no

Font
Theme

အခန်း (၃၅) - လူစည်ကားရာ နေရာတစ်ခု

လင်ယိုယို၏ အခန်းတံခါးရှေ့တွင် ရပ်နေစဉ် လုံယိ၏ မျက်နှာပေါ်မှ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ လီရန်ဖန်း ယူဆောင်လာသော အတွင်းခံအဝတ်အစားအချို့က သူ့အား စီဘီကို သတိရသွားစေသည်။

ထိုမိန်းကလေးသည် အပြင်ပန်းတွင် ရက်စက်ကြမ်းတမ်းသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ အလွန်ပင် ကြင်နာတတ်သော နှလုံးသားရှိသူ ဖြစ်ပေသည်။

တစ်ဦးကိုတစ်ဦး အသက်စွန့်ကာ ကာကွယ်ပေးခဲ့ကြသည့် ထိုနေ့ရက်များကို ပြန်လည်အမှတ်ရတိုင်း လုံယိ၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားရလေသည်။

ညဉ့်နက်ပေသည်မရှိသေးသဖြင့် စီဘီကို ရှာဖွေနိုင်မလားဟူ၍ အလင်းဝင်ဘုရားကျောင်းသို့ သွားကြည့်ရန် လုံယိ ဆုံးဖြတ်လိုက်၏။ အလင်းဝင်ဘုရားကျောင်းသည် အသက်မွေးဝမ်းကျောင်း အဖွဲ့အစည်းများ စုဝေးရာ လမ်းကြားထဲတွင် ရှိသည်မဟုတ်ဘဲ မြို့စားမင်း၏ စံအိမ်တော်နှင့် ကပ်လျက်တွင် တည်ရှိပေသည်။

ဈေးကြီးသော နှင်းကျောက်များဖြင့် တည်ဆောက်ထားသည့် ထိုအဆောက်အအုံသည် မြင့်မြတ်တင့်တယ်သော အသွင်အပြင်ရှိပြီး အနောက်တိုင်း ဘုရားကျောင်းတစ်ခုနှင့် အနည်းငယ် ဆင်တူလှပေသည်။

အလင်းနတ်ဘုရား၏ ဧရာမရုပ်ထုကြီးသည် အဆောက်အအုံ၏ အမြင့်ဆုံးနေရာတွင် တည်ရှိပြီး သက်ရှိသတ္တဝါအားလုံးကို အထင်အမြင်သေးစွာ ငုံ့ကြည့်နေသကဲ့သို့ ရှိလေသည်။ သို့သော် လုံယိအတွက်မူ အလင်းနတ်ဘုရားဆိုသည်မှာ အတောင်ပံရှစ်ခုပါသော ငှက်လူသားအိုကြီးတစ်ဦးသာ ဖြစ်ပေသည်။

အလင်းဝင်ဘုရားကျောင်းအတွင်း၌ အလွန်စည်ကားနေပြီး ယုံကြည်သူများစွာသည် ဟိုဟိုဒီဒီ သွားလာနေကြသည်။ အလင်းနတ်ဘုရားရုပ်ထုကို ကြည်ညိုသဒ္ဓါတရားထက်သန်စွာ ဝတ်ပြုကိုးကွယ်နေကြသူများကို နေရာအနှံ့တွင် တွေ့နိုင်ပေသည်။

လုံယိသည် ထိုဘက်သို့ လျှောက်သွားပြီး နာမည်ကျော်ရှိသော ဘုန်းတော်ကြီးတစ်ပါးထံသို့ ချဉ်းကပ်ကာ ယဉ်ကျေးစွာ မေးလိုက်လေသည်။

"လေးစားအပ်ပါသော ဘုန်းတော်ကြီးခင်ဗျာ... သန့်စင်သူတော်စင်မ စီဘီ ဒီအလင်းမြို့ကို ရောက်ရှိနေပါသလားဆိုတာ သိပါရစေ…"

လုံယိ၏ ယဉ်ကျေးသော အမူအရာကို မြင်သောအခါ ဘုန်းတော်ကြီးက ဤကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။ "မရောက်လာခဲ့ဘူး…"

လုံယိ အနည်းငယ် စိတ်ပျက်သွားပြီး တွေးတောလိုက်မိတော့သည်။

"စီဘီက အလင်းမြို့ကို လာမယ်လို့ ပြောခဲ့တာ မှတ်မိနေတယ်... ငါ့ကို ရှောင်ပြီး ပုန်းနေဖို့အတွက် သူမရဲ့ ဦးတည်ချက်ကို ပြောင်းလိုက်တာများလား…"

ထို့နောက် လုံယိသည် အခြားသော ဘုန်းတော်ကြီး အတော်များများကိုလည်း မေးမြန်းခဲ့သော်လည်း အားလုံးထံမှ တူညီသော အဖြေကိုသာ ရရှိခဲ့ပေသည်။

လုံယိသည် သက်ပြင်းတစ်ချက်ချကာ ဘုရားကျောင်းအပြင်ဘက်ရှိ မြက်ခင်းပြင်ပေါ်တွင် တစ်ယောက်တည်း ထိုင်ချလိုက်ပြီး ယုံကြည်သူများ၏ သွားလာနေမှုကို ကြည့်ရင်း အတွေးထဲတွင် နစ်မြုပ်နေလေသည်။

ရုတ်တရက် သူသည် အရာအားလုံးသည် အတုအယောင်များဟု ခံစားလိုက်ရပြီး တွေးနေမိခဲ့၏။ "ငါ တကယ်ပဲ စီဘီနဲ့ တွေ့ခဲ့တာလား... အမှတ်တရဖြစ်စေပြီး အဲ့ဒီလို ရိုမန်းတစ်ဆန်တဲ့ အချိန်တွေကို ငါ တကယ်ပဲ ဖြတ်သန်းခဲ့တာလား…"

ထိုအချိန်တွင် အလင်းဝင်ဘုရားကျောင်း၏ အပေါ်ဆုံးထပ်၌ ဘုန်းတော်ကြီးဝတ်စုံကို ဝတ်ဆင်ထားပြီး ကျော့ရှင်းသော အမူအရာနှင့် ဆံပင်အနက်ရောင်သန်းသော အစိမ်းရောင်ရှည်လျားသော မိန်းကလေးတစ်ဦးသည် မှော်မှန်တစ်ချပ်၏ နောက်ကွယ်တွင် ပုန်းကွယ်နေလေသည်။

သူမသည် အောက်ဘက်ရှိ လုံယိ၏ အထီးကျန်နေသော ပုံရိပ်ကို ကြည့်ကာ မျက်ရည်များဖြင့် ပြည့်နှက်နေတော့သည်။

"လုံယိ... ငါ တောင်းပန်ပါတယ်…" စီဘီသည် သူမ၏ အောက်နှုတ်ခမ်းကို တင်းတင်းကြပ်ကြပ် ဖိနုတ်ကာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။

ထို့နောက် သူမသည် မှော်မှန်ထဲရှိ လုံယိ၏ ပုံရိပ်ကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးနေပြီး သူမ ချစ်မြတ်နိုးရသူ၏ နာကျင်မှုနှင့် အထီးကျန်မှုများကို ပယ်ဖျက်ပေးချင်နေသည့်အလား ရှိပေသည်။

"အို... သနားစရာ ကလေးလေးရယ်၊ သူ့ကို ဒီလောက်တောင် ချစ်နေမှတော့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမျိုး အတင်းအဓမ္မ နှိပ်စက်နေဖို့ မလိုပါဘူး…" စီ

ဘီ၏ နောက်ကျောဘက်မှ နူးညံ့သိမ်မွေ့ပြီး ကြင်နာမှုအပြည့်ရှိသော အသံတစ်သံ ထွက်ပေါ်လာ၏။ အသက် ၃၀ ခန့်ရှိပြီး လူ့လောကတွင် တွေ့ရခဲလောက်အောင် လှပလွန်းသော အမျိုးသမီးတစ်ဦးသည် စီဘီ၏ အနောက်သို့ ရောက်ရှိလာခဲ့သည်။

သူမသည် နို့နှစ်ရောင်ရှိသော သန့်စင်မြင့်မြတ်သည့် ဘုန်းတော်ကြီးဝတ်စုံကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးတွင် သန့်စင်သော အလင်းတန်းများ ဖုံးလွှမ်းနေသည့်အလား ထင်မှတ်ရပေသည်။

သူမသည် အလင်းဝင်ဘုရားကျောင်း၏ အမြင့်ဆုံးသော သန့်စင်သော ဘုန်းတော်ကြီး နှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် ဘုန်းတော်ကြီး ကိုင်လင်း ဖြစ်ပြီး စီဘီ၏ ဆရာဖြစ်သူ သန့်စင်သော ဘုန်းတော်ကြီး ကျူးဒီး၏ နှစ်ရှည်လများ ခင်မင်ခဲ့သော သူငယ်ချင်းဟောင်းတစ်ဦးလည်း ဖြစ်လေသည်။

"အကြီးအကဲ... သမီး မရနိုင်တော့ဘူး... မရနိုင်တော့ဘူး…"

သူမကို သမီးအရင်းကဲ့သို့ သဘောထားကာ နှစ်သိမ်ပေးနေသော ဘုန်းတော်ကြီး ကိုင်လင်း၏ စကားကို ကြားလိုက်ရသောအခါ စီဘီ၏ မျက်ဝန်းအစုံမှ ကြည်လင်သော မျက်ရည်များ ချက်ချင်းပင် စီးကျလာတော့သည်။

သူမသည် မျက်နှာ၏ ဘယ်ဘက်ခြမ်းရှိ ကြောက်မက်ဖွယ်ရာ မွေးရာပါ အမှတ်အသားကို ထိတွေ့လိုက်ပြီး ထိုအမှတ်အသားကြောင့် ပထမဆုံးအကြိမ်အဖြစ် မိမိကိုယ်ကိုယ် အလွန်အမင်း မုန်းတီးသွားခဲ့၏။

"သနားစရာ ကလေးလေး... သနားစရာ ကလေးလေးရယ်…"

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကိုင်လင်းသည် ရင်ထဲတွင် မချိတင်နိုင်ဖြစ်ကာ ဆိုလိုက်လေသည်။ ထို့နောက် သူမသည် စီဘီ၏ ဘေးသို့ တိုးသွားပြီး သူမကို ပွေ့ဖက်ကာ ညင်သာစွာ နှစ်သိမ်ပေးခဲ့သည်။ စီဘီသည် သူ့ကို နှလုံးသားထဲမှ အစစ်အမှန် ချစ်မြတ်နိုးကြောင်း သူမ ကောင်းကောင်း နားလည်ပေသည်။

အချစ်ဆိုသည်မှာ လူတို့ကို အမှန်တကယ်ပင် ကြီးမားသော နာကျင်မှုများ ပေးစွမ်းနိုင်သည့်အရာ ဖြစ်သည်။ လွန်ခဲ့သော နှစ်များက သူမနှင့် ကျူးဒီးတို့သည်လည်း ထိုသို့သော ဝေဒနာများကို ခံစားခဲ့ရဖူးသော်လည်း စီဘီပါ ဤကဲ့သို့ ခံစားရလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

မြင်းဟီသံ အနည်းငယ်ကြောင့် လုံယိသည် ငေးမောနေခြင်းမှ နိုးထလာခဲ့သည်။ ရှေ့သို့ ကြည့်လိုက်ရာ တစ်ကိုယ်လုံး မီးတောက်ကဲ့သို့ နီရဲနေသော ယူနီကွန်းတစ်ကောင်ကို တွေ့လိုက်ရ၏။ ၎င်းကို မြင်သည်နှင့် ဤယူနီကွန်းသည် ယွီဖုန်း၏ စီးနင်းသော သတ္တဝါဖြစ်ကြောင်း သူ သိလိုက်လေသည်။

လုံယိသည် ထိုယူနီကွန်းကို ခေတ္တမျှ ကြည့်နေသော်လည်း အနီးအနားတွင် ယွီဖုန်း၏ ပုံရိပ်ကို မည်သည့်နေရာ၌မျှ မတွေ့ရပေ။ သူသည် လက်ကို ဆန့်ထုတ်ကာ ယူနီကွန်း၏ ဦးခေါင်းကို ပွတ်သပ်ပေးလိုက်ရာ မျှော်လင့်မထားဘဲ ထိုယူနီကွန်းသည် သူ၏ လက်ဝါးကို ရင်းနှီးစွာ လျက်ပေးလေသည်။

"တိရစ္ဆာန်လေး... မင်းရဲ့ သခင်က ဘယ်ရောက်နေတာလဲ... ဘာလို့ တစ်ကောင်တည်း ဖြစ်နေရတာလဲ…"

လုံယိသည် ပြုံးလျက် ယူနီကွန်းလေးကို စနောက်လိုက်၏။ ပြီးခဲ့သော အဖြစ်အပျက်များကြောင့် ဉာဏ်ရည်မြင့်မားသော ဤသတ္တဝါသည် သူ့ကို မှတ်မိနေပြီ ဖြစ်ကြောင်း သိသာပေသည်။

အလင်းဝင်ဘုရားကျောင်းအနီးရှိ မြို့စားမင်းအိမ်တော်တံခါးဝတွင် ယွီဖုန်းသည် သူမ၏ စီးနင်းရာ မြင်းနီတိမ်တိုက်ကို စိုးရိမ်တကြီး ရှာဖွေနေလေသည်။ မြင်းနီတိမ်တိုက်သည် အခြားသူများအပေါ်တွင် အလွန်စိတ်တိုတတ်သော်လည်း သူမအပေါ်တွင်မူ အလွန်လိမ္မာပြီး ပုံမှန်အားဖြင့် နေရာအနှံ့ လျှောက်သွားတတ်ခြင်း မရှိပေ။

ယခုတစ်ကြိမ်တွင် သူမသည် အမေဖြစ်သူ၏ အမိန့်အရ ကုန်သွယ်ရေးအဖွဲ့နှင့် ပတ်သက်သော ကိစ္စရပ်အချို့ကို ဆွေးနွေးရန် မြို့စားမင်းဟူသော ပရိယာယ်ကြွယ်သည့် လူယုတ်မာနှင့် တွေ့ဆုံရန် ရောက်ရှိလာခြင်း ဖြစ်သည်။ သို့သော် သူမ အံ့အားသင့်သွားသည်မှာ သူမ၏မြင်း ပျောက်ဆုံးနေခြင်းပင် ဖြစ်၏။

သူမသည် မြင်းနီတိမ်တိုက်အပေါ် အလွန်အမင်း သံယောဇဉ်ရှိပြီး မိသားစုဝင်တစ်ဦးကဲ့သို့ အမြဲတစေ သဘောထားခဲ့သည်ဖြစ်ရာ မြင်းနီတိမ်တိုက် ပျောက်ဆုံးသွားမှုကြောင့် အလွန်အမင်း စိုးရိမ်ပူပန်နေလေသည်။

"မမလေး ဖုန်းအာ... ငါ လူတွေကို လွှတ်ပြီး ရှာခိုင်းထားပါတယ်…" တစ်ဖက်မှ ယင်ကျန့်က သူမ၏ မျက်နှာသာရရန် ချက်ချင်းပင် ဝင်ပြောလိုက်လေသည်။

"နင် ငါကိစ္စတွေထဲ ဝင်ပါစရာ မလိုဘူး…" ယွီဖုန်းက စိတ်တိုတိုဖြင့် ပြန်ပြောလိုက်၏။

"အဲဒီတိရစ္ဆာန်က ပျောက်သွားပြီဆိုတော့ စွန့်လွှတ်လိုက်ပါတော့... ငါ့ရဲ့ ရွှယ်လီရှောင်ကိုပဲ လက်ဆောင်ပေးပါ့မယ်…"

ယင်ကျန့်သည် ရင်ထဲမှ ဒေါသကို အောင့်အည်းသည်းခံကာ ပြုံးလျက် ဆိုလိုက်သည်။ အကယ်၍ ဤသူသည် အခြားတစ်ယောက်သာ ဖြစ်ပါက သူသည် အင်အားသုံး၍ နှိမ်နင်းပြီးသား ဖြစ်လိမ့်ပေမည်။

သို့သော် ဖီးနစ်မျိုးနွယ်စု၏ ဩဇာအာဏာသည် အလွန်ကြီးမားလှရာ အကယ်၍ သူမအပေါ် အင်အားသုံးခဲ့ပါက နောက်ဆက်တွဲ အကျိုးဆက်များကို သူကိုယ်တိုင်ပင် တာဝန်ယူနိုင်မည်မဟုတ်ကြောင်း စိုးရိမ်မိသည်။

ထို့ကြောင့် ယင်ကျန့်သည် ယွီဖုန်းအပေါ်တွင် အမြဲတမ်း နူးညံ့သောနည်းလမ်းကိုသာ အသုံးပြုခဲ့ပြီး အခြားသူများအတွက်မူ လုံးဝ ဂရုမစိုက်ပေ။

"ပါးစပ်ပိတ်စမ်း... နင်ကမှ တိရစ္ဆာန်... ငါမျက်စိရှေ့က အခုချက်ချင်း ပျောက်သွားတော့…" ယွီဖုန်းသည် ဒေါသတကြီး အော်ဟစ်လိုက်ရာ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဖီးနစ်ဒိုချီ စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာလေသည်။

ယင်ကျန့်၏ မျက်နှာသည် သေလူကဲ့သို့ ဖြူလျော်သွားပြီး လက်သီးကို တင်းတင်းဆုပ်ကာ တိတ်တဆိတ် အောင့်ထားရ၏။ ထို့နောက် သူသည် အေးစက်စွာ နှာခေါင်းရှုံ့လျက် နောက်သို့လှည့်ကာ မြို့စားမင်းအိမ်တော်အတွင်းသို့ ဝင်သွားတော့သည်။

ဆိုရိုးရှိသည့်အတိုင်း ရွှံ့ဖြင့်ပြုလုပ်ထားသော ဗုဒ္ဓရုပ်တုပင်လျှင် သုံးကြိမ်တိုင်တိုင် စော်ကားပါက ဒေါသထွက်တတ်သည်ဖြစ်ရာ လူသားတစ်ဦးဖြစ်သော သူ့အတွက်မူ ပြောနေရန်ပင် မလိုတော့ပေ။

ယွီဖုန်းသည် လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို ကြည့်ရှာနေမိရာ မသိလိုက်ဘဲ အလင်းဝင်ဘုရားကျောင်းသို့ ရောက်ရှိသွားလေသည်။ ထိုနေရာတွင် သူမ၏ မြင်းနီတိမ်တိုက်သည် အမျိုးသားတစ်ဦးအပေါ်တွင် အလိုလိုက်ကာ နွဲ့နှောင်းနေသည်ကို တွေ့လိုက်ရ၏။

"ဒါ... ဒါက ဘယ်လိုဖြစ်နိုင်တာလဲ…"

ယွီဖုန်းသည် သူမ၏ မျက်စိဖြင့် မြင်နေရသည်ကို မယုံကြည်နိုင်ဘဲ မသိစိတ်ဖြင့် ရေရွတ်လိုက်မိသည်။ သူမမှလွဲ၍ မြင်းနီတိမ်တိုက်သည် မည်သူ့ကိုမျှ ထိတွေ့ခွင့်မပေးသလို ယခုကဲ့သို့ နွဲ့နှောင်းပြခြင်းမျိုးလည်း လုံးဝမရှိပေ။

“အဲဒါ... သူများလား…" ယွီဖုန်းသည် အလွန်အံ့အားသင့်သွားပြီး စိတ်အခြေအနေများ ရုတ်တရက် ရှုပ်ထွေးသွားလေသည်။

မူလက ထိုသူသည် သူမ၏ ကျေးဇူးရှင်ဖြစ်နိုင်သည်ဟု သံသယရှိခဲ့သော်လည်း မြင်းနီတိမ်တိုက်က ထိုသူနှင့် ဤမျှ ရင်းနှီးနေသည်ကို မြင်လိုက်ရသောအခါ သူမ၏နှလုံးသားသည် ပို၍ပင် မတည်မငြိမ် ဖြစ်လာခဲ့သည်။

ထိုသူ မဖြစ်စေချင်သော်လည်း တစ်ဖက်တွင်မူ ဖြစ်စေချင်သော ဆန္ဒက သူမ၏ စိတ်ထဲတွင် မရေမရာ ဖြစ်ပေါ်နေတော့သည်။

သူမသည် စိတ်လှုပ်ရှားမှုကို အတင်းအကျပ် နှိမ်နင်းကာ အသက်ကို နှစ်ကြိမ်တိုင်တိုင် ပြင်းပြင်းရှူလိုက်လေသည်။ လောကဓံ၏ ပြင်းထန်သော လေတိုက်ခတ်မှုများနှင့် လှိုင်းတံပိုးများကို ရင်ဆိုင်ကျင့်သားရနေသော သူမသည် လူတစ်ယောက်ရှံသို့ လျှောက်လှမ်းရန် ဖြစ်သော်လည်း မမျှော်လင့်ဘဲ ဤမျှအထိ ရင်ခုန်နေမိသည်ပင်။

ထိုအချိန်တွင် လုံယိသည် ရဲတိမ်တိုက်၏ ဦးခေါင်းကြီးကို အကြိမ်ကြိမ် ပုတ်ပေးနေပြီး ထွက်ခွာရန် ပြင်ဆင်နေလေသည်။ သူ ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ ယွီဖုန်း၏ စိတ်ထဲတွင် မအောင့်ခံနိုင်ဖြစ်လာပြီး ဘာမျှမစဉ်းစားဘဲ လုံယိ၏ ရှေ့မှောက်သို့ ချက်ချင်း ပြေးထွက်သွားတော့သည်။

"အင်း... မင်းရဲ့မြင်းကို ငါပြန်ပေးတာမဟုတ်ဘူး၊ သူဘာသာသူ လိုက်လာတာ…" ယွီဖုန်းက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ သူမက သူ့ကို အပြစ်တင်ချင်နေသည်ဟု လုံယိက မှားယွင်းစွာ ထင်မှတ်သွားလေသည်။

"ငါ... ငါ သိပါတယ်…" ယွီဖုန်းသည် စကားပြောရာတွင် ထစ်ငေါ့နေပြီး လုံယိ၏ မျက်လုံးများကို တည့်တည့်မကြည့်ရဲပေ။

"သိတယ်ပေါ့... ဒါဆိုရင် ဒီနေရာမှာတင် လမ်းခွဲကြတာပေါ့…" လုံယိက ပခုံးတွန့်လိုက်သော်လည်း စိတ်ထဲတွင်မူ 'သိနေပြီးတော့ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ အကြည့်နဲ့ ကြည့်နေတာလား၊ လူကိုတောင် စားတော့မယ့်ပုံစံပဲ' တိုးတိုးလေး ရေရွတ်နေလေသည်။

ယွီဖုန်း၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူမ၏ ကျေးဇူးရှင် ပြောခဲ့သော နှုတ်ဆက်စကားများကို မမှတ်မိဘဲ မနေနိုင်တော့ပေ။ 'ဒဏ်ရာကို ကုသပေးပြီး လူတစ်ယောက်ကို ကယ်တင်ခြင်းသည် နောက်ဆုံးလက်နက်သာဖြစ်သည်။ ယခုနေရာတွင် လမ်းခွဲကြပါစို့၊ တစ်နေ့တွင် ပြန်လည်ဆုံတွေ့ကြမည်' အသံမှလွဲ၍ လေယူလေသိမ်းမှာ အတူတူပင် ဖြစ်နေလေသည်။

"ခဏစောင့်ပါဦး…" ယွီဖုန်းသည် စိတ်မရှည်စွာဖြင့် လုံယိ၏ လက်မောင်းကို ဆွဲပြီး တားလိုက်လေသည်။

"လွှတ်စမ်းပါ…" လုံယိက အော်လိုက်၏။

"မလွှတ်ဘူး…" ယွီဖုန်းသည် ကလေးတစ်ယောက်ကဲ့သို့ပင် ဂျီကျကာ အတင်းအကြပ် ဆွဲထားတော့သည်။

"ဒါဆိုရင်တော့ မင်းဘေးပတ်ဝန်းကျင်ကို တစ်ချက်လောက် ကြည့်လိုက်ပါဦး…" လုံယိက သက်ပြင်းချကာ အားကိုးရာမဲ့စွာ ပြောလိုက်လေသည်။

ယွီဖုန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူမ၏ မျက်နှာတစ်ခုလုံး ရုတ်တရက် ပူရှိန်းသွားသော်လည်း လုံယိ၏ လက်မောင်းကို လွှတ်မပေးဘဲ လက်နှစ်ဖက်ဖြင့် ပို၍ပင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။

မူလကပင် ရုပ်ရည်ချောမောသော အမျိုးသားနှင့် လှပသော အမျိုးသမီးဖြစ်၍ လူအများ၏ အာရုံစိုက်မှုကို ခံနေရပြီးသည်ဖြစ်ရာ၊ ထို့အပြင် အလင်းမြို့ရှိ လူအားလုံးနီးပါးသည် ဖီးနစ်မျိုးနွယ်၏ သမီးအကြီးကို သိကြလေသည်။

ထို့ကြောင့် မာန်တင်ကာ မောက်မောက်မာမာ နေတတ်သော ထိုအထက်တန်းစား မိန်းကလေးသည် လူအများရှေ့တွင် အမျိုးသားတစ်ဦးနှင့် ဤမျှအထိ ရစ်ပတ်နွယ်နွယ် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လူအများအပြားသည် စပ်စုလိုစိတ်ဖြင့် ဝိုင်းအုံကြည့်ရှုလာကြတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment