤလူငယ်လေးက သူမ၏ ကိုယ်လုံးတီးအခြေအနေကို မြင်သွားသည်က ပို၍သက်သာဦးမည်ဟု တွေးလိုက်လေသည်။

"ငါမေးတာကို မဖြေသေးဘူး၊ နင်က ဘယ်သူလဲ... ဘယ်ကလာတာလဲ... ပြီးတော့ ဒီကို ဘာလို့ရောက်နေတာလဲ…"

စီဘီသည် သူမ၏ အလင်းမှော်ပညာဖြင့် ပတ်ဝန်းကျင်ကို တစ်ကြိမ်ပြန်၍ လင်းထိန်စေခဲ့သော်လည်း လေသံမှာမူ အတော်ပင် စိတ်မရှည်ပုံရ၏။

"မင်းက မြင့်မြတ်တဲ့ မှော်ဆရာမတစ်ယောက် ဖြစ်နိုင်ပေမဲ့ မင်းမေးခွန်းတွေကို ဖြေရမယ်လို့ ငါ့မှာ တာဝန်ရှိတယ်လို့တော့ မထင်ဘူး…"

လုံယိသည် ရင်ဘတ်ပေါ်တွင် လက်ပိုက်ထားလိုက်လေသည်။ ထို့နောက် သူက 'ဒီကောင်မလေးက တခြားသူတွေကို အမိန့်ပေးတာ အကျင့်ဖြစ်နေတာပဲ၊ ဒါပေမဲ့ ငါကတော့ သူများခြေဖဝါးကို လိုက်လျောရမယ့် အစေခံမျိုး မဟုတ်ဘူး... အကယ်၍ မင်းက ငါ့ကို လာပြီးစော်ကားမယ်ဆိုရင် မင်းက သူတော်စင်မလေး ဖြစ်နေပါစေဦး၊ မင်းရဲ့အဝတ်အစားတွေကို အကုန်ခွာချပြီး လမ်းပေါ်မှာ ကိုယ်လုံးတီးနဲ့ လျှောက်သွားအောင် ငါ အသက်စွန့်ပြီး လုပ်ပစ်မယ်...’ စိတ်ထဲမှ တွေးလိုက်သည်။

"ဖြေစမ်း... မဟုတ်ရင်... မဟုတ်ရင်…"

စီဘီသည် အတော်ကြာသည်အထိ ဘာပြောရမည်ကို မသိဘဲ ဖြစ်နေလေသည်။ မှန်ပါသည်၊ သူမသည် လူအများအပြားကို ဒုက္ခပေးခဲ့ဖူးပြီး လူပေါင်းများစွာကိုလည်း သတ်ဖြတ်ခဲ့ဖူးသော်လည်း ထိုသူအားလုံးသည် ခွင့်လွှတ်၍မရနိုင်သော ဆိုးသွာသူများသာ ဖြစ်ကြပြီး ယခုအချိန်ထိ အပြစ်မဲ့သူတစ်ဦးတစ်ယောက်ကိုမျှ သူမ မထိခိုက်ဖူးပေ။

သူမရှေ့ရှိ ဤလူသည် လူရှုပ်လူပွေတစ်ယောက်နှင့် တူနေသော်လည်း သူသည် သူမ၏မေးခွန်းကို ဖြေရန် တကယ်ပင် တာဝန်မရှိသည်မှာ အမှန်ပင်ဖြစ်၏။

"ဒါမှမဟုတ် ဒီလိုလုပ်ရအောင် ကောင်မလေး၊ ငါ မင်းရဲ့မေးခွန်းတစ်ခုကို ဖြေမယ်၊ မင်းကလည်း ငါ့ရဲ့မေးခွန်းတစ်ခုကို ပြန်ဖြေ၊ ဘယ်လိုလဲ…"

သူမ၏ မျက်နှာလေးကို ကြည့်ပြီး လုံယိသည် ရုတ်တရက် ရယ်ချင်စိတ် ပေါ်လာကာ သူမကို စနောက်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။

"နင်က ငါ့ကို ကောင်မလေးလို့ ခေါ်ရဲတယ်ပေါ့၊ ငါ ဘယ်သူလဲဆိုတာ နင်သိလား…"

စီဘီသည် မကျေမနပ်ဖြင့် ဆိုလိုက်လေသည်။ သူမ လက်ရှိဝတ်ဆင်ထားသော အနားသတ်ရွှေရောင်ပါသည့် ဝတ်ရုံသည် သူမ၏ ထူးခြားသော အမှတ်အသားပင် ဖြစ်သည်။

"မင်းက ဘယ်သူလဲ…" လုံယိက ပြုံးလျက် မေးလိုက်၏။ သူမသည် ရက်စက်ကြမ်းကြုတ်သော သူတော်စင်မလေးတစ်ဦးဖြစ်သည်ဟူသော ကောလာဟလများကို သူက အမြဲတမ်း မှားယွင်းစွာ ယုံကြည်ခဲ့သည်။ သို့သော် ယခုကြည့်ရသည်မှာ သူမသည် သာမန်ကောင်မလေးတစ်ယောက်ထက် များစွာမကွာသည်ဟု ခံစားရပေသည်။

"ငါက... ငါ ဘာလို့ နင့်ကို ပြောပြရမှာလဲ၊ နင်ကရော ဘယ်သူလဲဆိုတာ အခုထိ မပြောရသေးဘူး…"

စီဘီသည် ဤလူရှုပ်လူပွေ၏ လှည့်ကွက်ထဲသို့ ကျရောက်လုနီးပါး ဖြစ်သွားရပြီး ဤလူ၏ရှေ့တွင် သူမသည် အဘယ်ကြောင့် တည်ငြိမ်မှုကို မထိန်းနိုင်ရသနည်းဟု ကိုယ့်ကိုယ်ကိုယ်ပင် မသိတော့ပေ။

"ကောင်းပြီ၊ ငါ့နာမည်က လုံယိ၊ ကွမ်လုံအင်ပါယာက လာတာ…" လုံယိက ပြုံးလျက် ပြောလိုက်လေသည်။

"စီဘီ၊ အော်ယွဲ့အင်ပါယာက…"

စီဘီက မာန်တင်ကာ ပြောလိုက်ပြီး လုံယိ၏ ထိတ်လန့်တုန်လှုပ်သွားမည့် ပုံစံကို စောင့်ကြည့်နေလေသည်။

အကြောင်းရင်းမှာ ဤချန်းလန်တိုက်ရှိ လူသားအားလုံးနီးပါးသည် အလင်းနတ်ဘုရားကို ကိုးကွယ်ကြသောကြောင့်ဖြစ်ပြီး၊ အမှောင်ထုထဲတွင် ပုန်းကွယ်ကာ အမှောင်မှော်ပညာနှင့် သေခြင်းမှော်ပညာကို လေ့လာသူများသာ ခြွင်းချက်ဖြစ်ပေသည်။

ထို့ကြောင့် လုံယိသည် သူမ၏ ထူးခြားသော ဝတ်စားဆင်ယင်မှုကို မသိခြင်းမှာ အံ့သြစရာမဟုတ်သော်လည်း၊ အလင်းဘုရားကျောင်း၏ သူတော်စင်မ သုံးဦး၏ အမည်ကိုမူ ကြားဖူးရမည်ဟု စီဘီက ယုံကြည်နေ၏။

"စီဘီ ဟုတ်လား…" လုံယိက အံ့သြသွားဟန်ဖြင့် ဆိုလိုက်လေသည်။

"မှန်တယ်၊ ငါက စီဘီပဲ…" စီဘီသည် ထိုသို့ပြောလိုက်ရသဖြင့် အနည်းငယ် ကျေနပ်သွားပေသည်။

"အို… တကယ်လား... တိုက်ဆိုင်လိုက်တာ၊ ငါ့ရဲ့ စေ့စပ်ထားတဲ့သူ နာမည်ကလည်း စီဘီပဲ၊ ဒါပေမဲ့ ငါ သူမကို တစ်ခါမှ မတွေ့ဖူးဘူး... အဲဒါ မင်းပဲလား…"

လုံယိက အလွန်အလေးအနက်ထားနေဟန်ဖြင့် မေးလိုက်၏။ ထိုအချိန်တွင် သူ၏ မျက်ဝန်းများ၌ စိတ်လှုပ်ရှားမှု၊ အံ့သြမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသည်ကို တွေ့ရပေမည်။

ယခင်က လုံကျူမိသားစုတွင် ရှိနေစဉ်ကတည်းက သူသည် ဟန်ဆောင်မျက်နှာဖုံးများ အသုံးပြုတတ်ခဲ့ရာ၊ ယခုကဲ့သို့ အလေးအနက်ထားဟန်မှာ အစစ်အမှန်နှင့် လုံးဝမခြားနားပေ။

စီဘီမှာ ကြောင်တောင်တောင် ဖြစ်သွားရပြီး လုံယိသည် သူမကို နောက်ပြောင်နေသည်ဟု မသိမသာ တွေးမိကာ ဒေါသတကြီးဖြင့် သူ၏ဝက်ခေါင်းကို ရိုက်ချေပစ်ချင်စိတ် ပေါ်လာလေသည်။

သို့သော် လုံယိ၏ မျက်နှာအမူအရာမှာ ဟန်ဆောင်နေသည်နှင့် မတူသည်ကို မြင်လိုက်ရသောအခါ စိတ်ထဲမှ သွားကြိတ်ရုံသာ တတ်နိုင်တော့၏။ စောစောက ခံစားခဲ့ရသော ကျေနပ်မှုများမှာလည်း ပျောက်ကွယ်သွားပြီး သူမ၏ ကျော်ကြားမှုသည် သူမထင်သလောက် မရှိလေသလားဟုပင် သံသယဝင်လာမိသည်။

"ငါက နင်ပြောနေတဲ့ စီဘီမဟုတ်ဘူး၊ အဲဒီလို မျက်လုံးတွေနဲ့ ငါ့ကို မကြည့်နဲ့…"

စီဘီက သွားကြိတ်ကာ ပြောလိုက်လေသည်။

"အို… တော်သေးတာပေါ့၊ မင်း မဟုတ်လို့…" လုံယိက ရင်ဘတ်ကို ပုတ်ကာ သက်ပြင်းချလိုက်၏။

လုံယိ၏ စကားကို ကြားလိုက်ရသောအခါ စီဘီမှာ မေ့လဲမတတ် ဖြစ်သွားရသည်။ ဤအတိုင်းသာ ဆက်သွားပါက မကြာမီ သူမ ရူးသွပ်သွားပေလိမ့်မည်ဟု ယုံကြည်နေမိပေသည်။

"ငါက အလင်းဘုရားကျောင်းရဲ့ သူတော်စင်မတွေထဲက တစ်ယောက်ဖြစ်တဲ့ စီဘီပဲ။ နားလည်ပြီလား…"

စီဘီသည် အသက်ကို ပြင်းပြင်းရှူကာ သူမကိုယ်သူမ ပြန်လည်တည်ငြိမ်အောင် လုပ်လိုက်လေသည်။

"အလင်းဘုရားကျောင်းမှာ သူတော်စင်မတွေ ရှိတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ငါသိတဲ့ စီဘီဆိုတာ ငါ့ရဲ့ စေ့စပ်ထားတဲ့သူပဲ ရှိတာ…"

လုံယိက ပြုံးစိစိဖြင့် ဆိုလိုက်၏။

"နင်… သေလိုက်တော့၊ နင်နဲ့ စကားပြောဖို့ ငါ့မှာ စိတ်မရှိတော့ဘူး…"

စီဘီသည် ဤလူယုတ်မာအပေါ် ဒေါသထွက်လွန်း၍ ရူးမတတ် ဖြစ်နေပြီ ဖြစ်သည်။ အကယ်၍ မျက်လုံးများဖြင့် သတ်နိုင်မည်ဆိုပါက လုံယိသည် အကြိမ်ပေါင်း တစ်သောင်းမက သေဆုံးနေလိမ့်ပေမည်။

သူမသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လေပေါ်ပျံမှော်ပညာကို အသုံးပြုကာ ဤလူနှင့် ဝေးရာသို့ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်လေသည်။

"ဟေး စီဘီ... ခဏလောက်စောင့်ပါဦး... ဒီလိုတောတောင်ထဲမှာ ကြက်တစ်ကောင်တောင် မချည်နိုင်လောက်အောင် အစွမ်းအစမရှိတဲ့ သာမန်လူတစ်ယောက်ကို ဒီအတိုင်း ထားခဲ့တော့မလို့လား... ဒီတစ်ဝိုက်မှာ ကြောက်စရာကောင်းတဲ့ မှော်သားရဲတွေ အများကြီးရှိတယ်လို့ ကြားထားတယ်... ဒီအတိုင်းဆိုရင်တော့ ငါ အစားခံရမှာ အသေအချာပဲ…"

သူမ ထွက်ခွာသွားတော့မည်ကို သိလိုက်သဖြင့် လုံယိက သနားစဖွယ်ဟန်ဖြင့် အလျင်အမြန် ပြောလိုက်လေသည်။ အဖော်တစ်ယောက် ရှာရသည်မှာ မလွယ်ကူလှပေ၊ ပို၍ဆိုးသည်မှာ ထိုသူသည် သူတော်စင်မ သုံးဦးထဲမှ တစ်ဦးဖြစ်သော စီဘီ ဖြစ်နေခြင်းပင်။

သူမကို မည်သို့လျှင် အလွတ်ပေးနိုင်ပါမည်နည်း... သူ့တွင် ဖြေရှင်းရမည့် ပြဿနာများစွာ ရှိနေသော်လည်း နောက်မှ အေးဆေးဖြေရှင်း၍ ရပေသည်။ ထို့အပြင် တစ်ယောက်တည်းနေရသည်မှာ ပျင်းစရာကောင်းလှပြီး သူမကို စနောက်ရသည်မှာလည်း မဆိုးလှပေ။

စီဘီ၏ ပုံရိပ်သည် ရုတ်တရက် ရပ်တန့်သွားပြီး ခေတ္တမျှ တုံ့ဆိုင်းသွား၏။

"မင်းက သူတော်စင်မဆိုပြီး ပြောခဲ့တယ်မဟုတ်လား... သူတော်စင်မဆိုတာ ကြင်နာသနားတတ်ပြီး တခြားသူတွေကို ကူညီရတာကို ပျော်ရွှင်ရသူတွေလို့ သိထားတယ်... ဒါမှမဟုတ် မင်းက အတုအယောင်ပဲ ဖြစ်နေမလား…"

လုံယိက သံသယရှိသော မျက်နှာပေးဖြင့် ဆိုလိုက်လေသည်။

"ငါက အတုမဟုတ်တာ သေချာတယ်... နင်က ကြက်တစ်ကောင်တောင် မချည်နိုင်လောက်အောင် အစွမ်းမရှိဘူးဆိုရင် ဒီနေရာကို ဘယ်လိုရောက်လာတာလဲ…"

စီဘီက သံသယဖြင့် မေးလိုက်၏။ နောက်ဆုံးတွင် သူမသည် လုံယိ၏ စကားထဲမှ ဟာကွက်ကို ထောက်ပြနိုင်ခဲ့ပြီ ဖြစ်သည်။ သာမန်လူတစ်ယောက်အတွက် ဤနေရာမှ အနီးဆုံးမြို့သို့ ရောက်ရန် အနည်းဆုံး နှစ်ရက် သုံးရက်ခန့် လမ်းလျှောက်ရမည် ဖြစ်သည်။

ထို့အပြင် ဤနေရာတွင် မှော်သားရဲများစွာ ရှိနေသည်။ ယခု သူ့ကို သေချာကြည့်လိုက်သောအခါ ဖုန်မှုန့်အနည်းငယ် ရှိနေသော်လည်း အဝတ်အစားများမှာ သန့်ရှင်းသပ်ရပ်နေပေသည်။

မှော်သားရဲအားလုံးက သူ့ကို ရှောင်ပေးခဲ့သည်ဆိုသော ကံကောင်းမှုမျိုး ရှိနိုင်မည်မဟုတ်ပေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment