no

Font
Theme

အခန်း (၄၃) - ငွေကျောခွံ မြေနဂါး

လုရှီးယာ၏ နီမြန်းနေသော မျက်နှာလေးကို ကြည့်ပြီး လုံယိ တစ်ယောက် မှင်တက်နေလေသည်။

စောနတင်ပင် သူ၏ ရမ္မက်တဏှာများ ပြင်းပြစွာ တောက်လောင်နေပြီး တစ်ကြိမ်တည်းနှင့် သူမကို သိမ်းပိုက်ရန် ပြင်ဆင်နေချိန်တွင် သူမက ရုတ်တရက် အပေါ့သွားချင်သည်ဟု ပြောလိုက်ခြင်းမှာ သူ့ကို နှိပ်စက်နေသည် မဟုတ်ပါလား...

"လုံယိ... ငါ တကယ် အပေါ့သွားချင်နေပြီ၊ မအောင့်နိုင်တော့ဘူး…" လုရှီးယာ၏ တစ်ကိုယ်လုံး အနည်းငယ် တုန်ယင်နေပြီး သူမ တကယ်ပင် မအောင့်နိုင်တော့သည့် ပုံစံမျိုး ဖြစ်နေပေသည်။

လုရှီးယာ၏ နေရခက်နေသော မျက်နှာထားကို မြင်ရသောအခါ လုံယိသည် အချစ်ရည်များ ပြည့်နှက်နေသော သူ၏ လက်ဝိုင်းကြီးကို စိတ်ပျက်လက်ပျက် ပြန်ရုပ်လိုက်ရ၏။ သူ၏ တင်းမာဖောင်းကြွနေသော ငှက်ပျောသီးမှာလည်း ပြင်းပြသော ကန့်ကွက်မှုကို ဖော်ပြနေလေသည်။

လုရှီးယာသည် သူမ၏ အဝတ်အစားများကို အလျင်အမြန် ပြန်ပြင်လိုက်ပြီး စိတ်ပျက်နေသော လုံယိကို ကြည့်ကာ သွားကြိတ်လျက် ခြင်တစ်ကောင်၏ အသံကဲ့သို့ တိုးတိုးလေး ပြောလိုက်လေသည်။

"လုံယိ... ဒီလိုမလုပ်ပါနဲ့၊ နောက်မှ နင့်လိုချင်တာ အကုန်လုပ်လို့ရတယ်…"

လုံယိ၏ မျက်လုံးများ ဝင်းလက်သွားသော်လည်း သူ စကားမပြောရသေးမီမှာပင် လုရှီးယာက သူ့ကို ကုတင်ပေါ်မှ ဆွဲချလိုက်လေသည်။

"ငါနဲ့အတူ လိုက်ခဲ့ပါ၊ ငါ ကြောက်လို့…" အပြင်ဘက်ရှိ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ပြင်းထန်သော မိုးသက်လေပြေများကို ကြည့်ကာ လုရှီးယာသည် လုံယိကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆွဲထားလေသည်။

လှပသော မိန်းကလေးတစ်ဦးအား အိမ်သာသွားသည်အထိ လိုက်ပို့ရမည်ဆိုသည်ကို လုံယိက ငြင်းဆန်မည်မဟုတ်ပေ။ ယခုတစ်ကြိမ်တွင်မူ သူသည် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေမိလေသည်။

သူတို့နှစ်ဦးအနက် တစ်ဦးက ဦးခေါင်းပေါ်တွင် မှော်အကာအကွယ် တည်ဆောက်ထားပြီး အခြားတစ်ဦးက ဒိုချီအကာအကွယ် တည်ဆောက်ထားသောကြောင့် မိုးရေစိုမည်ကို မစိုးရိမ်ရပေ။ တဲမှထွက်ပြီး မီတာ ၁၀၀ ခန့် လျှောက်လာပြီးနောက် လုရှီးယာက မျက်နှာနီနီဖြင့် လုံယိကို ပြောလိုက်လေသည်။

"နင် ကျောခိုင်းထား၊ ချောင်းကြည့်လို့ မရဘူး…"

လုံယိက စိတ်ထဲမှ 'တခဏနေရင်လည်း ငါ အလိုရှိသလောက် မြင်ရမှာပဲ၊ အခုမှ ဘာအရေးပါလို့လဲ' တွေးလိုက်၏။ သို့သော် ပြန်လာချိန်တွင် သူရရှိမည့် အကျိုးကျေးဇူးကို တွေးမိပြီး လုံယိသည် လိမ္မာစွာပင် ကျောခိုင်းပေးလိုက်လေသည်။

လုံယိ ကျောခိုင်းသွားသည်ကို မြင်သောအခါ လုရှီးယာသည် ခြေအနည်းငယ် ပြေးထွက်သွားပြီး လူတစ်ဝက်ခန့် မြင့်သော မြက်တောအုပ်လေးဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်လေသည်။

သူမ အပေါ့သွားပြီးနောက် ဘောင်းဘီကို ပြန်ဆွဲတင်လိုက်စဉ်မှာပင် သူမ၏ နားရွက်ရှည်လေးများ ရုတ်တရက် မတ်တပ်ဖြစ်သွားပြီး အနီးအနားမှ ထူးဆန်းသော အသံတစ်ခုကို ကြားလိုက်ရ၏။

လုရှီးယာသည် အလိုအလျောက် နောက်သို့ လှည့်ကြည့်လိုက်ရာ သွေးကဲ့သို့ နီရဲနေသော မျက်လုံးနှစ်လုံးနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိသွားလေသည်။

"အား…" လုရှီးယာသည် အလန့်တကြား အော်ဟစ်လိုက်ပြီး ကြောက်လန့်လွန်းသဖြင့် သေလုမတတ် ဖြစ်သွားတော့သည်။

လုံယိသည် ချက်ချင်းပင် နောက်သို့ လှည့်ကြည့်လိုက်ရာ ထိုအချိန်တွင်ပင် လုရှီးယာသည် သူ့ရင်ခွင်ထဲသို့ အတင်းတိုးဝင်လာလေသည်။ ထူထပ်သော မြက်တောများကြားမှ ထွက်ပေါ်လာသော ဦးခေါင်းကြီးတစ်လုံးကို မြင်လိုက်ရသဖြင့် လုံယိ၏ နှုတ်ခမ်းများတွင် ခါးသရဲအပြုံးတစ်ခု ပေါ်လာ၏။

၎င်းမှာ မြေနဂါးတစ်ကောင်၏ ဦးခေါင်းပင် ဖြစ်သည်။ ထိုမြေနဂါး၏ သွေးကဲ့သို့ နီရဲနေသော မျက်လုံးနှစ်လုံးသည် မိမိတို့၏ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာဝံ့သည့် သူများကို ဒေါသတကြီး စိုက်ကြည့်နေလေသည်။

၎င်းမှာ မြေနဂါးတစ်ကောင်တည်း ဖြစ်သော်လည်း ကြောက်စရာကောင်းသည်မှာ ၎င်း၏ ကျောပြင်သည် ငွေဖြူရောင် ဖြစ်နေခြင်းပင်။ ဤသည်မှာ အဆင့်-A ရှိသော ငွေကျောခွံ မြေနဂါး ဖြစ်ပေသည်။

လုံယိသည် လုရှီးယာကို သူ့နောက်ကျောဘက်သို့ ဖြည်းညှင်းစွာ ဆွဲယူလိုက်၏။ သူ ယခင်က ရင်ဆိုင်ခဲ့ဖူးသော အင်အားအကောင်းဆုံး မှော်သားရဲမှာ အဆင့်-B မြေဝက်ဝံသာ ဖြစ်ပြီး ထိုစဉ်ကပင် သူသည် အစာအဖြစ် စားခံရလုနီးပါး ဖြစ်ခဲ့ကာ ကံကောင်း၍သာ သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုမူ ထိုမြေဝက်ဝံထက် အဆင့်အတန်း အများကြီး သာလွန်သော ငွေကျောခွံ မြေနဂါးနှင့် ရင်ဆိုင်နေရသဖြင့် လုံယိ စဉ်းစားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ထွက်ပြေးရန်သာ ဖြစ်ပေသည်။ အကယ်၍ သူတို့ ရှစ်ယောက်လုံး စုပေါင်းတိုက်ခိုက်လျှင်သာ ၎င်းကို အနိုင်ယူနိုင်ရန် အခွင့်အရေး အနည်းငယ် ရှိနိုင်ပေမည်။

ထိုအချိန်တွင်ပင် မီတာ ၁၀၀ အကွာရှိ တဲအတွင်းမှ လူအချို့ ထွက်လာကြပြီး ဟာလေ၏ အသံကို ကြားလိုက်ရလေသည်။ "လုံယိ... အဲဒီမှာ ဘာဖြစ်နေတာလဲ…"

ဟာလေနှင့် အခြားသူများသည် လုံယိရှိရာသို့ ပြေးလာကြပြီး မီတာ ၁၀ အကွာသို့ ရောက်သောအခါ ချက်ချင်းပင် ရပ်တန့်လိုက်ကြ၏။ ဘာဘေးရီးယန်းနွားနှင့် လင်ယိုယိုတို့သာ လုံယိနှင့် လုရှီးယာတို့ရှိရာသို့ အလျင်အမြန် ပြေးသွားကြပြီးမှသာ အခြေအနေမှန်ကို မြင်လိုက်ရလေသည်။

ထိုတခဏတွင် ငွေကျောခွံ မြေနဂါးသည် စိတ်ရှည်မှု ကုန်ဆုံးသွားပြီး ခေါင်းကို မြှောက်ကာ တိုက်ခိုက်ရန် အနေအထား ပြင်လိုက်ရာ ၎င်း၏ အေးစက်မှောင်မှိုက်သော သွားများမှာ တလက်လက် တောက်ပနေပေသည်။

"တိုက်ခိုက်ရေးသမားတွေ ရှေ့တက်လာကြ၊ မှော်ဆရာတွေ နောက်ဆုတ်ကြ…" ဟာလေက ချက်ချင်းပင် အော်ဟစ်လိုက်လေသည်။ အကယ်၍ သူတို့ စုပေါင်းပြီး မတိုက်ခိုက်ပါက အားလုံး သေဆုံးသွားနိုင်သည်ကို သူ သိရှိထားသောကြောင့် ဖြစ်၏။

လုံယိ၊ ဘာဘေးရီးယန်းနွား၊ ဟာလေနှင့် ရှီယန် ဟူသော တိုက်ခိုက်ရေးသမား လေးဦးသည် ငွေကျောခွံ မြေနဂါးကို တားဆီးရန် ရှေ့တန်းတွင် ပုခုံးချင်းယှဉ် ရပ်လိုက်ကြပြီး ကျန်ရှိသော မှော်ဆရာများမှာ နောက်သို့ ဆုတ်ကာ ဂါထာများကို စတင်ရွတ်ဆိုကြလေသည်။

မိုးသည် သည်းထန်စွာ ရွာသွန်းနေပြီး ကောင်းကင်ယံမှ ငွေဖြူရောင် လျှပ်စီးများသည်လည်း ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် လက်တုံ့ပြန်နေကြရာ လူတိုင်း၏ ဖြူဖျော့နေသော မျက်နှာများကို လင်းထိန်စေပေသည်။

"သူ မတိုက်ခိုက်ခင် ငါတို့ အရင်တိုက်ခိုက်ကြရအောင်…"

လုံယိက အော်ဟစ်လိုက်ပြီး သူ၏ ရူးသွပ်နဂါး ချီစွမ်းအင်ကို နှိုးဆွလိုက်ရာ အပြာနုရောင် နဂါးပုံသဏ္ဌာန် ဓားဦးမှာ ပြင်းထန်စွာ တောက်ပလာလေသည်။ ထို့နောက် သူသည် တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ရွေ့လျားသွားပြီး ဓားဦးဖြင့် ငွေကျောခွံ မြေနဂါး၏ မျက်လုံးများကို တိုက်ရိုက် ပိုင်းဖြတ်လိုက်၏။

ဘာဘေးရီးယန်းနွား၊ ဟာလေနှင့် ရှီယန်တို့၏ တိုက်ခိုက်မှုများကလည်း ချက်ချင်းပင် နောက်ကလိုက်ပါလာပြီး မြေနဂါး၏ အားနည်းသော နေရာများကို ပစ်မှတ်ထားကာ ထိုးနှက်လိုက်ကြလေသည်။

မကြာမီတွင် လုံယိ၏ နဂါးပုံသဏ္ဌာန် ဓားဦးသည် ငွေကျောခွံ မြေနဂါး၏ မျက်လုံးများကို ပိုင်းဖြတ်တော့မည် ဖြစ်သော်လည်း ထိုမြေနဂါး၏ အရှိန်အဟုန်မှာ မျှော်လင့်မထားဘဲ လုံယိနှင့် အတူတူပင် ရှိနေလေသည်။

၎င်း၏ ဧရာမခန္ဓာကိုယ်သည် ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားပြီးနောက် ၎င်း၏ အမြီးရှည်ကြီးသည် အသားတုံးကြီးတစ်ခုကဲ့သို့ လွှဲယမ်းကာ သူတို့အားလုံးထံသို့ ရိုက်ခတ်လိုက်၏။

ဝုန်းဝုန်းအုန်းအုန်း မြည်ဟိမောသော အသံများနှင့်အတူ လုံယိအပါအဝင် လေးဦးစလုံးသည် လေထဲသို့ အရှိန်ပြင်းစွာ လွင့်စင်သွားပြီး သွေးများလည်း ပန်းထွက်လာလေသည်။

ထိုအခိုက်တွင် လုံယိသည် အတွင်းအားကို အသုံးပြု၍ အရေးကြီးသော အချက်အချာနေရာများကို ကာကွယ်ခဲ့သော်လည်း တစ်ကိုယ်လုံးရှိ ချီနှင့် သွေးများသည် ပြင်းထန်စွာ လှုပ်ခတ်သွားပြီး အတွင်းကလီစာများပင် လိမ်ဖည်သွားသကဲ့သို့ ခံစားလိုက်ရပေသည်။

ထိုအချိန်တွင်ပင် မှော်ဆရာများ၏ မှော်တိုက်ခိုက်မှုများ နောက်ကျပြီး ရောက်ရှိလာလေသည်။ မိုးသည်းထန်စွာ ရွာသွန်းနေခြင်းကြောင့် ဂီကီတေး၏ မီးမှော်စွမ်းအားသည် ပုံမှန်ထက် တစ်ဝက်ခန့်သာ ရှိတော့ရာ ငွေကျောခွံ မြေနဂါးအပေါ်တွင် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ပေ။

လန်ထျန်း၏ ပြင်းထန်သောအလင်းမှော်စွမ်းရည်သည်လည်း အသုံးမဝင်ခဲ့ဘဲ ယခုအခါ သူသည် ဒဏ်ရာရရှိသွားသော ဟာလေနှင့် အခြားသူများကို သန့်စင်သော အလင်းတန်းဖြင့် ကုသပေးနေရလေသည်။ လုရှီးယာ၏ မှော်မြှားများမှာမူ လေဟာနယ်ထဲသို့ ပစ်လွှတ်မိခြင်း သို့မဟုတ် ငွေကျောခွံ မြေနဂါး၏ ထူထဲသော အကြေးခွံများကိုသာ ထိမှန်ခဲ့၏။

မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်မှာ ဤသားရဲသည် လင်ယိုယို၏ ဝိညာဉ်တိုက်ခိုက်မှုကိုမူ အတော်လေး သတိထားနေခြင်းပင် ဖြစ်ပေသည်။

အောက်ထျန်းကျင့်စဥ်၏ အတွင်းအားသည် ခန္ဓာကိုယ်အတွင်း တစ်ပတ်ပတ်ပြီးနောက်တွင်မှ လုံယိ၏ ချီနှင့် သွေးများသည် ပြန်လည်တည်ငြိမ်သွားလေသည်။ ငွေကျောခွံ မြေနဂါးသည် ဝိညာဉ်တိုက်ခိုက်မှုကို ကြောက်ရွံ့နေသည်ကို မြင်လိုက်ရသောအခါ လုံယိသည် စိတ်ထဲတွင် အကြံတစ်ခုရသွားပြီး မျက်ခုံးနှစ်ခုကြားရှိ အသိစိတ်ပင်လယ်မှ ဧရာမ ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်၏။

ထိုစွမ်းအားများသည် မမြင်နိုင်သော ထက်မြက်သည့် ဓားတစ်လက်ကဲ့သို့ ငွေကျောခွံ မြေနဂါး၏ မျက်လုံးများကို တိုက်ရိုက်ထိုးနှက်လိုက်လေသည်။ မျက်လုံးဆိုသည်မှာ နှလုံးသား၏ ပြတင်းပေါက်ဖြစ်ရာ ပြိုင်ဘက်၏ ဝိညာဉ်ကို ထိခိုက်စေလိုပါက မျက်လုံးများသည် အလွယ်ကူဆုံး တိုက်ခိုက်နိုင်သော ပစ်မှတ်ပင် ဖြစ်ပေသည်။

လုံယိ၏ ဝိညာဉ်စွမ်းအားသည် လင်ယိုယိုထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလေသည်။ သူသည် ဝိညာဉ်မှော်ပညာများကို မသိရှိသော်လည်း ဝိညာဉ်စွမ်းအားမှာမူ ထိပ်တန်းအဆင့်တွင် ရှိနေသည် မဟုတ်ပါလား... ထို့ကြောင့်ပင် ငွေကျောခွံ မြေနဂါးသည် မျက်နှာချင်းဆိုင် မကြည့်ရဲဘဲ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်လေသည်။ လုံယိသည် ဤအခွင့်အရေးကို လက်လွတ်မခံဘဲ မဟာစကြဝဠာ ရွှေ့ပြောင်းခြင်းကို ချက်ချင်း အသုံးပြုလိုက်၏။

ထို့နောက် လျင်မြန်စွာ ခုန်တက်၍ မြေနဂါး၏ လည်ပင်းပေါ်သို့ တက်ကာ ဓားဖြင့် အပြင်းအထန် ပိုင်းချလိုက်သော်လည်း ၎င်း၏ နဂါးအကြေးခွံများကို တစ်ဝက်ခန့်သာ ပိုင်းဖြတ်နိုင်ခဲ့ပေသည်။

သို့သော်လည်း ငွေကျောခွံ မြေနဂါးသည် နာကျင်မှုကို ခံစားလိုက်ရလေသည်။ ၎င်းသည် ဆင့်ကဲပြောင်းလဲလာပြီးနောက်ပိုင်းတွင် မည်သူတစ်ဦးတစ်ယောက်မျှ ၎င်း၏ ဦးခေါင်းပေါ်သို့ တက်၍ ဤကဲ့သို့ နှိပ်စက်ခဲ့ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ၎င်းသည် အလွန်ဒေါသထွက်သွားပြီး လုံယိထံသို့ အမြီးဖြင့် အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်လိုက်တော့သည်။

လုံယိသည် သူ၏ကိုယ်ခံပညာရပ်များကို အသုံးချကာ ငွေကျောခွံ မြေနဂါး၏ အန္တရာယ်ရှိသော တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီး စိတ်ထဲတွင် ငွေကျောခွံ မြေနဂါး၏ အားနည်းချက်ကို အသည်းအသန် စဉ်းစားနေလေသည်။ အစွမ်းထက်လှသော မှော်သားရဲများတွင်ပင် အားနည်းချက်ရှိမည်ဟု သူ အခိုင်အမာ ယုံကြည်ထား၏။

ထိုစဉ် လုံယိသည် မြေနဂါးများတွင် နဂါးမျိုးနွယ်၏ သွေးစအနည်းငယ် ပါဝင်သည်ကို သတိရသွားပြီး နဂါးများ၏ အားနည်းချက်မှာ ပြောင်းပြန်အကြေးခွံဖြစ်ကြောင်း သိရှိထားသည်။ ၎င်းသည် လည်ပင်းတွင် ရှိသည်ဟု ဆိုကြသဖြင့် ဤမြေနဂါး၏ အားနည်းချက်သည်လည်း ထိုနည်းတူ ဖြစ်နိုင်မလားဟု တွေးတောလိုက်လေသည်။

ထိုသို့တွေးတောပြီးနောက် လုံယိက အခွင့်အရေးကို စောင့်ကာ စမ်းသပ်ရန် ပြင်လိုက်စဉ် လင်ယိုယို၏ အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

"မြေနဂါးရဲ့ အားနည်းချက်က လည်ပင်းအောက် ခုနစ်လက်မအကွာမှာ ရှိတယ်…"

လုံယိမှာ ကြောင်အမ်းသွားရ၏။ ၎င်းသည် မြွေများ၏ အားနည်းချက် မဟုတ်ပါလား... မြွေများ၏ အားနည်းချက်မှာ လည်ပင်းအောက် ခုနစ်လက်မအကွာတွင် ရှိသည်ကို သူသိထားသည်ဖြစ်ရာ ဤမြေနဂါးများသည် အခြေခံအားဖြင့် မြွေကြီးများမှ ဆင့်ကဲပြောင်းလဲလာသော သတ္တဝါများ ဖြစ်ပုံရပေသည်။

လုံယိသည် မြေနဂါး၏ တိုက်ခိုက်မှုများကို အကြိမ်ကြိမ် ရှောင်တိမ်းရင်း ငွေကျောခွံ မြေနဂါး၏ လည်ပင်းပေါ်တွင် တည်ငြိမ်စွာ ရပ်နေနိုင်ဆဲပင်။

အကယ်၍ လင်ယိုယိုက ဝိညာဉ်စွမ်းအားများဖြင့် ဤသားရဲကို အစဉ်တစိုက် ပိတ်ဆို့တားဆီးမထားပါက လုံယိအနေဖြင့် မြေနဂါး၏ တိုက်ခိုက်မှုကို ဤမျှလွယ်ကူစွာ ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။

ဝုန်း... ဟူသော အသံနှင့်အတူ မိုးမျှော်တစ်ချက်သည် မိုးကုတ်စက်ဝိုင်းတွင် ဖြတ်သန်းသွားလေသည်။ ထိုလျှပ်စီး၏ အလင်းရောင်အောက်တွင် လုံယိသည် မြေနဂါး၏ လည်ပင်းအောက် ခုနစ်လက်မအကွာ၌ အလွန်သေးငယ်သော အပေါက်ငယ်တစ်ခု ရှိနေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

ထိုနေရာတွင် အခြားနေရာများကဲ့သို့ ထူထဲသော အကြေးခွံများ မရှိဘဲ အလွန်ပါးလွှာသော အလွှာတစ်ခုသာ ရှိနေသည်ဖြစ်ရာ ၎င်းသည်ပင် ငွေကျောခွံ မြေနဂါး၏ အားနည်းချက် ဖြစ်လိမ့်ပေမည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment