no

Font
Theme

အခန်း (၇၆)

"စိတ်ကူးယဉ်တတ်သူ"

ဖုန့်ကျိုးယွဲ့ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်နေမိသည်။

“စိတ်မဆိုးနဲ့၊ စိတ်မဆိုးနဲ့၊ စိတ်မဆိုးနဲ့။ မင်း ဘယ်တော့မှ ထပ်ပြီး စိတ်မဆိုးရဘူး။ ရှဲ့ယန်လို ခွေးစုတ်နဲ့ အဆင့်တူ သွားမပြိုင်နဲ့။ ခဏလောက် သည်းခံလိုက်ရင် အရာရာ အေးချမ်းသွားလိမ့်မယ်”

တကယ်တော့ ရှဲ့ယန်ကို တခြားတစ်ယောက် သွားရှာခိုင်းသည်မှာ ဒေါသအလျောက် ပြောထွက်သွားသည့် စကားသာ ဖြစ်သည်။ အကယ်၍ ရှဲ့ယန်က တကယ်ပဲ တခြားတစ်ယောက် သွားရှာခဲ့လျှင် သူ ဒေါသထွက်ပြီး သေဆုံးသွားနိုင်ပေသည်။ ဘာပဲဖြစ်ဖြစ် အခုလောလောဆယ် အစီအစဉ်မှာ ရှဲ့ယန်လို ခွေးစုတ်ကို ချော့မြှူပြီး ရန်မဖြစ်ဘဲ နေဖို့သာ ဖြစ်သည်။

ထိုသို့ တွေးပြီးနောက် ဖုန့်ကျိုးယွဲ့ ဝေေဝဝါးဝါး မျက်လုံးများဖြင့် ရှဲ့ယန်ကို ကြည့်လိုက်သည်။ ရှဲ့ယန်သည် အပြင်မှ ပြန်လာသည်နှင့် သူ့ထံသို့ တန်းတန်းမတ်မတ် လာခဲ့ပုံရသည်။ ဆံပင်များမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေပြီး အပြင်သွားဝတ်စုံကိုပင် မလဲရသေးသလို ရေလည်း မချိုးရသေးပေ၊ သူ့ထံမှ အရက်နံ့များပင် ထွက်နေသေးသည်။

ဒီညတွင် ရှဲ့ယန်သည် ပန်းနွယ်ပုံစံများပါသော လရောင်ဖြူဝတ်ရုံကို ဝတ်ဆင်ထားသည်။ ပုခုံးကျယ်ကျယ်နှင့် သေးကျင်သော ခါးကို ပေါ်လွင်စေသည့် ထိုဝတ်စုံနှင့် ရှဲ့ယန်မှာ လရောင်အောက်တွင် ကမ္ဘာမြေသို့ ခေတ္တဆင်းသက်လာသည့် နတ်သားတစ်ပါးကဲ့သို့ပင် ထူးခြားတင့်တယ်နေသည်။

ရှဲ့ယန်သည် မိမိကိုယ်မိမိ မည်မျှ ဆွဲဆောင်မှုရှိသည်ကို သိသော်လည်း ဤကဲ့သို့ တောက်ပြောင်သော ဝတ်စုံမျိုးကို ဝတ်ခဲလှသည်။ ပုံမှန်ဆိုလျှင် အမည်းရောင် သို့မဟုတ် အဖြူရောင်ကိုသာ ဝတ်တတ်သည့် ရှဲ့ယန်က ဘာကြောင့် ယခုကဲ့သို့ ဝတ်ဆင်ရသနည်း။ ရှဲ့ယန်သည် မြို့အရာရှိ၏ တည်ခင်းဧည့်ခံပွဲသို့ တက်ရောက်ခဲ့သည်ဟု အစေခံ ပြောပြချက်ကို ဖုန့်ကျိုးယွဲ့ ပြန်သတိရလိုက်သည်။ ထိုပွဲတွင် သူတစ်ပါး အာရုံစိုက်ခံရအောင် ဤသို့ ဝတ်ဆင်သွားခြင်းလား။

ဘာလို့ ထုံးစံအတိုင်း အေးစက်တဲ့ အရောင်တွေ မဝတ်တာလဲ။ ဘာလို့ တမင်တကာ ပြင်ဆင်သွားရတာလဲ။ နောက်မှ ရှင်းရခက်မယ့် အရှုပ်အထွေးတွေ ဖြစ်လာမှာကို မကြောက်ဘူးလား။

ဖုန့်ကျိုးယွဲ့ ရင်ထဲတွင် မကျေနပ်မှုများ စတင်ဖြစ်ပေါ်လာသည်။ ရှဲ့ယန်က ချောမောသူဖြစ်သဖြင့် ပွဲတက်ရာတွင် သေသပ်စွာ ဝတ်ဆင်သင့်သည်မှာ မှန်သော်လည်း၊ သူ၏ စိတ်ထဲတွင်မူ လေးလံပြီး အသက်ရှူရ ကျပ်လာသကဲ့သို့ ခံစားရသည်။

ဤသို့ ဝတ်ဆင်ထားသော ရှဲ့ယန်ကို မည်သူကမှ ငြင်းဆန်နိုင်မည် မဟုတ်ပေ။ ရှဲ့ယန်တွင် အိမ်ထောင်သည် ကျင့်ဝတ် လုံးဝမရှိပေ။ သူနှင့် လက်ထပ်ပြီး အတူနေနေလျက်နှင့် အပြင်ထွက်ကာ သူတစ်ပါးကို ဆွဲဆောင်ရဲသေးသည်။ သိပ်မုန်းဖို့ကောင်းသည်။ သူကကော ဘာလို့ ဒီလောက် ဂရုစိုက်နေမိတာလဲ။ တခြားတစ်ယောက် သွားရှာပါလို့ ပြောခဲ့သူမှာ သူကိုယ်တိုင် ဖြစ်သော်လည်း၊ အခုကျမှ ရင်ထဲမှာ အောင့်သက်သက် ဖြစ်နေရပြန်သည်။

"ဘာလဲ... စကားမပြောနိုင်တော့ဘူးလား"

ရှဲ့ယန်သည် သူ၏ ဝတ်ရုံပေါ်က ပန်းပုံစံများကို ငေးကြည့်ပြီးမှ ခေါင်းငုံ့သွားသော ဖုန့်ကျိုစယွဲ့ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် လက်လှမ်းကာ မေးစေ့ကို ဆွဲမလိုက်သည်။

ရှဲ့ယန်၏ လက်ချောင်းများမှာ အေးစက်နေသော်လည်း အရင်ကကဲ့သို့ ကြမ်းတမ်းခြင်း မရှိပေ။ ကြောင်လေး သို့မဟုတ် ခွေးလေးကို ချော့မြှူနေသကဲ့သို့ သူ၏ မေးစေ့အောက်က နူးညံ့သောအသားကို လက်ချောင်းနှစ်ချောင်းဖြင့် အသာအယာ ကုတ်ပေးနေသည်။ ရှဲ့ယန်က သူ့ကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို တကယ်ပဲ သဘောထားနေပုံရသည်။

"စိတ်ပြောင်းသွားပြီလား"

"ငါ့ကို တခြားတစ်ယောက် မရှာစေချင်တော့ဘူးလား"

ရှဲ့ယန်သည် ဖုန့်ကျိုးယွဲ့၏ မျက်နှာကို လက်ဖြင့်ကိုင်ကာ ဘယ်ပြန်ညာပြန် ကြည့်နေပြီး၊ တစ်ခါတစ်ရံ သူ၏ ညာဘက်မျက်လုံးအောက်က မျက်ရည်ခံမှဲ့လေးကို လျက်ပေးတတ်သည်။ ရှဲ့ယန်၏ အရက်နံ့ပါသော ထွက်သက်နွေးနွေးက ဖုန့်ကျိုးယွဲ့ မျက်နှာပေါ်သို့ ကျရောက်လာသည်။ ရှဲ့ယန် ဘယ်လောက်တောင် သောက်ထားသနည်း။ ဖုန့်ကျိုးယွဲ့ မျက်မှောင်ကြုတ်ကာ ရှဲ့ယန်၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။

ရှဲ့ယန်၏ မျက်လုံးများမှာ အလွန်ပင် လှပသည်။ ရှားပါးသော မျက်လုံးအရောင်ကြောင့်သာမက မျက်လုံးပုံစံကြောင့်လည်း ဖြစ်သည်။ ပြုံးလိုက်လျှင် စမ်းရေစိမ့်ထွက်နေသကဲ့သို့ ရှိသော်လည်း၊ အေးစက်စွာ ကြည့်လိုက်လျှင်မူ လူတစ်ယောက်ကို တုန်လှုပ်သွားစေနိုင်သည့် စူးရှမှုမျိုး ရှိသည်။

ဒါဟာ ဖုန့်ကျိုးယွဲ့၏ မျက်လုံးများနှင့် လုံးဝ ကွဲပြားသည်။

သူ့မျက်လုံးများမှာ ရှဲ့ယန်ကဲ့သို့ ဘယ်သောအခါမှ မစူးရှပေ၊ အမြဲတမ်း ရီဝေနေသကဲ့သို့ ရှိသည်။ ထို့ကြောင့် အရင်က သူ့ကို အနိုင်ကျင့်သူများက "ကြည့်စမ်း... မိန်းကလေးလေးက ငိုတော့မယ်" ဟု လှောင်ပြောင်းလေ့ရှိကြသည်။

တကယ်တော့ သူ ငိုနေခြင်း မဟုတ်ပေ၊ သူ့မျက်ခွံများက ပါးလွန်းသဖြင့် စိတ်လှုပ်ရှားလျှင် ထိုသို့ ပုံစံပေါက်သွားခြင်းသာ ဖြစ်သည်။ ရှဲ့ယန်လိုသာ ချောမောခဲ့လျှင် သူတစ်ပါး အနိုင်ကျင့်တာ ခံရမည်မဟုတ်သလို၊ ရှဲ့ယန် တခြားတစ်ယောက်ဆီ သွားမှာကိုလည်း စိတ်ပူနေရမည် မဟုတ်ပေ။

ထိုသို့ တွေးကာ ဖုန့်ကျိုးယွဲ့ တွန့်ဆုတ်စွာ ခေါင်းညိတ်လိုက်သည်။ ရှဲ့ယန်သည် သူ လေးနှစ်နီးပါး ကြိုးစားကာကွယ်လာခဲ့သည့် ရတနာဖြစ်သဖြင့် ဒေါသတကြီး ပြောခဲ့သော စကားကြောင့် သူတစ်ပါး လက်ထဲသို့ မထည့်နိုင်ပေ။ အလျှော့ပေးလိုက်ခြင်းမှာ ရှုံးနိမ့်သွားခြင်း မဟုတ်ဟု ကိုယ့်ကိုယ်ကို ဖြေသိမ့်မိသည်။

သူတို့နှစ်ဦး၏ ဆက်ဆံရေးတွင် သူကသာ အမြဲ အလျှော့ပေးခဲ့ရသည်မှာ ထုံးစံလို ဖြစ်နေပြီ။ ရှဲ့ယန်က အလွန်ချောမောပြီး တော်လွန်းသလို သူ့အသက်ကိုလည်း ကယ်ခဲ့ဖူးတာကိုး။ သူကကျတော့ ဘာမှမဟုတ်သလို ရှဲ့ယန်ရဲ့ ခြေထောက်နှစ်ဖက်ကိုတောင် ကျိုးစေခဲ့သေးသည်။

ဒါကို ကြည့်ရင် သူသည် ရှဲ့ယန်ကို ဘယ်တော့မှ အနိုင်ရမည် မဟုတ်ဘဲ အမြဲတမ်း အရှက်တကွဲ အလျှော့ပေးနေရဦးမည်သာ ဖြစ်သည်။

"ဟက်"

ဖုန့်ကျိုးယွဲ့ အလျှော့ပေးသည့် ပုံစံကို မြင်သောအခါ ရှဲ့ယန်က လှောင်ပြုံးပြုံးကာ အောင်နိုင်သူတစ်ယောက်ကဲ့သို့ ဝှီးချဲပေါ်တွင် မှီလိုက်သည်။ လက်တစ်ဖက်က ဖုန်းကျို့ယွဲ့၏ ခါးကို ပွတ်သပ်နေပြီး ကျန်လက်တစ်ဖက်က မေးစေ့ကို ထောက်ထားသည်။

"တခြားတစ်ယောက် မရှာနဲ့ဆိုရင် ငါက မရှာဘဲ နေရမှာလား။ ငါက ဘာလို့ မင်းစကားကို နားထောင်ရမှာလဲ။ ငါက ဇွတ်အတင်း သွားရှာမယ်ဆိုရင် မင်းက ဘာလုပ်နိုင်မှာလဲ"

ရှဲ့ယန်က သူ့ကို တမင်ဒေါသထွက်အောင် ပြောနေမှန်း သိသော်လည်း ဖုန့်ကျိုးယွဲ့ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်လာကာ မျက်ရည်များ ဝဲလာသည်။ ဖုန့်ကျိုးယွဲ့ လက်ချောင်းလေးများကို ဆုပ်လိုက်ဖြေလိုက် လုပ်ရင်း တိုးတိုးလေး ပြန်ပြောလိုက်သည်။

"ဒါဆိုရင် ငါက အစေခံကို မင်နဲ့ တွေ့ချင်တယ်လို့ ပြောလိုက်တာပဲ ရှိတာ၊ ဒီညပဲ လာရမယ်လို့ မပြောခဲ့ပါဘူး။ မင်းက ဘာလို့ ရေတောင်မချိုး၊ အဝတ်အစားတောင် မလဲဘဲ ဒီလောက် အလောတကြီး ပြန်လာရတာလဲ။ ငါ့ကို တွေ့ဖို့ ဘာလို့ ဒီလောက် စိတ်လောနေရတာလဲ။ အဲဒါ ဘာကို ဆိုလိုတာလဲ"

"မင်း တကယ် ဂရုမစိုက်ဘူးဆိုရင် မလာဘဲ နေလို့ရတာပဲ။ ဒါပေမဲ့ မင်း ငါ့ကို တွေ့ဖို့ အပြေးအလွှား လာခဲ့တာ မဟုတ်လား"

"မင်း ငါ့ကို ချစ်နေတာပဲ"

"ရှဲ့ယန်... မင်း ငါ့ကို ချစ်တယ်။ ဒါကို ငြင်းမနေနဲ့"

"မင်း ငါ့ကို ဖမ်းဖို့အတွက် အပင်ပန်းခံခဲ့တယ်၊ မလိုအပ်ဘဲ ယွမ်ကျိုးကိုတိုက်ပြီး ဖုန်းအိမ်တော်ကို သိမ်းခဲ့တယ်၊ အဲဒါတွေ အကုန်လုံးက ငါ့ကို မင်းအနားမှာ ရှိနေစေချင်လို့ မဟုတ်လား"

"ငါ့ကို အတူအိပ်ဖို့အတွက်ပဲ သုံးချင်တာဆိုရင် ဘာလို့ ဒီလောက် ကောင်းနေရတာလဲ။ ဆေးတွေ တိုက်တယ်၊ ကျန်းမာရေး ဂရုစိုက်ပေးတယ်၊ စားပွဲပေါ်က အစားအသောက်တွေ အကုန်လုံး ငါ ကြိုက်တာတွေ ဖြစ်အောင် လုပ်ပေးတယ်။ အကျဉ်းသားတစ်ယောက်ကိုပဲ အလိုရှိတာဆိုရင် သူ စားစား၊ မစားစား ဘာလို့ ဂရုစိုက်နေမှာလဲ"

ဖုန့်ကျိုးယွဲ့ စိတ်ထဲ ရှိသမျှ အစီအစဉ်မရှိဘဲ ပြောချလိုက်သည်။ ဒါတွေက စိတ်ကူးယဉ်နေတာ ဖြစ်နိုင်သော်လည်း ရင်ထဲမှာ အောင့်ထားရတာ ကြာပြီဖြစ်သဖြင့် အကုန် ထုတ်ပြောလိုက်မိသည်။

ရှဲ့ယန်၏ လှောင်ပြောင်မှုကို ခံရမည်မှန်း သိသော်လည်း သူ ဂရုမစိုက်တော့ပေ။ သူသည် အမြဲတမ်း လူအတစ်ယောက်လို ဖြစ်နေခဲ့ရသည်မှာ ထုံးစံပင်။

သို့သော် ဘာဖြစ်သနည်း။ အနည်းဆုံးတော့ သူသည် မိမိ၏ နှလုံးသားအပေါ် ရိုးသားသည်။ ချစ်ချိန်တွင် အကုန်ပုံအောချစ်ခဲ့ပြီး၊ မချစ်တော့လျှင်လည်း လှည့်ထွက်သွားမည်။ သူ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီးပြီမို့ နောင်တမရှိပေ။

"အဓိပ္ပါယ်မရှိတာ"

ရှဲ့ယန်က ရုတ်တရက် ပြောလိုက်ရင်း ဝံပုလွေတစ်ကောင်ကဲ့သို့ သူ့ကို စိုက်ကြည့်ကာ ခေါင်းကို ဆွဲယူပြီး သူ၏ နီမြန်းနေသော နားရွက်လေးကို ကိုက်လိုက်သည်။ ရှဲ့ယန်၏ နွေးထွေးစိုစွတ်သော လျှာက သူ့နားကို ထိတွေ့လိုက်သောအခါ ဖုန့်ကျိုးယွဲ့၏ မျက်နှာမှာ ပို၍ နီရဲသွားရသည်။

"ဖုန့်ကျိုးယွဲ့... မင်းရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောတတ်တဲ့ အကျင့်က ပိုတိုးတက်လာတာပဲ။ အရင်ကလည်း မင်း ငါ့ကို ချစ်သလိုလိုနဲ့ လှည့်စားခဲ့ဖူးတယ်။ မင်းရဲ့ ချစ်ခြင်းမေတ္တာက တန်ဖိုးနည်းပေမယ့် ငါကတော့ တန်ဖိုးထားခဲ့မိတယ်။ မင်းက အပြစ်ကင်းချင်ယောင်ဆောင်ပြီး ငါ ထိသမျှကို ကြောက်သလိုလိုနဲ့ ငါ့ကို အရင် လာဆွခဲ့တာပဲ"

"မင်းက အရင်စခဲ့ပြီးမှ၊ နောက်ဆုံး ငါ မင်းကို အခွင့်အရေးပေးမယ် ဆိုတော့လည်း မင်းက ငါ့ကို မယုံကြည်ခဲ့ဘူး"

"ပြီးတော့မှ မင်းက ရှဲ့ရှင်းကို ချစ်တာ၊ ငါ့ကို လုံးဝမချစ်ဘူးလို့ ပြောခဲ့တယ်။ ငါ့ညီနဲ့ ပေါင်းပြီး ငါ့ကို ထောင်ချောက်ဆင်ခဲ့တယ်၊ ငါ့ရဲ့ နှစ်ပေါင်းများစွာ ကြိုးစားမှုကို ဖျက်ဆီးပြီး ငါ့ကို လူစဉ်မမီတဲ့ ဒုက္ခိတတစ်ယောက် ဖြစ်အောင် လုပ်ခဲ့တယ်"

"အခု ငါက မင်းကို လက်ထဲမှာ မိမိရရ ဖမ်းထားနိုင်မှ မင်းက လာပြီး သရုပ်ဆောင်နေပြန်ပြီ။ မင်းနဲ့ ရှဲ့ရှင်းတို့ နောက်ထပ် ဘာအကြံအစည်တွေ ရှိနေပြန်ပြီလဲ။ ဒါမှမဟုတ် ငါက ပြန်ပြီး ကောင်းနေပြီလို့ ထင်သွားလို့လား။ မင်းရဲ့ တန်ဖိုးနည်းတဲ့ အချစ်တွေနဲ့ ငါ့ကို ထပ်ပြီး အရည်ဖျော်ဖို့ ကြိုးစားနေတာလား"

"ဖုန့်ကျိုးယွဲ့... ငါ မင်းကို ပြောပြီးသား" ရှဲ့ယန်က ရင့်သီးစွာ ပြောဆိုရင်း သူ၏ နားရွက်ကို ခပ်နာနာ ကိုက်လိုက်သည်။

သူသည် နာကျင်မှုကို အောင့်ခံထားရပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။ ရှဲ့ယန်၏ လက်မောင်းကို ဆွဲကိုင်ကာ တားဆီးရန် ကြိုးစားသော်လည်း ရှဲ့ယန်၏ ရက်စက်သော စကားကို ထပ်ကြားလိုက်ရသည်။

"နောင်ကို ငါ့ရှေ့မှာ သရုပ်ဆောင်နေစရာ မလိုသလို၊ မင်းရဲ့ စိတ်ရင်းကိုလည်း ငါ့ကို ပြမနေနဲ့။ အကယ်၍ မင်းက တကယ် သရုပ်ဆောင်ချင်တယ် ဆိုရင်တော့ မင်းရဲ့ ခန္ဓာကိုယ်ကိုပဲ သုံးပြီး ငါ့ကို ပြန်ပေးဆပ်လိုက်စမ်းပါ"

"သမားတော်က မရဘူးလို့ ပြောထားတယ်လေ"

ဖုန့်ကျိုးယွဲ့ အသက်ကို ပြင်းပြင်းရှူရင်း ငိုယိုကာ ပြောလိုက်သည်။

"ရှဲ့ယန်... တစ်လတောင် မပြည့်သေးဘူးလေ"

"အိုး..."

ရှဲ့ယန်၏ လှုပ်ရှားမှုများမှာ ရပ်တန့်မသွားပေ။ ရှဲ့ယန်က သူ၏ နားရွက်နားတွင် လေတိုးတိုးမှုတ်ကာ အေးစက်စွာ ပြောသည်။

"လက်နဲ့ပဲလေ"

ဒါဟာ အရှက်ခွဲမှု ဖြစ်သည်။ ရှဲ့ယန်မှာ ဝတ်ကောင်းစားလှဖြင့် တည်ငြိမ်နေသော်လည်း၊ ဖုန့်ကျိုးယွဲ့မှာမူ အရှက်ရနေရသည်။ ရှဲ့ယန်၏ အေးစက်သော လက်ချောင်းများက သူ့ကို စိတ်ဓာတ်ကျဆင်းစေသည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူ မသိတော့ပေ။ ခန္ဓာကိုယ်မှာ ချွေးများဖြင့် စိုစွတ်နေပြီး နာကျင်မှုများကို ခံစားနေရသည်။ သူ ငိုယိုကာ ရှဲ့ယန်ကို တောင်းပန်ရင်း ရှဲ့ယန်၏ နှုတ်ခမ်းထောင့်ကို နမ်းရှိုက်လိုက်သည်။ ရှဲ့ယန်က သူ့ကို စိုက်ကြည့်ရင်း တကယ်ပဲ မခံနိုင်တော့ဘူးလားဆိုသည်ကို အကဲခတ်နေသည်။

ခဏနေမှ ရှဲ့ယန်က လက်ကို ရုတ်သိမ်းလိုက်ပြီး လက်ကိုင်ပဝါဖြင့် အသာအယာ သုတ်လိုက်ကာ ဆောင်းဦးလေထုထက် ပို၍ အေးစက်သော အသံဖြင့် ဆိုသည်။

"ဖုန့်ကျို့ယွဲ့... ချစ်တယ် မချစ်ဘူးဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ရပ်လိုက်တော့။ ငါ မင်းရဲ့ ဒီခန္ဓာကိုယ်ကိုပဲ ကြိုက်တာ၊ အဲဒါပဲ။ တခြား စိတ်ကူးယဉ်မှုတွေ မရှိဖို့ ငါ အကြံပေးချင်တယ်"

"ဒါကိုမှ မဟုတ်ရင်..."

ရှဲ့ယန်က ဖုန့်ကျိုးယွဲ့၏ မျက်ရည်များကို အသာအယာ သုတ်ပေးရင်း ပါးကို ခပ်ဖွဖွ ပုတ်လိုက်သည်။

"နောက်တစ်ကြိမ်က ဒီနေ့လို ရိုးရှင်းမှာ မဟုတ်ဘူး"

ဖုန့်ကျိုးယွဲ့ ကုန်းပေါ်ရောက် ငါးတစ်ကောင်ကဲ့သို့ အသက်ကို လုရှူနေရသည်။ အဝတ်အစားများမှာ မျက်ရည်များကြောင့် စိုစွတ်ကုန်သည်။

ရှဲ့ယန်သည် သူ၏ အချစ်ကို မလိုတော့ပေ။ အတိတ်ကို ပြောခြင်းသည်ပင် ပြစ်မှုတစ်ခု ဖြစ်နေသည်။ ရှဲ့ယန်သည် သူ့နှလုံးသားတွင် မြင့်မားသော တံတိုင်းကြီးတစ်ခုကို တည်ဆောက်ထားပြီး မည်သူ့ကိုမှ အနားမကပ်ခိုင်းတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ လုပ်ခြင်းဖြင့်သာ သူ ထပ်ပြီး အနာတရ မဖြစ်အောင် ကာကွယ်နိုင်မည် ဖြစ်သောကြောင့်ပင်။

ရှဲ့ယန်၏ စိတ်ကို တွေးမိလေ သူ ပို၍ ဝမ်းနည်းလေ ဖြစ်ရသည်။ သူသည် ရှဲ့ယန်ကို တစ်စုံတစ်ရာ ပြန်လည် ယုံကြည်ခိုင်းရန် အခွင့်အရေး မရှိသူ ဖြစ်သည်။ သူ့ကြောင့် ရှဲ့ယန်မှာ အရာအားလုံး ဆုံးရှုံးခဲ့ရသည် မဟုတ်လား။

ရှဲ့ယန်က ဖုန့်ကျိုးယွဲ့၏ဂုတ်ကို ကြောင်တစ်ကောင်ကို ကိုင်သကဲ့သို့ ကိုင်ထားသည်။ ဖုန့်ကျိုးယွဲ့ ရှဲ့ယန်၏ ရင်ခွင်ထဲတွင် ခေါင်းကို ဝှက်ကာ ငိုယိုမိသည်။ သူ့မျက်ရည်နှင့် နှာရည်များမှာ ရှဲ့ယန်၏ အဖိုးတန် ဝတ်ရုံပေါ်တွင် ပေကျံကုန်သည်။

ဒုက္ခပါပဲ၊ သူ ထပ်ပြီး အမှားလုပ်မိပြန်ပြီ။ ဖန့်ကျိုးယွဲ့ ပျက်စီးသွားသော ဝတ်ရုံကို စိုးရိမ်တကြီး ကြည့်ရင်း ရှဲ့ယန်၏ ကိုယ်သင်းနံ့ကို ရှူမိသည်။ ရှဲ့ယန်က ဒီနေ့ မိန်းမတစ်ယောက်ထက်ပင် ပို၍ မွှေးပျံ့အောင် ပြင်ဆင်ထားသည်ကို သူ ဖျက်ဆီးမိပြီ။

နေပါဦး... ဘာလို့ ဒီလောက်တောင် မွှေးနေရတာလဲ။

အစက သူ အိပ်ချင်မူးတူး ဖြစ်နေသဖြင့် သတိမထားမိခဲ့ပေ။ သို့သော် အခုမှ သူ သတိပြုမိသည်မှာ ရှဲ့ယန်ထံတွင် ထုံးစံအတိုင်း ရှိနေကျ အေးမြသော ရနံ့အပြင်၊ ပြင်းထန်လှသော ပေါင်ဒါနံ့နှင့် နှုတ်ခမ်းနီနံ့များ ရနေခြင်း ဖြစ်သည်။

ဒါဟာ ရှဲ့ယန်ဆီက ထွက်တဲ့ အနံ့ မဟုတ်ပေ။ လူနှစ်ယောက် ဘယ်လောက်တောင် နီးနီးကပ်ကပ် ပွေ့ဖက်ထားမှ ဒီအနံ့တွေက ရှဲ့ယန်ဆီကို ကူးလာမှာလဲ။

ဖုန့်ကျိုးယွဲ့ ရုတ်တရက် အငိုရပ်ကာ ရှဲ့ယန်၏ မျက်နှာနှင့် တောက်ပြောင်သော ဝတ်စုံကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ကောင်းပြီလေ။ သူက တခြားတစ်ယောက် သွားရှာပါလို့ ပြောလိုက်တာနဲ့ ရှဲ့ယန်က တကယ်ပဲ သွားရှာခဲ့တာပေါ့။ သူ့ရှေ့မှာဆိုရင် အမြဲတမ်း ငရဲမင်းလို ပုံစံမျိုးနဲ့၊ တခြား မိန်းကလေး တစ်ယောက်အတွက်ကျတော့ နတ်သားတစ်ပါးလို ပြင်ဆင်သွားတယ်ပေါ့။

ရှဲ့ယန်... မင်းက တကယ်ကို မလွယ်တဲ့လူပဲ။

ရှဲ့ယန်နှင့် ကျန်းချင်းလင်တို့ လှေစီးခဲ့ကြသည်ကို ဖုန့်ကျိုးယွဲ့ ပြန်သတိရလိုက်သည်။ ဟက်... ရှဲ့ယန်က အစကတည်းက မိန်းမတွေကိုပဲ ကြိုက်ခဲ့တာ ဖြစ်မှာပါ။ သူကသာ ရှဲ့ယန်ကို အရှက်မရှိ တွယ်ကပ်နေခဲ့မိတာ။

"ဘာလို့ အငိုရပ်သွားတာလဲ"

ရှဲ့ယန်က သူ့ကို စနောက်သလိုဖြင့် မေးရင်း မေးစေ့ကို လာကုတ်သည်။ သို့သော် သူက ရှဲ့ယန်၏ လက်ကို အားဖြင့် ပုတ်ထုတ်လိုက်သည်။

ရှဲ့ယန် အံ့သြဒေါသထွက်နေစဉ် ဖုန့်ကျိုးယွဲ့က အေးစက်စွာ ပြောလိုက်သည်။

"မင်းဆီက ရနေတဲ့ ပေါင်ဒါနံ့တွေက ဘာလဲ"

"ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ"

ရှဲ့ယန်က သူ၏ မျက်နှာကို ဆွဲညှစ်ကာ ရင်ခွင်ထဲသို့ အတင်း ဆွဲသွင်းလိုက်သည်။

"တခြားတစ်ယောက် သွားရှာပါလို့ မင်းပဲ ပြောခဲ့တာ မဟုတ်လား။ အခု ငါက မင်းဆန္ဒကို ဖြည့်ဆည်းပေးတော့ မင်းက ဘာတွေ ပြဿနာ ရှာနေတာလဲ"

"ပြဿနာ ရှာတယ် ဟုတ်လား"

ဖုန့်ကျိုးယွဲ့ ရှဲ့ယန်ကို မကြည့်တော့ဘဲ ရှဲ့ယန်၏ ရင်ဘတ်ပေါ်က ပန်းပွင့်ပုံစံကိုသာ စိုက်ကြည့်ရင်း အေးစက်စွာ ပြုံးလိုက်သည်။

"မင်းက ငါ့ကို ပြဿနာ ရှာနေတယ်လို့ ပြောလိုက်တာလား"

ဖြောင်း....

ဖုန့်ကျိုးယွဲ့ ပြောနေရင်း ရှဲ့ယန်၏ ပါးကို အားရပါးရ ရိုက်ချလိုက်သည်။ ရှဲ့ယန်သည် သူ ဤမျှ ရဲတင်းလိမ့်မည်ဟု မထင်ထားသဖြင့် မှင်တက်သွားကာ သူ့ကို ဒေါသတကြီး စိုက်ကြည့်တော့သည်။ ရှဲ့ယန်၏ ပါးပေါ်တွင် လက်ဝါးရာကြီး ထင်ကျန်ရစ်ခဲ့သည်။

"ဖုန့်... ကျိုး... ယွဲ့"

"ရှိတယ်"

ဖုန့်ကျိုးယွဲ့လက်ကို ပြန်ရုပ်လိုက်ကာ ရှဲ့ယန်ကို သူစိမ်းတစ်ယောက်လို အေးစက်စွာ ကြည့်လိုက်သည်။ သူ့စိတ်မှာ ထူးထူးခြားခြား တည်ငြိမ်သွားပြီး ရှဲ့ယန်ကို နာကျင်စေမည့် စကားလုံးများကို ရွေးချယ်ပြောလိုက်သည်။

"ရှဲ့ယန်... မင်းက ကိုယ့်စိတ်ကိုယ် မထိန်းနိုင်တဲ့ မြင်းသိုးတစ်ကောင်ပဲ။ ငါ မင်းကို ချစ်မိခဲ့တာ မျက်စိကန်းခဲ့လို့ပဲ။ ထွက်သွားစမ်း။ ငါ့မျက်စိရှေ့ကနေ အခုချက်ချင်း ထွက်သွား"

စကားဆုံးသည်နှင့် ဖုန့်ကျိုးယွဲ့သည် ရှဲ့ယန်၏ အံ့သြနေသော အကြည့်အောက်တွင် တည်ငြိမ်စွာ မတ်တပ်ထရပ်လိုက်သည်။ သူသည် ရှဲ့ယန်၏ ရှေ့တွင် အမြဲတမ်း နှိမ့်ချခဲ့သူ ဖြစ်သော်လည်း၊ အချစ်ကို တခြားသူနှင့် ဝေမျှခံရခြင်းကိုမူ သူ ဘယ်သောအခါမှ လက်မခံနိုင်ပေ။

"မင်း..."

ရှဲ့ယန်သည် ဖုန့်ကျိုးယွဲ့ ဤမျှ ပြတ်သားနေသည်ကို မတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့် ခဏမျှ ဝေခွဲမရ ဖြစ်သွားပုံရသည်။ ရှဲ့ယန်က ဖုန့်ကျိုးယွဲ့၏ အင်္ကျီစကို ဆွဲကိုင်ကာ "ငါပြောတာကို အရင် နားထောင်ပါဦး" ဟု တောင်းပန်သည်။

"ထွက်သွား။ ငါ့ရှေ့မှာ နောက်ထပ် ဘယ်တော့မှ ပေါ်မလာနဲ့တော့"

ဖုန့်ကျိုးယွဲ့ တံခါးဘက်ကို လက်ညှိုးထိုးပြကာ ရှဲ့ယန်ကို အရှက်ခွဲလိုက်သည်။

"မင်းက ငါပြောတာကို နားမထောင်နိုင်ဘူးလား"

ရှဲ့ယန်လည်း ဒေါသထွက်သွားကာ သူ့ကို ဆွဲယူလိုက်သဖြင့် ဖုန့်ကျိုးယွဲ့ ရှဲ့ယန်၏ ရင်ခွင်ထဲသို့ ပြန်လည် ကျရောက်သွားရသည်။

"ဒါက မင်းထင်သလို မဟုတ်ဘူး"

"ဒါဆို ဘာလဲ။ အဲဒီမိန်းကလေးက မင်းရဲ့ ပေါင်ပေါ်မှာ ဘယ်လောက်ကြာကြာ ထိုင်နေခဲ့လို့ ဒီအနံ့တွေက ဒီလောက်အထိ စွဲနေရတာလဲ"

ဖုန့်ကျိုးယွဲ့ ဒေါသတကြီး အော်ဟစ်မေးမြန်းလိုက်သည်။

"ဖုန့်ကျိုးယွဲ့"

"မင်း ဆိုးချင်ရင်လည်း အကန့်အသတ် ရှိရမယ်။ မင်းက ဘာဖြစ်ချင်နေတာလဲ။ ငါ မင်းအပေါ် သည်းခံနေတာကို အခွင့်ကောင်း မယူနဲ့။ အခု မင်းက ငါ့ရဲ့ အကျဉ်းသားပဲ။ ငါ မင်းကို ဘာမဆို လုပ်ပိုင်ခွင့်ရှိသလို၊ ငါ့ကိစ္စတွေကလည်း မင်းနဲ့ ဘာမှမဆိုင်ဘူး"

ရှဲ့ယန်က ထိုသို့ပြောရင်း တစ်စုံတစ်ရာကို သတိရသွားပုံရသည်ဟ

"ကောင်းပြီလေ... မင်းက မေးမှတော့ ငါလည်း မေးရတာပေါ့။ အရင်က မင်းနဲ့ ရှဲ့ရှင်းတို့ နမ်းခဲ့ကြတုန်းက ငါက တစ်ခွန်းမှ ပြောခဲ့ဖူးလား"

"အဲဒါကိုရော မင်းက ငါ့ကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်လား"

"ရှဲ့ယန်... လူတိုင်းက မင်းလို ညစ်ပတ်တယ်လို့ မထင်နဲ့။ မင်းမြင်ခဲ့တဲ့ အဲဒီနှစ်ကြိမ်မှာ ရှဲ့ရှင်းက ငါ့နားကို ကပ်လာတာပဲ ရှိတာ၊ ဘာမှ မဖြစ်ခဲ့ဘူး"

ဖုန့်ကျိုးယွဲ့ ခွန်းတုံမခံ အော်ဟစ်လိုက်သည်။ သူသည် ဘာမှ အပြစ်မရှိသဖြင့် မကြောက်ပေ။

သို့သော် ရှဲ့ယန်က မကျေနပ်ပေ။ သူသည် ဖုန်းကျို့ယွဲ့၏ ပါးကို ကလေးတစ်ယောက်လို ကိုက်ခဲကာ "အဲဒီနှစ်ကြိမ်တည်း မဟုတ်ပါဘူး" ဟု ဇွတ်ငြင်းသည်။

"ဖုန့်ကျိုးယွဲ့... ရှဲ့ရှင်းရဲ့ မွေးနေ့တုန်းက သူက ဘာလို့ မင်းရဲ့ ညာဘက်ပါးကို နမ်းတာလဲ။ မင်းတို့နှစ်ယောက်က ဘာတွေလဲ။ သူက ဘာလို့ မင်းကိုမှ ရွေးနမ်းရတာလဲ"

"အကယ်၍ ငါသာ အချိန်မီ မပုန်ကန်ခဲ့ဘူးဆိုရင် မင်းတို့နှစ်ယောက် ခုတင်ပေါ်မှာ ရှိနေကြပြီ မဟုတ်လား"

"ပြောလေ၊ ဘာလို့ မပြောတာလဲ။ အမှန်ဖြစ်နေလို့လား"

အမှန်တကယ်ပင် ထိုစဉ်က ကိစ္စတစ်ခု ဖြစ်ခဲ့ဖူးသည်။ ရှဲ့ရှင်းနှင့် ယွီချိုတို့ ရန်ဖြစ်နေကြစဉ်၊ ရှဲ့ရှင်းက ယွီချိုကို ဒေါသထွက်အောင် လုပ်ရန်အတွက် ရုတ်တရက် သူ့ပါးကို နမ်းလိုက်ခြင်း ဖြစ်သည်။

ရှဲ့ယန် ဘယ်လို သိနေသနည်း ဆိုသည်ကို တွေးရင်း ဖုန့်ကျိုးယွဲ့ အံ့သြသွားသည်။

"မင်း ငါ့ကို လူလွှတ်ပြီး စောင့်ကြည့်နေခဲ့တာလား"

"စောင့်ကြည့်တော့ ဘာဖြစ်လဲ"

ရှဲ့ယန်က သူလုပ်တာ မှန်သည်ဟု ယူဆပုံရသည်။

သိပ်ကို ရယ်စရာကောင်းတာပဲ။ ရှဲ့ယန်က တခြားမိန်းမကို ပေါင်ပေါ်ထိုင်ခိုင်းခဲ့ပြီး အခုကျမှ အတိတ်က ကိစ္စတွေကို ပြန်ဖော်နေတာလား။ ရှဲ့ယန်က စကားပြောကောင်းသော်လည်း သူကတော့ ထိုသို့ မဟုတ်ပေ။

"မင်း ထင်သလိုပါပဲ။ မင်းက တခြားမိန်းမတွေကို ပေါင်ပေါ်ထိုင်ခိုင်းသလိုပဲ၊ ငါလည်း အဲဒီလိုပဲ။ ရှဲ့ရှင်းက ငါ့ကို စိတ်ရှိတိုင်း နမ်းလို့ရတယ်။ အခုကျေနပ်ပြီလား"

ဖုန့်ကျိုးယွဲ့ စကားပြောပြီးသည်နှင့် ရှဲ့ယန်က သူ့ကို ပေါင်ပေါ်မှ အားဖြင့် တွန်းချလိုက်သဖြင့် ခါးပင် နာကျင်သွားရသည်။

ရှဲ့ယန်က ဖုန့်ကျိုးယွဲ့ကို ရွံရှာသော မျက်လုံးများဖြင့် ငုံ့ကြည့်လိုက်သည်။

"တောင်းပန်ပါတယ်... နောင်ကို ငါ့ရဲ့ ပေါင်ပေါ်မှာ မင်းလို လူမျိုး ထိုင်ဖို့ နေရာ မရှိတော့ဘူး"

စကားဆုံးသည်နှင့် ရှဲ့ယန် တိတ်ဆိတ်စွာ ထွက်သွားတော့သည်။

သူတို့နှစ်ဦး ရန်ဖြစ်ပြီးနောက်တွင် အစားအသောက်များမှာ ပုံမှန်အတိုင်း ရောက်လာမြဲ ဖြစ်သော်လည်း ဖုန့်ကျိုးယွဲ့ ဘာမှ စားမဝင်တော့ပေ။ အစေခံက အပြစ်ပေးခံရမည်ဟု ပြောသော်လည်း သူ ဂရုမစိုက်နိုင်တော့ပေ။ အရာရာကို စိတ်ဝင်စားမှု ကုန်ဆုံးသွားသည်။ ရှဲ့ယန် ပေါ်မလာသည်မှာ သုံးရက်ရှိပြီ ဖြစ်သည်။ ဖုန့်ကျိုးယွဲ့ စိတ်မထိန်းနိုင်တော့ဘဲ အခန်းထဲက ကြွေထည်ပစ္စည်းများကို ရိုက်ခွဲပစ်ကာ၊ ချွန်ထက်သော အစအနတစ်ခုကို ဝှက်ထားလိုက်သည်။

ရှဲ့ယန်က တခြားတစ်ယောက် ရှာလိုက်ပြီဆိုမှတော့ သူ ဒီမှာ ဆက်နေစရာ အကြောင်းမရှိတော့ပေ။ ထွက်သွားရမည်။ သူသည် တံခါးအပြင်က စစ်သည်များနှင့် ညှိနှိုင်းရန် ပြင်နေစဉ် စစ်သည်များ၏ စကားသံကို ကြားလိုက်ရသည်။

"မြို့စားသမီးကို အိမ်ရှေ့မင်းသားက နှင်ထုတ်လိုက်တာ ကြားပြီးပြီလား"

"အေး... မြို့ထဲမှာ အဲဒီသတင်းပဲ မွှေနေတာ။ အထဲက လူတစ်ယောက်ပဲ မသိတာ ဖြစ်မှာပါ"

"အိမ်ရှေ့မင်းသားက တကယ် ရက်စက်တာပဲ။ မြို့းားနဲ့ ပူးပေါင်းနေရတာတောင် သူ့သမီးကို ကိုယ်တိုင် နှင်ထုတ်ခိုင်းလိုက်တာ"

"အဲဒီမိန်းကလေးကလည်း အိမ်ရှေ့မင်းသားကို လာမြှူရဲတာကိုး။ အဲဒီနေ့က ပွဲမှာ လူအများရှေ့မှာ အိမ်ရှေ့မင်းသားရဲ့ ပေါင်ပေါ် တက်ထိုင်တာ၊ တကယ့်ကို အရှက်မရှိတဲ့ မိန်းမပဲ"

"အိမ်ရှေ့မင်းသားက ဘယ်လို တုံ့ပြန်လဲ"

"အထဲက အလှလေးက သူ့ကို ပြန်လာတွေ့ဖို့ သတင်းပို့လိုက်တော့ အိမ်ရှေ့မင်းသားက ပွဲမှာ စိတ်မပါတော့ဘဲ ပြန်ဖို့ပဲ စိတ်စောနေတာ။ အဲဒီမိန်းကလေးက ကရင်းနဲ့ အိမ်ရှေ့မင်းသား ပေါင်ပေါ်ကို ရုတ်တရက် တက်ထိုင်လိုက်တာ"

"အိမ်ရှေ့မင်းသားက သူ့ကို မျက်နှာသာပေးမယ်လို့ လူတိုင်း ထင်နေတာ၊ ဒါပေမဲ့ သူက တွန်းချလိုက်တာပဲ။ ဘယ်သူ့မျက်နှာမှ မထောက်ဘဲနဲ့လေ။ အဲဒီနောက်မှာ ချက်ချင်း ထွက်လာခဲ့တာပဲ"

"တကယ့်ကို သူရဲကောင်းက အလှလေးအတွက်ဆိုရင် ဘာမှ ဂရုမစိုက်ဘူး ဆိုတာ မှန်တာပဲ"

"အဲဒီမိန်းမက အထဲက လူငယ်လေးနဲ့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ ရှဲ့ယန်က ဒီလောက် ချောမောတဲ့သူကို သိမ်းထားတာ၊ တခြားသူကို ဘယ်စိတ်ဝင်စားမလဲ။ မျက်စိကန်းနေတာမှ မဟုတ်တာ"

"ဒါပေမဲ့ အထဲက လူငယ်လေးကလည်း စိတ်ကြီးလွန်းတယ်။ ရှဲ့ယန်ရဲ့ မျက်နှာပေါ်က ကုတ်ရာတွေကို ကြည့်ပြီး စစ်ဗိုလ်ချုပ်တွေတောင် ဘာပြောရမှန်း မသိဖြစ်နေကြတာ"

ဖုန့်ကျိုးယွဲ့ လက်ထဲမှ ချွန်ထက်သော ကြွေထည်စမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ သေဆုံးနေပြီဟု ထင်ထားသော သူ့နှလုံးသားမှာ တစ်ဖန် ပြန်လည် ခုန်လှုပ်လာရပြန်သည်။

……

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment