no

Font
Theme

အခန်း(၅)။ ပထမဆုံးအကြိမ် ဆုံတွေ့ခြင်း

အမိန့်ပေးသံ ခပ်တိုးတိုး ထွက်ပေါ်လာသည်။

ယာဉ်မောင်းသည် အမိန့်ကို နာခံပြီး ရွေ့လျားနေသော ဆီဒန်ကားကို ကျဉ်းမြောင်းသည့် လမ်းကြားတစ်ခု အလယ်တွင် ရပ်တန့်လိုက်သည်။ ဗက်ဆီးလီယာကလည်း မခုခံဘဲ လက်နှစ်ဖက်ကို ချက်ချင်း မြှောက်ထားလိုက်၏။

"တော်တော်အန္တရာယ်များတဲ့ ကစားစရာတစ်ခု ရှိနေတာပဲ မစ္စတာ ဆခမိုတို"

"မင်းတို့က ဘယ်သူတွေလဲ"

"ကျွန်တော် ပြောပြီးပြီလေ။ ကျွန်တော့်နာမည်က အလက်ဇန်းဒရိုဗစ်ချ် ဗက်ဆီးလီယာပါ။ လူကြီးမင်းကို လာခေါ်တာ"

"အလက်ဇန်းဒရိုဗစ်ချ်က ဂက်ဇ်ပရွမ်နဲ့ ဘာမှမဆိုင်ဘူးမလား"

"နည်းနည်းတော့ ဆိုင်တာပေါ့"

ထိုအချိန်တွင် နောက်ခန်းတံခါးက ရုတ်တရက် ပွင့်သွားပြီး လူတစ်ယောက် ဝင်လာကာ ဂွမ်ထက်ဂျူကို တွန်းလိုက်လေသည်။ သူ့လက်ထဲတွင် ရုရှားနိုင်ငံထုတ် တိုကာရေးဖ် (Tokarev) သေနတ်တစ်လက်ကို ကိုင်ထားပြီး အနက်ရောင် သေနတ်ပြောင်းဝက ဂွမ်ထက်ဂျူ၏ နားထင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။

ထို့ပြင် အနီရောင်အစက်လေးတစ်ခုက ဘယ်ဘက် ရင်ဘတ်နားတွင် ဝေ့ဝဲနေရာ သူ လုံးဝကို ဝိုင်းရံ ခံလိုက်ရပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

ဂွမ်ထက်ဂျူ အံကိုသာ တင်းတင်းကြိတ်လိုက်မိ၏။

"တိတ်တိတ်နေတာက ပိုကောင်းလိမ့်မယ် မစ္စတာ ဆခမိုတို"

ဗက်ဆီးလီယာက စကားကို သီချင်းညည်းနေသကဲ့သို့ ဖြည်းဖြည်းသက်သာ တစ်လုံးစီ ပြောလိုက်သည်။

'သူဘယ်သူလဲ... သူဘာလိုချင်တာလဲ... အရေးကြီးတာက ငါ ဒီအခြေအနေကနေ မြန်မြန် လွတ်မြောက်အောင် လုပ်ရမယ်...'

ဂွမ်ထက်ဂျူက စိတ်ထဲမှ တွေးလိုက်နေသော်လည်း ဗက်ဆီးလီယာက ဘယ်သူလဲဆိုသည့် သဲလွန်စ နည်းနည်းပင် စဥ်းစားလို့ မရချေ။ သေချာသည့်အချက်က ဂွမ်ထက်ဂျူ ဤအခြေအနေဆိုးကြီးမှ ချက်ချင်း ထွက်ခွာ နိုင်မှ ဖြစ်မည်။

'ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ... တစ်ချက်မှားတာနဲ့ ငါ့ခန္ဓာကိုယ်တစ်ခုလုံး ဇကာပေါက် ဖြစ်သွားမှာ'

ဂွမ်ထက်ဂျူက မျက်လုံးများဝေ့ကာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်၏။ မှောင်မိုက်သော လမ်းကြားကို ထွန်းလင်းပေးသည့် တစ်ခုတည်းသောအရာမှာ ကားရှေ့မီးများသာ ရှိသည်။ ကားအတွင်း၌ ဗက်ဆီးလီယာ၏ ခပ်ပြုံးပြုံးမျက်နှာကို ထွန်းလင်းပေးထားသော မီးလုံးတစ်လုံးလည်း ရှိနေ၏။

"ရူးရူးမိုက်မိုက်လုပ်ဖို့ မစဉ်စားနဲ့... လှုပ်လိုက်တာနဲ့ မင်းခေါင်းတစ်ခုလုံး..."

ဗက်ဆီးလီယာ၏ သတိပေးချက်မဆုံးမီ သေနတ်သံ တစ်ချက် ထွက်ပေါ်လာရာ ဂွမ်ထက်ဂျူက ချက်ချင်း အောက်သို့ ငုံ့ချလိုက်သည်။ ကျည်ဆံတစ်တောင့် ရုတ်တရက် ပျံထွက်လာသည်နှင့် ကားအတွင်းရှိ မီးများ ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် တစ်ဆက်တည်းဆိုသလို ခေါင်မိုးတစ်ခုမှ ကျည်ဆံတစ်တောင့် ထပ်မံ ပျံထွက်လာကာ နောက်ဆက်တွဲ သေနတ်သံများ ကြားလိုက်ရပြီးနောက် ကွဲအက်သံတစ်ခုက ကပ်ပါလာခဲ့သည်။ ကားနောက်ခန်း ပြတင်းပေါက်မှန် ကွဲအက် ကြေမွသွားသော အသံပင်။

ခဏတာ ဆူညံသွားပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။ ကားပတ်လည်တွင် မည်သည့် လှုပ်ရှားမှုမှ မရှိတော့ပေ။ စနိုက်ပါသမားက သေနတ်ပြောင်းကို ဖြည်းဖြည်းချင်းရွှေ့လျက် သတိကြီးကြီးထားကာ စောင့်ကြည့်နေ၏။

နောက်ခဏ၌ ရပ်တန့်ထားသောကားက ရှေ့မီးများ မဖွင့်ဘဲ ရုတ်တရက် အရှိန်မြှင့်ကာ မောင်းထွက်သွားတော့သည်။ ကားက အရှိန်ဖြင့် တရကြမ်း မောင်းနှင်နေရာ အမှိုက်ပုံးများ၊ အဆောက်အုံနံရံများနှင့် ပွတ်တိုက်ကာ ယိမ်းထိုးပြီး ထွက်သွားလေသည်။

စနိုက်ပါကျည်ဆန်များက တရစပ် ထွက်ပေါ်လာသော်လည်း ရှောခ့်ဘားနှင့် နောက်ကြည့်မှန်များသာ ပျက်စီးသွားခဲ့သည်။

"မင်း မသေချင်သေးရင် ငါ့စကားကို နားထောင်"

ဂွမ်ထက်ဂျူက မျက်နှာပေါ်မှသွေးများကို သုတ်ရင်း ယာဉ်မောင်းကို ခြိမ်းခြောက်လိုက်သည်။ ထိုသွေးများက သူ့အား နောက်ခန်းထဲကို တွန်းထည့်လိုက်သော အမျိုးသား၏ သွေးများ ဖြစ်သည်။ ထိုသူက ဂွမ်ထက်ဂျူ၏ ဒိုင်းကာ ဖြစ်သွားခဲ့လေပြီ။ ဗက်ဆီးလီယာ၏ အခြေအနေမှာလည်း မကွာခြားလှပေ။ သူ၏ မျက်နှာတည့်တည့်ကို ကျည်ဆံက ထုတ်ချင်းပေါက်သွားရာ ဒက်ရှ်ဘုတ်ပေါ်တွင် လဲလျောင်းနေခဲ့ပြီ။

အခြားသူ၏ သွေးများ ရွှဲနေသည့် ယာဉ်မောင်းကို ဂွမ်ထက်ဂျူက ထိုင်ခုံနောက်မှ မိမိရရ ဖမ်းချုပ်ထားသည်မို့ ခုခံရန် မကြိုးစားဝံ့ပေ။

လည်ပင်း ညှစ်ခံထားရသည့် ယာဥ်မောင်းက ဂွမ်ထက်ဂျူ ညွှန်ကြားသည့် နေရာသို့ မောင်းနှင်လိုက်၏။ သို့သော် မည်မျှပင် ကြိုးစားမောင်းနှင်စေကာမူ ကားက လမ်းမကြီးပေါ်သို့ မရောက်နိုင်သေးပေ။ စနိုက်ပါများက တရစပ် ပစ်ခတ်နေသဖြင့် ရှေ့မီးများပိတ်ကာ မောင်းနှင်နေရသည်။ ထို့ကြောင့် ရှေ့တွင် လမ်းဆုံးရှိမရှိ သိရန်မှာ ခက်ခဲလှသည်။

ဝှစ်

"..."

အဆောက်အအုံများကြားတွင် တစ်စုံတစ်ခုက အလျင်အမြန် ရွေ့လျားနေလျက် ရှိသည်။ ထိုအရိပ်မှာ ဂွမ်ထက်ဂျူ မကြာသေးမီကမှ ရိပ်ခနဲ မြင်တွေ့ခဲ့ရသောအရာ ဖြစ်နိုင်သည်။

'ကြောင်လား... မဟုတ်ဘူး၊ အဲဒါထက် အများကြီး ပိုကြီးတယ်...တော်တော်လဲ မြန်တယ်'

ဂွမ်ထက်ဂျူက ထိုအရာကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သော်လည်း မည်သည့်နေရာတွင်မှ မမြင်ရတော့ပေ။

'တစ်ကြိမ်တည်း ဆိုရင်တော့ ထင်ယောင်ထင်မှား ဖြစ်နိုင်တယ်... ဒါပေမဲ့ ဒုတိယအကြိမ် ဆိုရင်တော့ ငါ အမြင်မှားတာ မဟုတ်တော့ဘူး...'

အဖြေရှာမရဘဲ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေချိန်တွင် ဆီဒန်ကားတစ်စီးက အခြားလမ်းတစ်ခုမှ အရှိန်ဖြင့် ထွက်ပေါ်လာခဲ့၏။

'ဒုန်း' ဟူသော တိုက်မိသံနှင့် ဂွမ်ထက်ဂျူ ရှိနေသော ကားမှာ အရှိန်ဖြင့် မြှောက်တက်သွားခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း ကားမှာ အကြိမ်ကြိမ် လွင့်စင်သွားရာ ကွဲအက်နေသော မှန်စများက နေရာတိုင်းသို့ ပျံနှံ့သွားသည်ကို အနှေးပြကွက်တစ်ခုပမာ ဂွမ်ထက်ဂျူ မျက်စိထဲတွင် မြင်လိုက်ရ၏။ ထို့နောက် ပတ်ဝန်းကျင်တစ်ခွင်လုံး ရုတ်ခြည်း တိတ်ဆိတ်သွားပြန်သည်။ မသေသေးသော အင်ဂျင်စက်သံမှလွဲ၍ ကားနှစ်စီးစလုံး၌ လှုပ်ရှားမှု မရှိတော့ချေ။

ခဏကြာပြီးနောက်

ဒုတ်

ဆူညံသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ တစ်စုံတစ်ယောက်က ပျက်စီးနေသော ကားတံခါးကို ကန်ကျောက်၍ ထွက်ပြေးရန် ကြိုးစားနေခြင်းပင်။ ထိုသူက ဂွမ်ထက်ဂျူပင်။ သူက ကားတံခါးမှ လေးဖက်‌ထောက် ထွက်လာခဲ့သည်။

"..အာ"

သူက မတ်တပ်ရပ်ရန် ကြိုးစားလိုက်သော်လည်း ရုတ်တရက် မူးဝေလာသောကြောင့် ဒူးထောက် ကျသွားပြန်သည်။ မတော်တဆမှုကြောင့် ယာဥ်မောင်းထိုင်ခုံနှင့် ခေါင်းဆောင့်မိကာ ဦးခေါင်း အနည်းငယ် ထိခိုက်သွားပုံရသည်။

ထို့နောက် အသက်ကို ခပ်ပြင်းပြင်း ရှုလိုက်ပြီးနောက် ကားကိုယ်ထည်ကို ဆုပ်ကိုင်ကာ မတ်တပ်ရပ်လိုက်၏။ သူက ယာဥ်မောင်းထိုင်ခုံနေရာကို ငုံ့ကြည့်လိုက်ရာ အမျိုးသားမှာ အသက်ဝိညာဉ် မရှိတော့ပေ။

သွေးများ အိုင်ထွန်းကာ ကွဲနေသော ပြတင်းပေါက်ကို ကြည့်တာနှင့်ပင် ယာဉ်မောင်းမှာ ဘာထိခိုက်မှုမှ မရှိဘဲ လွတ်မြောက်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ကားကလည်း မောင်းလို့ မဖြစ်နိုင်တော့သည့် အခြေအနေတွင် ရှိနေလေပြီ။

ဂွမ်ထက်ဂျူမှာ ဖြစ်ပျက်နေသည်များကို နားမလည်နိုင်ပေ။

'ဟိရို ဆခမိုတိုကို ပြန်ပေးဆွဲချင်တဲ့ သူတွေက ဘယ်သူတွေလဲ၊ သူတို့မှာ ဘာရည်ရွယ်ချက်တွေ ရှိနေတာလဲ... သူတို့က ဟိရိုဆခမိုတိုရဲ့ အချိန်ဇယားနဲ့ နောက်ကြောင်းကို သိထားတာဆိုတော့ သာမန် ရာဇဝတ်ဂိုဏ်းတော့ ဟုတ်မယ်မထင်ဘူး... ရုရှားအစိုးရ ဒါမှမဟုတ် ဂက်ဇ်ပရွမ်နဲ့ ပတ်သက်မှုရှိနေနိုင်တယ်...'

ဂွမ်ထက်ဂျူက ဟိရိုဆခမိုတို မဟုတ်သဖြင့် သူ့ကိုယ်စား အပြစ်ပေးခံရခြင်းက မတရားပေ။

'ရုရှားမြေကို ခြေချရုံပဲရှိ‌သေး... အသက်ဘေးနဲ့ ကြုံနေရပြီ...'

ဂွမ်ထက်ဂျူက အတွေးများကို ခဏမေ့ထားပြီး ခရီးဆောင်အိတ်ယူရန် ကားနောက်ခန်းသို့ ဦးတည်လိုက်သည်။ သူက ကား‌နောက်ဖုံးကို ဖွင့်ရန် ကြိုးစားနေချိန်တွင် အသံတစ်သံက နောက်ကွယ်မှ ထွက်ပေါ်လာသည်။

"လက်မြှောက်စမ်း"

ဂွမ်ထက်ဂျူ မှင်သက်သွားမိသည်။ နောက်ခဏတွင် သေနတ်ကျည်ဖြည့်သံက သူ့နားထဲသို့ ဝင်ရောက်လာသည်။ သူ လှုပ်ရှားလိုက်ပါက သေနတ်မောင်းခလုတ်ကို ဆွဲပေလိမ့်မည်။

သူက မကျေမနပ်ဖြင့် လက်မြှောက်လိုက်ပြီး အနောက်သို့ ဖြည်းညှင်းစွာ လှည့်လိုက်သည်။ သေနတ်ကိုင်ထားသော အမျိုးသား၏ မျက်နှာကို မြင်လိုက်သော် ဂွမ်ထက်ဂျူ ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။

ထိုသူ၏ ဦးခေါင်းမှာ ကွဲနေပြီး သွေးများက ဒလေဟာ ထွက်နေခြင်းက ယာဥ်တိုက်မှုမှ ရခဲ့သည့် ဒဏ်ရာ ဖြစ်နိုင်ပြီး အခြားကားထဲတွင် ရှိခဲ့သူ ဖြစ်နိုင်သည်။ ထို့အပြင် ထိုလူ ကိုင်ဆောင်ထားသည့် အတော်လေး ရင်းနှီးသော သေနတ်ကြောင့် ဗက်ဆီးလီယာ၏လူ ဖြစ်နေနိုင်သည်။

"ငါဘာလုပ်ရမလဲ" ဂွမ်ထက်ဂျူသည် ဖြေရှင်းနည်း ရှာရန် ကြိုးစားနေချိန်မှာပင် ထိုလူ၏ ခြေထောက်နားတွင် ရှိနေသော ကော့သေနတ်ကို သတိပြုမိလိုက်၏။

" ဖြည်းဖြည်းချင်း လျှောက်လာခဲ့၊ မိုက်မဲတဲ့ အလုပ်တွေ မလုပ်နဲ့"

ထိုသူ၏ ပုံစံက သနားစရာ ကောင်းလွန်းသဖြင့် ထိုသို့ ခြိမ်းခြောက်မှုကို သူ့ထံမှ ကြားရခြင်းက အလွန် ရယ်စရာ ကောင်းလှသည်။ သို့သော် ဂွမ်ထက်ဂျူက နာခံစွာ လိုက်နာနေလိုက်သည်။

'ဘာပဲဖြစ်ဖြစ် သူ ငါ့ကို မသတ်နိုင်ဘူး၊ သတ်နိုင်တယ်ဆိုရင် အစောကတည်းက သတ်လိုက်မှာ'

သူ မျှော်လင့်ထားသည့်အတိုင်း ထိုသူက သူ့အား သတ်ရန် ရည်ရွယ်ချက်ရှိပုံ မရပေ။ ထို့အစား ထိုလူက သေနတ်ပစ်ရမည်ကို စိုးရိမ်နေပုံရသည်။ သူက သေနတ်ကိုင်ထားသော်လည်း ဂွမ်ထက်ဂျူ နီးလာသည်နှင့် ပို၍ စိုးရိမ်လာခဲ့သည်။

' ငါ ထင်ထားတာထက် ပိုလွယ်ကူနေပုံပဲ'

ဂွမ်ထက်ဂျူ စိတ်ပေါ့ပါးသွားချိန်တွင် ရုတ်တရက် အနောက်မှ တစ်စုံတစ်ဦး၏ ဖမ်းချုပ်ခြင်းကို ခံလိုက်ရသည်။

"မင်းရဲ့အင်္ကျီကို ချွတ်လိုက်... အထဲမှာ ဘာတွေ ဖွက်ထားသေးလဲ"

'ဟမ် နောက်တစ်ယောက်လား...'

ဂွမ်ထက်ဂျူက နောက်သို့ လှည့်ကြည့်လိုက်သော်လည်း သူ မသိသောမျက်နှာ ဖြစ်သည်။

'ရိုင်ဖယ် ကိုင်ထားတာဆိုတော့ စနိုက်ပါသမား ဖြစ်နိုင်တယ်'

ဂွမ်ထက်ဂျူက အင်္ကျီကို နာခံစွာ ချွတ်လိုက်ပြီး ညဘက် အင်္ကျီလက်တစ်ဖက်ကို ချန်ထားလိုက်၏။

ထို့နောက် ညာဘက်အင်္ကျီလက်ကို ချွတ်ဟန်ဆောင်ရင်းမှ ကုတ်အင်္ကျီကို အားဖြင့် ဆောင့်ဆွဲလိုက်လေသည်။ သူ့ ကုတ်အင်္ကျီကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားသော စနိုက်ပါသမားမှာ ရုတ်တရက် အားဖြင့် ဆွဲခံလိုက်သည်မို့ ဟန်ချက်ပျက်သွားလေသည်။ အခွင့်အရေးကို စောင့်နေသည့် ဂွမ်ထက်ဂျူက ချွတ်လိုက်သော ကုတ်အင်္ကျီကို သူ့အား သေနတ်ဖြင့် ချိန်ထားသည့် လူဆီသို့ ပစ်လိုက်သည်။

ကုတ်အင်္ကျီက ပျံဝင်လာသောကြောင့် အမြင်အာရုံကွယ်သွားသော လူသည် ထိတ်လန့်သွားကာ သေနတ်မောင်းခလုတ်ကို ဆွဲလိုက်၏။

ထိုအချိန်အတွင်း ဂွမ်ထက်ဂျူသည် စနိုက်ပါသမား၏ ရိုင်ဖယ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ စနိုက်ပါသမားက သေနတ်အလု မခံရအောင် ကြိုးစားလိုက်ရာ သေနတ်မှာ အောက်သို့ ဆွဲချခံလိုက်ရတော့သည်။

ဒိုင်း

"အာ့"

လဲကျသွားသော စနိုက်ပါသမား၏ ညည်းသံက သေနတ်သံနှင့် တစ်ပြိုင်နက် ထွက်ပေါ်လာခဲ့သည်။

စနိုက်ပါသမားမှာ ကျည်ဆန်ထိမှန်ကာ မြေပြင်ပေါ် သို့ လဲကျနေပြီး ခန္ဓကိုယ်မှ သွေးများက စီးကျနေလေသည်။

တိုကာရေးဖ် သေနတ်သမားက မျက်နှာကို ဖုံးအုပ်ထားသော အင်္ကျီကို ဆွဲဖယ်လိုက်ချိန်တွင် ဂွမ်ထက်ဂျူက အဝေးသို့ ထွက်ပြေးသွားလေပြီ။ ထို့ကြောင့် သူက ဒေါသတကြီးဖြင့် တရကြမ်း ပစ်ခတ်လိုက်သည်။

သို့သော် ထိုကျည်ဆံများထဲမှ တစ်တောင့်မျှ ပစ်မှတ်ကို မထိခဲ့ပေ။

အရူးလုပ်ခံရသော သေနတ်သမားမှာ ပြုတ်ကျနေသော ရိုင်ဖယ်ကို ကောက်ယူပြီး ဂွမ်ထက်ဂျူ၏ အနောက်သို့ ဒေါသတကြီး ပြေးလိုက်သွားတော့သည်။

ဂွမ်ထက်ဂျူသည် ရှေ့ကိုပဲ ကြည့်ပြီး စတင်ပြေးတော့သည်။ ယခုအချိန်၏ အားသာချက်မှာ ပတ်ဝန်းကျင်က မှောင်မိုက်နေခြင်း ဖြစ်ပြီး အားနည်းချက်မှာလည်း ထိုအရာပဲ ဖြစ်သည်။ ပုန်းအောင်းစရာနေရာ လုံးဝ မရှိသလောက်ပင်။ ပြေးပေါက်မရှိသော နေရာသို့ ပြေးဝင်မိပါက ပို၍ပင် အန္တရာယ်များလိမ့်မည်။

သူက အရှိန်ဖြင့် ပြေးနေသော်လည်း အနောက်မှ လိုက်လာသူက ဆက်လက် ပစ်ခတ်နေဆဲပင်။ ကျည်ဆံ အများစုက ဂွမ်ထက်ဂျူအနီးမှ လက်မတင်လေး လွဲချော်သွားခဲ့ပြီး အဆောက်အအုံများပေါ်တွင် ကျည်ပေါက်များ ဖြစ်ခဲ့ရှာသည်။ လမ်းကြားတစ်ခု ပေါ်လာတိုင်း ဂွမ်ထက်ဂျူက တဟုန်ထိုး တိုးဝင်သွားနေသည်။

'ထောက်ခ်'

နောက်ထပ်သေနတ်သံ တစ်သံ ထွက်ပေါ်လာပြီး သူ၏ ခေါင်းပေါ်မှ တစ်စုံတစ်ခု ကွဲကြေသွားခဲ့သည်။

ခွမ်း

ကျည်ဆံက ပြတင်းပေါက်ဘေးရှိ ပန်းအိုးကို ထိမှန်ပြီး မြေပြင်သို့ ပြုတ်ကျသွားခဲ့သည်။ ဂွမ်ထက်ဂျူက ဖုန်မှုန့်များကို ခါလိုက်ပြီး ရုတ်တရက် ပေါ်လာသော လမ်းငယ်လေးတစ်ခုသို့ ကွေ့ဝင်လိုက်၏။ ထိုအချိန်တွင် ထရပ်ကားတစ်စီးက ရုတ်တရက် ပေါ်လာပြီး သူ့ထံသို့ မောင်းဝင်လာလေသည်။

ဂွမ်ထက်ဂျူက ထိခိုက်မှု နည်းစေရန် ဘောနက်ဖုံးပေါ်သို့ လှိမ့်ချလိုက်သည်။ ချက်ချင်းပင် ကားတံခါးများ ပွင့်လာပြီး လက်နက်ကိုင် အမျိုးသားများက ကားပေါ်မှ ဆင်းလာခဲ့သည်။ ဂွမ်ထက်ဂျူ အနောက်သို့ တရစပ် လိုက်နေခဲ့သည့် အမျိုးသားပင် ထိုအဖွဲ့အတွင်း ပါဝင်နေသေးသည်။

သေနတ်သမားအဖွဲ့က စကားအနည်းငယ် ပြောပြီးနောက် ရုတ်တရက် သေနတ်များဖြင့် ချိန်လိုက်သည်။

"သေစမ်း"

"တစ်ယောက်ပြီး တစ်‌ယောက် ပေါ်လာတယ်၊ ငါက ဘယ်အချိန်အထိ ဆက်ပြေးနေရဦးမှာလဲ"

ဂွမ်ထက်ဂျူတစ်ယောက် ဖြည်းဖြည်းချင်း နောက်ဆုတ်ပြီး ပြန်ပြေး ရတော့သည်။ ဆဲဆိုရင်း အရှိန်အပြည့်ဖြင့် ပြေးနေလေသည်။

ဂွမ်ထက်ဂျူမှာ တရစပ် ပြေးနေရဆဲပင်။ ခဏအကြာတွင် ကျယ်ဝန်းသော နေရာတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ ထိုနေရာတွင် ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခု ရှိနေ၏။ ထိုအဆောက်အအုံက နံရံများမရှိဘဲ ဘိလပ်မြေနှင့် သံတိုင်များက နေရာတိုင်းတွင် ပျံ့ကျဲနေသည်။

"စဉ်းစားနေဖို့ အချိန်မရှိဘူး၊ ဒါက ခုချိန်မှာ ငါ ပုန်းနိုင်တဲ့ တစ်ခုတည်းသော နေရာပဲ"

ဂွမ်ထက်ဂျူက ထိုသို့တွေးရင်း အဆောက်အအုံအတွင်း ပြေးဝင်သွားတော့သည်။

"ဟာ့ ..... ဟာ့ ...."

ဂွမ်ထက်ဂျူက လေးလွှာသို့ ရောက်ရှိပြီးနောက် အသက်ကို ဝဝရှုလိုက်သည်။ သူ၏နှလုံးက ပေါက်ထွက်မတက် ခုန်နေလေ၏။ သူက ရှပ်အင်္ကျီ အပါးတစ်ထည်သာ ဝတ်ထားသော်လည်း အေးသည်ဟုပင် မခံစားရတော့ပေ။

သူ့အား လိုက်ဖမ်းနေသော လူအုပ်က ထိုအဆောက်အအုံအောက်သို့ ရောက်ရှိလာကြသည်ကို အပေါ်စီးမှ ကြည့်ရင်း

"နေပါဦး လေးယောက် ပဲရှိတယ်၊ ကျန်တဲ့ တစ်ယောက်ရော..."

ဂွမ်ထက်ဂျူက လှေကားဘေးရှိ နံရံတွင် အသံမထွက်အောင် လျှောက်သွားလိုက်သည်။ ထို့နောက် နံရံကို မှီကာ အောက်ဘက်ရှိ လှုပ်ရှားမှုများကို နားထောင်နေလိုက်၏။

"တစ်ယောက်ယောက် လာနေပြီ"

ဂွမ်ထက်ဂျူက ခါးပတ်ကို တိတ်တဆိတ် ဖြုတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် အသင့်ကိုင်ထားလိုက်သည်။

မကြာမီ ရိုင်ဖယ်ပြောင်းဝတစ်ခုက သူ့မြင်ကွင်းသို့ ရောက်လာ၍ ခါးပတ်ဖြင့် ရိုင်ဖယ်ကို ဆွဲမြှောက် လိုက်လေသည်။

ဒိုင်း ဒိုင်း ဒိုင်း...

ရိုင်ဖယ်က အပေါ်သို့ ထောင်သွားပြီး ကျည်ဆံများက ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ ဂွမ်ထက်ဂျူက ခါးပတ်ကို အားဖြင့် အစွမ်းကုန် လွှဲလိုက်လေသည်။

ဗန်း...

ခါးပတ်က ထိုအမျိုးသား၏ လက်ဖမိုးအား ကြိမ်လုံးသဖွယ် ရိုက်ချလိုက်သည်။

အား...

နာကျင်မှုကြောင့် အမျိုးသားက အော်ဟစ်ကာ သေနတ်ကို လွှတ်ချလိုက်သည်။ ဂွမ်ထက်ဂျူက ရိုင်ဖယ်ကို ကန်လိုက်ပြီး အမျိုးသား၏ လည်ပင်းကို ခါးပတ်ဖြင့် ရစ်ပတ်လိုက်သည်။ လည်ပင်းညှစ်ခံရသော အမျိုးသားမှာ ခြေကန်ကာ အတင်းအကျပ် ရုန်းကန်နေရ၏။

"အွတ်"

ဂွမ်ထက်ဂျူ ခါးပတ်ကို အားတင်းတင်းဖြင့် ဆွဲထားသော်လည်း ထိုအမျိုးသားမှာ အတော်ကြာ ရုန်းကန်နေပြီးနောက်မှ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ ထိုအခါမှ ဂွမ်ထက်ဂျူ လက်ကို လျှော့ချလိုက်ပြီး အသက်မရှိတော့သော အလောင်းကို ဘေးသို့ ကန်ထုတ်လိုက်ကာ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်လေသည်။

'ဒါဆို တစ်ယောက်တော့ ရှင်းသွားပြီ။'

ထိုအချိန်တွင် အောက်ထပ်၌ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ အပြေးလာနေသော ခြေသံများကို ဂွမ်ထက်ဂျူ ကြားနေမိသည်။ သူ၏ အရှေ့တွင် သေနတ်က လှေကားဘက်သို့ မျက်နှာမူကာ ရှိနေ၏။ အချိန်မီ မကောက်နိုင်ပါက ပြန်ပစ်ခတ်နိုင်မည် မဟုတ်ပေ။ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ကို လက်ဗလာဖြင့် တိုက်ခိုက်ခြင်းက ရုပ်ရှင်ထဲ၌သာ ရှိ၏။

ဂွမ်ထက်ဂျူက နောက်တစ်ကြိမ် အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး အခြားတစ်ဖက်သို့ လျင်မြန်စွာ လှိမ့်လိုက်သည်။ သူက ကြမ်းပြင်ပေါ်ရှိ ရိုင်ဖယ်ကို ကောက်ယူလိုက်ချိန်တွင် ထိုအဖွဲ့က လှေကားပေါ်သို့ ရောက်လုနီးပါး ဖြစ်နေပြီ။ သူတို့က ဂွမ်ထက်ဂျူကို မြင်မြင်ချင်း သေနတ်များဖြင့် ချိန်ထားလိုက်ကြသည်။

သို့သော် ဂွမ်ထက်ဂျူက သေနတ်မောင်းခလုတ်ကို အရင်ဆွဲလိုက်သည်။ သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး အမျိုးသား နှစ်ဦးမှာ အော်ဟစ်ရင်း လဲကျသွားတော့သည်။ သူတို့၏ သေနတ်များမှ ရမ်းသမ်းပစ်ခတ်လိုက်သော ကျည်ဆံများက မျက်နှာကျက်ကိုသာ ထိမှန်သွားခဲ့သည်။

ဂွမ်ထက်ဂျူက ကျည်ခွံအလွတ်သာ ကျန်ရှိသော ရိုင်ဖယ်ကို ပစ်ချလိုက်ပြီး ရှေ့သို့ အလျင်အမြန် ရွေ့သွားလိုက်သည်။

'နောက်ထပ် နှစ်ယောက် ပြီးသွားပြီ'

စိတ်ထဲမှ ရေတွက်လိုက်ပြီး အောက်ဘက်ရှိ လှုပ်ရှားမှုများကို နားစွင့်နေလိုက်သည်။

ဟမ်

ရိပ်ခနဲ မြင်လိုက်ရသည့် တစ်စုံတစ်ရာကြောင့် အနောက်သို့ ချက်ချင်း လှည့်ကြည့်လိုက်မိသည်။ သို့သော် မည်သူမျှ ရှိ‌မနေပေ။

'ထူးဆန်းတယ်... တစ်ခုခုရှိနေသလို...'

'ဘာလို့ အဓိပ္ပါယ်မရှိတဲ့အရာတွေကို ဆက်တိုက် မြင်နေရတာလဲ။'

သူသည် အလွန် စိတ်ဖိစီးနေသောကြောင့် အသက်ရှူသံက ပုံမှန်ထက် ပိုကျယ်လောင်နေလေသည်။

ဂွမ်ထက်ဂျူ တွေးနိုင်သော တစ်ခုတည်းသောအရာသည် ‘သူ အမြင်မှားတာ’ ဟုပင်။ ဤသို့ ဝိုးတဝါး ခံစားမှုမျိုးကြောင့် ပြာယာခတ်နေရမည့် အချိန် မဟုတ်ပေ။ သို့သော် ထိုစိတ်အနှောင့်အယှက်ဖြစ်စရာ ဆဋ္ဌမအာရုံကိုလည်း ဖယ်ရှားလို့ မရနိုင်ချေ။

"..."

သူက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး မျက်နှာချင်းဆိုင် အဆောက်အအုံကို လှမ်းကြည့်လိုက်သည်။ အကွာအဝေးက ဝေးလွန်းပြီး အမှောင်ထုက ကြီးစိုးနေရာ ဝိုးတဝါး ပုံရိပ်တစ်ခုကိုသာ သူ မရှင်းမလင်း မြင်လိုက်ရသည်။ သူ စူးစိုက်ကြည့်လိုက်သော်လည်း ထိုပုံရိပ်က အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။

သူက သရဲတစ္ဆေကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေ။ သူ မြင်တွေ့ခဲ့ရသော ပုံရိပ်က ထိုသို့တည်ရှိမှုမျိုး မဟုတ်ဟု ပြောရန်လည်း ခက်ခဲနေသည်။ အကြောင်းမှာ ထိုသို့ အလျင်အမြန် ရွေ့လျားသွားခြင်းက လူသားများအတွက် မဖြစ်နိုင်သောကြောင့်ပင်။

ဒိုင်း ဒိုင်း ဒိုင်း...

အတွေးများဖြင့် အလုပ်ရှုပ်နေသော ဂွမ်ထက်ဂျူကို သေနတ်သံများက ရုတ်တရက် နှောင့်ယှက်လာသည်။ ဆက်တိုက် ပျံသန်းလာသော ကျည်ဆံများက သူ ရပ်နေခဲ့သော ကြမ်းပြင်ကို ဖုန်မှုန့်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ဂွမ်ထက်ဂျူက ကျည်ဆံများကို ရှောင်ရှားရန်နှင့် ရန်သူအား ရှာဖွေရန် ခက်ခဲနေလေပြီ။

ကျန်ရှိသော လက်နက်ကိုင်နှစ်ယောက်က တိုက်ခိုက်ရေး အစီအစဉ် ဆွဲထားပုံရသည်။ တစ်ယောက်က အဆောက်အအုံထဲ ခုန်ဝင်လာပြီး ကျန်တစ်ယောက်က အပြင်ဘက်တွင် သေနတ်ကို မြှောက်ကာ အသင့်ပြင်ထားသည်။ ဂွမ်ထက်ဂျူက ဘေးဘီကို အလျင်အမြန် ကြည့်လိုက်မိသည်။ သူ ပုန်းအောင်းရန် နေရာမရှိသလို သင့်လျော်သော လက်နက်လည်း မတွေ့ရပေ။

ထိုအချိန်တွင် ရုတ်တရက် အောက်ဘက်မှ သေနတ်သံများ ထွက်ပေါ်လာသည်။ ဂွမ်ထက်ဂျူက သေနတ်သံများ၏ လာရာအရပ်ကို ဂရုတစိုက် နားထောင်ကြည့်လိုက်သည်။ တစ်ခဏအတွင်းမှာပင် ဆုတ်ဖြဲခံရသလို နာကျင်စွာ အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။

"အူးးးးး"

'မဟုတ်ဘူး ဒါက ဟိန်းသံနဲ့ ပိုတူတယ်။ အရမ်းမဝေးဘူး။ အောက်နားလေးက တစ်နေရာမှာပဲ။'

ခဏစောင့်ကြည့်ပြီးနောက် အဆောက်အအုံ ပြင်ပသို့ ကြည့်လိုက်သည်။ အပြင်တွင် စောင့်နေသော အမျိုးသားကလည်း စိတ်ရှုပ်ထွေးဟန်ဖြင့် ပတ်ပတ်လည်ကို ကြည့်နေလေသည်။ သေနတ်သံများနှင့် အော်ဟစ်သံများကြောင့် ထိုသူသည်လည်း အံ့အားသင့်နေပုံရသည်။ သူက ဂွမ်ထက်ဂျူကို မြင်လိုက်သည်နှင့် သေနတ်မောင်းခလုတ်ကို ချက်ချင်း ဆွဲလိုက်သည်။

ထို့ကြောင့် ဂွမ်ထက်ဂျူ ခေါင်းငုံ့ကာ အလျင်အမြန် ရှောင်တိမ်းလိုက်ရသည်။ ဂွမ်ထက်ဂျူကလည်း ထိုအမျိုးသားနည်းတူပင် ဘာဖြစ်နေလဲဆိုတာ မသိပါပေ။

မကြာခင် အပြင်ဘက်ရှိ အမျိုးသားက အဆောက်အအုံထဲသို့ ဝင်ရောက်လာသည်။

ခွက် ခွက် ခွက်

လှေကားပေါ်ကို တက်လာသည့် ဖိနပ်သံက စည်းချက်ညီညီ ထွက်ပေါ်လာသည်။

'နီးလာပြီ၊ သူ ရောက်လာတော့မယ်... ငါ ဘာလုပ်ရမလဲ... ဟင်းး'

သူ့တွင် တခြားရွေးချယ်စရာ မရှိတော့ပေ။ ညာဘက် ရှပ်အင်္ကျီလက်မှ ကြယ်သီးကို ဆွဲဖြုတ်လိုက်၏။ ကြယ်သီးက ပြုတ်ထွက်လာသည်နှင့် စက်သံတစ်ခု ပြုလုပ်ကာ ဝါယာကြိုးရှည်ကို ထုတ်ပေးလိုက်လေသည်။

ထိုကြယ်သီးက အထူးဖန်တီးထားသော ဗုံးငယ်တစ်ခုပင်။ သေနတ်သမား ရောက်လာလျှင် သူက ဗုံးဖြင့် ပစ်ပေါက်ပြီး ထွက်ပြေးမည် ဖြစ်သည်။

ဂွမ်ထက်ဂျူ ဝါယာကြိုးကို ဆွဲဖြတ်လိုက်ပြီး ဗုံးငယ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း သေနတ်သမား ပေါ်လာမည့်အချိန်ကို စောင့်နေလေသည်။

"..?"

သို့သော် ထိုသူက အတော်ကြာသည်အထိ ပေါ်မလာပေ။ အဆောက်အအုံ တစ်ခုလုံးက ဂွမ်ထက်ဂျူ တစ်ယောက်တည်း ရှိနေသကဲ့သို့ တိတ်ဆိတ်လွန်းနေပြီး ခြေသံမပြောနှင့် အသက်ရှူသံပင် မကြားရပေ။

'ဘာဖြစ်သွားတာလဲ... သူ တစ်နေရာရာမှာ ပုန်းနေပြီး ငါ့ကို သတ်ဖို့ စောင့်နေတာလား'

ဂွမ်ထက်ဂျူက အတွေးများဖြင့် ဘေးဘီကို ဂရုတစိုက် ကြည့်လိုက်သည်။ မည်သူမျှ မရှိနေ။ ဤအချိန်တွင် ဘာတွေ ဖြစ်နေလဲဆိုသည့် မေးခွန်းက သိချင်စိတ်၏ အမြင့်ဆုံးကို ရောက်ရှိသွားလေပြီ။

"..."

ရုတ်တရက် သူ၏ မျက်နှာဘေးသို့ တစ်စုံတစ်ရာက ရောက်ရှိလာသည်။ ဂွမ်ထက်ဂျူ လှည့်ကြည့်လိုက်ရာ...

ကြီးမားလှသည့် လက်တစ်ဖက် ဖြစ်နေ၏။ ထိုလက်တစ်ဖက်၏ အဆုံးတွင် လူတစ်ဦး၏ ခေါင်းက ဆွဲမြှောက်ခြင်း ခံထားရသည်။

ဆွဲမြှောက်ခံထားရသူမှာ အဆောက်အအုံထဲသို့ ဝင်လာခဲ့သော အမျိုးသားပင်။ ဂွမ်ထက်ဂျူက ဝတ်ထားသည့် အဝတ်အစား ကြည့်ပြီးသာ ခန့်မှန်းနိုင်ခဲ့ခြင်း ဖြစ်ပြီး မျက်နှာတစ်ခုလုံးက ဘီလူးသရဲလို တုတ်ခိုင်သည့် လက်များအောက်တွင် ပျောက်ကွယ်နေလေသည်။

ပိုပြီး တိတိကျကျပြောရလျှင် လက်ချောင်းရှည်များက ထိုအမျိုးသား၏ မျက်လုံးအိမ်ထဲကို ဝင်ရောက်နေသည်။ အမျိုးသားမှာ မျက်လုံးများ ထိုးဖောက်ခံထားရပြီး မျက်လုံးအိမ်ထဲသို့တိုင် ထိုးထည့်ခံထားရကာ ဦးခေါင်းက လက်ချောင်းရှည်များ၌ ချိတ်ထားခံရသလိုဖြစ်လျက် လေပေါ်တွင် တန်းလန်း ဆွဲခံထားရသည်။ သူ၏ ခြေထောက်များသည် လေထဲတွင် တန်းလန်းကျနေကာ တုန်ရီနေကြ၏။

"အား... အား... အွတ်..."

ထိုသူက သန်မာလှသော လက်တွင်း၌ အသည်းအသန် ရုန်းကန်နေရသည်။ ဂွမ်ထက်ဂျူက ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိပြီး ကျောထဲ စိမ့်တက်လာခြင်းကြောင့် ချက်ချင်းပင် မျက်နှာလွှဲလိုက်မိသည်။

ထို ဘီလူးကဲ့သို့သောလက်၏ ပိုင်ရှင်သည် ဘယ်သူလဲဆိုတာ သိရန်ပင် ခေါင်းကို လှည့်မကြည့်ရဲပေ။ ဤသည်မှာ သတ္တိကြောင့် မဟုတ်ဘဲ ဗီဇအရ ငြင်းပယ်မှု ဖြစ်လေသည်။ သူ အသက်ပင် မရှူရဲတော့ပေ။

သန်မာလှသော လက်ပိုင်ရှင်က ထိုအမျိုးသားကို ခန္ဓာကိုယ်တွင် ကပ်နေသော ဆံချည်တစ်မျှင်ကို ဖယ်ရှားသကဲ့သို့ ခါချလိုက်သည်မှာ အနည်းငယ်ပင် တုံ့ဆိုင်းခြင်း မရှိချေ။

အုန်း

အဆောက်အအုံအောက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။

ယခု ကျန်ရှိသည်မှာ ဂွမ်ထက်ဂျူ တစ်ယောက်သာ ဖြစ်သည်။ မဟုတ်သေး၊ ဆန်းကြယ်သော လူသတ်သမား လည်း ရှိသေး၏။

ထိုလူသတ်သမားနှင့် သူ၏ အကွာအဝေးက လက်တကမ်းသာ။ အမှောင်ထုအတွင်း၌ လူသတ်သမား၏ မျက်လုံးများမှာ သားကောင်ကို ရှာဖွေနေသော သားရဲတစ်ကောင် ကဲ့သို့ပင်။

ဂွမ်ထက်ဂျူက သူ ပြန်ပေးဆွဲခံရချိန်မှစ၍ လျပ်တပြက် မြင်တွေ့ခဲ့ရသော အရာက ထိုသူဖြစ်ကြောင်း သိရှိ သွားလေပြီ။

ဂွမ်ထက်ဂျူက မျက်လုံးများကို မှိတ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ထို့နောက် အသက်ကို ခပ်ပြင်းပြင်း ရှုလိုက်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်၏။ တစ်ချိန်တည်းမှာပင် လူလား ဘီလူးလားမှန်း မသိသည့် ထိုအရာကလည်း ရုတ်တရက် လှုပ်ရှားလာခဲ့သည်။

သူ့အရပ်ကိုပင် အုပ်မိုးထားနိုင်သည့် ဝိုးတဝါး အရိပ်တစ်ခု၊ နှာခေါင်းဖျားကို ထုံကျဉ်သွားစေသော စူးစူးရှရှအနံ့၊ အညံ့ခံသွားစေနိုင်သည့် အေးစက်စက်ဖိအား တို့ကို ဂွမ်ထက်ဂျူ ခံစားနေမိသည်။

သူက ဗုံးငယ်ကို အသင့်အနေအထားဖြင့် ကိုင်ဆောင်ထားဆဲပင်။

'သူ ဘယ်လောက်ပဲ မြန်နေပါစေ... ဗုံးပေါက်ရင်တော့ လွတ်မှာ မဟုတ်ဘူး'

သူတို့နှစ်ဦးက လက်တစ်ကမ်းစာပင် မဝေးတော့ပေ။ ကံမကောင်းပါက သူ၏ လက်ချောင်းများက ပြတ်ထွက်သွားနိုင်သည်။ သို့သော် ရန်သူ၏ဦးခေါင်းကို ရမည်ဆိုပါက တန်ပေသည်။

ဂွမ်ထက်ဂျူသည် သူ့လက်ထဲမှ ဗုံးငယ်ကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။ ရန်သူ၏ မျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်ထဲသို့ ပစ်ထည့်ရန် ရည်ရွယ်ထားသည်။

ထိုဆုံးဖြတ်ချက်ဖြင့် သူ လှည့်လိုက်၏။

သို့သော် ဂွမ်ထက်ဂျူ မလှုပ်ရှားမီ ဗုံးကိုင်ထားသော လက်က ရုတ်တရက် ဆုပ်ကိုင် ခံလိုက်ရသည်။ ဗုံးက သူ့လက်မှ လွတ်ထွက်သွားပြီး အဝေးသို့ လွင့်ထွက်သွားလေသည်။ ဂွမ်ထက်ဂျူက မျက်လုံးများကို တင်းတင်းကျပ်ကျပ် မှိတ်လိုက်သော်လည်း ပေါက်ကွဲသံက အဆောက်အအုံအောက်မှ ထွက်ပေါ်လာခဲ့၏။

ပေါက်ကွဲမှုကြောင့် အပူချိန် မြင့်တက်သွားချိန်သည် သူ၏ နောက်ဆုံး လက်နက် အချည်းနှီး ဖျပ်ဆီးခံလိုက်ရသည့် အချိန် ဖြစ်လေသည်။

ပေါက်ကွဲမှု အရှိန်ကြောင့် သူ၏ဦးခေါင်းကို ကြမ်းပြင်နှင့် တစ်သားတည်းဖြစ်အောင် ဝပ်ချထားလိုက်သည်။ မျက်စိရှေ့တွင် မြင်ရသည့် တစ်ခုတည်းသော အရာက ရှည်လျားသော ခြေတံတစ်စုံနှင့် မိကျောင်းသားရေ ဖိနပ်တစ်ရံ ဖြစ်လေသည်။ ထူးခြားသော အချွန်အတက်ရှိသည့် ထိုဖိနပ်ကို မဂ္ဂဇင်းများတွင် သူ မြင်တွေ့ခဲ့ဖူးသည်။ ၎င်း၏ စျေးနှုန်းမှာ ဒေါ်လာ ၄ ထောင်ခန့် ဖြစ်သည်။ လူသတ်သမားတစ်ယောက်အတွက် မသင့်လျော်သော ဇိမ်ခံပစ္စည်းတစ်ခုပင်။

"ညစ်ပတ်နေပြီ... ချွတ်လိုက်ပါလား"

ထိုသူ၏ ပထမဆုံး စကားများပင်။ အသံက ထင်သလောက် သြရှနေခြင်းမရှိသောကြောင့် လူရွယ်တစ်ဦး ဖြစ်ပုံရသည်။

သို့သော် ထိုလူက ဂွမ်ထက်ဂျူကို ဘာတွေ ချွတ်ခိုင်းနေတာလဲ။ ညစ်ပတ်နေသည့် တစ်ခုတည်းသောအရာသည် အခြားလူ၏ မျက်လုံးကို ထိုးထားသည့် သူ့လက်ပင်။

သူ့ကိုယ်ပေါ်က နောက်ဆုံးလက်ကျန် ရှပ်အင်္ကျီကို ချွတ်ယူခံလိုက်ရပါက အသတ်မခံရမီ အေးခဲ သေဆုံးသွားလိမ့်မည်။

သို့သော် ရန်သူက စိတ်ရှည်ပုံ မရပေ။ ချက်ချင်းပင် ကော့သေနတ်ပြောင်း တစ်ခုက ဂွမ်ထက်ဂျူ၏ ဦးခေါင်းပေါ်သို့ ရောက်ရှိလာသည်။

"သေစမ်း"

သူ့တွင် အခြား ရွေးချယ်စရာ မရှိတော့ပေ။ ရှပ်အင်္ကျီ ကြယ်သီးများကို ချက်ချင်း ဖြုတ်လိုက်ရတော့သည်။ ရန်သူက သူ၏ ညာလက်ကို ဖမ်းဆုပ်ထားသဖြင့် ဘယ်လက်ကိုသာ အသုံးပြုနိုင်ခဲ့သည်။ ထို့အပြင် ရှပ်အင်္ကျီက အသစ်ဖြစ်လေရာ ကြယ်သီးပေါက်များက ကြပ်နေပြီး အတော်လေး ဖြုတ်ရခက်နေသည်။ သူ ဒုတိယကြယ်သီးကို ဖြုတ်လုဆဲဆဲတွင် ရန်သူက ရှပ်အင်္ကျီ၏ နောက်ကျောကို ဆွဲကိုင်လိုက်သည်။

ဗြီ

ရှပ်အင်္ကျီမှာ ချက်ချင်း ပြဲသွားလေသည်။

ထို့နောက် သူ၏လက်ပေါ်သို့ အေးစက်သော အရာတစ်ခုက ရောက်ရှိလာခဲ့သည်။ ဂွမ်ထက်ဂျူ လက်ကို နောက်ဆုတ် လိုက်ချိန်တွင် မြည်လာသော တချွင်ချွင် အသံကြောင့် လက်ထိပ်တစ်ခုက မှန်းသိလိုက်ရသည်။ ကျန်လက်ထိပ်တစ်ဖက်က အနီးအနားရှိ သံတန်းတစ်ခုတွင် ချည်ထားခံလိုက်ရ၏။ သို့သော် သူ့ခေါင်းက ကြမ်းပြင်ပေါ်တွင်သာ ခေါင်းငုံလျက် ရှိနေသေးသည်။

သူ့ဘေးမှ လူရိပ်က ဖြည်းဖြည်းချင်း ရွေ့လျားသွားပြီး ရပ်တန့်လိုက်သည့်အခါ သွေးများနှင့် ချွေးများဖြင့် ညစ်ပေနေသော အင်္ကျီက ကြမ်းပြင်ပေါ်ကို ပြုတ်ကျလာသည်။

ထို့နောက် အသက်ကို ပြင်းပြင်းရှူပြီး အရှည်ကြီးဆွဲကာ ရှူထုတ်လိုက်သံကို ကြားလိုက်ရသည်။

‘ဆေးလိပ်သောက်နေတာလား’

ထိုလူ၏ အသက်ရှူနှုန်း နှေးကွေး လာတာသည်နှင့်အမျှ ဆေးလိပ်နံ့ပျော့ပျော့တစ်ခုက ဂွမ်ထက်ဂျူ၏ နှာခေါင်းအတွင်း တိုးဝင်လာလေသည်။

အနံ့က သာမန်ဆေးရွက်ကြီးနံ့လို ပေါ့ပါးသော အနံ့ မဟုတ်ဘဲ စပ်ရှားရှား အရသာတစ်ခု ရှိနေပြီး စိုထိုင်းမှုကိုပါ ထူးထူးခြားခြား ခံစားလိုက်ရသည်။

'ဒါက ဘာလဲ'

သူ၏ ဇောက်ထိုးဖြစ်နေသော မြင်ကွင်းထဲသို့ တစ်စုံတစ်ခုက ကျလာခဲ့သည်။

သောက်လက်စ လက်လုပ်ဆေးပြင်းလိပ် တစ်ခု...

ထိုအခြေအနေတွင် ထိုလူက ရန်သူကို ကျောခိုင်းကာ အေးအေးလူလူ ဆေးလိပ်သောက်နေခြင်းပင်။

ထိုလူသည် ဆေးလိပ်သောက်ပြီးသည်နှင့် ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။ ဖြောင့်တန်းသော ခြေထောက်များက တဖြည်းဖြည်း အဝေးသို့ ရွေ့သွားနေသည်ကို ဂွမ်ထက်ဂျူ မြင်လိုက်ရသည်။

ထူဆန်းသောလူက သူ့လက်ထိပ်ကို ပြန်ယူရန် ရည်ရွယ်ချက် ရှိပုံမရဘဲ လှေကားမှ ဆင်းသွားလေသည်။ ဆင်းသွားသည့်လူ၏ ကျောပြင်ကို အတော်ကြာကြာထိ မြင်နေရသောကြောင့် လူသတ်သမားက အရပ်ရှည်ကြောင်း မှတ်သားထားလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသား ပျောက်ကွယ်သွားမှသာ ဂွမ်ထက်ဂျူ သက်ပြင်းချနိုင်တော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အင်အား လုံးဝမရှိတော့ပေ။ အေးစက်လှသော လေထုကလည်း သူ့အား မညှာမတာ နှိပ်စက်နေလျက် ရှိသည်။

'တောက်'

ဂွမ်ထက်ဂျူက စိတ်ပျက်အားငယ်စွာ ကြမ်းပြင်ပေါ် လှဲလျောင်းနေမိသည်။

မကြာမီ ရင်းနှီးသော အသံတစ်သံက သူ၏ နားထဲသို့ ရောက်လာသည်။ အသံက အဝေးမှ ကြားနေရာကနေ တဖြည်းဖြည်း နီးကပ်လာနေသည်။

ရဲကား ဥဩသံပင်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment