no

Font
Theme

အခန်း (၄၁) - ထူးဆန်းသော မှော်သားရဲ

လုံယိနှင့် အဖွဲ့သည် ဟွမ်မန်မြို့ငယ်သို့ ပြန်လာခဲ့ကြလေသည်။ လမ်းတစ်လျှောက်တွင် မီးမှော်စွမ်းအင် အထွတ်အထိပ် မဟာမှော်ဆရာ ပူရှုစီ၏ အမည်ကိုသာ ကြားနေရပြီး သူသည် ဟွမ်မန်လွင်ပြင်သို့ အဘယ်ကြောင့် ရောက်ရှိလာသည်ဟူသော ခန့်မှန်းချက်များကိုလည်း ကြားနေရ၏။

ပူရှုစီ၏ ပုံရိပ်သည် လုံယိ၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်နေခဲ့သည်။ မှော်ဆရာ တစ်ထောင်ကျော်ကို ချက်ချင်းဆိုသလို တိုက်ခိုက်နိုင်စွမ်း ကုန်ဆုံးသွားစေနိုင်သည့် ပူရှုစီ၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းသည် လုံယိကို အကြီးအကျယ် တုန်လှုပ်စေခဲ့ပေသည်။

အကယ်၍ မိမိသာ ပူရှုစီ၏ နေရာတွင် ရှိနေပါက ဤတိုက်ပွဲကို အောင်မြင်စွာ တားဆီးနိုင်မည်လားဟု လုံယိ တစ်ယောက်တွေးတောနေမိသည်။ ထိုမေးခွန်း၏ အဖြေနှင့် ပတ်သက်၍ လုံယိသည် ခေါင်းခါယမ်းလိုက်ပြီး အကောင်းမြင်နိုင်စွမ်း မရှိခဲ့ပေ။

မိမိ၏ သိုလှောင်လက်စွပ်အတွင်းရှိ စာအုပ်စင်မှ ရှေးဟောင်းစာအုပ်အချို့ကို ဖတ်ရှုပြီးနောက်တွင်မှ ပူရှုစီသည် မှော်စွမ်းအင်များ လုံးဝကင်းမဲ့နေသော အာကာသနယ်မြေတစ်ခုကို အဘယ်ကြောင့် ချက်ချင်း ဖန်တီးနိုင်ခဲ့သည်ကို လုံယိ သိရှိသွားလေသည်။

၎င်းသည် ကြီးမားသော မှော်စွမ်းအားနှင့် ဝိညာဉ်စွမ်းအားများကို အခြေခံ၍ ဖန်တီးထားသည့် 'မှော်နယ်ပယ်' တစ်မျိုးပင် ဖြစ်သည်။ ဤနယ်ပယ်အတွင်း၌ နယ်ပယ်ကို ဖန်တီးသူမှအပ ကျန်ရှိသော မှော်အတတ်နှင့် ဒိုချီစွမ်းအားများ အားလုံးသည် အာနိသင် ပျောက်ဆုံးသွားကြပြီး ဖန်တီးသူ၏ တိုက်ခိုက်နိုင်စွမ်းမှာမူ အဆပေါင်းများစွာ တိုးလာမည် ဖြစ်ပေသည်။

အထွတ်အထိပ် မဟာမှော်ဆရာ အဆင့်သို့ ရောက်ရှိသူတိုင်းသည် မှော်နယ်ပယ်ကို အသုံးပြုနိုင်စွမ်း မရှိကြပေ။ ၎င်းသည် အဓိကအားဖြင့် 'နားလည်သဘောပေါက်မှု' အပေါ်တွင်သာ မူတည်နေခြင်း ဖြစ်သည်။

ယနေ့တိုင်အောင် မဟာမှော်ဆရာ ငါးဦးအနက် နှစ်ဦးသာလျှင် နယ်ပယ်ကို အသုံးပြုနိုင်သည့် စွမ်းရည်ရှိကြသည်။ တစ်ဦးမှာ မီးမှော်စွမ်းအင် အထွတ်အထိပ် မဟာမှော်ဆရာ ပူရှုစီဖြစ်ပြီး အခြားတစ်ဦးမှာ အလင်းဝင်ဘုရားကျောင်း၏ ပုပ်ရဟန်းမင်းကြီး ချားလ်စ် ဖြစ်လေသည်။

မှော်နယ်ပယ်ရှိသကဲ့သို့ ဒိုချီနယ်ပယ်လည်း ရှိသည်မှာ သဘာဝပင် ဖြစ်သည်။ ကွမ်လုံအင်ပါယာ၏ ဓားသူတော် မူရုံပေါ်သည် ဤဒိုချီနယ်ပယ်ကို အသုံးပြုနိုင်ပေသည်။ မည်သည့်နယ်ပယ်က ပို၍ အစွမ်းထက်သည်ကိုမူ မည်သူမျှ မသိရှိကြသေးပေ။

လုံယိသည် အနည်းငယ် စိတ်ပျက်သွားမိ၏။ အကြောင်းရင်းမှာ သူနှင့် ထိုထိပ်တန်းပညာရှင်များကြားတွင် စွမ်းရည်ကွာခြားချက်က အလွန်ပင် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။

အကယ်၍ မှော်ဆရာပေါင်း တစ်ထောင်ကျော်နှင့် ရင်ဆိုင်ရမည်ဆိုပါက ခိုးထွက်ပြေးရန်မှတစ်ပါး အခြားရွေးချယ်စရာ ရှိတော့မည်မဟုတ်ဘဲ ထိုသို့ထွက်ပြေးရန်ပင် ခက်ခဲလိမ့်မည်ဟု ထင်ရပေသည်။ ထိုစဉ် လုံယိ၏ မျက်လုံးများ ဝင်းလက်သွားလေသည်။

မှော်ဆရာပေါင်း တစ်ထောင်ကျော်ကို ယှဉ်ပြိုင်ရန်မှာ မဖြစ်နိုင်သော်လည်း ပူရှုစီနှင့်ဆိုလျှင်မူ အခွင့်အရေး အနည်းငယ်ရှိနိုင်သည် မဟုတ်ပါလား...

ပူရှုစီ၏ မှော်နယ်ပယ်အတွင်း၌ ဒိုချီနှင့် မှော်စွမ်းအင်များကို အသုံးမပြုနိုင်သော်လည်း သူ၏ အတွင်းအားကိုမူ ကန့်သတ်ထားခြင်း မရှိပေ။ နဂါးမြို့ရှိ တားမြစ်နတ်ဘုံအကျဉ်းထောင်အတွင်း၌ပင် သူသည် အတွင်းအားကို အသုံးပြုနိုင်ခဲ့သည် မဟုတ်ပါလား...

အကယ်၍ မဟာစကြဝဠာ ရွှေ့ပြောင်းခြင်းကို အသုံးပြုပြီး 'ကောင်းကင်ခွဲခြားခြင်း' တိုက်ကွက်၏ အထွတ်အထိပ် လက်ဝါးရိုက်ချက်ဖြစ်သော 'ဟင်းလင်းပြင်ခွဲ လက်ဝါး' နှင့် ပေါင်းစပ်တိုက်ခိုက်မည်ဆိုပါက အောင်မြင်နိုင်ခြေ အနည်းငယ်ရှိနိုင်သည်ဟု ယူဆရပေမည်။ သို့သော် မဟာမှော်ဆရာ၏ အစစ်အမှန် စွမ်းအား မည်ရွေ့မည်သည်ကိုမူ မည်သူမျှ မသိနိုင်ပေ။

လုံယိသည် ပူရှုစီ မထွက်ခွာမီက အံ့အားသင့်သွားခဲ့သည်ကို ရုတ်တရက် သတိရသွား၏။ ပူရှုစီသည် သူ့ထံသို့ လာရောက်တွေ့ဆုံလိမ့်မည်ဟု လုံယိ ထင်မှတ်ခဲ့သော်လည်း ထင်မှတ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ပူရှုစီသည် သူ့ကို အတန်ကြာ စိုက်ကြည့်ပြီးနောက် အဝေးသို့ ပျံသန်းထွက်ခွာသွားခဲ့လေသည်။

နောက်တစ်နေ့ နံနက်စောစောတွင် လုံယိနှင့် စွန့်စားသူ ရှစ်ဦးပါအဖွဲ့သည် အဆုံးအစမဲ့သော ဟွမ်မန်လွင်ပြင်သို့ စတင်ထွက်ခွာခဲ့ကြသည်။ ဟာလေ၏ ဘိုးဘွားများထံမှ လက်ဆင့်ကမ်းလာသည်ဟု ဆိုသော မြေပုံပါ အမှတ်အသားများအရ ပျောက်ဆုံးမြို့တော်သည် ဟွမ်မန်လွင်ပြင်၏ အရှေ့ဘက် အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိလေသည်။

ထိုနေရာသို့ သွားရာတွင် ရွံနွံတောများနှင့် သဲကန္တာရ အကျယ်အဝန်းများကို ဖြတ်ကျော်ရမည်ဖြစ်ပြီး အဆင့်အမျိုးမျိုးရှိသော မှော်သားရဲပေါင်းစုံနှင့်လည်း ရင်ဆိုင်ရမည် ဖြစ်ပေသည်။

မနေ့က နာလန်အင်ပါယာနှင့် အော်ယွဲ့အင်ပါယာတို့မှ မှော်ဆရာများအကြား ပြင်းထန်သော တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဖြစ်နိုင်သည်။ ယနေ့တွင် ဟွမ်မန်လွင်ပြင်သို့ တာဝန်ဖြင့် သွားကြသူ အလွန်နည်းပါးနေလေသည်။

နေ့စဉ် နံနက်စောစောတိုင်းတွင် စွန့်စားသူ အမြောက်အမြား ထွက်ခွာကြပြီး လွင်ပြင်အနှံ့တွင် လူအုပ်ကြီးကို မြင်တွေ့ရသည်ဟူသော ကောလာဟလများနှင့် လုံးဝကွာခြားနေပေသည်။

ဟွမ်မန်လွင်ပြင်၏ အစွန်အဖျားဒေသသည် အခြေခံအားဖြင့် အန္တရာယ်ကင်းလှပြီး အဆင့်နိမ့်မှော်သားရဲများသာ အများဆုံးရှိသောကြောင့် လုံယိနှင့် အဖွဲ့သားများသည် တစ်ဦးနှင့်တစ်ဦး စကားတပြောပြော၊ ရယ်မောရင်း ခရီးနှင်လာခဲ့ကြလေသည်။

အဖွဲ့ဝင် ၈ ဦးအနက် မီးမှော်ဆရာ ဂီလိုတာမှာ စကားပြောရန် အလွန်စိတ်မပါသည်ဟု ထင်ရပြီး အလင်းမှော်ဆရာ လန်ထျန်းမှာမူ ရံဖန်ရံခါသာ စကားပြောလေသည်။ ကြည့်ရုံနှင့်တင် ကြမ်းတမ်းဟန်ရှိသော အဆင့်မြင့်တိုက်ခိုက်ရေးသမား ရှီယန်မှာမူ စကားပြောရာတွင် အားနည်းသဖြင့် အလေးအနက် နားထောင်နေဟန်သာ ရှိပေသည်။

အသံအကျယ်ဆုံးသူများမှာ ဟာလေနှင့် ဘာဘေးရီးယန်းနွားတို့ ဖြစ်ကြပြီး ထိုနှစ်ဦးသည် မိုးကြိုးပစ်သကဲ့သို့ အသံကျယ်လောင်စွာဖြင့် တံတွေးများ လွင့်စင်သည်အထိ စကားပြောနေကြလေသည်။

ထိုအကြားတွင် လုံယိသည် လုရှီးယာကို ဟာသနှော၍ စနောက်နေပြီး တစ်လမ်းလုံး နှစ်ဦးသားကြားတွင် ပျော်ရွှင်သာယာသော ပတ်ဝန်းကျင်တစ်ခု ရှိနေခဲ့သည်။ လင်ယိုယိုမှာမူ မျက်နှာထား တည်တင်းနေဆဲဖြစ်ပြီး လုရှီးယာနှင့်သာ ရံဖန်ရံခါ တိုးတိုးတိတ်တိတ် စကားပြောနေသည်ကို တွေ့ရရာ မည်သည့်အကြောင်းအရာကို ပြောနေကြသည်ကိုမူ မသိနိုင်ပေ။

ဤကဲ့သို့ဖြင့် တစ်ရက်တာ အချိန်သည် မသိမသာ ကုန်ဆုံးသွားခဲ့ပြီး လုံယိနှင့် အဖွဲ့သားများသည် တဲအချို့ကို ထိုးကာ မီးပုံဖို၍ ပတ်လည်တွင် ထိုင်နေကြလေသည်။

မီးပုံထဲတွင် ကင်နေသော မီးယုန်အချို့ကို ကြည့်ရင်း သူတို့ စောင့်ဆိုင်းနေကြ၏။ ထိုယုန်များကို လုရှီးယာက ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး လုံယိသည် မှော်လေးသမားတစ်ဦး၏ လက်လက်ချက်ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရလေသည်။

မှော်စွမ်းအင်သည် မြားအဖြစ်သို့ ပြောင်းလဲသွားပြီး အရှိန်အလွန်မြန်လှသဖြင့် ထိုမီးယုန်များသည် ထွက်ပြေးရန်ပင် အချိန်မရဘဲ အသတ်ခံခဲ့ရခြင်း ဖြစ်ပေသည်။

"လုံယိ... အသားတွေ အဆင်သင့်မဖြစ်သေးဘူးလား၊ ငါတော့ ဆာလွန်းလို့ သေတော့မယ်…" လုရှီးယာသည် မွှေးကြိုင်သော အနံ့များ ထွက်ပေါ်နေသည့် အသားများကို ကြည့်ကာ အားကိုးတကြီး ပြောလိုက်လေသည်။

"ခဏစောင့်ပါဦး၊ ပြီးတော့မယ်... နင်ကတော့ တကယ့် ကြောင်စုတ်လေးပဲ…"

လုံယိက ပြုံးလျက် ဆိုလိုက်၏။ ထိုအချိန်တွင် အသားများသည် ရွှေဝါရောင်သို့ ပြောင်းလဲသွားပြီး အဆီများက မြေပေါ်သို့ တစက်စက် ကျလာလေသည်။ ကြည့်ရသည်မှာ အလွန်ပင် ဆွဲဆောင်မှုရှိပြီး မွှေးကြိုင်သော အနံ့ကြောင့် နတ်သားတစ်ပါးပင်လျှင် သွားရည်ကျနိုင်သည်ဟု ဆိုရပေမည်။

"မုန်းစရာပဲ... အသည်းယားစရာကောင်းတဲ့ နွားအူတူက ငါ့ထက်တောင် ပိုဆာနေတာ…"

လုရှီးယာသည် ဘာဘေးရီးယန်းနွားဘက်သို့ လက်ညှိုးထိုးကာ ချွဲနွဲ့စွာဖြင့် ကန့်ကွက်လိုက်လေသည်။ သို့သော် ဘာဘေးရီးယန်းနွားမှာမူ မျက်တောင်ပင် မခတ်ဘဲ ယုန်သားများကို စိုက်ကြည့်နေပြီး တံတွေးတစ်ချက် မြိုချလိုက်သံမှာ တိတ်ဆိတ်သော ညဥ့်နက်ပိုင်းတွင် အထူးပင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

မကြာမီတွင် လုံယိသည် ဟင်းခတ်အမွှေးအကြိုင်များကို အမြန်ထုတ်၍ သုတ်လိမ်းလိုက်ရာ အသားများ၏ အနံ့သည် ပို၍ပင် စားချင်စဖွယ် ဖြစ်သွားလေသည်။ ဤတစ်ကြိမ်တွင်မူ အဖွဲ့သား ၈ ဦးစလုံး တစ်ပြိုင်နက်တည်း တံတွေးမြိုချလိုက်ကြရပေသည်။

မီးယုန် စုစုပေါင်း ၄ ကောင်ရှိသဖြင့် တစ်ဦးလျှင် တစ်ဝက်စီ ရရှိကြလေသည်။ ထို့နောက်တွင် အားလုံးသည် မွှေးကြိုင်သော အနံ့ကို မတောင့်ခံနိုင်တော့ဘဲ အသားများကို ချက်ချင်းပင် စတင်စားသောက်ကြတော့သည်။

ဘာဘေးရီးယန်းနွားသည် အမြန်ဆုံးဖြစ်ပြီး မီးယုန်သား တစ်ဝက်ကို အလွယ်တကူပင် ဗိုက်ထဲသို့ ပို့ဆောင်လိုက်လေသည်။ ထို့နောက်တွင်မူ သူသည် နှုတ်ခမ်းများကို တမြုံ့မြုံ့သုပ်ကာ အခြားသူများ စားနေသော အသားများကို အားကျတကြီး ကြည့်နေတော့သည်မဟုတ်ပေ။

မီးယုန်၏ အသားအရည်အသွေးမှာ အလွန်ကောင်းမွန်ပြီး လုံယိ၏ အသားကင်ကျွမ်းကျင်မှုမှာလည်း အဆင့်မြင့်လှသဖြင့် အလွန်ပင် အရသာရှိလှသည်ဟု ဆိုရမည်ဖြစ်၏။ လုရှီးယာနှင့် လင်ယိုယို ဟူသော မိန်းကလေးနှစ်ဦးပင်လျှင် ကလေးငယ်များကဲ့သို့ တမြုံ့မြုံ့ စားသောက်ကြပြီး တစ်စက်မျှပင် ချန်မထားခဲ့ကြပေ။

"အရမ်းစားလို့ကောင်းတာပဲ... လုံယိ၊ နောက်ဆိုရင် နေ့တိုင်း ငါတို့အတွက် အသားကင်ပေးမယ်နော်…" လုရှီးယာက အကြံပြုလိုက်ရာ အားလုံးကလည်း တစ်ခဲနက် သဘောတူလိုက်ကြလေသည်။

"ဟုတ်ပြီလား…" လုံယိက ပြန်မဖြေသည်ကို မြင်သောအခါ လုရှီးယာသည် မိန်းကလေးတို့၏ အသာတကျ ချွဲနွဲ့တတ်သော လက်နက်ကို ထုတ်သုံးလိုက်၏။ သူမသည် လုံယိ၏ လက်မောင်းကို နှစ်ဖက်လုံးဖြင့် ဖက်တွယ်ကာ သူမ၏ တောင်ပို့အစုံနှင့် ပူးကပ်အောင် ဖိကပ်ထားလိုက်လေသည်။

လုံယိသည် ချက်ချင်းပင် ခေါင်းကို မော့ကြည့်လိုက်ပြီး ခါးသီးသော အပြုံးတစ်ခုနှင့်အတူ ပြောလိုက်လေသည်။ "အင်း... ရတာပေါ့၊ ဒါပေမဲ့ အခုတော့ ငါတို့ အရင်ဆုံး ပြဿနာကြီးတစ်ခုကို ဖြေရှင်းရမယ်…"

"ပြဿနာ... ဘာပြဿနာလဲ…" လုရှီးယာ မေးလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး ချက်ချင်းပင် မတ်တပ်ရပ်လိုက်ကာ အစိမ်းရင့်ရောင် လေးကြိုးနှင့် မြှားသည် သူမ၏ လက်ထဲတွင် ပေါ်လာတော့သည်။

ထိုအချိန်တွင် အခြားသူများလည်း လေထုထဲမှ ဖိအားပေးထားသော ခံစားချက်ကို သတိပြုမိသွားကြပြီး တစ်ဦးပြီးတစ်ဦး မတ်တပ်ရပ်ကာ တိုက်ခိုက်ရေး အနေအထားသို့ ပြောင်းလဲလိုက်ကြ၏။

လုံယိသည် လွန်ခဲ့သော တခဏကပင် ပိုးမွှားများ၏ အသံများ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သတိပြုမိပြီး တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သိလိုက်လေသည်။ ဤသည်မှာ အင်အားကြီးသော မှော်သားရဲတစ်ကောင် ဤဒေသအတွင်းသို့ ကျူးကျော်ဝင်ရောက်လာခြင်းကြောင့် ဖြစ်နိုင်ခြေ အလွန်များပေသည်။

ပတ်ဝန်းကျင်၏ လေထုသည် ပို၍ပင် ဖိအားများလာပြီး လုံယိနှင့် အဖွဲ့သား ရှစ်ဦးစလုံး အနည်းငယ် စိုးရိမ်စိတ် ဖြစ်ပေါ်လာကြသည်။ ဤအရှိန်အဟုန်အရ ဤမှော်သားရဲသည် B-အဆင့် မှော်သားရဲဟု ဆိုခြင်းမှာ အနည်းငယ် လျော့နည်းနေပြီး A-အဆင့် မှော်သားရဲဟု ခေါ်ဆိုခြင်းက ပို၍ သင့်လျော်လိမ့်ပေမည်။

ထိုအချိန်တွင် အမှောင်ထုထဲမှ မျက်လုံးတစ်စုံ ရုတ်တရက် ပေါ်လာရာ ၎င်းသည် ပွင့်လင်းလွန်းသော အဖြူရောင် မျက်လုံးများ ဖြစ်နေ၏။ သို့သော် မျက်လုံးများ၏ အမြင့်ကို ကြည့်ရုံဖြင့် ဤမှော်သားရဲသည် အလွန်သေးငယ်သည်ဟု ထင်ရပေသည်။

လုံယိ၏ စိတ်ထဲတွင် မေးခွန်းများ ရုတ်တရက် ပေါ်လာပြီး တွေးလိုက်လေသည်။ "ဒါ ဘာမှော်သားရဲလဲ... ထူးဆန်းလိုက်တာ…"

အဖြူရောင်မျက်လုံးများရှိသော ထိုအမည်မသိ မှော်သားရဲသည် တဖြည်းဖြည်းနှင့် ပို၍နီးကပ်လာရာ လူတိုင်းလည်း ပို၍ရင်ခုန် စိုးရိမ်လာကြလေသည်။ ခေတ္တမျှကြာပြီးနောက်တွင်မှ ထိုမှော်သားရဲ၏ ပုံပန်းသဏ္ဌာန်သည် လရောင်အောက်တွင် ပေါ်လွင်လာခဲ့၏။

ဤအဆင့်မြင့်မှော်သားရဲသည် အနက်နှင့်အဖြူ တစ်ဝက်စီဖြစ်နေသော ကျားပေါက်လေးတစ်ကောင်ဖြစ်ကြောင်း လုံယိ တွေ့ရှိလိုက်ရသည်။ ၎င်း၏ ဘယ်ဘက်တစ်ခြမ်းမှာ အနက်ရောင်ဖြစ်ပြီး ညာဘက်တစ်ခြမ်းမှာ နှင်းကဲ့သို့ ဖြူဖွေးနေ၏။ မျက်လုံးတစ်ဖက်မှာ အဖြူရောင်ဖြစ်ပြီး ကျန်တစ်ဖက်မှာ အနက်ရောင်ဖြစ်သော်လည်း ည၏မှောင်ရိပ်အောက်တွင် အနက်ရောင်မျက်လုံးကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

"ချစ်စရာကောင်းတဲ့ ကျားပေါက်လေးပဲ…" လုရှီးယာက အံ့အားလွတ်စွာ ရေရွတ်ရင်း ချိန်ထားသော လေးနှင့်မြားကို အောက်သို့ ချလိုက်လေသည်။

"မင်း ရူးနေပြီလား လုရှီးယာ... ဒါ A-အဆင့် မှော်သားရဲ ဖြစ်နိုင်တယ်…" ဟာလေက စိုးရိမ်တကြီး အော်ဟစ်လိုက်၏။ အကြောင်းရင်းမှာ အန္တရာယ်မရှိပုံရသော ဤကျားပေါက်လေးသည် သူတို့ကို တိုက်ခိုက်မည်မဟုတ်ဟု မည်သူမျှ အာမမခံနိုင်သောကြောင့်ပင် ဖြစ်သည်။

"ကဲပါ... သိပ်ပြီး စိုးရိမ်မနေကြပါနဲ့၊ ဒီကောင်လေးက ငါတို့ကို ရန်ပြုမယ့်ပုံမရှိပါဘူး…"

သူတို့ကို စူးစမ်းသောမျက်လုံးများဖြင့် ကြည့်နေသည့် ကျားပေါက်လေးကို ကြည့်ကာ လုံယိက ပြောလိုက်လေသည်။ အကယ်၍ ၎င်းသည် ကြမ်းတမ်းသော မှော်သားရဲသာဖြစ်ပါက ယခုအချိန်တွင် သူတို့ကို တိုက်ခိုက်ပြီးသား ဖြစ်လိမ့်ပေမည်။

ကျားပေါက်လေးသည် နှာခေါင်းကို တွန့်လိုက်ပြီး မြေပြင်ပေါ်ရှိ မီးယုန်အရိုးများကို ကြည့်ကာ ပျော်ရွှင်သော အမူအရာ ပြသလာသည်။ ဤကျားပေါက်လေး အဘယ်ကြောင့် ရောက်လာသည်ကို လုံယိ အကြမ်းဖျင်း သိလိုက်ရ၏။ အသားကင်၏ မွှေးကြိုင်သောရနံ့က ဤကျားပေါက်လေးကို ဆွဲဆောင်ခဲ့ခြင်း ဖြစ်ပုံရပေသည်။

"ကျားပေါက်လေး... အစ်မဆီကို လာခဲ့လေ…" လုရှီးယာသည် ဆောင့်ကြောင့်ထိုင်ကာ လက်နှစ်ဖက်ကို ဖြန့်၍ ကျားပေါက်လေးအား ခေါ်လိုက်လေသည်။ သူမသည် ဤကျားပေါက်လေးကို ကလေးတစ်ယောက်ကဲ့သို့ သဘောထားနေပုံရ၏။

ကျားပေါက်လေးသည် လုရှီးယာကို ခေတ္တမျှ ကြည့်နေသော်လည်း တုံ့ပြန်ခြင်းမရှိဘဲ လုံယိ၏ ခန္ဓာကိုယ်ပေါ်သို့ မျက်လုံးတစ်စုံ အကြည့်ရွှေ့လိုက်ရာ ချက်ချင်းပင် စိတ်လှုပ်ရှားသော အမူအရာ ပေါ်လာလေသည်။

ထို့နောက် လုရှီးယာကို ကျော်ဖြတ်ကာ လုံယိ၏ ဘေးသို့ ပြေးလာပြီး နှစ်ပတ်ခန့် ပတ်လျှောက်ပြီးနောက် ၎င်း၏ ရှေ့ခြေနှစ်ဖက်ကို အားပြုကာ လုံယိ၏ ခြေထောက်ပေါ်သို့ တက်လာလေသည်။ ထို့နောက်တွင် အဖြူတစ်ဖက် အနက်တစ်ဖက်ရှိသော မျက်လုံးများဖြင့် လုံယိကို ကြည့်ကာ တအေးအေးနှင့် အသံပြုနေတော့သည်။

လုံယိသည် ဇဝေဇဝါဖြစ်စွာဖြင့် ကျားပေါက်လေးကို ပွေ့ချီလိုက်၏။ ဤကျားပေါက်လေးသည် B-အဆင့် သို့မဟုတ် A-အဆင့် မှော်သားရဲ၏ အရှိန်အဝါရှိနေသည်မှာ သိသာလှရာ ဤမျှသေးငယ်သော သတ္တဝါလေးသည် သူ့အပေါ်သို့ အဘယ်ကြောင့် ဤမျှ ရင်းနှီးစွာ ပြုမူရသနည်းဟု တွေးနေမိသည်။

လုံယိက လက်ဖြင့် ပွတ်သပ်ပေးလိုက်သောအခါ ကျားပေါက်လေးသည် ချက်ချင်းပင် အသံနှစ်ချက်ပြုကာ မျက်နှာတွင် သာယာကျေနပ်သော အမူအရာ ပေါ်လာလေသည်။

"သူက နင့်ကို သူ့အမေလို့ သတ်မှတ်လိုက်တာ ဖြစ်ရမယ်…" လုရှီးယာက မနာလိုစွာ ပြောလိုက်၏။ ဤကျားပေါက်လေးသည် သူမကို လျစ်လျူရှုပြီး လုံယိ၏ ရင်ခွင်ထဲတွင်သာ ခိုနားနေသည်ကို သူမ မမျှော်လင့်ထားပေ။

လုံယိက ပြုံးလျက် "ဒါ ဘယ်လိုမှော်သားရဲလဲဆိုတာ သိတဲ့သူရှိလား…" ဟူ၍ မေးလိုက်လေသည်။

အားလုံးက တစ်ယောက်ပြီးတစ်ယောက် ခေါင်းခါပြကြပြီးနောက် ဟာလေက ပြောလိုက်လေသည်။ "ဒီလို ထူးဆန်းတဲ့ မှော်သားရဲမျိုး တစ်ခါမှ မမြင်ဖူးသလို မကြားဖူးဘူး... ပြီးတော့ ဒီလိုသားရဲမျိုးဟာ မြေပုံထဲမှာလည်း မှတ်တမ်းတင်ထားခြင်း မရှိဘူး…"

ထိုအချိန်မှစ၍ ဤကျားပေါက်လေးသည် စွန့်စားသူအဖွဲ့၏ ကိုးယောက်မြောက် အဖွဲ့ဝင် ဖြစ်လာခဲ့၏။ ၎င်းသည် အစားအလွန်ကြိုက်ပြီး နေ့စဉ် မီးယုန် ဆယ်ကောင်ခန့် စားရမှသာ ကျေနပ်အားရပေသည်။

ဤအကောင်လေးသည် အစွမ်းထက်သော အရှိန်အဝါတစ်ခု ရှိနေသည်မှအပ တိုက်ခိုက်နိုင်သည့် နည်းလမ်း လုံးဝမရှိကြောင်း အားလုံးက သတိပြုမိကြသည်။ သို့သော် အဆင့်မြင့်မှော်သားရဲတစ်ကောင်၏ အရှိန်အဝါကြောင့် အခြားမှော်သားရဲများသည် အဝေးမှပင် ရှောင်ရှားသွားကြလေသည်။

ပျင်းရိလှသော လုံယိသည် ဤကျားပေါက်လေးကို 'လုံဆန်း' တိုက်ရိုက် အမည်ပေးလိုက်သည်။ 'လုံအာ့' မှာမူ သွေးရောင်လွှမ်းသော တံစဉ်ကြီးကို ကိုင်ထားသည့် သွေးနီရောင် အရိုးစုပင် ဖြစ်ပေသည်။

ဤကဲ့သို့ဖြင့် လူတစ်ယောက်၊ ကျားတစ်ကောင်နှင့် အရိုးစုတစ်ရုပ်တို့သည် ညီအစ်ကို သုံးယောက် ဖြစ်သွားကြလေသည်။ လုရှီးယာက ဤကျားပေါက်လေး၏ အမည်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး 'ပိုင်ကျားဟေး' တိတ်တဆိတ် အမည်ပေးခဲ့သော်လည်း ကျားပေါက်လေးမှာ လုံဆန်းဟူသော အမည်ကိုသာ နှစ်သက်ပေသည်။

လုံယိက "လုံစန်း... ဒီဘက်ကို အမြန် လူးတိုက်လာခဲ့…" အော်ခေါ်တိုင်း ၎င်းသည် လုံယိထံသို့ စိတ်အားထက်သန်စွာ ပြေးလာပြီး အမြီးကို ယမ်းပြတတ်လေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment