no

Font
Theme

အခန်း (၁၈) - မြေဝက်ဝံ (၂)

"အို... အစွမ်းထက်လှသော အလင်းနတ်ဘုရား၊ အရှင်၏ သစ္စာရှိကျွန်အား သန့်စင်သောစွမ်းအားများ ပေးသနားတော်မူပါ။ အရှင်၏ တောက်ပသော အလင်းရောင်ဖြင့် ဤလောကရှိ မကောင်းမှုအားလုံးကို သန့်စင်ပေးတော်မူပါ... သန့်စင်သော အလင်းနတ်ဘုံ…"

စီဘီသည် သူမ၏ အလင်းမှော်တုတ်ကို အပေါ်သို့ မြှောက်တင်ကာ ကြည်ညိုသဒ္ဓါတရားအပြည့်ဖြင့် ဂါထာကို ရွတ်ဆိုလိုက်လေသည်။ ထိုအခါ အလင်းမှော်တုတ်မှ သန့်စင်စင်ကြယ်သော အလင်းတန်းများ တစ်ပတ်ပြီးတစ်ပတ် တရစပ် ထွက်ပေါ်လာခဲ့၏။

ထိုသန့်စင်သော အလင်းတန်းများသည် တောရိုင်းမြေဝက်ဝံ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားရာ သွေးရောင်တောက်နေသော မျက်လုံးများမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး ကြီးမားလှသော ခန္ဓာကိုယ်သည်လည်း အလင်းတန်းများ၏ ဖိအားကြောင့် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားတော့သည်။

ဤသည်မှာ စီဘီ လက်ရှိအသုံးပြုနိုင်သော အစွမ်းထက်ဆုံး ခုခံရေးအလင်းမှော်ဖြစ်၏။ ဤမှော်ပညာသည် ဝိညာဉ်ကို သန့်စင်ပေးနိုင်ရုံသာမက ရန်သူကို ခုတိုက်ရန်နှင့် လမ်းကြောင်းဖောက်ရန်အတွက် အလင်းလှိုင်းများကို ဖန်တီးပေးနိုင်သည်လေသည်။

သို့သော် ယခုအချိန်တွင် ဤသန့်စင်သော အလင်းနတ်ဘုံမှော်သည် အချိန်အနည်းငယ်ကိုသာ ဆိုင်းငံ့ပေးနိုင်ပြီး အခြားဘာမျှ မတတ်နိုင်ပေ။ သူမ၏ အစွမ်းထက်ဆုံး အလင်းမှော်တိုက်ခိုက်မှုဖြင့်ပင် ဤမြေဝက်ဝံကို နှိမ်ရှင်းရန် မလုံလောက်ကြောင်း စီဘီ သိထားပေသည်။

ထို့ကြောင့် လုံယိ ဤနေရာမှ ထွက်ပြေးနိုင်ရန် အချိန်အနည်းငယ်မျှသာ ဖန်တီးပေးနိုင်ပါစေကြောင်း သူမ မျှော်လင့်နေမိ၏။ ဤသည်မှာ ယခုအချိန်တွင် သူမ၏ အကြီးမားဆုံးသော ဆန္ဒပင် ဖြစ်ပေသည်။

မိမိရှေ့တွင် ရပ်နေသော စီဘီ၏ နုနယ်သော ခန္ဓာကိုယ်လေးကို ကြည့်ရင်း လုံယိသည် စိတ်မကောင်းဖြစ်ကာ မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာလေသည်။ သူမသည် အားနည်းသော မှော်ဆရာမလေးတစ်ဦးသာ ဖြစ်သော်လည်း ယခုတွင် သူမ၏ အသက်ကိုရင်းပြီး သူ့ကို ကာကွယ်ပေးနေခြင်း ဖြစ်သည် မဟုတ်ပါလား...

သူမ၏ မှော်စွမ်းအားများ ကုန်ခမ်းသွားသည်နှင့် ဤကြမ်းတမ်းသော မြေဝက်ဝံ၏ လက်ချက်ဖြင့် သူမ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်တောက်သွားမည်မှာ အသေအချာပင်။ အကယ်၍ စီဘီက သူ့ကို လက်ထပ်ချင်သလားဟု ထပ်မေးမည်ဆိုလျှင် သူသည် "လက်ထပ်မယ်... မထပ်ဘူးဆိုရင် ငရဲပဲသွားတော့မယ်…" ပြတ်ပြတ်သားသား ဖြေမည် ဖြစ်ပေသည်။

စီဘီ၏ ညာဘက်လက်ရှိ အလင်းမှော်တုတ်မှ ထွက်ပေါ်နေသော အလင်းတန်းများမှာ သိသိသာသာ မှေးမှိန်လာလေသည်။ ထိုအချိန်တွင် စိတ်မရှည်စွာ တုန်လှုပ်နေသော လုံယိသည် မိမိကိုယ်ကို အတင်းအကျပ် တည်ငြိမ်အောင် ထိန်းချုပ်ကာ မြေဝက်ဝံ၏ အားနည်းချက်ကို ရှာဖွေရန် ကြိုးစားလိုက်၏။ မြေဝက်ဝံ၏ တစ်ကိုယ်လုံးသည် သံမဏိကဲ့သို့ မာကျောလှပြီး မျက်တောင်ပင်လျှင် သာမန်ဓားများဖြင့် ပိုင်းဖြတ်ရန် အလွန်ခက်ခဲကြောင်း သူ အမှတ်ရလိုက်လေသည်။

စီဘီသည် မိမိ၏ မှော်စွမ်းအင်များ တဖြည်းဖြည်း လျော့နည်းလာသည်ကို ခံစားလိုက်ရသဖြင့် လုံယိသည် ဘေးကင်းရာသို့ ထွက်ပြေးသွားပြီလားဟု သိရှိနိုင်ရန် ခေါင်းလှည့်ကြည့်လိုက်သည်။

သို့သော် နောက်သို့ ကြည့်လိုက်ရာတွင် သူသည် မူလနေရာ၌ပင် ငကြုတုံးတစ်ယောက်ကဲ့သို့ ရပ်နေပြီး မြေဝက်ဝံကို ကြောင်စီစီဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။ စီဘီသည် စိတ်ထဲမှ အလွန်တုန်လှုပ်သွားပြီး သူသည် ကြောက်လန့်လွန်း၍ မပြေးနိုင်တော့ခြင်းလားဟု တွေးမိသွားသည်။

အကယ်၍ ထိုသို့သာ ဖြစ်နေပါက သူမ၏ ကြိုးစားအားထုတ်မှုအားလုံးသည် အလဟဿ ဖြစ်သွားလိမ့်ပေမည်။

"ကောင်စုတ်... နင် ဒီမှာ ဘာလုပ်နေတာလဲ... အခုထိ မပြေးသေးဘူးလား…" စီဘီသည် အော်ဟစ်လိုက်လေသည်။ သူမသည် အလွန်စိုးရိမ်ပူပန်နေသဖြင့် မျက်ဝန်းအစုံမှ မျက်ရည်များပင် စီးကျလာတော့သည်။

"ပါးစပ်ပိတ်ထားစမ်း မိန်းကလေးရယ်... မင်းပဲ ကိုယ့်ကိုယ်ကိုယ် တော်တယ်ထင်ပြီး ငါ့ရှေ့မှာ လာပိတ်ရပ်နေတာပဲ... အခုမှ ငါပြေးမယ်ဆိုရင် ငါက ယောက်ျားတစ်ယောက် ဖြစ်ပါဦးမလား…"

လုံယိက ပြန်အော်လိုက်သော်လည်း သူ၏ မျက်လုံးများကမူ မြေဝက်ဝံကို မပြတ်တမ်း စိုက်ကြည့်နေဆဲပင် ဖြစ်၏။

"နင်... နင့်လို လူနုံ... ဒါဆိုရင် ငါတို့ အတူတူ သေကြတာပေါ့ ဟုတ်လား…" စီဘီ၏ မျက်ရည်များမှာ ရေတံခွန်တစ်ခုကဲ့သို့ စီးကျလာပြီး သူမ၏ မှော်စွမ်းအင်များမှာလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

လုံယိ၏ စကားများကို ကြားရသောအခါ သူမ၏ စိတ်ထဲတွင် ဒေါသထွက်သလို တစ်ဖက်တွင်လည်း ပျော်ရွှင်သွားလေသည်။ သူ မပြေးသွားခြင်းအပေါ် ဒေါသထွက်သော်လည်း သူမ လူမှားမတွက်ခဲ့ခြင်းကြောင့် ဝမ်းမြောက်သွားခြင်းပင် ဖြစ်ပေသည်။

ထိုအချိန်တွင် စီဘီ၏ မှော်စွမ်းအင်များ အပြီးတိုင် ကုန်ဆုံးသွားပြီး သန့်စင်သော အလင်းတန်းများမှာလည်း ပျောက်ကွယ်သွားတော့သည်။ မြေဝက်ဝံအပေါ် သက်ရောက်နေသော အလင်းတန်းများ၏ ပိတ်ဆို့မှုများ ပျောက်ကွယ်သွားသည်နှင့် ၎င်းသည် ရှေ့ရှိ လူငယ်နှစ်ဦးကို ကြည့်ကာ ရက်စက်ကြမ်းကြုတ်သော အမူအရာ ပြောင်းလဲသွားလေသည်။

လုံယိသည် ဒေါသတကြီး ပြေးဝင်လာသော မြေဝက်ဝံကို ကြည့်ပြီးနောက် သူ၏ မျက်နှာသည် တဖြည်းဖြည်း အေးစက်လာ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါများ စတင်ထွက်ပေါ်လာတော့သည်။

လုံယိထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါကို အာရုံရလိုက်သည်နှင့် မြေဝက်ဝံ၏ လှုပ်ရှားမှုများ နှေးကွေးသွားပြီး သူတို့နှင့် ၁၀ မီတာ အကွာတွင် ရပ်တန့်သွားလေသည်။ ထို့နောက် ၎င်းသည် သွေးရောင်ကဲ့သို့ နီရဲသော မျက်လုံးနှစ်လုံးဖြင့် အရေးမပါသော လူသားလေးကို စိုက်ကြည့်နေ၏။

သေးငယ်ပြီး အားနည်းပုံရသော လုံယိထံမှ အဘယ်ကြောင့် အန္တရာယ်ရှိသော အငွေ့အသက်များကို ခံစားရသည်ကို ၎င်း နားမလည်နိုင်ပေ။ ယေဘုယျအားဖြင့် အဆင့်မြင့်သော မှော်သားရဲများသည် အသိဉာဏ် အတန်အသင့် ရှိကြပြီး အဆင့်မြင့်လေ အသိဉာဏ် ပိုမိုထက်မြက်လေ ဖြစ်သည်။

ထို့ကြောင့် မြေဝက်ဝံသည် ပြင်းထန်သော အရှိန်အဝါကို အာရုံရသောအခါ ပင်ကိုယ်ဗီဇအရ ရပ်တန့်သွားခြင်း ဖြစ်ပေသည်။

လုံယိသည် မြေဝက်ဝံကို စိုက်ကြည့်နေ၏။ ထိုဝက်ဝံသည် သတိကြီးစွာဖြင့် ရှေ့သို့တိုးလာပြီး ၎င်း၏ ညာဘက်လက်ဝါးသည် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အမွှေးအမျှင်များ ဖုံးလွှမ်းနေသော တင်ပဆုံနေရာကို ကာကွယ်ထားလေသည်။

ဤသည်ကို မြင်လိုက်ရသောအခါ လုံယိ၏ မျက်လုံးများ တောက်ပသွားပြီး ဤမြေဝက်ဝံ၏ အားနည်းချက်ကို နောက်ဆုံးတွင် သိရှိသွားတော့သည်။ ၎င်းမှာ ဝက်ဝံ၏ ခရေပေါက်ပင် ဖြစ်ပေသည်။

၎င်း၏ တစ်ကိုယ်လုံးသည် မည်သည့်ဓား သို့မဟုတ် လှံဖြင့်မျှ ထိုးဖောက်၍မရသော်လည်း ထိုနေရာသည်သာလျှင် အားနည်းချက်ဖြစ်၏။ သို့မဟုတ်ပါက ၎င်းသည် ပင်ကိုယ်ဗီဇအရ ထိုနေရာကို ဘယ်သောအခါမျှ ကာကွယ်မည်မဟုတ်ပေ။

'ဦးအောင်တိုက်မှ အသာစီးရမည်' ဟူသော စကားအတိုင်း လုံယိသည် အောက်ထျန်းကျင့်စဥ်ကို လှုံ့ဆော်ကာ မဟာစကြဝဠာ ရွှေ့ပြောင်းခြင်း အတတ်ကို အသုံးပြုလိုက်လေသည်။ ထို့နောက် လေပြည်တစ်ခုကဲ့သို့ လျင်မြန်စွာဖြင့် မြေဝက်ဝံ၏ နောက်ကျောဘက်သို့ ရောက်ရှိသွား၏။

သို့သော် မြေဝက်ဝံသည် ခန္ဓာကိုယ် ကြီးမားလှသော်လည်း တုံ့ပြန်မှုနှုန်းမှာ အတော်ပင် မြန်ဆန်လှပြီး ၎င်း၏ ကြီးမားသော လက်ဝါးဖြင့် တစ်ခုတည်းသော အားနည်းချက်ကို မြဲမြံစွာ ကာကွယ်လိုက်လေသည်။

'ဖုန်း' ဟူသော အသံနှင့်အတူ လုံယိ၏ လက်ဝါးချက်သည် ဝက်ဝံ၏ လက်ဝါးကို ထိမှန်သွားပြီး ပြင်းထန်သော တန်ပြန်အားကို ခံစားလိုက်ရသဖြင့် သူ၏ လက်ဝါးတစ်ခုလုံး တုန်ခါသွားသည်အထိပင် ဖြစ်သွား၏။

သူသည် အနည်းငယ် အရှုံးပေါ်ခဲ့သော်လည်း ရလဒ်မှာ လုံယိ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်ပေသည်။ လုံယိ၏ အတွင်းအားကြောင့် မြေဝက်ဝံသည် ယိုင်သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျလုနီးပါး ဖြစ်သွားလေသည်။

၎င်း၏ ခန္ဓာကိုယ်တွင် ဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့သော်လည်း လက်ရှိ အောက်ထျန်းကျင့်စဥ် ပထမအဆင့်၏ အစွမ်းသည် ယခင်ဘဝက အောက်ထျန်းကျင့်စဥ် ဒုတိယအဆင့်၏ အစွမ်းနှင့် တူညီကြောင်း လုံယိ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။

ဤကဲ့သို့ အရှုံးပေးလိုက်ရပြီးနောက် မြေဝက်ဝံသည် အတိုင်းမသိ ဒေါသထွက်သွားပြီး ပြင်းထန်စွာ ဟိန်းဟောက်ကာ ၎င်း၏ ကြီးမားသော လက်ဝါးနှစ်ဖက်ဖြင့် မြေပြင်ကို အားကုန် ရိုက်ချလိုက်လေသည်။

ထိုအချိန်တွင် မြေပြင်မှ ချွန်ထက်သော ဆူးများစွာ ထိုးထွက်လာပြီး ၎င်းမှာ မြေဓာတ်၏ အဆင့်မြင့်မှော်ပညာဖြစ်သော 'မြေဆူး' ပင် ဖြစ်ပေသည်။ လုံယိသည် စိတ်ထဲတွင် အံ့အားသင့်သွားပြီး ပျံသန်းနေသော ဝင်္သံငှက်တစ်ကောင်ကဲ့သို့ လျင်မြန်စွာ ရှောင်တိမ်းကာ အန္တရာယ်ရှိသော အခြေအနေမှ သီသီလေး လွတ်မြောက်ခဲ့၏။

လျင်မြန်သော အတတ်ကို အသုံးပြု၍ လုံယိသည် မြေဝက်ဝံ၏ နောက်ကျောဘက်သို့ မကြာခဏ ရောက်ရှိကာ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သော်လည်း အားနည်းချက်ရှိသော နေရာကို တိုက်ခိုက်ရန် အခွင့်အရေး မရရှိခဲ့ပေ။

လုံယိ၏ ပုံရိပ်ယောင်ကဲ့သို့ လျင်မြန်သော လှုပ်ရှားမှုများကို မြင်သောအခါ စီဘီသည် မှင်သက်သွားပြီး စိတ်ထဲတွင် အလွန်အမင်း အံ့အားသင့်သွားလေသည်။ ဤမျှ လျင်မြန်သောသူကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

အကယ်၍ စစ်သည်တစ်ဦးသည် ဤကဲ့သို့သော အရှိန်အဟုန်ကို ပိုင်ဆိုင်ထားပါက ထိုသူသည် မည်သည့်မှော်ဆရာအတွက်မဆို အဆိုးရွားဆုံး အိပ်မက်ဆိုး ဖြစ်လာလိမ့်ပေမည်။ "သူက တကယ်တော့ ဘယ်သူလဲ…" စီဘီ၏ မျက်ဝန်းများမှာ အနည်းငယ် ဝေဝါးနေတော့သည်။

လုံယိသည် မြေဝက်ဝံ၏ ပတ်ပတ်လည်တွင် လျင်မြန်စွာ လှုပ်ရှားနေသော်လည်း သူ၏အတွင်းအားများမှာ တဖြည်းဖြည်း လျော့နည်းလာလေသည်။ အကယ်၍ ဤအတိုင်းသာ ဆက်ဖြစ်နေပါက ဤကပ်ဘေးမှ လွတ်မြောက်ရန် ခက်ခဲလိမ့်မည်ဟု သူ စိုးရိမ်မိ၏။

ထိုစဉ် လုံယိသည် မြေဝက်ဝံ၏ ပေါ်ထွက်နေသော တင်ပဆုံကို ရုတ်တရက် မြင်လိုက်ရသဖြင့် စိတ်ထဲတွင် ဝမ်းသာသွားပြီး တစ်ကိုယ်လုံးရှိ စွမ်းအားများကို လက်သီးအတွင်းသို့ စုစည်းကာ ပေါ်ထွက်နေသော ခရေပေါက်ဆီသို့ အားကုန်တိုက်ခိုက်လိုက်တော့သည်။

သို့သော် မြေဝက်ဝံသည် ချက်ချင်းပင် ခြေဖနောင့်ပေါ်သို့ ထိုင်ချလိုက်ပြီး ၎င်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အဝါရောင်အလင်းတန်းများက လုံယိ၏ ကိုယ်ခန္ဓာကို လွှမ်းခြုံသွားခဲ့သည်။

လုံယိသည် တစ်ကိုယ်လုံး လေးလံထိုင်းမှိုင်းသွားပြီး ထိုအဝါရောင်အလင်းတန်းများကြောင့် ဧရာမကျောက်တုံးကြီးတစ်လုံးက ဖိနှိပ်ထားသကဲ့သို့ ခံစားလိုက်ရ၏။ အရှိန်အနည်းငယ်ဖြင့် လမ်းလျှောက်ရန်ပင် ခက်ခဲသွားတော့သည်။

"လုံယိ... သတိထား... ဒါက မြေဓာတ်မှော်စွမ်းအင်ရဲ့ ဆွဲငင်အားမန္တန်ပဲ…"

စီဘီက ထိတ်လန့်တကြား အော်ဟစ်သတိပေးလိုက်လေသည်။ အကယ်၍ သူမသာ မှော်စွမ်းအားများ အကုန်မကုန်ခဲ့ပါက ဤဆွဲငင်အားမန္တန်ကို အလွယ်တကူ ဖြေဖျောက်ပေးနိုင်မည် ဖြစ်သော်လည်း ယခုအချိန်တွင် သူမ၏ အသိစိတ်ပင်လယ်မှာ ဗလာဖြစ်နေပြီဖြစ်ရာ စိုးရိမ်တကြီးဖြင့် ကြည့်နေရုံသာ တတ်နိုင်တော့ပေသည်။

"တောက်... မှော်သားရဲတောင် ဂျင်းထည့်တတ်တာပဲ…" လုံယိသည် စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ အောက်ထျန်းကျင့်စဥ်ကို ရူးသွပ်စွာ နှိုးဆွလိုက်လေသည်။

မြေဝက်ဝံသည် ရန်သူ အထိခိုက်ခံရပြီဟု ယုံကြည်သွားသောကြောင့် စိတ်လှုပ်ရှားစွာ ဟိန်းဟောက်ရင်း အပေါ်မှ ခုန်အုပ်လိုက်၏။

"မလုပ်နဲ့... မလုပ်ပါနဲ့…" စီဘီသည် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်ရင်း မျက်ရည်များ ပြိုကျလာလေသည်။ လုံယိ၏ သနားစရာကောင်းသော အဆုံးသတ်ကို သူမ ကြိုတင်မြင်ယောင်နေပုံရပြီး ဘာကိုမျှ ဂရုမစိုက်ဘဲ လုံယိရှိရာသို့ အတင်းတိုးဝှေ့ကာ အော်ဟစ်ပြီး ပြေးသွားတော့သည်။

မြေဝက်ဝံ၏ ဧရာမခန္ဓာကိုယ်ကြီးက သူ့ထံသို့ ခုန်အုပ်လာသည်ကို မြင်ရပြီး ၎င်း၏ ပုပ်စော်နံသော ထွက်သက်များကိုပင် လုံယိ အနံ့ရရှိနေပြီဖြစ်သည်။ ထိုအချိန်တွင် သူသည် ရယ်မောလိုက်လေသည်။ အမှန်ပင် သူ ရယ်မောနေခြင်း ဖြစ်သော်လည်း ထိုရယ်သံမှာ အလွန်ပင် ထူးဆန်းနေပေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment