နှုတ်ဆက်စကား
'Code Name Anastasia' ဆိုတဲ့ ဒီဝတ္ထုရှည်ကြီးကို စတင်ဘာသာပြန်ဆိုကတည်းက ဇာတ်သိမ်းပိုင်းအထိ စာဖတ်သူတို့နဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားစွာ ဖြတ်သန်းခဲ့ရတဲ့ ခရီးစဉ်လေးကတော့ အခုဆိုရင် ချိုမြိန်စွာ ပြီးဆုံးသွားခဲ့ပါပြီ။
ဘာသာပြန်သူတစ်ယောက်အနေနဲ့ ဒီဇာတ်လမ်းလေးရဲ့ နောက်ဆုံးအခန်းအထိ ဘာသာပြန်ပြီးချိန်မှာ ရင်ထဲ လှိုက်ဖိုနွေးထွေးမှုနဲ့အတူ ဝမ်းနည်းဆွေးမြည့်မှု ခံစားချက်လေးတစ်ခုပါ ကျန်ရစ်ခဲ့ပါတယ်။
"စောင့်နေပေးနိုင်မလား" လို့ ပြောခဲ့တဲ့ ဂွမ်ထက်ဂျူကြောင့် ရင်ထဲ မကောင်းနိုင်ပေမဲ့ "ငါ့ဘဝမှာ ဒီလောက်အထိ မပျော်ရွှင်ဖူးဘူး" ဆိုတဲ့ ဇန်းညာရဲ့ ဝန်ခံစကားလေး နဲ့ ဇန်းညာရဲ့ မျက်နှာပေါ်က တောက်ပလှပတဲ့ အပြုံးလေးတစ်ခုကိုတော့ စာရေးဆရာ နှစ်သိမ့်ဆုအဖြစ် ပေးခဲ့ပါတယ်။
ဒီဝတ္ထုလေးကို အစအဆုံး အားပေးခဲ့ကြပြီး၊ ကျွန်တော်နဲ့အတူ ဇန်းညာနဲ့ ထက်ဂျူတို့ရဲ့ ကမ္ဘာလေးထဲမှာ လိုက်ပါစီးမြောပေးခဲ့ကြတဲ့ စာဖတ်ပရိသတ်တစ်ဦးချင်းစီကို အထူး ကျေးဇူးတင်ရှိပါတယ်။ နောက်ထပ်လည်း စိတ်ဝင်စားစရာကောင်းပြီး ရသမြောက် ဝတ္ထုကောင်းလေးတွေနဲ့ ပြန်လည်ဆုံတွေ့ကြဦးမယ်လို့ မျှော်လင့်ပါတယ်။