no

Font
Theme

Ch-23 Unicode

"ဝေါ်းထိုက အသားဘန်းမုန့်လောက် တန်ဖိုးမရှိပါဘူးကွယ်..."

"ဒါဆို ဒေါ်ဒေါ် နောက်တစ်ခါ ဝေါ်းထိုလုပ်ရင် ကျွန်တော့်ကို သတိရပါဦး"

ကျိုးယွမ်က စွင်းတာ့ညန်ထံ ဒင်္ဂါးပြားများကို ကမ်းပေးလိုက်ပြီး ချန်ချင့်၏ တောင်းအသေးလေးထဲမှ အမွှေးတိုင်၊ ဖယောင်းတိုင်၊ ငွေစက္ကူတို့ကို ယူကာ စွင်းတာ့ညန်ကို ပိုက်ဆံတစ်ပြားပေးလိုက်ပြီး သူမ ငြင်းဆန်မှာကို မစောင့်ဘဲ ထွက်သွားတော့သည်။

ချန်ချင့် ရှက်တတ်တာကို စွင်းတာ့ညန် သိသောကြောင့် ဒီအကြောင်းကို သူမ မပြောလိုက်တော့ဘဲ ဆောင်းဦးလလယ်ပွဲတော်အတွက် ပြင်ဆင်ရန်သာ အာရုံစိုက်ထားခဲ့သည်။

လူနာပြက္ခဒိန် ၇လမြောက် ၁၅ ရက်နေ့သည် ကျုံးယွမ်ပွဲတော်ဖြစ်၏။ လော့ဟယ်ရွာ၏ ဓလေ့ထုံးတမ်းအရ အလွန်အရေးကြီးသော သင်္ချိုင်းကန်တော့ပွဲနေ့လည်းဖြစ်သည်။

ထိုနေ့မနက်တွင် စွင်းတာ့ညန်သည် စောစောစီးစီးထကာ ကြက်တစ်ကောင်ကို သတ်လိုက်ပြီး ချန်ချင့်ကလည်း ရေနွေးအိုးတည်ထားခဲ့ပါသည်။ စွင်းတာ့ညန်က ကတ်ကြေးတစ်စုံဖြင့် ကြက်လည်ပင်းကို ထိုးထား၍ သွေးများစီးကျနေသည့် သူမလက်ထဲကကြက်ကို သူ ကြည့်လိုက်၏။

ချန်ချင့် သူ့လည်ပင်းကို ကျုံ့မိသွားရလျက်။ ထို့နောက် ကြက်သွေးယူရန် ပန်းကန်လုံးတစ်လုံး ယူလာခဲ့သည်။

အိုးထဲရှိရေမှာ ပွက်ပွက်ဆူနေချေပြီ။ ချန်ချင့်က ယောက်ချိုဇွန်းနှင့် ရေကိုခပ်ကာ ရေပုံးထဲထည့်လိုက်ပြီးနောက် စွင်းတာ့ညန်က ရေပုံးထဲ ကြက်ကို ထည့်လိုက်ကာ ရေပူကြောင့် ကြက်မွှေးများကို အလွယ်တကူ နှုတ်လို့ရသွား၏။

ချန်ချင့်က နှုတ်ထားသော ကြက်မွှေးများကို မပစ်ဘဲ ကောက်ယူလိုက်ပြီး မြစ်ကမ်းစပ်တွင် ရေဆေးကာ ဝါးဘောင်ပေါ်မှာ အခြောက်ခံရန် ကြံရွယ်ထား၏။ အခုက နွေရာသီဖြစ်လို့ ခပ်မြန်မြန်ခြောက်သွားမှာပဲလေ...

သူတို့မိသားစုက မကြာမကြာ ကြက်သတ်လေ့မရှိပါချေ။ လွန်ခဲ့သော ငါးနှစ်အတွင်း နှစ်ကြိမ်၊ သုံးကြိမ်သာရှိခဲ့တာကြောင့် ချန်ချင့် စုဆောင်းထားသော ကြက်မွှေးအိတ်လေးမှာ အလွန်သေးငယ်လှသည်။

ကြက်မွှေးနှုတ်ပြီးနောက် စွင်းတာ့ညန်က ကြက်အူ အတွင်းကလီစာတို့ကို ထုတ်ယူလိုက်၏။ ချန်ချင့်လည်း ၄င်းတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်ပြီး ကြက်အူ၊ အသဲအမြစ်နှင့် ကျောက်ကပ်တို့ကို ဆေးကြောလိုက်သည်။ ထို့နောက် အလွန်မွှေးပျံ့သော ကြက်ကလီစာခေါက်ဆွဲတစ်ပန်းကန် ပြုလုပ်ရန် ဂေါ်ဖီချဥ်နှင့် ကြော်မည်ဖြစ်သည်။

စွင်းတာ့ညန်က ကြက်သားကို ပြုတ်နေစဥ် ချန်ချင့်က ကြက်အတွင်းကလီစာများကို သန့်ရှင်းရန် ဘေးနားမှာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

ကြက်အူများဟာ သေးငယ်လှ၍ အတွင်းအပြင်လှန်ရန် ဝါးချောင်းကို သုံးလိုက်ကာ ရေသန့်သန့်နှင့် ဆေးကြောလိုက်သည်။ တရုတ်ဆေးဖက်ဝင်သည့် ကြက်အမြစ် အပြင်ခွံကိုလည်း သေသေချာချာ အရေဆုတ်လိုက်ပြီး အခြောက်ခံရန် ဘေးဖယ်ထားလိုက်သည်။

ချန်ချင့် သန့်ရှင်းလို့ပြီးချိန်တွင် စွင်းတာ့ညန်၏ ကြက်သားလည်း ကျက်သွားချေပြီ။

ပွက်ပွက်ဆူသော ရေထဲ၌ ထည့်ပြုတ်လိုက်ပြီးနောက် မူလက နူးနူးညံ့ညံ့ ကြက်ကောင်လုံးဟာ မာတောင့်သွားလေပြီ။ စွင်းတာ့ညန်က ကြက်သားကို ပန်းကန်ပြားပေါ် တင်လိုက်ပြီး ကြက်ခေါင်းအား ထောက်ကန်ထားလိုက်ရာ အနှီကြက်ဟာ အသက်ရှင်စဥ်ကာလကဲ့သို့ တက်ကြွသန်မာနေတာကို သင်မြင်တွေ့နိုင်ပေသည်။

ဤကြက်ကို တောင်ပေါ်သို့ ယူသွားကာ မုန့်ထောင်း၏ အုတ်ဂူရှေ့၌ အရေးပါဆုံးပူဇော်သကအနေဖြင့် ထားရှိမည်ဖြစ်သည်။

ကန်တော့ပွဲပြီးနောက် အနှီကြက်သားကို သူတို့စားနိုင်သည်။

မုန့်ထောင်းပြန်မလာခင် အဖေမုန့်ကို ကန်တော့တုန်းကတောင် ကြက်မသတ်ခဲ့ဘဲ သားသတ်သမားဆီကနေသာ အသားတစ်ပိုင်းဝယ်ခဲ့သည်။

ဒါက ဆိုလိုရင်းကတော့ အတူတူပါပဲလေ... ဒီနှစ်မှာတော့ ကန်တော့ပွဲအတွက် မုန့်ထောင်းပါ ထပ်တိုးလာပြီဖြစ်၍ စွင်းတာ့ညန် သူမ၏သားအတွက် ဝမ်းနည်းနေမိသေးဆဲ။

နှစ်ယောက်သား ပစ္စည်းများထုပ်ပိုးပြီးနောက် တောင်ပေါ်ကို တက်ခဲ့ကြသည်။ ယနေ့ တောင်ပေါ်သို့ မိသားစုတော်တော်များများ တက်ကြပြီး တချို့ဆို အတူတူတောင် သွားကြသေးသည်။

"နင်တို့ လောင်မုန့်ဆီ အရင်သွားမှာလား ဒါမှမဟုတ် မုန့်ထောင်းဆီ အရင်​သွားမှာလား"

အဒေါ်လျို မေးလာ၏။ သူမ၏ မိသားစုသည်လည်း ကွယ်လွန်လေပြီးသော ဘိုးဘွားများကို ကန်တော့ကြမည်ဖြစ်သည်။

စွင်းတာ့ညန် ပြန်ဖြေလာ၏။

"အင်း ငါတို့ လောင်မုန့်ဆီ အရင်သွားသင့်တယ်လေ... သူက အဖေဆိုတော့ ငါတို့က ဘယ်လိုလုပ်ပြီး အဖေကို လျစ်လျူရှုပြီး သားကို အရင်သွားတွေ့နိုင်မှာလဲ"

ချန်ချင့် သူ့နောက်ကျော၌ ခြင်းတောင်းကို လွယ်ကာ မနှေးမမြန် လျှောက်နေလေသည်။

သူတို့ အဖေမုန့်၏ အုတ်ဂူဆီရောက်သည့်အခါ အုတ်ဂူ၌ ပေါင်းပင်များ ထူထပ်နေလေပြီ။ ချန်ချင့် ဘာမှမလုပ်ခဲ့ချေ။ ရဲတင်းကိုင်ကာ မျက်လုံးနီနီဖြင့် အုတ်ဂူတစ်ဝိုက်ရှိ ပေါင်းပင်များကို ဖြေးဖြေးချင်း ရှင်းလင်းနေသော စွင်းတာ့ညန်ကိုသာ သူ ကြည့်နေလိုက်သည်။

သူမက သန့်ရှင်းရေးလုပ်ရင်း စကားပြောနေသဖြင့် ချန်ချင့် နားထောင်ရင်း ဝမ်းနည်းနေမိလျက်။

စွင်းတာ့ညန် စကားတွေအများကြီး ပြောခဲ့သည်။ အတိတ်၊ လက်ရှိ နှင့် အနာဂတ်အကြောင်းတွေ ပြောနေခဲ့သည်။ ချန်ချင့်က သူမကို အဖော်ပြုပေးလျက် အမွှေးတိုင်နှင့် ငွေစက္ကူတချို့ မီးရှို့ကူလိုက်၏။

စွင်းတာ့ညန် နောက်ဆုံးမီးသေသွားသည်ကို ကြည့်ပြီးနောက် သူမ၏မျက်လုံးများကို သုတ်ကာ မုန့်ထောင်း၏ အုတ်ဂူသို့ သွားလိုက်သည်။

မုန့်ထောင်း၏ အုတ်ဂူကား အသစ်စက်စက်ဖြစ်ရာ ပေါင်းပင်တွေမရှိပေ။ ချန်ချင့်လည်း အုတ်ဂူရှေ့၌ ကြက်သားကို ထားလိုက်ပြီးနောက် စွင်းတာ့ညန်နှင့်အတူ အမွှေးတိုင်နှင့် ဖယောင်းတိုင်များ ထွန်းညှိလိုက်သည်။

ချန်ချင့်သည် စွင်းတာ့ညန်ကဲ့သို့ မုန့်ထောင်းအား စကားပြောသင့်သော်ငြား သူတို့နှစ်ယောက်ဟာ တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြသလို ချန်ချင့်ကလည်း စကားမကြွယ်သူဖြစ်တာကြောင့် နှုတ်ဆိတ်နေရုံသာရှိတော့သည်။

ချန်ချင့် ဘာမှမပြောတာကို စွင်းတာ့ညန် မြင်၍ သူမဘာသာ စကားတွေပြောရုံသာ။ ဒီနေ့ အမွှေးတိုင်၊ ကန်တော့ပွဲပစ္စည်းအားလုံးကို ချန်ချင့် ဝယ်ခဲ့တာဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး ကောင်းကင်ဘုံကနေ ချန်ချင့်အား ကောင်းချီးပေးဖို့ မျှော်လင့်ကြောင်း ပြောနေခဲ့သည်။

ချန်ချင့်လည်း အားတင်းပြုံးလိုက်ပြီး ဒါဟာ သူလုပ်သင့်တာပဲဖြစ်ကြောင်း ပြန်ပြောလိုက်၏။

ကန်တော့ပွဲအတွက် တောင်ပေါ်တွင် ငွေစက္ကူမီးရှို့သူ များပြားလှသဖြင့် သူတို့မပြန်ခင် မီးငြိမ်းအောင် စောင့်သွားရမည်ဟု လွန်ခဲ့သောရက်အနည်းငယ်က ရွာသူကြီး သတိပေးထားခဲ့သည်။

ချန်ချင့်လည်း မီးငြိမ်းသေသည်အထိ နံဘေးမှာ စောင့်ပြီးမှ စွင်းတာ့ညန်နှင့်အတူ တောင်ပေါ်မှ ဆင်းလာခဲ့သည်။

မူလက လာရောက်ကန်တော့ပါမည်ဟု ပြောသူများကို စွင်းတာ့ညန် မစောင့်ခဲ့ချေ။ သူတို့အားလုံး မုန့်ထောင်းရဲ့ အုတ်ဂူ ဘယ်နားမှာရှိမှန်းသိကြတော့ အဲဒီနေရာမှာ သူတို့ရှိနေဖို့မလိုဘူးလေ။

ယခုအချိန်တွင် လူတိုင်း စိတ်အခြေအနေမကောင်းကြပါချေ။ လမ်းမှာ ဆုံကြသည့်အခါ ခပ်မြန်မြန်သာ နှုတ်ဆက်ကြပြီး အိမ်ပြန်ခဲ့ကြသည်။

စွင်းတာ့ညန်က အခင်းစထဲက ကြက်ဝတုတ်ကို ကြည့်ရင်း အပြုံးလေးနှင့် ​ပြောလိုက်သည်။

"သူတို့ကို ကျေးဇူးတင်ရမှာပဲ... ငါတို့ ကောင်းကောင်းစားလို့ရပြီ"

ချန်ချင့်လည်း ပြုံးလိုက်လေသည်။

သို့သော် နှစ်ယောက်သား အပြုံးပင်ဝဝမပြုံးရသေးခင် တံခါးကို တွန်းဖွင့်လိုက်သည်နှင့် စွင်းတာ့ညန် မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်းအေးခဲသွားကာ အရုပ်ဆိုးသွားချေပြီ။

"နင် ဒီမှာ ဘာလုပ်နေတာလဲ?"

ချန်ချင့်သည် အိမ်တွင် ငါးနှစ်ကြာနေထိုင်ခဲ့ပြီးသော်လည်း ဆွေမျိုးတစ်ယောက်မှကို မတွေ့ခဲ့ဖူးပါချေ။ ဤမိသားစုထဲတွင် သူနှင့် စွင်းတာ့ညန် နှစ်ယောက်သာ အမြဲရှိခဲ့သည်။ ရုတ်တရက် စွင်းတာ့ညန်၏ ဆွေမျိုးဖြစ်ပုံရသော လူတစ်ယောက် ပေါ်လာသည့်အခါ ချန်ချင့်လည်း ကြောင်အသွားရလျက်။

"ဒီနေ့ ဒီကိုလာတာဘာကိစ္စရှိလို့လဲ"

စွင်းတာ့ညန် စိတ်လှုပ်ရှားမနေဘဲ ချန်ချင့်အား သူမဘေးကို ခေါ်လိုက်ပြီး

"ဒါက ငါ့အမေမိသားစုထဲက အကြီးဆုံးအစ်ကို... အားချင့် သူ့ကို ဦးလေးလို့ ခေါ်ရင်ရပြီ"

ချန်ချင့်လည်း သူ့ရှေ့ကလူကို ကြည့်လိုက်သည်။ ထိုသူဟာ မဲနယ်ရောင်၀တ်စုံကို ဝတ်ဆင်ထားကာ အလယ်အလတ်အရပ်မြင့်ပြီး တစ်ချက်ကြည့်ရုံနဲ့တင် ဒေါသကြီးသူတစ်ယောက်မှန်း သိနိုင်ပေသည်။ ချန်ချင့်က စွင်းတာ့ညန်အား တစ်ချက်ကြည့်ကာ ဒီမောင်နှမတွေက ရုပ်မဆင်ကြဘူးပဲလို့ တွေးနေမိလျက်။

စွင်းတာ့ညန်၏ မကျေမနပ်အမူအရာကို ကြည့်ရင်း ချန်ချင့်လည်း စွင်းခန်းအား ခေါင်းညိတ်ရုံညိတ်ပြလိုက်ကာ

"ဦးလေး"

"ဒါက မုန့်ထောင်းအတွက် ငွေသုံးလျန်သုံးပြီး ဝယ်ထားတဲ့ ဖူးလန်ပေါ့လေ"

ချန်ချင့်အား ကြည့်သော စွင်းခန်း၏ အကြည့်တို့မှာ ကြင်နာမှုမရှိချေ။ ချန်ချင့်သည် လွန်ခဲ့သောငါးနှစ်ခန့်က မကြာခဏ ဒီလိုမျိုး တွေ့ကြုံခဲ့ရပြီး သူ့အား ကုန်ပစ္စည်းတစ်ခုနှယ် ဆက်ဆံခံရတတ်သည်။

"ဟုတ်​တယ်​ သူ့နာမည်​က ချန်ချင့်"

စွင်းတာ့ညန်က ချန်ချင့်ကို ကြည့်နေသော စွင်းခန်း၏အကြည့်​ကို တားဆီးလိုက်​ကာ

"နင် ဒီကိုဘာ​လာလုပ်တာလဲ"

စွင်းခန်း : "ငါ့မှာ ဘာမှလုပ်စရာမရှိရင် နင့်ကိုလာတွေ့လို့မရဘူးလား"

xxx

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment